Ch 3
ငါအမြဲတမ်းအကောင်းမြင်စိတ်ထားတတ်ပေမဲ့ အခုအချိန်မှာတော့နည်းနည်းလေးစိတ်ဓာတ်မကျပဲမနေနိုင်ဘူး။
သိသိသာသာပဲ သူတို့ပြောတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကငါ့မှာရှိမနေဘူးလေ။
ထမင်းဘူးကိုဖွင့်လိုက်တော့ စားသောက်ဖွယ်ရာအကုန်လုံးက အရသာရှိမဲ့ပုံပေါက်ပြီး ငါ့အကြိုက်တွေချည်းပဲမလို့ နည်းနည်းတောင်သံသယ၀င်လာမိသလိုပဲ။
ဘာလို့ သူတို့က မြို့စားမင်းဆီကနေအချစ်မခံရတဲ့ကြင်ဖက်ရဲ့အစားအသောက်အခြေအနေတွေကို ဒီလောက်ဂရုစိုက်ပေးနေရတာများလဲ ?
အခြေအနေအရအတွေးမများတော့ပဲ
အရင်စားဖို့ဆုံးဖြတ်လိုက်တယ်။
ငါလည်း အခန်းထဲမှာတွေ့တဲ့ ၀တ္ထုစာအုပ်ကိုကိုင်ရင်း ထမင်းဘူးကိုခြံ၀င်းထဲယူသွားပြီး ထမင်းစားရင်းစာဖတ်ဖို့ပြင်လိုက်တယ်
ငါငယ်ငယ်ထဲကအစားစားရင်း၀တ္ထုဖတ်နေကြမို့ ဒီအတိုင်းအကျင့်ဖြစ်လာခဲ့တာလေ
တစ်ကိုက်လောက်ပဲကိုက်ရသေးတဲ့အချိန်မှာပဲ ခြံထောင့်တစ်နေရာကနေပြီးတော့ တရှဲရှဲအသံတွေကိုကြားမိလိုက်လို့ငါ့ခေါင်းကိုချက်ချင်း လှည့်ကြည့်လိုက်တော့ မနက်ကတွေ့တဲ့ ကောင်လေးက ခြံထောင့်ကခွေးတိုးပေါက်မှာ ညှပ်မိနေပြီး ငါ့ကိုစိုက်ကြည့်နေလေရဲ့။
ငါတို့အကြည့်ချင်းစုံသွားတော့ သူ့မျက်၀န်းထဲစိုးရိမ်တဲ့အကြည့်တွေပေါ်လာပြီး ညှပ်မိနေတာကနေလွတ်အောင် သူ့ကိုယ်ကိုလက်သေးသေးလေးတွေနဲ့တွန်းရင်းအတင်းအကျယ်ရုန်းလာပြီး ရုန်းလို့မရတော့ ထိတ်လန့်တကြားငိုသံတွေပါကြားလာရတယ်။
ငါလည်း မကူကယ်နိုင်စွာပဲ တခစ်ခစ်ရယ်လိုက်ပြီး ကောင်သေးသေးလေးကို
ခွေးတိုးပေါက်ကနေဆွဲထုတ်ပေးလိုက်တော့တယ်။
"ဟီးဟီး မိပြီကွ"
ကောင်ငယ်လေးရဲ့ နူးညံ့တဲ့မျက်နှာမှာဖုံများပေကျံနေပြီး ငါ့လက်ထဲမရုန်းကန်ရဲပဲ သူ့ရဲ့ခန္ဓာကိုယ်ကျုံ့သွားရင်း ဝိုင်းစက်တဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတော့တယ်
"မရိုက်ပါနဲ့ သားကိုမရိုက်ပါနဲ့"
သူပြောတာကိုကြားလိုက်တော့ ငါ့ရဲ့အပြုံးကချက်ခြင်းပျောက်ကွယ်သွားတော့တယ်
ငါဘယ်လောက်ပဲ စိတ်အခြေအနေဆိုးနေပါစေ ကလေးတစ်ယောက်အပေါ်ကို ပေါက်ကွဲပစ်မှာမဟုတ်ဘူဆိုတာ သေချာသိတယ်။
"သား...သားကိုမမ အရင်ကရိုက်ဖူးတာလား? "
ကောင်ငယ်လေးက ခေါင်းငုံ့လိုက်ပြီးငါ့ကိုမကြည့်ရဲပေ။
"မေမေ မရည်ရွယ်ခဲ့ဘူးဆိုတာ သားသိပါတယ်"
ငါမတုန့်ပြန်နိုင်ခင်မှာပဲ ကောင်မလေးတစ်ယောက်က ခွေးတိုးပေါက်ကနေ တွားသွားပြီး၀င်လာတယ်။
"သူ့ကိုလွတ်လိုက်!"
ကလေးမလေးရဲ့အမူအယာက ငါ့လက်ထဲမှာရှိနေတဲ့ကောင်လေးကိုကြည့်ရင်း ကောင်လေးကို ဒေါသနဲ့ပစ်ချလိုက်မှာကို စိုးရိမ်နေသည့်အလားတောင့်တင်းနေလေတယ်။
ငါမျက်တောင်တစ်ချက်ခတ်လိုက်ပြီး
"မမ သူ့ကိုလွတ်ပေးမယ် ဒါပေမယ့် သမီးတို့တွေအရင်ကလိုထွက်မပြေးရဘူး မ..မေမေ သမီးတို့ကိုမေးခွန်းလေးတွေမေးချင်ရုံပါ"
---
Update မစောင့်နိုင်ရင် paidလာ၀င်လို့ရပြီနော် အစအဆုံးကို 500ks (ငါးရာကျပ်) ထဲပါဗျ paidမှာအဆုံးထိပြီးပါပြီ
Tg acc - @Ike4e စိတ်ဝိဉာဉ်လိပ်ပြာကျွန်းဆိုတဲ့နာမည်နဲ့အကောင့်မှာလာ၀ယ်လို့ရပါတယ်ဗျ
တစ်ခုပြောချင်တာကလေ ကိုယ်ကgg tranလုံး၀မသုံးတာမို့
အဲ့တစ်ခုကိုတော့စိတ်ချထားပြီး လာ၀င်လို့ရတယ်နော်