Ch-28
Viewers 3k

Unicode


စုချီယွဲ့ မျက်နှာနီမြန်းသွားရပြီး သူ့ပါးသူပုတ်ရင်း အနည်းငယ်ရှက်ရွံ့စွာဖြင့် 


"ထန်လောင်ရှီးက ဟာသတွေပြောတတ်လာတာပဲ" 


ထန်ယဲ့ မတ်တပ်ထရပ်ကာ စုချီယွဲ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ စုချီယွဲ့ နောက်ပြန်ဆုတ်ရန် နေရာမရှိတော့သဖြင့် ကုတင်ပေါ် တိုက်ရိုက်လှဲချလိုက်ရ၏။ ထန်ယဲ့က သူ့တံတောင်ဆစ်နှင့် သူ့ကိုယ်သူထောက်ကန်ထားပြီး စုချီယွဲ့ကို အုပ်မိုးကြည့်နေခဲ့သည်။ 


"ကိုယ် ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ ဟာသမပြောဖူးဘူး" 


စုချီယွဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ဒီအနေအထားက သိပ်မဟုတ်သလိုပဲနော်.... 


"ထန်လောင်ရှီး စကားကောင်းကောင်းပြောကြမယ်လေနော်၊ ကျွန်တော်... ကျွန်တော် အသက်ရှုကြပ်လို့" 


ထန်ယဲ့ မျက်ခုံးကို အနည်းငယ်ပင့်ကာ 


"ဒီလိုမျိုးက အသက်ရှူရခက်တယ်ပေါ့?" 


သူပြောလိုက်ရင်း ခေါင်းကိုအနည်းငယ်ငုံ့လာကာပြစ်မျိုးမှဲ့မထင်မျက်နှာလေးက စုချီယွဲ့နှင့် နီးသထက်နီးလာခဲ့ပြီး သူတို့နှုတ်ခမ်းတွေ သာသာလေးထိတွေ့သွားလေသည်။ 


(အာာားးးးး First kissလေး 👨‍❤️‍💋‍👨)


စုချီယွဲ့ မျက်လုံးများ ပြူးကျယ်သွားရလျက်။ သူ နှုတ်ခမ်းပေါ်က နူးညံ့မှုတစ်ခုကို ခံစားလိုက်ရသလိုပင်။ ထန်ယဲ့၏ ထူးခြားပြီး နှစ်လိုဖွယ်ကောင်းသော အနံ့လေးမှာ အချိန်ကြာသည်အထိ မပျောက်ကွယ်သွားဘဲ သူ့နှုတ်ခမ်းပေါ်မှာ ရှိနေဆဲ။ 


သူ တစ်ကိုယ်လုံးတောင့်တင်းသွားရပြီး အသက်ရှုရန်ပင် မေ့သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ထန်ယဲ့က သူ့ကို ထိရုံထိပြီးသည်နှင့် အမြန်ပြန်ဆုတ်သွားကာ သူ့ဘေးမှာ လှဲလျောင်းလိုက်သည်။ 


စုချီယွဲ့သည် ထန်ယဲ့ ယခုလေးတင် နမ်းလိုက်သောနေရာကို ထိကိုင်ကြည့်နေမိပြီး တစ်ခုခု ကွာခြားသွားပုံရသည်ဟု ခံစားလိုက်ရ၏။ ဘာကကွာခြားသွားသလဲဆိုတော့ သူ့နှလုံးက လည်ချောင်းထဲကနေထွက်လာတော့သလိုမျိုး ခုန်ပေါက်နေတာပဲ။ 


ပိုဆိုးတာက သူ့ဝမ်းဗိုက်အောက်နားမှာ ပူပူနွေးနွေးလျှပ်စီးကြောင်းတစ်ခုစီးဆင်းသွားသလိုပင်။ 


အား... အရမ်းရှက်ဖို့ကောင်းတာပဲလို့! 


စုချီယွဲ့ စောင်ကို သူ့ခေါင်းပေါ်ဆွဲတင်လိုက်၏။ သူ လူကိုမြင်နေရရင် ရှက်ရွံနေရမှာလေ။ 


လူတစ်ယောက်၏ နှုတ်ခမ်းတွေက အလွန်နူးညံ့ပြီး စွဲမက်ဖွယ်ကောင်း​လိမ့်မည်ဟု ထန်ယဲ့ လုံးဝမသိခဲ့ချေ။ သူ့ကိုယ်သူ ချုပ်တည်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ့ဘေးက လူဟာ သူ့ကိုယ်သူ ဖုံးကာလိုက်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့။ 


ထန်ယဲ့ စောင်ထဲကလူကို ကြည့်ကာ ရယ်မောလိုက်ပြီး 


"ထွက်လာခဲ့ပါကွာ" 


ထန်ယဲ့၏ ရယ်မောသံမှာ တကယ့်ကို နားထောင်ကောင်းပြီး စွဲမက်ဖွယ်ကောင်းမှန်း စုချီယွဲ့ သိပေမယ့်လည်း "ဟင့်အင်း" လို့ ပြောလိုက်၏။ 


ထန်ယဲ့ လက်ကိုဆန့်ပြီး စောင်ကိုဆွဲလိုက်သော်လည်း စုချီယွဲ့ ဆက်လက်တိုက်ခိုက်နေဆဲ။ 


ထန်ယဲ့ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"မင်းထွက်မလာရင် ကိုယ်ဆက်လုပ်တော့မှာနော်" 


စုချီယွဲ့ ကြောက်လန့်သွားပြီး စောင်ကိုလွှင့်ပစ်ကာ နီဆွေးနေသောပါးပြင်နှင့် ထွက်လာခဲ့သည်။ 


"ထန်လောင်ရှီး ခင်ဗျား..." 


ထန်ယဲ့ သူ့လက်ချောင်းကို စုချီယွဲ့၏ နှုတ်ခမ်းပေါ် ညင်ညင်သာသာလေးတင်လိုက်ပြီး 


"မင်း ကိုယ့်ကို ထန်လောင်ရှီးလို့ ခေါ်တာကို မကြိုက်ဘူးကွာ" 


"ဒါပေမယ့် ထန်လောင်ရှီး ကျွန်တော်တို့ သရုပ်ဆောင်စရာမလိုတော့ဘူးလေ။ အခုရှိုးရိုက်နေတာမှမဟုတ်တာ" 


စုချီယွဲ့ သူ့နှလုံးသားထဲက ထူးဆန်းနေမှုကြီးကို ဖိနှိပ်နေရသည်။ 


"ကိုယ်သိတယ်လေ" 


စုချီယွဲ့ ဘာပြောရမှန်းပင်မသိတော့။ ထိုအချိန်တွင် သူ့ဖုန်းမြည်လာခဲ့သည်။ 


"ဟယ်လို မစ္စတာစု၊ ကျွန်တော်က ဟိုင်နမီဒီယာရဲ့ အထွေထွေမန်နေဂျာ ကျန်းဟုန်ဟွေးပါ။ ကျွန်တော်တို့ဘက်က မင်းနဲ့ စာချုပ်လက်မှတ်ထိုးဖို့ စိတ်ဝင်စားလို့ မင်းအချိန်ရရင် ကျွန်တော်တို့ စကားပြောလို့ရမလား" 


စုချီယွဲ့သည် ဟိုင်နမီဒီယာ၏ အထွေထွေမန်နေဂျာကိုယ်တိုင် ဖုန်းဆက်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့။ 


သူ ဘယ်တုန်းက ဒီလောက်အဖိုးတန်သွားရတာလဲနော်? သူ့ကို စာချုပ်လက်မှတ်ရေးထိုးဖို့ အထွေထွေမန်နေဂျာ လိုအပ်လို့လားလို့? 


စုချီယွဲ့ သူ့ဘေးက ထန်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး 


"တောင်းပန်ပါတယ်ဗျ၊ အခုလောလောဆယ်တော့ ကျွန်တော့်မှာ အစီအစဉ်မရှိသေးလို့ပါ၊ ကျေးဇူးတင်ပါတယ်နော်" 


သူပြောပြီးသည်နှင့် ဖုန်းချလိုက်လေ၏။ 


ထန်ယဲ့က ကျန်းဟုန်ဟွေး၏အသံကို မှတ်မိသဖြင့် အလွန်အံ့အားသင့်သွားရသည်။ သူက စုချီယွဲ့ကို ဟိုင်နမီဒီယာနှင့် လက်မှတ်ရေးထိုးချင်သလားဟုမေးရန် ရည်ရွယ်ထားသော်လည်း သူမေးရန်အချိန်ပင်မရသေး၊ ကျန်းဟုန်ဟွေးက သူ့ကို ဖြတ်ကာ စုချီယွဲ့ကို တိုက်ရိုက်ဆက်သွယ်ခဲ့သည်ပဲ။ 


ဟိုင်နမီဒီယာသည် ထန်ဂရု၏ လုပ်ငန်းခွဲများထဲမှ တစ်ခုဖြစ်ပြီး ယခုလက်ရှိတာဝန်ယူထားသူမှာ ထန်ယဲ့ပင်။ သူက ရုပ်ရှင်ရိုက်ရတာကို နှစ်သက်ရုံသာဖြစ်၍ ကျန်းဟုန်ဟွေးက ကုမ္ပဏီကိစ္စရပ်များကို ဂရုစိုက်ရန် တာဝန်ရှိလေသည်။ 


အနုပညာရှင်တစ်ဦးကို စာချုပ်လက်မှတ်ရေးထိုးခြင်းကဲ့သို့သော အသေးအဖွဲကိစ္စများကို သူကိုင်တွယ်ရန် မလိုအပ်ပေ။ 


ထန်ယဲ့ : "ဘာလို့သဘောမတူလိုက်တာလဲ?" 


စုချီယွဲ့က သူ့ထံသို့ ထန်ကျုံ့ဟိုင် ရောက်လာကြောင်း သေချာပေါက်ပြော၍မရနိုင်သည်ဖြစ်ရာ 


"ကျွန်တော့်ရဲ့ ဒီဇိုင်းနဲ့ သင့်လျော်နေသေးတယ်လို့ ထင်လို့ပါ။ နောက်ပြီးတော့ အရင်ကတည်းက အနုပညာအသိုင်းအဝိုင်းထဲဝင်ဖို့ မတွေးဖူးပါဘူး" 


ထန်ယဲ့ စုချီယွဲ့နှင့်အတူ သရုပ်ဆောင်စဥ်က အလွန်အံ့အားသင့်သွားခဲ့ရသည်။ စုချီယွဲ့ကဲ့သို့သော အရည်အချင်းရှိသည့်သရုပ်ဆောင်များမှာ အလွန်နည်းပါးလှ၏။ သူသာ ရုပ်ရှင်မရိုက်ဘူးဆိုရင် တကယ့်ကိုနှ​မြောစရာကောင်းပေမယ့် စုချီယွဲ့၏ ရွေးချယ်မှုကို သူလေးစားပေသည်။ 


သူလည်း မူလက စုချီယွဲ့နှင့် စာချုပ်ချုပ်ရန်အတွက် ကျန်းဟုန်ဟွေးကို ဆက်သွယ်ခိုင်းရန် စီစဉ်ထားခဲ့သည်။ ယခု စုချီယွဲ့ ငြင်းလိုက်သည့်အတွက် သူ ကျန်းဟုန်ဟွေးကို ထပ်ရှာရန် မလိုအပ်တော့။ 


"ထွက်လာပြီး အသီးတွေလာစားကြနော်" 


လင်းကွေ့ကျီး အပြင်ကနေ လှမ်းအော်လိုက်သည်။ 


"သွားမယ်၊ အသီးသွားစားရအောင်" 


စုချီယွဲ့ ခုနကခေါင်းစဥ်ကို ရှောင်ရန် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားချေပြီ။ 


ထန်ယဲ့ မတ်တပ်ထရပ်ကာ သူ့အဝတ်အစားကို သေသေသပ်သပ်ပြင်ဆင်လိုက်ပြီး လျှောက်ထွက်လာသည့်အခါ တံခါးနားမှာ ရှိနေသော စုချီယွဲ့၏ ခရီးဆောင်အိတ်ကို တွေ့လိုက်ရသည်။ 


"မင်း သွားဖို့အဆင်သင့်ပဲပေါ့?" 


စုချီယွဲ့က ထန်ယဲ့ကို ဖရဲသီးတစ်စိတ်ပေးလိုက်ပြီး 


"ဟုတ်တယ် မနက်ဖြန် နောက်ဆုံးအခန်းရှိလို့" 


လင်းကွေ့ကျီး ကြားသည့်အခါ အလွန်စိတ်လှုပ်ရှားသွားပြီး 


"သား ရုပ်ရှင်သွားရိုက်မလို့လား?" 


စုချီယွဲ့ ပထမတော့ လင်းကွေ့ကျီးကို မပြောပြချင်ခဲ့။ သူမက နေ့တိုင်း အရှုပ်တွေလုပ်နေတတ်သည်ကြောင့်ပင်။ အကယ်၍ သူက အရံဇာတ်ကောင်ဖြစ်နေရင်တောင် သူက ခေါင်းဆောင်မင်းသားဖြစ်နေသည်ဟု သူမလိုက်ကြွားပေလိမ့်မည်။ 


"မဟုတ်ဘူး၊ ကျောင်းမှာ activityတစ်ခုရှိလို့" 


စုချီယွဲ့ ပြောလိုက်၏။ 


လင်းကွေ့ကျီး အနည်းငယ် စိတ်ပျက်သွားရကာ 


"အိုင်း မား စိတ်လှုပ်ရှားနေပြီကွယ်၊ ​​သား ဘယ်အချိန် ရုပ်ရှင်သွားရိုက်မှာလဲ?" 


လင်းကွေ့ကျီး ပြောလိုက်ပြီးနောက် ထန်ယဲ့ကိုကြည့်၍ 


"ကြယ်ပွင့်ကြီးရေ မင်းနဲ့ ရှောင်ယွဲ့က သူငယ်ချင်းတွေလား?" 


ထန်ယဲ့ ခေါင်းညိတ်ပြလိုက်၏။  


"ဟုတ်ပါတယ်" 


"ဒါဆို မင်း ငါတို့ရှောင်ယွဲ့ကို ရုပ်ရှင်တစ်ကားလောက် မိတ်ဆက်ပေးလို့ရမလား? ငါတို့ချေးမများပါဘူးနော်။ ဘယ်အခန်းကဏ္ဍမဆိုအဆင်ပြေတယ်" 


စုချီယွဲ့ ကြယ်ပွင့်ကြီးဖြစ်လာမည့်အကြောင်း လင်းကွေ့ကျီး စိတ်ကူးယဥ်ကာ ဝမ်းသာအားရပြောနေခြင်းပင်။ 


စုချီယွဲ့ သူ့နဖူးသူ ဖိထားရပြီး လင်းကွေ့ကျီးကို ဆွဲခေါ်လိုက်၏။ 


"မား လျှောက်ပြောမနေနဲ့ဗျာ" 


လင်းကွေ့ကျီးက ဂရုပင်မစိုက်ဘဲ ဆက်ပြောနေလေ၏။ 


"ကြည့်ပါဦး၊ ငါ့ရဲ့ ရှောင်ယွဲ့က အရမ်းကြည့်ကောင်းတယ်လေနော်။ အဲဒီနာမည်ကြီးတွေထက် မဆိုးပါဘူး ဟုတ်တယ်မဟုတ်လား?" 


ထန်ယဲ့က စုချီယွဲ့ကို ပြုံးကြည့်ကာ ခေါင်းညိတ်ပြခဲ့သည်။ 


"ဟုတ်တာပေါ့" 


လင်းကွေ့ကျီး လွန်စွာဂုဏ်ယူမိပါသည်။ သူမရဲ့ သားက သူမနဲ့တူလို့ ရုပ်ချောတာပဲ... 


"ကြည့်ပါဦး၊ မင်းလည်းပဲ အဲ့လိုထင်တာကိုး။ ငါ့ရဲ့ရှောင်ယွဲ့ကိုကြည့်လိုက်၊ ဘက်စုံတော်တာမို့ လူဆိုး၊ လူကောင်း၊ အိုင်ဒေါ၊ ရဲ၊ ဂန်းစတား ဘယ်ဇာတ်ရုပ်ပဲဖြစ်ဖြစ် သင့်လျော်တယ်လေ။ ဒါ့ကြောင့် အဆင်ပြေရင် ငါ့ရဲ့ရှောင်ယွဲ့ကို ဒုတိယအမျိုးသားဇာတ်လိုက်နေရာလောက် မိတ်ဆက်ပေးလေနော်" 


လင်းကွေ့ကျီး၏ ကိုယ့်ဘက်ကိုယ်ယက်တတ်မှုကြီးကြောင့် စုချီယွဲ့ပင် ဆွံ့အသွားရလျက်။ 


"ကောင်းကင်ပေါ်က ပိုင်မုန့်လို ဒုတိယအမျိုးသားဇာတ်လိုက်နေရာကို မားလိုချင်တာနဲ့ ရနိုင်တယ်လို့ မားကထင်နေတာပဲ" 


လင်းကွေ့ကျီး သူ့သားကို လျစ်လျူရှုထားကာ ထန်ယဲ့ကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေလိုက်သည်။ 


ထန်ယဲ့ သူ့နှာခေါင်းကို ထိလိုက်ရင်း 


"စုချီယွဲ့လိုချင်ရင် အဆင်ပြေပါတယ်" 


လင်းကွေ့ကျီး သူ့သားကို ပုတ်၍ 


"ကြည့်စမ်း၊ ကြယ်ပွင့်ကြီးက သဘောတူလိုက်ပြီ၊ ဆိုတော့ သားရဲ့သဘောထားကို ဖော်ပြသင့်ပြီနော်"  


xxx