အခန်း ၁ ဖိနပ်ဖူးစာ
Viewers 2k

အခန်း ၁။ ဖိနပ်ဖူးစာ

နေမဟော်သည် ဦးထုပ်ဆောင်းလိုက်ပြီးနောက် dashboardပေါ်က ပါဆယ်ဘူးကိုယူကာ ကားပေါ်မှဆင်းလိုက်သည်။ ထို့နောက် သူဦးတည်ကာ လျှောက်လှမ်းသွားသည်က 'မင်းမြတ်ပိုင်'ဟု အမည်ရသည့် ကုမ္ပဏီဆီသို့ဖြစ်သည်။

သေချာတာကတော့ သူ့နှုတ်ခမ်းထက်၌ ပြုံးခြင်းလား၊ မဲ့ခြင်းလားမသဲကွဲသည့် ဖော်ပြချက်လေး တစ်ခုရှိနေပေလိမ့်မည်။ ပါဆယ်ဘူးကိုပို့ပြီးနောက် ကားထဲ၌ ပြန်ထိုင်နေလိုက်ပြီး ခဏအကြာမှာတော့ car parking ထဲသို့ ကားလေးတစ်စီးဝင်လာသည်ကို သူမြင်လိုက်သည်။

ကားရပ်သွားပြီးနောက် အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့် လူငယ်တစ်ယောက်ဆင်းလာပြီး ဝန်ထမ်းများဦးညွှတ်ကာနှုတ်ဆက်သည်ကို အလိုက်သင့်ပြုံးပြကာ ကုမ္ပဏီထဲသို့ ဝင်သွားလေသည်။ နေမဟော်လည်းပြုံးလိုက်ပြီး အတော်လေးကြာတော့ဖုန်းကို ယူလိုက်သည်။

ထိုအခါ သူ့လက်ချောင်းလေးများက phone contact ဆိုသည့် appလေးကို အလိုလို နှိပ်မိပြီးသားဖြစ်နေလေပြီ။ ထို့နောက်မှာတော့ ခေါ်ဆိုလိုက်သည့် contact nameလေးက baby...

********

ဘုန်းမြတ်ပိုင်သည် ကားပေါ်မှဆင်းလာကာ သူ့ကိုနှုတ်ဆက်သည့် ဝန်ထမ်းအချို့ကို ပြန်လည်ပြုံးပြပြီး ကုမ္ပဏီထဲသို့ ဆက်ဝင်လာလိုက်သည်။ သူ့ကိုတွေ့တွေ့ချင်းမှာပဲ အတွင်းရေးမှူးမလေးက ပါဆယ်ထုပ်တစ်ခုနှင့်အတူ အနားသို့လျှောက်လာသည်။

"မင်္ဂလာပါဆရာ"

"မင်္ဂလာပါသန္တာ"

"ဆရာ့အမည်နဲ့ပါဆယ်ထုပ်တစ်ခု ရောက်လာတယ်ဆရာ ဒီမှာပါ"

"Ok, thank you ပါ"

ဘုန်းမြတ်ပိုင်သည် သူ၏အတွင်းရေးမှူးဖြစ်သူ သန္တာ့ထံမှ ပါဆယ်ဗူးကိုယူပြီးနောက် ရုံးခန်းထဲဝင်လာလိုက်သည်။ ပါဆယ်ဘူးကိုစားပွဲပေါ်တင်လိုက်ပြီးနောက် ဝတ်ထားသည့် coatကိုချွတ်ကာ coat rockတွင် ချိတ်လိုက်သည်။

ထို့နောက်ခုံတွင်ထိုင်ကာ စားပွဲပေါ်မှပါဆယ်ဘူးကိုယူပြီး အလှထုပ်ထားသည်များကို ဖယ်လိုက်သည်။ ထိုအခါတွေ့လိုက်ရသည်က မွေးနေ့ကိတ်ဘူးနှင့် စာတစ်စောင်ဖြစ်သည်မို့ ရုတ်တရက်တော့ အံ့အားသင့်သွားရသည်။

အရင်ဦးစွာ စာကိုဖတ်ကြည့်လိုက်တော့ "happy birthday ပါ baby" ဟူ၍ရေးသားထားပြီး စာပို့သူအမည်နေရာမှာတော့ NMHဟု အတိုကောက်ရေးထားလေသည်။ ထိုအခါမှ ဘုန်းမြတ်ပိုင်တစ်ယောက် သတိရတော့သည်။

birthday... ဟုတ်သား။ ဒီနေ့ငါ့မွေးနေ့ပဲ။ ဒါကြောင့် ညီမလေးကဘာနေ့လဲမေးတာကိုး ငါ့စိတ်တွေ အဲဒီ့လောက်တောင် လေနေခဲ့တာလား။ ကိုယ့်မွေးနေ့ကိုယ်တောင် မမှတ်မိခဲ့ဘူး...

ကိုကို... အခုအချိန်ထိ ခင်ဗျားကျွန်တော့်ကို ပြုစားနိုင်တုန်းပါပဲ။ ကျွန်တော့်မွေးနေ့ကို မှတ်မိနေတဲ့အတွက်တော့ ဝမ်းသာမိပါရဲ့။ ကိတ်ပို့လိုက်တာလဲ NMHဆိုတဲ့အတွက် ကိုကိုပဲမဟုတ်လား။

နေနိုင်လိုက်တာဗျာ...။ အင်းလေ ကျွန်တော့်ကိုထားသွားခဲ့တာတောင် ကြာခဲ့ပြီပဲ။ ကျွန်တော်ကတော့ အခုထိချစ်နေဆဲပါ။ လွမ်းလဲလွမ်းနေဆဲပါ။ ကိုကိုကတော့ ကျွန်တော့်ကို မုန်းနေဆဲပဲပေါ့နော်။

ဘုန်းမြတ်ပိုင်၏ ပျံ့လွင့်နေသော အတွေးများက ရုတ်တရက်မြည်လာသော ဖုန်းသံကြောင့် ပြန်လည်စုစည်းသွားရသည်။ ခေါ်သူအမည်ကြည့်လိုက်တော့ 'ကျွန်တော့်ကိုကို' ဖြစ်နေတာမို့ ရုတ်တရက် အံ့သြသွားမိပြီး ဖုန်းကိုကိုင်လိုက်သည့် သူ့လက်တစ်စုံက မသိမသာတုန်သွားရလေသည်။

ထို့အတူ သူ့ရင်ထဲမှာလည်း ပိုးကောင်လေးများ ဗြောင်းဆန်နေသလို ခံစားရသည်။ ဖုန်းမျက်နှာပြင်‌မှ အစိမ်းမှတ်လေးဘက်ကို လက်ချောင်းလေးများဖြငိ့ ဆွဲလိုက်သည့်အခါမှာတော့ အချိန်အတော်ကြာ လွမ်းနေခဲ့ရသည့် အသံလေးကို ကြားလိုက်ရလေသည်။

"hello ဘုန်းမြတ်ပိုင်"

"ကိုကိုလားဟင်"

သူ့ကိုကိုမှန်းသိနေပေမယ့်လည်း သူမယုံရဲစွာ ထပ်မေးမိသည်။

"ဟုတ်တယ်ငါပဲ"

"ကိုကိုကျွန်တော့်ဆီဖုန်းဆက်တယ် ကိုကိုကျွန်တော့်ကို မမုန်းတော့ဘူးပေါ့နော် ကျွန်တော်လေ ကိုကို့ကိုအရမ်းလွမ်းနေတာ ကိတ်ကလည်း ကိုကိုပို့လိုက်တာမဟုတ်လားဟင် ကျွန်တော်တောင် မွေးနေ့ကိုမေ့နေတာ ကိုကိုက သတိရတယ်နော်"

ဘုန်းမြတ်ပိုင်တစ်ယောက် စိတ်တွေအရမ်းလှုပ်ရှားနေသည်မို့ မေးခွန်းတွေ တစ်ခွန်းပြီးတစ်ခွန်း ဆက်တိုက်မေးနေမိသည်။

"ဟိုး... stop... ရပ်ပါဦး ဘုန်းမြတ်ပိုင်ရဲ့ မောနေပါ့မယ်။ ဒါနဲ့ငါ့အမုန်းတွေကြေဖို့ ဘာလုပ်ရလုပ်ရလို့ မင်းပြောခဲ့ဖူးတယ်နော်။ အေးအခုအချိန်တန်ပြီ"

"ဟင် တစ်... တစ်ကယ်လားကိုကို ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ကောင်းပြီလေ။ ဒါဆိုမင်းအသက်နဲ့ ငါ့အသက်ရွေးရမယ်ဆို မင်းဘာကိုရွေးမလဲ"

"ဘယ်လိုကိုကို... တစ်ခုကိုပဲရွေးချယ်ရမှာလား "

"အင်း"

"ကောင်းပြီလေ ကျွန်တော်ရွေးရမယ်ဆိုရင်တော့..."

"နေဦးဘုန်းမြတ်ပိုင် မင်းဆက်ပြောဖို့မလိုဘူး။ ငါပြောတာနားထောင်။ မင်းမှာရွေးချယ်ခွင့် မိနစ်နှစ်ဆယ်ရှိတယ်။ ဘာလုပ်ရမှာလဲဆိုတော့ ခုမင်းဆီရောက်နေတဲ့ကိတ်မုန့်ထဲမှာ ချိန်ကိုက်ဗုံး‌လေးတစ်လုံး ထည့်ထားတယ်"

"ဟင် ဘာ... ဘာပြောလိုက်တယ်ကိုကို"

ဘုန်းမြတ်ပိုင်၏ ဆက်ပြောမည့်ဆဲဆဲမှာပင် ဖြတ်ပြောခံလိုက်ရခြင်းကြောင့် ရပ်တန့်သွားခဲ့သော စကားသံတို့သည် ထိတ်လန့်စွာဖြင့် ပြန်လည်ထွက်ပေါ်လာရသည်။

"အိုးဟိုး... လန့်မသွားပါနဲ့။ ဆုံးအောင်နားထောင်ပါဦး။ ပေါက်ကွဲအားကတော့ သိပ်မပြင်းပါဘူး မင်းအဖေတည်ထောင်ခဲ့တဲ့ 'မင်းမြတ်ပိုင်' ဆိုတဲ့ကုမ္ပဏီကြီး ပြာကျသွားရုံ‌လောက်ပါ ဟင်းဟင်း..."

"သြော်... တစ်ချိန်ကသိပ်ချစ်ပါတယ်ဆိုတဲ့ကိုကိုက ကျွန်တော့်ကို အဲဒီ့လောက်တောင် မုန်းနေခဲ့ပြီကိုး"ဘုန်းမြတ်ပိုင်သည် ရာသီဥတု အနည်းငယ်အေးနေတာကြောင့် ရေကိုခပ်မြန်မြန်ချိုးလိုက်သည်။ ထို့နောက် breakfast စားရန် ထမင်းစားခန်းထဲသို့ဝင်လာရင်း ညီမဖြစ်သူကို စနောက်လေသည်။

    
"ဟား ကော်ဖီနံ့လေးကမွှေးနေတာပဲ"
    
"ကိုကို့အကြိုက်ကော်ဖီလေ"
   
"မွှေးနေတာပဲ ငါ့ညီမလက်ရာမဖြစ်နိုင်ဘူး ကြီးစုဖျော်တာပဲ ဖြစ်ရမယ်"
    
"ကိုကိုနော်..."
    
နှင်းမြတ်ပိုင်တစ်‌ယောက်အစ်ကိုဖြစ်သူစနေသည်ကို စိတ်ဆိုးဟန်ဆောင်ကာ အော်လိုက်တာကြောင့် မုန်ပန်းကန်ကိုင်ရင်း အနားရောက်လာသည့် ကြီးဒေါ်ဖြစ်သူဆီက ဆူခံထိလေတော့သည်။
    
"အမယ်လေးဟဲ့ ဖြည်းဖြည်းအော်ပါနှင်းမြတ်ပိုင်ရယ် နားကိုအူသွားတာပဲ"
    
"ဟီး...ကန်တော့်နော်ကြီးစု"
    
နှင်းမြတ်ပိုင်၏ စပ်ဖြဲဖြဲကလေးရယ်ကာ တောင်းပန်နေသည့်ပုံစံကြောင့် တူအရီးတစ်တွေ ပြိုင်တူရယ်မိကြသည်။
    
"စတာပါညီမလေးရယ်။ ကိုယ့်ညီမလေးဖျော်ထားမှန်း သိပါတယ်ဗျာ။ ကဲစားပြီးရင်ကျောင်းသွားမယ်။ သြော်ဒါနဲ့ကြီးစု မနက်ဖြန်ညအတွက် ခြံထဲမှာမီးတွေဆင်ဖို့ အလုပ်သမားတွေငှားထားတယ်။ နေ့ခင်းလာဆင်ရင် နည်းနည်းကြည့်ပေးထားပါဦးနော်"
    
"အေးပါငါသိပါတယ်။ ကျောင်းမြန်မြန်သွားပါ။ နောက်ကျနေတော့မယ်"
    
"ဟုတ်ကြီးစု ညီမလေးရော သူငယ်ချင်းတွေဖိတ်တာစုံပြီလား"
    
"ဟုတ်ကိုကို စုံပြီ။ အခုလည်းသူတို့လာခေါ်မှာမို့လို့ ကိုကို့ဘာသာ ကျောင်းသွားလိုက်နော်။ ဒါနဲ့ ဘူဖေးပဲကျွေးမယ်နော်ကိုကို..."
    
"ခင်ဗျားလေးသဘော ဘူဖေးပါဗျာ။ ဟိုတယ်ကို ဖုန်းဆက်ပြီး အားလုံးမှာထားပြီးပါပြီ"
    
"ဒါနဲ့တစ်ခုလိုသေးတယ်ကိုကို"
    
"အင်း ပြောလေညီမလေး"
    
"ပြောရဦးမှာလား"
    
"ပြောလေညီမလေးရဲ့"
    
"မွေးနေ့လက်ဆောင်ဘာပေးမှာလဲ"
    
"ဟင်ပေးရဦးမှာလား။ မွေးနေ့တစ်ရက်ထဲကို"
    
"ဘာလဲ ကိုကိုကမပေးချင်ဘူးလား။ ဒီညီမလေးတစ်ယောက် ရှိတာကို"
    
ဘုန်းမြတ်ပိုင်တစ်ယောက် မွေးနေ့လက်ဆောင်မရ၍ နှုတ်ခမ်းစူကာ စိတ်ကောက်သွားသည့် ညီမဖြစ်သူကြောင့် ရယ်မိလိုက်ပြီး စူနေသောနှုတ်ခမ်း‌လေးကို ‌ဖွဖွလေးဆွဲညှစ်လိုက်သည်။
    
"စတာပါညီမလေးရယ် နှုတ်ခမ်းကြီးမဆူနဲ့လေ ပေးမှာပေါ့"
    
"ကိုကိုရော ဘာလိုချင်လဲ"
    
"ဝယ်ပေးမလို့လား ဘာပေးမှာလဲ"
    
"ဘာလိုချင်လဲလို့"
    
"ဝယ်ပေးတာယူမယ်"
    
"လိုချင်တာပြောလေ"
    
"ဝယ်ပေးတာယူပါမယ်ဆို"
    
"ဟုတ်ပါပြီရှင့်"
   
တူအရီးသုံးယောက် ရယ်ကာမောကာ breakfast စားကြပြီးနောက် ဘုန်းမြတ်ပိုင်သည် ညီမနှင့်ကြီးဒေါ်ဖြစ်သူကို နှုတ်ဆက်ကာ ကျောင်းသို့ ထွက်လာခဲ့သည်။

***********

ယနေ့ အနီးကပ်တက်ရမည့် ပထမဆုံးနေ့။ ဘုန်းမြတ်ပိုင်တစ်ယောက် ကျောင်းသားကဒ်ကို လည်ပင်းမှာဆွဲကာ အခန်းနံပါတ်များကို ကြည့်လာရင်း ပထမနှစ် E-major ကျောင်းသားများတက်ရမည့် အခန်းနံပါတ်ကို ရှာနေမိသည်။
    
အဖြစ်က ရုပ်ရှင်ဆန်ဆန်ပင်။ ကော်ရစ်ဒါထောင့်ချိုးတစ်ခု အရောက်မှာ ဘုတ်ခနဲမြည်သံနှင့်အတူ တစ်ဖက်ခြမ်းမှထွက်လာသည့် လူတစ်ယောက်နှင့် ဝင်တိုက်မိသွားသည်။ တစ်ကိုယ်လုံး နောက်ပြန်လန်ကျမလို ဖြစ်သွားသော်လည်း လဲကျမသွားခဲ့ပေ။
    
သူဝင်တိုက်မိသည့်လူကို မော့ကြည့်လိုက်ချိန်မှာတော့ ချောမောခန့်ညားသည့် မျက်နှာတစ်ခုက သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လေးထောင့်မကျတကျမျက်နှာနှင့် ခပ်ထူထူမျက်ခုံးတစ်စုံကြောင့် ထိုသူ့ပုံစံကအနည်းငယ် လူကြီးဆန်နေသော်လည်း မထူမပါးနှုတ်ခမ်းလေးနှင့်တော့ ပနံသင့်လှသည်။
    
မျက်ရစ်လေးတွေထင်းနေသည့် မျက်လုံးတစ်စုံနှင့် သူ့ကိုစိုက်ကြည့်ရင်း "အဆင်ပြေရဲ့လား"ဟု ထိုသူမေးသော်လည်း သူပြန်မဖြေမိ။
    
"ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား"
    
ပြုံးစေ့စေ့ဖြစ်‌နေသည့်မျက်နှာနှင့် မေးလိုက်သည့် စကားသံကြောင့် ထိုသူ့မျက်နှာကို အကြာကြီးငေးမိသွားမှန်း သတိပြုမိကာ ရှက်သွားရသည်။ လဲကျမှာစိုးသည်မို့ ဆွဲဖက်ထားလိုက်သည့် သူ့ခါး‌ပေါ်မှလက်ကို အသာဆွဲဖယ်လိုက်ရင်း ကိုယ်ကိုမတ်လိုက်သည်။
    
"မ... မဟုတ်ပါဘူး ရုတ်တရက်မို့လန့်သွားလို့ပါ။ ဟို...ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားမဆွဲထားလိုက်ရင် ကျွန်တော်ချော်လဲသွားမှာ"
    
ဘုန်းမြတ်ပိုင်သည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ကျေးဇူးတင်လိုက်သည်။ သို့သော်လည်း ထိုသူ့ဘေးကမိန်းကလေးကတော့ ဒေါသထွက်နေသည့်မျက်နှာနှင့် ကျစ်ခနဲစုတ်သပ်ရင်း သူ့ကိုမကျေမနပ် စိုက်ကြည့်လာလေတော့သည်။
    
"ဒီမှာ... နင့်ကျေးဇူးကအရေးမကြီးဘူး။ အခု နေ့ဖိနပ်ပြတ်သွားပြီ နင်ဘယ်လိုလုပ်ပေးမှာလဲ"
    
"ဗျာ"
    
ဘုန်းမြတ်ပိုင်တစ်ယောက် အံ့သြစွာနှင့် ရေရွတ်မိရင်း ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်နှင့် တက်နင်းမိထားသည့် ထိုသူ့ဖိနပ်က သဲကြိုးပြတ်နေလေပြီ။ ပါးစပ်အဟောင်းသားနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရင်း တောင်းပန်စကားသာ ထပ်‌ပြောမိတော့သည်။
    
"ဟို... ကျွန်တော်ဘယ်လို တောင်းပန်ရမှန်းတောင် မသိတော့ဘူးဗျာ။ ကျွန်တော်တစ်ကယ် တောင်းပန်ပါတယ်နော်""ဒီမှာ... နင်အဲဒီ့လိုတောင်းပန်လိုက်ရုံနဲ့ နေ့ဖိနပ်က သူ့အလိုလို ပြန်ဆက်သွားမှာလား။ ဟမ်... ကျစ်... ဒုက္ခပဲ ဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီး အတန်းတက်ရမလဲ"
   
ဘုန်းမြတ်ပိုင်သည် မိန်းကလေး၏ မကျေမနပ်ရေရွတ်နေသံကြောင့် အကောင်းဆုံးဖြစ်မည့်စိတ်ကူးကို ပြောပြလိုက်သည်။
    
"ဒီလိုလုပ်ပါလား ဒီကအစ်ကိုရဲ့ ဖိနပ်size ကိုပြောပါလား ကျွန်တော်သွားဝယ်ပေးပါ့မယ်"
    
"အဲဒါဆို နင်ပြန်လာတဲ့အထိ ငါတို့ကစောင့်နေရမှာလား။ နေ... ငါအချိန်မရဘူးနော်။ အတန်းချိန်ကနီးနေပြီ။နေမဟော်... နင်မြန်မြန်ဆုံးဖြတ်ဟာ။ ငါကသိပ်စိတ်ရှည်တာ မဟုတ်ဘူး"

သူမ ခပ်လောလောဆိုတော့ ထိုသူအကြံအိုက်သွားပုံရသည်။ ထို့အပြင် စကားတစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်နေသည်မို့ မိန်းကလေးသည်လည်း စိတ်မရှည်‌တော့ပုံပင်။
    
"နင်တော်တော်စကားများတာပဲ ယာ"
    
ထိုသူ၏ အပြစ်တင်စကားကြောင့် သူမ၏မျက်စောင်းသည် 'နင့်ကြောင့်'ဟူသည့်သဘောဖြင့် ဘုန်းမြတ်ပိုင်ဆီသို့ ဒိုင်းခနဲရောက်ရှိလာသည်။ ဒါကြောင့်ပဲ ဘုန်းမြတ်ပိုင်လည်း သူတတ်နိုင်သည့်အရာကို လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
    
"ကျွန်တော့်ဖိနပ်စီးသွားလိုက်ပါ"
    
ဘုန်းမြတ်ပိုင်သည် ပြောလဲပြောရင်း သူ့ဖိနပ်ကိုချွတ်ပေးလိုက်သည်။
    
"ဟာ... မဟုတ်တာကွာ မင်းခြေဗလာဖြစ်နေမှာပေါ့ အားနာစရာ"
    
ထိုသူက အားနာဟန်ဖြင့်ပြောသော်လည်း ဘုန်းမြတ်ပိုင်၏ နှုတ်ခမ်းတို့ကတော့ အလိုလိုမဲ့သွားမိသည်။ အနိုင်မပိုင်းရလျှင် မကျေနပ်တတ်သည့် သူ့ရဲ့ဗီဇအရ တစ်ခွန်းတော့ ပြောခဲ့လိုက်သည်။
   
"အဟက်... ရပါတယ် ကျွန်တော်ကခြေဗလာနဲ့လျှောက်လို့ ခင်ဗျားလို ဘေးကနေအပြစ်တင်နေမယ့်သူမရှိဘူး အားနာပေးတဲ့အတွက်တော့ ကျေးဇူးပဲ"
    
ဘုန်းမြတ်ပိုင်တစ်ယောက် ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့ပြီး ညီမဖြစ်သူဆီဖုန်းဆက်ကာ ဖိနပ်တစ်ရံ ဝယ်လာခိုင်းလိုက်ရသည်။ သေချာတာတစ်ခုကတော့ သည်နေ့က သူ့အတွက်တော့ ပြဿဒါးနေ့ပင်။

********

ဒီနေ့ကျောင်းစတက်ရမည့်ရက်မို့ နေမဟော်တို့ညီအစ်ကို ကျောင်းသွားခဲ့ကြသည်။ နေအရောင်က သူတက်ရမည့် ပထမနှစ် E-major အခန်းမှာ ၀င်နေခဲ့ပြီမို့ နေမဟော်က ငယ်သူငယ်ချင်းဖြစ်သူ မေမာယာနှင့်အတူ ဒုတိယနှစ် E-majorများ တက်ရမည့်အခန်းဆီ လျှောက်လာခဲ့ကြသည်။

ကော်ရစ်ဒါထောင့်ချိုးတစ်ခုအရောက်မှာတော့ တစ်စုံတစ်ယောက်က သူ့ကို၀င်တိုက်မိပြီး ချော်လဲမလို ဖြစ်သွားတာကြောင့် လှမ်းဆွဲလိုက်တော့ခါးကို ဖမ်းမိလိုက်မိသည်။

ထိုကောင်လေးက ၀ိုင်းစက်နေသည့် မျက်လုံးလေးတွေနှင့် သူ့ကိုမော့ကြည့်ရှာသည်။ အရှိန်ဖြင့် ၀င်တိုက်ခံလိုက်ရတာကြောင့် သူ့ရင်ဘတ်နာသွားသော်လည်း တစ်ဖက်လူလန့်သွားသည်ဟု ထင်မိတာကြောင့် "အဆင်ပြေရဲ့လား"ဟု သူမေးလိုက်သော်လည်း ကြားပုံမရပေ။

သူ့မျက်နှာကို သေချာကြည့်နေသည်မို့ နေမဟော်လည်း ပြန်ကြည့်လိုက်ရင်း "ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား"ဟု မေးလိုက်သည်။ သည်တော့မှ မျက်နှာလေးရဲသွားကာ သူ့ကိုယ်သူပြန်မတ်ပြီး ကျေးဇူးတင်စကားဆိုလာလေသည်။

သည်တော့မှနေမဟော်တစ်ယောက် တစ်ဖက်လူကို သေချာကြည့်မိသည်။ ထိုကောင်လေးရဲ့အရပ်က သူ့ပုခုံးသာသာ။ အသားဖြူဖြူ၊ လူကောင်သေးသေးနှင့်မို့ ကြည့်ရသလောက် first year ကပဲ ဖြစ်မည်ထင်သည်။

မေမာယာ သူ့ရဲ့ဖိနပ်ကိုကြည့်ရင်းမေးတော့လည်း အံ့အားသင့်ကာ သူ့ဖိနပ်ကိုငုံ့ကြည့်လေသည်။ အမှန်ပင် ထိုကောင်လေးရဲ့ ခြေထောက်ဖြင့်နင်းမိထားသည့် သူ့ဖိနပ်လေးက ပြတ်နေရှာလေပြီ။
ပါးစပ်အဟောင်းသားနှင့် တောင်းပန်နေသည့်တိုင် ကာယကံရှင်ဖြစ်သူက ဘာမျှ၀င်မပြောတော့ မေမာယာက မကျေမနပ်ဖြင့်ပြေဆိုလုပ်သည်။ ထို့ကြောင့် သူအပြစ်တင်လိုက်တော့ နိုင်ရာမဲချင်သည့် သူမ၏မျက်စောင်းက ထိုကောင်လေးဆီ ကျရောက်သွားရသည်။

ဖိနပ်သွား၀ယ်ပေးမယ်ဟုဆိုသော်လည်း ထိုကောင်လေးသည် မေမာယာ့ကြောင့် စီးလာသည့်ဖိနပ်ကို ချွတ်ပေးထားခဲ့ပြီး သူ့ကိုလည်း ရွဲ့ပြောထားခဲ့သေးသည်။ နည်းနည်းကလေးမှ စကားအတင်မခံဘဲ တော်တော်ချေသည့် ကောင်လေးပင်။

အမှန်တိုင်းပြောရလျှင် သူထိုကောင်လေးနှင့် ပြန်တွေ့ချင်ပါသေးသည်။ သူမထင်ထားခဲ့သည်မှာ ထိုနေ့ကသူ့ဆုတောင်းဟာ မကြာမီတွင် ပြည့်၀လာမည်ကိုဖြစ်သည်။

နောက်တစ်နေ့တွင် ညီဖြစ်သူက သူငယ်ချင်း၏ မွေးနေ့ပါတီတက်‌ရောက်ပေးရန် ညီအစ်ကိုနှစ်ယောက်လုံးကို ဖိတ်ထားသည်မို့ အပူကပ်နေတာကြောင့် လိုက်သွားဖြစ်ခဲ့သည်။

ပါတီကျင်းပရာ အိမ်ခြံ၀င်းထဲသို့ ကားကိုကွေ့၀င်လိုက်သည်နှင့် နှစ်ယောက်လုံး မြူးကြွသည့် DJသံတွေကို ဦးစွာကြားလိုက်ရသည်။ ကားကိုနေရာချပြီးနောက် နှစ်ဉီးသား မွေးနေ့ရှင်ဆီ လျှောက်သွားလိုက်သည်။

"၁၇နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေ ဒါက... မွေးနေ့လက်ဆောင်လေး"

"ဟယ်နေရောင် မွေးနေ့လာပေးတဲ့အတွက် ကျေးဇူးနော် ဖိတ်လိုက်ပေမယ့် လာမှလာပါ့မလားလို့"

နှင်းမြတ်ပိုင်သည် ၀မ်းသာပျော်ရွှင်နေဟောအမူအရာဖြင့် နေအရောင့်ထံမှ မွေးနေ့လက်ဆောင်ကိုယူလိုက်သည်။

"လာရမှာပေါ့ သူငယ်ချင်းတွေပဲကို။ သြော်ဒါက ငါပြောပြောနေတဲ့ ငါ့အစ်ကိုဆိုတာလေ။ နေမဟော်တဲ့ ကိုနေ ဒါကမွေးနေ့ရှင် နှင်းမြတ်ပိုင်တဲ့"

နေအရောင်က အတူပါလာသည့် အစ်ကိုဖြစ်သူကို မိတ်ဆက်ပေးပြီး သူမကလည်းအလိုက်သင့် ပြန်လည်နှုတ်ဆက်သည်။

"happy birthdayပါညီမ မွေးနေ့မှာပျော်ရွှင်ပါစေ"

"ဟုတ်ကဲ့အစ်ကို ကျေးဇူးပါ။ နေရောင်ရော လာလေ""နင့်အစ်ကိုမွေးနေ့ရှင်ကြီးရောဟ မတွေ့ပါလား"

မွေးနေ့ရှင်ဟာ အမြွှာမောင်နှမ ဖြစ်ပြီး တစ်ယောက်သာ တွေ့တာကြောင့် နေအရောင်မေးကြည့်လိုက်တော့ နှင်းမြတ်ပိုင်က သူ့အစ်ကိုရှိရာဆီ မေးဆတ်ပြလေသည်။

"သူ့သူငယ်ချင်းတွေကို ဧည့်ခံနေတယ်နေရောင်ရေ။ ခဏထိုင်ဦးနော်။ ကိုကို့ဆီသွားလိုက်ဦးမယ်။ ပြီးမှမိတ်ဆက်ပေးမယ်"

နေအရောင်ပြန်ဖြေရင်း ခေါင်းညိတ်ပြလိုက်တော့ နှင်းမြတ်ပိုင်လည်း သူမအစ်ကိုဆီ လျှောက်သွားလေသည်။ ထိုအခါမှ နေမဟော်လည်း မသိခဲ့သည့်ကိစ္စကို မေးရတော့သည်။

"မွေးနေ့ရှင်က နှစ်ယောက်လား"

"အင်းဟုတ်တယ် အမြွှာမောင်နှမလေ ကိုနေရဲ့။ သူ့မှာ အစ်ကိုရှိမှန်းသိပေမဲ့ မတွေ့ဖူးသေးဘူး"

"သြော်..."

နေမဟော်တစ်ယောက် ခေါင်းညိတ်ရင်း ရေရွတ်လိုက်သော်လည်း ထိုမွေးနေ့ရှင်မှာ သူပြန်တွေ့ဆုံလိုသည့်ကောင်လေး ဖြစ်နေနိုင်သည်လို့တော့ နည်းနည်းကလေးမှ မတွေးခဲ့မိပေ။

*******