Ch 33
Viewers 24k

(33)

ရုန်ရုန် ပင်လယ်ထဲကို ခုန်ဆင်းသွားခဲ့တယ်။

 

သူ ပင်လယ်ထဲမှ ကျင်းရီရဲ့ခေါင်းကိုသာ တစ်ချက်တစ်ချက်လှမ်းမြင်နေရတယ်။

 

ရုန်ရုန် ကျင်းရီရှိနေတဲ့နေရာကိုမှတ်သားပြီး ထိုဦးတည်ချက်အတိုင်းကူးခတ်လာခဲ့တယ်။ နောက်ဆုံးတော့ ကျင်းရီကို တွေ့ရပြီ။

 

ရုန်ရုန် ကျင်းရီကို လှမ်းဆွဲဖို့လုပ်ပေမဲ့ ကျင်းရီက အသက်ကိုကယ်တင်နိုင်ဖို့ ကောက်ရိုးမျှင်ကိုလှမ်းဆွဲသလို ရုန်ရုန်ကို အတင်းအကြပ်ပွေ့ဖက်လာတယ်။

 

ရုန်ရုန်ရဲ့ခန္ဓာကိုယ်သည်လည်း ပင်လယ်ရေအောက်ထဲကိုအဆွဲခံလိုက်ရပြီး ပင်လယ်ရေယ်ရေ ပါးစပ်အပြည့်သောက်လိုက်ရတယ်။

 

သူ ဒီလိုမျိုး ဆက်မသွားနိုင်တော့ဘူး။

 

ရုန်ရုန် ခေါင်းကို ရေပေါ်သို့ ပြန်ထုတ်လိုက်ပြီး အံကြိတ်ပြီးအော်ဟစ်လိုက်တယ်။

 

မင်း ဒီနေရာမှာ အတူမသေချင်ဘူးဆိုရင် ငါ့ကိုလွှတ်လိုက်စမ်း!

 

ကျင်းရီက ပင်လယ်ရေတွေအများပြီးသောက်ထားရပြီးဖြစ်တာကြောင့် သူပြောတာကို ရှင်းရှင်းလင်းလင်းမကြာရဘူး။

 

သူ သိနိုင်တာက တစ်ဖက်လူက သူ့ကိုအော်နေတယ်ဆိုတာပဲ။

 

ဒါ ဘယ်သူလဲ?

 

အိုခေ။ အလေးအနက်ထားရအောင်။

 

ပင်လယ်ပြင်မှာ လူကယ်ရတာက အားကုန်လွန်းတယ်။

 

ရုန်ရုန် အကြိမ်ရေအများကြီး အသက်ရှူသွင်းလိုက်ပြီး အရှေ့ကိုဆက်ကူးလိုက်ပြန်တယ်။

 

ရုန်ရုန် အားအင်ကုန်ခမ်းတဲ့အချိန်မှာပဲ ရုန်ကျန်းရဲ့အသံကိုကြားလိုက်ရတယ်။

 

ရုန်ရုန် ရေဘောကွင်းကိုလှမ်းဆွဲလိုက်!

 

သူ့ရဲ့မနီးမဝေးနေရာကို ရေဘောကွင်းတစ်ခု ရောက်လာခဲ့တယ်။

 

ရုန်ရုန် ထို ရေဘောကွင်းဆီကိုရောက် အောင် ကျင်းရီကိုဆွဲရင်း အားကုန်သုံးလိုက်ရတယ်။

 

ဖက်ထား!

 

ရုန်ရုန်က ကျင်းရီကိုအရင်ရေကူးကွင်းကို လှမ်းဆွဲခိုင်းလိုက်တယ်

 

ကျင်းရီလက်နှစ်ဖက်လုံးနဲ့ ကိုင်ဆွဲမိသွားတာသေချာမှ ရေဘောကွင်းရဲ့ နောက်တစ်ဖက်ကို လှမ်းကိုင်ကာ အသက်ဝအောင်ရှူလိုက်တယ်။

 

စွမ်းချီလည်း ရွက်လှေပေါ်ကို တက်လာခဲ့ပြီ။

 

ရုန်ရုန်က သူမသိတဲ့ကောင်လေးတစ်ယောက်နဲ့အတူ ရေထဲမှာရှိနေတာကိုမြင်တော့ သူ ကြောင်,အသွားတယ်။

 

ဒါက ဘယ်လိုအခြေအနေလဲ

 

ရုန်ကျန်းက လေးနက်စွာပြောလာတယ်။

 

ငါမသိဘူး.. သူတို့ကိုဆွဲဖို့ ငါ့ကိုကူဦး

 

ကောင်းပြီ

 

အခုက အဓိပ္ပါယ်မရှိတာတွေပြောနေရမဲ့အချိန်မဟုတ်ဘူး။

 

ဒီလိုအချိန်မျိုးမှာ စွမ်းချီက အရမ်းကိုအင်အားကြီးတယ်။

 

သူက ကျွမ်းကျင်ကယ်ဆယ်ရေးလေ့ကျင့်ရေးတွေ ဆင်းထားတာကြောင့် ရုန်ကျန်းထက်ပိုပြီး အတွေ့အကြုံများတယ်လေ။

 

သူက ရုန်ကျန်းနဲ့အတူ ဘောကွင်းကိုပြန်လည်ဆွဲပြီးမှ ရွက်လှေအနီးမှရှိတဲ့သင်္ဘောသားတွေကို လှမ်းခေါ်လိုက်တယ်။

 

သင်္ဘောသားတွေရဲ့အကူအညီနဲ့ ရုန်ရုန်နဲ့ ကျင်းရီတို့တွေ နောက့ဆုံးတော့ ကမ်းပေါ်ကို ပြန်ရောက်နိုင်ခဲ့ပြီ။

 

စွမ်းချီက ဘယ်နေရာကရလာမှန်းမသိတဲ့ တဘက်တွေကို သူတို့ဆီပစ်ပေးလာတယ်။

 

ရုန်ရုန်လှမ်းယူပြီးသူ့ဘာသာသူသုတ်နေချိန်မှာ ရုန်ကျန်းကတော့ လှည့်ထွက်သွားခဲ့ပြီ။

 

တာ့ရုန် တော်တော်လေးဒေါသထွက်နေပုံရတယ်.. ရှောင်ရုန်ရုန် မင်းကတော့ ဘေးဒုက္ခကြီးတစ်ခုကို ဖန်တီးခဲ့တာပဲ!

 

စွမ်းချီက လက်ပိုက်ရပ်နေခဲ့ပြီး သူ့ကိုကြည့်ရတာ ပွဲတစ်ခုကို ကြည့်နေသလိုမျိုးပဲ။

 

ရုန်ရုန် တွေးတောကြည့်လိုက်ပြီး သူအခုလေးတင် အတော်လေးစိတ်လိုက်မာန်ပါလုပ်ခဲ့ကြောင်း ခံစားလိုက်မိတယ်။

 

ကျင်းရီက ကျိုးယွီရဲ့ တရားဝင်ပါတနာဖြစ်ပြီး နိုဗယ်ရဲ့ နောက်ထပ်ဇာတ်လိုက်ပဲ။

 

နိုဗယ်ထဲမှ ပလော့အရ အရံဇာတ်ကော်က ဗီလိန်တစ်ယောက်အဖြစ်ပြုမူပြီး ဇာတ်လိုက်က ကျင်းရီကိုကယ်ဆယ်နိုင်အောင်ဖန်တီးပေးလိမ့်မယ်။

 

ပြန်တွေးကြည့်ရင် တကယ်လို့ ရုန်ကျန်းသာ ထိုအချိန်တုန်းက ဘောကွင်းမပစ်ပေးခဲ့ရင် အခုလောက်ဆို သူ မတော်တဆဖြစ်နေလောက်ပြီ။

 

ကောကော!

 

ရုန်ရုန် သူ့ရဲ့ဖိနပ်တွေကို လက်တစ်ဖက်ကကိုင်ရင်း ရုန်ကျန်းရဲ့နောက်ကိုခြေဗလာနဲ့ ပြေးလိုက်တော့တယ်။

 

သူ ရုန်ကျန်းရဲ့အင်္ကျီစကို ကိုင်ဆွဲလိုက်တယ်။

 

ကောကော....

 

ရုန်ရုန်ရဲ့ခန္ဓာကိုယ်က စိုစွတ်နေပြီး သူ့ရဲ့ဆံပင်တွေကလည်း ရေတွေတစက်စက်ကျနေခဲ့တယ်။

 

ရုန်ကျန်းရဲ့အမူအယာက လုံးဝကိုမှိုင်းညှိ့နေခဲ့ပြီ။

 

ရုန်ရုန် .. မင်းကိုယ်မင်း အဲလောက်တောင် မုန်းတီးနေတာလား

 

ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနာကျင်အောင်လုပ်တယ်။ အခု လူစိမ်းတစ်ယောက်ကိုကယ်ဖို့အတွက် ကိုယ့်ရဲ့လုံခြုံရေးကိုတောင် အရေးမစိုက်တော့ဘူး။

 

လူကိုကယ်တင်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်။

 

တခြားလူတွေကို အော်ခေါ်ပြီး အကူအညီတောင်းနိုင်တယ်။ ဒါမှမဟုတ် ဘေးမှာရှိနေတဲ့ သင်္ဘောသားတွေကို အကူအညီတောင်းရင်လည်းရတာပဲ။ ဒါပေမဲ့ မင်းက ကိုယ်တိုင်ဆင်းသွားပြီး အတူတူသေလုနီးပါးဖြစ်သွားခဲ့တယ်!

 

ရုန်ရုန် သူ့ရဲ့ နှုတ်ခမ်းကိုကို ကိုက်ခဲလိုက်မိတယ်။

 

မဟုတ်ပါဘူး!

 

တကယ်လို့ တဖက်လူက ကျင်းရီသာမဟုတ်ဘူးဆိုရင်.. သူ့မိဘတွေရဲ့ သားအရင်းသာမဟုတ်ခဲ့ဘူးဆိုရင် .. သူ့အစ်ကိုရဲ့ ညီအရင်းသာမဟုတ်ခဲ့ဘူးဆိုရင် သူက အာရုံတောင်စိုက်နေခဲ့မှာမဟုတ်ဘူး!

 

ဒီတစ်ကြိမ်မှာတော့ ရုန်ကျန်း တကယ်ကိုဒေါသထွက်သွားခဲ့ပြီ။

 

သူ အေးစက်စက်ပြောလိုက်တယ်။

 

လွှတ်လိုက်

 

ရုန်ရုန်ရဲ့မျက်ဝန်းတွေက အနည်းငယ်နီရဲလာခဲ့တယ်။

 

သူ မျက်လွှာအသာချကာ သူရဲ့လက်ကို လွှတ်ပေးလိုက်လေတယ်။

 

 

အဟွတ်! အဟွတ်! အဟွတ်!

 

ကျင်းရီ ကမ်းခြေကိုရောက်တဲ့အချိန်မှာ ပင်လယ်ရေတွေကို အတော်လေးအန်ထုတ်လိုက်ရတယ်။

 

ရှောင်ရီ မင်းအဆင်ပြေရဲ့လား

 

သူ့ရဲ့ သူငယ်ချင်းကောင်း စုဝမ်ဟောက်က အသက်ရှူရပ်မတတ်ပြေးလာခဲ့တယ်။

 

ဒီနေ့က ကျင်းရီရဲ့ အတန်းဖော်တစ်ယောက်ဖြစ်တဲ့ ရှုဟောက်ရဲ့မွေးနေ့ပဲ။ သူက သူ့ဆီကိုဖုန်းဆက်ပြီး ကျင်းရီ ပင်လယ်ထဲကို ခုန်ဆင်းတဲ့ ပုံ ရိုက်ချင်ကြောင်းပြောလာတယ်။

 

ဒီရွက်လှေက ရှုဟောက်ငှားထားတာဖြစ်ပြီး အတန်းဖော်တစ်စုကလည်း သူဖိတ်ခေါ်လာခဲ့တာ။

 

ကျင်းရီက မလိုက်ချင်ခဲ့ပေမဲ့ ဆုဝမ်ဟောက်က သူနဲ့အတူလိုက်ခဲ့ပေးဖို့ တောင်းပန်ပြီးခေါ်လာခဲ့တယ်။

 

သူကြိုက်တဲ့ကောင်မလေးလည်း လာမှာမို့လို့လေ။

 

ရလဒ်ကတော့ လှေပေါ်ကိုရောက်ကတည်းက ဆုဝမ်ဟောက်တစ်ယောက် သူ လှိုင်းမူးတတ်ကြောင်းကိုရှာတွေ့ခဲ့ပြီး ဟိုတယ်ကိုအနားယူဖို့ အမြန်ဆုံးထွက်သွားခဲ့တယ်။

 

ဟိုတယ်ထဲကို ရောက်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းဆီမှ အကူအညီတောင်းတဲ့ဖုန်းလှမ်းဝင်လာခဲ့တယ်။ နောက်တော့ ဖုန်းက အဝေးကိုဆွဲယူခံလိုက်ရဟန်ရှိပြီး လူတစ်စုရဲ့ လှောင်ပြောင်ရယ်မောသံတွေက ဖုန်းထဲကထွက်လာခဲ့တယ်။

 

ဆုဝမ်ဟောက် တစ်စုံတစ်ခုမှားယွင်းနေကြောင်းသိလိုက်ပြီး ကျွန်းပေါ်မှာနေတဲ့ လင်းကျစ်ယွဲ့ကို တွေးကာ သူ့ဆီကိုအလျှင်အမြန်ခေါ်ခဲ့တယ်။

 

သူတို့နှစ်ယောက်အမြန်ဆုံးပြေးလာကြပေမဲ့ ဘယ်သူကသိမှာလဲ။ သူတို့တွေ ခြေတစ်လှမ်းနောက်ကျသွားသေးတယ်လေ!

 

တော်သေးလို့သာပေါ့!

 

ရှောင်ရီက အဆင်ပြေနေသေးတယ်!

 

ကျင်းရီ စကားမပြောနိုင်သေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ရဲ့ကော်လံကိုရုတ်တရက်ဆောင့်ဆွဲလာတယ်။

 

ကျင်းရီ မင်းစိတ်လွတ်သွားတာလား! အဲဒီဝက်ငတုံးတွေက မင်းကို ခုန်ချခိုင်းတိုင်း မင်းကပါ လိုက်ပြီး ခုန်ချလိုက်တာလား!

 

ငါမလုပ်ခဲ့.. အဟွတာ အဟွတ်!

 

ကျင်းရီ ရေအနည်းငယ်အန်ထုတ်ခဲ့ရတာကြောင့် သူ့ရဲ့လည်ပင်းက အက်ကွဲနေခဲ့တယ်။

 

လင်းကျစ်ယွဲ့ ငါ့ကိုအရင်လွတ်ပေးလို့ရမလား

 

လင်းကျစ်ယွဲ့က သူ့ကို ဒေါသထွက်စွာကြည့်ပြီး လွှတ်ပေးလိုက်တယ်။

 

စုဝမ်ဟောက်ရဲ့အကူအညီနဲ့ ကျင်းရီ ဖြည်းညှင်းစွာထရပ်လာတယ်။

 

သူက အကြိမ်ရေအနည်းငယ်ချောင်းဆိုးလိုက်ပြီး ဘေးပတ်ပတ်လည်ကို ခက်ခဲစွာကြည့်လိုက်တယ်။

 

ဝမ်ဟောက် အခုလေးတင် ငါ့ကိုကယ်ခဲ့တဲ့အတန်းဖော် ဘယ်ကိုရောက်သွားလဲ? သူ.. အဆင်ပြေရဲ့လား

 

သူ ရေထဲကိုပြုတ်ကျသွားချိန်မှာ တစ်စုံတစ်ယောက်က သူ့ကိုလာကယ်ခဲ့ပြီး သူ့ရဲ့ရှင်သန်လိုစိတ်ကြောင့် တစ်ဖက်လူရဲ့လည်ပင်းကို ဆွဲညှစ်ခဲ့ပုံရတယ်။

 

ကျင်းရီ အတော်လေးအားနာနေရတယ်။

 

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူ့ကိုကယ်တင်ပေးတာကြောင့် သူ အဲဒီတစ်ယောက်ကိုရှာပြီး ကျေးဇူးတင်ကြောင်းနဲ့ တောင်းပန်စကားတွေပြောသင့်တယ်လေ။

 

ဆုဝမ်ဟောက် ရှက်သွားခဲ့တယ်။

 

ငါ.. ငါမသိဘူး.. ငါက .. ငါက .. မင်း.. အဆင်ပြေရဲ့လားဆိုတာကိုပဲကြည့်နေခဲ့....

 

မျှော်လင့်ချက်မရှိပေမဲ့ ကျင်းရီ လင်းကျစ်ယွဲ့ကိုမေးလိုက်ရတယ်

 

ကျောင်းသားလင်း ငါမင်းကိုမေးလို့ရ...

 

ကျင်းရီ စကားမဆုံးခင်မှာပဲ လင်းကျစ်ယွဲ့ကဖြတ်ပြောလာတယ်

 

ငါမသိဘူး.. မမြင်ဘူး ဂရုမစိုက်ဘူး

 

ကျင်းရီ:...

 

ထင်တဲ့အတိုင်းပဲ။

 

 

ရုန်ရုန်ကတော့ ရုန်ကျန်းရဲ့နောက်မှ တကောက်ကောက်လိုက်နေခဲ့တယ်။

 

စွမ်းချီက တစ်လမ်းလုံး ထိုပြပွဲကိုကြည့်လာပြီး သူ့မျက်လုံးတွေကတော့ ဝမ်းသာအားရပုံပေါ်နေခဲ့တယ်။

 

ရုန်ရုန် ကားထဲကိုဝင်တော့ ရုန်ကျန်း တံခါးကိုပိတ်လိုက်တယ်။

 

ပြီးနောက် ကားတစ်ဖက်ကိုပတ်သွားလိုက်ပြီး အရှေ့ဘက်ဘေးခုံကိုဝင်ထိုင်ဖို့လုပ်နေတဲ့ စွမ်းချီကိုတားလိုက်တယ်။

 

နောက်မှတက်

 

ဘာလဲ? ငါက မင်းရဲ့ညီလေးနဲ့ တစ်ကားတည်းစီးလို့တောင်မရဘူးလား

 

ရုန်ကျန်း သူ့ကိုလျစ်လျူရှုထားလေတယ်။

 

ပြီးနောက် ကားထဲမှာရှိနေသေးတဲ့ ဒရိုက်ဘာကိုသွားပြောပြီး ခဏအကြာမှာ ဒရိုက်ဘာလည်း ကားပေါ်မှဆင်းလာရတာကိုမြင်တော့ စွမ်းချီတစ်ယောက် ရှုံးနိမ့်သလိုခံစားနေရတယ်။

 

သူ ဘယ်လိုသောက်စကားတွေပြောလိုက်တာလဲ? သူက ငါ့ကိုဆင်းခိုင်းရုံတင်မကဘူး ဘာလို့ မင်းကိုပါဆင်းခိုင်းရတာလဲ? သူ့ရဲ့ညီလေးနဲ့ ဘယ်သူမှ တစ်ကားတည်းမနေရဘူးဆိုတဲ့ အဓိပ္ပါယ်လား?

 

ဒရိုက်ဘာက ဘာမှမသိဟန်နဲ့ ခေါင်းခါပြလာတယ်။

 

ရုန်ကျန်းက ကားနောက်ခန်းကိုဖွင့်ကာ ရုန်ရုန်ရဲ့ခရီးဆောင်သေတ္တာကိုဆွဲချပြီး အဖုံးကိုဖွင့်လိုက်တယ်။ ပြီးနောက် အတွင်းမှ အဝတ်အစားတစ်စုံထုတ်ယူကာ ကားတံခါးကိုဖွင့်ပြီး အထဲကို ပစ်ပေးလိုက်လေတယ်။

 

ပြီးနောက် စကားတစ်ခွန်းမှ မပြောပါပဲ ကားတံခါးကိုပြန်ပိတ်လိုက်တယ်။

 

စွမ်းချီနားလည်သွားပြီ။

 

သူတို့ကို ကားပေါ်ကနေမောင်းချရဲတာက သခင်ငယ်လေး အဝတ်အစားလဲဖို့အတွက်ပေါ့လေ။

 

စွမ်းချီ တစ်ဖက်လူ လက်ခံစေရန်ပြောလိုက်တယ်။

 

တာ့ကော! သူ့ရဲ့ရင်ဘတ်ကလည်း ပြားကပ်နေတာနော်.. သူ့မှာရှိတာတွေ ငါ့မှာလဲရှိတယ်

 

စွမ်းချီ သူ့ဘက်ကိုလက်ညိုးထိုးပြီး သူ့ကိုယ်သူပြန်ထိုးပြတယ်။

 

ဘာတစ်ခုက ငါတို့မှာမရှိလို့လဲ? မင်းရဲ့ညီလေးကို မိန်းကလေးလို့ထင်အောင်လုပ်နေ... နေပါဦး.. မင်းရဲ့ညီလေးက တကယ်မိန်းကလေးလား?!

 

ရုတ်တရက်အလင်းပေါက်ပြီး မြေငလျင်လှုပ်ခတ်သွား ; jpg

 

ကားထဲမှာတော့ ရုန်ရုန်က အမြန်ဆုံးနည်းနဲ့ အဝတ်အစားလဲနေရင်းနှလုံးသားထဲမှာ သံသယဝင်နေခဲ့တယ်။ သူငယ်ချင်းတွေက ဆင်တူတယ်လို့ပြောကြတယ်မလား။ သူဘာလို့ သူ့အစ်ကိုနဲ့ စွမ်းချီကြားမှာ တူညီတဲ့အရာမတွေ့ခဲ့ရတာလဲ။

 

ဒေါက် ဒေါက်

 

ရုန်ရုန် ကားပြတင်းပေါက်ကိုခေါက်ကာ သူပြီးသွားပြီဖြစ်ကြောင်း အချက်ပြလိုက်တယ်။

 

စွမ်းချီ အထဲကို ဝင်မသွားခင် ခဏလောက်တုံ့ဆိုင်းနေခဲ့သေးတယ်။

 

မဖြစ်နိုင်လောက်ဘူးနော်။ သူက တကယ်မိန်းကလေးလား? မဟုတ်လောက်ပါဘူးနော်?

 

ရုန်ကျန်းက ခရီးဆောင်သေတ္တာကို နောက်ခန်းမှာပြန်ထည့်ပြီး ကားတံခါးကိုဖွင့်လိုက်တယ်။

 

ထိုအချိန်ကျမှ စွမ်းချီလည်း ဘေးခုံတံခါးကို ပြန်သွားဖွင့်ပြီး ဝင်သွားလိုက်တယ်။

 

ရုန်ရုန်က တီရှပ်ကို ဝတ်ဆင်နေခဲ့တာ။

 

စွမ်းချီဝင်လာချိန်မှာ ရုန်ရုန်က သူ့လက်ထဲမှ တီရှပ်ကို လည်ပင်းမှာစွပ်လိုက်တယ်။

 

စွမ်းချီ ထိုနေရာကိုစိုက်ကြည့်လိုက်တယ်။

 

ရင်ဘတ်က ... ပြားကပ်နေတာပဲ။