Ch 19
Viewers 24k

(19)

 

ရုန်ရုန်လား?!

 

ဘယ်လိုလုပ် ရုန်ရုန်ဖြစ်နေရတာလဲ?

 

ရုန်ဝေ့ရုံနဲ့ ရုန်ဝေ့ဖင်းတို့ညီအစ်ကိုတွေ ကြောင်အမ်းသွားတယ်။

 

သူတို့တွေ ဒီလို ဘယ်လိုများကျော်ဖြတ်လာခဲ့ရသလဲ!

 

ဘာကိုလှပတဲ့လူငယ်လေးလဲ!

 

ဒီသောက်ရုန်ရုန်!

 

ကုမ္ပဏီရဲ့ဝန်ထမ်းတွေက မသိခဲ့ဘူးဆိုရင် အဆင်ပြေပါသေးတယ်။ ဘယ်လိုလုပ်ပြီး ရုန်ဝေ့ရှန်နဲ့ ဟိုးအရင်ကတည်းက တိုက်ခိုက်ခဲ့တဲ့ လူအိုကြီးတွေကပါ သတိမမူမိခဲ့ကြတာလဲ!

 

နောက်ပြီး ဒီအရှုံးသမားလေးကလည်း ရှားရှားပါးပါး လူတွေကြားထဲကိုပေါ်ထွာ်လာတယ်။ လူအိုကြီးတွေက သူတို့ငယ်ငယ်တုန်းကပဲ ဒီလိုတည့်နေတာကို မြင်ခဲ့ဖူးတာလေ။ ဒီညီအစ်ကိုနှစ်ယောက်က အမြဲတမ်း စကားများနေခဲ့ကြတာမဟုတ်ဘူးလား?

 

ရုန်ကျန်းက ဘာလို့ ဒီနေ့မှာ သူ့ကို ကုမ္ပဏီဆီခေါ်လာခဲ့ရတာလဲ?

 

မင်းရဲ့သားကြီးက ကုမ္ပဏီကိုစီမံခန့်ခွဲနေတာ မလုံလောက်သေးလို့ သားအငယ်ကိုပါ ကုမ္ပဏီထဲကိုသွင်းချင်နေတာလား?

 

မင်းက ရုန်လုပ်ငန်းစုကို မင်းတို့မိသားစုနဲ့ပဲ သက်ဆိုင်တယ်လို့ တကယ်တွေးနေတာလား?

 

ရုန်ကျန်းက အရူးမဟုတ်ဘူး။ ဒီဦးလေးနှစ်ယောက်က ဆိုးရွားတဲ့ရည်ရွည်ချက်တွေနဲ့ ရောက်လာတယ်ဆိုတာကို သူဘယ်လိုလုပ် မသိပဲနေမှာတဲ့လဲ? သူတို့က ရုန်ရုန်ကို သူ့ရဲ့အချစ်လေးလို့ အထင်လွဲပြီး အပြစ်ရှာဖို့ရောက်လာကြတာပဲ။

 

ရုန်ကျန်း မျက်မှောင်ကြုတ်လိုက်ပြီးရေခဲထုပ်ကို ရုန်ရုန်ရဲ့နဖူးမှာ ထပ်မံဖိပေးလိုက်တယ်။

 

အဓိပ္ပါယ်မရှိတာတွေမပြောနဲ့

 

ရုန်ရုန် သူ့အစ်ကိုရဲ့ဥာဏ်ရည်ထက်မြတ်ပုံနဲ့ နားမလည်ပဲနေလိမ့်မယ်လို့မယုံဘူး။

 

သူ့အစ်ကိုက ဒီဦးလေးနှစ်ယောက်အတွက် မျက်နှာချန်ထားပေးချင်နေတာပဲ။

 

ဒါပေါ့။ မျက်နှာပေးတယ်ဆိုတာက ထိုလူတွေနဲ့ ထိုက်တန်ရဲ့လားဆိုတဲ့အပေါ်မူတည်သေးတယ်။

 

ရုန်ရုန်ရဲ့ မျက်နှာပေါ်မှအပြုံးက လျော့ပါးမသွားခဲ့ဘူး။

 

ကျွန်တော်က အဓိပ္ပါယ်မရှိတာတွေပြောနေလို့လား? ဦးလေးတွေက နှုတ်တောင်မဆက်ခဲ့ဘူးလေ.. သူတို့က တံခါးကို တွန်းဖွင့်ဝင်လာပြီး ပထမဆုံးပြောခဲ့တဲ့စကားကဘာလဲဆိုတာ မေ့သွားတာလား.. ဦးလေးတို့ မမှတ်မိရင်လည်း ကိစ္စမရှိပါဘူး..

 

ရှောင်ကျန်း.. ဒီလူငယ်လေးက အားအင်တွေပြည့်ဝနေတာ ကောင်းပါတယ်.. ဒါပေမဲ့ ငါတို့တွေ အချိန်နဲ့နေရာကို အာရုံစိုက်ဖို့လည်း လိုသေးတယ်လေ..

 

ဒီအာရုံစိုက်ဖို့လိုတယ်ဆိုတာက ဦးလေးတို့ ဘာကိုပြောချင်တာလဲ?

 

အိုး .. ကျွန်တော်ပြောချင်တာက ဒါက အလုပ်ချိန်ဖြစ်နေတာဆိုတော့ ဦးလေးတို့ကို မေးဖို့ မသင့်တော်တာများလား..

 

ကျွန်တော်က ကျွန်တော့်ရဲ့နဖူးကိုဆောင့်မိထားလို့ ယာင်ကိုင်းနေတဲ့အတွက် ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို ရေခဲထုပ်ကပ်ပေးနေတာလေ.. ဒါက ကောင်းသလား ဆိုးသလား ဒါမှမဟုတ် သင့်တော်လား မသင့်တော်ဘူးလားဆိုတာကို မေးစရာမလိုဘူးမလား?

 

ကောကောက ကျွန်တော် ပြောတာ အဓိပ္ပာယ်မရှိဘူးလို့ တွေးနေရင် ဦးလေးတို့နှစ်ယောက် အခုလေးတင်ပြောခဲ့တဲ့စကားက ဘာအဓိပ္ပါယ်လဲဆိုတာ ပြန်မေးကြည့်လိုက်ပါလား .. တကယ်လို့ ကျွန်တော်မှားနေတာဆိုရင် ကျွန်တော် သူတို့ကို ပြန်တောင်းပန်လိုက်မယ်

 

ရုန်ဝေ့ရုံ စိတ်ထဲကနေ သူ့အမေကိုကျိန်ဆဲလိုက်တယ်။

 

သူ့တူလေးရဲ့စရိုက်က သဘောကျစရာမကောင်းဘူးဖြစ်နေတုန်းပဲ။

 

ရုန်ဝေ့ဖင်းက မိသားစုထဲမှာ အငယ်ဆုံးကလေးပဲ။ မစ်စတာရုန်က သူငါးနှစ်အရွယ်ကတည်းကထွက်သွားခဲ့တာ။ ဒီတော့ အစ်ကိုကြီးတွေနဲ့ အစ်မတွေက သူငယ်ရွယ်လွန်းတဲ့အချိန်မှာ အဖေကိုဆုံးရှုံးလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်ခဲ့ကြတယ်။ ဒီတော့ သူတို့ရဲ့ညီ/မောင်အငယ်ဆုံးလေးအပေါ် အလိုလိုက်ခဲ့ကြတာကြောင့် ဒီအရွယ်ကိုရောက်လာခဲ့ချိန်မှာ ရုန်ဝေ့ဖင်းက တည်ငြိမ်လာခဲ့ခြင်းမရှိပဲ ပိုမိုဆိုးရွားလာခဲ့တယ်။

 

ဘာကိုရှင်းပြရမှာလဲ.. ငါက မင်းလို ကောင်စုတ်လေးကို ရှင်းပြချက်ပေးနေရဦးမှာလား? ဒီနေရာမှာ မင်းအတွက် စကားပြောစရာ ဘာအခွင့်အရေးရှိနေလို့လဲ?

 

ရုန်ဝေ့ဖင်းက ရုန်ကျန်းအပေါ်မှာတော့ အနည်းငယ်ယဥ်ကျေးတယ်။ အခုချိန်မှာ ရုန်ကျန်းက ကုမ္ပဏီကို စီမံအုပ်ချုပ်နေသူဖြစ်တဲ့အတွက် သူတို့တွေ မျက်နှာသာမပေးပဲ မနေရဲဘူးလေ။

 

ဒီရုပ်ရည်ကလွဲပြီး ကျန်တဲ့နေရာဘာတစ်ခုမှအသုံးမကျတဲ့ ပေါ့တီးပေါ့ပျက်တူဖြစ်သူကိုတော့ လုံးဝဂရုမစိုက်လေဘူး။

 

ရုန်ရုန် ငယ်ငယ်လေးကတည်းက ဒီဦးလေးနှစ်ယောက်က အခုလိုပဲ။ သူ့ကိုအထင်သေးစွာကြည့်တတ်ပြီး ဟာသလုပ်ကာ လှောင်ရယ်ကြလိမ့်မယ်။

 

ဖြစ်နိုင်တာက သူ့ရဲ့အစ်ကိုဖြစ်သူက သူတို့တွေ အပြစ်ရှာမရလောက်အောင် ကောင်းမွန်ပြည့်စုံနေခဲ့တဲ့အတွက် သူ့အပေါ်မှာပဲ ပုံချပြီး လှောင်ပြောင်စရာရှာတွေ့ခဲ့ပုံပဲ။

 

သူတို့ရဲ့ ဝမ်းကွဲတွေက တစ်ယောက်ပြီးတစ်ယောက် သာမန်အဆင့်လောက်မှာသာရှိနေတာကြောင့် သူ့အစ်ကိုကြီးရဲ့ ထူးချွန်ထက်မြတ်မှုတွေဆီက ဝေးကွာလွန်းခဲ့ပြီး ဦးလေးတွေကို မနာလိုဖြစ်စေခဲ့တယ်။

 

ရုန်ရုန် အရင်တုန်းကတော့ အမှန်တရားကို နားမလည်ခဲ့ဘူး။

 

သူတို့တွေ သူနဲ့သူ့အစ်ကိုကို နှိုင်းယှဥ်ပြလာလေလေ သူက သူ့ကိုယ်သူ သဘောမကျဖြစ်လာလေ ဖြစ်ခဲ့ပြီး သူ့အစ်ကိုနဲ့ဝေးကွာခဲ့ကာ ဦးလေးတွ ပိုပြီးဟာသလုပ်စရာဖြစ်အောင် ပြုမူခဲ့မိတယ်။

 

အတိတ်တုန်းကသာ ရုန်ဝေ့ဖင်းက ဒီလိုပြောလာရင် ရုန်ရုန်က တံခါးကိုအသံမြည်အောင်ပိတ်ပြီး ထွက်သွားခဲ့လိမ့်မယ်။

 

သူ့ရဲ့အဖေက သူ့ရဲ့မိသားစု၊ သူ့ဦးလေးနှစ်ယောက်နဲ့ အန်တီနှစ်ယောက်အပေါ်မှာ အရမ်းကိုဂရုစိုက်ခဲ့တယ်။ ရုန်ရုန်က ဒီနှစ်ဖက်ကို ပဋိပက္ခဖြစ်ပြီး သူ့အဖေ အလည်မှာညှပ်နေရမှာကို မဖြစ်စေချင်ခဲ့ဘူး။

 

အတိတ်ဘဝတုန်းက သူ သည်းခံခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာ ဘာဖြစ်သွားခဲ့လဲ?

 

အဲဒီဦးလေးနှစ်ယောက်က မီးကို လောင်စာတွေထည့်ခဲ့ပြီး သူ အာရုံမစိုက်တဲ့အချိန်မှာ သူ့အဖေကို တရားစွဲဆိုကာ လျော်ကြေးပေးဖိုး တောင်းဆိုခဲ့ကြတယ်လေ။

 

ဘယ်ရော ညာရောကနေ နာမည်ဖျက်ဖို့ လုပ်ခဲ့ကြတယ်။

 

သူာ ဘယ်လိုလုပ် ဆက်ပြီး ထိုင်နေနိုင်မှာတဲ့လဲ?

 

ကိစ္စကြီးကြီးမားမားတစ်ခုခုဖြစ်လာရင် သူ့ရဲ့အဖေကိုချော့မော့လိုက်မယ်။ အဲဒါကိုမှ အလုပ်မဖြစ်သေးရင် သူ့အမေကိုပါ အိပ်ယာဝင်စကားတွေပြောခိုင်းလိုက်မယ်။ သူ့အဖေက သူ့ကို ခွင့်မလွှတ်ပဲနေလိမ့်မယ်လို့တော့ မယုံဘူး။

 

အတိတ်ဘဝတုန်းက သူကိုယ်တိုင်က သူ့ရဲ့လမ်းကို ကျဥ်းမြောင်းအောင်လုပ်ခဲ့မိတာလေ။

 

 

တတိယဦးလေး.. ဒီစကားကိုသိလား.. လူတွေက ကျိုးကြောင်းဆီလျော်မှုမရှိတာကို လုပ်နေပေမဲ့ သူ့ရဲ့အကြီးဆိုတဲ့ဂုဏ်ပုဒ်နဲ့ တခြားလူတွေကိုဖိနှိပ်လိမ့်မယ်

 

ရုန်ရုန်က ရုန်ဝေ့ဖင်းရဲ့စကားတွေကိုနားထောင်ပြီး တစ်ဖက်လူက အကြီးဆိုတဲ့ဂုဏ်နဲ့ဖိချချင်နေတာကိုကြားတော့ စိတ်အနှောင့်အယှက်ဖြစ်ပုံကို ပြမလာခဲ့ဘူး ။ သူက ပြုံးနေပုံရပေမဲ့ တကယ်ပြုံးနေပုံလည်း မရှိတဲ့မျက်နှာနဲ့ ထိုမြေခွေးအိုကြီးရဲ့စကားတွေကို အဓိပ္ပါယ်ဖွင့်ပြလာတယ်။

 

ရုန်ဝေ့ဖင်းက သူ့ရဲ့စကားကိုကြားတော့ ပိုပြီးဒေါသထွက်လာကာ သူ့ရဲ့မျက်နှာက မည်းမှောင်လာခဲ့တယ်။

 

မင်း ငါ အကြီးဆိုတာကိုတော့ သိသေးတယ်ပေါ့? အကြီးတစ်ယောက်ကို မင်း ဘယ်လိုစကားမျိုးပြောနေတာလဲ

 

လူတွေက ကျွန်တော့်ကို ခြေတစ်လှမ်းစာ လေးစားမှုပေးရင် ကျွန်တော်က သူတို့ကို ခြေလှမ်းဆယ်လှမ်းစာ ပြန်လေးစားပေးမှာပါ.. ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်အကြီးမှန်းသိနေရင် အကြီးပီသအောင်နေသင့်တယ်.. ကွဲပြားတဲ့အထောက်အထားကိုသုံးပြီး လူတွေကို လိုက်ဖိနှိပ်ချင်မနေနဲ့.. အကြီးကတောင် အကြီးတစ်ယောက်ရဲ့လေးစားသင့်တဲ့အမူအယာမျိုးရှိမနေရင် အငယ်တစ်ယောက်အနေနဲ့ ကျွန်တော်က အဲဒီအပြုအမူတွေကနေ ဘာလို့ မသင်ယူနိုင်ရမှာလဲ

 

မင်း!

 

ရုန်ဝေ့ဖင်း အလွန်အမင်းဒေါသထွက်လာပြီ!

 

ဒီတူလေးက ဘယ်အချိန်ကတည့်က ဒီလောက်လျှာစောင်းထာ်လာရတာလဲ?

 

အရင်တုန်းကဆို စူပုတ်နေတဲ့မျက်နှာနဲ့ပဲ လှည့်ထွက်သွားတတ်တာမဟုတ်ဘူးလား?

 

ဒီညီအငယ်ဆုံးကတော့ ငယ်ငယ်တုန်းကတည်းက စိတ်မြန်ခဲ့ပြီး ဒီလောက်ကြီးလာတာတောင် သူ့ရဲ့ဦးနှောက်ကို သုံးဖို့ မသင်ယူခဲ့သေးဘူး။

 

ရုန်ဝေ့ရုံ စိတ်ထဲကနေ သူ့ရဲ့ညီဖြစ်သူ ရုန်ဝေ့ဖင်းကို မထီမဲ့မြင်ပြုနေခဲ့ပေမဲ့ အပြင်ပန်းမှာတော့ အစ်ကိုကောင်းတစ်ယောက်၊ အကြီးအကဲကောင်းတစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ။

 

ရုန်ရုန် ဘာပဲဖြစ်ဖြစ် မင်းရဲ့ဦးလေးက အကြီးပဲ.. ဒါက နားလည်မှုလွဲသွားတာပါ.. မိသားစု အချင်းချင်း စကားပြောနေတာပဲလေ.. ဘာလို့ ရန်လိုနေရမှာလဲ

 

ရုန်ဝေ့ရုန်က ဘယ်သူ့ကိုမှ ဆွဲမထည့်ပဲ ဘေးဘက်အမြင်နဲ့ပြောလာတယ်။

 

စကားတစ်ခွန်းတည်းနဲ့ ရုန်ရုန်နဲ့ ရုန်ဝေ့ဖင်းကို နေရာချပေးလိုက်တယ်___

 

ရုန်ရုန်က အကြီးတွေကို ဘယ်လိုလေးစားရမလဲဆိုတာကိုမသိဘူး။ ရန်လိုစွာနဲ့ စကားပြောနေတယ်။

 

မိသားစုတဲ့လား?

 

ရုန်ရုန် အန်မိတော့မလိုပဲ။

 

တကယ်လို့ ဒီဦးလေးတွေကသာ သူနဲ့ ရုန်ကျန်းကို မိသားစုလို့သတ်မှတ်ခဲ့ရင် အပြင်က လေတွေမိုးတွေရဲ့အသံကိုနားထောင်ပြီး အမှန်တရားကဘာလဲဆိုတာတောင်မသိခဲ့ပဲ ရုန်ကျန်းကိုအပြစ်ရှာနိုင်ဖို့ အလျင်စလို ထွက်လာခဲ့ပါ့မလား?

 

ဒီလိုမျိုး အကျည်းတန်လွန်းတဲ့အပြုအမူတွေက ရွံစရာကောင်းလွန်းတယ်။