Ch 20
Viewers 24k

20

 

ရုန်ဝေ့ရုန်က အထင်လွဲတယ်ဆိုတဲ့စကားနဲ့ ဒီကိစ္စကိုဖုံးပစ်ချင်နေပေမဲ့ ရုန်ရုန်ကတော့ သူ့ရဲ့အစီအစဥ်အတိုင်း လိုက်လျောပေးမှာမဟုတ်ဘူး။

 

သူက ရုန်ဝေ့ရုန်ရဲ့စကားကိုအကျအနကောက်ကာ လှည့်ဖြားလိုစွာပြုံးလိုက်တယ်။

 

ပထမဦးလေးက ကျွန်တော်နဲ့ ကောကောကို အထင်လွဲခဲ့တယ်ဆိုတာ အခုလေးတင် ဝန်ခံလိုက်တာလား

 

ရုန်ဝေ့ရုန်ကတော့ အကြီးဆုံးအကိုဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူက ရုန်ဝေ့ဖင်းထက်တည်ငြိမ်ပြီး ရုန်ဝေ့ဖင်းလိုမျိုး ရုန်ရုန်ရဲ့စကားနည်းနည်းလောက်နဲ့ ဒေါသထွက်မလာခဲ့ဘူး။

 

ငါပြောတဲ့ အထင်လွဲတာက မင်း ငါနဲ့ မင်းရဲ့တတိယဦးလေးကိုဆက်ဆံပုံကိုပြောနေတာ.. ဒါကလုံးဝအထင်လွဲနေတာပဲလေ.. ဒါပေါ့ ငါတို့လိုအကြီးနှစ်ယောက်က မင်းလိုအငယ်ကို ဂရုစိုက်နေမှာမဟုတ်ဘူး.. ဒါပေမဲ့ ရုန်ရုန် မင်းက ကလေးမဟုတ်တော့ဘူးနော်.. မင်းအကြီးတွေနဲ့စကားပြောတဲ့အချိန် ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းပြောနေလို့မရဘူး.. ဒါက စည်းကမ်းမရှိတာပဲ..

 

ပြောရရင် မင်းဦးလေးနဲ့ငါနဲ့က ကောင်းကောင်းမွန်မွန်ပြောနေတာ.. မင်းရဲ့အဖွားရှိနေတုန်းကသာ မင်း ဒီလိုစကားမျိုးပြောလာရင် ဘိုးဘွားခန်းမှမှာတောင် ဒူးထောက်နေဖို့ အပြစ်ပေးခံရလိမ့်မယ်..

 

လောကဝတ်နဲ့ အပြုအမူကောင်းတွေရှိဖို့ မင်းရဲ့အစ်ကိုဆီကနေသင်ယူသင့်တယ်.. ဟေး တစ်မိဘတည်းကမွေးလာပြီးတော့ မင်းနဲ့ ရှောင်ကျန်းက ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ....

 

ဒီအထိပြောပြီးနောက် ရုန်ဝေ့ရုံက ရည်ရွယ်ချက်ရှိရှိ ခဏရပ်နားပြီးမှ ဆက်ပြောလာတယ်

 

ရုန်ရုန် ဒီဦးလေးက အမြဲတမ်း စကားကိုဖြောင့်ဖြောင့်ပဲပြောတတ်တယ်.. ဒါပေမဲ့ ဒါတွေအားလုံးက မင်းရဲ့ကောင်းကျိုးအတွက်ပဲ.. မင်းရဲ့ဦးလေးကိုတော့ စိတ်မဆိုးဘူးမလား?

 

ဒါတွေအားလုံးက မင်းအတွက်ပဲ...

 

မင်းရဲ့ဦးလေးကိုစိတ်မဆိုးဘူးမလား

 

ဒီစကားနှစ်ခွန်းရဲ့ လက်ဖက်စိမ်းနံ့က ပြင်းထန်လွန်းတယ်။

 

ရုန်ရုန် ရယ်မောလိုက်မိတယ်။

 

သူ ပါးစပ်ကိုဖွင့်ဟပြီး ပြောခါနီးမှာပဲ သူ့ရဲ့လက်ကို ဆုတ်ကိုင်ခံလိုက်ရပြီး သူ့အစ်ကိုရဲ့လက်ထဲမှ ရေခဲထုတ်က သူ့လက်ထဲကိုရောက်ရှိလာတယ်။

 

ရုန်ကျန်း ဆိုဖာပေါ်မှထရပ်လိုက်ပြီး ရုန်မိသားစုရဲ့ဦးလေးတွေကို စိုက်ကြည့်လိုက်တယ်။

 

ဦးလေးတွေကို အတင့်ရဲပြီးမေးပါရစေ.. လောကဝတ်နဲ့ အပြုအမူကောင်းဆိုတာကဘာများလဲ?

 

ရုန်ဝေ့ရုံရဲ့မျက်နှာက ချက်ချင်းပဲ ရုပ်ဆိုးသွားရတယ်။

 

ဒါက မေးခွန်းလား?

 

သူဘာပြောလိုက်လဲဆိုတာကို နားထောင်ကြည့်လိုက်ဦး?

 

ရုန်ဝေ့ရုန် ပြန်လည်မတိုက်ခိုက်နိုင်ခင်မှာပဲ ရုန်ဝေ့ဖင်းက ဒေါတတကြီးနဲ့ သူ့ရဲ့အစ်ကိုကြီးအတွက် ရုန်ကျန်းကိုသင်ခန်းစာပေးဖို့တွေးလိုက်တယ်။

 

ရှောင်ကျန်း မင်းဘာပြောချင်တာလဲ.. မင်းက အစ်ကိုကြီး ရုန်ရုန်ကိုသင်ခန်းစာပေးနေတာ မှားတယ်လို့ ပြောချင်နေတာလား.. မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့မျက်လုံးထဲမှာ ငါနဲ့ အစ်ကိုကြီးကို အကြီးတွေလို့ရော မြင်သေးရဲ့လား

 

အတိတ်တုန်းကလည်း ရုန်မိသားစုရဲ့ဦးလေးတွေက ရုန်ကျန်းရဲ့ရုံးခန်းထဲကို ခွင့်ပြုချက်မရဘဲ လျို့ရှင်းကိုပထုတ်ကာ ဝင်လာတာမျိုးတွေ မကြာခဏလုပ်လေ့ရှိတယ်။

 

ရုန်ကျန်းသည်လည်း ဒီရုန်မိသားစုရဲ့ဦးလေးတွေက သူ့အဖေ ကုမ္ပဏီအကြပ်အတည်းကာလမှာ သူ့ကိုပြန်ခေါ်ခဲ့တဲ့အပေါ် မကျေနပ်တဲ့အကြောင်းကို စိတ်ထဲမှာ သေချာပေါက်သိနေခဲ့တယ်။

 

သူ့ရဲ့အဖေက သူ့မိသားစုအပေါ်မှာ အလွန်အရေးထားတဲ့သူပဲ။ ဒီတော့ ဆွေမျိုးတွေနဲ့ အကြီးတွေရဲ့အကျိုးအတွက် သူကိစ္စအများအပြားကို သည်းခံပေးထားခဲ့တယ်။

 

ဒီတစ်ကြိမ်မှာတော့ ရုန်မိသားစုရဲ့ဦးလေးနှစ်ယောက်က ရုန်ကျန်းရဲ့ မထိသင့်တဲ့ ပြောင်းပြန်အကြေးခွံကို လာထိနေခဲ့ပြီ။

 

ရုန်ကျန်းရဲ့မျက်နှာက ရှားပါးလှစွာ အေးစက်နေခဲ့တယ်။

 

အံ့ဩစရာမရှိတော့ဘူး။

 

ရုန်ရုန် အစောပိုင်းတုန်းက သူ့ကြောင့် ဖိအားတွေများလားလို့ မေးခဲ့တဲ့မေးခွန်းကို တချို့တလေတော့ရှိကြောင်းဖြေခဲ့တာ အံ့ဩစရာမရှိတော့ဘူး။

 

ဒါတွေက ဒီဦးလေးနှစ်ယောက်ဆီကနေ မြစ်ဖျားခံပြီး ဖြစ်လာခဲ့တာတွေပဲ!

 

သူ ဒီဦးလေးနှစ်ယောက်ရဲ့စရိုက်ကို ကောင်းကောင်းသိထားတယ်။

 

သူတို့တွေက ရုန်ရုန်ရဲ့ရှေ့မှာ သူ့ကိုချီးကျူးစကားတွေအများကြီးပြောခဲ့ပြီး ရုန်ရုန်ကိုသိမ်ငယ်စေခဲ့တာပဲ။

 

သူတို့က အမြဲတမ်း နှိုင်းယှဉ်ပြီး ငြင်းဆန်ခဲ့တယ်။ ဒီနှစ်တွေထဲမှာ ဒီကလေးလေးက ဘယ်လိုမျိုး ရပ်တည်ခဲ့ရတာလဲ?

 

ရုန်ကျန်း ဒေါသတရားကြောင့် တစ်ကိုယ်လုံး အနည်းငယ်တုန်ယင်နေခဲ့တယ်။

 

အံ့ဩစရာမရှိတော့ဘူး။ ရုန်ရုန်က ကလေးတုန်းက တကယ့်ကိုတက်ကြွလွန်းခဲ့တာ။ သူကြီးလာလေလေ ပိုပြီးစိတ်ဓာတ်ကျတဲ့ပုံပေါက်လာခဲ့တယ်။

 

သူနဲ့ သူ့မိဘတွေက သူ့ညီငယ်လေးက ဆယ်ကျော်သက်အရွယ်ရောက်လာလို့ တစ်ယောက်တည်းနေချင်ခဲ့တယ်လို့ ထင်ခဲ့ကြတာ။ ဒါကြောင့် သူ့ကို မနှောက်ယှက်ခဲ့ပဲ သူ့ညီလေးအတွကာ်လုံလောက်တဲ့ နေရာတစ်ခုထားပေးခဲ့ကြတယ်။

 

အဲဒီအချိန်တွေမှာ သူတို့တွေက သူ့ရဲ့ညီလေးကိုမမြင်နိုင်တဲ့နည်းလမ်းနဲ့ တွန်းထုတ်နေခဲ့ကြတာလား?

 

သူ့ရဲ့ညီငယ်လေးက သူဘာတစ်ခုမှမသိခဲ့ရဘဲ ဒီလိုမျိုး နှိုင်းယှဥ်ပြီးငြင်းဆန်ခံခဲ့ရကြောင်း သိလိုက်ရတော့ ရုန်ကျန်း အလွန်အမင်းစိတ်ပျက်သွားခဲ့မိတယ်။

 

သူက အစ်ကိုတစ်ယောက်အနေနဲ့ တကယ်ကိုမှားယွင်းခဲ့တာပဲ။

 

ကလေးအရွယ်တုန်းက ရုန်ရုန်က သူ့ကိုအလွန်တွယ်ကပ်ခဲ့ပြီး အိပ်မက်ဆိုးမက်တဲ့အချိန်တိုင်းမှာလည်း သူ့အခန်းဆီကိုပြေးလာတတ်တယ်။ ဒီပေါက်စီလုံးလေးက သူ့ရဲ့လက်မောင်းတွေကြားထဲမှာ ရစ်ပတ်ခံထားရပြီး သူ့ရဲ့လည်ပင်းနားမှာပဲ အိပ်ပျော်သွားတတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ သူ့ကိုမြင်တဲ့အချိန်မှာတောင် နှုတ်မဆက်လာခဲ့တော့ဘူး။

 

မင်းဘာလို့ တစ်ခုခုမှားနေခဲ့တာကို အစောကြီးကတည်းက သဘောမပေါက်ခဲ့ရတာလဲ? ညီငယ်လေးကကြီးလာခဲ့ပြီးလို့တွေးခဲ့ပြီး လုံလောက်တဲ့ အာရုံစိုက်မှုတောင် မပေးခဲ့ဘူး?!

 

ရုန်ရုန်ရဲ့အကြောင်း ဘာတစ်ခုမှ မသိခဲ့ပဲ သူတို့ကသာ နောက်ကို ခြေလှမ်းပြန်ဆုတ်ခဲ့ဖို့ သူ့မိဘတွေက သူ့ကို သတိပေးခဲ့တယ်။ တကယ်ကို ဆိုးရွားလွန်းတာပဲ။ သူကသာ သူ့ညီငယ်လေးကို တွန်းထုတ်ပြီး အထုရိုက်ခံရစေခဲ့တာ....

 

ခွေးက ကြွက်ကို ဖမ်းနေသလိုမျိုး...

 

(T/n _ မဆိုင်တဲ့အလုပ်ကိုလုပ်နေသလိုမျိုး)

 

ရုန်ကျန်း အသက်ကိုပြင်းပြင်းရှူရှိုက်လိုက်ရင်း သူ့ရင်ဘတ်ထဲမှာ ပြည့်နှက်နေတဲ့ ဒေါသတွေကို ဖိနှိပ်လိုက်တယ်။

 

ဦးလေး.. ဒါက ကုမ္ပဏီပဲ.. ပထမဦးလေးနဲ့ တတိယဦးလေးတို့က ဒီကိုတက်လာပြီး ရုန်ရုန်နဲ့ ကျွန်တော့်ကို ဒီစကားတွေလာပြောနေသင့်တဲ့နေရာမဟုတ်ဘူး.. တကယ်လို့ အနာဂတ်မှာ မိသားစုအရေးကိစ္စအကြောင်းပြောချင်တယ်ဆိုရင် အိမ်မှာပဲပြောပါ.. ကုမ္ပဏီမှာတော့ ကျွန်တော့်မှာ တခြားဖြေရှင်းစရာကိစ္စတွေရှိနေသေးတယ်.. ဒီတော့ ဦးလေးတို့ ကျွန်တော့်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်

 

ဒီအခိုက်အတန့်မှာတောင် ရုန်ကျန်းက အကြီးတွေဆီမှာ သူ့ရဲ့လေးစားမှုကို ဖော်ပြထားနေတုန်းပဲ။

 

သို့ပေမဲ့ ရုန်ဦးလေးတွေကတော့ ထိုသို့မတွေးတာ ဝမ်းနည်းစရာပဲ။

 

ရုန်ဝေ့ဖင်းက ဒေါသတကြီးရယ်မောကာ ထေ့ငေါ့ပြောလာတယ်။

 

မင်းကအလုပ်ရှုပ်နေတယ်ပေါ့.. ငါလည်း မင်း အတော်လေးအလုပ်ရှုပ်နေတယ်လို့ထင်ပါတယ်.. မင်းရဲ့ညီကို ရေခဲကပ်ပေးဖို့အတွက် အလုပ်ရှုပ်နေတာမလား? မင်းရဲ့မိဘတွေနဲ့ မင်းတို့တွေ အဲဒီကောင်စုတ်လေးကို ဘယ်လောက်တောင် အလိုလိုက်ထားကြတာလဲ ကြည့်လိုက်ပါဦး? သူက ဒီလောက်ကြီးနေပြီ.. သူ့ခေါင်းလေး နည်းနည်းလောက်ယောင်ယမ်းနေရုံလေးကို မင်းကိုယ်တိုင် ရေခဲထုပ်ကပ်ပေးနေရသေးတယ်ပေါ့? သူ့ဆီမှာ လက်တွေ ဦးနှောက်တွေပါမလာလို့လား? ကုမ္ပဏီက မင်းရဲ့လက်ထဲမှာထားရင် အနှေးနဲ့ အမြန်ပျက်စီးရတော့မှာပဲ!

 

ဒီစကားတွေက သိမ်ဖျင်းသလို အဓိပ္ပါယ်လည်းအများကြီးပါရှိတယ်။

 

ရုန်ကျန်းရဲ့မျက်လုံးက ချပ်ချင်းပဲအေးစက်သွားခဲ့ပြီး ရုန်ရုန်က ဝင်ပြောလာတယ်။

 

ဒါဆို တတိယဦးလေးက ဒီကုမ္ပဏီကို ဘယ်သူ့ရဲ့လက်ထဲမှာထားသင့်တယ်လို့ထင်လို့လဲ.. ခင်ဗျားရဲ့လက်ထဲမှာလား?

 

ရုန်ဝေ့ဖင်းရဲ့ပါးစပ်က ဦးနှောက်ထက်ပိုမြန်တယ်။

 

သူက အထင်သေးစွာကြည့်လာပြီး:

 

မင်းက ငါ့ကိုမပေးချင်ရင် မင်းဆီကိုပေးစေချင်လို့လား..အမွှေးအတောင်တောင်မစုံသေးတဲ့ ကောင်လေးကများ....

 

ရုန်ဝေ့ဖင်း စကားတစ်ဝက်လောက်ပြောပြီးနောက် သူ့အစ်ကိုကြီးရဲ့ မည်းမှောင်နေတဲ့မျက်နှာကို မြင်တွေ့သွားတယ်။

 

ရုန်ဝေ့ဖင်း စိတ်ထဲကနေ သူ့အမေကိုကြိမ်ဆဲလိုက်တယ်။

 

ချီးပဲ!

 

ရုန်ရုန် ..အဲဒီခွေးမသားလေးက သူ့ကိုလာဖာ့ခ်သွားတာပဲ!

 

ရုန်ဝေ့ရုံက မိသားစုရဲ့အကြီးဆုံးအစ်ကိုဖြစ်ပြီး အကြီးဆုံးအစ်ကိုအခွင့်အခွင့်အာဏာကို နေသားကျနေပြီ၊ ရုန်ဝေ့ရှန်က စီးပွားရေးမှာအောင်မြင်လာခဲ့တယ်ဆိုရင်တောင် သူက ထိုဒုတိယညီဆီကနေ အရိပ်မိုးခံထားရဖို့လုံးဝကို မလိုလားခဲ့တဲ့သူပဲ။

 

ဒီတော့ ရုန်ဝေ့ဖင်းရဲ့စကားကိုကြားတဲ့အချိန်မှာ ဘယ်လိုလုပ်သဘောကျပါတော့မလဲ?

 

အစ်ကိုကြီး ကျွန်တော် ရှင်းပြတာကိုနားထောင်ပါဦး...

 

ရုန်ဝေ့ဖင်းက သူ့အစ်ကိုဆီက အလွှင့်ပစ်မခံရစေဖို့အတွက် အလျှင်အမြန်လက်မြှောက်လာတယ်။

 

ရုန်ဝေ့ရုန်က ရုန်ရုန်ကိုကြည့်ပြီး လေးနက်တဲ့အမူအယာနဲ့ပြောလာတယ်။

 

ရုန်ရုန် မင်းက အတော်လေးဥာဏ်များတာပဲ.. ဒါပေမဲ့ မင်းဥာဏ်များနေရင်တောင် ဒီနေရာမှာအသုံးမဝင်ဘူး.. မင်းရဲ့တတိယဦးလေးနဲ့ငါက ညီအစ်ကိုအရင်းတွေ.. မင်းရဲ့စကားနည်းနည်းလောက်နဲ့ ဝေးကွာသွားမှာမဟုတ်ဘူး.. ဝေ့ဖင်း သွားမယ်

 

ညီအစ်ကိုနှစ်ယောက်က ဒေါသတကြီးထွက်သွားခဲ့ကြတယ်။

 

ရုန်ရုန်က သူ့လက်ထဲမှ ရေခဲထုတ်ကိုပစ်ချပြီး ရုံးတံခါးကိုအပြေးအလွှားသွားပိတ်တယ်။

 

ဘန်းခနဲမြည်သံနဲ့အတူ သူက ရုန်ကျန်းဆီကို ပြန်ပြေးလာခဲ့ပြီး ချီးကျူးလာတယ်

 

အရမ်းမိုက်တာပဲ! ကောကော မိုက်ချက်ပဲ.. အံဖွယ်ပဲ !အံ့ဖွယ်!

 

ရုန်ကျန်း ပြန်ထိုင်လိုက်ပြီး ရုန်ရုန်ပစ်ချခဲ့တဲ့ ရေခဲထုပ်ကို ပြန်ကောက်ယူလိုက်ပြီ ရုန်ရုန်ကို ဆိုဖာဆီ ဆွဲချလိုက်တယ်။ 

 

ထိုင်ဦး

 

ရုန်ရုန် လက်မောင်းတွေကို ဖြန့်ကားပြီး ဆိုးသွန်းနေတဲ့ သခင်လေးတစ်ယောက်လိုထိုင်ချလိုက်တယ်။ ရုန်ကျန်းက စည်းမျဉ်းစည်းကမ်းတွေကို အလေးထားလွန်းတာကြောင့် အတိတ်တုန်းကဆိုရင် ရုန်ရုန်ထိုင်တဲ့ပုံစံကိုပြင်ဖို့ သေချာပေါက်ပြောလိမ့်မယ်။

 

ဒါပေမဲ့ ဒီနေ့မှာတော့ ဘာမှပြောမလာခဲ့ဘူး။

 

သူ လက်လျော့ဖို့ ဆန္ဒရှိသွားပြီလား?

 

ရုန်ကျန်း ရုန်ရုန်ရဲ့နဖူးကို ရေခဲထုပ်ပြန်ကပ်ကာ ယောင်နေတာကို လျော့သွားအောင်လုပ်ရင်း လေသံနက်နက်နဲ့ပြောလာတယ်။

 

ပထမဦးလေးနဲ့ တတိယဦးလေးက မင်းရဲ့ရှေ့မှာ အမြဲတမ်း ငါနဲ့နှိုင်းယှဥ်ပြီးပြောခဲ့တာလား

 

အမြဲတမ်းတော့မဟုတ်ပါဘူး.. သူတို့တွေ အိမ်ကိုရောက်လာတဲ့အချိန်မှာ ကောကောရဲ့အဆင့်တွေကိုမေးလိမ့်မယ်.. ပြီးရင် ကျွန်တော့်အဆင့်တွေကိုမေးပြီး ကောကောကို ချီးကျူးပြီး ကျွန်တော့်ကို ကောကောကိုအတုယူသင််ကြောင်းတွေပြောတတ်တယ်

 

ရုန်ကျန်းက တုံး,အမနေဘူး။ သူ့ညီလေးရဲ့စကားထဲက အဓိပ္ပါယ်တွေက ဘယ်လိုလုပ် မသိရှိပဲနေပါ့မလဲ?

 

မျက်ဝန်းထဲမှာ တုံ့ဆိုင်းမှုတွေတွေရှိနေခဲ့ပြီး ရုန်ကျန်း တောင့်တင်းစွာနဲ့ ရုန်ရုန်ကို သူ့ရဲ့လက်မောင်းတွေထဲကို ဆွဲသွင်းလိုက်တယ်။

 

ရုန်ရုန် ကြောင်အမ်းသွားခဲ့လေတယ်။

 

သူ့ရဲ့မျက်နှာက သူ့အစ်ကိုရဲ့ ရင်ဘတ်နဲ့ထိကပ်နေပြီး နားရွက်ကလည်း သူ့အစ်ကိုရဲ့နှလုံးခုန်သံကို ရှင်းလင်းစွာကြားနိုင်တယ်။

 

သူတို့နှစ်ယောက်ရဲ့အရပ်တွေက တူညီလုနီးပါးဖြစ်တာကြောင့် ဒီအနေအထားက သိပ်ပြီး သက်သောင့်သက်သာတော့မဖြစ်စေဘူး။

 

ရုန်ရုန် သတိလက်လွတ်နဲ့ ပြန်ထိုင်ချင်ခဲ့တယ်။

 

ရုန်ကျန်း သူ့ရဲ့ခါးကိုပွေ့ဖက်ထားတဲ့အားက အတော်လေးသန်မာတာကြောင့် ရုန်ရုန် ခဏလောက်အတွင်း ပြန်မထနိုင်ခဲ့ဘူး။

 

ကောကော?

 

မင်းရဲ့အစ်ကိုက ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး

 

ရုန်ကျန်းရဲ့လေသံက ပုံမှန်နဲ့ကွာခြားနေခဲ့တယ်။

 

ရုန်ရုန်တစ်ယောက် သူ့အစ်ကိုရဲ့ လက်မောင်းထဲမှာ အသိုက်ဖွဲ့ထားရင်း အနည်းငယ်လောက် တုံးအသလိုဖြစ်သွားခဲ့တယ်။

 

မဟုတ်သေးဘူး။ အဲလောက်တော့ မများပါဘူး။ ဟုတ်တယ်မလား?

 

ရုန်ကျန်းကလေ.. ငိုနေတာလား?

 

ဖုန်းမြည်သံက ရုန်ရုန်ကို ကယ်တင်ပေးခဲ့တယ်။ ရုန်ကျန်းရဲ့ဖုန်းက စားပွဲပေါ်မှာတင်ထားတာကြောင့် ရုန်ရုန် ခေါင်းကိုလှည့်ပြီး ကြည့်လိုက်တယ်။

 

ပါး..

 

ရုန်ရုန်ရဲ့နှုတ်ခမ်းတွေ အပေါ်ကိုကွေးတက်သွားတယ်။

 

လူအိုကြီးနှစ်ယောက်က ဒီလောက်တောင်မြန်အောင် တိုင်တန်းလိုက်ကြတာလား?