(36)
ရုန်ရုန်က
ဘယ်အချိန်မှာ သီချင်းကိုရပ်တန့်လိုက်လဲဆိုတာ သူမသိလိုက်ဘူး။
ရုန်ကျန်း
ငုံ့ကြည့်လိုက်ချိန်မှာ ရုန်ရုန်က သူ့ပေါင်ပေါ်မှာ အိပ်မောကျနေပြီ။
မျက်ခုံးတွေက
မတိုင်မှီတုန်းကလို တွန့်ကွေးမနေတော့ဘူး။ ထို ဖြောင့်တန်းနေတဲ့မျက်ခုံးတွေက
လူတစ်ကိုယ်လုံးသက်သောင့်သက်သာရှိနေပုံပဲ။
နှာခေါင်းအနည်းငယ်ပိတ်နေတာကြောင့်
အသက်ရှူနှုန်းကတော့ အနည်းငယ်လေးလံနေတယ်။
သူ့ရဲ့
ဆံပင်ပေါ်မှာရှိနေတဲ့ ကြက်တောင်စည်းလေးက ဘယ်အချိန်ကတည်းက ပြန်ဖြုတ်တာလည်းမသိရဘဲ
အခုချိန်မှာ ခေါင်စည်းကွင်းလေးက သူ့ရဲ့လက်ပေါ်မှာ ပတ်လျက်သားလေးရှိနေပြီ။
ရုန်ကျန်း သူ့အတွက်
ရှေ့ဆံမြိတ်တွေကို ဘေးဘက်သို့ သပ်ပေးလိုက်တယ်။ ပြီးနောက် ထိုကောင်ငယ်လေးကို
အိပ်ယာဆီသို့ ချီသွားပေးခါနီးမှာပဲ သူ့ရဲ့ပေါင်ပေါ်မှရှိနေတဲ့ ကောင်ငယ်လေးက
ဘေးကိုလှည့်လိုက်ပြီး သူ့ရဲ့ပေါင်ပေါ်မှာပဲ ဆက်လက်အနားယူနေခဲ့တယ်။
ရုန်ကျန်း
သူ့ရဲ့မျက်တောင်မွှေးတွေ လှုပ်သွားတာကို တွေ့လိုက်ရတယ်။
“အိပ်ပျော်နေတာ
မဟုတ်ဘူးလား”
ရုန်ရုန်
မျက်လုံးပိတ်ထားရင်းနဲ့ နှာသံနဲ့ဖြေလာတယ်။
“အိပ်ပျော်နေတာ”
“ကျွန်တော့်ရဲ့နောက်ကျောကနာနေတယ်..
ကောကော ကျွန်တော့်ကို ပိုပြီး အိပ်ခွင့်ပေးပါဦး”
“ငါ့ ပေါင်ပေါ်မှာ
ခေါင်းအုံးတာကပိုမနာဘူးလား”
ရုန်ရုန်ရဲ့မျက်လုံးတွေက
ပိတ်ထားဆဲဖြစ်ပြီး သန်းဝေကာ ပြုံးလိုက်တယ်။
“အမ်.. ဒါက
ငယ်ငယ်တုန်းက အချိန်တွေကိုပြန်ရောက်သွားရသလိုပဲ အတော်လေး စိတ်ချမ်းသာသလို
ခံစားရတယ်.. ကောကော ကောကောမှတ်မိလား.. ကျွန်တော် ငယ်ငယ်တုန်းက
ကျွန်တော်တို့ရဲ့မိဘတွေကို လွမ်းလို့ဆိုပြီး ကိုယ့်ရဲ့အခန်းကိုမပြန်ချင်ခဲ့ဘူးလေ..
ကောကောရဲ့အခန်းမှာပဲ ဝင်အိပ်ခဲ့တာ.. အချိန်က အရမ်းကို နောက်ကျနေပြီဆိုတော့
ကောကောလည်း ကျွန်တော့်ကို ဘာမှမလုပ်နိုင်ပဲ ကောကောရဲ့ပေါင်ပေါ်မှာပဲ
ကျွန်တော့်ကိုအိပ်ခိုင်းခဲ့ရတယ်.. ကျွန်တော်က ကျွန်တော်တို့ မိဘတွေပြန်လာမှ
ကျွန်တော့်ကိုနှိုးရမယ်ဆိုပြီး ဂျီကျခဲ့တာ..
ရလဒ်အနေနဲ့
ကျွန်တော် နောက်နေ့မနက် အိပ်ရာကနိုးတာတဲ့အချိန်တိုင်း ကိုယ့်ရဲ့အခန်းဆီကိုပဲ
ပြန်ရောက်နေခဲ့တယ်.. ဒါကြောင့် ကျွန်တော် ဒေါသထွက်ပြီးတော့ ကောကောရဲ့အခန်းဆီ
ပြေးသွားခဲ့ပြီး ကောကောကို ပြသနာရှာခဲ့တယ်လေ.. အဲဒီအချိန်တုန်းက ကောကော မကြာခဏ
ကျောင်းနောက်ကျခဲ့လို့ ကျောင်းက ဆရာက ကျွန်တော်တို့မိသားစုမှာ
တစ်ခုခုဖြစ်နေလို့လားဆိုပြီး ကျွန်တော်တို့မိဘတွေဆီကို ဖုန်းဆက်ခဲ့တယ်.. နောက်ပြီး
ကျွန်တော်တို့မိဘတွေကို ကောကောကို ပိုပြီး အာရုံစိုက်ခဲ့တယ်ဆိုပြီး
သတိပေးခဲ့တယ်မလား”
ရုန်ကျန်း
ရုန်ရုန်ကို ခပ်ဖျော့ဖျော့စိုက်ကြည့်လာတယ်။
“ဒီတော့ မင်း
အကုန်လုံးကိုသိနေခဲ့တာလား”
သူအမြဲတမ်းကျောင်းနောက်ကျပြီး
ဆရာရဲ့ရုံးခန်းဆီကို မကြာခဏသွားခဲ့ရတာကို သိနေတာလား။
“
ကျွန်တော်တို့မိဘတွေ ဖုန်းပြောနေတာကို ကျွန်တော် မတော်တဆကြားခဲ့ရတာ.. ကျွန်တော်
တစ်ခါတစ်လေတွေးမိတယ်.. တကယ်လို့ ကောကောရဲ့ ညီလေးက ကျွန်တော်မဟုတ်ခဲ့ရင် သူက
ပိုပြီး ဥာဏ်ကောင်းတဲ့၊ အပြုအမူကောင်းတွေရှိတဲ့ စဥ်းစားတွေးတောပေးတတ်ပြီး
နာခံတတ်....”
“ မိဘတွေကို
လွမ်းနေခဲ့တာက မင်းတစ်ယောက်ထဲမဟုတ်ပါဘူး”
ဟမ်?
ရုန်ရုန်
မျက်လုံးဖွင့်ကြည့်လိုက်တယ်။
“ငါက အစ်ကိုကြီးလေ..
ဘာတွေပဲဖြစ်နေပါစေ .. ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်အဖြစ်ရှိနေရမယ်”
ရုန်ကျန်းက
ရုန်ရုန်ကိုအလေးအနက်စိုက်ကြည့်လာတယ်။
“ဒါကြောင့်
တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက်ပဲ.. အဲဒီအချိန်တုန်းက မင်းရှိနေခဲ့လို့သာ ငါလည်း
ငါတို့မိဘတွေပြန်အလာကို မျှော်လင့်တကြီးနဲ့ စောင့်နေနိုင်ခဲ့တာ.. မင်း
ငါနဲ့အတူရှိနေပေးပြီး မိဘတွေပြန်အလာကို အတူစောင့်နေပေးလို့ ငါကသာ
ကံကောင်းတဲ့သူပဲ.. ငါ့ကို အဲဒီအချိန်တုန်းက သိပ်ပြီး အထီးမကျန်စေခဲ့ဘူးလေ”
ရုန်ရုန်ရဲ့မျက်လုံးတွေက
အံ့ဩမှုကြောင့် ပြူးဝိုင်းနေခဲ့တယ်။
ရုန်ကျန်းက
ဒီစကးတွေကို ဘယ်တုန်းကမှ မပြောပြခဲ့ဖူးဘူး။
သေသေချာချာတွေးကြည့်မယ်ဆိုရင်
ထိုအချိန်တုန်းက သူ့ရဲ့အရွယ်က မိဘတွေကို လွမ်းနေနိုင်တာပဲ။ အဆုံးမှာ ရုန်ကျန်းက
ဆယ်နှစ်သာရှိသေးပြီး ကလေးတစ်ယောက်ပဲ ဖြစ်နေသေးတာမလား?
ထိုအချိန်တုန်းက
ရုန်ကျန်း အရမ်းကိုတည်ငြိမ်နေခဲ့တာက သူ့အတွက်ကြောင့်သာမကဘဲ သူ့မိဘတွေ
စိတ်ချလက်ချလက်လွှဲထားနိုင်စေဖို့ပဲ။ သူ့ရဲ့အစ်ကိုကလည်း ထိုအချိန်တုန်းက မိဘတွေကို
လိုအပ်နေဆဲပဲလေ .. ဟုတ်တယ်မလား?
ဒီလိုတွေးကြည့်ရင်....
ရုန်ကျန်းက
အစ်ကိုတစ်ယောက်အဖြစ် သူ့ထက်တောင် ပိုပြီးဆိုးရွားနေခဲ့ရတာပဲ။
ရုန်ရုန် ရုတ်တရက်
ကလေးအရွယ်ကို ပြန်ရောက်ချင်သွားတယ်။ သူသာ ကလေးအရွယ်ကို ပြန်သွားနိုင်ခဲ့ရင်
သူ့ရဲ့အစ်ကိုနဲ့အတူ မိဘတွေပြန်ိလာကို အတူစောင့်ဆိုင်းပေးနေခဲ့မှာ။ တစ်ယောက်တည်း
အိပ်ပျော်မသွားစေရတော့ဘူး။
သူ့အစ်ကိုကို
အဖော်ပြုပြီး မိဘတွေပြန်အလာကို အတူစောင့်နေပေးမယ်။
ဘာလို့
သူ့ရဲ့မျက်လုံးတွေက ရုတ်တရက်ပူလောင်လာရတာလဲ?
ရုန်ရုန်
ဟာသလုပ်လိုက်တယ်။
“ဒါဆို ကောကော
ကျွန်တော်ကို ကျေးဇူးတင်လား”
ရုန်ကျန်းရဲ့မျက်နှာပေါ်မှာတော့
စနောက်လိုဟန်တို့မရှိပဲ လေးနက်စွာပြောလာတယ်။
“အင်း.. မင်းကို
ကျေးဇူးတင်တယ်.. ငါ့နဲ့အတူ ကြီးပြင်းလာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရုန်ရုန်
ချေပစကားတို့ပျောက်ဆုံးသွားရတယ်။
သူ မျက်နှာကို
ဆိုဖာဘက်ကို လှည့်ကာ သူ့မျက်နှာကို ရုန်ကျန်းရဲ့ပေါင်ပေါ်မှာအပ်လိုက်တယ်။
အချိန်အတော်လေးကြာမှာသာ
ခပ်တိုးတိုးပြောလာခဲ့တယ်
“ကျွန်တော်ကသာ
ကောကောကို ကျေးဇူးတင်သင့်တဲ့သူပါ”
ကျွန်တော်
ကောကောရဲ့ညီဖြစ်ခဲ့တဲ့အတွက် ဘယ်လောက်ထိ ဂုဏ်ယူနေခဲ့ရလဲဆိုတာ ကောကောသိမှာမဟုတ်ဘူး။
ရုန်ရုန်
ရုန်ကျန်းရဲ့ပေါင်ပေါ်မှာ အိပ်ပျော်သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့
အမှန်တကယ်အိပ်ပျော်သွားခဲ့တာ။
ရုန်ကျန်း သူ့ကို
ပွေ့ချီလိုက်တာကိုတောင် နိုးမလာခဲ့ပဲ သူ့ရဲ့လက်မောင်းအတွင်းမှာပဲ
သက်သောင့်သက်သက်အနာအထားကို ရွှေ့ပြီး ဆက်အိပ်နေခဲ့တယ်။
ရုန်ကျန်း
ရုန်ရုန်ကို အိပ်ယာပေါ်မှာ တစောင်းလေး တင်ပေးလိုက်တယ်။ ဒီလိုဆိုရင်
အလာ့ဂျစ်နေရာတွေနဲ့ ထိမိပြီး ယားယံလာမှမဟုတ်ဘူး။
“ဒေါက် ဒေါက် ဒေါက်_”
တစ်စုံတစ်ယောက်က
တံခါးလာခေါက်တာကြောင့် ရုန်ကျန်း အိပ်ယာပေါ်မှာ အသံထွက်အောင်အိပ်ပျော်နေတဲ့
ရုန်ရုန်ရုန်ဆီကို ပြန်လှည့်ကြည့်လိုက်တယ်။
ရုန်ကျန်း
သူ့အခန်းဆီကို ပြန်ဖို့ လုပ်နေရာမှ တံခါးကိုအရင်ဖွင့်ပေးလိုက်တယ်။
ဟိုတယ်ဝန်ထမ်းတစ်ယောက်ပဲ။
“ဟဲလို မစ်စတာရုန်..
ကျင်းရီလို့ခေါ်တဲ့ကျောင်းသားလေးက ရနံ့အဆီတစ်ခုကို ကောင်တာမှာအပ်ပေးခဲ့လို့ပါ..
မစ်စတာရှောင်ရုန်က သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ်.. နောက်ပြီး သူ့ရဲ့ဆက်သွယ်ရမဲ့နံပါတ်တွေကိုလည်း
ပေးခဲ့ပါတယ်.. တကယ်လို့ မစ်စတာရှောင်ရုန်သာ ဆန္ဒရှိရင် သူ့အနေနဲ့ သူ့ရဲ့အသက်ကို
ကယ်တင်ပေးခဲ့တဲ့အတွက် လူကိုယ်တိုင် ကျေးဇူးတင်စကားပြောချင်ပါတယ်တဲ့”
ဝန်ထမ်းက
ပုလင်းလေးကို လေးစားမှုအပြည့်နဲ့ လက်နှစ်ဖက်ကိုင်ကာလှမ်းပေးလာတယ်။
ရုန်ရုန်ကတော့
အိပ်မက်တစ်ခုမက်နေတုန်းပဲ။
အိပ်မက်ထဲမှာ သူက
ဆောက်လုပ်ရေးဆိုက်ထဲမှာ ထိုင်နေခဲ့ကာ ဆောက်လုပ်ရေးဆိုက်မှ ဝေပေးလာတဲ့
နေ့လည်စာထမင်းဘူးကို လက်ထဲမှာ ကိုင်ခားခဲ့တယ်။
ကြီးမားပြီး
အသားထူတဲ့ ကြက်ဒူးဆစ်ပိုင်းကြီးက ရွှေရောင်ဆော့စ်တွေနဲ့ ဆမ်းထားသေးတယ်။
ရုတ်တရက်ပဲ
သဲတွေရောနှောနေတဲ့ လေပြင်းက အရှိနဲ့တိုက်ခိုက်လာတယ်။
အဖြူရောင်ထမင်းတွေနဲ့
ရွှေဝါရောင်ကြက်သားက သဲတွေနဲ့ ဖုံးလွှမ်းခံလိုက်ရပြီ။
ရုန်ရုန်
တူကိုကိုင်ပြီး သဲလွှမ်းနေတဲ့ အပိုင်းကို ဖယ်ထုတ်လိုက်တယ်။ ထမင်းရဲ့အပေါ်ပိုင်းနဲ့
ကြက်သားရဲ့ အရေခွံကို ဖယ်လိုက်ရင် စားလို့ရသေးတယ်။
သူက ဒီကိစ္စမှာ
အတော်လေးအတွေ့အကြုံများနေပြီ။ နောက်ပြီး အစားအသောက်အေးနေချိန်မှာ
ဟိုးအစပိုင်းတွေတုန်းကလို ပါးစပ်အပြည့်ဖယ်ထုတ်နေမှာမဟုတ်တော့ဘူး။
ကျွမ်းကျင်မှုအပြည့်နဲ့
ကြက်သားကိုလည်း သဲတွေဖယ်လို့အပြီးမှာ ထိုကြက်သားကို
ကောက်ယူပြီးပါးစပ်နဲ့ကိုက်ခဲလိုက်တယ်။
ကိုက်လို့မရသေးပြန်ဘူး။
ပဲကြီးစေ့လောက်အရွယ်ရှိတဲ့
မိုးတွေက ရွာချလာပြန်တယ်။ ရုန်ရုန် ရွေးချယ်စရာမရှိတော့ဘဲ ထမင်းဘူးကိုယူကာ
မိုးရှောင်ဖို့အတွက် ဆောက်လို့မပြီးသေးတဲ့ အဆောက်အအုံဆီကိုပြေးရပြန်တယ်။
ရုန်ရုန်
မိုးရေထဲမှာ ပြေးရင်း ပြေးနေခဲ့ပေမဲ့ သူ့ရဲ့မျက်စိရှေ့မှာ ရှိနေတဲ့
အဆောက်အအုံဆီကို မရောက်ရှိနိုင်ခဲ့ဘူး။ သရဲတွေလှည့်စားနေသလိုမျိုး။
ရုန်ရုန်
အားအင်ကုန်ခမ်းစွာ နိုးထလာရတယ်။
အိပ်မက်က
လက်တွေ့ဆန်လွန်းတယ်။
ရုန်ရုန်
နိုးလာချိန်မှာ သူ အိပ်ယာထဲကိုရောက်နေပြီး အခန်းထဲမှ အပြင်အဆင်တွေကို
စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးမှ သူ သဲတွေဖုံးလွှမ်းနေတဲ့
ဆောက်လုပ်ရေးဆိုဒ်ထဲမှာ မဟုတ်တော့ကြောင်းကို သတိဝင်လာခဲ့တယ်။
ရုန်ရုန်
လှည့်ပတ်ကြည့်လိုက်တော့ ခုတင်ပေါ်မှာရောက်နေတာကို သတိပြုလိုက်မိတယ်။ သူ
သူ့အကိုရဲ့ပေါင်ပေါ်မှာ အိပ်ပျော်သွားခဲ့တာမလား။
သူ့အစ်ကိုက သူ့ကို
ပွေ့ချီပေးခဲ့တာလား?
“ဂွီ--“
အစာအိမ်က
ဆန္ဒထုတ်ဖော်နေခဲ့ပြီ။
ရုန်ရုန်:....
ကြက်ပေါင်နဲ့ထမင်းကို
အိပ်မက်မက်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး။
ရုန်ရုန်
စောင်ကိုလှစ်ပြီး အိပ်ယာထဲမှထွက်လိုက်တယ်။ ထိုနောက်မှာတော့ မျက်ဝန်းထောင့်မှ
ဝက်သစ်ချသားနဲ့အဖုံးဆို့ထားတဲ့ ပုလင်းလေးကို မြင်တွေ့လိုက်တယ်
သူ့အစ်ကို
ပေးခဲ့တာလား?ရုန်ရုန် ဖန်ဘူးလေးကို လှမ်းယူပြီး အဖုံးမဖွင့်ရသေးခင်မှာ
လင်ဗန်ဒါရဲ့ကောင်းမွန်တဲ့ရနံ့ကိုရရှိလိုက်တယ်။
ဒါက လင်ဗန်ဒါအဆီပဲ။
လင်ဗန်ဒါရဲ့အဆီက
နေလောင်ဒဏ်တွေကိုပျောက်ကင်းစေနိုင်တယ်။ ထင်းရှူးရဲ့အဆီအနှစ်နဲ့
ရို့စ်မယ်ရီတို့ပါဝင်တဲ့ဖော်မြူလာကလည်း ယားယံမှုနဲ့ နာကျင်မှုကို သက်သာစေတယ်။
ရုန်ရုန်
အဖုံးဖွင့်ကြည့်လိုက်တယ်။ ကောင်းမွန်စွာအိပ်စက်လို့အပြီးမှာ အအေးမိတာက
ပိုပြီးသက်သာနေခဲ့ပြီ။
နှာရည်ကအနည်းငယ်စိုစွတ်နေသေးပေမဲ့
နှာခေါင်းနှစ်ဖက်လုံးက ကောင်းမွန်နေပြီဖြစ်ကာ မအိပ်ခင်တုန်းကလို
နှာမပိတ်နေတော့ဘူး။
ရနံ့အဆီထဲမှာ
လင်ဗန်ဒါအဆီ၊ ရို့စ်မယ်ရီ၊ ချိုမြိန်တဲ့လိမ္မော်ရနံ့၊ ရှောက်နံ့ နဲ့ တခြားသော
ရနံ့တို့ရောနှောနေခဲ့တယ်။
လိမ္မော်၊
တောရှောက်နဲ့ ကလာရီပန်းတွေရဲ့ရနံ့ကမများပေမဲ့
ဒီရနံ့အဆီရဲ့အဓိကကျတဲ့အလွှာထဲမှာပါဝင်တယ်။
ဒီအမွှေးဆီက
ဆေးအတွက်သုံးတဲ့ပုံရပြီး patchouli ရဲ့ပါဝင်မှုကဘည်းမြင့်မားတယ်။
ရနံ့အဆီတွေမှာ
ကုသနိုင်စွမ်းတွေပါဝင်တာကိုလည်း သိသင့်တယ်။ ထပ်ပြောရရင် ရနံ့အဆီတွေက သူဘာသာ
ကောင်းမွန်နေပြီးပေမဲ့ လူတွေပိုပြီးဝယ်ယူဖို့အတွက် ရနံ့တွေကို
ပိုပြီးကောင်းမွန်အောင်ထုတ်လုပ်လာကြတယ်။
Patchouliရဲ့ပါဝင်မှုမြင့်သွားရင်
ရနံ့က ခါးသက်သွားလိမ့်မယ်။ ဒါဆိုရင် လူတွေရဲ့ဝယ်ယူချင်တဲ့ဆန္ဒကို
ထိခိုက်သွားစေလိမ့်မယ်။
ရုန်ရုန်
ရနံ့ဆီနည်းနည်းထည့်ပြီး လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်တယ်
အမ်....လင်ဗန်ဒါရဲ့
ရနံ့က patchouliနံ့ကိုဖုံးလွှမ်းသွားတာပဲ။
ရုန်ရုန်
ဒီအမွှေးဆီကို ဖန်တီးတဲ့သူက ဆေးအဖြစ်ထက် ရနံ့ဆီအဖြစ် ပိုမိုအာရုံစိုက်ထားကြောင်း
ခန့်မှန်းလိုက်တယ်။
ပြေရရင် patchouli က ပိုးမွှားတွေကိုသေစေနိုင်ပြီး
ရောင်ရမ်းမှုကို သက်သာစေတဲ့အစွမ်းရှိတယ်။ ဒါပေမယ့် ဒီရနံ့အဆီကတော့
မွှေးပျံ့တဲ့ရနံ့အတွက်သာ အဓိကရည်ရွယ်တာဖြစ်ပြီး ဆေးဝါးအတွက် အဓိကထားတာမဟုတ်ဘူး။
တကယ်လို့ သူသာ
ဒီအမွှေးဆီကိုဖန်တီးမယ်ဆိုရင်တော့ patchouli ရဲ့ပါဝင်မှုကို
ထပ်တိုးလိုက်ပြီး သူ့ရဲ့အနံ့ကိုဖုံးဖို့အတွက် cedar နဲ့ ဒန်းလို သစ်သားရနံ့တွေ ထပ်တိုးလိုက်မှာပဲ။
ဒီအတိုင်းဆိုရင်
လင်ဗန်ဒါရဲ့ ရနံ့ကိုလည်း ပိုပြီး သိမ်မွေ့သွားစေလိမ့်မယ်။ ပိုပြီးတော့လည်း
ရနံ့ကောင်းမွန်လာလိမ့်မယ်။
စိတ်မကောင်းစရာပဲ။
သူ
အခုအိမ်မှာမဟုတ်တဲ့အတွက် သူ့ဆီမှာ ပစ္စည်းကိရိယာတွေပါမလာခဲ့ဘူး။ မဟုတ်ရင်
ဒီရနံ့ဆီကို ပိုပြီးညင်သာနူးညံ့သွားအောင် တိုက်ရိုက် ရောစပ်လိုက်မှာ။
ရုန်ရုန်
အဖုံးပြန်ပိတ်ပြီး နေရာမှာ ပြန်ထားလိုက်တယ်
ပြီးနောက်
လက်မှာပတ်ထားတဲ့ခေါင်းစည်းကြိုးနဲ့ အကျင့်ရစွာ သူ့ရဲ့ ဆံမြိတ်ကိုစည်းလိုက်ပြီး
အခန်းထဲမှထွက်ကာ ရုန်ကျန်းရဲ့အခန်းတံခါးကို သွားခေါက်လိုက်တယ်။
အထဲမှာ
လှုပ်ရှားမှုမရှိလေဘူး။
ရုန်ကျန်း
မရှိဘူးလား?
သူ့ဖုန်းက
ပင်လယ်ထဲကို ပြုတ်ကျသွားခဲ့တာကြောင့် ဖုန်းခေါ်ဖို့လည်း မဖြစ်နိုင်ဘူး။
တီ..
အပြင်ဘက်မှ
တံခါးပွင့်လာပြီး ဟိုတယ်ယူနီဖောင်းမဝတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းတစ်ယောက်က
လေးစားမှုရှိစွာနဲ့ သူ့အနားကိုကပ်လာတယ်။
“ဟဲလို.. ဒါက
ရုန်အာ့ရှောက်များလား”
ရုန်ရုန်
လည့်ကြည့်ကာ ထိုတစ်ယောက်ကို သတိအနေအထားနဲ့ စူးရဲစွာကြည့်လိုက်တယ်။
တစ်ဖက်လူက
အနည်းငယ်ကြောင်အမ်းသွားရတယ်။
သူ့အနေနဲ့
ဒီသခင်လေးရဲ့သတိအနေအထားက ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။