Ch 31
Viewers 24k

(31)

ရုန်ရုန် လေထဲမှာ ပျံ့လွင့် သင်းပျံ့သော သစ်သီးရနံ့တွေရဲ့နောက်မှ လိုက်လံရှာဖွေကာ ရွက်လှေရဲ့ တစ်လျှောက်လိုက်ကို လိုက်သွားခဲ့ပြီး နောက်ဆုံးမှာ အခန်းထဲသို့ ၀င်သွားခဲ့လေတယ်။

 

အခန်းထဲမှာတော့ သစ်သီးတွေရဲ့ မွှေးရနံ့တွေ လွှမ်းခြုံနေခဲ့တယ်။ ချိုမြိန်တဲ့ ပိုးစာသီးနံ့တွေ၊ သစ်တော်သီးရဲ့ ရနံ့တွေ၊ နောက်ပြီး စတော်ဘယ်ရီသီးရဲ့ချိုချိချဥ်ချဥ်ရနံ့တွေ ရောနှောနေခဲ့တယ်။ နောက်ပြီး နို့ရဲ့ ရနံ့၊ အစိမ်းရောင် ဆလတ်ရွက်နံ့၊ အေးမြတဲ့ရေခဲတုံးတွေရဲ့ ရနံ့တွေနဲ့ ဆော်လမွန်နဲ့ ကာဗီးယားရဲ့ ရနံ့တို့ကလည်း လေထဲမှာ ခပ်ဖျော့ဖျော့ထွက်နေခဲ့တယ်။

 

အသီးအနှံတွေရဲ့ရနံ့ကပြင်းထန်တာကြောင့် ဆယ်လမွန်နဲ့ ကာဗီးယားတို့ရဲ့ ငါးညှီနံ့ကို ဖုံးလွှမ်းလုနီးနီးဖြစ်နေခဲ့ကာ ဆလတ်ရွက်နဲ့ တခြားသော အစိမ်းရောင် အသီးအရွက်တွေကတော့ အနံ့လုံးဝမရှိသယောင် ဖြစ်နေခဲ့ပြီ။

 

ရုန်ရုန် ဟင်းချက်တဲ့ ဧရိယာဆီကို လျှောက်သွားလိုက်တယ်။

 

ပြီးနောက် အသီးအနှံတွေကို ကောက်ယူပြီး တစ်ခုပြီးတစ်ခု အနံ့ခံကြည့်လိုက်တယ်။

 

သူတို့က အသီးအမျိုးအစား အတူတူပဲဖြစ်နေရင်တောင် သူတို့ထံမှ ထုတ်လွှတ်နေတဲ့ ရနံ့ကတော့ မတူညီကြဘူး။

 

ဥပမာအားဖြင့် စတော်ဘယ်ရီသီးတွေအားလုံးက စတော်ဘယ်ရီသီးတွေပဲဖြစ်နေပေမဲ့ တချိုးစတော်ဘယ်ရီတွေက အနည်းငယ်ချဥ်ပြီး အနည်းငယ်မျှနို့နံ့ရရှိတယ်။ ဒါပေမဲ့ တချို့ စတော်ဘယ်ရီတွေကတော့ ချဥ်နံ့တစ်ခုတည်းသာရှိနေပြီး တချို့သော စတော်ဘယ်ရီတွေကတော့ နို့နံ့က ပိုမိုပြင်းထန်တယ်။

 

ဒါက ဘာကြောင့်လဲဆိုတော့ စတော်ဘယ်ရီသီး တစ်လုံးချင်းစီက ကွဲပြားခြားနားတဲ့ အလင်းရောင်၊ အစိုဓာတ်နဲ့ မြေဆီလွှာတို့တွေမှာ ပေါက်ရောက်ထားတာဖြစ်နေလို့ပဲ။

 

စားဖိုမှူးက ရုန်ရုန့်ကိုသတိပြုမိပေမဲ့ သူက ဒီလှေပေါ်ကို စွမ်းချီနဲ့အတူ ပါလာမှန်းကိုသိနေတာကြောင့် သူ့ရဲ့အပြုအမူတွေအပေါ်မှာ တားမြစ်ခြင်းမရှိခဲ့ဘူး။ အသီးသုတ်ပြင်ဆင်နေတဲ့အချိန်အတောအတွင်းမှာတော့ သူက ရုန်ရုန်ဆီကို တစ်ကြိမ်ပြီး တစ်ကြိမ်မော့ကြည့်လာပြီး ထိုဧည့်သည်ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် အံ့သြနေခဲ့တယ်။

 

ရုန်ကျန်း မီးဖိုချောင်ထဲသို့ ဝင်လာချိန်မှာတော့ ရုန်ရုန်က ဓားတစ်ချောင်းကိုကိုင်ပြ သစ်တော်သီးတွေကို လှီးဖြတ်နေခဲ့တယ်။

 

သူက သူ့ရဲ့ရှည်လျားလွန်းနေတဲ့ အရှေ့ဆံမြိတ်ကို ခေါင်းစည်းကြိုးနဲ့ စည်းနှောင်ထားခဲ့ပြီး သစ်တော်သီးကို ဖြတ်တောက်ဖို့ ခေါင်းငုံ့လိုက်ချိန်မှာ ထို ကြက်တောင်စည်းလေးက အနည်းငယ် လှုပ်ယမ်းနေခဲ့တယ်။

 

ရုန်ရုန်က ရုန်ကျန်းဝင်လာတာကိုမြင်တော့ ပြုံးပြီး နှုတ်ဆက်လာတယ်။

 

ကောကော

 

သတိထားလေ

 

ရုန်ကျန်းအနေနဲ့ ဟိုးငယ်ရွယ်စဉ်ကလေးဘဝကတည်းက လက်ရှိအချိန်ထိ သူ့ရဲ့ညီငယ်လေး ရုန်ရုန်က အသီးတွေကို ကိုယ်တိုင် အခွံနွှာတာကို မမြင်ခဲ့ဖူးသလို ဓားကိုကိုင်တာကိုလည်း မတွေ့ခဲ့ဖူးဘူး။

 

ရုန်ရုန်က သူ့ရဲ့လက်ထဲမှာ အသီးကို အခွံနွှာမပျက်ပဲ ခေါင်းကို မော့ပြီး သူ့ကိုနှုတ်ဆက်လာတာကို မြင်လိုက်ရတော့ ရုန်ကျန်းတစ်ယောက် လေးနက်တဲ့အသံဖြင့် အလျှင်အမြန် သတိပေးလိုက်ရတယ်။

 

အဆင်ပြေပါတယ်

 

ရုန်ရုန် သူ့ရဲ့နှုတ်ခမ်းတွေကို ကွေးညွှတ်လာတယ်။

 

သူက ခေါင်းကိုပြန်ငုံ့ပြီး သူ့ရဲ့လက်ထဲမှ သစ်တော်သီးရဲ့ နောက်ဆုံးကျန်ရှိနေတဲ့နေရာကို အာရုံစိုက်ပြီးအခွံခွာလိုက်တယ်။

 

ရုန်ကျန်းကတော့သူ့ရဲ့အမွှေးလုံးလေးက သစ်တော်သီးတွေ ပြီးတဲ့နောက်မှာ စတော်ဘယ်ရီသီးကို ကျွမ်းကျင်စွာ လှီးဖြတ်နေတာကို ကြည့်နေခဲ့တယ်။

 

သစ်သီးတွေကို အခွံ့နွှာပြီးချိန်မှာ၊ ဒါမှမဟုတ် လှီးဖြတ်ပြီးချိန်မှာတော့ ကွဲပြားတဲ့အနံ့တွေက ပိုမိုသိသိသာသာထွက်လာခဲ့တယ်။

 

လှီးဖြတ်ပြီးသွားတဲ့နောက်မှာ အသီးအနှံများကို စားသောက်မှာဖြစ်တဲ့အတွက် ရုန်ရုန်အနေနဲ့ သူတို့ကို အနီးကပ် အနံ့ခံကြည့်ဖို့ မလွယ်ကူတော့ဘူး။

 

ဒါပေမဲ့လည်း လှီးဖြတ်လိုက်သည့်အခိုက်မှာ ထွက်ပေါ်လာတဲ့ သစ်သီးတွေရဲ့ မွှေးရနံ့ကလည်း လုံလောက်စွာ ဖမ်းဆုပ်နိုင်လောက်ပြီ။

 

နဂါးမောက်သီး နှင့် ငှက်ပျောသီးတို့ကလည်း အဆင်သင့်ဖြစ်နေပြီ ။ ရက်စ်ဘယ်ရီ နှင့် ဘလူးဘယ်ရီတချို့ကို ထပ်ပေါင်းကာ ဒိန်ချဥ်ထည့်လိုက်ပြီး အသီးသုတ်တို့ကို အလှဆင်ကာ ထည့်လိုက်ချိန်မှာတော့စားချင်စရာအသီးသုတ်လေးက အဆင်သင့်ဖြစ်လာခဲ့ပြီ။

 

ရုန်ကျန်းအနေနဲ့ ချက်ပြုတ်ခြင်းအကြောင်းကို အများအပြား မလေ့လာခဲ့ပေမဲ့ ရုန်ရုန် သစ်သီးသုပ်လုပ်ဖို့ ကြိုးစားခဲ့သည်က ပထမဆုံးအကြိမ်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုတော့ အလွယ်တကူ သိရှိနိုင်သေးတယ်။

 

သူရဲ့လှုပ်ရှားမှုတွေက အလွန်အမင်းကျွမ်းကျင်လှပြီး ပန်းကန်ပြားပေါ်မှအလှဆင်နေရာချထားမှုနှင့် လိုက်ဖက်ညီတဲ့အရောင်တွေကို ပြင်ဆင်မှုတွေက အပြစ်အနာအဆာကင်းစင်နေခဲ့တယ်။

 

ရုန်ကျန်း လှပတဲ့ အရောင်အဆင်းရှိနေသော သစ်သီးသုတ်ပန်းကန်ပြားကို ကြည့်ပြီး မေးလိုက်တယ်

 

ဒါကလည့် တက္ကသိုလ်ကလပ်မှာတုန်းက သင်ထားခဲ့တာတွေလား

 

ရုန်ရုန် သူရဲ့လက်ပေါ်မှ တစ်ခါသုံးလက်အိတ်တွေကို ချွတ်လိုက်ပြီး ခပ်တိုးတိုးအသံပြုတယ်။

 

အမ်

 

ပြီးနောက် ရက်စ်ဘယ်ရီသီးတစ်လုံးကိုယူပြီး သူ့အစ်ကိုရဲ့ ပါးစပ်နားကို ကပ်ပေးလိုက်တယ်။

 

ကောကော ဒါကိုစမ်းစားကြည့်ပါလား တော်တော်လေးချိုတယ်

 

ရုန်ကျန်းကအသီးအနှံတွေ အပါအဝင် ချိုလွန်းတဲ့ စားစရာတွေကို မကြိုက်ဘူး။

 

သို့ပေမဲ့ ခဏလောက်တုံ့ဆိုင်းပြီးနောက်မှာ သူ့ရဲ့ပါးစပ်ကို ဖွင့်ဟပေးလာတယ်။

 

အင်း

 

ဘယ်လိုလဲ ချိုတယ်မလား

 

ရုန်ရုန်ရဲ့မျှော်လင့်ချက်ပြည့်နေတဲ့အကြည့်အောက်မှာ သူရဲ့ ခေါင်းကို အသာညိတ်ပြလိုက်တယ်။

 

အမ်

 

ဟုတ်တယ်မလား ကျွန်တော်ပြောသားပဲ

 

ရုန်ရုန် ခေါင်းကိုစောင်းလိုက်တော့ သူ့ရဲ့ခေါင်းပေါ်မှ ကြက်တော််စည်းလေးကလည်း လိုက်ပါပြီး လှုပ်ယမ်းသွားပြန်တယ်။

 

ရုန်ရုန်က လွန်ခဲ့တဲ့ ရက်တွေမှာလည်း ရေမွှေးနဲ့ အမွှေးနံ့သာတွေဆီမှာ စိတ်နှစ်နေတာကြောင့် သူ့ရဲ့ဆံပင်ကို ဂရုစိုက်မဲ့ အချိန်မရရှိခဲ့ဘူး။

 

သူ့ရဲ့ ရှေ့ဆံမြိတ်က ရှည်လျားလွန်းနေတာကြောင့် ရေမွှေးစမ်းသပ်တဲ့နေရာမှာ လာရှုပ်နေခဲ့တယ်

 

သူ့အတွက် ဒီခေါင်းစည်းကြိုး ဝယ်လာပေးခဲ့တဲ့ သူ့ရဲ့အစ်ကိုကို ကျေးဇူးတင်ရလိမ့်မယ်။ ပုံစံက ကလေးဆန်ပေမဲ့ လက်တွေ့မှာ အသုံးဝင်တယ်လေ။

 

အနီရောင်ရဲရဲဖရဲသီးခေါင်းစည်းကြိုးက ကလေးဆန်တယ်ဆိုပေမဲ့ ရုန်ရုန် အိမ်မှာရှိနေတုန်းမှာ ထိုခေါင်းစည်းကြိုးကို အမြဲတပ်ဆင်ထားခဲ့တယ်။

 

အခု အသီးတွေကို လှီးဖြတ်နေချိန်မှာလည်း သူ့ရဲ့ဆံပင်ရှည်တွေကြောင့် အဆင်မပြေတဲ့အတွက် ထိုခေါင်းစည်းကြိုးနဲ့ပဲ စည်းနှောင်ထားခဲ့တာ။

 

ရုန်ကျန်း အသီးသုတ်တွေကို ချက်ပြုတ်စားပွဲပေါ်မှ ကောက်ယူလိုက်တယ်။

 

ဘေးနားမှာရှိနေတဲ့ စားဖိုမှူးက အလျှင်အမြန်ဝင်ပြောလာတယ်။

 

ရုန်သခင်လေး.. ဒုတိယရုန်သခင်လေး ကျွန်တော် သယ်ပေးပါ့မယ်

 

စားဖိုမှူးက ရုန်ရုန် ပြင်ဆင်ပေးထားတဲ့ သစ်သီးသုပ်ကို ကူညီပြီး စားသောက်ခန်းဆီကိုထုတ်ပေးလာတယ်။

 

စားဖိုမှူးက ရုန်ရုန်ရဲ့ရှေ့မှာ သစ်သီးသုပ်ကို ချပေးလိုက်တော့ ရုန်ရုန်က လှမ်းပြောလိုက်တယ်။

 

ဒါကို ကျွန်တော့်အစ်ကိုရဲ့ရှေ့မှာ ချပေးလိုက်ပါ .. ကျွန်တော် ဒါကိုကျွန်တော့်အစ်ကိုအတွက် လုပ်ထားတာ

 

စားဖိုမှူးကလည်း ရုန်ရုန်ရဲ့စကားအတိုင်း ရုန်ကျန်းရဲ့ရှေ့မှာချထားပေးလိုက်တယ်။

 

ရုန်ကျန်းကတော့ အံ့သြသွားတဲ့ပုံပဲ။

 

ငါ့အတွက် လုပ်ထားတာလား?

 

သူက ဒီဖရဲသီးလေး ကိုယ်တိုင်စားဖို့ လုပ်ခဲ့တယ်လို့ထင်ခဲ့တာ။

 

ရုန်ရုန် သူ့ရဲ့မေးကို လက်တစ်ဖက်မှာတင်ရင် အပြုံးနဲ့ပြောလာတယ်။

 

ကောကော မဝင်လာခင်တုန်းက ကျွန်တော် အသီးအနှံတွေ အများကြီး နှိပ်သားပြီးသွားပြီလေ.. ဒါကြောင့် ဗိုက်တင်းနေပြီ.. ကောကောစားကြည့်.. ကျွန်တော်လုပ်ထားတဲ့အသီးသုတ်ကို ခံတွင်းတွေ့လား ကြည့်ရအောင်

 

စွမ်းချီ အပြင်ဘက်မှ အထဲကိုဝင်လာချိန်မှာတော့ ရုန်ရုန်က သူ့ဘက်ကိုမျက်နှာမူပြီး ရုန်ကျန်းဆီကိုပြုံးပြနေတာကို တွေ့လိုက်ရတယ်။

 

စွမ်းချီကတော့ သူ နေရောင်ကြောင့် မူးဝေနေတာများလားလို့တောင် တွေးမိသွားရတယ်။

 

သူ တကယ်ကြီး ဒီမျိုးမစစ်လေးကို ချစ်ဖို့ကောင်းတယ်လို့ တွေးမိသွားတာ!

 

ချီကော အသီးသုပ်စားချင်လား

 

ရုန်ရုန် စွမ်းချီကို အရင်ဦးစွာ နှုတ်ဆက်လိုက်တယ်။

 

ရုန်ကျန်းကတော့ သူ့ရဲ့သူငယ်ချင်း ရုန်ရုန်ကိုမုန်းတီးနေပုံအရ သေချာပေါက် ငြင်းဆန်လိမ့်မယ်လို့ တွေးထားခဲ့တယ်။ အထူးသဖြင့် သူတို့နှစ်ယောက်က ရုန်ရုန်ကြောင့် စကားများထားသေးတယ်လေ။

 

သို့ပေမဲ့ မမျှော်လင့်စွာနဲ့ စွမ်းချီက သူ့ရဲ့ဘေးမှာဝင်ထိုင်လာပြီး ခြေထောက်ကို ထပ်ထိုင်လိုက်က် အကြီးဆုံးသခင်လေးတစ်ယောက်ရဲ့ဟန်ပန်နဲ့ပြောလာခဲ့တယ်။

 

ဘာလို့ ငါ့အတွက် ဇွန်းမရှိရတာလဲ

 

ကျွန်တော် သွားယူလိုက်မယ်

 

သူ ရုန်ကျန်းရဲ့ဘေးမှ ဖြတ်သွားချိန်မှာတော့ သူ့ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခံလိုက်ရတယ်။

 

သူ့ဘာသာ သွားယူပါစေ

 

ငြင်းဆန်ခွင့် လုံးဝပေးမလာတဲ့အသံနေအသံထားမျိုးပဲ။

 

ဒါပေါ့။ ရုန်ရုန်သည်လည်း စွမ်းချီအတွက် ဇွန်းယူပေးပြီး သူ့အစ်ကိုကို မပျော်ရွှင်အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် နာခံမှုအပြည့်နဲ့ ပြန်ထိုင်လိုက်တယ်။

 

စွမ်းချီက ရုန်ရုန်ရဲ့နှာခေါင်းက နှာခေါင်းတွေမဟုတ်ဘူး။ သူ့ရဲ့မျက်လုံးတွေကလည်း မျက်လုံးတွေမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ထပ်ပေါင်းရရင် ရုန်ကျန်းရဲ့ မွေးနေ့ပါတီမှာတုန်းက ရုန်ရုန်က ကျိုးယွီအတွက်ကြောင့် သူနဲ့ တိုက်ခိုက်လုနီးပါးဖြစ်သွားတယ်လေ။ ပိုပြီး အရေးကြီးတဲ့အကြောင်းပြချက်ကတော့ သူတို့ စကားမများခင်အချိန်တွေကတည်းက သူ ရုန်ကျန်းရဲ့ညီလေးကို အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာ။

 

ရုန်ကျန်းရဲ့ညီလေးက အရမ်းကိုညှို့မှိုင်းလွန်းတဲ့စရိုက်ရှိပြီး ကြိုက်နှစ်သက်စရာ တစ်ကွက်မှမရှိဘူးလို့ သူ အမြဲတမ်းခံစားမိတယ်။

 

ဒီနေ့ သူနဲ့ ထိတွေ့ခဲ့ချိန်မှာတော့​..

 

တစ်ဖက်လူက တကယ်တော့ သိပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာမကောင်းသလိုပဲ?

 

ကိုယ့်ဘာသာသွားယူ

 

စွမ်းချီနှာမှုတ်လိုက်ပြီး သူ့ရဲ့ ဇွန်းကို သွားယူဖို့ ထသွားလိုက်တယ်။

 

ကောကော ချီကောက အခု ကျွန်တော့်ကိုလက်ခံလိုက်ပြီလို့ထင်လား

 

ရုန်ကျန်းက သူ့ရဲ့အသီးသုတ်ပန်းကန်ကို စိုက်ကြည့်နေခဲ့တယ်။ အများကြီးမချိုတဲ့နေရာမှာ အသီးတွေအများကြီး မကျန်တော့ဘူး။

 

သူ့အတွက် စိတ်ပူမနေနဲ့