Ch 2
ငါချက်ခြင်း လီကျီကိုအော်ခေါ်လိုက်ပေမဲ့ သူ့အစား အခြားအစေခံကရောက်လာခဲ့တယ်။
ရောက်လာတဲ့အစေခံက ငါ့ကိုကြည့်ပြီး သူ့မျက်၀န်းထဲက စပ်ဆုပ်တဲ့အကြည့်ကိုဖုံးကွယ်ဖို့ခေါင်းငုံ့လိုက်ရင်းမေးလာလေတယ်
"မဒမ် တစ်ခုခုများအလိုရှိပါသလား? "
မဒမ်?
ငါချက်ခြင်းအခန်းကိုစစ်ဆေးကြည့်လိုက်ပေမဲ့ ဒါသေချာပေါက်ငါ့အခန်းပဲလေ။
ငါလက်ထပ်ပြီးသွားတာလား?
အခုဖြစ်နေတာတွေက အိမ်မက်မဟုတ်ကြောင်းအတည်ပြုဖို့ လျှာကိုကိုက်လိုက်ရင်း အစေခံကိုတုန်ရီနေတဲ့အသံနဲ့ မေးလိုက်တယ်။
"မင်းကဘယ်သူလဲ ? လီကျီဘယ်ရောက်သွားတာလဲ ? "
"ဒီအစေခံက ရှန်ကျန်း ပါ မဒမ်ပြောတဲ့ လီကျီအတွက်ကတော့ ဒီအိမ်၀န်းမှာ လီကျီနာမည်နဲ့အစေခံမရှိပါဘူး မဒမ်"
ငါလည်းနည်းနည်းစိုးရိမ်သွားပြီး မရေမရာမေးလိုက်တယ်။
"အခုက ဖင်းဟယ်ဘယ်ခုနှစ်လဲ ? "
"ဖင်းဟယ်? ကြည့်ရတာတော့ မဒမ်ရဲ့ စိတ်ရောဂါက ပိုပိုဆိုးလာတဲ့ပုံပါပဲ
အခုကရှန့်ကျင်းခေတ်ရဲ့ခြောက်နှစ်မြောက်ဖြစ်ပြီးတော့ စတုတ္ထမင်းသားက အချိန်အတော်အကြာကတည်းက မြို့တော်ကနေ နယ်နှင်ဒဏ်ပေးခံလိုက်ရပါပြီ "
သူဘာလို့ စတုတ္ထမင်းသားအကြောင်းပါထည့်ပြောနေရတာလဲဆိုတာ ငါနားမလည်ခဲ့ပေမဲ့ သူ့ရဲ့စကားတွေကနေ အခုလက်ရှိအချိန်က ငါသိခဲ့တဲ့အချိန်ထက် အနည်းဆုံး 6နှစ်ကြာသွားပြီဆိုတာတော့သဘောပေါက်လိုက်တယ်။
ဒီ အစေခံက ငါ့ကိုစက်ဆုပ်အထင်သေးနေပေမဲ့လည်း ငါ့မေးခွန်းတွေကိုဖြေပေးနေတာမို့နောက်ထပ်အချက်အလက်တွေသိရဖို့ ထပ်မေးလိုက်တယ်။
---
ငါသိလိုက်ရတဲ့အဖြစ်မှန်က လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ငါ့ရဲ့လက်ရှိ ယောင်္ကျားဖြစ်တဲ့ ရွှယ်ချန်းမြို့စားမင်းကို လက်ထပ်ခဲ့ပြီး အမွှာနှစ်ယောက်ကိုမွေးခဲ့တာတဲ့လေ ။
ရွှယ်ချန်းမြို့စားမင်းကငါ့ကိုသဘောကျတဲ့ပုံမပေါ်ပဲ ကလေးတွေကိုလည်းငါ့ဆီလာတွေ့ခွင့်မပေးတဲ့အပြင် အိမ်အပြင်ကိုလည်းပေးမထွက်ဘူးတဲ့ ။
ငါ့ကိုခစားဖို့ပို့ပေးတဲ့ အစေခံတောင်သနားစရာကောင်းလောက်အောင်ကိုနည်းတာ။
ရွှယ်ချန်းမြို့စားမင်းကဘယ်သူလဲဆိုတာနဲ့ ချီယန်ချီ ဘာဖြစ်သွားလဲဆိုတာကိုမေးချင်ခဲ့ပေမဲ့ ဒါတွေက အစေခံတစ်ယောက်ဖြေနိုင်တဲ့မေးခွန်းတွေမဟုတ်တော့ ငါမေးဖို့လက်လျော့လိုက်တယ်။
ဒါကြောင့်မို့ ငါ့နဖူးပေါ်လက်တင်ကာ အားနည်းချင်ယောင်ဆောင်လိုက်ရင်း
"အခုချက်ခြင်း မြို့စားမင်းကိုဆင့်ခေါ်ပြီးငါနေမကောင်းတာမလို့အရေးကြီးတဲ့မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးသွားလို့သူ့ကိုမြင်ပြီးအချို့အရာတွေအတည်ပြုဖို့လိုတယ်လို့ပြောပေးပါ "
အစေခံရှန်ကျန်းကဘာဆက်လုပ်ရမလဲမသိတဲ့ပုံပေါက်နေပြီး ငါ့ကိုသံသယအကြည့်နဲ့ကြည့်လာတယ်။
အဲ့အချိန်မှာပဲ အိမ်တော်ထိန်းကအစားအသောက်ဘူးကိုကိုင်ရင်း၀င်လာပြီးငါ့တို့စကားဝိုင်းကို၀င်ပါခဲ့တယ်
"မြို့စားမင်းက တာ၀န်တွေပိနေပြီအခုတလောအလုပ်များနေပါတာမလို့မဒမ့်ကိုတွေ့ဖို့အချိန်မရှိပါဘူး မဒမ်အားပြည့်အောင်ပဲ အေးအေးဆေးဆေးအနားယူသင့်ပါတယ်" လို့ပြောရင်း အစားအသောက်ဘူးကို စားပွဲပေါ်တင်ပြီး ရှန်ကျန်းကို ဆွဲခေါ်သွားတော့တယ်။
လမ်းလျှောက်နေရင်းနဲ့ ပြောနေတာ တွေကိုလည်း တစွန်တဖျားကြားလိုက်ရသေးတယ်
"နင်ကအသစ်မို့လို့ဘာမှမသိတာ အရင်တုန်းက သူ အဲ့လိုလှည့်ကွက်တွေနဲ့ မြို့စားမင်းကိုခေါ်ပြီး လုပ်ကြံဖို့လုပ်ခဲ့တာလေ ဘုရားမလို့သာမသေသွားတာ ပေါ့ ဟဲ့ ဗိုလ်မှုးက သူ့ကိုကောင်းကောင်းဂရုစိုက်ပေးဖို့ပဲမှာထားတာ သူမသေရင်ရပြီ ကျန်တာတွေအာရုံမထားနဲ့ ပြီးတော့သူကိုလည်းစကားတွေသွားမပြောမိစေနဲး ဟိုတစ်ခါက ဒီကအစေခံတစ်ယောက်သူနဲ့ စကားတွေအရမ်းပြောပြီး ဦးနှောက်ဆေးခံလိုက်ရတယ်လေ အဲ့အစေခံဆို လူတွေအားလုံးက အဆင့်အတန်းတူတူပဲလို့ယုံကြည်သွားလို့ မျိုးရိုးမြင့်တစ်ယောက်ကိုစေ
ာ်ကားမိပြီး သေတဲ့အထိရိုက်သတ်ခံလိုက်ရပါရောလား"