(32)ကောင်ငယ်လေးတွေကပဲ
ချစ်စရာကောင်းသလိုပြုမူကြတာ
ရုန်ရုန် သူ့ရဲ့
ခေါင်းကိုညိတ်ကာ ပြုံးလိုက်တယ်။
“အမ် ကျွန်တော်က
ကျွန်တော့်ရဲ့ကောကောနဲ့ မိဘတွေကိုပဲ ဂရုစိုက်တာ”
စွမ်းချီ
မီးဖိုခန်းထဲကိုဝင်ကာ ဇွန်းဝင်ယူရင်းနဲ့ အထဲမှာရှိနေတဲ့ စားဖိုမှူးကို
အပြင်မှအသီးသုတ်က ရုန်ရုန်ကိုယ်တိုင်ပြင်ဆင်ထားတာဟုတ်ရဲ့လား၊
စားဖိုမှူးတွေကူညီပေးထားသေးလားဆိုတာကို မေးနေခဲ့တယ်။
စားဖိုမှူးတွေက
ဘာတစ်ခုမှ မကူညီပဲ ရုန်ရုန်တစ်ယောက်ထဲကသာ အရာအားလုံးကိုလုပ်ခဲ့ကြောင်း သိရပြီးမှသာ
စွမ်းချီ ဇွန်းယူပြီး အပြင်ကိုပြန်ထွက်လာခဲ့တယ်။
သူပြန်လာတဲ့အချိန်မှာ
ပန်းကန်ထဲမှာ တစ်ဝက်ကျော်လောက် ကုန်သွားခဲ့ပြီ။
စွမ်းချီ
ကြောင်အသွားရကာ ရုန်ကျန်းဆီကို သံသယဖြစ်သွာနဲ့ စိုက်ကြည့်လာတယ်။
“မင်း
အချိုမကြိုက်ဘူးမလား”
ရုန်ရုန်
အံ့ဩစွာဝင်မေးလာတယ်။
“ကောကော .. ကောကော
အချိုမကြိုက်ဘူးလား”
သူသိထားသလောက်ဆို
သူ့အစ်ကိုက အရာအားလုံးကိုစားတဲ့သူလေ။ ကလေးအရွယ်ကတည်းက တစ်ခါမှ
အစားဂျီးမများခဲ့ဘူး။
ရုန်ကျန်းက
အသီးပန်းကန်ကို အသာမွှေနေရင်း သိပ်ပြီးမချိုတဲ့ နဂါးမောက်သီး တစ်တုံးကို
ယူစားလိုက်ကာ အသံနိမ့်နိမ့်နဲ့ပြောလာတယ်။
“မဟုတ်ဘူး
သူမှားပြီး မှတ်မိနေတာ”
စွမ်းချီ:”!!!!”
မင်းသာ
အရည်အချင်းရှိရင် အသီးပန်းကန်ထဲက အချိုဆုံးအပိုင်းတွေကို မချန်ပဲ စားပြစမ်း!!!
ရွက်လှေကတစ်နာရီလောက်မောင်းနှင်ပြီးနောက်
ကမ်းစပ်မှာ ရှိနေတဲ့ စိမ်းလန်းတဲ့ သစ်ပင်တွေနဲ့ ခပ်နိမ့်နိမ်အိမ်တွေကို
မြင်လာရပြီ။
အရွယ်အစားစုံလင်တဲ့
ရွက်လှေတွေလည်းရှိနေခဲ့တယ်။
စွမ်းချီက
သူ့ရဲ့ဝန်ထမ်းတွေကို ကမ်းခြေမှာစောင့်နေဖို့ ကြိုတင်မှာကြားခဲ့တယ်။
ရွက်လှေက
ဖြည်းညှင်းစွာ ကမ်းကပ်သွားပြီး စွမ်းချီက ပထမဆုံး လှေပေါ်မှဆင်းသွားခဲ့တယ်။
ရုန်ကျန်းက
လှေပေါ်မှ ဒုတိယဆင်းတဲ့သူဖြစ်ကာ သူက ရုန်ရုန်ကို လက်တစ်ဖက်က ကမ်းပေးလာသလို
ကျန်တဲ့လက်တစ်ဖက်ကလည်း စွမ်းချီထံမှ ငှားရမ်းထားတဲ့ ထီးကိုကိုင်ကာ ရုန်ရုန်
နေလောင်မခံရစေဖို့ ကာပေးထားခဲ့တယ်။
စွမ်းချီကတော့
ပြောစရာမဲ့နေပြီ။
“တာ့ရုန်.. မင်း
တခြားလူတွေကို ဂရုစိုက်တတ်မှန်း ငါဘာလို့မသိခဲ့ရတာလဲ?”
ဒီနေရာမှာ
ပြောစရာတစ်ခုရှိတာက သူ့(စွမ်းချီ)ရဲ့အရင် ရည်းစားတွေတောင် မှ ဒီလိုမျိုး
တစ်ယောက်မှ အဆက်ဆံမခံရဘူးနော်!
သူ့ရဲ့ညီလေးဆိုတာကို
သိတဲ့လူက ဘာမှမဖြစ်လောက်ဘူးဆိုပေမဲ့ မသိတဲ့လူတွေက သူ့ရဲ့အချစ်လေး
အသည်းလေးလို့ထင်သွားကြမှာ!
နောက်ပြီး
အသီးသုတ်ပန်းကန်ကလည်း! သူတစ်ယောက်တည်းအကုန်စားပစ်တာ! သူ့(စွမ်းချီ)ကို
တစ်လုပ်လေးတောင် မစားခိုင်းခဲ့ဘူး!
အထင်ကြီးစရာပဲ!
ထိုအချိန်မှာ
နောက်ထပ်ရွက်လှေတစ်စီးကလည်း ကမ်းကပ်လာခဲ့တယ်။
ခုန်းယန်
အခန်းတွင်းထဲမှ အပြင်ကိုထွက်လာကာ လှည့်ပတ်ကြည့်ပြီး အော်ပြောလိုက်တယ်။
“ ရှုခင်းက
တကယ်ကိုလှတာပဲ! အားယွီ မင်းဘယ်လိုထင်... အားယွီ ကြည့်လိုက်! ဟိုမိန်းကလေးနဲ့
ရုန်မိသားစုရဲ့သခင်လေးက ရင်းနီးသလိုမထင်ရဘူးလား?”
ကျိုးယွီက
ခုန်းယန်ကြည့်နေတဲ့ဘက်ကိုလိုက်ကြည့်ရင်း အေးစက်စွာပြောလာတယ်။
“မင်းရဲ့
မျက်လုံးကို လှူခဲ့တာလား”
ယောကျ်ားလေးလား
မိန်းကလေးလားဆိုတာကိုတောင် မသိတော့ဘူးလား။
တကယ်တော့
ရုန်ရုန်ရဲ့ရှုထောင့် အနေအထားကြောင့်ပဲ။ ခုန်းယန်အနေနဲ့ ရုန်ရုန်ရဲ့
လှပတဲ့မျက်နှာတစ်ဝက်နဲ့ အနည်းငယ်ရှည်လျားရှုပ်ပွနေတဲ့ဆံပင်တို့ကိုသာမြင်ရပြီး သူ
အောက်ကိုခုန်လိုက်ချိန်မှာ ရုန်ကျန်းကလည်း တစ်ဝက်လောက် ပွေ့ဖက်ထားတာကြောင့်
ခုန်းယန် လှေပေါ်မှ လှမ်းကြည့်ချိန်မှာ ရုန်ရုန်ကို မိန်းကလေးလို့ထင်သွားပြီး
ရုန်ကျန်း ထီးမိုးပေးနေတဲ့တစ်ယောက်က ရုန်ကျန်းရဲ့ချစ်သူလို့ ထင်သွားခဲ့တာ။
ရုန်ကျန်းက
ရုန်ရုန်ကို မြဲမြဲရပ်နိုင်စေဖို့ ကူညီပေးလိုက်ချိန်ကျမှ
ညီအစ်ကိုနှစ်ယောက်လုံးရဲ့မျက်နှာကို ခုန်းယန် ရှင်းလင်းစွာမြင်လိုက်ရတယ်။
ခုန်းယန်
ညည်းညူလိုက်တယ်။
“တကယ်ကြီး
ရုန်ရုန်လား?! မင်းတို့နှစ်ယောက်မှာ ဘယ်လိုကံတရားမျိုးရှိနေတာလဲ?
မင်းဘယ်နေရာကိုပဲသွားသွား တွေ့နေရတာပဲ”
“ယဲ့ဖန်”ဘားမှာ ရုန်ရုန် သူ့ရဲ့အိတ်ကပ်ထဲကို
ပိုက်ဆံထည့်ပေးလာတဲ့ညကို ကျိုးယွီ ပြန်တွေးမိလာတယ်။
ကျိုးယွီ
ထိုညပြီးကတည်းက လူတွေဆီမှ နောက်ကွယ်မှာရော ရှေ့မှာပါ လှောင်ပြောင်ရယ်မောခံနေရတာ။
သူ ခုန်းယန်ယီကို
ပြင်းထန်တဲ့အကြည့်တစ်ချက်ပေးလိုက်တော့ ခုန်းယန်းက ချက်ချင်းပဲ
စိတ်ဝင်တစားနဲ့ပြောလာလေတယ်။
“အိုခေ
ငါဘာမှမပြောတော့ဘူး”
ရုန်ရုန်နဲ့
ရုန်ကျန်းက မနီးမဝေးမှာရှိနေတဲ့ ကျိုးယွီကိုမမြင်ခဲ့ဘူး။
သို့ပေမဲ့
စွမ်းချီကတော့ လှမ်းမြင်ခဲ့တယ်။
သူ စနောက်လိုစွာနဲ့
ရုန်ရုန်ရဲ့ခေါင်းကို အနည်းငယ် အသံထွက်အောင်ထိလိုက်ကာ စကားပြောခါနီးမှာပဲ
ရုန်ကျန်းထံမှ အရိုက်ခံလိုက်ရလေတယ်။
စွမ်းချီရဲ့
လက်ခုံက နီရဲတဲ့အထိ အရိုက်ခံလိုက်ရတယ်။
စွမ်းချီ:!!!!
များလွန်းနေပြီနော်!
စွမ်းချီ သူ့လက်ကို
ပြန်ရုပ်လိုက်ပြီး သူ့ရဲ့မေးကို ကျိုးယှီရှိရာဘက်သို့ ဆတ်ပြကာ
မုန်းတီးစွာပြောလိုက်တယ်။
“ရှောင်ရုန်ရုန်..
မင်းရဲ့အချစ်ကလေးလည်း ဒီကိုရောက်နေတယ်လေ.. ဘာလို့ မနှုတ်ဆက်ရတာလဲ”
အမ်?
ဘယ်ငရဲက
အချစ်ကလေးလဲ?
သူဘယ်တုန်းက
တစ်ယောက်ယောက်ကို ကြိုက်ခဲ့လို့လဲ?
ရုန်ရုန်
ခေါင်းကိုလှည့်ကြည့်လိုက်တော့ ကုန်းပတ်ပေါ်မှာ ဘယ်သူမှ မရှိနေခဲ့ဘူး။
စွမ်းချီက
အားရစွာပြောလာတယ်။
“ရှောင်ရုန်ရုန်
ကြည့်ရတာ ကျိုးမျိုးရိုးက မင်းကို အမြဲတမ်းလိုမုန်းတီးနေတုန်းပဲထင်တယ်”
ရုန်ကျန်း
သတိပေးတဲ့အနေနဲ့စိုက်ကြည့်လိုက်တယ်။
“စွမ်းချီ”
စွမ်းချီက
ရိုးသားဟန်နဲ့ပြောလာတယေ်။
“ဘာလဲ
ငါပြောတာမှားနေလို့လား”
ဒီတစ်ကြိမ်မှာတော့
ရုန်ရုန်အနေနဲ့ စွမ်းချီ ဘယ်သူ့ကိုပြောနေတာလဲဆိုတာကိုသိသွားပြီ။
သူက
နှုတ်ခမ်းတွေကို ကွေးညွတ်ကာ အပြုံးလေးနဲ့ အမှန်ပြင်ပေးလိုက်တယ်။
“ချီကော မှားနေပြီ”
“ဘာလဲ ? မင်း အခု
သူ့ကိုမကြိုက်တော့ဘူးလို့တော့ မပြောနဲ့နော်”
“အမ်.. ကျွန်တော်
သူ့ကိုမကြိုက်တော့ဘူးလေ”
သူ့ကိုမကြိုက်တော့တာ
ကြာလှပြီ။
စွမ်းချီက
ရုန်ရုန်ကို သရဲတစ်ကောင်လိုစိုက်ကြည့်လာတယ်။
“တကယ်လား?
မင်းရဲ့ချီကောကို ဟာသလာလုပ်မနေနဲ့နော်”
ဒီအသိုင်းအဝိုင်းထဲက
ဘယ်သူကများ ရုန်ရုန် ကျိုးမိသားစုရဲ့တရားမဝင်ကလေးကိုကြိုက်နေမှန်း မသိကြလို့လဲ?
ကျိုးယွီ
ဘယ်ဘားကိုပဲသွားသွား ရုန်ရုန်ကိုမြင်တွေ့ရလိမ့်မယ်။
ကျိုးယွီက
တရားမဝင်ကလေးဖြစ်ကြောင်း နောက်ကွယ်မှာပြောတဲ့လူတိုင်း ဒီသခင်လေးဆီမှာ
သင်ခန်းစာအပေးခံရလိမ့်မယ်။
လွန်ခဲ့တဲ့
အပတ်အနည်းငယ်လောက်တုန်းက ကျိုးယွီအတွက်ကြောင့် သူ့ကိုတောင်
တိုက်ခိုက်လုနီးပါးဖြစ်ခဲ့သေးတယ်လေ။ နောက်ပြီးတော့
သူ့ရဲ့အစ်ကိုဖြစ်သူရဲ့မွေးနေ့မှာတောင် သည်းမခံခဲ့ဘူး။ အဲဒီကိစ္စဖြစ်ပြီးတာ
တစ်လတောင်မကြာသေးဘူးလေ။
အခု သူက
အဲဒီလူကိုမကြိုက်ဘူးလို့ပြောနေတာလား?
နားထောင်ကြည့်။
ဘယ်လောက်တောင် ယုံချင်စရာမရှိလိုက်သလဲ?
“အမှန်ပဲ.. တကယ်လို့
ချီကောမယုံရင် ယဲ့ဖန်က ဝန်ထမ်းတွေကိုမေးလို့ရတယ်”
“ယဲ့ဖန်?
မင်းတို့တွေ ယဲ့ဖန်မှာ လမ်းခွဲလိုက်တာလား”
သူတို့နှစ်ယောက်ရဲ့အထုတ်အပိုးတွေကို
စွမ်းချီရဲ့လူတွေ သယ်လာပေးခဲ့တယ်။
“မင်းဘာလို့
ဒီလောက်တောင် မေးခွန်းများနေရတာလဲ”
ရုန်ကျန်း
စွမ်းချီကို သဘောမကျစွာ စိုက်ကြည့်ပြီး ရုန်ရုန်ကို သူ့ရဲ့လက်မောင်းထဲသို့ထည့်ကာ
ကားဆီကို ဦးတည်လိုက်တယ်။
စွမ်းချီကတော့
ရုန်ရုန် အခုလေးတင် ပြောခဲ့တဲ့စကားကို အာရုံစိုက်နေတုန်းပဲ။
“ငါ့ကိုပြောပါဦး..
ရှောင်ရုန်ရုန် မင်းတကယ် ကျိုးယွီကိုမကြိုက်တော့ဘူးလား.. မင်း ဆရာဝန်နဲ့သွားမပြပဲ
မှော်ဆရာနဲ့များ ပြသလိုက်တာလား”
ဦးနှောက်က
ပုံမှန်ဖြစ်သွားပြီ။ သေချာတယ်။ ဒါ ကျိန်စာပြေသွားတာပဲ။
ရုန်ကျန်းရဲ့ခြေလှမ်းတွေက
ရပ်တန့်သွားပြီး အပြောင်းအလဲမရှိတဲ့မျက်နှာနဲ့ လှည့်ကြည့်လာတယ်။
“စွမ်းချီ”
“ဘာလဲ?
ငါမေးလို့မရဘူးလား”
ရုန်ကျန်းရဲ့မျက်မှာက
မည်းမှောင်နေပြီဖြစ်ပေမဲ့ ရုန်ရုန်ကတော့ စိတ်ဆိုးခြင်းမရှိပြုံးပြလာတုန်းပဲ။
“အဆင်ပြေပါတယ်
ကောကော”
ရုန်ရုန်က
သူ့ရဲ့အတိတ်ဘဝတုန်းက ရုန်ကျန်းရဲ့မွေးနေ့မှာ စွမ်းချီနဲ့ စကားများခဲ့တဲ့
အကြောင်းပြချက်ထဲမှတစ်ခုက ကျိုးယွီကြောင့်ပဲလေ။
နောက်ထပ်အရေးကြီးတဲ့
အကြောင်းပြချက်ကတော့ သူ့အစ်ကိုသူငယ်ချင်းရဲ့ ပါးစပ်က.. အရမ်းကို
စျေးပေါလွန်းတယ်လို့ထင်ခဲ့လို့ပဲ။
သူက
စွမ်းချီရဲ့စကားပြောဆိုပုံကို နည်းနည်းလေးတောင်မကြိုက်ခဲ့ဘူး။
နောက်ပိုင်းကိုရောက်မှ
စွမ်းချီလို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူက ဟဲယွီရဲ့ ဓားသွားပေါ်မှသုတ်ထားတဲ့
အချိုလိုပါးစပ်ထက်တော့ အများကြီးကောင်းမွန်ကြောင်းကိုသိခဲ့ရတယ်။
ရုန်ရုန်
ခေါင်းလှည့်ပြီးပြောလိုက်တယ်။
“ချီကော ကျွန်တော်က
အချိန်အတော်ကြာအောင် နားမလည်ခဲ့ဘူးလို့ အစ်ကိုပြောခဲ့....”
ရုတ်တရက်
ရုန်ရုန်ရဲ့မျက်နှာက ပြောင်းလဲသွားခဲ့တယ်။
“ကောကော
ကျွန်တော့်ကို ခဏလောက်စောင့်ပေးဦးနော်”
ရုန်ရုန်
ရုန်ကျန်းကိုင်ထားတဲ့ထီးအောက်မှထွက်ကာ ရွက်လှေဆိုက်ကပ်ရာနေရာဆီသို့ တဟုန်ထိုး
ပြေးသွားတော့တယ်။
“အမွှေးလုံးလေး!”
“ထီးယူထားပေးဦး”
ရုန်ကျန်း
သူ့လက်ထဲမှ ထီးကို ဘေးမှာရှိနေတဲ့ စွမ်းချီဆီကိုပေးခဲ့ပြီး
အနောက်ကပြေးလိုက်သွားတော့တယ်။
“ဟေး! မင်းတို့တွေ!
ဘယ်ကိုသွားတာလဲ! ငါကိုစောင့်ဦးဟ!!”
ထီးကိုကိုင်ပြီး
ပြေးတာက လုံးဝအဆင်မပြေနိုင်တာကြောင့် စွမ်းချီ ထီးကိုလွှင့်ပစ်ကာ အနောက်မှ
ပြေးလိုက်သွားလေတော့တယ်။
ကုန်းပတ်ဘက်မှာတော့--
ရွက်လှေတစ်စီးပေါ်မှ
ဆယ်ကျော်သက်လေးတစ်ယောက်က ကိုယ်တစ်ပိုင်းက ရွက်လှေရဲ့အပြင်ဘက်မှာညှိနေပြီး
လက်တွေကတော့ ရွက်လှေရဲ့ လက်ရမ်းဆီမှာ တင်းကြပ်စွာ ကိုင်ထားတုန်းပဲ။
ပင်လယ်လေညှင်းက
သူ့ရဲ့ အဝတ်အစားတွေကို တဖြတ်ဖြတ်တိုက်ခတ်သွားတယ်။
ကုန်းပတ်ပေါ်မှ
လူတစ်စုကတော့ အော်ဟစ်ပြီး လှောင်ပြောင်နေကြတယ်။
“ခုန်ချလိုက်လေ!”
“မြန်မြန်လေး!”
“ခုန်ချလိုက်တော့!”
“ဟားဟားဟား
သူမခုန်ချရဲဘူးပဲ သူရဲဘောကြောင်လိုက်တာ!”
“ငကြောက်!”
ကျင်းရီ
ဖြူဖေော့လာခဲ့တယ်။
ရေကူးဖို့မပြောနဲ့
သူ ရေနဲ့တောင် မထိဖူးဘူး။
သူ
အောက်ကိုငုံ့မကြည့်ဖို့ကြိုးစားပေမဲ့လည်း
မျက်ဝန်းထော့််မှမြင်နေရတဲ့ပင်လယ်ရေတွေကတောင် သူ့ကို မူးဝေလာစေခဲ့တယ်။
သူ
ကုန်းပတ်ပေါ်ကိုလှမ်းကြည့်လိုက်တော့ မျက်မှန်နဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က
သူ့ကိုကြည့်နေခဲ့တယ်။
“ငါ ဒီကနေ
ခုန်လိုက်သရွေ့ မင်း ငါ့ကို အဲဒီလက်ပတ်ပြန်ပေးမှာမလား”
ရှုဟောက်က
သူ့လက်ထဲမှာ လက်ပတ်ကိုမြှောက်ကြည့်ကာ မုန်းတီးစွာပြောလာတယ်။
“မင်း ခုန်မှာလား?
မခုန်ရင် ငါဒါကို ပင်လယ်ထဲကို ပစ်လိုက်တော့မယ်”
ရှုဟောက်ရဲ့လက်ထဲမှ
လက်ပတ်က ကျင်းရီကို သူ့အဖွားပေးထားခဲ့တဲ့လက်ပတ်ပဲ။
သူ့ရဲ့အဖွားက
သူငယ်ငယ်လေးကတည်းက ကျင်းရီကိုအမြဲတမ်းပွေ့ဖက်ပြီး နမ်းရှိုက်ခဲ့တာ။
သူဒီလက်ပတ်ကို
ကလေးဘဝကနေ အရွယ်ရောက်လာချိန်အထိ အမြဲတမ်းဆောင်ထားခဲ့တယ်။ သူ့အတွက်
အဆောင်နဲ့အတူတူပဲ။ ရှုဟောက် ဒါကို ပင်လယ်ထဲကိုပစ်ချလိုက်လို့မရဘူး။
ကျင်းရီက
ငတုံးမဟုတ်ဘူး။
“ ငါ
ခုန်ပြီးသွားရင် မင်း ပေးမလား မပေးဘူးလားဆိုတာ ဘယ်လိုလုပ်သိမှာလဲ”
ရှုဟောင်က
အနားကိုကပ်လာပြီး သူ့ရဲ့မျက်လုံးထဲမှာ စိတ်မရှည်မှုတွေ ပြည့်နေခဲ့တယ်။
“ ဒါဆို
မင်းဘာလုပ်ချင်လို့လဲ”
“ငါ့ကိုအရင်ပေးလိုက်”
ရှုဟောက်ပြုံးလိုက်တယ်။
သူက လက်ပတ်ကို လက်နဲ့ကစားရင်းနဲ့ အနားကိုလျှောက်လာခဲ့တယ်။
“ မင်းက
ငါ့ကိုအရူးလို့ထင်နေတာလား? ငါသာ မင်းကို လက်ပတ်ပြန်ပေးလိုက်ပြီး မင်းသာ
ပြန်ပြီးမဖျော်ဖြေပေးရင် ငါ့ရဲ့ပျော်စရာလေးတွေပျောက်ကုန်မှာမဟုတ်ဘူးလား”
ရှုဟောင်ရဲ့
အကွာအဝေးကလည်း နီးကပ်လာခဲ့တယ်။ ထို့အတူ သူ့လက်ထဲမှ လက်ပတ်ကလည်း နီးလာခဲ့ပြီ။
ကျင်းရီ လက်ရမ်းကို
လက်တစ်ဖက်ထဲနဲ့ ကိုင်ရင်း တစ်ဖက်က ရှုဟောက်ရဲ့လက်ထဲမှ လက်ပတ်ကို လှမ်းဆွဲလိုက်တယ်။
ကျင်းရီရဲ့လက်က
ရှုဟောက်ရဲ့လက်ထိပ်မှ လက်ပတ်ကိုထိခါနီးမှာပဲ ရှုဟောက်က ရုတ်တရက်
လက်ပြန်ရုပ်သွားခဲ့တယ်။
“ဟားဟား.. သောက်ရူး!
မင်းအခု ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူးလို့ထင်လို့လား?”
ကျင်းရီရဲ့
ခန္ဓာကိုယ်က ဆွဲအားမှ လွတ်သွားရတော့တယ်။
“ဘာ__”
သူ့ရဲ့လက်တစ်ဖက်က
လက်ရမ်းမှ ပြုတ်ထွက်သွားပြီး ပင်လယ်ထဲကိုပြုတ်ကျသွားခဲ့တယ်။
“ဗွမ်း!’
“ကျင်းရီ!”
ရုန်ရုန်
ကျယ်လောင်စွာအော်ဟစ်လိုက်တယ်။
သူ သူ့ရဲ့ရှေ့မှာပဲ
တစ်ဖက်လူ ပင်လယ်ထဲသို့ ပြုတ်ကျသွားတာကို
ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရတယ်
“ပင်လယ်ထဲကိုပြုတ်ကျသွားပြီ!
ပင်လယ်ထဲကိုပြုတ်ကျသွားပြီ!”
“သွားပြီ! သွားပြီ!
ကျင်းရီက ရေမကူးတတ်ဘူး!”
“ရှုဟောက်..
ငါတို့.. ရဲကိုခေါ်ရအောင်”
“ရူးနေလား!
ရဲကိုခေါ်လို့မရဘူး! မင်းက ငါတို့ကိုသတ်ချင်နေတာလား!”.
ရုန်ရုန် သူ့ရှေ့မှ
ကောင်လေးတွေ ကောင်မလေးတွေကိုတွန်းထုတ်ပြီး အရှေ့ကိုပြေးသွားလိုက်တယ်။
တချို့တွေက
သူ့ကိုသတိပြုမိလာကြတယ်။
“ဟေး မင်းဘယ်သူလဲ”
“ သူကို သိကြလား?
သူက ငါတို့ကျောင်းကလား”
“မသိဘူး
တစ်ခါမှမမြင်ဖူးဘူး”
ရုန်ရုန်
ဒေါသထွက်လွန်းလို့ အသည်းတွေတောင်နာလာရတယ်။
“ရှေ့ကဖယ်စမ်း!”
ရုန်ရုန်
သူ့ရဲ့ဖိနပ်နဲ့ ခြေအိတ်တွေကို အမြန်ချွတ်လိုက်တယ်။
သူ ရုန်ကျန်းက
ရွက်လှေပေါ်ကိုရောက်နေတာကိုမြင်တော့ သူ့ရဲ့အစ်ကိုဆီကိုလှမ်းအော်လိုက်တယ်။
“ကောကော! ပြီးရင်
ကျွန်တော့်ဆီကို ရေကူးကွင်းတစ်ခု လှမ်းပစ်ပေးဦးနော်!”
ပြီးနောက်
ရုန်ကျန်းရဲ့ တုံ့ပြန်မှုကို မစောင့်တော့ပဲ ပင်လယ်ထဲကို ခုန်ဆင်းလိုက်တော့တယ်။
“ရုန်ရုန် !
ပြန်လာခဲ့စမ်း!”