2
Viewers 1k

2


ငါလွန်ခဲ့တဲ့နှစ်၀က်က ရုတ်တရက်နှလုံးဖောက်လို့ သေဆုံးသွားပြီး အရင်ကဖတ်ဖူးတဲ့ ၀တ္ထုတစ်ခုထဲကို ကူးပြောင်းလာခဲ့တယ်။


မူရင်းဇာတ်လမ်းထဲမှာ အ‌‌မြောက်စာဇာတ်ကောင်လင်းရန်နဲ့ အဓိကအထက်ပုဂ္ဂိုလ် မစ္စတာလုတို့က ဇာတ်လိုက်အောက်ပုဂ္ဂိုလ်ကို အပြိုင်ပိုးပန်းခဲ့ကြတယ်။


 ပိုင်ဆိုင်လိုစိတ်ကြီးပြီး ရက်စက်တဲ့ မစ္စတာလုက အဓိကအောက်ပုဂ္ဂိုလ်ကို ဘယ်သူမှတပ်မက်နေတာ မလိုချင်တာမလို့ လင်းရန်ကိုသတ်ပစ်လိုက်ရော။


ကံမကောင်းစွာနဲ့ပဲ ငါက အမြောက်စာဇာတ်ကောင် လင်းရန်အနေနဲ့ ကူးပြောင်းလာခဲ့တာလေ။


မူရင်းဇာတ်ကောင်နဲ့ ငါက နာမည်လည်းအတူတူပဲ။


ပိုပြီးတော့ ကံဆိုးတာက ကူးပြောင်းလာတဲ့အချိန်မှာ မူရင်းကိုယ်က ရွှီရှကိုပိုးပန်းနေခဲ့တာ လပေါင်းများစွာကြာနေပြီ။


ငါ့ရဲ့ လက်ကျန်ဘ၀ ပျော်ရွှင်မှုလေးအတွက် စိတ်ဝေဒနာရှင်မစ္စတာလုရယ် အဓိက အောက်ပုဂ္ဂိုလ်ရွှီရှရယ်နဲ့ မပတ်သတ်ပဲ ဝေးဝေးနေခဲ့တယ်။


ပြီးတော့ တစ်နေ့ငါဘားတစ်ခုမှာ ရှိနေတုန်း ယန်ယိိီလို့ခေါ်တဲ့ လူချောလေးက အနိုင်ကျင့်ခံနေရတာကို မြင်လိုက်ရတယ်။


ပထမအကြည့်တစ်ချက်မှာတင် ငါလုံး၀ချစ်မိသွားခဲ့တာ။


ငါ့ရဲ့ မဆုတ်မနစ်ပိုးပန်းမှုတွေကြောင့် နောက်ဆုံးမှာ သူ့ကို အရယူနိုင်ခဲ့တယ်လေ။


အခုဆို နောက်ဆုံးအဆင့်တစ်ခုကလွဲရင် ကျန်တာအကုန်လုံး ငါတို့လုပ်ခဲ့ပြီးပြီ။


အလှပဆုံးအရာတွေကို ငါတို့မင်္ဂလာဦးညရောက်မှ ခံစားဖို့ ငါထိန်းသိမ်းထားခဲ့တာ။


အဲ့အချိန်မှာ ငါတီးတိုးညည်းမိသွားတယ်

"မိန်းမ.."


နောက်တစ်စက္ကန့်မှာပဲ ငါမျက်လုံးတွေပိတ်သွားပြီး လုံး၀ကို သတိမေ့သွားတော့တယ်။


ငါမသိခဲ့တာက ခုနက ငါပြောတဲ့ ယောင်္ကျားက အေးစက်တဲ့အကြည့်တွေနဲ့ အခန်းထဲကို ၀င်လာပြီး ငါ့ပေါင်ပေါ်ထိုင်နေတဲ့ တစ်ယောက်ကို အကြမ်းပတမ်း ကန်ထုတ်လိုက်တာကိုပဲ။


ပြီးတော့ သူ့ပွေ့ဖက်မှုတွေကြား အကျဉ်းချထားချင်သလိုမျိုး ငါ့ခါးကို သူ့လက်မောင်းတွေနဲ့ ပွေ့ဖက်ထားခဲ့တယ်။


သူ့လေသံကလည်း နွေးထွေးမှုအရိပ်အယောင် တစ်စက်မှမရှိပဲ ရေခဲလိုအေးစက်နေပြီး နတ်ဆိုးတစ်‌ကောင်ကသူ့ဝိဉာဉ်ကို ဝါးမျိုနေသလိုမျိုး သတိပေးလာခဲ့တယ်။

"သူ့ကိုနောက်တစ်ကြိမ် ထပ်ထိတာနဲ့

မင်းလက်တွေကို ခုတ်ဖြတ်ပစ်မယ်"