Ch 37
Viewers 24k

( 37)

 

ဟိုတယ်ဝန်ထမ်းက လေးစားစွာ ပြန်ဖြေလာတယ်။

 

ဟဲလို ကျွန်တော်က အစိမ်းရောင်ကျွန်းစုဟိုတယ်ရဲ့ မန်နေဂျာပါ.. ဥက္ကဋ္ဌရုန်နဲ့ ကျွန်တော်တို့ရဲ့ဘော့စ်က

 

ဟင်းလင်းပြင်စားသောက်ဆိုင်မှာ ညစာစားနေကြပါတယ်.. ဥက္ကဋ္ဌရုန်က ရုန်ဒုတိယသခင်လေးကိုပြောဖို့ ကျွန်တော့်ကိုလွှတ်လိုက်တာပါ.. သခင်လေးသာ ဟင်းလင်းပြင်စားသောက်ဆိုင်ကို လာချင်တဲ့ဆန္ဒရှိရင် သူတို့နဲ့ လာစားလိုက်ပါတဲ့.. မဟုတ်ဘဲ အခန်းထဲမှာပဲအနားယူချင်ရင်လည်း အနားယူလို့ရပါတယ်

 

ရုန်ရုန်တစ်ဖက်လူရဲ့ ဝန်ထမ်းကတ်ကိုကြည့်ပြီး ဟိုတယ်ရဲ့ မန်နေဂျာဖြစ်ကြောင်း အတည်ပြုလိုက်တယ်။

 

ကြည့်ရတာ ရုန်ရုန် ခုနတုန်းက အခန်းထဲမှထွက်လာတာကို ဝန်ထမ်းတစ်ယောက်က လှမ်းမြင်တာကြောင့် ဟိုတယ်မန်နေဂျာကို လှမ်းပြောလိုက်ပုံရတယ်။

 

အခုချိန်မှာ သူတို့က အပန်းဖြေခရီးအတွက် ဒီကျွန်းကိုရောက်လာတာလေ။ သေချာပေါက်လှည့်ပတ်ကြည့်သင့်တာပေါ့ ဘာလို့ အခန်းထဲမှာတစ်ယောက်တည်းနေရမှာလဲ?

 

ရုန်ရုန်မေးလိုက်တယ်။

 

ဟင်းလင်းပြင်စားသောက်ဆိုင်ဆီ ဘယ်လိုသွားရမလဲ

 

ဟိုတယ်မန်နေဂျာက သူ့ရဲ့ရှေ့ကနေလျှောက်ပြီး လမ်းပြပေးလာတယ်။

 

ရုန်ဒုတိယသခင်လေး.. ကျေးဇူးပြုပြီး..

 

ရုန်ရုန် သူ့ကိုကျေးဇူးတင်လိုက်ပြီးတံခါးကိုပိတ်လိုက်ကာ တစ်ဖက်လူရဲ့လမ်းညွှန်မှုအတွင်း ဓာတ်လှေကားနဲ့ အောက်ကိုဆင်းလာခဲ့တယ်။

 

 

ဟင်းလင်းပြင် စားသောက်ဆိုင်ဆီကိ ရောက်လာခဲ့ပြီ။

 

အစတုန်းကတော့ ရာသီဥတုပူပြင်းတာကြောင့် ဒီလိုမျိုး ဟင်းလင်းပြင်စားသောက်ဆိုင်မှာ လူတွေ သိပ်မရှိလောက်ဘူးလို့ ရုန်ရုန်ထင်ထားခဲ့တာ။

 

မမျှော်လင့်ပဲ လူတွေအများကြီး ရှိနေတာပဲ။

 

မလုံတလုံနဲ့ ဆွဲဆောင်မှုရှိစွာဝတ်ဆင်ထားတဲ့မိန်းကလေးအများကြီးကလည်း ဗန်းတွေကိုကိုင်ပြီး ခေါက်တုံ့ခေါက်ပြန် သွားနေကြတယ်။

 

ရုန်ရုန် စွမ်းချီကို အရင်တွေ့လိုက်တယ်။ သူက မနက်တုန်းကလိုမျိုး တူညီတဲ့အကွက်တွေနဲ့ ရှပ်အင်္ကျီကိုမဝတ်ဆင်ထားတော့ဘူးဆိုပေမဲ့ ရုန်ရုန်ကတော့ ဒီတစ်ခုကလည်း မနက်တုန်းကလို မကောင်းဘူးလို့ထင်နေတုန်းပဲ။

 

အခုချိန်မှာ စွမ်းချီက ဘာဂန်ဒီနီညိုရောင်ရှပ်နဲ့ အစိမ်းရောင်လှိုင်းတွေပါတဲ့ဘောင်းဘီကိုဝတ်ဆင်ထားတယ်။

 

အနီနဲ့အစိမ်းတွဲဘက်မှုက အလွန်ပဲ မျက်စိဖမ်းစားနိုင်ပြီး ဆိုင်ထဲမှာ သူ့လောက်မျက်စိဖမ်းစားနိုင်တဲ့သူတစ်ယောက်မှမရှိဘူး။ မြင်ရတာတောင် မျက်လုံးအနည်းငယ်နာကျင်စေတယ်။

 

သူကတော့ စွမ်းချီရဲ့ကာလာတွဲစပ်မှုကြောင့် လုံးဝကိုတုန်လှုပ်သွားရပြီ။

 

စွမ်းချီက တစ်စုံတစ်ယောက်နဲ့ စကားပြောနေပြီး ထိုတစ်ယောက်က ရုန်ကျန်းမဟုတ်ခဲ့ဘူး။ ပူပြင်းတောက်လောင်စရာ ရေကူးဝတ်စုံ(bikini) ဝတ်ဆင်ထားတဲ့ မိန်းကလေးပဲ။ ထိုမိမ်းကလေးရဲ့လက်ထဲမှာ ကောတေးတစ်ခွက်ကိုင်ထားတာကိုလည်း တွေ့မြင်နေရတယ်။

 

မကြာခင်မှာပဲ စွမ်းချီရဲ့ခွင့်ပြုချက်နဲ့ ထိုမိန်းကလေးက သူမရဲ့ဘေးမှ လှပတဲ့မိန်းကလေးနဲ့ အတူ ဝင်ထိုင်ခဲ့ကြတယ်။ ဆက်ဆီဆန်ဆန် မိန်းကလေးက စွမ်းချီရဲ့ဘေးမှာထိုင်ပြီး ပိုပြီး သိမ်မွေ့တဲ့တစ်ယောက်က ရုန်ကျန်းဘက်မှာ ဝင်ထိုင်လိုက်တယ်။

 

စွမ်းချီနဲ့ တစ်ဖက်မှမိန်းကလေးကတော့ စကားပြောပြီး ရယ်မောနေကြပြီ။ စွမ်းချီရဲ့ဘေးမှတစ်ယောက်နဲ့ယှဥ်ရင် ဆန့်ကျင်ဘက်မှာရှိတဲ့ မိန်းကလေးက လုံးဝကို ခြားနားလွန်းတယ်။ ထိုမိန်းကလေးက ခေါင်းကိုအနည်းငယ်ငုံ့ကာ ရုန်ကျန်းကိုသာ တစ်ကြိမ်ပြီးတစ်ကြိမ် ရှက်ရွံ့စွာ ကြည့်နေခဲ့တယ်။

 

ရုန်ကျန်းကတော့ ဘာကိုမှမတုံ့ပြန်သလို အကြည့်တစ်ချက်လောက်တောင် မပေးခဲ့ဘူး။ ထိုမိန်းကလေးက ရှက်ရွံ့သင့်ပေမဲ့လည်း ရုန်ကျန်းကို စပြီး စကားပြောလာတယ်။

 

ရုန် ဒုတိယသခင်လေး.. ဥက္ကဋ္ဌရုန်နဲ့ ဘော့စ်စွမ်းတို့ရဲ့ခုံက အရှေ့မှာပါ.. ကျွန်တော် လိုက်ပို့ပေး...

 

မလိုဘူး.. ကျွန်တော့်ဘာသာသွားနိုင်တယ်.. ခင်ဗျား အရင်သွားလိုက်ပါ

 

ကန်းနေတဲ့လူတောင်မှ ထိုလှပတဲ့မိန်းကလေးက သူ့အစ်ကိုကို စိတ်ဝင်စားနေတယ်ဆိုတာ သိနိုင်တယ်။ သူသာ အခုသွားလိုက်မယ်ဆိုရင် မသိတတ်ရာရောက်သွားလိမ့်မယ်။

 

ဟိုတယ်မန်နေဂျာက ရုန်ရုန်ကို အံ့ဩစွာကြည့်လာပေမဲ့ နာခံနေတုန်းပဲ။

 

ကောင်းပါပြီ ဒုတိယသခင်လေး

 

မူလတုန်းကတော့ ရုန်ရုန် စားပွဲအလွတ်တစ်ခုရှာပြီး သောက်စရာတစ်ခုခုမှာဖို့တွေးထားခဲ့တာ။

 

ဘယ်သူက သိနိုင်ပါ့မလဲ။ သူ စားပွဲခုံအလွတ်ကိုမရှာနိုင်တဲ့အပြင် မတွေ့ချင်တဲ့လူကိုပါ တွေ့လိုက်ရပြန်တယ်။

 

 

ရုန်ရုန် ကျိုးယွီကို ဟင်းလင်းပြင်စားသောက်ဆိုင်မှာတွေ့တော့ ပထမဆုံးတွေးမိတာက စွမ်းချီ သူ့ကို လှည့်ဖျားပြီး လှောင်ပြောင်ခဲ့တာမဟုတ်ဘူး။

 

ကျိုးယွီက တကယ်ပဲ ချုံလုကျွန်းကိုရောက်နေတာပဲ။

 

သူလည်းပဲ...

 

ကျင်းရီက ကျိုးယွီရဲ့ တရားဝင်တွဲဖက်ပဲ။

 

ကျင်းရီကျွန်းပေါ်မှာရှိနေကတည်းက ကျိုးယွီ ဒီမှာပေါ်လာတာ အံ့ဩစရာမကောင်းတော့ဘူး။

 

ရုန်အာ့ရှောက်မဟုတ်ဘူးလား.. မင်းလည်း အပန်းဖြေခရီးထွက်လာတာလား? အခုက ပိတ်ရက်ရာသီဆိုတော့ စားပွဲအလွတ်ရဖို့ခက်တယ်.. ဒါမှမဟုတ် မင်းသာစိတ်မရှိရင် ငါတို့နဲ့အတူ ဝင်ထိုင်လိုက်ပါလား

 

ကျိုးယွီနဲ့ တစ်စားပွဲထဲထိုင်နေတဲ့ လူချမ်းသာဒုတိယမျိုးဆက်တစ်ယောက်ကလည်း ရုန်ရုန်ကိုမြင်သွားတာကြောင့် ထရပ်ပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်လာတယ်။

 

ခုန်းယန်က ရုန်ရုန် ကျိုးယွီကို အရှက်ခွဲထားမှန်းသိနေတာကြောင့် စားပွဲခုံအောက်မှ သူ့သူငယ်ချင်းရဲ့ခြေထောက်ကို လှမ်းကန်လိုက်တယ်။

 

သို့ပေမဲ့ သူ့သူငယ်ချင်းက သူကန်တာကို ဂရုမစိုက်ပဲ ထရပ်လိုက်လေတယ်။ သူက ထိုင်ခုံကိုတောင် ဆွဲကာ ရုန်ရုန်ကိုထိုင်ဖို့အတွက် နွေးထွေးစွာကြိုဆိုနေခဲ့တယ်။

 

သူက သေချာပေါက် ပြပွဲကောင်းတစ်ခုကြည့်ရဖို့ ရည်ရွယ်နေခဲ့တာပဲ။

 

ရုန်မိသားစုရဲ့ ဒုတိယသခင်လေးက ကျိုးယွီကိုလိုက်နေတယ်။ ဒီအသိုင်းအဝိုင်းထဲကလူတိုင်း ထိုအကြောင်းကို သိနေခဲ့ပေမဲ့ အနည်းငယ်ကသာ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့တယ်။

 

ကိုယ်တိုင်မြင်တွေ့ရဖို့က ရှားပါးလွန်းတယ်လေ။ အခွင့်ကြုံလာတဲ့အချိန်မှာ ဘာလို့ ကြည့်ဖို့မလုပ်ရမှာလဲ။

 

ကျိုးယွီကတော့ တစ်ချိန်လုံး အသံမထွက်ပဲ သူ့ဘာသာသူသောက်နေခဲ့တယ်။

 

သဘောလည်းမတူသလို ဆန့်ကျင်တာလည်း မလုပ်လာဘူး။

 

ဒီအခြေအနေက ခုန်းယန်ကို လုံးဝရှုပ်ထွေးသွားစေတယ်။ သူ နားမလည်တော့ဘူး။

 

သူက ဒီရုန်ဒုတိယသခင်လေးကို တကယ်မုန်းတီးနေတာမဟုတ်ဘူးလား?

 

တကယ်လို့ အရင်တုန်းကလိုသာဆိုရင် ကျိုးယွီက ဘာမှမပြောခဲ့တာကြောင့် ရုန်ရုန် သေချာပေါက် ကျိုးယွီရဲ့ ဘေးမှာဝင်ထိုင်လိုက်လိမ့်မယ်။ ကျိုးယွီရဲ့တိတ်ဆိတ်မှုက သဘောတူတာပဲလို့ မျှော်လင့်ပြီးတော့လေ။

 

ပြန်တွေးကြည့်လိုက်မယ်ဆိုရင် သူအရင်တုန်းက ဘယ်လောက်တောင် ရူးမိုက်နေလိုက်သလဲ?

 

တကယ်တမ်းမှာ ထိုလူက သူ့ကိုတကယ် ဂရုစိုက်တာလား မစိုက်ဘူးလားဆိုတာကို သူ့ရဲ့အနားမှာရှိနေတဲ့ လူတွေ သူ့အပေါ်ဆက်ဆံပုံကိုကြည့်ပြီး သိရှိနိုင်တယ်မဟုတ်ဘူးလား။

 

ကျိုးယွီသာ သူ့ကို လုံလောက်တဲ့အာရုံစိုက်မှုရှိခဲ့ရင် သူ့ရဲ့သူငယ်ချင်းတွေက သူ့ကို ခုလိုပေါ့တီးပေါ့ပျက်လေသံမျိုးနဲ့ ပြောလာမှာတဲ့လား။

 

သူက ထိုစကားတွေကို မလိုလားပဲ သူ့သူငယ်ချင်းတွေကို ဟန့်တားခဲ့မှာပဲလေ။

 

သူ့ရဲ့အစ်ကိုလိုမျိုးပေါ့။ စွမ်းချီက သူ့အပေါ် မလေးမစားလုပ်ချိန်မှာ သူ့အစ်ကိုထံမှ သတိပေးခံရလိမ့်မယ်။

 

တကယ်လို့ တစ်စုံတစ်ခုဖြစ်လာရင် ရုန်ကျန်းက သူ့ကိုကြည့်လာလိမ့်မယ်။

 

သူ့ရဲ့အစ်ကိုက ဆယ်ကြိမ်မှာကိုးကြိမ်လောက် အထင်လွဲခံခဲ့ရလောက်မယ်လို့ ရုန်ရုန်တွေးမိတယ်။ သူ့အစ်ကိုရဲ့မျက်နှာက ထူးဆန်းစွာနဲ့ အေးခဲနေတတ်တာလေ။

 

ရုန်ရုန် ပြုံးလိုက်ပြီး လူချမ်းသာဒုတိယသခင်လေးရဲ့ရည်ရွယ်ချက်ကို ငြင်းဆန်လိုက်တယ်။

 

ဟင့်အင်း

 

ရုန်ရုန် သူ့ရဲ့နှုတ်ခမ်းတွေကို ပင့်မလိုက်ပြီး တစ်ဖက်လူရဲ့ရှုတ်ထွေးနေတဲ့ မျက်ဝန်းတွေနဲ့ အကြည့်ဆုံလိုက်တယ်။

 

အစိမ်းရောင်ကျွမ်းစုဟိုတယ်ရဲ့ ဟင်းလင်းပြင်စားသောက်ဆိုင်က စားပွဲတွေက ရရှိဖို့ တကယ်ပဲခက်ခဲတယ်.. ဒါပေမဲ့ ဒီဟိုတယ်က ငါ့အစ်ကိုနဲ့ သူ့ရဲ့သူငယ်ချင်း ရင်းနီးမြှပ်နှံထားတဲ့ဟိုတယ်လေ.. ငါသာ ထိုင်ခုံနေရာတစ်ခုလိုချင်ရင် ခက်ခဲမှာမဟုတ်ဘူး

 

တစ်ဖက်လူရဲ့လည်ပင်းတွေက ချက်ချင်းပဲ နီရဲသွားတယ်။

 

သို့ပေမဲ့ ရုန်မိသားစုရဲ့သခင်လေးကို အပြစ်မလုပ်ရဲတာကြောင့် ရုန်ရုန်ထွက်သွားနဲ့အချိန်ကျမှ အသံတိုးတိုးနဲ့ ကြိမ်းမောင်းရဲတယ်။

 

ငါလိုး!

 

ဒီတစ်ခါကတော့ သူ့ရဲ့မျက်နှာကို တကယ်ပဲ အရှက်ရစေတာပဲ။

 

သူ စားပွဲမှာထိုင်နေတဲ့ ကျိုးယွီနဲ့ ခုန်းယန်ကိုစိုက်ကြည့်လိုက်တယ်။

 

မင်းတို့တွေ ရုန်ကျန်းက ဒီဟိုတယ်ကို ရင်းနီးမြှပ်နှံထားတဲ့အကြောင်း ဘာကိုဘာလို့ စောစောက သတိမပေးခဲ့ကြတာလဲ

 

ခုန်းယန် မပျော်ရွှင်မှုတွေနဲ့ကြည့်လိုက်တယ်။

 

ငါမှမသိတာ! ငါက ရုန်ကျန်းရဲ့အတွင်းရေးမှူးမဟုတ်ဘူး.. ရုန်ကျန်း ဒီဟိုတယ်မှာ ရင်းနှီးမြှပ်နှံထားတာကို ဘယ်လိုလုပ်သိမှာလဲ.. နောက်ပြီး ငါ စားပွဲအောက်ကနေ မင်းရဲ့ခြေထောက်ကိုကန်ပြီး အရိပ်အမြွတ်ပေးခဲ့တယ်လေ.. သခင်ငယ်လေးက အရင်တုန်းကနဲ့မတူဘူးလို့ မင်းကိုပြောချင်ခဲ့တာ.. ဒါပေမဲ့မင်းက ဂရုမစိုက်ဘူး.. မင်းက မြင်းပေါ်တက်နိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ်မထိန်းသိမ်းနိုင်ပဲဖြစ်နေတာ

 

မင်း ဘယ်တုန်းက ငါ့ကိုသတိပေးလို့လဲ?! မင်းက အခုမှ သတိပေးပြီး ငါ့ဘာသာငါ ဟာသလုပ်မိတာကိုကြည့်နေတာလေ

 

ကျိုးယွီက အမူအယာမဲ့စွာဝင်ပြောလာတယ်။

 

မင်း ငါ့ခြေထောက်ကိုကန်ခဲ့တာ

 

ခုန်းယန်:....

 

ဟေး .. သခင်ငယ်လေးက ရုတ်တရက်အသက်ဝင်လာသလိုမထင်ရဘူးလား? ဘယ်လိုပြောရမလဲ? အသီးလှလှလေးတစ်လုံးလိုပဲ.. ပထမတုန်းကတော့ ကြည့်ကောင်းပေမဲ့ အအေးခန်းထဲကထုတ်ယူလိုက်သလိုမျိုး .. အေးစက်လွန်းလို့ လူတွေကို စားချင်စိတ်မဖြစ်စေဘူး.. ဒါပေမဲ့ အခုတော့ အသီးကို ဆေးလိုက်ချိန်မှာ ဒီအသီးက အသွင်အပြင်ရော အရောင်ရော တောက်ပပြီးအရမ်းလှနေတော့ လူတွေကို မနေနိုင်တော့ဘဲ တစ်ကိုက်လောက်ကိုက်ကြည့်ချင်လာအောင် ...

 

ဖာ့ခ်! ခုန်းယန် မင်း ငါမြင်းစီးနေတဲ့အချိန် ဘာလို့ လာကန်ရတာလဲ?!

 

ငါ ဘယ်တုန်းကကန်လို့လဲ? မင်း ရူးနေတာလား

 

ကျိုးယွီ: ငါကန်လိုက်တာ

 

စားပွဲပေါ်မှ လူနှစ်ယောက်က ကျိုးယွီဆီကို တပြိုင်တည်း လှည့်ကြည့်လာကြတယ်။

 

မင်း ဘာလုပ်တာလဲ? ငါ အဲဒီသခင်လေးရဲ့အကြောင်း ပြောနေတဲ့အထဲမှာ ဘယ်အနားက မှားနေလို့လဲ.. မင်း သူ့ကိုမကြိုက်ဘူးမလား? ဒါမှမဟုတ် .. မင်း သူ့ကိုကြိုက်နေတာလား? မင်း သဝန်တိုနေတာလား

 

ကျိုးယွီက ဒီချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးနဲ့ သိပ်ပြီးမရင်းနီးဘူး။ သူတို့တွေ အကြိမ်ရေအနည်းငယ်ပဲ ဆုံဖူးခဲ့တာ။ တစ်ဖက်လူက ခုန်းယန်ရဲ့သူငယ်ချင်းဖြစ်ပြီး ဟိန်ဖန်အိမ်ရာရဲ့ တည်ထောင်သူမှာ မြေးဖြစ်နေတာကြောင့် တစ်ဖက်လူနဲ့ သူငယ်ချင်းဖြစ်ရင် ဆိုးကျိုးမရှိဘူးလို့ ထင်ခဲ့တာ။

 

ဒါပေမဲ့ အခုတော့ တစ်ဖက်လူက အသက်သုံးဆယ်ထဲကို ဝင်နေတာတောင် ဟိန်ဖန်အိမ်ရာရဲ့ စီမံအုပ်ချုပ်ရေးပိုင်းထဲကိုမဝင်ရောက်နိုင်သေးဘဲ ဒီကျွန်းဆီကို ပစ်လွှတ်ခံလိုက်ရတာက အကြောင်းပြချက်မရှိတာမဟုတ်ဘူးလို့ တွေးနေခဲ့ပြီ။

 

ဒီလို အကျင့်စရိုက်မျိုးက ထိုကဲ့သို့မိသားစုထဲမှာ လူဝင်စားပြီးမွေးလာရင်တောင် အောင်မြင်ကြီးပွားနိုင်မဲ့သူမျိုးမဟုတ်ဘူး။

 

တကယ်လို့ သူသာ ကျိုးမိသားစုထဲမှာမွေးဖွားလာခဲ့ရင် အမှိုက်တစ်စလို အစွန့်ပစ်ခံခဲ့ရလောက်ပြီ။

 

ကျိုးယွီ ဝိုင်ခွက်ကို စားပွဲပေါ်သို့တင်လိုက်တယ်။

 

ငါ သန့်စင်ခန်းဆီသွားလိုက်ဦးမယ်

 

 

သူတို့တွေဖြစ်နေသမျှကို ရုန်ကျန်းကမြင်တွေ့သွားပြီဖြစ်တာကြောင့် တခြားစားပွဲကိုသွားထိုင်မယ်ဆိုရင် အဓိပ္ပါယ်မရှိဖြစ်သွားလိမ့်မယ်။

 

ရုန်ရုန် ရွေးစရာမရှိတော့ဘဲ ရုန်ကျန်းဆီကိုသွားကာ သူနဲ့ စွမ်းချီကိုနှုတ်ဆက်လိုက်ရတယ်။

 

ကောကော.. ချီကော

 

ခုံက လေးထောင့်စားပွဲခုံဖြစ်ပြီး လူလေးယောက်သာ ထိုင်လို့ရတယ်။

 

အခုရုန်ရုန် ရောက်လာပြီဖြစ်လို့ သူ့အတွက် တစ်နေရာလိုနေပြီ။

 

စွမ်းချီက ရည်ရွယ်ချက်ရှိရှိတိတ်ဆိတ်နေကာ လက်ရှိအခြေအနေကို ရုန်ရုန်ဘယ်လိုဖြေရှင်းမလဲ စောင့်ကြည့်နေလိုက်တယ်

 

စွမ်းချီရဲ့ဘေးမှ မိန်းကလေးက စားပွဲထိုးကို ယာယီခုံတစ်လုံးပြင်ဆင်ခိုင်းလိုက်ပြီး သူ့ရဲ့ ညီအစ်မကို လှမ်းပြောလိုက်တယ်။

 

ရှောင်ယွီ ဟိုဘက်ကို ရွှေ့ပြီး လူချောလေးအတွက် နေရာလုပ်ပေးလိုက်လေ

 

မူလတုန်းက ထိုမိမ်းကလေးက ရုန်ကျန်းရဲ့ဘေးမှာဝင်ထိုင်နေခဲ့တာလေ။ တကယ်လို့ သူမသာ ထပ်တိုးလိုက်ရင် ရုန်ကျန်းရဲ့ ခန္ဓာကိုယ်နဲ့ ပူးကပ်သွားလိမ့်မယ်။

 

(T/n_ လေးထောင့်စားပွဲဆိုပေမဲ့ လေးဘက်လုံးက ဝင်ထိုင်တာမဟုတ်ပဲ မျက်နှာချင်းဆိုင်မှာ ခုံနှစ်လုံးဆီ ချပေးထားတာမျိုးဖြစ်မယ်)

 

ထိုမိန်းကလေးရဲ့မျက်နှာက ချက်ချင်းပဲနီရဲလာခဲ့တယ်။

 

စားပွဲထိုးက ခုံယူလာပေးတော့ ထိုမိန်းမလှလေးက ရုန်ကျန်းရဲ့ခုံနားကို တိုးသွားလိုက်တယ်။ ပြီးနောက် ထိုင်မချလိုက်ခင်မှာပဲ ရုန်ကျန်းက ထရပ်လိုက်လေတယ်။

 

ထိုမိန်းကလေးက အေးခဲသွားပြီ။

 

အချိန်က နှစ်နာရီနဲ့ သုံးနာရီကြားဖြစ်လို့ နေက အတော်လေးပူနေသေးတယ်။

 

သူတို့ရဲ့အပေါ်မှာ ထီးမိုးပေးထားရင်တောင် နေရောင်ခြည်က ထွင်းဖောက်ပြီး ဝင်လာတုန်းပဲ။

 

အပြင်မထွက်ခင် ဘာလို့ ဦးထုတ်ဆောင်းမလာရတာလဲ

 

ရုန်ကျန်းက ကျိုးယွီရဲ့အကြောင်းကိုမေးမလာခဲ့ဘူး။ သူ့ရဲ့ အမွှေးလုံးလေးကို သူယုံတယ်။

 

အမွှေးလုံးလေးက သူနဲ့ ကျိုးယွီတို့ကြားမှာ ပြီးသွားပြီဆိုရင် နောက်ထပ်ပတ်သက်စရာ မရှိတော့ဘူး။

 

သူ့ရဲ့အမွှေးလုံးလေးက ပေါ့ပေါ့တန်တန်နေတတ်တဲ့သူမဟုတ်ဘူး။

 

ရုန်ရုန် အမှန်အတိုင်းပဲ ဖြေလာတယ်။

 

ကျွန်တော် မတွေးလိုက်မိလို့

 

ရုန်ကျန်း သူ့ကိုစိုက်ကြည့်ပြီး သူဆောင်းထားတဲ့ အမျိုးသားဆောင်းဦးထုပ်အဝိုင်းကို ဆောင်းပေးလိုက်တယ်။

 

ဘယ်တုန်းက နိုးလာတာလဲ

 

အခုလေးတင်ပဲ

 

ရုန်ကျန်းရဲ့ဦးထုတ်က ရုန်ရုန်ရဲ့ခေါင်းပေါ်မှာဆို အနည်းငယ်ကြီးနေခဲ့ပြီး အစွန်းကသူ့ရဲ့မြင်ကွင်းကို အနည်းငယ်ပိတ်ဆို့နေခဲ့တယ်။

 

ရုန်ရုန် ဦးထုတ်အစွန်းကို အပေါ်သို့ လှန်တင်လိုက်တော့ ရုန်ကျန်းက ပြန်လည်ဖိချလိုက်ပြန်တယ်

 

ဆောင်းထား

 

ရုန်ရုန် နာခံစွာနဲ့ သူအစ်ကိုဆောင်းပေးထားတဲ့အတိုင်း ဆက်နေလိုက်ရတယ်။

 

ဗိုက်ဆာနေပြီလား

 

အမ်

 

ဘာစားချင်လဲ

 

ဘာပဲဖြစ်ဖြစ် .. ကျွန်တော် မရွေးတော့ဘူး အကုန်အဆင်ပြေတယ်.. ဒါပေမဲ့ အခုမှ အိပ်ယာကထလာတာဆိုတော့ ရေနည်းနည်းဆာတယ်

 

ရုန်ရုန်က ယာယီထည့်ပေးလာတဲ့ခုံကို ဆွဲယူပြီး ရုန်ကျန်းရဲ့အနားမှာထိုင်လိုက်ကာ ရုန်ကျန်းရဲ့ရှေ့မှာရှိနေတဲ့ သံပုရာရည်အေးခွက်ကိုမြင်တော့ လှမ်းယူပြီး မော့သောက်လိုက်တယ်။

 

သက်သောင့်သက်သာရှိလိုက်တာ။

 

ဆန့်ကျင်ဘက်မှာရှိတဲ့ ဆက်ဆီကျကျဝတ်ဆင်ထားတဲ့ မိန်းကလေးက သူတို့နှစ်ယောက်ကိုခဏလောက်ကြည့်ပြီး မေးလာတယ်။

 

တဆိတ်လောက်.. ကျွန်မ အတင့်ရဲပြီးတစ်ခုလေးမေးပါရစေ ရှင်တို့နှစ်ယောက်က ....စုံတွဲတွေလား

 

ဖူး..

 

ရုန်ရုန်ရဲ့ ပါးစပ်ထဲမှ သံပုရာရည်အေးတွေကပါးစပ်ထဲမှ ပြန်ထွက်သွားရတယ်။