Ch 35
Viewers 24k

(35) ကောကော.. ကောကောရဲ့ခြေထောက်ပေါ်မှာ ခေါင်းအုံးချင်လို့

 

အချိန်အတော်ကြာသွားပေမဲ့ ရုန်ကျန်းက စကားမပြောလာခဲ့ဘူး။

 

ရုန်ရုန်ရဲ့ ရုန်ကျန်းအင်္ကျီကိုဆုတ်ကိုင်ထားတဲ့လက်က ဖြူဖျော့လာကာ တဖြည်းဖြည်းလွှတ်ပေးလာခဲ့တယ်။

 

ရုန်ကျန်း အရှေ့ကို ဆက်သွားပြီး တံခါးပြန်ပိတ်လိုက်တယ်။

 

ပြီးနောက် အခန်းထဲကို ပြန်ဝင်လာပြီး ရုန်ရုန်ကိုပြောလာတယ်။

 

ဆေးအရင်သောက်လိုက်

 

ရုန်ရုန်ရဲ့ လက်ဖဝါးတွေက ချွေးတွေနဲ့ စိုနေခဲ့တယ်။

 

သူ အခုလေးတင် တွေးနေခဲ့တာ...

 

အမ်

 

သူ ထပ်ပြီး နှာရည်ယိုလာတာကြောင့် ရုန်ရုန် တစ်သျူးကိုဆွဲယူပြီး နှာညှစ်လိုက်တယ်။

 

ရုန်ကျန်းက သူ့အတွက် ရေတစ်ဖန်ခွက်ထည့်ပေးပြီး ဆိုဖာပေါ်မှာထိုင်နေတဲ့ ရုန်ရုန်ကို ဆေးနဲ့အတူလှမ်းပေးလာတယ်။

 

ရုန်ရုန် ခေါင်းကို ခါယမ်းပြီး ပါးစပ်ကို ဖွင့်ဟလိုက်တာကြောင့် ဆေးယူလာပေးတဲ့ ရုန်ကျန်းရော သူပါ တစ်ချိန်တည်း ရပ်တန့်မိပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်မိကြတယ်။

 

ရုန်ရုန်ရဲ့ နားရွက်ထိပ်တွေမှာ သွေးတွေ စုဝေးလာပြီး ရုန်ရုန် သူ့ကိုယ်သူတည်ငြိမ်အောင် အတင်းဖိအားပေးလိုက်ရကာ ဆေးကိုလှမ်းယူလိုက်တယ်။

 

ပြီးနောက် ဆေးကို လက်ဖဝါးထဲသို့ သွန်ချလိုက်ပြီး ပါးစပ်ထဲကိုပစ်ထည့်ကာ ရေအတော်များများမော့သောက်လိုက်တယ်။

 

ခါးသက်တဲ့အရသာက ကျန်ရှိနေတုန်းပဲ။

 

ကောကော ချိုချဥ်ရှိလား

 

ရုန်ရုန် ငယ်ရွယ်စဥ်အချိန်တုန်းက ဆေးသောက်ပြီးတိုင်း ချိုချဥ်စားတတ်တဲ့ အလေ့အကျင့်ရှိတယ်။

 

သူ ထိုအကျင့်ကို စွန့်ပစ်ခဲ့တာကြာပြီဖြစ်ပေမဲ့ သာမန်လိုပဲ မေးကြည့်လိုက်တယ်။

 

တစ်ခါတုန်းက သူ့ရဲ့ပထမဦးလေးနဲ့ တတိယဦးလေးတို့ သူတို့ရဲ့အိမ်ကို အလည်လာစဥ်တုန်းက သူနေမကောင်းဖြစ်နေခဲ့တယ်။

 

ဘာကြောင့်နေမကောင်းတာလဲဆိုတာကိုတော့ သူမေ့သွားခဲ့ပြီ။

 

သူမှတ်မိတာက ထိုနေ့တုန်းက လူကြီးတွေ ဧည့်ခန်းထဲမှာထိုင်ပြီး စကားပြောနေခဲ့ကြတယ်။ သူ့ရဲ့ဝမ်းကွဲတွေကလည်း အိမ်ထဲမှာ လှည့်ပတ်ခုန်ပေါက်ပြီး ပြေးလွှားနေခဲ့ပြတယ်။

 

သူကတော့ နေမကောင်းတာကြောင့် အခန်းထဲမှာပဲနားနေခဲ့တယ်။

 

သူ့ရဲ့အစ်ကိုကလည်း မတိုင်ခင်တုန်းကလိုမျိုး သူ့ကိုအစာကျွေးပြီးနောက်မှာ ဆေးတိုက်ပြီး သူ့ကိုချော့ဖို့အတွက် သကြားလုံးကို အခွံ့ခွာပေးနေခဲ့တယ်။

 

ထိုအချိန်မှာပဲ ဝမ်းကွဲတစ်ယောက်က တံခါးကိုတွန်းဖွင့်ကာဝင်လာခဲ့ပြီး ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ ဗိုက်ကိုဖိနှိပ်ကာ အော်ဟစ်ရယ်မောခဲ့တယ်လေ။

 

သူက မူကြိုကျောင်းသားလေးလို ဆေးသောက်ရင် သကြားလုံးလိုအပ်သေးကြောင်း ပြောကာ ရယမောခဲ့တယ်။ တခြားသော ဝမ်းကွဲအငယ်တွေကလည်း သူ့ကို လှောင်ပြောင်ခဲ့ပြီး ဘေးဘက်မှ ရှက်စရာကောင်းကြောင်း အော်ဟစ်နေခဲ့ကြတယ်။

 

ဝမ်းကွဲတွေအားလုံးက လိုက်ပါရယ်မောခဲ့ကြတာ။

 

သူ အရမ်းရှက်သွားခဲ့ဆာကြောင့် သူ့အစ်ကိုရဲ့လက်ထဲမှ ချိုချဥ်ကို ရိုက်ထုတ်ခဲ့ရုံတင်မကဘဲ သူ့အစ်ကိုကိုပါနှင်ထုတ်ခဲ့တယ်။

 

အဲဒီနောက်မှာ သူ ဘယ်လောက်ခါးသက်တဲ့ဆေးကိုပဲသောက်ရပါစေ ချိုချဥ် ထပ်မတောင်းခဲ့တော့ဘူး။

 

ရုန်ရုန် ပါးစပ်ကနေလှမ်းမေးလိုက်ပေမဲ့ ရုန်ကျန်းက သူ့အိတ်ကပ်ထဲမှ ပင်စိမ်းချိုချဥ်လေးကို ထုတ်လာခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

 

ဒါက သေးငယ်တဲ့ထုတ်ပိုးမှုပုံစံနဲ့ ချိုချဥ်လေးပဲ။ ဖောက်လိုက်တဲ့အချိန်မှာ လုံးဝန်းပြီး အလည်မှာ အဝိုင်းပေါက်လေးပါတဲ့ ချိုချဥ်လေးထွက်လာလိမ့်မယ်။

 

ရုန်ရုန် ငယ်ငယ်တုန်းက ဒီလို ကွင်းပုံချိုချဥ်လေးကို အတော်လေးကြိုက်ခဲ့တယ်။ အထူးသဖြင့် ပင်စိမ်းအရသာပဲ။

 

နောက်တော့ သူ့အစ်ကိုရဲ့လက်ထဲမှ သူအကြိုက်ဆုံးသော ကွင်းပုံစံ ပင်စိမ်းချိုချဥ်လေးကို သူကိုယ်တိုင် ပုတ်ထုတ်ခဲ့တယ်

 

ရုန်ရုန် ရုန်ကျန်းရဲ့လက်ထဲမှ ပင်စိမ်းချိုချဥ်လေးကိုစိုက်ကြည့်ကာ မျက်ဝန်းတွေနီရဲလာရတယ်။

 

သူ့အနေနဲ့ သူ့ရဲ့အစ်ကိုက ထိုအရာတွေကို မှတ်မိနေပါ့မလားဆိုတာကို မသေချာခဲ့ဘူး။

 

သူသေချာပေါက်မှတ်မိနေခဲ့တာပဲ။

 

ဒီလောက် နှစ်တွေ ကျော်လွန်သွားခဲ့ချိန်မှာတောင်မှလေ။

 

သူ့အစ်ကိုက သူဆေးသောက်ပြီးတိုင်းချိုချဥ်စားတတ်တဲ့ အလေ့အကျင့်ကို မှတ်မိနေသလို သူအကြိုက်ဆုံးဖြစ်တဲ့ပင်စိမ်းအရသာ အဝိုင်းပေါက်ချိုချဥ်လေးကိုလည်း သိနေတုန်းပဲ။

 

သူ့ရဲ့ဝမ်းကွဲတွေ လှောင်ပြောင်မှုကြောင့် သူ့ရဲ့လက်ထဲမှ ပင်စိမ်းအရသာချိုချဥ်ကို သူ ရိုက်ထုတ်ခဲ့တာကို ဘယ်လိုများ မေ့ပစ်ခဲ့နိုင်တာလဲ?

 

ရုန်ရုန်က ချိုချဥ်မစားတော့ဘဲ ဆေးသောက်ခဲ့တာ နှစ်တွေအများကြီးကြာနေပြီ။

 

ဒါပေမဲ့ သူ့အစ်ကိုကတော့ သူ့အတွက် အသင့်ပြင်ဆင်ပေးထားတုန်းပဲ။

 

သူမသိလိုက်ပဲ သူ့အစ်ကို ဘယ်နှစ်ကြိမ်လောက်တောင် အသင့်ပြင်ပေးထားခဲ့တာလဲ?

 

**

 

ရုန်ရုန် ရုန်ကျန်းရဲ့လက်ထဲမှ ချိုချဥ်ကိုယူပြီး အခွံခွာလိုက်ကာ သူ့ရဲ့ပါးစပ်ထဲကိုထည့်လိုက်တယ်

 

သူ မှတ်မိထားသလိုပဲ။ ဒါကိုမစားခဲ့ရတာ နှစ်တွေ ဘယ်လောက်ပဲ ကြာမြင့်နေပါစေ လည်ပင်းထဲကိုအေးစက်သွားတဲ့ ပင်စိမ်းရဲ့အရသာကို ခံစားမိနေတုန်းပဲ။

 

ချိုမြိန်ပြီး အေးစက်တယ်။

 

ရုန်ရုန် ရုန်ကျန်းရဲ့လက်ထဲက ချိုချဥ်က ဘယ်ကနေရောက်လာတာလဲဆိုတာကိုမမေးခဲ့ဘူး။

 

တချို့သော မေးခွန်းတွေက မေးနေစရာမလိုဘူး။

 

အဖြေသည်လည်းပဲ မလိုအပ်ဘူး။

 

ကောကော ကျွန်တော့်ကို ကောကောရဲ့ပေါင်ကို ခေါင်းအုံးဖို့ ခဏလောက် ငှားပေးလို့ရမလား

 

မေးခွန်းက အတော်လေး ယဥ်ကျေးနေပေမဲ့ အပြုအမူကတော့ ကွာခြားနေခဲ့တယ်။

 

ရုန်ကျန်းရဲ့ပြန်ဖြေလာတဲ့စကားကို မစောင့်တော့ဘဲ ရုန်ရုန်က သက်သောင့်သက်သာရှိမဲ့နေရာကို လိုက်ရှာပြီး သူ့ရဲ့ပေါင်းပေါ်မှာ လှဲလိုက်တယ်။

 

ညီအစ်ကိုနှစ်ယောက် အခုလို မနီးစပ်ခဲ့တာ နှစ်တွေအများကြီးကြာမြင့်ခဲ့ပြီ။

 

ရုန်ကျန်းရဲ့ ခန္ဓာကိုယ်က အနည်းငယ်တောင့်ခဲသွားကာ သူ့ရဲ့ပေါင်ကြွက်သားတွေကလည်း တောင့်တင်းသွားခဲ့တယ်။

 

ရုန်ရုန်ရဲ့ မျက်ဝန်းထဲမှာ အံ့သြမှုအရိပ်တွေ ထွက်ပေါ်လာတယ်။

 

ဟမ်? သူ့အစ်ကိုကလည်း စိတ်လှုပ်ရှားနေတာလား?

 

သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ သူတစ်ယောက်တည်းကသာ စိတ်လှုတ်ရှားနေတာမဟုတ်ကြောင်းသိလိုက်ရတော့ ရုန်ရုန် တနည်းနည်းနဲ့ စိတ်သက်သာရာရသွားတယ်။

 

ရုန်ရုန် ချိုချဥ်ကို လှည့်ပြီး စုပ်လိုက်တာကြောင့် ကွင်းအပေါက်ဆီမှ အသံကတိုးလိုက် ကျယ်လိုက်ထွက်ပေါ်လာတယ်။

 

သို့ပေမဲ့ ရုန်ကျန်းကတော့ သူ့ရဲ့ညီငယ်လေးက ဆူညံနေတယ်လို့ မတွေးခဲ့ဘူး။

 

ရုန်ရုန် ဆိုဖာပေါ်ကိုလှဲလျောင်းနေရာမှ ခဏလောက်ကြာတော့ နောက်ကျောဘက်ဆီမှ ယားယံလာခဲ့တယ်။ ဒါကြောင့် ဘေးကိုအသာစောင်းပြီး  နောက်ကျောဘက်ကို လက်နဲ့ လှမ်းလိုက်ပေမဲ့ မမှီခဲ့ဘူး။ ရုန်ကျန်း သူ့ရဲ့လှုပ်ရှားမှုကို မြင်သွားခဲ့တယ်။

 

လှည့်လိုက်

 

ရုန်ကျန်းရဲ့အသံကိုကြားတော့ သူမြင်သွားမှန်းကို ရုန်ရုန် သဘောပေါက်တာကြောင့် သူ့အစ်ကိုစိတ်ဆိုးအောင် မလုပ်တော့ဘဲ လှည့်ပေးလိုက်တယ်။

 

ရုန်ကျန်း ဘာမှပြောမနေတော့ဘဲ ရုန်ရုန်ရဲ့အင်္ကျီကိုပဲ တိုက်ရိုက်လှန်လိုက်တယ်။ ပင်လယ်ရေနဲ့ထိသွားခဲ့တာကြောင့် ရုန်ရုန်ရဲ့နောကျောဘက်မှ နေလောင်မှုက ပိုပြီး ကြောက်စရာကောင်းနေခဲ့ပြီ။

 

ရုန်ကျန်း အေးစက်စက်ပြောလိုက်တယ်:

 

အရင်ဆေးတွေက အလကားဖြစ်သွားပြီ

 

ရုန်ရုန် သူ့ရဲ့အမှားကိုအလျှင်အမြန်ဝန်ခံလိုက်တယ်။

 

ကောကော ကျွန်တော် တကယ်မှားပါတယ်

 

ရုန်ကျန်း အေးစက်စွာစိုက်ကြည့်လာတယ်။

 

မှောက်ပြီးလှဲလိုက်

 

ရုန်ကျန်းက ရွက်လှေပေါ်မှာတုန်းက စွမ်းချီဆီမှ ယူလာတဲ့ နေလောင်ဓာတ်အတွက်ဆေးတွေကို သူနဲ့တစ်ချိန်လုံး သယ်ဆောင်ယူလာခဲ့တုန်းပဲ။

 

ရုန်ရုန်ကလည်း သူ့အစ်ကိုရဲ့နှလုံးသားနူးညံ့အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အပေါ် အတွေ့အကြုံ အနည်းငယ်ရှိလာပြီ။ ရုန်ကျန်း သူ့ကိုဆေးလိမ်းပေးတဲ့အချိန်မှာ အရင်တုန်းကလိုမျိုးသည်းမခံနေတော့ဘူး။

 

နာကျင်ရင် ညည်းညူလိုက်တယ်။

 

ဆေးလိမ်းချိန်မှာ အအေးဓာတ်နဲ့ သက်သောင့်သက်သာရှိစေတော့လည်း သက်သောင့်သက်သာဖြစ်တဲ့အသံကို ထုတ်လိုက်တယ်.

 

သေချာတာပေါ့။ ရုန်ကျန်းက ဘာမှမပြောခဲ့ဘူး။

 

ဒီတော့ ဘော့စ်ပဲဖြစ်ဖြစ် လူငယ်လေးပဲဖြစ်ဖြစ် သူတို့ရဲ့ညီငယ်လေးက အလိုလိုက်ခံထားရလိုဆိုးသွန်းနေသလိုပြုမူတာကို သဘောကျတယ်ပေါ့လေ?

 

ရုန်ရုန် ရုန်ကျန်းရဲ့ပေါင်ပေါ်မှာလှဲရင်း သူ့ရါ့နှုတ်ခမ်းထောင့်တွေက ကွေးတက်နေခဲ့တယ်။

 

ရုန်ကျန်း ခေါင်းကိုငုံ့လိုက်ချိန်မှာ မျက်မှာဘေးတစ်ဖက်စောင်းပြီး လှဲနေတဲ့ ရုန်ရုန်ရဲ့ နှုတ်ခမ်းပေါ်မှ အပြုံးကို မြင်တွေ့သွားခဲ့တယ်။

 

ဆေးလိမ်းနေရတာကို အဲလောက်တောင်ပျော်နေတာလား

 

ရုန်ရုန်က မျက်လွှာချရင်းပြုံးလိုက်ပြန်တယ်။

 

ဟင့်အင်း

 

ကျွန်တော့်ရဲ့ကောကောနဲ့ ခုလိုမျိုးအတူရှိနေရတာက ကောင်းတယ်လို့ တွေးမိလို့ပါ

 

ရုန်ကျန်း သူ့ကို ခပ်ဖျော့ဖျော့ကြည့်လာတယ်။

 

သကြားအုပ်ထားတဲ့ အမြှောက်ဆန်ပဲ

 

ရုန်ရုန် မျက်ခုံးပင့်လိုက်တယ်။

 

ဒါက သကြားဖုံးထားတဲ့ လက်နတ်ကြီးအဆင့်လား

 

ငါ့မှာ အရမ်းကောင်းတဲ့ ကောကောတစ်ယောက်ရှိတယ်.. ကောကော .. ကောကော....

 

အစတုန်းကတော့ ရုန်ကျန်း ရုန်ရုန်ညည်းနေတဲ့အသံကို သိပ်ပြီးရှင်းရှင်းလင်းလင်းမကြားရဘူး။ နောက်ကျမှ ရုန်ရုန်က သီချင်းစာသားကို ညည်းနေတာဖြစ်ကြောင်းသိလိုက်ရတယ်။ သူက ကလေးသီချင်းဖြစ်တဲ့ ငါ့မှာ အရမ်းကောင်းတဲ့ ပါးပါးရှိတယ်ကို ကောကောအဖြစ်ပြောင်းဖြစ်ဆိုနေတာပဲ။

 

ရုန်ကျန်းရဲ့လက်ချောင်းထိပ်တွေယားယံလာခဲ့တယ်။

 

သူ သူ့ရဲ့ ဖုန်းကို ထုတ်ယူလိုက်ပြီး သူ့ရဲ့အဖေ ရုန်ဝေ့ရှန်ဆီကို ပို့ပေးလိုက်တယ်။

 

ရုန်ဝေ့ရှန်က ဖုန်းကို အသံပိတ်ထားခဲ့တယ်။

 

ဒီအချိန်မှာ ဥက္ကဋ္ဌကြီးရုန်က နေ့လည်စာစားဖို့ အနားယူနေခဲ့တာ။

 

ရုန်ကျန်း အနည်းငယ် စိတ်ပျက်သွားတယ်။

 

နောက်တော့ သူ ဥက္ကဋ္ဌကြီးရဲ့ ဇနီးသည်ဆီပို့ပြန်တယ်။

 

ရုန်မားမားက စာပြန်လာခဲ့ဘူး။

 

မစ်စတာရုန်ကတော့ ကြွားလုံးထုတ်စရာလူမရှိတာကြောင့် မပျော်မရွှင်ဖြစ်နေရပြီ။

 

ရုန်ရုန်ကတော့ သူ့အစ်ကိုရဲ့ လှုပ်ရှားမှုတွေကို မသိပါပဲ သီချင်းညည်းနေတုန်းပဲ။

 

ရုန်ကျန်း ဓာတ်ပုံရိုက်လိုက်တယ်။

 

ရုန်ရုန်က အတော်လေးဓာတ်ပုံစားတယ်။ ကောင်ငယ်လေးက မျက်ဝန်းတွေကို မှိတ်ထားပြီး သူ့ရဲ့နှုတ်ခမ်းတွေကလည်း ပြုံးနေသယောင် အနည်းငယ်မြင့်နေခဲ့တယ်။ 

 

သူ သူငယ်ချင်းရပ်ဝန်းမှာ သွားတင်လိုက်တယ်__

 

သူက ဒီလောက်ကြီးနေပေမဲ့ ချွဲရတာကြိုက်နေတုန်းပဲ

 

စွမ်းချီ:! ! ! ! မင်းရဲ့ညီလေး! ! ! !

 

ရုန်ကျန်းရဲ့ ပထမအန်တီ: ရုန်ရုန်က... မင်းရဲ့ပေါင်ပေါ်မှာအိပ်နေတာလား? ရုန်ရုန်က ဒီနှစ် တက္ကသိုလ်တက်ရတော့မှာ ဟုတ်တယ်မလား? မင်းနဲ့ မင်းရဲ့မိဘတွေကတော့ သူ့ကို အလိုလိုက်တာများနေပြီ.. မင်း သူ့ကို ဘယ်လောက်တောင်အလိုလိုက်ထားလဲ မြင်ရဲ့လား?

 

မင်းရဲ့ ပထမဦးလေးနဲ့ တတိယဦးလေးဆီကနေ ရုန်ရုန် သူတို့ကို ပြန်ခံပြောခဲ့တယ်ဆိုတာ ကြားခဲ့ရတယ်.. ဒီလိုမျိုး ဆက်သွားနေလို့မရဘူးနော်! အငယ်တစ်ယောက်က အကြီးကို ဘယ်လိုများ ပြန်ခံပြောနိုင်ရတာလဲ! စည်းကမ်းမရှိလွန်းတာပဲ.. ရှောင်ကျန်း မင်းက အစ်ကိုကြီးလေ.. မင်း သူ့ကိုသင်ပေးရမယ် နားလည်ရဲ့လား?

 

ဒုတိယအန်တီ: မင်းရဲ့ အန်တီပြောတာမှန်တယ်.. ငါ့ယောက်မက မင်းကိုမပြောဘူးလား .. အဲဒီကလေး ရုန်ရုန်က တော်တော်ဆိုးတယ်.. မင်း သူ့ကို အလွန်အကျွံအလိုလိုက်နေလို့မရဘူး.. မင်းတို့က ညီိအစ်ကိုတွေဆိုရင်တောင် မင်းရဲ့အဖေက မင်းကိုပဲ တန်ဖိုးထားတာလေ.. ဒါပေမဲ့ သူကတော့ အနာဂတ်မှာ မသေချာဘူး.. ငါတော့ မင်းအမေက ရုန်ရုန်အတွက် စကားတွေပြောပေးနေတာထင်တယ်.. အိပ်ယာပေါ်က စကားတွေက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ မင်းမသိလို့.. အန်တီပြောတာကိုနားထောင်.. မျက်ရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားတော့.. မင်းအတွက်မဟုတ်ရင်တောင် မင်းရဲ့ အနာဂတ်ကလေးတွေအတွက် စဥ်းစားသင့်တယ်

 

ရုန်ကျန်း အေးစက်တဲ့မျက်နှာနဲ့ ထိုနှစ်ယောက်ရဲ့စာတွေကို ဖျက်လိုက်တယ်။

 

တစ်ချိန်တည်း သူ့ရဲ့သူငယ်ချင်းရပ်ဝန်းထဲမှ settingမှာ သွားပြင်လိုက်တယ်။ ရုန်မိသားစုရဲ့ ဘက်မှ မိသားစုဝင်တွေဖြစ်နေသရွေ့ သူ့ရဲ့ သူငယ်ချင်းရပ်ဝန်းကို ဝင်ခွင့်မရှိတော့ဘူး။

 

ထိုနှစ်ယောက်ရဲ့ မှတ်ချက်တွေကို ဖျက်ပြီးသွားတော့ သူ့ရဲ့မှတ်ချက် ဧရိယာက ချက်ချင်းပဲသန့်ရှင်းသွားပြီ။

 

ရုန်ကျန်းရဲ့ သူငယ်ချင်းရပ်ဝန်းထဲမှာ သူ့ရဲ့မိသားစုဝင်သုံးယောက်၊ သူ့ရဲ့ အတန်းဖော်ဟောင်းတွေနဲ့ နှစ်တွေအကြာကြီး လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူတွေ ဒါမှမဟုတ် ရင်းနီးတဲ့ သူငယ်ချင်းတွေပဲကျန်တော့တယ်။

 

သူတို့အများစုက ရုန်ရုန်ကို ရုန်ကျန်းရဲ့မွေးနေ့မှာ တွေ့ဖူးကြတယ်။

 

လင်းကျစ်ချောင်: မင်း ချုံလုကျွမ်းကိုရောက်နေတာလား?

 

ရုန်ကျန်း လင်းကျစ်ချောင်ကိုစာပြန်လိုက်တယ်: အမ်

 

လင်းကျစ်ချောင်: အချိန်တချို့ရှာပြီး တစ်ရက်လောက် စားသောက်ရအောင်

 

ရုန်ကျန်းအနည်းငယ်အံ့ဩသွားတယာ။

 

ကျစ်ချောင်လဲ ဒီမှာရောက်နေတာလား?

 

ရုန်ကျန်း : အခြေအနေအရပေါ့

 

လင်းကျစ်ချောင်: လုပ်မနေစမ်းနဲ့.. မင်းဘယ်အချိန်အားလဲ? ငါ မင်းကိုလာရှာလိုက်မယ်.. အိမ်မှာအဲဒီအာရုံနောက်စရာကောင်စုတ်လေးနဲ့နေရတာ ငါရူးတော့မယ်..မင်းရဲ့ ညီလေးကိုပါ ခေါ်ခဲ့လိုက်လေ..အာရုံနောက်စရာကောင်စုတ်လေးကို တခြားလူရဲ့ညီတွေ သူ့အစ်ကိုကို ဘယ်လောက်နာခံလဲဆိုတာ ကြည့်ခိုင်းရအောင်.. အာရုံနောက်စရာကောင်စုတ်လေးကို သင်ယူခိုင်းရမယ်

 

လင်းကျစ်ချောင်မှာ ညီနှစ်ယောက်ရှိတယ်။

 

တစ်ယောက်က သူ့အမေကိုယ်တိုင်မွေးခဲ့တဲ့ညီလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ သွေးတစ်ဝက်ပဲတော်စပ်တယ်။

 

လင်းကျစ်ချောင်က သွေးတစ်ဝက်ပဲတော်တဲ့ ညီဖြစ်သူနဲ့ သိပ်ပြီးအဆက်အဆံမရှိတာကြောင့် သူပြောနေတဲ့ ညီဖြစ်သူက သူ့အမေမွေးပေးထားတဲ့ညီဖြစ်လိမ့်မယ်လို့ ရုန်ကျန်း ခန့်မှန်းလိုက်တယ်။

 

ရုန်ကျန်း: ငါမေးလိုက်မယ်

 

လင်းကျစ်ချောင်: ဘာကိုမေးနေမှာလဲ? မင်းရဲ့ညီကို ညစာစားဖို့ခေါ်ဖို့အတွက် သူ့ရဲ့စိတ်ကူးကို မေးနေစရာလိုသေးလို့လား? ဒါက အစ်ကိုတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း လေးစားမှုမရှိတာမဟုတ်ဘူးလား?

 

ရုန်ကျန်း: အစ်ကိုတစ်ယောက်ရဲ့ အဓိကအချက်က ညီလေးကို နာခံခိုင်းနေဖို့မဟုတ်ဘူး.. မင်းသာ အမှန်တရားကိုနားလည်ရင် မင်းရဲ့ညီနဲ့ အဲလောက်ထိ ဆက်ဆံရေးဆိုးနေမှာမဟုတ်ဘူး

 

လင်းကျစ်ချောင်:....

 

သူဘာလို့ ဒီလိုသူငယ်ချင်းကို နှစ်သစ်အတွက် ချန်ထားနေဦးမှာလဲ?

 

ရှန်းထျန်: အပြန်အလှန်ရှော့ရ jpg

 

ဘယ်အချိန်ကတည်းက မင်းရဲ့ညီလေးနဲ့ အဲလောက်တောင် ဆက်ဆံရေးကောင်းသွားရတာလဲ? ငါ့ကိုပြောပြပါဦး.. ဒါက ဂဏန်းခုနှစ်လုံးတန်ကြေးရှိတဲ့ရင်ထိုးရဲ့ မှော်အစွမ်းကြောင့်လား.. ငါသာ ငါ့ရဲ့ အစ်ကိုကို ဂဏန်းခုနှစ်လုံးတန်လက်ပတ်ဝယ်ပေးလိုက်ရင် ငါ့အစ်ကိုကလည်း ငါ့ကို ရတနာလေးလို ဆက်ဆံလောက်လား?

 

ရုန်ကျန်း: ဖြစ်နိုင်ပါတယ်ကြိုးစားကြည့်ပေါ့

 

ရှန်းထျန်: ငါ့ကို မင်းညီလေးရဲ့ ဝီချက်ပေးလို့ရမလား? ငါ သူ့ကိုဘယ်နေရာက ဝယ်ခဲ့လဲမေးချင်လို့

 

ငါးမိနစ်..

 

ဆယ်မိနစ်..

 

ရှန်းထျန်:??? လူတွေ ဘယ်ကိုရောက်သွားတာလဲ?!!!