Ch 30
Viewers 24k

(30)

မင်းရဲ့တောင်းပန်မှုက ကြောက်စရာကောင်းလွန်းတယ်.. တကယ်လို့ ငါသာ လက်မခံဘူးဆိုရင် ငါကပဲ ရက်စက်တဲ့လူဖြစ်သွားအောင်လုပ်နေတာပဲ

 

ရုန်ကျန်း သူ့ရဲ့ သူငယ်ချင်းကို သဘောမကျစွာကြည့်လိုက်တယ်။

 

စွမ်းချီ မင်းရဲ့ပါးစပ်ကို ခဏလောက်ပိတ်ထားပေးနိုင်မလား

 

အိုခေ.. ငါပိတ်ထားပြီ ငါ သောက်ပဲသောက်နေတော့မယ် အိုခေ?

 

စွမ်းချီ သူ့ရဲ့ရှန်ပိန်ကိုပဲ သောက်ယောက်တည်းသောက်နေခဲ့တယ်။

 

ရုန်ရုန်ကတော့ သူ့ရဲ့ လည်ပင်းတွေက ပိုပြီးယားယံလာခဲ့တယ်။

 

တကယ်တမ်းမှာသူ့ရဲ့လည်ပင်းတင်မကပဲ နောက်ကျောတွေကပါ ယားလာခဲ့တာ။

 

နောက်ကျောကလည်း တော်တော်လေးယားနေပြီ။

 

ဒါပေမဲ့ သူ့ရဲ့နောက်ကျောကိုမမှီဘူးလေ။

 

ရုန်ရုန် သူ့ရဲ့လည်ပင်းကို နောက်တစ်ကြိမ်ကုတ်နေတာကိုမြင်တော့ ရုန်ကျန်းက သူ့ရဲ့လက်ကောက်ဝတ်ကကို ဖမ်းဆွဲလိုက်တယ်။

 

သူက ရုန်ရုန်ရဲ့နီရဲနေတဲ့ လည်ပင်းကိုကြည့်ကာ:

 

လည်ပင်းက ဘာဖြစ်တာလဲ

 

စွမ်းချီက ကျွန်းမှာပဲ ပြီးပြင်းလာတာဖြစ်လို့ ဖြတ်ခနဲလှမ်းကြည့်ရုံနဲ့ ရုန်ရုန်ရဲ့လည်ပင်း ဘာဖြစ်တာလဲဆိုတာကို သိလိုက်တယ်။

 

နေလောင်တာပဲ.. အလာ့ဂျစ်ပါဖြစ်ချင်နေတာ.. ဒါကို လက်နဲ့ကုတ်လိုက်လို့ ခုလိုဖြစ်သွားတာပဲ ငါပြောဦးမယ်.. မင်းရဲ့ညီလေးက မနုနယ်လွန်းဘူးလား? ယောကျ်ားတစ်ယောက်က နေရောင်အောက်မှာ ဆယ်မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ခုလိုဖြစ်သွားတယ်.. ကျစ် တာ့ရုန် မင်းရဲ့ညီလေးက ကြွေထည်နဲ့လုပ်ထားတာများလား?

 

သူ ရုန်ရုန်ကိုကြည့်လိုက်တယ်။

 

မင်း ထွက်မလာခင်တုန်းက နေလောင်ကာခရမ်မလိမ်းခဲ့ဘူးလား

 

ရုန်ရုန်:...ကျွန်တော်မေ့သွားတယ်

 

သူတကယ်မေ့သွားခဲ့တာ။

 

သူ ဆောက်လုပ်ရေးဆိုဒ်တွေမှာ အလုပ်လုပ်တုန်းက နေရောင်ခြည်ဘယ်လောက်ပဲ ပြင်းထန်ပါစေ သူလိုအပ်တာက ပါးလွှာတဲ့ ရှပ်အင်္ကျီတစ်ထည်နဲ့ တဘက်အစိုတစ်ခုထဲပဲရှိတာ။ နောက်ပြီး ရေနွေးဓာတ်ဘူးလေးတစ်ခုနဲ့ လုံခြုံရေးဦးထုတ်တစ်လုံးလေ။

 

ဆောက်လုပ်ရေးဆိုဒ်တွေရဲ့အပြင်ဘက်မှာ အလုပ်အကြာကြီးလုပ်ခဲ့ပြီးရင် ချွေးတွေက အမြောက်အမြားထွက်မှာဖြစ်လို့ နေလောင်ကာခရမ်သည်လည်း အလုပ်မဖြစ်တာကြောင့် သူအသုံးမပြုခဲ့ဘူး။

 

အစပိုင်းမှာတော့ သူ နေ့စဥ်နေ့တိုင်း နေလောင်ခဲ့ပြီး ဆေးတွေလိမ်းခဲ့ရတယ်။ နောက်ပိုင်းမှာတော့ အရေပြားတွေက ပြောင်းလဲလာကာ မူလတုန်းကထက်ပိုပြီး နေလောင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အသားအရည်ကိုရရှိလာတယ်။

 

ဒီတော့ သူ အပျော်ခရီးမထွက်လာခင်မှာ နေလောင်ကာခရမ်လိမ်းခဲ့ဖို့ကို တကယ်ပဲ အမှတ်မရခဲ့ဘူး။

 

ကောင်းသားပဲ ကြည့်ရတာ မင်းရဲ့ IQက တကယ်ကိုနိမ့်လွန်းနေတာဖြစ်ရမယ်.. ကျွန်းဘက်ကို အပျော်ခရီးထွက်လာချိန်မှာတောင် နေလောင်ကာခရမ်လိမ်းဖို့သတိမရ...

 

ရုန်ကျန်း စွမ်းချီရဲ့စကားကို အေးစက်စွာဝင်နှောင့်ယှက်လိုက်တယ်။

 

မင်းရဲ့လှေပေါ်မှာ နေလောင်တာအတွက်ဆေးရှိလား

 

စွမ်းချီ မထချင်ထချင်နဲ့ ခုံပေါ်မှထရပ်လိုက်တယ်။

 

ငါ သွားမေးလိုက်မယ်

 

ခဏလောက်ကြာတော့ စွမ်းချီက လှေပေါ်မှ အဖွဲ့သားတွေဆီမှယူလာတဲ့ နေလောင်ဒဏ်အတွက် ဆေးတွေနဲ့ရောက်လာကာ စားပွဲပေါ်ကိုတင်လိုက်တယ်။

 

ဟေး ဒီမှာ နေလောင်ဒဏ်အတွက်ဆေးတွေ.. ဘယ်လိုသုံးရမလဲဆိုတာကိုတော့ သိတယ်မလား?

 

ကျေးဇူးတင်ပါတယ် ချီကော

 

ရုန်ရုန် ဆေးကိုဖွင့်လိုက်ပြီး သူ့ရဲ့လည်ပင်းပေါ်မှာလိမ်းလိုက်တယ်။

 

ထိုနေရာမှာလိမ်းပြီးနောက် နောက်ကျောဘက်မှာရှိနေတဲ့ မမြင်နိုင်တဲ့နေရာတွေကိုတော့ ဆေးမလိမ်းနိုင်သေးဘူး။

 

ရုန်ရုန် ကြည့်ဖို့အတွက် အနှောင့်အယှက်အဖြစ်မခံတော့ပဲ လက်လှမ်းမှီတဲ့နေရာတွေကိုပဲ ဆေးတွေနဲ့လိုက်ပွတ်လိုက်တယ်။

 

ငါ့ကိုသတိမပေးလို့ဆိုပြီး အပြစ်မတင်နဲ့ သခင်ငယ်လေး .. မင်း ဆေးကိုအဲလိုလိမ်းလို့မရဘူး.. မင်းရဲ့နောက်ကျောမှာလည်း အလာ့ဂျစ်ထနေတာမဟုတ်ဘူးလား

 

စွမ်းချီက ရှန်ပိန်သောက်ရင် ရုန်ရုန်ရဲ့နေလောင်နေမဲ့ နေရာကို လက်ညိုးနဲ့လှမ်းထိုးပြကာ ပြောလာတယ်။

 

ရုန်ရုန်က ဒီလိုမျိုးနေလောင်တာတွေမှာ အရင်ဘဝတုန်းက အတွေ့အကြုံတွေအများကြီးရှိခဲ့တယ်။

 

သူပထမဆုံး အပြင်မှာ အလုပ်လုပ်တော့ နေလောင်ကာခရမ်ကို လုံလောက်စွာ မလိမ်းခဲ့တာကြောင့် အိမ်ကိုပြန်ရောက်ချိန်မှာ သူ့ရဲ့နောက်ကျောတစ်ပြင်လုံးက နာကျင်နေခဲ့တယ်။

 

ဒီခံစားချက်က အတော်လေးဆိုးရွားလိမ့်မယ်။

 

ရုန်ရုန် မူလတုန်းက ကျွန်းကိုရောက်တဲ့အချိန်ထိ စောင့်ပြီး အခန်းထဲကိုရောက်မှ စစ်ဆေးကြည့်ချင်ခဲ့ပေမဲ့ နေလောင်ခံရတဲ့နေရာတွေက ပိုပြီး နာကျင်လာခဲ့တယ်။

 

စွမ်းချီက အားရပီတိဖြစ်စွာ ပြောလာတာပဲဖြစ်ဖြစ် ၊ သူ့အစ်ကိုရဲ့မျက်နှာကိုထောက်ပြီး သတိပေးလာတာပဲဖြစ်ဖြစ် သူက သတိပေးလာပြီဆိုမှတော့ ရုန်ရုန်လည်း မကြားသလို ဟန်ဆောင်နေလို့မရတော့ဘူး။

 

သူ ပြုံးပြီး မေးလိုက်တယ်။

 

ချီကော .. လှေပေါ်မှာ မှန်ရှိလား

 

ရှိတယ်လေ.. ငါ့ရဲ့အခန်းမှာလည်းရှိတယ်.. အိပ်ခန်းမှာလည်းရှိတယ်.. ဒါပေမဲ့.. ငါမင်းကို ဝင်ခိုင်းမှာမဟုတ်ဘူး.. မင်း ဘာလုပ်ချင်လဲ

 

သူ့ရဲ့မျက်နှာပေါ်မှာ ထင်ထင်ရှားရှားရေးသားထားတယ်။

 

မင်းမကျေနပ်ဘူးလား.. မကျေနပ်ရင် လာကိုက်လိုက်လေ

 

စာလုံးအကြီးကြီးနဲ့လေ။

 

ရုန်ကျန်း မျက်မှောင်အနည်းငယ် ကြုတ်သွားတယ်။

 

နောက်ကျောတွေရော ယားနေတာလား

 

ရုန်ကျန်းက ရုန်ရုန်ရဲ့နောက်ကျောတွေမှာလည်း အလာ့ဂျစ်တွေဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူက လည်ပင်းမှာပဲဖြစ်တယ်လို့ တွေးခဲ့တာ။

 

အဆင်ပြေပါတယ်

 

သူ့ရဲ့နှုတ်ခမ်းတွေ ဖြူဖျော့နေလောက်တဲ့အထိ အစာအိမ်နာနေချိန်မှာတောင် သူ့ကို ရယ်မောပြနေခဲ့ပြီး ၊ သူ့ရဲ့နဖူးယောင်ကိုင်းနေချိန်မှာတောင် အလေးအနက်မယူခဲ့တဲ့ ထို ရုန်ရုန်ဆိုတဲ့ကောင်လေးဆီမှ အဆင်ပြေပါတယ်ဆိုပြီး ပြောလာတဲ့စကားကို ရုန်ကျန်းက ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။

 

သူ ရုန်ရုန်ရဲ့ အင်္ကျီကို ခွင့်ပြုချက်တောင်းမနေပဲ ဆွဲလှပ်လိုက်တယ်။

 

ရုန်ရုန် ကြောင်အမ်းသွားရလေတယ်။

 

ကောကော ကျွန်တော်က မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုပေမဲ့ ကောကော အခုလို ရုတ်တရက်ကြီး...

 

ရုန်ရုန်

 

ရုန်ရုန် သူ့အစ်ကိုကို မသိစိတ်ကနေ တုံ့ပြန်မိသွားတယ်။

 

ပါးစပ်ပိတ်ထား

 

ဖွီး..

 

စွမ်းချီကတော့ မျက်နှာသာ နည်းနည်းလောက်တောင်မပေးပဲ ရယ်မောလိုက်တယ်။

 

ခံစားချက်ကောင်းလိုက်တာ။

 

အခုလေးတင် တာ့ရုန် သူ့ကို ဒေါသထွက်နေတာကို သူတကယ်ခံစားနိုင်တယ်။

 

ခွဲခြမ်းကြည့်မယ်ဆိုရင် ထိုအမျိုးသားက သူ့ကိုတော့ ခဏလောက်တိတ်ဆိတ်နေပေးဖို့ ယဥ်ယဥ်ကျေးကျေးမေးခဲ့တာလေ။

 

သူ့ရဲ့ညီလေးကိုပြောချိန်မှတော့ သူက တိုက်ရိုက်ပဲ ပါးစပ်ပိတ်ထား လို့ငေါက်ငမ်းလိုက်တယ်။

 

ဆက်ဆံပုံက ကွာခြားတာပဲ။ သူကြိုက်တယ်။

 

ရုန်ကျန်းက စွမ်းချီရဲ့အတွေးတွေကို အာရုံစိုက်နေဖို့အချိန်မရှိခဲ့ဘူး။

 

သူက ရုန်ရုန်ရဲ့လက်ထဲမှ ဆေးတွေကိုယူပြီး သူ့နောက်ကျောမှ ဓာတ်မတည့်တဲ့နေရာတွေဆီကို သူ့ရဲ့လက်ချောင်းတွေနဲ့ နေရာနှံ့အောင် လိမ်းပေးနေခဲ့တယ်။

 

ရုန်ရုန် သည်းမခံနိုင်စွာနဲ့ သူ့ရဲ့ပေါင်ကို လက်တစ်ဖက်နဲ့ လိမ်ဆွဲနေမိတယ်။

 

သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အထိန်းအချုပ်မဲ့စွာ တွန့်လိန်နေပြီး ပါးစပ်ကလည်း ညည်းသံတွေထွက်လာရတယ်။

 

ကောကော ယားတယ်

 

အရမ်းယားတယ်။

 

ဒါက နေလောင်လို့ ယားယံတာမျိုးနဲ့မတူဘူး။

 

ရုန်ကျန်း: သည်းခံလိုက်ဦး

 

စွမ်းချီကတော့ ယောကျ်ားတစ်ယောက်ရဲ့နောက်ကျောကို ကြည့်ဖို့အတွက် စိတ်မဝင်စားနေခဲ့ဘူး။ အလာဂျစ်ကြောင့် ရုပ်ဆိုးနေမဲ့ နောက်ကျောကို မကြည့်ချင်တာလည်းဖြစ်နိုင်တယ်။

 

ငါ လေမှုတ်စက်သွားယူလိုက်မယ်

 

သူက စားပွဲပေါ်မှ ရှန်ပိန်ခွက်ကို ကောက်ယူကာ ထိုင်ခုံပေါ်မှထရပ်ပြီး လှေရဲ့အတွင်းပိုင်း ခန်းထဲကို ဝင်သွားခဲ့တယ်။

 

ရုန်ကျန်း သူ ထွက်သွားတာကို စိုက်ကြည့်လိုက်ပြီး ပြန်လှည့်လာကာ ပြောလိုက်တယ်။

 

အခု ဘယ်သူမှမရှိတော့ဘူး

 

ရုန်ရုန် ရှုတ်ထွေးသွားတယ်။

 

ဟမ်?

 

ရုန်ကျန်း အသံနိမ့်နိမ့်နဲ့ပြောလာတယ်။

 

မင်း ကျယ်ကျယ်အော်ရင်တောင် ဘယ်သူမှ ရယ်မှာမဟုတ်တော့ဘူး

 

 

နေကာမျက်မှန်ကိုတပ်ဆင်ထားရင်း စွမ်းချီ ကျောမှီထိုင်ခုံရှည်မှာထိုင်ကာ သူ့ရဲ့ခြေထောက်တွေကိုလည်း ဆန့်ထုတ်ထားပြီး ပင်လယ်လေညှင်းရဲ့အရသာကို ခံစားနေခဲ့တယ်။

 

သူ့ရဲ့ဘေးမှာတော့ သောက်စရာ၊ မုန့်တွေ၊ အသီးအနှံတွေ နဲ့ ငါးအသားလွှာတွေကိုလည်း အပြည့်အစုံတင်ထားတယ်။

 

ရုန်ကျန်းနဲ့ ရုန်ရုန်တို့ လှေအတွင်းပိုင်းခန်းထဲမှ ထွက်လာတာကိုမြင်တော့ သူ စပျစ်တစ်လုံးကို ပါးစပ်ထဲသို့ထည့်ရင်း စပျစ်သီးကို သွားနဲ့ဖိကိုက်လိုက်တယ်။ ချိုသားပဲ!

 

တစ်စုံတစ်ယောက်ရဲ့မျက်နှာကိုသာ မမြင်ရဘူးဆိုရင် ပိုလို့တောင် ကောင်းဦးမယ်!

 

စားသောက်ခြင်းကတောင် စွမ်းချီရဲ့ဆိုးရွားတဲ့ပါးစပ်ကို မပိတ်ဆို့ထားနိုင်ဘူး။

 

ငါက မင်းတို့ညီအစ်ကိုတွေ အခန်းထဲမှာပဲ တစ်လမ်းလုံးနေတော့မယ်လို့ထင်နေတာ

 

ထေ့ငေါ့မှုက ပြင်းထန်လွန်းတယ်။

 

ရုန်ရုန် သူ့ရဲ့ဘေးနားကိုအပြုံးလေးနဲ့သွားလိုက်တယ်။

 

စိတ်မကောင်းစရာပဲပေါ့

 

သူ့ရဲ့ခေါင်းပေါ်မှာတော့ ရုန်ကျန်းဆောင်းပေးထားတဲ့ နေကာဦးထုပ်တစ်လုံးရှိနေခဲ့တယ်။

 

ညီအစ်ကိုနှစ်ယောက်က နောက်မှီထိုင်ခုံရှည်တစ်ခုဆီမှာ ဝင်ထိုင်လာကြတယ်။

 

နေရိပ်က ခုံတွေပေါ်ကိုကျရောက်နေပြီဖြစ်လို့ နောက်ထပ်နေလောင်မှာကို စိတ်ပူနေစရာမလိုတော့ဘူး။

 

မော့ကြည့်လိုက်မယ်ဆိုရင် အပြာရောင်ကောင်းကင်၊ ခပ်ကျဲကျဲတိမ်တွေနဲ့ အဖြူရောင်စင်ယော်ငှက်တွေကိုလည်း ကောင်းကင်ပေါ်မှာပျံဝဲနေတာကို တွေ့နိုင်သေးတယ်။

 

ရုန်ရုန် သူ့ရဲ့မျက်ဝန်းတွေကိုပိတ်လိုက်တယ်။ ပင်လယ်လေညှင်းက သူ့ရဲ့နှာခေါင်းဆီကို ဝေ့ဝိုက်သွားခဲ့ကာ စိုထိုင်းတဲ့လေထုနံ့က ဖြတ်သန်းလာခဲ့တယ်။

 

ရုန်ရုန် ဒီလိုမျိုး စိတ်သက်သာရတဲ့အခြေအနေကို မရရှိခဲ့တာ အတော်ကြာပြီ။

 

သူ ပြန်ပြီး မွေးဖွားမလာခင်မှာ အချိန်အကြာကြီး အလုပ်ရှုတ်နေခဲ့ပြီး မွေးဖွားလာချိန်မှာလည်း အလုပ်ရှုပ်နေခဲ့တယ်။

 

ဆန်းသစ်လိုက်တာ။

 

သူ့ရဲ့ဘဝက ထူးဆန်းပြီး ငြီးငွေ့စရာကောင်းတယ်လို့ အမြဲတမ်းခံစားနေခဲ့ဖူးတယ်။ တစ်နေ့နေ့မှာ သူ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ရုတ်တရက်သေဆုံးသွားတာမျိုးဖြစ်လောက်မလား ဒါမှမဟုတ် လမ်းပေါ်မှာပြိုင်ကားမောင်းရင်းနဲ့ပဲ သေဆုံးသွားမလားလို့ တွေ့ခဲ့ဘူးတယ်။ ဒါတွေက သနားစရာကောင်းနေမှာမဟုတ်ဘူး။

 

ဒီကမ္ဘာကြီးကို ရောက်ရှိလာလို့သာ အသက် ရှင်သန်နေခဲ့ရသလိုမျိုးပဲ။

 

နောက်ပိုင်းမှာတော့ အသက်ရှင်ရတာကို အလွန်ပဲ ပင်ပန်းလာခဲ့တယ်။

 

သူ သတ်သေခဲ့ရင် သူ့မိဘတွေနဲ့ သူ့အစ်ကိုတွေကိုပါ မကောင်းပြောခံရမှာကို ကြောက်ခဲ့တဲ့အတွက် သူ အံတင်းတင်းကြိတ်ပြီး ရှေ့ဆက်ခဲ့ရတယ်။

 

အခုချိန်ကျမှသာ သူ ခံစားမိလာတယ်။

 

အသက်ရှင်သန်ရတာ ဘယ်လောက်တောင် ကောင်းမွန်လိုက်သလဲ။

 

နွေးထွေးတဲ့နေရောင်ခြည်၊ ပင်လယ်လေညှင်းလေး၊ သူ့ရဲ့မိဘတွေ၊ သူ့ရဲ့အစ်ကို၊ ဒါတွေအားလုံးက တမလွန်မှာ မရှိနေနိုင်ဘူးလေ။

 

ရုန်ရုန် နေရောင်ကိုကာကွယ်ဖို့အတွက် ဦးထုပ်အစွန်းကို အောက်သို့ဆွဲချလိုက်တယ်။

 

စွမ်းချီကတော့ အတော်လေးရှုပ်ထွေးနေပြီ။

 

တာ့ရုန်ရဲ့ ညီငယ်လေးကက ဘာတွေဖြစ်သွားတာလဲ?

 

အရင်တုန်းက သူ ဒီသခင်လေးကိုမြင်တွေ့ခဲ့ရချိန်မှာ ခေါင်းတလားထဲက ထထွက်လာတဲ့ အလောင်းလို ညို့မှိုင်းနေတဲ့မျက်နှာမျိုး အမြဲရှိနေတတ်တယ်။ ဒီတစ်ကြိမ်ကျတော့ သူဘယ်လိုပဲတိုက်ခိုက်ပါစေ ဘာလို့ စိတ်မဆိုးရတာလဲ?

 

စွမ်းချီ ရုန်ကျန်း အနီးကို တိုးကပ်လိုက်တယ်။

 

မင်းရဲ့ညီလေး ဟိုတလောက ဆေးရုံကဆင်းလာချိန်မှာ သူ့ဦးနှောက်ကိုပါ ကုလာခဲ့တာလား

 

ရုန်ကျန်း အေးစက်စက်မျက်နှာနဲ့ အသီးပန်းကန်ထဲမှ အသီးကို လှမ်းယူလိုက်ပေမဲ့ အသီးက စွမ်းချီရဲ့ ခွကြားတည့်တည့်ကို ပြုတ်ကျသွားခဲ့တယ်။

 

စွမ်းချီ ဒေါသတကြီးနဲ့ အော်ဟစ်လိုက်လေတယ်:

 

တာ့ရုန်! မင်း တမင်လုပ်တာပဲ!

 

ရုန်ကျန်းက လေးနက်စွာပြန်ကြည့်လာတယ်။

 

ရုန်ရုန်က ငါ့ညီလေးပဲ

 

တခြားလူတွေ အမွှေးလုံးလေးကို မကောင်းပြောတာကို သူမကြားချင်ဘူး။

 

စွမ်းချီ ထိုစကားကိုကြားတော့ ဒေါသတကြီး အံကြိတ်လိုက်တယ်။

 

သူက မင်းရဲ့ ညီလေး.. ဒါဆို ငါကရော မင်းရဲ့ညီအစ်ကိုမဟုတ်လို့လား!.

 

စွမ်းချီ ရုန်ရုန်ကို ဒေါသတကြီး လက်ညိုးထိုးလာတယ်။

 

ထိုအချိန်ကျမှ အခုလေးတင် နေရောင်ကွယ်နေခဲ့တဲ့လူက သူမသိလိုက်ခင်မှာပဲ ပျောက်ကွယ်သွားပြီဆိုတာကိုသိလိုက်ရတယ်

 

မျိုးမစစ်လေး ဘယ်ရောက်သွားတာလဲ?

 

ရုန်ကျန်းကတော့ ရုန်ရုန် အတွင်းပိုင်းကို ဝင်သွားတာကိုမြင်လိုက်တယ်။

 

သူ စွမ်းချီကိုသတိပေးလိုက်တယ်။

 

စွမ်းချီ.. ငါ့အနေနဲ့ မင်း ရုန်ရုန်ကို သဘောကျလာအောင် ဖိအားပေးမှာမဟုတ်ဘူး.. ဒါပေမဲ့ သူက ငါ့ရဲ့ညီလေးဆိုတာကို မင်းနားလည်ဖို့ ငါမျှော်လင့်တယ်.. မင်း သူ့ကို လုံလောက်တဲ့လေးစားမှုပေးဖို့လည်း ငါမျှော်လင့်တယ်.. အနည်းဆုံး ငါ့ရဲ့ရှေ့မှာပေါ့

 

သူပြောပြီးနောက် ထရပ်ပြီး အခန်းတွင်းပိုင်းထဲကိုဝင်သွားလေတယ်။

 

စွမ်းချီကတော့ သူ့ရဲ့ထိုင်ခုံကို ကန်လိုက်မိလေတယ်။

 

သူက ခြေညှပ်ဖိနပ်ကိုသာစီးထားတာကြောင့် သူ့ရဲ့ခြေထောက်ကိုသာ တိုက်မိသွားတာကြောင့် ပိုပြီးစိတ်တိုသွားရပြီ!