Ch 18
Viewers 24k

(18) ချစ်သူလေး

 

ရုန်ကျန်း တိတ်ဆိတ်နေခဲ့တယ်။

 

ဒါက နည်းနည်းတော့ ရှက်စရာကောင်းတာပဲ။

 

မူလတုန်းက သူ့ရဲ့အတိတ်ဘဝမှာ သူနဲ့ရုန်ကျန်းရဲ့ဆက်ဆံရေးက ဒီလိုမျိုးမနီးစပ်ခဲ့ဘူး။

 

အဝေးကို တွန်းပို့ခဲ့တာလည်း သူတိုယ်တိုင်ပဲလေ။

 

ရုန်ကျန်းက တကယ့်ကိုတာဝန်ယူတတ်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ကို ကုမ္ပဏီဆီခေါ်ပြီး ရေခဲကပ်ပေးဖို့ပြောခဲ့တာက အစ်ကိုတစ်ယောက်ရဲ့ တာဝန်ယူတတ်တဲ့စိတ်ကြောင့်သက်သက်ပဲ။

 

ကောကော ကျွန်တော်က စနေတာပါ

 

ရုန်ရုန် ပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုချန်ထားဖို့ ကြိုးစားလိုက်တယ်။

 

ရုန်ကျန်းရဲ့မျက်နှာပေါ်မှ လေးနက်တဲ့အကြည့်ကတော့ ရုန်ရုန်ရဲ့ဟာသကြောင့် လျော့ပါးမသွားခဲးဘူး။

 

ရုန်ရုန် စိတ်ထဲကနေ တွေးလိုက်မိတယ်။ တစ်ဖက်လူက ဒီလိုစကားမျိုးတွေကို သဘောမကျတတ်တဲ့သူဖြစ်လိမ့်မယ်။

 

ရုန်ကျန်း ရုန်ရုန်ရဲ့မျက်လုံးကိုစိုက်ကြည့်နေခဲ့တယ်။

 

ငါက အစ်ကိုတစ်ယောက်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး ဟုတ်တယ်မလား

 

ရုန်ကျန်း သူ့ကိုယ်သူကောက်ချက် ချလာတယ်။

 

အရင်တုန်းက မင်းအပေါ်မှာ အာရုံစိုက်ပေးမှု အရမ်းနည်းခဲ့တယ်

 

သူ လေးနက်မှုအပြည့်နဲ့ ကတိပေးလာတယ်။

 

ငါ အနာဂတ်မှာ ပိုပြီးကြိုးစားပါ့မယ်

 

ရုန်ရုန်:?????

 

ဟမ်?

 

 

အား! ငါတို့ရဲ့ဥက္ကဋ္ဌနဲ့ ဆံပင်အရှည်နဲ့လူချောလေးကြားမှာ ဘယ်လိုဆက်ဆံရေးရှိကြတာလဲ?!!!

 

အား အား!!! နင်တို့မြင်လိုက်ကြလား? ရှောင်တိတိက ပြုံးလိုက်တယ်.. ရှောင်တိတိပြုံးတဲ့အချိန် အရမ်းလှတာပဲ!!

 

သူတို့တွေ ဓာတ်လှေကားထဲကို အတူဝင်သွားကြတာ!!! ဘုရားရေ! ငါအလုပ်စဝင်ကတည်းက ဥက္ကဋ္ဌကိုယ်တိုင် ဓာတ်လှေကားခလုပ်ကိုနှိပ်တာကို ဒီတစ်ကြိမ် ပထမဆုံးမြင်ဖူးတာပဲ! နောက်ပြီး ဥက္ကဋ္ဌရဲ့လက်က ရှောင်တိတိရဲ့ ခါးကိုလည်းဖက်ထားသေးတယ်!!! အား! နင်တို့ သတိထားမိလိုက်လား?! ရှောင်တိတိရဲ့ခါးက ငါ့ထက်တောင် သေးတယ်နော်! ရိုးရိုးသားသားပြောရရင် ငါလည်းဖက်ကြည့်ချင်တယ်လို့!

 

ငါကတော့ မတူဘူး.. ငါက ဥက္ကဋ္ဌရဲ့....

 

ရပ်စမ်း! ညစ်ပတ်တာတွေ လာမပြောနဲ့!.

 

အား! ဒီတော့ ငါ အသည်းကွဲရတော့မှာလား?! အဆင်ပြေပါတယ်.. ငါ့ရဲ့အိပ်မက်ထဲက အမျိုးသားကို ငါမရနိုင်ရင် တခြားဘယ်မိန်းမကမှလည်း မရစေရဘူး!!!!

 

ဒါက ဘယ်လိုအခြေအနေလဲ.. ငါ မနေ့ကတစ်ရက်ပဲ ခွင့်ယူပြီး ကုမ္ပဏီကိုမလာခဲ့တာပါ.. ဥက္ကဋ္ဌဘေးနားက ဆံပင်ရှည်ရှည်နဲ့အလှလေးက ဘယ်သူလဲဆိုတာ ဘယ်သူကများ ငါကိုရှင်းပြပေးနိုင်မလဲ? ဘာလို့ လက်ထောက်လျို့က ဒီနေ့ ဥက္ကဋ္ဌနဲ့အတူပါမလာရတာလဲ? ငါ့ရဲ့ အစစ်အမှန် Cpက BEဘက်ကို ဦးတည်နေပြီလား?!

 

တစ်မိနစ်အတွင်း အဲဒီရှောင်တိတိအလှလေးရဲ့အချက်အလက်တွေအားလုံးကို လိုချင်ပါတယ်!

 

 

အတိတ်ဘဝတုန်းက ရုန်ရုန် ရုန်မိသားစုကုမ္ပဏီရဲ့ဌာနချုပ်ကို တစ်ခါမှ မရောက်ဖူးခဲ့ဘူး။

 

ပထမအချက်က သူက တက္ကသိုလ်မှ ဘွဲ့မရသေးတဲ့အတွက် သူ့အဖေက ကုမ္ပဏီမှာ လေ့ကျင့်ရေးဆင်းခဲ့ဖို့ မတွေးခဲ့ဘူး။

 

ဒုတိယအချက်က သူကိုယ်တိုင်သည်လည်း ကုမ္ပဏီအလုပ်တွေမှာ ဝင်လုပ်ဖို့ကို နည်းနည်းလေးတောင် စိတ်ပါဝင်စားမှု မရှိခဲ့ဘူး။

 

ဒီတော့ ဘဝနှစ်ခုစာမှာ ရုန်ရုန် ရုန်လုပ်ငန်းစုဆီကို ပထမဆုံးအကြိမ် ခြေချခဲ့ဖူးတာပဲ။

 

တကယ်လို့ နောက်ထပ်အထူးတလည်ကိစ္စတစ်ခုခုမရှိခဲ့ဘူးဆိုရင်တော့ အနာဂတ်မှာ နောက်ထပ်အခွင့်အရေးမရနိုင်လောက်တော့ဘူး။

 

ဒါကြောင့် ရုန်ရုန် ဒီခန်းနားလှတဲ့အဆောက်အအုံကြီးကို ဂရုတစိုက်နဲ့ ကြည့်မိတယ်။

 

ဒီအဆောက်အအုံကြီးက သူ့အဖေနဲ့ သူ့အစ်ကိုတို့ရဲ့ ဂုဏ်ယူစရာ ပြယုဂ်ပဲ။

 

နောက်ပြီး သူ့အတွက်လည်း ဂုဏ်ယူရတဲ့အရာပဲ။

 

ရုန်ရုန် ရုန်ကျန်းရဲ့နောက်မှလိုက်ကာ ရုန်လုပ်ငန်းစုရဲ့ဌာနချုပ်အဆောက်အအုံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တယ်။

 

ရုန်ကျန်း ကုမ္ပဏီအဆောက်အအုံထဲကိုဝင်သွားတာနဲ့ သူနဲ့ ရုန်ကျန်းဆီကို မျက်လုံးပေါင်းများစွာရောက်ရှိလာကြောင်း သတိပြုမိလိုက်တယ်။ သူတို့ညီအစ်ကိုတွေက တခြားလူတွေဆီကစိုက်ကြည့်ခံခဲ့ရတာကို ဟိုးအရင်ကတည်းက ကျင့်သားရပြီးသားဖြစ်နာကြောင့် ထိုအကြည့်တွေကို လျစ်လျူရှုထားနိုင်တယ်။။

 

အလုပ်ချိန်နီးနေပြီဖြစ်လို့ ဝန်ထမ်းအများကြီးက ဓာတ်လှေကားကိုစောင့်နေခဲ့ကြတယ်။

 

ဟဲလို ဥက္ကဋ္ဌ

 

ဟဲလို ဥက္ကဋ္ဌ

 

ဓာတ်လှေကားစောင့်နေကြတဲ့ ဝန်ထမ်းတွေက ရုန်ကျန်းကို သတိပြုမိသွားတော့ အလျှင်အမြန်နှုတ်ဆက်လာကြပြီး ဓာတ်လှေကားရောက်လာချိန်မှာ ရုန်ကျန်းနဲ့ ရုန်ရုန်တို့ အရင်ဝင်သွားနိုင်စေဖို့ နေရာဖယ်ပေးလိုက်ကြတယ်။

 

လူတွေအများကြီးရှိနေတာကြောင့် ဓာတ်လှေကားထဲကို ဝင်တဲ့အချိန်မှာ တခြားသောဝန်ထမ်းတွေ တိုက်မိခြင်းမှ ကာကွယ်ပေးဖို့အတွက် ရုန်ကျန်းရဲ့လက်က ရုန်ရုန်ရဲ့ခါးနားတစ်ဝိုက်မှာ လွှမ်းထားခဲ့တယ်။

 

ရုန်ရုန်သည်လည်း ရုန်ကျန်းရဲ့လှုပ်ရှားမှုတွေကို သတိပြုမိခဲ့ပြီး အနည်းငယ်ကြောင်အမ်းသွားခဲ့တယ်။

 

အတိတ်ဘဝတုန်းက ရုန်ကျန်းက သူ့ကို ဒီလိုမျိုး စစ်စစ်ပေါက်ပေါက် အာရုံမစိုက်ပေးခဲ့ဘူးလေ။

 

ဒါပေါ့။ ထိုအချိန်တုန်းက သူတို့ရဲ့ဆက်ဆံရေးက ဒီလိုမျိုးမှ မနီးကပ်ခဲ့ပဲ။

 

သူက ဘာလို့ သူ့အစ်ကိုကြီးက အေးစက်တယ်လို့ တွေးပြီး မကြိုက်ပဲနေရမှာလဲ?

 

ရုန်ရုန် ပြုံးလိုက်မိတယ်။

 

ကျေးဇူးတင်ပါတယ် ကောကော

 

ဝန်ထမ်းတလေက သူတို့ရဲ့နားရွက်ကို ချက်ချင်း ထောင်လိုက်ကြတယ်။

 

ကောကော?

 

ဝမ်းကွဲလား... ဒါမှမဟုတ် ချစ်သူတွေကြားမှာခေါ်တဲ့ ကောကောလား?

 

တကယ်လို့ အဲဒါသာဆိုရင်တော့ ဒါကတကယ့်ကို.. နီရဲနေတဲ့ကြက်သားပဲ!

 

ရုန်ရုန်သာ အေးစက်စက်အမူအယာရှိနေမယ်ဆိုရင် လူတွေကို ချည်းကပ်ဖို့မလွယ်ကူတဲ့ ခံစားချက်တွေပေးလိမ့်မယ်။ ဒါပေမဲ့ သူသာ ပြုံးလိုက်မယ်ဆိုရင် အေးစက်ပြီးစွဲလမ်းဖွယ်ခံစားချက်မျိုးကပျောက်ကွယ်သွားကာ ချစ်စရာကောင်းတဲ့ နိုးခွေးလေးလိုမျိုး ခံစားရစေလိမ့်မယ်။

 

ရုန်ကျန်း ရုန်ရုန် ငယ်ငယ်တုန်းက သူ့ရဲ့ခြေထောက်တွေကိုဖက်ရင်း နို့နံ့မပျောက်သေးတဲ့အသံလေးနဲ့ ကောကောလို့ ခေါ်ခဲ့တဲ့အချိန်ကိုပြန်တွေးမိသွားတယ်။

 

လက်ဖဝါးတွေက ယားယံလာသလိုပဲ။

 

နောက်ဆုံးတော့ ဝန်ထမ်းတွေရဲ့ရှေ့မှာပဲ ရုန်ကျန်း သူ့ရဲ့လက်ဖဝါးကို မထိန်းချုပ်နိုင်စွာနဲ့ ရုန်ရုန်ရဲ့ ရှည်လျားပျော့ပြောင်းတဲ့ ဆံပင်တွေကို ပွတ်သပ်ပေးကာ ခပ်နိမ့်နိမ်အသံနဲ့ပြောလာတယ်။

 

အမ်

 

 

သို့ပေမဲ့ တစ်မနက်တည်းမှာပဲ ဥက္ကဋ္ဌက ချောမောလှပတဲ့လူငယ်လေးကို အလုပ်သို့ခေါ်လာလဲ့တဲ့သတင်းကို ရုန်မိသားစုရဲ့ကုမ္ပဏီ ဌာနအကုန်လုံးမှ သိရှိသွားလေတော့တယ်။

 

ဒါက ရုန်လုပ်ငန်းစုရဲ့ရှယ်ယာရှင်အဖြစ်ရှိနေတဲ့ ရုန်မိသားစုရဲ့အကြီးတွေဆီကိုလည်း ရောက်ရှိသွားတယ်။

 

ဒီနှစ်တွေမှာ ရုန်ဝေ့ရှန်က ကျန်းမာရေးမကောင်းတော့တာကြောင့် ရုန်မိသားစုရဲ့အကြီးပိုင်းတွေက ကုမ္ပဏီကို သူတို့လက်ထဲသို့ထည့်ပေးသင့်တဲ့အချိန်ကိုရောက်ပြီလို့ တွေးနေကြတယ်။

 

အဆုံးမှာ ကုမ္ပဏီကို သူတို့ဆီလက်လွှဲပေးတာက အပြင်လူကိုပေးတာထက်တော့ ပိုကောင်းတယ်လေ ဟုတ်တယ်မလား?

 

ကောင်းပြီ။

 

ထိုလူကတော့ အပြင်ဘက်မှု ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ သူ့သားကိုပဲပြန်ခေါ်လာတယ်။

 

ဒီနှစ်တွေမှာ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးခဲ့ရတဲ့ ဆွေမျိုးတွေက တခြားလူအတွက် မင်္ဂလာဝတ်စုံကို အဆင်သင့်ချုပ်ပေးလိုက်ရသလို မဖြစ်သွားဘူးလား?

 

အပြင်ဘက်မှာ အလုပ်လုပ်နေတဲ့ သားဖြစ်သူကိုပြန်ခေါ်ပြီး ဒီလူအိုကြီးတွေကိုပေးဖို့ စိတ်ကူးတောင်မရှိခဲ့ဘူး။

 

မူလတုန်းကတော့ ရုန်မိသားစုရဲ့အကြီးတွေက ရုန်ဝေ့ရှန် ရုန်ကျန်းကိုပြန်ခေါ်ခဲ့တာကို စိတ်မကျေနပ်ခဲ့ဘူး။ ဒါပေမဲ့ ရုန်ရှီလုပ်ငန်းစုက ရုန်ဝေ့ရှန် တည်ထောင်ထားတာလေ။ တကယ်လို့ သူတို့သာအတင်းအကြပ်ကန့်ကွက်ခဲ့မယ်ဆိုရင် မကောင်းသတင်းတွေ ပြန့်နှံ့ကုန်လိမ့်မယ်။

 

မူလတုန်းက ရုန်မိသားစုရဲ့အကြီးတွေက အလျှင်မလိုခဲ့ပဲ စောင့်ကြည့်နေခဲ့ကြတယ်

 

ဒီတူအကြီးဆုံးက ငယ်လွန်းတယ်။ သူက ဘာကိုများနားလည်နိုင်မှာတဲ့လဲ?

 

သူ တစ်စုံတစ်ခုမှားယွင်းလာတာကို စောင့်ကြည့်နေဦးမယ်။ အဆုံးမှာ သူတို့က ဖင်သုတ်စရာမလိုပဲနဲ့တောင် ရရှိနိုင်လိမ့်မယ်။ ထိုအချိန်ကျရင် ဘယ်သူက ဘာပြောနိုင်ဦးမှာလဲ?

 

သို့ပေမဲ့ ရုန်ကျန်းက အပြင်ဘက်မှလူတွေ သူ့ကိုမေးခွန်းထုတ်လာစေဖို့ အခွင့်အရေးတစ်ခုလေးကိုတောင် မပေးခဲ့ဘူး။

 

သူ ရုန်လုပ်ငန်းစုကို လက်လွဲယူခဲ့ပြီးနောက် အမှားတစ်ခုလေးတောင် လုပ်မလာခဲ့ရုံတင်မကဘဲ အဓိကဆုံးဖြတ်ချက်အမျိုးမျိုးက ရုန်လုပ်ငန်းစုကို ပိုမိုအောင်မြင်အောင်လုပ်ခဲ့ပြီး ရုန်လုပ်ငန်းစုရဲ့စျေးကွက်ကို ပိုပြီး ကြီးထွားလာစေခဲ့တယ်။

 

အဆုံးမှာ မနှစ်တုန်းက ရုန်လုပ်ငန်းစုရဲ့ စျေးကွက်အမြတ်ငွေတွေက အရင်နှစ်တွေထက် ပိုများလာခဲ့ပြီး ဖူချန်ရဲ့ နံပါတ်လေးနေရာအထိ ခုန်တက်သွားခဲ့ကာ ကျိုးအဖွဲ့အစည်း၊ ရှစ်ဖန်ပင်လယ်သင်္ဘောလုပ်ငန်းစု၊ ကျုံးယွီနည်းပညာတို့ရဲ့အောက်ကိုရောက်ရှိလာတယ်။

 

ဒီတော့ ဒီနှစ်နှစ်တာကာလအတွင်း ရုန်မိသားစုရဲ့အကြီးတွေက ရုန်ကျန်း ရုန်လုပ်ငန်းစုထဲမှာအမှားလုပ်မဲ့အချိန်ကို စောင့်နေခဲ့ပေမဲ့ ဘယ်တစ်ခုကိုမှ မရှာနိုင်ခဲ့ကြဘူး။

 

အကြီးဆုံးတူက အပျော်အပါးရောလောင်းကစားရော ၊ ပိုက်ဆံဖြုန်းတီးတဲ့ ဝါသနာရောမရှိခဲ့ဘူး။ အကြီးဆုံးတူရဲ့ အကြီးမားဆုံးသောဝါသနာက အချိန်ပိုဆင်းရတာပဲ။

 

သူက နေ့စဥ်နေ့တိုင်း သူတို့ထက် အလုပ်ကိုစောရောက်ပြီး သူတို့ထက်နောက်ကျမှ ပြန်ခဲ့တယ်။

 

ဝက်မြီးထက်တောင် ဖမ်းရခက်သေးတယ်။ ဘယ်လိုများဖမ်းနိုင်မှာလဲ။ သူက ဘာတစ်ခုမှတောင် ကစားမနေခဲ့ဘူးလေ။

 

ဒီတော့ ရုန်ကျန်း ငယ်ရွယ်ချောမောတဲ့ကောင်လေးကိုခေါ်လာတဲ့အကြောင်းကိုကြားတော့ရုန်အကြီးအကဲတွေ အလွန်အမင်းစိတ်လှုပ်ရှားလာကြတယ်။

 

ဒါက အခွင့်ရေးကောင်းတစ်ခုပဲမဟုတ်ဘူးလား?

 

အခွင့်အရေးက ခေါင်းပေါ်ကိုရောက်နေချိန်မှာ သူတို့ လက်မလှမ်းခဲ့ရင် အရူးဖြစ်သွားမှာပေါ့!

 

ရုန်ကျန်းရဲ့ ပထမဦးလေးကြီးနဲ့ တတိယဦးလေးတို့က အပေါ်ထပ်ကိုတိုက်ရိုက်တက်သွားခဲ့ကြတယ်။

 

ဒါရိုက်တာရုန်တို့ ဘာကိစ္စများရှိလို့ပါလဲ

 

ရုန်မိသားစုရဲ့ဦးလေးကြီး ရုန်ဝေ့ရုံနဲ့ ဦးလေးရုန်ဝေ့ဖင်းတို့က ဥက္ကဋ္ဌရုံးခန်းထဲမှာရှိတဲ့ ရုန်ကျန်းရဲ့ရုံးခန်းဆီကို တိုက်ရိုက်လျှောက်လာခဲ့ပြီးနောက် ရုန်ကျန်းရဲ့လက်ထောက် လျို့ရှင်းဆီမှာ ယဥ်ကျေးစွာနဲ့ အတားခံလိုက်ရတယ်။

 

ဥက္ကဋ္ဌရဲ့ရုံးခန်းမှာ အတွင်းရေးမှုးခုံတွေရှိနေသေးပြီး လီရှင်းလိုမျိုး အထူးသီးသန့်လက်ထောက်တစ်ယောက်က ဧည့်သည်တွေကို ဒီလိုမျိုးလာရောက်တားစီးနေစရာမလိုအပ်ဘူး။

 

သို့ပေမဲ့ အခုရောက်လာတဲ့လူနှစ်ယောက်ရဲ့ အထောက်အထားက ရင်ဆိုင်ဖို့ရာအတွက် တကယ်ကိုခက်ခဲလွန်းတယ်။ ဒီတော့ ဥက္ကဋ္ဌရုံးခန်းထဲမှ အတွင်းရေးမှူး ညီအစ်မတွေက အနည်းငယ်ကြောက်ရွံ့နေကြတာကြောင့် လျို့ရှင်း ကိုယ်တိုင် ထွက်လာခဲ့ရတာပဲ။

 

အိုး အမှန်ပဲ.. ငါ ရှော့ပင်းစင်တာ အဆောက်အအုံ ဆောက်လုပ်ရေးအတွက် တည်နေရာကိုမပြောရသေးလို့.. ဒီအကြောင်းကို မင်းနဲ့လည်းမပြောနိုင်ဘူးလေ.. အခု ရှောင်ကျန်း ရုံးခန်းထဲမှာရှိလား

 

ရှိပါတယ်.. ဒါပေမဲ့ ဥက္ကဋ္ဌက အခုချိန်မှာ ဘယ်ဧည့်သည်ကိုမှ လက်ခံတွေ့ဆုံမှာမဟုတ်ဘူးလို့ ပြောထားခဲ့တယ်.. ဒီတော့....

 

ရုန်ဝေ့ဖင်းနဲ့ ရုန်ဝေ့ရုံတို့က ရုန်ကျန်းရုံးခန်းထဲမှာရှိနေပေမဲ့ ဘယ်ဧည့်သည်ကိုမှ မတွေ့သေးကြောင်း ကြားလိုက်ရတော့ မျက်လုံးတွေ တောက်ပသွားခဲ့တယ်။

 

လှည့်စားမှုတစ်ခုခုကတော့ ရှိနေပြီပဲ!

 

ဟားဟား!

 

သူပြောခဲ့သားပဲ။ မိန်းမတွေကို စိတ်မဝင်စားတဲ့ ဘယ်လိုယောကျာ်းမျိုးရှိနေမှာမို့လို့လဲ။

 

ကောင်းပြီ။ သူက ယောကျ်ားတွေကိုစိတ်ဝင်စားပြီး ကုမ္ပဏီကိုတောင် ခေါ်လာခဲ့သေးတယ်။

 

ဒါက လူတွေဆီကို ဘယ်လိုလေထုမျိုးဖြစ်သွားစေလောက်မလဲ?!..မဟုတ်ဘူး သူ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ သေချာအောင်ကြည့်ရမယ်။ မဟုတ်ရင် သူ့ညီကိုသွားပြောချိန်မှာ ဘယ်ပြောနိုင်ပါ့မလဲ?

 

ဒီတစ်ယောက်က လူတွေကို ကုမ္ပဏီအထိတောင်ကစားဖို့ခေါ်လာခဲ့သေးတယ်။ သူဘာတွေ ပြောလာမလဲဆိုတာ ကြည့်ကြတာပေါ့။

 

ရုန်ဝေ့ဖင်း လျို့ရှင်းရဲ့လမ်းကိုတားထားလိုက်ပြီး ရုန်ဝေ့ရုံက တစ်ဖက်လူအာရုံမစိုက်ခင်မှာ ရုန်ကျန်းရဲ့ရုံးခန်းဆီ တိုက်ရိုက်ဝင်သွားခဲ့တယ်။

 

ဒါက သူတို့တွေ အပေါ်ကိုရောက်မလာခင်ကတည်းက ဆွေးနွေးထားခဲ့တာပဲ___

 

လျို့ရှင်းအတွက် တားဆီးဖို့ အခွင့်အရေးမပေးခဲ့ဘူး။ တကယ်လို့ သူ့ကိုဖမ်းချင်ရင် အံ့သြတကြီးနဲ့တောင် အဖမ်းခံလိုက်မယ်။ လာဖမ်းလိုက်လေ!

 

ရုန် မိသားစုရဲ့ဦးလေးက တံခါးနားကို လျှောက်သွားချိန်မှာ အကြီးဆုံးတူရဲ့ အသံကိုကြားလိုက်ရတယ်။

 

အားများနေသေးလား

 

နာရင်ပြော

 

ငါ ညင်သာပေးရဦးမလား”’

 

ရုန်ဝေ့ရုံရဲ့အိုမင်းနေတဲ့မျက်နှာက နီရဲသွားတယ်။

 

ကောင်းလိုက်တဲ့ကောင်ပဲ။

 

သူ့ရဲ့အကြီးဆုံးတူက အပြင်ပန်းမှာတော့ ရေခဲတုံးလိုလူမျိုးပဲ။ သူကဖျော်ဖြေရေးနေရာတွေဆီကို သွားခဲ့တဲ့အချိန်မျိုးမှာတောင် ဘယ်သူ့ကိုမှ မခေါ်ခဲ့ဖူးဘူး။ မိန်းကလေးတစ်ယောက်က သူ့ဆီကို အရင်အစပျိုးပြီးသွားခဲ့မယ်ဆိုရင်တောင် သူက တင်းမာတဲ့ အမူအယာနဲ့ရှောင်ရှားသွားလိမ့်မယ်။

 

စိတ်ခံစားမှုပိုင်းမှာ သူ့ရဲ့တူအကြီးဆုံးက ခက်ခဲတဲ့ ပုံစံမျိုးဖြစ်ပုံပဲ။

 

ဒီလိုလှိုင်းကြမ်းမျိုးက... ဒီကိုရောက်လာတဲ့ သူ့ကို အမှန်တကယ်သည်းမခံနိုင်လောက်အောင်ဖြစ်စေတယ်။

 

ရုတ်​တရက်​ အတွင်းမှ ​အာ့ခနဲအသံထွက်ပေါ်လာတာကြောင့် ရုန်ဝေ့ရုန် စိတ်လှုပ်ရှားစွာကြည့်လိုက်တယ်။

 

 အခုပဲ!

 

ကံကောင်းစွာနဲ့ လျို့ရှင်းက နောက်ဆုံးမှာ ရုန်ဝေ့ဖင်းကိုတားဆီးနိုင်ခဲ့ပြီး အလျှင်အမြန်လျှောက်လာခဲ့တယ်။

 

မစ်စတာရုန် ဥက္ကဋ္ဌက အခုချိန် သူဘယ်ဧည်သည်ကိုမှမတွေ့ဘူးလို့ ပြောထားပါတယ်.. ရုန်.....

 

ရုန်ဝေ့ရုံက ဘယ်မှာ နားထောင်နိုင်ချိန်ရှိမှာလဲ?

 

သူက တံခါးလက်ကိုင်ကိုလှည့်ပြီး တံခါးကို တွန်းဖွင့်လိုက်တယ်။

 

ရှောင်ကျန်း.. ဒီလူငယ်လေးက တကယ်ကိုခွန်အားတက်ကြွနေတာပဲ.. ဒါပေမဲ့ အချိန်အခါနဲ့ နေရာဒေသကိုတော့ သိတတ်ဖို့လို....

 

ရုံးခန်းထဲမှာတော့ ရုန်ကျန်းက တံခါးကို ကျောခိုင်းပြီးထိုင်နေကာ လက်ထဲမှာ ရေခဲထုပ်တစ်ထုပ်ကိုကိုင်ထားပြီး လူငယ်လေး ရဲ့နဖူးကို ဖိပေးနေခဲ့တယ်။

 

လူငယ်လေးရဲ့ မျက်နှာက ရုန်ကျန်းနဲ့ကွယ်နေတာကြောင့် သေသချာချာမမြင်ရပေမဲ့ ရုန်ဝေ့ရုံအတွက် တစ်ဖက်လူက ယောကျာ်းလေးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။

 

ရုန်ဝေ့ရုံ သူ့လည်ချောင်းထဲမှ သွေးတစ်ပွက်လောက်က အပြင်ကိုမထွက်နိုင် အထဲကိုလည်းပြန်မကျပဲ ဆို့နင့်နေသလို ခံစားလိုက်ရတယ်။

 

ဖာ့ခ်!

 

ရုန်ဝေ့ရုံ စိတ်ထဲကနေဆဲရေးလိုက်တယ်။

 

ရေခဲထုပ်လေးပဲ ကပ်နေတာလား။ မင်း ဘာလို့ ဒွိဟဖြစ်စရာတွေ ပြောနေရတာလဲ?

 

သို့ပေမဲ့ လိင်အထောက်အထားကတော့ မှားမနေဘူးပဲ။

 

တောင်းပန်ပါတယ် ဥက္ကဋ္ဌရုန်

 

လျို့ရှင်းက ရုံးတံခါးပေါက်ဝနားမှာ ရှက်ရွံ့နေတဲ့အကြည့်နဲ့ပေါ်လာခဲ့တယ်။

 

ရုန်ကျန်း မကျေမနပ်ဖြစ်သွားပေမဲ့ သူ့ရုံးခန်းကို ဖောက်ထွင်းဝင်ရောက်လာတဲ့ ဦးလေးနှစ်ယောက်ရှေ့မှာ အရှက်မရစေချင်တာကြောင့် သူ့ရဲ့လက်ထောက်ကို လှမ်းပြောလိုက်တယ်

 

မင်း အရင်ထွက်သွားလိုက်ဦး

 

ကောင်းပါပြီ ဥက္ကဋ္ဌရုန်

 

လျို့ရှင်း တံခါးကို ပြန်ပိတ်ပေးပြီးထွက်သွားခဲ့တယ်။

 

ရုန်ဝေ့ဖင်းက ရုန်ဝေ့ရုံနဲ့ ညီအစ်ကိုဖြစ်ဖို့ထိုက်တန်လွန်းတယ်။ သူက ရုန်ကျန်းရဲ့ရုံးခန်းထဲမှာ ကောင်လေးတစ်ယောက်ဖွတ်ထားတာကို မြင်တွေ့လိုက်ရတာနဲ့ သူ့နှလုံးသားအောက်ခြေမှ ဝမ်းမြောက်မှုကို ချုပ်တည်းပြီး အကြီးတစ်ယောက်လို အမူအယာနဲ့မေးလာတယ်။

 

ဒါက သင့်တော်တယ်လို့ထင်နေတာလား

 

ရုန်ကျန်းရဲ့မျက်လုံးတွေက မည်းမှောင်သွားခဲ့တယ်။

 

ဦးလေးတို့ရဲ့စကားတွေက ဘာအဓိပ္ပါယ်လဲ

 

ရုန်ရုန်က သူ့ရဲ့ခေါင်းတစ်ဝက်ကို ထုတ်ဖော်ပြလာပြီး လှပတဲ့မျက်နှာလေးပေါ်မှာ အပြုံးတစ်ခုကိုတပ်ဆင်ထားခဲ့ကာ:

 

ကောကော .. ဒီ ပထမဦးလေးနဲ့ တတိယဦးလေးက တစ်ခုခုကိုကြားလာတာဖြစ်ရမယ်.. ကျွန်တော်ထင်တာတော့ ကောကောဆီမှာ ချစ်သူလေးရှိနေပြီး.. ချစ်သူလေးကို ခေါ်လာတယ် ဆိုတာမျိုး.... ကောကော ကျွန်တော့်ကို ကုမ္ပဏီဆီခေါ်လာခဲ့တာကိုလေ

 

ရုန်ရုန် သူ့ကိုယ်သူ လက်ညိုးထိုးပြီး တောက်ပစွာပြုံးလိုက်တယ်။

 

ဒါက . . ကောကောရဲ့ ဝက်မြီး*ကို လာဖမ်းချင်တာထင်တယ်

 

(T/n_ အမှားကျူးလွန်ထားတာကို လာဖမ်းချင်တာ)

 

***