(34)
ရုန်ကျန်းကတော့
ကားထဲကိုဝင်လာကတည်းက ဘာစကားမှမပြောခဲ့ဘူး။
ရုန်ရုန်က
သူ့ကိုနှုတ်ဆက်တဲ့အချိန်မှာတောင် သူက အေးတိအေးစက်နဲ့ လေသံသာပြုလာခဲ့တယ်။
ရုန်ကျန်း သူ့ကို
ဒေါသထွက်နေတုန်းပဲ။
ရုန်ရုန်
တုံ့ပြန်မဲ့နည်းလမ်းကို မတွေးနိုင်တော့ဘူး။
သူ
တောင်းပန်ဖို့ကြိုးစားခဲ့တယ်။
ရွက်လှေပေါ်မှာတုန်းကလည်း
တောင်းပန်ခဲ့တယ်။ အသုံးမဝင်ဖြစ်နေတုန်းပဲ။
အခုအချိန်မှာ
ရုန်ရုန် စွမ်းချီထံမှ စကားစပြောလာဖို့ကို တကယ်မျှော်လင့်မိတယ်။
အနည်းဆုံး
အရမ်းကိုတိတ်ဆိတ်နေတဲ့လေထုကိုချိုးဖျက်ပေးနိုင်တယ်လေ။
ဒါပေမဲ့ စွမ်းချီက
ကားထဲကိုဝင်လာကတည်းက ပါးစပ်ကိုပိတ်ထားခဲ့တယ်။
ရုန်ရုန် သူနဲ့
ရုန်ကျန်းကြားက တိတ်ဆိတ်မှုကို ဘယ်လိုစပြီးဖျက်ရမလဲဆိုတာမသိတော့ဘူး။
ရုန်ရုန်တစ်ယောက်
ဆိုးသွန်းတဲ့ညီလေးလုပ်ရတာက လိမ်မာနေတာထက်ပိုပြီးလွယ်ကူကြောင်း သိရှိသွားရတယ်။
အတိတ်ဘဝတုန်းက သူ
ရုန်ကျန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ စကားများခဲ့တယ်။ နောက်ပြီး ရုန်ကျန်း
ဒေါသထွက်အောင် အခါခါလုပ်ခဲ့တယ်။
ဒါပေမဲ့ သူ
ရုန်ကျန်းကိုတစ်ခါမှ မတောင်းပန်ခဲ့သလို ရုန်ကျန်းနဲ့ပြေလည်ဖို့ကိုလည်းလည်း သူ့ဘက်က
အရင်ဦးအောင် အစပြုဖို့က ပိုလို့တောင်ဝေးသေးတယ်။
ပုံမှန်ညီအစ်ကိုတွေမှာ
ညီဖြစ်သူက အစ်ကိုဖြစ်သူကို ဒေါသထွက်အောင်လုပ်မိရင် ဘယ်လိုလုပ်ကြလဲ?
ရုန်ရုန်
သူ့အိတ်ကပ်ကိုထိလိုက်ပြီးမှ ဘောင်းဘီပြောင်းဝတ်လိုက်တာကို သတိရလိုက်တယ်။
ဒါကြောင့်
ရေချိုးခန်းသုံးသဘက်နဲ့ထုတ်ထားတဲ့ ရေစိုဘောင်းဘီကို ဆွဲယူလိုက်တယ်။ သို့ပေမဲ့
အရှေ့ အနောက် ဘယ်ညာ အားလုံးရှာခဲ့ချိန်မှာတောင် ဖုန်းကိုမတွေ့ခဲ့ဘူး။
ရုန်ရုန်
ဘောင်းဘီကို တဘက်နဲ့ပြန်ပတ်လိုက်တယ်။
သူ့ရဲ့ဖုန်းက
လူကယ်နေတုန်းမှာ ပင်လယ်ထဲကိုပြုတ်ကျကျန်ရစ်ခဲ့တာဖြစ်နိုင်တယ်။
စွမ်းချီ
ဖုန်းပြောပြီးတာကိုမြင်တော့ ရုန်ရုန် လှမ်းမေးလိုက်တယ်။
“ချီကော
ကျွန်တော့်ကိုဖုန်းခဏလောက်ငှားလို့ရမလား”
စွမ်းချီက
ခေါင်းလှည့်ကြည့်ကာ ဖုန်းကိုပေးလာတယ်။
“မင်းရဲ့အစ်ကိုဆီက
ဘာလို့မငှားတာလဲ? ဘာဖြစ်လို့လဲ.. မင်းရဲ့အစ်ကိုမပျော်ရင် မင်း သူ့ကိုချော့ရမယ်လေ..
မင်းရဲ့အစ်ကိုနဲ့ အချိန်ကောင်းလေးတွေရှိနေတာမဟုတ်ဘူးလား”
ပြောပြီးသွားတော့
သူက ရုန်ကျန်းဘက်ကို စိုက်ကြည့်လိုက်တယ်။
အဓိပ္ပါယ်ကတော့..
ကြည့်လိုက် ကြည့်လိုက်! မင်းရဲ့ညီလေးက မင်းဆီက ဖုန်းမငှားပဲ တခြားလူဆီကနေ
ဖုန်းငှားနေရပြီ။
ရုန်ကျန်းရဲ့မျက်နှာက
အုံ့မှိုင်းနေပြီး ပါးလွှာတဲ့နှုတ်ခမ်းတွေကိုတော့ မျဥ်းတစ်ဖြောင့်တည်းဖြစ်အောင်
တင်းတင်းစေ့ထားကာ သူ့ရဲ့ခါးကလည်း ဖြောင့်တန်းနေခဲ့တယ်
“ရပါတယ်..
ကျေးဇူးတင်ပါတယ် ချီကော”
ရုန်ရုန်က
ရုန်ကျန်းနဲ့ စွမ်းချီကြားမှ အသံမပါပဲ ချိတ်ဆက်နေမှုကို သတိမထားမိပဲ
ဖုန်းကိုလှမ်းယူလိုက်တယ်။
ပြီးနောက်
ခေါင်းငုံ့ကာ ရှာဖွေလိုက်တယ်။
“ငါ ငါ့အစ်ကို,ကို
ဒေါသထွက်အောင်လုပ်မိတယ် ဘယ်လိုလုပ်သင့်လဲ”
ရုန်ရုန်က
မူလတုန်းကတော့ ဒီလိုပျင်းစရာကောင်းတဲ့မေးခွန်းမျိုးမှာ
အဖြေသိပ်မရှိလောက်ဘူးလို့ထင်ထားခဲ့တာ။
အံ့သြစရာကောင်းစွာနဲ့
ဆက်စပ်တဲ့အရာတွေအများကြီးရှိနေခဲ့တယ်
ရုန်ရုန်
အထဲကိုဝင်ကြည့်လိုက်တယ်။
“မင်းအစ်ကို
စိတ်ဆိုးရင် မင်းရဲ့ ပုခုံးကို ရိုက်ခိုင်းလိုက် ၊ မင်းရဲ့ခြေထောက် ဒါမှမဟုတ်
တစ်ခုခုကို လိမ်ဆွဲခိုင်းလိုက်! ဒါပေမဲ့ သတိထားရမှာတစ်ခုက မင်းအရင်ဆုံး
တောင်းပန်ရမယ်.. မင်းတောင်းပန်တဲ့အချိန်မှာ မင်းရဲ့အစ်ကိုကို နမ်းပေးလိုက်..
ပြောရရင် မင်းသာ တောင်းပန်လိုက်သရွေ့ မင်းအစ်ကိုက စိတ်တိုတော့မှာမဟုတ်ဘူး..
ပြီးရင် မင်းအစ်ကိုကို ခုံမှာထိုင်ခိုင်းပြီး မင်းကိုရိုက်ခိုင်းလိုက်..
ပါးစပ်ကလည်း မင်းရဲ့အစ်ကိုကို ချစ်တဲ့အကြောင်း ၊ ထပ်ပြီး ဒေါသမထွက်တော့ဖို့တွေကို
ပြောရမယ်.. ဒါက တကယ်အလုပ်ဖြစ်တယ်နော်!!
သေချာတာပေါ့..
မင်းမှာ ပိုက်ဆံနည်းနည်းလောက်ရှိရင် မင်းအစ်ကိုအတွက် လက်ဆောင်လေးဘာလေး ဝယ်ပေးဦး..
ငါ့ရဲ့နှစ်သစ်ကူးမုန့်ဖိုးလေးကတော့ ငါ့အမေသိမ်းသွားလို့ ငါ လက်ဆောင်ဝယ်ပေးဖို့
မတတ်နိုင်ခဲ့ဘူး o(╥﹏╥)o”
ရုန်ရုန်
ပထမဆုံးအဖြေကိုဖတ်ပြီး နမ်းရမယ်ဆိုတာကိုမြင်တော့ သူ့ရဲ့ဦးရေပြားတွေ
ထုံထိုင်းသွားရတယ်။ နောက်ပြီး သူ့ရဲ့အစ်ကိုကို
ချစ်တယ်လို့ပြောရမယ်ဆိုတာကိုတွေ့တော့ ဒီအဖြေက သူ့အတွက်
ထူးဆန်းနေလိမ့်မယ်လို့တွေးလိုက်တယ်။
အီမိုဂျီလေးနဲ့
နှစ်သစ်ကူးမုန့်ဖိုးအကြော််းကိုတွေ့တော့ တစ်ဖက်လူအတွက် တိတ်တဆိတ်
စိတ်မကောင်းဖြစ်သွားရတယ်။
ရုန်ရုန်
ထိုတုံ့ပြန်မှုက မူလတန်းကလေးတစ်ယောက်ရဲ့အဖြေဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်တယ်။
ထို
မူလတန်းကျောင်းသားရေးတာနဲ့တူတဲ့အဖြေကိုတွေးရင်း ရုန်ရုန် ဒီအဖြေက တုံးအပုံမပေါက်ပဲ
ချစ်စရာကောင်းသလိုခံစားလိုက်မိတယ်။
ရုန်ရုန်
အောက်ကိုဆွဲချရင်း ပိုမိုသင့်တော်တဲ့အဖြေကိုတွေ့ရဖို့ မျှော်လင့်နေမိတယ်။
ရလဒ်ကတော့ သူ
မျှော်လင့်တကြီးနဲ့ ဒုတိယမြောက်အဖြေကို ကြည့်လိုက်ချိန်မှာ : မင်းဘာလို့
မင်းအစ်ကိုဒေါသထွက်အောင်လုပ်ရတာလဲ။ သူဒေါသထွက်မယ်ဆိုတာကိုသိရင်
ဒေါသထွက်အောင်မလုပ်နဲ့လေ။
တခြားအထပ်တွေကတော့
အစ်ကိုဆီက အလိုလိုက်ခံရတဲ့ကလေးလိုပြုမူပြီး ချစ်စရာကောင်းအောင်လုပ်ပြဖို့
အကြံပေးထားကြတယ်။
ငါးလွှာ: “ အထပ်ပိုင်ရှင်နဲ့ မင်းရဲ့အစ်ကိုက
အသက်ကွာဟချက်များလား.. တကယ်လို့ အသက်အရမ်းကွာနေမယ်ဆိုရင်
ဒီအဖြေကပိုသင့်တော်လိမ့်မယ်.. မင်းအစ်ကိုရဲ့ပေါင်ကိုဖက်ပြီး မင်းအစ်ကိုကို
ချွဲပြီး ချစ်စရာကောင်းတဲ့ပုံစံလေး ပြုမူသင့်တယ်.. မင်းအစ်ကိုက
သည်းခံနိုင်မှာမဟုတ်ဘူး!”
ခြောက်လွှာ: “အပေါ်ထပ်ပြောတာမှန်တယ်.. ပြောရရင်
အမှားကိုဝန်ခံတာက လေးလေးနက်နက်လုပ်သင့်တယ်! တကယ်လို့ ပိုပြီးလေးနက်ချင်ရင်
သနားစရာကောင်းသလို ဟန်ဆောင်တာကအကောင်းဆုံးပဲ.. မင်း
ဝမ်းနည်းစရာကောင်းတာတစ်ခုခုစဥ်းစားပြီး မျက်ရည်နည်းနည်းလောက်ညှစ်ထုတ်လိုက်..
ဒါမှမဟုတ်မင်းရဲ့ပေါင်ကိုလိမ်ဆွဲပြီး ငိုပြလိုက်ပေါ့.. အော်မငိုရဘူးနော်
နားလည်ရဲ့လား.. မင်းရဲ့အစ်ကိုက စိတ်အနှောင့်အယှက်ဖြစ်ပြီး နှင်ထုတ်လိုက်လိမ့်မယ်..
အကောင်းဆုံးကတော့
သူဆီကိုသွားပြောလိုက် ..” ကောကော ကျွန်တော်
မှားသွားပါတယ်” ပြီးတာနဲ့
မျက်ရည်ကျလာရမယ်.. အချိန်ကိုက်ဖြစ်ပါစေနော်!! မင်းသာ
သနားစရာကောင်းအောင်ငိုပြနေသရွေ့ မင်းရဲ့အစ်ကိုက မင်းရဲ့မျက်ရည်ကိုသုတ်ပေးပြီး
ချော့မော့လာလိမ့်မယ်! ဟားဟားဟားဟား! ငါဘယ်လိုသိလဲ မေးချင်နေတာလား.. အစ်ကိုဆိုတာက
ဘုရားကနေ မင်းကိုပေးတဲ့အချစ်စာလွှာပဲလေ.. ဒီတော့ ချွဲသာ ချွဲပြလိုက်!”
ရုန်ရုန်:”....”
သူ ဒီစာမျက်နှာကို
မလှန်ခင်အထိ တကယ်သင့်တော်တဲ့အဖြေကို မတွေ့ခဲ့ဘူး။
ရုန်ရုန်
အနည်းငယ်ကသိကအောင့်ဖြစ်သလိုခံစားမိတယ်။
နောက်ဆုံးတော့
အထပ်ပိုင်ရှင်မှ ပြန်ပြောထားတာကိုတွေ့လိုက်ရတယ်။
“
အပေါ်အဖြေတွေအားလုံးက ညီမတွေလား! ငါက ညီလေးလေ! ဘယ်လိုလုပ်ပြီး
အလိုလိုက်ခံထားရတဲ့ကောင်လေးလိုပြုမူနိုင်မှာလဲ..ငါသာ အဲလိုသွားလုပ်ရင် ငါ့အစ်ကိုက
ငါ့ခေါင်းကို ရိုက်ပစ်မှာပေါ့! “
နောက်ဆုံးတော့
တစ်စုံတစ်ယောက်က ထိုအကြံအတိုင်းသွားလုပ်ခဲ့တယ်!
ရုန်ရုန်
ဝင်ကြည့်လိုက်တယ်။
“ငါ လုပ်ခဲ့တယ်! ! !
ဟားဟားဟား!! ငါ့အစ်ကိုက တကယ်ကြီး ဒါကို စားလိုက်တာပဲ..မင်းတို့ ယုံရဲလား?!
ဟားဟားဟား! မိန်းကလေးတွေက အလိုလိုက်ခံရတဲ့ကလေးလိုပြုမူတာကို အရမ်းကြိုက်ကြတာကို
မအံ့သြတော့ဘူး! ဒါက တကယ်ကြီးကို အသုံးတဲ့တာပဲ!! အစတုန်းကတော့ ငါ့အစ်ကိုက ငါ့ကို
တစ်ပတ်လောက် ဂရုမစိုက်ပဲနေတာလေ?! ငါ သူ့ရဲ့ခံစစ်ကိုချိုးဖောက်နိုင်သွားတယ်!!
ဟားဟားဟား! အိုရေ့! ငါ ငါ့အစ်ကိုကိုချစ်တယ်! ငါ့အစ်ကိုကလည်း ငါ့ကိုချစ်တယ်!”
ရုန်ရုန် ဖုန်းထဲမှ
ထိုစာမျက်နှာကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ လက်ချောင်းထိပ်ကတော့
ထိုမျက်နှာပြင်ပေါ်မှာ ထိနေခဲ့ကာ လေးလေးနက်နက်တွေးတောနေခဲ့တယ်။
တကယ်လား?
ဒါကအလုပ်ဖြစ်တယ်ပေါ့?!
ရုန်ရုန်
ရှာဖွေမှုမှတ်တမ်းကို ဖျက်လိုက်ပြီး စွမ်းချီရဲ့ဖုန်းကိုပြန်ပေးလိုက်တယ်။
စွမ်းချီ
ရည်ရွယ်ချက်ရှုရှိနဲ့ အသံကိုမြှင့်လိုက်တယ်။
“မင်း
သုံးလိုပြီးပြီလား”
ရုန်ကျန်း
သူ့ခေါင်းကိုလှည့်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ကျွန်းရဲ့ရှုခင်းတွေဘက်ကို
စိုက်ကြည့်နေလိုက်တယ်။
“ ဟုတ်..
ကျေးဇူးတင်ပါတယ် ချီ.. ဟတ်ချိုး! ဟတ်ချိုး!”
ရုန်ရုန်
အကြိမ်ရေအနည်းငယ်လောက် နှာချေလိုက်မိတယ်။
“ချီကော ကောမှာ
တစ်သျူး နည်းနည်းလောက်ရှိလား”
ရုန်ရုန်
စွမ်းချီဆီမှ တစ်သျူးအမြန်တောင်းလိုက်တော့ စွမ်းချီက သူ့ကိုယူပေးလာတယ်။ရုန်ရုန်
ခေါင်းငုံ့ပြီး နှာညှစ်လိုက်တယ်။ ရုန်ကျန်းကတော့ ဘာကိုမှမပြောပဲ သူ့ဘက်မှ
လေအေးပေးစက်ကိုသာ ရုန်ရုန်ဘက်ကိုမသွားစေဖို့ ချိန်ညှိလိုက်လေတယ်။
ရုန်ရုန်တစ်ယောက်
ကားထဲမှာ နှာချေခဲ့ပြီး ဟိုတယ်အခန်းထဲကိုရောက်ချိန်မှာတော့ နှာရည်ယိုပြီး
ခေါင်းပါမူးနေခဲ့ပြီ။
သူ့ရဲ့
ခန္ဓာကိုယ်ကို ရေနွေးနဲ့ အမြန်ချိုးလိုက်ရတယ်။
ရုန်ရုန်
မှန်ရှေ့ကိုသွားကြည့်လိုက်တော့ နေလောင်တဲ့နေရာတွေက နီရဲနေသေးတယ်။
ရေနဲ့ထိသွားတာကြောင့် ပိုဆိုးလာတာဖြစ်လိမ့်မယ်။
“ဒေါက် ဒေါက် ဒေါက်-“
တံခါးခေါက်သံကြားလို့
ရုန်ရုန်အဝတ်အစားဝတ်ကာ တံခါးသွားဖွင့်လိုက်တော့ ရုန်ကျန်းဖြစ်နေခဲ့တယ်။
ရုန်ကျန်းက
သူ့လက်ထဲမှ ပစ္စည်းကို တင်ပေးခဲ့ပြီး ပြန်ထွက်သွားခဲ့တယ်။
အစကနေ အဆုံးထိ
စကားတစ်ခွန်းလေးတောင် မပြောခဲ့ဘူး။
ကားထဲမှာတုန်းကလိုပဲ။
ကားထဲကနေထွက်ပြီး
ဟိုတယ်ကိုရောက်ကာ အခန်းကိုယ်စီထဲကိုဝင်သွားပြီးတဲ့အချိန်ထိ ဒီအတောအတွင်းမှာ
ရုန်ကျန်းက ရုန်ရုန်ကို စကားတစ်ခွန်းမှမပြောခဲ့ဘူး။
“ငါ လုပ်ခဲ့တယ်! ! !
ဟားဟားဟား!! ငါ့အစ်ကိုက တကယ်ကြီး ဒါကို စားလိုက်တာပဲ..မင်းတို့ ယုံရဲလား?!
ဟားဟားဟား! မိန်းကလေးတွေက အလိုလိုက်ခံရတဲ့ကလေးလိုပြုမူတာကို အရမ်းကြိုက်ကြတာကို
မအံ့သြတော့ဘူး! ဒါက တကယ်ကြီးကို အသုံးတဲ့တာပဲ!! အစတုန်းကတော့ ငါ့အစ်ကိုက ငါ့ကို
တစ်ပတ်လောက် ဂရုမစိုက်ပဲနေတာလေ?! ငါ သူ့ရဲ့ခံစစ်ကိုချိုးဖောက်နိုင်သွားတယ်!!
ဟားဟားဟား! အိုရေ့! ငါ ငါ့အစ်ကိုကိုချစ်တယ်! ငါ့အစ်ကိုကလည်း ငါ့ကိုချစ်တယ်!”
ရုန်ရုန်
အံကြိတ်လိုက်တယ်။
ငါအကောင်းဆုံးလုပ်ရမယ်!
“ကောကော!”
တံခါးဝနားမှာရောက်နေတဲ့
ရုန်ကျန်းက ခြေလှမ်းကို ရပ်တန့်ကာ အပြောင်းအလဲမရှိတဲ့မျက်နှာနဲ့ ရုန်ရုန်ကို
လှည့်ကြည့်လာတယ်။
ရုန်ကျန်းရဲ့ရှေ့မှာတော့
ရုန်ရုန်အနေနဲ့ သူ့ရဲ့ပေါင်ကိုလိမ်ဆွဲဖို့မဖြစ်နိုင်ဘူး။ နောက်ပြီး
လိမ်ဆွဲခဲ့မယ်ဆိုရင်တောင် မျက်ရည်ထွက်လာလောက်မှာ မဟုတ်ဘူး။
သို့ပေမဲ့
ကံကောင်းစွာနဲ့ သူအခုလေးတင် မှန်ထဲမှာကြည့်ခဲ့တုန်းက အလာ့ဂျစ်နဲ့
အအေးမိမှုနှစ်ခုပေါင်းနေတာကြောင့် သူက သနားစဖွယ်လေးဖြစ်နေခဲ့တယ်။
“ကောကော ကျွန်တော်
မှားသွားပါတယ်”
အမှားကို
ရိုးရိုးသားသားနဲ့ဝန်ခံရမယ်။
ရုန်ကျန်းရဲ့
အမူအယာက လုံးဝပြေလျော့မသွားသလို သူ့ရဲ့မျက်လုံးတွေကတောင် ပြောင်းလဲမသွားခဲ့ဘူး။
ရုန်ကျန်း
သူ့ကိုယ်သူ စိတ်ထဲကနေ ရယ်မောလိုက်မိတယ်။
အဖြေဝင်ရေးခဲ့တဲ့သူရဲ့အစ်ကိုက
သိပ်ပြီးမကြီးသေးတာဖြစ်လိမ့်မယ်။ ဒါကြောင့် ကောင်လေးကို အလိုလိုက်ခဲ့တာပဲ။
ရုန်ကျန်းလို
အရွယ်ရောက် ရင့်ကျက်ပြီးသူတစ်ယောက်က ဘယ်လိုလုပ် အကျိုးသက်ရောက်နိုင်ပါမလဲ။
ရုန်ရုန် မူလတုန်းက
ရုန်ကျန်းက သူ့ရဲ့ခေါင်းကိုလှည့်ပြီး ပြန်ထွက်သွားလို့မယ်လို့ ထင်ခဲ့တာ။
သို့ပေမဲ့
ထိုအမျိုးသားက ရပ်မြဲအတိုင်းရပ်နေကာ လှုပ်ရှားမလာခဲ့ဘူး။
မကြာခင်က
ငြိမ်းသက်လုနီးပါးမီးတောက်လေးက ရုန်ရုန်ရဲ့နှလုံးသားထဲ့ကို “ဖောက်”ခနဲထတောက်လာတယ်။
သူ
ရုန်ကျန်းရဲ့လက်ကို လှမ်းဆွဲဖို့ ကြိုးစားလိုက်တယ်။
ပထမတုန်းကတော့
ရုန်ရုန်အနည်းငယ်တောင့်တင်းနေခဲ့တယ်။ အဆုံးမှာ သူ့ရဲ့အရင်ဘဝတုန်းက သူ
အရမ်းကိုငယ်တဲ့အချိန်တုန်းကသာ သူ့အစ်ကိုရဲ့လက်ကို ဆွဲကိုင်ခဲ့ဖူးတာဖြစ်ပြီး
ကြီးပြင်းလာကတည်းက နီးကပ်မှာမရှိခဲ့တော့ဘူးလေ။
ရုန်ကျန်းက
ရုန်ရုန်ရဲ့လက်ကို မဖယ်ထုတ်လာခဲ့ဘူး။
ရုန်ရုန်
နှလုံးခုန်သံတွေ ပိုပြီးမြန်လာရတယ်။
သူ
တုန်ယင်နေတဲ့လက်တွေနဲ့ ရုန်ကျန်းရဲ့ ခါးကိုပွေ့ဖက်လိုက်တယ်။
ရုန်ကျန်းက သူ့ကို
တွန်းထုတ်မလာခဲ့ဘူး။
ဒါက
သန်မာတဲ့လေတွေကြောင့် ကောင်းကင်ပေါ်မှာရှိနေတဲ့စွန်ကို သူ့ရဲ့လက်ထဲမှာ
မြဲမြဲကိုင်ထားနိုင်သလိုမျိုးပဲ။
တုန်ယင်နေတဲ့
နှလုံးသားက နောက်ဆုံးတော့ မြေကြီးပေါ်ကို ကျဆင်းလာခဲ့တယ်။
ရုန်ကျန်း
ရုန်ကျန်းရဲ့ ကုမ္ပဏီမှ နားနေခန်းထဲမှာ
ရေမွှေးနဲ့ပတ်သက်တဲ့အမျိုးအစားတွေအများပြီးရှိနေခဲ့တယ်။ သို့ပေမဲ့
သူ့ရဲ့အနားယူခန်းထဲမှာ အမွှေးနံ့သာထုတ်လွှတ်မှုနဲ့၊
အထူးတလည်အချိန်အခါတွေကလွဲရင်သူက ရေမွှေးတွေကိုအသုံးပြုတတ်တဲ့သူမဟုတ်ဘူး။
ဒီတော့
ရုန်ကျန်းကို ကိုယ်ပိုင်အချိန်နဲ့ ရုံးတက်တဲ့အချိန်တွေကို ခွဲခြားဖို့လွယ်ကူတယ်။
မင်းသာ
အနံ့ခံကြည့်ပြီး သူ့ရဲ့ကိုယ်ပေါ်မှ အနံ့ကိုရမယ်ဆိုရင် သူ
ဒီနေ့ဘာတွေလုပ်ထားလဲဆိုတာကို သိနိုင်လိမ့်မယ်။
ရုန်ရုန်
ရုန်ကျန်းရဲ့ကိုယ်ပေါ်မှ ပန်းနဲ့ သစ်သီးရနံ့တို့ကြားမှာ ရင်းနီးနေတဲ့
ရနံ့ကိုရရှိလိုက်တယ်။ ဒါကအန်တီဝူ အိမ်မှာ လုပ်ပေးထားတဲ့မွှေးရနံ့ပဲ။ နွေးထွေးပြ
တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်သားရနံ့ရှိနေခဲ့တယ်။
ဆောင်းဦးမှာ
တိုက်ခတ်နေတဲ့လေလိုမျိုးပဲ။
လေထုထဲမှ
မျောလွင့်ပါလာတဲ့ သစ်ဆော်သီး ပန်းသီးနဲ့ မက်မွန်သီးနံ့တွေရနေပြီး မနီးမဝေးဆီမှ
သစ်သီးခြံမှ သစ်သားသေးငယ်တဲ့တဲလေးဆီမှ လာတဲ့ပုံပဲ။ အဖြူရောင် စံပယ်နဲ့ ဇီဇဝါတွေ ၊
လှပတဲ့နှင်းဆီတို့ကလည်း သစ်သားအိမ်လေးရဲ့ ဘေးမှာ စိုက်ထားခဲ့ပုံရတယ်။
လေတွေတိုက်ခတ်လာချိန်မှာ
အဝတ်လှန်းတန်းပေါ်မှ အဝတ်တွေက တဖြတ်ဖြတ်ခါနေပြီး ချိုမြန်တဲ့ မက်မွန်၊
သစ်တော်တို့ရဲ့ရနံ့တွေ စံပယ် ဇီဇဝါနဲ့ နှင်းဆီပန်းတို့ရဲ့ ရနံ့တွေက
ထိုအမျိုးသားရဲ့ကိုယ်ပေါ်မှထင်းရှူးရနံ့တွေနဲ့ ရောယှက်နေခဲ့တယ်။
ဒီရင်းနီးကျွမ်းဝင်မှု။
နေ့စဥ်နေ့တိုင်း ရရှိနေတဲ့ ရင်းနီးကျွမ်းဝင်တဲ့ရနံ့က ရုန်ရုန်ရဲ့နှလုံးသားကို
ပြန်ကျသွားစေပြီး ဒန်ဒလီယွန်စေ့က မြေမြင်ပေါ်ကို ကျဆင်းကာ အညှောင့်ပေါက်ပြီး
ဝေဝေဆာဆာဖူးပွင့်လာသလိုမျိုးပဲ။
လေတိုက်ခတ်လိုက်ချိန်မှာ
ဒန်ဒလီယွန်စေ့တွေက ပျံ့ကျဲသွားခဲ့တယ်။
သူတို့က
ကောင်းကင်ဘက်ကို မမှုတ်ထုတ်ခံရရင်တောင် ညင်သာတဲ့လေရဲ့ထောက်ပံ့မှုကြောင့် အဝေးကို
လွင့်မျောသွားခဲ့တယ်။
တိမ်တွေလို
နူးညံ့ပြီး လေနဲ့အတူ ပျံ့ကျဲသွားခဲ့တယ်။
သူ ဘယ်နေရာကိုပဲ
ရှူရှိုက်ကြည့်ပါစေ ရင်းနီးနေတဲ့အနံ့ကိုရရှိနေခဲ့တယ်။
ဒါက ရုန်ကျန်း
ရဲ့အငွေ့အသက်ပဲ။
သူ့ရဲ့မုသားစုတွေ
နေ့စဥ်နေ့တိုင်းအသုံးပြုနေတဲ့ ရင်းနီးလှတဲ့ အငွေ့အသက်ပဲ။
ရုန်ရုန်
ရုန်ကျန်းရဲ့ အင်္ကျီထောင့်သွန်းလေးကိုဆွဲလိုက်တယ်။
“ ကျွန်တော်
အဲဒီတုန်းက သေသေချာချာမတွေးခဲ့မိလို့ပါ.. နောက်တစ်ခါ ဒီလိုအခြေအနေနဲ့ကြုံလာရင်
တစ်ခြားလူကို အကူအညီလှမ်းခေါ်ပါ့မယ်လို့ကတိပေးပါတယ်”
ရုန်ရုန်
ခေါင်းမော့လိုက်တယ်:
“ ကျွန်တော်
ကတိပေးပါတယ်.. နောက်တစ်ကြိမ်မဖြစ်စေရပါဘူး.. ကောကော..
ကျွန်တော့်ကိုစိတ်မဆိုးတော့လို့ရမလားဟင်”