1
Viewers 1k

1


ကျောင်းသားဟောင်းညစာစားပွဲ ကျင်းပနေတဲ့ဘားမှာ ငါအရက်သောက်လွန်ပြီး မူးဝေသလို ဖြစ်လာတာမလို့ အိမ်ပြန်ဖို့ ပြင်လိုက်တယ်။


အဲ့အချိန်မှာပဲ အားနည်ထိခိုက်လွယ်တဲ့ အသွင်နဲ့ အင်္ကျီအဖြူ၀တ်ထားတဲ့ ကောင်လေး‌တစ်ယောက်က ပေါ်လာခဲ့တယ်။


သူကအရက်ခွက်ကို သေချာမကိုင်ထားနိုင်တော့တဲ့ပုံစံနဲ့ ယိမ်းယိုင်နေပြီး ငါ့ပေါင်ပေါ် အကုန်ဖိတ်ကျကုန်ရော။ 


ပြီးတော့ သူ့ရဲ့နူးညံ့တဲ့အသံနဲ့ပြောလာ‌သေးတယ်

"မစ္စတာလု ကျွန်တော်ခင်ဗျားကို ဒီည အဖော်ပြုပေးမယ်လေ"


ငါသူ့ကို တွန်းထုတ်လိုက်ချင်တာ 

ဒါပေမဲ့ ကြည့်ရတာ သူက ငါ့ထက် ပိုအားသန်တဲ့ပုံပဲ။


ငါ့ခေါင်းက ကိုက်ခဲနေပြီး မျက်ခွံတွေကလည်း လေးလံလာတယ်။


"ထွက်သွား ငါ့မှာ မိန်းမရှိတယ်..."


ငါမေ့မြောသွားတော့မယ့် အချိန်မှာပဲ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို တံခါး၀မှာ မြင်လိုက်ရသလိုပဲ။


အဲ့ဒီယောင်္ကျားက အဖြူရောင်ရှပ်အင်္ကျီ ၀တ်ထားပြီး ချောမောတဲ့မျက်နှာနဲ့ သူ့အသားအရေကလည်း ကျောက်စိမ်းဖြူလိုမျိုး အပြစ်အနာအဆာကင်းပြီး ၀င်းလဲ့တောက်ပနေတယ်။


ပုံမှန်ဆိုရင် သူ့ရဲ့ကြည်လင်တဲ့ မျက်၀န်းတွေက သမင်လေးလို ရိုးသားအပြစ်ကင်းတဲ့ပုံပေါက်ပေမဲ့ အခုတော့ သူ့မျက်၀န်းထဲ ရက်စက်တော့မဲ့ အရိပ်‌အယောင်တွေ တောက်ပနေပြီး ကြမ်းကြုတ်ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး ငါ့ကို စိုက်ကြည့်နေခဲ့တယ်။


သူက... ယန်ယိီပဲ။


ါ့ရဲ့မိန်းမ ရောက်လာခဲ့ပြီ။