Unicode
လင်းကွေ့ကျီး သူ့သားကို ပုတ်၍
"ကြည့်စမ်း၊ ကြယ်ပွင့်ကြီးက သဘောတူလိုက်ပြီ၊ ဆိုတော့ သားရဲ့သဘောထားကို ဖော်ပြသင့်ပြီနော်"
"ဘာကိုဖော်ပြစေချင်နေတာလဲဗျာ?"
စုချီယွဲ့ အမှန်ပင် ခေါင်းကိုက်နေချေပြီ။
"ကျွန်တော် မားနဲ့မပြောတော့ဘူး၊ ဘတ်စ်ကားမှီဖို့သွားရတော့မယ်ဗျာ၊ နောက်ကျတော့မယ်"
ခရီးဆောင်အိတ်ယူကာ ထွက်သွားတော့မည်ဖြစ်ကြောင်း စုချီယွဲ့ပြောလိုက်၏။
ထန်ယဲ့သည် အနှီသားအမိနှစ်ယောက်၏ ဆက်ဆံရေးဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်း တွေ့ရှိခဲ့ရသည်။ သူက စုချီယွဲ့နောက်လိုက်ကာ ပြောလိုက်၏။
"ကိုယ် မင်းကိုခေါ်သွားပေးမယ်"
ထို့နောက် သူလည်း လင်းကွေ့ကျီးကို နှုတ်ဆက်လိုက်ပြီး နှစ်ယောက်သား မိုးရေထဲမှာ ပျောက်သွားကြသည်။
"ကျွန်တော့်မားပြောတာကို ခင်ဗျားဂရုစိုက်နေစရာမလိုဘူးနော်"
လင်းကွေ့ကျီးဟာ မဖြစ်ဖြစ်အောင် တိုက်တွန်းတတ်သူမှန်း စုချီယွဲ့ ခံစားမိသည်။ သူများကို ဇာတ်ကောင်တစ်နေရာ မိတ်ဆက်ခိုင်းတာထားလိုက်ဦး၊ ဒုတိယဇာတ်လိုက်နေရာကို တောင်းလိုက်သေးတာ။ သူမက တော်တော်လေးကို ချေးမများရှာဘူးပဲနော်...
"အန်တီက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်"
"ပြီးတော့ မင်းလည်း အရမ်းပျော်နေတယ်လေ"
ထန်ယဲ့ပြောလိုက်သည်။
မှာ စုချီယွဲ့၏ နားထဲတိုးဝင်လာသော 'ပျော်ရွှင်မှု'ဆိုသည့် စကားလုံးနှစ်လုံးကြောင့် သူ ရုတ်ချည်း ကြောင်အသွားရသည်။
သူပျော်နေခဲ့တာလား?
ဖြစ်သင့်ပါတယ်လေ၊ အမေရှိတဲ့ကလေးတွေက ပျော်ရွှင်ကြတာပဲလေနော်၊ မဟုတ်မှလွဲရော ထန်ယဲ့မှာ အမေမရှိတော့ဘူးလား?
စုချီယွဲ့က ထန်ယဲ့အား စာနာသောအကြည့်တို့ဖြင့် ကြည့်ကာ သူ့နှလုံးသားလေး အနည်းငယ် မွန်းကြပ်သွားရသော်လည်း သူ ဘာပြန်ပြောရမှန်းမသိချေ။
သူက အပြင်ဘက်ရှုခင်းများကို ကြည့်ကာ
"ဒါ ဘူတာရုံကို သွားတဲ့လမ်း မဟုတ်ဘူးလားလို့?"
ထန်ယဲ့ : "ကိုယ်လည်း ရိုက်ကူးရေးအဖွဲ့ဆီ သွားမလို့လေ၊ အတူတူသွားကြတာပေါ့"
စုချီယွဲ့ သူ့လက်ချောင်းတို့ဖြင့် ရေတွက်နေလျက်။ ထန်ယဲ့ သူ့ကို လှမ်းကြည့်လိုက်ပြီး
"မင်း ဘာတွေရေတွက်နေတာလဲ?"
"ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက်အကြွေးတင်နေပြီလဲ တွက်ကြည့်နေတာလေ၊ ကျွန်တော်တို့စတွေ့ကတည်းက ကားခတွေရော၊ အခန်းခတွေရောပဲ"
ထန်ယဲ့ ခေတ္တနှုတ်ဆိတ်သွားပြီးမှ
"ပိုက်ဆံအကြွေးကိုဆပ်ဖို့ လွယ်တယ်ဆိုပေမယ့် ချစ်ခြင်းမေတ္တာအကြွေးကိုတော့ ပြန်ဆပ်ရခက်တယ်ဆိုတာ မင်းသိထားရမယ်နော်။ ဥပမာပြောရရင် တခြားသူကို မင်းနဲ့အတူ အိပ်ရာတစ်ခုတည်းမှာ အတင်းအိပ်ခိုင်းတာမျိုးပေါ့။ နောက်ဥပမာပြောရရင် ကိုယ့်ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဆိုင်းထိုးထားတဲ့ဓာတ်ပုံတွေကို ကံစမ်းမဲဖောက်ပစ်တာမျိုးလေ"
စုချီယွဲ့ သူ့ဆံပင်သူ ဆွဲနေမိသည်။ သူနှင့် ထန်ယဲ့က အမှန်ပင် အတူတူရှိနေကြတာမဟုတ်ပေမယ့်လည်း အကြွေးကိုတော့ ပြန်ဆပ်ရမည်ပင်။ အားလုံးက ထန်ယဲ့လက်ထဲမှာပဲ။
ထန်ယဲ့က စုချီယွဲ့ စိတ်ရှုပ်နေပုံလေးကိုကြည့်ကာ မသိလိုက်မသိဘာသာဖြင့် သူ့နှုတ်ခမ်းထောင့်စွန်းမှာ ကွေးသွားခဲ့၏။ သူလည်း အခုပျော်သွားပြီ...
ဤတစ်ခေါက် ရုပ်ရှင်ရိုက်ကူးရေးနေရာမှာ ကျန်းချန်နှင့် သိပ်မဝေးလှသဖြင့် သူတို့နှစ်ယောက် ရိုက်ကူးရေးအဖွဲ့ဆီရောက်ရန် ခြောက်နာရီကျော်ကြာ ကားမောင်းခဲ့ရသည်။
"မြင်မြင်ချင်းချစ်မိသွားတယ်"ပရိုဂရမ်၏ ပထမပိုင်းကို နာနတ်သီးချန်နယ်၌ မနေ့က ထုတ်လွှင့်ပြသခဲ့ပြီးနောက် တုံ့ပြန်မှုမှာ အထူးကောင်းမွန်ခဲ့သည်။
အကြောင်းကား အားလုံးဟာ ထိပ်တန်းအနုပညာရှင်များဖြစ်ကြသည့်အပြင် ထန်ယဲ့ပါ ပါ၀င်ခဲ့သောကြောင့်ပင်။ ရှိုးကို ပရိုမိုးရှင်းလုပ်စရာပင်မလိုဘဲ hot serachအများအပြားဝင်နေပြီး ကျော်ကြားနေခဲ့သည်။
စုချီယွဲ့ ရိုက်ကူးရေးအဖွဲ့သားများထံ ရောက်လာသောအခါ လူအများက သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကြပြီး သူတို့၏ အတင်းအဖျင်းပြည့်နှက်နေသော အကြည့်တို့က သူနှင့် ထန်ယဲ့တို့ဆီ ကျရောက်နေလေသည်။
စုချီယွဲ့က ထန်ယဲ့၏ RVထဲကို တိုက်ရိုက်ဝင်သွားလျှင်ပင် တစ်ခုခုမှားနေပြီဟု မည်သူမှမတွေးတောကြ။
ထန်ယဲ့က သူ့၏ စိုးရိမ်ပူပန်နေမှုများကို မြင်ပုံရကာ
"အနည်းဆုံးတော့ ရသစုံရှိုးရိုက်ကူးလို့မပြီးခင်အထိ မင်းနဲ့ ကိုယ်က စုံတွဲတွေပဲလေ မဟုတ်ဘူးလား?"
စုချီယွဲ့ ဤအကြောင်းကို တွေးကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိမှန်း သဘောပေါက်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ရိုက်ကူးရေးတွေရှိဦးမှာပဲလေ၊ ရှောင်လို့မှမရတာနော်။
"မင်း ခဏအနားယူလိုက်ဦး၊ ကိုယ် အရင်သွားလိုက်ဦးမယ်"
ထန်ယဲ့ ပြောပြီးနောက် မိတ်ကပ်လိမ်းရန် သွားလိုက်သည်။
ဤရုပ်ရှင်ကား ပြီးခါနီးပြီဖြစ်သော်ငြား သူ့၏ ဇာတ်ကောင်ဟာ လေးလံသည့်ဇာတ်ကောင်ဖြစ်သည့်အလျောက် သူ့အတွက် နားချိန်သိပ်မရှိပေ။
စုချီယွဲ့က အရံဇာတ်ကောင်သေးသေးလေးသာဖြစ်၍ သူ့ဇာတ်ဝင်ခန်းရောက်ရန် အချိန်အနည်းငယ်စောင့်ရဦးမည်ဖြစ်သည်။
အခြားသောအရံဇာတ်ကောင်သရုပ်ဆောင်များတွင် RVမရှိ၍ အပြင်မှာသာ စောင့်နေနိုင်ကြသည်။ စုချီယွဲ့က ထန်ယဲ့၏အလင်းရောင်ကြောင့် အခွင့်အရေးရပြီး သက်တောင့်သက်သာ တစ်ရေးတစ်မောအိပ်နိုင်လေသည်။
သူအိပ်ပျော်နေစဉ်တွင် သူ့ဖုန်းမှ WeChatကြောင့် နိုးသွားရ၏။ သူဖွင့်ကြည့်လိုက်သောအခါ သူတို့အဆောင်ဂရု "အတုမရှိတဲ့စကြဝဠာ ၄၀၃"မှ သူ့ကို အရူးအမူး @ခေါ်နေပြန်သည်ကို တွေ့လိုက်ရသည်။
[ချင်ဟောက်ချူး : @စုချီယွဲ့၊ မင်း ထပ်ပြီး hot searchရောက်နေပြန်ပြီကွ၊ ကြည့်ကြည့်ဦး!]
[စွင်းဇီ : ချီးပဲ ဘယ်ကောင်က မင်းနဲ့ ကျိုးရှင်းယဲ့ရဲ့ ဓါတ်ပုံတွေအားလုံးကို ဖွလိုက်တာလဲကွာ]
[ကျန်းခိုင် : @စုချီယွဲ့ မင်း ဘာလုပ်နေတာလဲ? မြန်မြန်စာပြန်ဦးဟ]
စုချီယွဲ့ ရုတ်တရက် သတိအနေအထားဖြစ်သွားကာ Weiboကို အမြန်ဖွင့်ကြည့်လိုက်သည်။ #အမှိုက်ကောင်စုချီယွဲ့# ဆိုသော ခေါင်းစဉ်မှာ ရှာဖွေမှုစာရင်းတွင် အဆင့် ၂၁ ချိတ်နေပြီးဆွေးနွေးနေကြသည်မှာလည်း အလွန်တရာမြင့်မားနေဆဲ။
ကလစ်နှိပ်ကာ သူ တစ်ချက်ဝင်ကြည့်လိုက်၏။
@စုချီယွဲ့ကအမှိုက်ကောင်ပဲ: "မြင်မြင်ချင်းချစ်မိသွားတယ်"ဆိုတဲ့ ဒိတ်တင်းရသစုံရှိုးမှာ ပါဝင်ပြီး မင်းသားထန်ယဲ့နဲ့ CPစန်းတင်ခဲ့တဲ့ စုချီယွဲ့ဟာ စင်စစ်အမှိုက်ကောင်ပါပဲ။ သူ အရင်က တခါမှ မချစ်ဖူးသလိုလိုနဲ့ ရှိုးမှာ ဖြူစင်သယောင်ဟန်ဆောင်နေခဲ့တာ။ အမှန်တကယ်တော့ သူက သူ့ရဲ့ ဒီမျက်နှာကို တစ်ချိန်လုံးမှီခိုခဲ့ပြီး နေရာတိုင်းမှာ လူတွေနဲ့ ပရောပရည်လုပ်တတ်သူပဲ။ ကျန်းချန်တက္ကသိုလ်က ကျောင်းအိုင်ဒေါဖြစ်တဲ့ ကျိုးရှင်းယဲ့လည်း တစ်ချိန်လုံး သူ့အနားမှာရှိခဲ့တာလေ။ နောက်ပိုင်း သူ ထန်ယဲ့နဲ့တွေ့တော့ ကျိုးရှင်းယဲ့ကို တိုက်ရိုက်ကန်ထုတ်လိုက်ရော။ တကယ့်ကို ရွံရှာစရာကောင်းတယ်။
[ပုံကိုးပုံ]
အောက်ဘက်တွင် ဓာတ်ပုံ ၉ပုံပါရှိပြီး အားလုံးက သူနှင့် ကျိုးရှင်းယဲ့တို့၏ ဓာတ်ပုံများပင်။
ဓာတ်ပုံထဲက စုချီယွဲ့နှင့် ကျိုးရှင်းယဲ့တို့မှာ ဒွိဟအနေအထားရှိနေ၏။ သူတို့နှစ်ဦး အတူတူစားသောက်နေပုံ၊ ရုပ်ရှင်ကြည့်နေပုံ၊ ရှော့ပင်းထွက်နေပုံ၊ ကျောင်းဝင်းမှာလမ်းလျှောက်နေပုံ၊ ခရီးထွက်နေပုံ၊ ရှိုးပွဲကြည့်နေပုံ... စသဖြင့် ရှုထောင့်ပေါင်းစုံကဓာတ်ပုံများဖြစ်နေသည်။
သူ ပြောချင်တာကတော့ ဒီဓာတ်ပုံတွေက အရမ်းကို ကောင်းကောင်းရိုက်ထားတာပဲနော်။ စုချီယွဲ့နှင့် ကျိုးရှင်းယဲ့တို့ တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေသည့်အခါ သူတို့မျက်လုံးတွေက တောက်ပနေလိုက်တာများ...
စုချီယွဲ့ ရှာဖွေကြည့်လိုက်ရာ ၎င်းမှာ အသစ်စက်စက်မှတ်ပုံတင်ထားသော Weiboအကောင့်မှ ပထမဆုံးတင်ထားသောပို့စ်ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ယင်းပို့စ်အား hot topicအဖြစ် လော့ခ်ခတ်ထားသည်မှာ hot serachတစ်ခုဝယ်ထားမှန်း သိသာထင်ရှားနေလျက်။
အောက်ကမှတ်ချက်များမှာ အမြင်မတင့်တယ်လှ။ *စုချီယွဲ့၏ စတုရန်းတောင် ပြိုလဲသွားခဲ့ရပြီ။
(နာမည်ပျက်သွားရတယ်လို့ဆိုလိုတာပါ)
[ချီးပဲ၊ သူဒိတ်လုပ်ဖို့အတွက် ဘာလုပ်ရမလဲလို့ ပိုင်တုကိုမေးနေတော့ သူ့ကို အရမ်းဖြူစင်လွန်းတယ်လို့ ငါထင်မိခဲ့တာလေ၊ သူက အရမ်းဟန်ဆောင်ကောင်းတာပဲ]
[လူတိုင်းက ထန်ယဲ့ သရုပ်ဆောင်တာ အရမ်းကောင်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စုချီယွဲ့က ပိုကောင်းတယ်လို့ ငါထင်မိနေပြီဟ]
[@မြင်မြင်ချင်းချစ်မိသွားတယ် ကျေးဇူးပြုပြီးတော့ စုချီယွဲ့ကို အစီအစဥ်ကနေ နှုတ်ထွက်ခိုင်းလိုက်ပါနော်၊ @ဟိုင်နမီဒီယာ ထန်ယဲ့ကိုကာကွယ်ပေးကြပါဦး၊ ထန်ယဲ့ရဲ့ နာမည်ကို ခုတုံးပေးမလုပ်နဲ့နော်]
[ဒါဆို စုချီယွဲ့က ကျန်းချန်တက္ကသိုလ်ရဲ့ ကျောင်းသားပေါ့? ပညာရပ်ဆိုင်ရာ အရည်အချင်းတွေက စရိုက်လက္ခဏာနဲ့ ဘာမှမဆိုင်ဘူးပဲဟယ်၊ တော်တော်ရွံစရာကောင်းတယ်]
[Weiboမှာ ပို့စ်တောင်မတင်ရဲတဲ့သူက ဘယ်လိုလူကောင်းဖြစ်နိုင်မှာလဲ၊ @ထန်ယဲ့ရေ နင့်ရဲ့ဂုဏ်သတင်းကို သေချာဂရုစိုက်သင့်တယ်နော်၊ အမှိုက်ကောင်ကို အခွင့်အရေးယူခွင့်မပြုနဲ့]
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုချီယွဲ့ : ငါ့မှာ antifanတွေရှိတာလား? ဘယ်လိုတောင်အံ့သြစရာကောင်းလိုက်သလဲလို့ ~
xxx