(1.1)
ကျိုးယွီက တန်လို့လား
နွေရာသီဖြစ်ပြီး နေရောင်ခြည်က အလွန်အမင်း ပူပြင်းနေခဲ့တယ်။
“မြောင်~”
သေးငယ်ပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော အခန်းကျဥ်းလေးထဲမှာ
အိုဟောင်းနေတဲ့ လေအေးပေးစက်ကအလုပ်လုပ်နေပြီး အဟောင်းတန်းမှ လျှပ်စစ်ပန်ကာလေးကလည်း
အိပ်ယာဘက်ကို လေတွေ မှုတ်ထုတ်နေခဲ့တယ်။
မီးခိုးပြာရောင်ကြောင်ဝတုတ်တစ်ကောင်က မျက်လုံးတွေကို
မှေးစက်ထားပြီး အိပ်ယာပေါ်မှာ အသံထွက်အောင်အိပ်စက်နေခဲ့တယ်။
ခြေသံတွေကိုကြားတော့ ထိုမီးခိုးပြာရောင်ကြောင်က
မျက်လုံးကိုဖွင့်ဟလာကာ အိပ်ယာပေါ်မှ ခုန်ဆင်းလာပြီး ခြေကျင်းဝတ်တစ်စုံဆီကို
အလျှင်အမြန်ပြေးလာခဲ့တယ်။
ရုန်ရုန် ရေနွေးဓာတ်ဘူးကို လှန်းယူလိုက်ချိန်မှာ
သူ့ရဲ့ခြေကျင်းဝတ်ဆီမှ နူးညံ့တဲ့အထိအတွေ့လေးကို ခံစားရတာကြောင့်
ခေါင့်ငုံ့ကြည့်လိုက်ပြီး ကြောင်ဝတုတ်လေးကိုပြောလိုက်တယ်။
“ငါ မင်းကိုခေါ်သွားလို့မရဘူး”
“မြောင် မြောင်~”
ကြောင်ပြာလေးက သေးငယ်တဲ့မြောင်သံပေးလာပြီး သူ့ရဲ့အသံက
နူးညံ့နေခဲ့တယ်။
ဒီကြောင်ပြာလေးက ရုန်ရုန်ရဲ့နောက်ဆုံးတစ်ခေါက်တုန်းက
အလုပ်ဖြစ်တဲ့ လေအေးပေးစက်တပ်ဆင်တဲ့အလုပ်တုန်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်မှ
မွေးစားချင်လားဆိုပြီးမေးခဲ့တဲ့ အကောင်လေးပဲ။
ရုန်ရုန် စဥ်းတောင်မစဥ်းစားပဲ ငြင်းဆန်ခဲ့တယ်။
သူ့ရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့
စီးပွားရေးအခြေအနေတို့က သူ့ကိုယ်သူတောင် အသက်ရှင်ရပ်တည်နိုင်ဖို့ ခက်ခဲနေတာလေ။
အိမ်မွေးတိရိစ္ဆာတစ်ကောင်ကို ဘယ်လိုများမွေးနိုင်မှာတဲ့လဲ။
ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်က သူငှားတဲ့တဲ့အိမ်က
အချိန်ပြည့်နေပြီဖြစ်ကြောင်းပြောလာတယ်။ သူက သူ့အစ်မနဲ့ ယောက်ဖတို့ရဲ့ မိသားစုဆီ
ပြောင်းရွှေ့တော့မှာ။ သူ့အစ်မနဲ့ ယောက်ဖရဲ့မိသားစုက ကြောင်မွေးတာကိုခွင့်မပြုဘူး။
ဒါဆို ဒီကြောင်လေးက လေလွင့်ကြောင်တစ်ကောင်ဖြစ်လာတော့မယ်။
အိမ်မွေးကြောင်လေးတစ်ကောင်အတွက်
အိမ်ခြေရာမဲ့ကြောင်တစ်ကောင်ဖြစ်လာရမှာက ကြောက်မက်ဖွယ်အခြေအနေဖြစ်ကြောင်း
တွေးကြည့်နိုင်တယ်။
ရုန်ရုန် နောက်ဆုံးတော့ ကြောင်လေးကို မွေးစားခဲ့တယ်။
လုပ်ဖော်ကိုင်ဖက်မှ သူ့ကိုကြောင်လေးပေးလာချိန်မှာ ရုန်ရုန်
ကြောင်ရဲ့နာမည်ကို မမေးမိခဲ့ဘူး။
ဒါကြောင့် ညဘက်ကိုရောက်တော့ အွန်လိုင်းပေါ်မှ
ထိုကြောင်လေးရဲ့နာမည်ကိုမေးချင်ခဲ့တယ်။ ထို့အပြင် ကြောင်တစ်ကောင်ကိုမွေးဖို့အတွက်
ဘာတွေကိုဂရုစိုက်ရမလဲဆိုတာကိုပါမေးချင်ခဲ့တယ်။ သို့ပေမဲ့လည်း ထိုလုပ်ဖော်ကိုင်ဖက်က
သူ့ကို သူငယ်ချင်းစာရင်းထဲမှ ဖျက်သွားခဲ့ပြီ။
မကြာခင်မှာပဲ ထိုလုပ်ဖော်ကိုင်ဖက်က သူ့ကိုဘာကြောင့်
သူငယ်ချင်းအဖြစ်မှပယ်ဖျက်သွားတာလဲဆိုတာကို သိရှိခဲ့ရတယ်။
ကြောင်လေးက ကျန်းမာသန်စွမ်းမနေခဲ့ဘူး။
ကြောင်လေးရဲ့ ဘယ်ဘက်မျက်လုံးက တိမ်စွဲနေပြီး
အပျော့စားနှာချေတတ်တဲ့ရောဂါလည်းရှိတယ်။ သူက အမြဲတမ်းနှာချေနေတတ်ပြီး
နှာချေတဲ့အချိန်မှာ နှာရည်တွေကပါ ကျဆင်းလာတတ်တယ်။
ဒီတော့ သူ့ရဲ့အစ်မနဲ့ ယောက်ဖက သူ့ကို
ဒီကြောင်ကိုမမွေးခိုင်းခဲ့ကြတာပဲ။
ပြောရရင် သူတို့က ကြောင်အတွက် စျေးကြီးတဲ့ကုသစရိတ်ကို
မပေးချင်သလို ဒုက္ခတွေလည်းမခံချင်ခဲ့ကြတာပဲ။
“ဒီတော့ မင်းလည်းပဲ ငါ့လိုမျိုး
စွန့်ပစ်ခံလိုက်ရတာပဲကိုး”
ဒီအကောင်သေးသေးလေးသည်လည်း သူ့လိုမျိုး
ပြန်စရာအိမ်မရှိတော့တာကြောင့် ရုန်ရုန် သူ့ရဲ့ဘေးနားမှာပဲ ဆက်ထားခဲ့တယ်။
ဒီကြောင်လေးက နေမကောင်းတာကြောင့် သူ့ရဲ့ပိုင်ရှင်က
သေချာပေါက် ပြန်မယူတော့ဘူး။
သူ့ရဲ့ပိုင်ရှင်ဆီက စွန့်ပစ်ခံလိုက်ရတာကြောင့်ဖြစ်နိုင်တယ်။
ဒီအကောင်ငယ်လေးက တွယ်ကပ်လွန်းတယ်။
ရုန်ရုန် ထိုင်ချလိုက်ပြီး သူ့ရဲ့ မေးစေ့ကို
ကုတ်ခြစ်ပေးလိုက်တယ်။
“ငါ ဆောက်လုပ်ရေးဆိုဒ်ကိုသွားရမှာ..
မင်းကိုငါနဲ့အတူခေါ်သွားလို့မရဘူးလေ.. မင်း အလိုလိုက်ခံရတဲ့ကလေးလိုလုပ်နေရင်တောင်
မသုံးမဝင်ဘူး.. အိမ်မှာပဲနေပြီး ငါပြန်လာတာကိုစောင့်နေလိုက်နော် အမ်?”
“မြောင် မြောင်~”
ထိုအကောင်သေးလေးရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ရုန်ရုန်
သူ့ကို အိပ်ယာပေါ်ပြန်တင်ပေးလိုက်တယ်။
အိပ်ယာပေါ်မှာ ဖျာတစ်ချပ်ခင်းထားပြီး လျှပ်စစ်ပန်ကာလေးကို
အိပ်ယာဘက်သို့လှည့်ထားတာကြောင့် အခန်းထဲမှ တခြားနေရာတွေထက်တော့ ပိုပြီးအေးနေတယ်။
ရုန်ရုန် လေအေးပေးစက်ကိုပိတ်လိုက်တယ်
သူ ရေချိုးခန်းထဲကို ဝင်ကာ တံဘက်အစိုတစ်ခုနဲ့
လည်ပင်းကိုသုတ်လိုက်ပြီး လက်တစ်ဖက်က ဆောက်လုပ်ရေးဦးထုပ်ကိုကိုင်ပြီး တစ်ဖက်က
ရေနွေးဓာဆ်ဘူးကို ကိုင်ကာ အခန်းထဲမှထွက်လာခဲ့တယ်။
အခန်းထဲမှ ထွက်လာတာနဲ့ ရုန်ရုန်တစ်ယောက် အခန်းတွင်းနဲ့
ခြားနားလွန်းတဲ့အပူချိန်နဲ့ ရင်ဆိုင်လိုက်ရတယ်။
အခန်းထဲက ထွက်လာရုံသာရှိသေးပေမဲ့ အပူရှိန်က
သူ့မျက်နှာကိုလာဟတ်နေပြီ။
နေ့တစ်နေ့မှာ ညနေပိုင်း နှစ်နာရီနဲ့ သုံးနာရီကြားအချိန်က
အပူချိန်အမြင့်ဆုံးပဲ။
ဒီလိုအချိန်ကာလအတွင်း အပြင်ဘက်မှာလုပ်ရတဲ့အလုပ်တွေအတွက်
မြင့်မားလွန်းတဲ့အပူချိန်ကို ထောက်ထားမှုအားဖြင့် အပိုဆောင်းငွေအဖြစ် ယွမ်၂၀
တိုးပေးလိမ့်မယ်။
တစ်ရက်ကို ၂၀။ တစ်လကို ၆၀၀ ရမှာပဲ။
နောက်ပြီး ဆိုဒ်ထဲက ထမင်းလည်းကျွေးသေးတယ်။
ယွမ်၆၀၀။ ရေနဲ့ လျှပ်စစ်ခကို နှုတ်လိုက်မယ်ဆိုရင်
ပိုတဲ့ငွေကို “ပင်စိမ်း(ရွက်)”လေးအတွက်
အစားအစာဖိုးရရှိနိုင်တယ်။
မင်းသာ ဆင်းရဲမွေးတေနေမယ်ဆိုရင် မင်းရဲ့ကလေးလည်း
ဆင်းရဲမွဲတေမနေနိုင်ဘူးလား?
ဒီလအဆုံးမှာ လစာငွေထုတ်ပြီးရင်တော့
ပင်စိမ်းလေးရဲ့နေမကောင်းတာကို ကုသပေးနိုင်လောက်မှာပဲ။
ဆိုဒ်ထဲမှာ သစ်ပင်တွေမရှိတာကြောင့် နေရောင်ခြည်က
တိုက်ရိုက်ပဲ ကျဆင်းနေတယ်။
ရုန်ရုန် သူ့ခေါင်းပေါ်မှ ဦးထုပ်ကို
အနည်းငယ်ထပ်နှိမ့်လိုက်တယ်။
အပြင်ကိုထွက်တဲ့အချိန်မှာ တချို့သောပြသနာတွေကို
ရှောင်ရှားနိုင်ဖို့ ရုန်ရုန်လုံခြုံရေးဦးထုပ်ကိုမချွတ်ခဲ့ဘူး။
အလုပ်သမားခေါင်းဆောင်ကလည်း လုံခြုံရေးဦးထုပ်တွေကို
လိုက်စစ်လေ့ရှိပြီး ဖမ်းမိခဲ့ရင် ဘယ်သူ့ကိုမဆို ယွမ်၅၀ဒဏ်ငွေရိုက်လေ့ရှိတယ်။
၅၀ယွမ်က သူ့ရဲ့ကြောင်လေးအတွက်
အစားအစာတွေပိုဝယ်ပေးနိုင်လိမ့်မယ်။
ဘဝက မလွယ်ကူဘူး။
အခုချိန်မှာ သူထောက်ပံ့ပေးရမဲ့ မိသားစုရှိနေပြီ။ ဒီတော့
ဂရုမစိုက် အစီအစဥ်မရှိ ဖြတ်သန်းနေလို့မရတော့ဘူး။
ရေနွေးဘူးလေးကို ချိုင်းကြားမှာညှပ်ရင်း ရုန်ရုန်
သူ့ရဲ့လုပ်ငန်းသုံးဦးထုပ်ကို ခလုပ်တပ်လိုက်တယ်။
ထိုအချိန်မှာပဲ ဆောက်လုပ်ရေးဆိုဒ်ရဲ့ ရုံးဧရိယာထဲမှ
လူတစ်စုက အပြင်ကိုထွက်လာကြတယ်။
ရုန်ရုန်ကတော့ အပြင်းအထန်ကြိုးစားအားထုတ်မှုနဲ့
ဦးထုပ်ကိုတပ်လိုက်နိုင်ပြီ။
သူက သူ့ရဲ့ရှေ့မှ လူကို သတိမထားမိပဲ ခေါင်းနဲ့
ဝင်တိုက်လိုက်မိတယ်။
ဘိလပ်မြေတွေက မြေပြင်ပေါ်ကို မသွန်ချခင်မှာပဲ
သူ့ရဲ့လက်မောင်းထဲမှ ရေနွေးဓာတ်ဘူးလေးက မြေပြင်ပေါ်သို့
အသံကျယ်ကျယ်နဲ့ကျဆင်းသွားတယ်။
“ဒါက မဟုတ်....”
ရုန်ရုန်ရဲ့တောင်းပန်စကားကို ကြမ်းတမ်းတဲ့ အသံက
ဝင်ရောက်နှောင့်ယှက်လိုက်တယ်။
“မင်းဘာဖြစ်နေတာလဲ.. အခန်းထဲကထွက်လာတဲ့အချိန်
မျက်လုံးကိုထည့်ယူလာဖို့ မေ့ကျန်ခဲ့တာလား.. လမ်းလျှောက်နေတဲ့အချိန်
မျက်လုံးကမကြည့်တတ်ဘူးလား”
ဆောက်လုပ်ရေးဆိုဒ်မှ မန်နေဂျာရဲ့စကားတွေကိုကြားတော့
ရုန်ရုန်တစ်ယောက် တစ်ဖက်လူကိုတောင်းပန်တော့မဲ့စကားတွေကို ပြန်လည်မြိုချလိုက်ရတယ်။
သူ အမှား ကျူးလွန်ဖို့မတတ်နိုင်ဘူး။
သေချာတာပေါ့။ သူ့အနေနဲ့ တိတ်ဆိတ်စွာနေဖို့သာတတ်နိုင်ပြီး
အနိုင်ကျင့်မှုတွေအားလုံးကိုလက်ခံလိုက်ဖို့ ၊ လူတိုင်းက
သူ့ကိုရွံ့နွံထဲကိုနင်းချတာကို လက်ခံဖို့သာ တတ်နိုင်တယ်။
ရုန်ရုန် တိတ်တဆိတ်နဲ့ ခါးကိုင်းကာ မြေပြင်ပေါ်မှ
ဓာတ်ဘူးကိုကောက်ယူဖို့လုပ်လိုက်တယ်။
“ပြာယာခတ်နေတာပဲ!”
သူ့ကိုကြိမ်းမောင်းပြီးနောက် ထိုသူက ရိုသေလေးစားတဲ့အသံနဲ့
ပြောလာတယ်။
“မစ်စတာရုန် အဆင်ပြေရဲ့လား”
“ရုန်?”
ရုန်ရုန် မြေကြီးပေါ်မှ ဓာတ်ဘူးကိုကောက်ယူခါနီးမှာပဲ
ထိတ်လန့်သွားခဲ့ရတယ်။
သူက စိတ်ထဲကနေ ကိုယ့်ဘာသာကိုယ်ရေရွတ်နေမိတယ်။ ဒီကမ္ဘာကြီးက
ဒီလောက်တောင် မတိုက်ဆိုင်နိုင်လောက်ပါဘူးလေ။
တစ်ဖက်လူရဲ့နာမည်က ရုန်ဖြစ်နေရုံပါပဲ။
အမှန်တရားကတော့ ဒီကမ္ဘာကြီးပေါ်မှာ ကျိုးကြောင်းမညီညွတ်တဲ့
တိုက်ဆိုင်မှုတွေ ရှိနေကြောင်း သက်သေပြခဲ့တယ်။
မြေကြီးပေါ်မှ ဓာတ်ဘူးကို သူ့ရှေ့မှလူက ကောက်ပေးလာခဲ့တယ်။
“မင်းအဆင်ပြေရဲ့လား”
သူ့ရဲ့အသံက ခပ်နိမ့်နိမ့်ရှိပြီး ရှင်းလင်းကြည်လင်ကာ
နွေဦးအတွင်းမှာ တောင်ပေါ်မှ ထွက်ပေါ်လာသလိုမျိုးပဲ။
ရုန်ရုန်ရဲ့လက်ဖျားတွေက အေးစက်သွားခဲ့ကာ သူ့ရဲ့ခေါင်းကို
စက်တစ်ခုလိုမျိုး ခါယမ်းမိတယ်။
တစ်ဖက်လူရဲ့မျက်လုံးက စူးရှလွန်းတယ်။
ရုန်ရုန် ရုန်ကျန်းရဲ့အကြည့်က သူ့ဆီကိုရောက်နေကြောင်း
ခံစားနိုင်တယ်။
ရုန်ရုန် ဓာတ်ဘူးကိုကိုင်ထားရင်း ခေါင်းကိုပိုငုံ့လိုက်မိကာ
အသက်ကို ခပ်ဖျော့ဖျော့ပဲရှူရဲတယ်။
သူ သူ့ကိုသတိထားမိသွားပြီလား?
“မင်းခေါင်းကိုမော့လိုက်”
ရုန်ရုန် နှလုံးရောဂါတောင်ရတော့မယ်။
ဆောက်လုပ်ရေးမန်နေဂျာက ဘေးကနေ တွေဝေစွာပြောလာတယ်:
“မစ်စတာရုန်...”
“မင်းခေါင်းကိုမော့လိုက်”
ရုန်ကျန်း ထပ်ပြောလာတယ်။
ရုန်ရုန် သူ့ခေါင်းကို ဖြေးညှင်းစွာမော့လာတယ်။
သူ့ရဲ့လုံခြုံရေးဦးထုတ်က သူ့ရဲ့မျက်နှာကို
ဖုံးကွယ်ထားလုနီးပါးဖြစ်ကာ သူ့ရဲ့မည်းညိုနေတဲ့ အသားအရည်က အနည်းငယ်ပေါ်ထွက်လာတယ်။
ရုန်ကျန်း ရုတ်တရက်ပြောလိုက်တယ်။
“မလိုတော့ဘူး သွားမယ်”
ဒါက ရုန်ရုန်မဖြစ်နိုင်ဘူး။
ရုန်မိသားစုက ဆယ်ကိုးနှစ်လောက် နာကျင်မှုတွေနဲ့
ပျိုးထောင်ပေးခဲ့တဲ့ ဒုတိယရုန်သခင်လေးက ဒီလိုနေရာမျိုးမှာ ရှိနေနိုင်မှာမဟုတ်ဘူး။
ဒီလိုပုံစံမျိုးရှိမနေနိုင်ဘူး။ သူက
မဝံ့မရဲနဲ့ပြုမူနေမဲ့လူမျိုးမဟုတ်ဘူး။
ရုန်ကျန်း အဝေးကိုထွက်သွားခဲ့တယ်။
သူ့နောက်မှာရှိနေတဲ့ မန်နေဂျာကလည်း
အလျှင်အမြန်လိုက်သွားခဲ့တယ်။
သြဂုတ်လရဲ့နေက ပူလွန်းတယ်။
ရုန်ရုန်ကတော့ သူ့ရဲ့တစ်ကိုယ်လုံး အေးစက်နေခဲ့ပြီ။
(1.2)
ဆောက်လုပ်ရေးဆိုဒ်ရဲ့အလုပ်သမားတွေကို
အုပ်စုလိုက်ခွဲခြမ်းထားတယ်။ လူတစ်ယောက်ခြင်းစီ တာဝန်ယူရမဲ့အလုပ်တွေကလည်း
မတူညီနိုင်ဘူး။
ရုန်ရုန်က အဆောက်အအုံရဲ့အပြင်ဘက်မှ အမြင့်ပိုင်းနံရံကို
ဆေးသုတ်ရလိမ့်မယ်။
အဆောက်အအုံမြင့်တွေကို ဆေးသုတ်ရတာက
သေချာပေါက်အန္တရာယ်များလွန်းတယ်။ ဒါကြောင့် လုပ်အားခသည်လည်းပဲ
ပိုမိုမြင့်မားလေတယ်။
ရုန်ရုန်က ဥပဒေနဲ့ ကိုယ်ကျင့်တရားကိုမချိုးဖောက်သရွေ့
ပိုက်ဆံအမြန်ဆုံးရနိုင်မဲ့ အလုပ်တိုင်းကို ဝင်လုပ်ခဲ့တယ်။
အဆောက်အအုံရဲ့အပြင်ဘက်နံရံအမြင့်ပိုင်းကို ဆေးသုတ်တာက
လွယ်ကူတဲ့အလုပ်ထဲမှာ ပါဝင်သေးတယ်။
ဓာတ်လှေကားက သူ့ကိုထပ်ဆုံးထပ်သို့ပို့ပေးခဲ့တယ်။
ထိုနေရာအမြင့်ကနေ အောက်ခြေကိုငုံ့ကြည့်မိတဲ့အချိန်တိုင်း
သူ့ရဲ့ခြေထောက်တွေက အားနည်းပြီး သူ့ရဲ့နှလုံးခုန်သံတွေက
သူ့ရဲ့နားနဲ့ကြားရလောက်အောင် မြည်ဟီးလာလိမ့်မယ်။
အခုချိန်ထိ
ဒီရှည်လျားလှတဲ့အဆောက်အအုံပေါ်မှာခြေချတဲ့အချိန်တိုင်း သူ မူးဝေနေတုန်းပဲ။
ဒါပေမဲ့ အသက်ရှင်သန်ရမှာနဲ့ ယှဥ်ရင် ဒီလိုအမြင့်ကြောက်တာက
ဘာများလုပ်နိုင်မှာတဲ့လဲ?
နံရံပေါ်ကိုတက်ပြီးသုတ်ရမှာဖြစ်တာကြောင့်
အကာအကွယ်ပစ္စည်းတွေကိုတော့ သူတပ်ဆင်ထားခဲ့ပြီဖြစ်ကာ အခုချိန်မှာ
အပြင်ဘက်နံရံကိုတက်ပြီး ဆေးသုတ်ဖို့ပဲလိုတော့တယ်။
ရုန်ရုန် ရေဘူးတွေ့တာကြောင့် ရေဖြည့်ကာ
ပေါင်ဒါမှုန့်တွေထည့်ပြီး ပျော်ဝင်သွားအောင် မွှေနှောက်လိုက်တယ်။
ပြီးနောက် နံရံပေါ်မှာ အလေးချိန်ခံနိုင်တဲ့ ကြိုးကို
ကျွမ်းကျင်စွာ ချည်နှောင်လိုက်ပြီး တင်းကြပ်နေအောင်ဆွဲလိုက်တယ်။ ပြီးနောက်
ထပ်ခါထပ်ခါ စစ်ဆေးလိုက်ကာ လုံခြုံရေးခါ့ပါတ်ကို တပ်ဆင်လိုက်ပြီး ရေဘူးကို
သူ့ခါးနားမှာ ချည်နှောင်လိုက်တယ်။ ပြီးနောက် လက်ကို လုံခြုံရေး
လက်အိတ်တွေဝတ်လိုက်ပြီး လုံခြုံရေးထိုင်ခုံမှာထိုင်လိုက်ကာ
အထပ်မြင့်အဆောက်အအုံရဲ့အပြင်ဘက်နံရံကိုကြည့်ပြီး ဖြည်းညင်းစွာ အောက်ကိုချလိုက်တယ်။
လေလည်းမတိုက်ခတ်သလို နေရောင်ခြည်ကလည်း
ပြင်းထန်လွန်းတာကြောင့် မီးလောင်ခံနေရတဲ့အတိုင်းပဲ။ တစ်နာရီလောက်
ဆေးသုတ်ပြီးချိန်မှာ ရုန်ရုန်ရဲ့အဝတ်အစားတွေ အကုန်လုံးစိုစွတ်နေခဲ့ပြီ။
ရုန်ရုန် သူ့ရဲ့လုံခြုံရေးလက်အိတ်ကို ချွတ်လိုက်တယ်။
သူ့ရဲ့ မေးဖျားဆီကနေ ချွေးတွေက မိုးရွာသလို
ကျဆင်းနေပြီဖြစ်ကာ လည်တိုင်ကိုတောင် မစီးဆင်းနိုင်တော့ဘူး။
ရုန်ရုန် ဓာတ်ဘူးအဖုံးကိုဖွင့်လိုက်ပေမဲ့ အများကြီးလည်း
မသောက်ရဲဘူး။
သူ ဒီထိပ်မှာ နောက်ထပ် အနည်းဆုံး သုံး၊
လေးနာရီလောက်နေရဦးမယ်။
ရေအများကြီးသောက်ထားရင် ဆီးအိမ်ကို
ထိန်းနိုင်မှာမဟုတ်ဘူးလေ။
ရုန်ရုန် ဓာတ်ဘူးကို သူ့ခါးနားမှာ ပြန်ထည့်လိုက်ပြီး
လက်အိတ်ကိုနောက်တစ်ကြိမ်ပြန်တပ်လိုက်တယ်။
နောက်ထပ်လက်အိတ်တစ်ဖက်ကို တပ်ဆင်နေချိန်မှာပဲ
သူ့ရဲ့ကိုယ်ကိုချည်ထားတဲ့ကြိုးက ရုတ်တရက် ယိမ်းထိုးလာခဲ့တယ်။
ရုန်ရုန် လုံခြုံရေးလက်အိတ်တပ်ဆင်ထားတဲ့ လက်နဲ့ ကြိုးကို
ချက်ချင်းပဲထိန်းကိုင်လိုက်ကာ ခြေထောက်ကိုတော့ အပြင်ဘက်နံရံကို
ချက်ချင်းထောက်လိုက်ပြီး ခန္တာကိုယ်လှုပ်နေတာကို ထိန်းချုပ်လိုက်တယ်.
နောက်ဆုံးတော့ ကြိုးက လှုပ်ရှားနေတာ ရပ်သွားခဲ့ပြီ။
ကြည့်ရတာ လေတိုက်လို့ လှုပ်သွားတဲ့ပုံပဲ။
ရုန်ရုန် လေအေးတစ်ချက်ရှူသွင်းးလိုက်မိတယ်။
ကံကောင်းလို့ ။
ကံကောင်းလို့။
သူသာ တစ်ခုခုဖြစ်သွားရင် သူ့ရဲ့သားပေါက်လေး
ဘယ်လိုဖြစ်သွားမှာလဲ။
သူ့ရဲ့မျက်တောင်ဖျားဆီမှ ချွေးတွေက မျက်လုံးထဲကို
စီးကျလာတယ်။ ဒါက ပူလောင်လွန်းပြီး မသက်မသာဖြစ်စေတာပဲ။
ရုန်ရုန် လက်မောင်းကိုမြှောက်ပြီး
ချွေးသုတ်ဖို့လုပ်လိုက်တယ်။
ရုတ်တရက်ပဲ ရုန်ရုန် သူ့ရဲ့နောက်ကျောဘက်မှကြိုးက
ပြေလျော့သွားတာကို ခံစားမိတယ်။
ရုန်ရုန်ရဲ့ချွေးသုတ်နေတဲ့ လှုပ်ရှားမှုက ရပ်တန့်သွားပြီး
သူ့ရဲ့ဆံပင်တွေကလည်း အပေါ်ကိုထောင်တက်သွားတယ်။
နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်က ပြုတ်ကျသွားခဲ့ပြီ!
လေအေးတွေက သူ့ရဲ့နားရွက်ကိုဖြတ်သန်းသွားတယ်။
သူ့ရဲ့ခန္ဓာကိုယ်က အဆက်မပြတ် ကျဆင်းနေခဲ့ပြီ။
ထိုအချိန်အတွင်းမှာ ရုန်ရုန်ရဲ့စိတ်တွေက
သူနဲ့မသက်ဆိုင်ခဲ့တဲ့မှတ်ဥာဏ်တွေထဲကိုနစ်မြှပ်သွားတယ်။ ဒါမှမဟုတ် သူတို့တွေက သူနဲ့
လုံးလုံးလျားလျားမသက်ဆိုဘူးလို့ပြောသင့်တယ်။
သူ့ရဲ့ဦးနှောက်က ပြလာတဲ့ပုံရိပ်က သူ့မှတ်ဥာဏ်ထဲမှ
နောက်ဆုံးပုံရိပ်ဖြစ်ခဲ့ပြီး သူသည်လည်း မြေပြင်နဲ့ တိုက်မိသွားခဲ့တယ်။
ရုန်ရုန် နာကျင်လှစွာနဲ့ ပါးစပ်ကိုဖွင့်ဟလိုက်မိတယ်။
သို့ပေမဲ့ သူ့ရဲ့လည်ချောင်းကို မမြင်နိုင်တဲ့လက်ကြီးတစ်ဖက်က
ဖမ်းဆုတ်ထားသလိုဖြစ်နေကာ အသံလေးတစ်ချက်တောင် မထုတ်ဖော်နိုင်ခဲ့ဘူး။
အလေးချိန်ကင်းမဲ့တဲ့ခံစားချက်က သူ့ကိုတစ်စုံတစ်ခုကို
ဖမ်းဆုတ်စေချင်အောင် လုပ်ခဲ့ပြီး သူ အမှန်တကယ်လည်းဖမ်းကိုင်လိုက်မိတယ်။
သူ့ရဲ့လက်က သူဖမ်းဆုတ်နိုင်သမျှအရာအားလုံးကို
လိုက်ဖမ်းခဲ့တယ်!
သူတကယ်ကို ဖမ်းဆုတ်မိခဲ့တယ်!
“ဘာလဲ.. မင်းက ငါ့ကိုပါ ကျိုးယွီကို
တောင်းပန်စေချင်သေးတာလား”
ထေ့ငေါ့ပြောချင်တဲ့ အသံတစ်ခုက သူ့နားထဲကိုဝင်ရောက်လာတယ်။
ရုန်ရုန်ရဲ့ သူငယ်အိမ်က ချက်ချင်းကျုံ့သွားခဲ့တယ်။
သူ ခေါင်းကို စက်ရုပ်တစ်ရုပ်လို မော့လိုက်မိတော့
သူ့အစ်ကိုရုန်ကျန်းရဲ့ အေးစက်လွန်းတဲ့အကြည့်နဲ့ ဆုံဆည်းခဲ့တယ်။
အိုး.. မဟုတ်ဘူးပဲ။
ရုန်ကျန်းက သူ့ရဲ့အစ်ကိုကြီးမဟုတ်တော့ဘူး။
သူ့ရဲ့မျိုးရိုးနာမည်က ရုန်မဟုတ်တော့ဘူးလေ။
“ရုန်ရုန် သိပ်ပြီးရူးသွပ်မနေနဲ့.. ဒီနေ့က
မင်းအစ်ကိုရဲ့မွေးနေ့နော်.. မြန်မြန် မင်းရဲ့လက်ကိုလွှတ်ပေးလိုက်”
ဟဲယွီလား?!
ရုန်ရုန်သူ့အနားကိုကပ်ပြီး နားရွက်နားကနေကပ်ပြောလာတဲ့
ဟဲယွီကို အံ့သြတကြီး မော့ကြည့်လိုက်တယ်။
ဟဲယွီက ဘာလို့ ဒီကိုရောက်နေတာလဲ?
ဒါက ဆောက်လုပ်ရေးဆိုဒ်မှာဖြစ်ပြီး ဟဲယွီလိုမျိုး
အဖွဲ့အစည်းရဲ့သားက ခြေချရမှာကို မနှစ်မြို့ပဲနေရမှာမဟုတ်ဘူးလား?
မဟုတ်သေးဘူး။
မှားနေပြီ။
လုံခြုံရေးကြိုးက ပြုတ်သွားပြီး သူ အထပ်သုံးဆယ်လောက်ကနေ
ပြုတ်ကျလာတာလေ။
ဒီအခြေအနေမျိုးမှာ သူအသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ။
ရုန်ရုန် သူ့အနားက မြင်ကွင်းကို ဗလာဖြစ်စွာ
စိုက်ကြည့်မိတယ်။
ရုန်ကျန်းနဲ့ ဟဲယွီ နှစ်ယောက်လုံးက စစ်မှန်လွန်းနေတယ်။
“အမွှေးလုံးလေး!”
ဟဲယွီ ရုန်ရုန်ရဲ့လက်ကို အားနဲ့ဆွဲဖြုဆ်လိုက်တယ်။
သူ့ လက်ကောက်ဝတ်ဆီမှ နာကျင်မှုက ရုန်ရုန်ကို နောက်ဆုံးတော့
တစ်ခုခုကမှားယွင်းနေကြောင်း သတိပြုမိသွားစေတယ်။
သေပြီးသွားရင် ဒီလိုမျိုးနာကျင်နိုင်သေးလို့လား?
“ရုန်မိသားစုရဲ့သခင်ငယ်လေးက
ကျိုးမိသားစုရဲ့တရားမဝင်ကလေးကိုကြိုက်နေတယ်ဆိုပြီး ကောလဟာလတွေထွက်နေတာ.. သူက
နက်နက်ရှိုင်းရှိုင်းကိုကြိုက်နေတာတဲ့.. ကြည့်ရတာအမှန်ပဲထင်တယ်! ကြည့်လေ.. သူက
ကျိုးမိသားစုရဲ့ တရားမဝင်သားအတွက် သူ့အစ်ကိုနဲ့တောင် တိုက်ခိုင်နးချင်နေတယ်”
“မင်းပြောကြည့်.. ရုန်သခင်ငယ်လေးက
ကျိုးယွီအတွက် ရုန်သခင်လေးကိုမတိုက်ခိုက်သင့်ဘူးလား”
“မဖြစ်နိုင်လောက်ဘူးမလား.. ရုန်သခင်လေးက
ရုန်သခင်ငယ်လေးရဲ့အစ်ကိုကြီးလေ”
“အပြင်လူအတွက်
အစ်ကိုကြီးနဲ့တိုက်ခိုက်ချင်နေတယ်ပေါ့.. ရုန်သခင်ငယ်လေးရဲ့ခေါင်းက
ရေတွေနဲ့ပြည့်နေတာလား”
ကျိုးယွီ။ ဒီနာမည်ကို သူ မကြားခဲ့ရတာကြာပြီဖြစ်တာကြောင့်
ရုန်ရုန် ပိုပြီးမှားယွင်းနေသလိုခံစားရလာတယ်။
သူ့ရဲ့ခန္ဓာကိုယ်က မထိန်းနိုင်လောက်အောင်တုန်ယင်လာရတယ်။
ရုန်မိသားစုရဲ့သခင်ငယ်လေးဆိုတဲ့ဘဝက သူနဲ့
အရမ်းကိုအလှမ်းဝေးနေခဲ့ပြီ။
ကျိုးယွီဆိုတဲ့နာမည်ကလည်း ဖုန်အထပ်ထပ်နဲ့
ကားဆီးခံလိုက်ရတာကြာပြီ။
ဒါပေမဲ့ ထိုဖုန်မှုန့်အလွှာကိုဖယ်ရှားလိုက်တဲ့အချိန်မှာ
အတိတ်မှအရာတွေက သူ့ရဲ့မျက်လုံးရှေ့ကို ရှင်းလင်းစွာပေါ်ထွက်လာတယ်။
ရုန်ရုန် သူ့ရဲ့မြင်ကွင်းက
မသေခင်ထင်ယောင်ထင်မှားဖြစ်နေတာလား ဒါမှမဟုတ်
မုန့်ပေါ်စွပ်ပြုတ်ကိုသောက်ခဲ့ပြီးနောက် ငရဲ့မင်းကြီးရဲ့ရှေ့မှာလှဲလျောင်းရင်း
သူ့ရဲ့အပြစ်တွေအကြောင်းကို အိပ်မက်မက်နေခဲ့တာလားဆိုတာကို မသိဘူး။
သူ့ရဲ့အတိတ်ဘဝတုန်းက ကျိုးယွီအတွက် သူ ရုန်ကျန်းကို
တကယ်ကြီး ဒီလိုမျိုးလုပ်ခဲ့တယ်။
ရုန်ကျန်းရဲ့ နှစ်ဆယ် ခုနှစ်နှစ်မြောက် မွေးနေ့ပါတီမှာပဲ။
ရုန်ကျန်းရဲ့မွေးနေ့ပါတီမှာ ရုန်ကျန်းရဲ့သူငယ်ချင်းက
ကျိုးယွီကို မထီမဲ့မြင်လုပ်ခဲ့တာကြောင့် ရုန်ရုန်က ရုန်ကျန်းရဲ့သူငယ်ချင်းကို
ကျိုးယွီအားတောင်းပန်စေဖို့ ဖိအားပေးကာ ရုန်ကျန်းရဲ့မွေးနေ့ကို ဖျက်စီးခဲ့မိတယ်။
တစ်ဖက်မှ ရုန်ကျန်းရဲ့သူငယ်ချင်းကတော့ ရုန်မိသားစုရဲ့
ဦးနှောက်မရှိတဲ့ သခင်လေးကို သူ့မျက်လုံးထဲသို့မထည့်ခဲ့ဘူး။
ဒါကြောင့် အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်ခဲ့တယ်။
ခေါင်းမာစွာနဲ့ တောင်းပန်ဖို့ မေးနေခဲ့ပြီး ဟဲယွီက
ဖြောင်းဖြခဲ့ကာ ဧည့်သည်တွေရဲ့ တီးတိုးစကားတွေက ဒေါသထွက်နေဆဲဖြစ်တဲ့
သူ့ရဲ့ဒေါသတွေကို မီးစာထည့်ပေးခဲ့တယ်။
သူ ဟဲယွီရဲ့လက်မှရုန်းထွက်ပြီး ရုန်ကျန်းရဲ့လက်ကောက်ဝတ်ကို
ကိုင်ကာ သူ့ကိစ္စမှာ ဝင်မရှုပ်ဖို့ပြောခဲ့တယ်။
ရုန်ကျန်းကတော့ အပြင်းအထန်ဒေါသထွက်သွားခဲ့ရတယ်။
ရုန်ရုန်က စိတ်လိုက်မာန်ပါနဲ့ ရုန်ကျန်းအပေါ်လက်ပါခဲ့မိတယ်။
ရုန်ကျန်းက ဘရာဇီးဂျူဒိုကို
တစ်နှစ်ပတ်လုံးအပြင်းအထန်လေ့ကျင့်ခဲ့သူဖြစ်တာကြောင့်
အလွယ်တကူရှောင်တိမ်းနိုင်ခဲ့တယ်။
သို့ပေမဲ့ သူ့ရဲ့အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေကြောင့်
ရုန်ကျန်းရဲ့နှစ်ဆယ့်ခုနှစ်နှစ်ပြည့်မွေးနေ့ကတော့ အပြည့်အဝပျက်စီးသွားခဲ့ရတယ်။
ကျိုးယွီအတွက်နဲ့လေ။
သူ့ကိုဘယ်တုန်းကမှမကြည့်ပဲ သူ့ကို စိတ်ထဲမှာလုံးဝမရှိခဲ့တဲ့ ကျိုးယွီအတွက် သူက
သူ့အစ်ကိုရဲ့မွေးနေ့ပွဲမှာ သူ့အစ်ကိုကို ထိုကဲ့သို့လုပ်ရပ်မျိုး လုပ်ခဲ့တယ်။
ဦးနှောက်က ရေတွေနဲ့ပြည့်နေခဲ့တာမဟုတ်ဘူးလား!
သူ့ရဲ့ဦးနှောက်ကို မြစ်ဝါမြစ်ကရေတွေနဲ့ဆေးခဲ့တာတောင်
ခုလိုမျိုးမိမစစ်ဘမစစ်ဖြစ်နေတုန်းပဲ!
မကြာခင်မှာပဲ ရုန်မိသားစုက သူက
ရုန်မိသားစုနဲ့သွေးသားမတော်ကြောင်းကိုရှာတွေ့ခဲ့ပြီး ရုန်မိသားစုရဲ့
သခင်ငယ်လေးအစစ်ကိုရှာတွေ့ခဲ့တယ်။
ကိုယ်လုပ်ခဲ့တဲ့ကံက ကိုယ့်ဆီပြန်လာခဲ့တာပဲမလား။
သူ့ရဲ့အတိတ်ဘဝတုန်းက သူ့အစ်ကိုကြီးရဲ့
နှစ်ဆယ်ခုနှစ်နှစ်ပြည့်မွေးနေ့ပွဲကို ဖျက်စီးခဲ့မိတယ်။
ဒါက စိတ်ကူးယဥ်မှုတွေ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
သူ့အစ်ကိာအတွက် မွေးနေ့ပါတီအစစ်တစ်ခုအလျှော်ပေးချင်ခဲ့တယ်။
သူ ကြောက်ရွံ့နေတဲ့ ဝိတ်တာထံမှ
ရှန်ပိန်တစ်ခွက်ကိုလှမ်းဆွဲလိုက်တယ်။
ရုန်ရုန်
ဒီလိုတန်ဖိုးကြီးမားတဲ့အရာတွေနဲ့ မထိတွေ့ခဲ့ဖူးတာကြာမြင့်ခဲ့ပြီ။
ရိုးရိုးသားသားပြောရရင် သုံးဒေါ်လာတန်တဲ့ ဘီယာဘူးကိုတောင်
မတတ်နိုင်တော့တာ။
သူ့ရဲ့လည်ချောင်းထဲကို စူးရှရှအရသာတစ်ခုစီးဆင်းသွားတယ်။
ရုန်ရုန်ရဲ့မျက်ခုံးနဲ့ မျက်လုံးတွေက
ဘေးကိုပြန့်ကားသွားပြီး သူ့ရဲ့နှုတ်ခမ်းက လှပတဲ့အပြုံးတစ်ခုအဖြစ်ကွေးညွတ်လာတယ်။
“ကောကောက နောက်နေတာပဲ.. ကောကောက
ရုန်မိသားစုရဲ့ အိမ်ရှေ့စံလေ.. ကျိုးယွီက ထိုက်တန်လို့လား? “