Ch 29
Viewers 24k

(29)

 

ရုန်ကျန်းနဲ့ ရုန်ရုန်တို့ အပန်းဖြေရီးဖြင့် ကျွန်းကို သွားတဲ့နေ့မှာတော့  ရာသီဥတုက သာယာနေခဲ့တယ်။

 

ဆိပ်ကမ်းနားမှကြည့်ရင် ပြာလဲလဲ ကောင်းကင်ကြီးနဲ့ အဖြူရောင်ခရုတွေကိုလည်း တွေ့မြင်နေရတယ်။

 

စွမ်းချီ ရုန်ကျန်းကိုကြိုဖို့အတွက် ဆိပ်ကမ်းဆီသို့ ကိုယ်ပိုင်ရွက်လှေနဲ့လာကြိုခဲ့တယ်။

 

(T/n_ ဆိပ်ကမ်းအထိ ကားနဲ့သွားခဲ့ပြီး ဆိပ်ကမ်းက ကျွန်းကိုတော့ ရေကြောင်းနဲ့သွားရတဲ့ပုံပါပဲ)

 

အနက်ရောင်နေကာမျက်မှန်၊ ပန်းပွင့်ရှပ်အင်္ကျီ၊ ကမ်းခြေဘောင်းဘီတို ၊ ခြေညှပ်ဖိနပ်တို့နဲ့ စိတ်လွတ်လက်လွတ်နေနိုင်တဲ့ နွေရာသီမျိုးပဲ။

 

သူက ရင်းနီးနေတဲ့ ကားကိုမြင်တော့ နေကာမျက်မှန်ကို ချွတ်ကာ သူ့ရဲ့ရှပ်အင်္ကျီမှာ သာမန်ကာလျှံကာ ထိုးတင်ထားလိုက်တယ်။

 

တာ့ရုန်__

 

ဘေးခုံမှ ဆင်းလာတဲ့ ရုန်ရုန်ကို မြင်တွေ့လိုက်ရချိန်မှာတော့ သူ့ရဲ့မျက်နှာပေါ်မှ အပြုံးက ချက်ချင်ပျောက်ဆုံးသွားခဲ့လေတယ်။

 

စွမ်းချီ အေးစက်တဲ့မျက်နှာနဲ့ ရုန်ကျန်းဘက်ကိုလှည့်ကာ မပျော်ရွှင်စွာမေးလိုက်တယ်။

 

ဘာလို့ ဒီစိတ်ပျက်စရာမျိုးမစစ်ကောင်က ဒီကိုရောက်နေရတာလဲ?

 

ရုန်ရုန် သူ့ဘက်က အရင် ချည်းကပ်ပြီးနှုတ်ဆက်လိုက်တယ်။

 

ဟဲလို ချီကော

 

စွမ်းချီ လှောင်ရယ်လိုက်တယ်။

 

မခံယူရဲပါဘူး

 

ရုန်ကျန်း သူ့ဘက်ကို သတိပေးမှုတွေနဲ့စိုက်ကြည့်လိုက်တယ်။ ပြီးပြီးသား ကိစ္စတွေကို ထားခဲ့သင့်ပြီဆိုတဲ့အဓိပ္ပါယ်တွေနဲ့။

 

အမွှေးလုံးလေးက သူ့ရဲ့ညီငယ်လေးလေ။

 

စွမ်းချီ ဘာစကားမှမပြောတော့ဘဲ လှည့်ထွက်သွားခဲ့တယ်။

 

ခြေလှမ်းအနည်းငယ်လှမ်းပြီးမှသာလျှင် သူ့နောက်မှ ညီအစ်ကိုနှစ်ယောက်ဆီကို မယဥ်ကျေးစွာနဲ့ ပြောလာတယ်။

 

လိုက်ခဲ့

 

ရုန်ကျန်း ကားထဲမှ အိတ်တွေကိုဆွဲသထုတ်လိုက်တယ်။

 

ကောကော ကျွန်တော်ကူပေးမယ်

 

ရုန်ရုန် အနီးကို လျှောက်သွားလိုက်တယ်။

 

ရုနရာန်ရဲ့အတွေးအရ လက်တစ်ဖက်ကို တစ်အိတ်လောက်ဆွဲသွားရင်တောင် သိပ်ပြီးပြသနာမရှိလောက်ဘူး။

 

သို့ပေမဲ့ သူ့ရဲ့အတိတ်ဘဝတွေမှာတုန်းက ဘိလပ်မြေအိတ်ကြီးတွေကိုတောင် တစ်ယောက်တည်း သယ်နိုင်ခဲ့တယ်ဆိုပေမဲ့ လက်ရှိခန္ဓာကိုယ်က  သူ့ရဲ့အတိတ်ဘဝကလို လေးလံကြမ်းတမ်းတဲ့အလုပ်တွေနဲ့ နေသားမကျသေးဘူးဆိုတာကို သူမေ့နေခဲ့တယ်။

 

သူ့ရဲ့လက်ရှိခန္ဓာကိုယ်က ဂျင်ဆော့ဖို့အတွက်တောင် အနှောင်အယှက်အဖြစ်မခံခဲ့ပဲ အတန်းမရှိတဲ့နေ့တွေမှာဆို သုံးနာရီလောက်အထိ အိပ်နေခဲ့တဲ့ သခင်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်လေ။

 

ခွန်အားတွေ ရှိနေရင်သာ ထူးဆန်းနေလိမ့်မယ်။

 

ထိုနေ့တုန်းက လင်းဖန်ကပြန်လာတဲ့နေ့မှာတောင် သူ့ရဲ့လက်မောင်းတွေက တစ်ပတ်လောက်နာကျင်နေခဲ့တာ။ နည်းနည်းလောက် ကောင်းမွန်စွာလှုပ်ရှားနိုင်ဖို့အတွက်တောင် နှစ်ရက်လောက် အချိန်ယူခဲ့ရတယ်။

 

ရုန်ရုန် သူ့ရဲ့  ခရီးဆောင်သေတ္တာကို လက်တစ်ဖက်နဲ့မ,လိုက်တော့ ခရီးဆောင်သေတ္တာက လှုပ်သွားတယ်။

 

အမှန်ပဲ။ လှုပ်ရုံပဲ လှုပ်သွားခဲ့တာ။

 

သူ လက်တစ်ဖက်တည်းနဲ့ မသယ်နိုင်ဘူး!

 

စွမ်းချီက သူ့ကို မျက်နှာသာ နည်းနည်းလောက်တောင်မပေးပဲ လှောင်ပြောင်လိုတဲ့မျက်နှာနဲ့ အော်ရယ်လာခဲ့တယ်။

 

ရုန်ကျန်း လှမ်းဆွဲလာတယ်။

 

ငါ့ကိုပေး

 

သူက သူ့ရဲ့ ခရီးဆောင်သေတ္တာကို လက်တစ်ဖက်ဖြင့်သယ်ကာ ကျန်တဲ့ လက်တစ်ဖက်ကတော့ ခရီးဆောင်အိတ်နှစ်အိတ်ကို တစ်ပြိုင်တည်းသယ်သွားခဲ့တယ်။

 

သူက ရုန်ရုန်ကို ရုန်ရုန်ရဲ့ကိုယ်ပိုင် ခရီးဆောင်သေတ္တာကိုပဲ တွန်းလာခိုင်းခဲ့တယ်။

 

ရုန်ကျန်းကသူ့ကိုယ်ပိုင် ခရီးဆောင်သေတ္တာနဲ့ အိတ်နှစ်အိတ်ကို တစ်ယောက်တည်းသယ်ဆောင်ခဲ့တယ်။

 

စွမ်းချီက ဒါကို သူ့ရဲ့မျက်ဝန်းထောင့်မှ မြင်နေရပေမဲ့လည်း လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲမှာ ထိုးထည့်ထားကာ ကူညီပေးဖို့ ခြေတစ်လှမ်းတောင် လှမ်းမလာခဲ့ဘူး။

 

သူက သူ့ညီလေးအတွက် စိတ်မကောင်းဖြစ်နေတာမလား။ ဘာလို့ သူက တစ်ဖက်လူ မုန်လာဥဖြူစားနေတာကို စိတ်ပူပေးနေရမှာလဲ။

 

 

ရွက်လှေပေါ်မှာတော့။

 

စွမ်းချီက သူကိုယ်တိုင်အတွက်နဲ့ ရုန်ကျန်းအတွက် ရှန်ပိန်တစ်ခွက်စီ လောင်းထည့်လိုက်တယ်။ ရုန်ရုန်ကိုတော့ လေပူဖောင်းတစ်ခုလိုသာ သဘောထားနေခဲ့တယ်။

 

ရုန်ကျန်း: ကလေးမဆန်လွန်းဘူးလား

 

စွမ်းချီ အံကြိတ်လိုက်တယ်။

 

မဆန်ပါဘူး

 

ရုန်ကျန်းက သူ့ကိုအာရုံစိုက်နေရမှာကို ပျင်းလွန်းတာကြောင့် သူ့ဘေးမှာထိုင်နေတဲ့ ရုန်ရုန်ကိုမေးလိုက်တယ်။

 

ဘာသောက်ချင်လဲ

 

ဘာကြောင့်လဲဆိုတာကိုမသိပေမဲ့ ရွက်လှေပေါ်ကိုရောက်ကတည်းက ရုန်ရုန်ရဲ့ လည်ပင်းကယားယံနေခဲ့တယ်။

 

ရုန်ရုန် လည်ပင်းကို အသာကုတ်ခြစ်ရင်း ပြန်ဖြေလိုက်တယ်။

 

ရိုးရိုးရေပဲ.. ကျေးဇူးပါ ကောကော

 

ရိုးရိုးရေပဲ.. ကျေးဇူးပါကောကော....

 

စွမ်းချီက ရုန်ရုန်ရဲ့စကားသံကိုအတုခိုးပြီးထူးဆန်းတဲ့အသံနေအသံထားနဲ့ပြောလာတယ်။ ပြီးမှ ကိုယ်ပိုင်လေသံကိုပြောင်းလဲလိုက်ကာ :

 

မင်းမှာ လက်တွေ ခြေထောက်တွေမပါဘူးလား? မင်းကိုယ်တိုင် သွားမယူနိုင်ဘူးလား

 

ရုန်ကျန်းက အတွင်းပိုင်းမှာရှိတဲ့ ရေခဲသေတ္တာထဲမှ ရေခဲရေနှစ်ဘူးကို ထုတ်ယူလာပြီး သူ့ရဲ့ သူငယ်ချင်းကို သတိပေးတဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

 

စွမ်းချီ

 

စွမ်းချီ ရှန်ပိတ်တစ်ငုံသောက်လိုက်ပြီး :

 

ဘာလဲ? ငါ မင်းရဲ့ညီကို သဘောမကျလို့မရဘူးလား?

 

ရုန်ကျန်း အေးစက်စွာပြောလာတယ်။

 

မင်းရဲ့လူတွေကို ရွက်လှေကို နောက်ပြန်လှည့်ဖို့ပြောလိုက်

 

ထိုအချိန်ကျမှ စွမ်းချီတစ်ယောက် ရုန်ကျန်းက အမှန်တကယ် ဒေါသထွက်နေကြောင်း သဘောပေါက်သွားတယ်။

 

အိုး! ချီးပဲ!

 

သူ တာ့ရုန်နဲ့ နှစ်တွေအများကြီးကြာအောင်သိလာခဲ့ပေမဲ့ ထိုလူ ဒေါသထွက်တာကိုတော့ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။

 

အခုတော့  သူ့ကို ရုန်ရုန့်အတွက်နဲ့ ဒေါသထွက်နေတယ်ပေါ့!

 

အိုခေ! ငါသိပြီ! သွေးတော်တဲ့ညီလေးက ပိုပြီးအရေးကြီးတာပဲ!

 

စွမ်းချီ ဒေါသထွက်စွာနဲ့ လက်ထဲမှ ရှန်ပိန်ခွက်ကို စားပွဲပေါ်သို့ ခွပ်ခနဲမြည်အောင်ချလိုက်ကာ ထရပ်လိုက်ပြီး သူ့လူတွေကို ရွက်လှေကိုနောက်ပြန်လှည့်ခိုင်းဖို့လုပ်လိုက်တယ်။

 

သူ့ရဲ့ လည်ပင်းပေါ်မှ နေရောင်ခြည်နဲ့ထိတွေ့တဲ့အသားအရည်တွေက ပိုမိုယားယံလာခဲ့တယ်။

 

ရုန်ရုန် နာကျင်မှုနဲ့ ယားယံမှုတွေကိုတောင့်ခံနေခဲ့ပြီး အကြောင်းပြချက် တစ်မျိုးမျိုးကြောင့် ဒီမြင်ကွင်းက အနည်းငယ် ဟာသမြောက်တယ်လို့ တွေးမိလာတယ်။

 

ပြောစရာရှိရင် စကားနဲ့ပဲပြောကြပါ.. ချီကော .. ကောကော  စကားမများကြပါနဲ့.. ကျွန်တော့်အတွက် ရန်မဖြစ်ကြနဲ့လေ.. နော်.. ဒါက မသင့်တော်ပါဘူး

 

ရုန်ကျန်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိတယ်။ ရုန်ရုန်ရဲ့စကားက ဘယ်နေရာမှာ မှားနေတာလဲဆိုတာကို သူနားမလည်ဘူး။

 

စွမ်းချီလိုမျိုး 5Gအဆင့် ရှေ့ကိုပြေးနေတဲ့ လူငယ်ကတော့ ချက်ချင်းပဲ သဘောပေါက်သွားတယ်။

 

မင်း ဘယ်ငရဲလိုမျိုး.....

 

လက်ဖက်စိန်းနံ့ကြီးထွက်နေရတာလဲဟ!

 

စားပွဲပေါ်မှာ ခွက်အလွတ်ပဲရှိနေခဲ့တယ်။

 

ရုန်ရုန် ပြုံးလိုက်တယ်။

 

သူက စားပွဲပေါ်မှ ရှန်ပိန်ပုလင်းကို ကောက်ယူလိုက်တယ်။ ပြီးနောက် စွမ်းချီရဲ့ အံ့ဩနေတဲ့အကြည့်အောက်မှာပဲ

 

သူ ပထမတုန်းက တစ်ဝက်ဖြည့်ပြီး သောက်ထားတဲ့ ခွက်အလွတ်ထဲကို သူကိုယ်တိုင်အတွက် တစ်ခွက်လောင်းထည့်လိုက်တယ်။

 

လက်တလောမှာ ကျွန်တော့်ရဲ့ အရက်သောက်နိုင်စွမ်းက အတော်လေးနိမ့်ဆင်းသွားလို့ သောက်ဖို့ မရည်ရွယ်ထားဘူး.. ဒါပေမဲ့တွေးကြည့်လိုက်တော့ တစ်စုံတစ်ယောာ်ကိုတောင်းပန်မယ်ဆိုရင် လေးစားမှုတော့ ရှိသင့်တယ်မလား..

 

ချီကော ကျွန်တော်လုပ်ခဲ့တာကို ဘယ်လိုထင်လဲ? ကျွန်တော် ကျွန်တော့် အစ်ကိုရဲ့မွေးနေ့မှာ အမှားလုပ်ခဲ့မိတယ်.. ချီကော  ..ကောက အရွယ်ရောက်နေပြီးတဲ့လူဖြစ်လို့ ကျွန်တော့်ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..

 

ကော ကျွန်တော့်ကိုခွင့်မလွှတ်ပေးနိုင်သေးရင်လည်း ကိစ္စမရှိပါဘူး ..ပြောရရင် အဲဒီနေ့တုန်းက ကျွန်တော်ကသာ အမှားလုပ်ခဲ့မိတဲ့လူလေ.. ဒါကြောင့် ဒီနေ့ ကောကို လေးလေးနက်နက်တောင်းပန်ချင်ပါတယ်..

 

နောက်ပြီး ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စအတွက်လည်း ကျွန်တော့်အစ်ကိုကို အပြစ်မမြင်ပါနဲ့..  ကျွန်တော့်ရဲ့ကောကောက ဒီကို အပန်းဖြေခရီးထွက်လာခဲ့တာပါ.. ကျွန်တော်က သူ့ရဲ့နောက်က ကပ်လိုက်လာရုံပါပဲ.. ကျွန်တော့်ရဲ့အစ်ကိုက ကျွန်တော့်ကြောင့် ဒုက္ခများသွားရတာပါ

 

ကျွန်တော် ပြောလို့ပြီးပါပြီ.. ချီကော ကျန်တာကတော့ ချီကောရဲ့သဘောအတိုင်းလုပ်လို့ရပါတယ်!

 

သူပြောပြီးသွားတော့ ထိုရှန်ပိန်ခွက်ကို တစ်ခွက်လုံး မော့သောက်လိုက်လေတယ်။

 

ဒီတစ်ကြိမ်မှာတော့ စွမ်းချီ ရှော့ရသွားရတယ်။

 

ဒါက သူ့ရဲ့စိတ်ထဲက စိတ်ပြီးဝင်ဂုဏ်မောက်လွန်းတဲ့ကောင်လေးလား?

 

ဒီရှန်ပိန်က အစောပိုင်းလောက်ကမှ စွမ်းချီ ရေခဲသေတ္တာထဲကထုတ်လာခဲ့တာလေ။

 

သူက တစ်ငုံထဲသောက်ချပစ်တယ်။ ဒီအအေးဓာတ်က သူ့ရဲ့လည်ချောင်းတလျောက် မနာကျင်ဘူးလား။

 

အဟွတ် အဟွတ်! အဟွတ်! အဟွတ်!!

 

ရုန်ရုန် ရှန်ပိန်သီးသွားတာကြောင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့တယ်။

 

ရုန်ကျန်း သူ့ရဲ့လက်ထဲမှ ရှန်ပိန်အနည်းငယ်ရှိနေသေးတဲ့ခွက်ကို ဆွဲယူပြီး ဆူပူတော့တယ်။

 

မင်း မသောက်ခင်ကတည်းက သေသေချာချာမစဥ်းစားဘူးလား.. သတ္တိကောင်းနေတာပဲ

 

ရုန်ရုန် အဆင်မပြေစွာချောင်းဆိုးရင်းကနေ ပြုံးလာတယ်။

 

တောင်းပန်တာက .. အဟွတ် အဟွတ်.. အမြဲ.. တမ်း.. လေး.. လေးလေးနက်နက် လုပ်ရမယ်

 

စကားမပြောနဲ့

 

ရုန်ကျန်း အခုလေးတင် သူယူလာတဲ့ ရေဘူးကို အဖုံးဖွင့်လိုက်ပြီး ရုန်ရုန်ရဲ့ပါးစပ်နားကို တဲ့ပေးလိုက်တယ်။

 

ရုန်ရုန် ရေအနည်းငယ်သောက်ကာ ပူလောင်နေတဲ့ လည်ပင်းကို ရေနဲ့မျောချပြီး လည်ပင်းက အနည်းငယ်သက်သာလာတယ်။

 

ရုန်ရုန် ချောင်းဆိုးနေတာကို တဖြည်းဖြည်း ရပ်တန့်လိုက်တယ်။ လက်တလောမှာ ချောင်းဆိုးထားတာကြောင့် သူ့ရဲ့မျက်နှာမှာ သွေးတွေစုနေကာ အနည်းငယ်နီရဲနေတုန်းပဲ။

 

နောက်ဆုံးတော့ သူနားလည်သွားပြီ။

 

သူ့ရဲ့ ပြန်လည်မွေးဖွားမှုဆီမှ ဘေးထွက်ဆိုးကျိုးလား ဒါမှမဟုတ်  ထိုမွေးဖွားလာမှုအတွက် ပေးဆပ်ခဲ့ရတဲ့တန်ဖိုးလားဆိုတာကိုတော့ သူမသိဘူး။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုတွေက ပြိုကွဲသွားခဲ့ပြီး သူအမြဲတမ်းသောက်နေခဲ့တဲ့ အရက်ဓာတ်ခံနိုင်ရည်ကပါ ပျောက်ဆုံးသွားခဲ့တယ်။

 

 သူ့ရဲ့ အားနည်းမှုတွေကတော့ ပြန်လည် မပျောက်ကွယ်သွားခဲ့ဘူး။

 

ရှန်ပိန်တစ်ခွက်က လူတစ်ယောက်ကို ဒီလောက်ထိတောင် ချောင်းဆိုးစေနိုင်တာလား?

 

ဖြစ်နိုင်လား?

 

ဖြစ်နိုင်လို့လား?

 

စွမ်းချီက ရုန်ရုန် ဟန်ဆောင်နေတယ်လို့ သံသယဝင်မိပေမဲ့ ဒီအဆင့်အထိ သရုတ်ဆောင်နိုင်မယ်ဆိုရင်တော့ မင်းသားတောင် လုပ်လို့ရနေပြီပဲ။