(28)ကောင်ငယ်လေးတွေကပဲ
ချစ်စရာကောင်းအောင် ပြုမူလိမ့်မယ်
ရုန်ကျန်း ရုန်ရုန်ရဲ့ခန္ဓာကိုယ်ကို
စပြီး သုတ်ပေးလိုက်တယ်။
ရေချိုးခန်းသုံး တဘက်ခြားနေပေမဲ့လည်း
ရုန်ကျန်းရဲ့လက်ဖဝါးမှ အပူချိန်ကို ရုန်ရုန် ခံစားမိနေတုန်းပဲ။
ရုန်ရုန်ရဲ့ဦးနှောက်က
လုံးဝကိုဗလာဖြစ်သွားရပြီး ပြန်လည်အလုပ်လုပ်ဖို့ စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရတယ်။
သူက ရေချိုးခန်းသုံးတဘက်နဲ့ပတ်ပြီး
အနောက်ကို ခြေတစ်လှန်ဆုတ်လိုက်မိတယ်။
"ကောကော ကျွန်တော့်ဘာသာလုပ်နိုင်တယ်လို့!"
"ပြန်လာခဲ့"
ရုန်ရုန် ဖြည်းညှင်းစွာ
ပြန်သွားရပြန်တယ်။
ရုန်ကျန်းက ရုန်ရုန်ရဲ့
ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထပ်သုတ်ပေးလာပြီး သူ့ကိုစိုက်ကြည့်ကာ ပြောလာတယ်။
"မင်း ငယ်ငယ်လေးကတည်းက
ရေချိုးပြီးရင် ရေမသုတ်ချင်ဘူး.. ငါ့ရဲ့အိပ်ယာပေါ်ကိုတက်ပြီး ခုန်ပေါက်နေတာလေ.. ပြီးတော့
စောင်တွေအိပ်ယာတွေကို စိုစွတ်အောင်လုပ်ပစ်တယ်.. အဲဒီတုန်းကတော့ မင်းရှက်နေတာကို ငါမတွေ့ပါဘူး"
"ကောကောလည်း အဲဒါက
ကျွန်တော် ကလေးတုန်းကလို့ ပြောတာပဲမလား!"
"မင်းကြီးလာပြီးတော့
လူအိုကြီးဖြစ်သွားရင်တောင် မင်းက ငါ့ရဲ့ညီငယ်လေးဖြစ်နေဦးမှာပဲ"
ရုန်ရုန်ရဲ့ ဒူးကို
ဆုတ်ကိုင်ထားတဲ့လက်တွေက တင်းကြပ်သွားရပြီး အဆုံးမှာ သူ့ရဲ့မျက်ဝန်းတွေကလည်း နီရဲလာခဲ့တယ်။
ကောကော.. ကောကော အဲဒီ
ကတိကိုချိုးဖျက်သွားလိမ့်မယ်။
ကောကောကကျွန်တော်လူအိုကြီးမဖြစ်သေးခင်မှာတောင်
ကျွန်တော့်ကို ထပ်ပြီးလိုချင်တော့မှာ မဟုတ်ဘူး။
---
ရုန်ကျန်းက ရုန်ရုန်
ကလေးအရွယ်တုန်းက အိပ်ယာကိုသွားဖို့ တိုက်တွန်းသလိုမျိုး ရုန်ရုန်ရဲ့တင်ပါးကိုပုတ်လိုက်တယ်။
"အိပ်ယာပေါ်မှာသွားထိုင်လိုက်..
ငါ မင်းရဲ့ဆံပင်တွေကို လေမှုတ်ပေးမယ်"
ရုန်ရုန် နာခံစွာနဲ့
အိပ်ယာပေါ်မှာ သွားထိုင်လိုက်တယ်။ ခဏလောက်ကြာတော့ ရုန်ကျန်းက dryerကိုင်းရင်း ပြန်ထွက်လာခဲ့ပြန်တယ်။
ပြတင်းပေါက်အပြင်ဘက်မှာ
လေနဲ့မိုးက ပြင်းထန်စွာရွာသွန်းနေပြီး လေကလည်း အရှိန်အဟုန်နဲ့တိုက်ခတ်နေတယ်။
အတွင်းပိုင်းမှာတော့
ဆံပင်လေမှုတ်စက်က လေတွေ အရှိန်နဲ့ထွက်နေခဲ့တယ်။
ရုန်ရုန် သူ့ရဲ့နားရွက်နားဆီမှ
လေမှုတ်စက်ရဲ့အသံကိုနားထောင်ရင်း ဖော်ပြလို့မရနိုင်စွာ စိတ်သက်သာရာရသလို ခံစားနေရတယ်။
ရုန်ရုန်ရဲ့ဆံပင်တွေက
ခြောက်သွေ့လုနီးပါးဖြစ်နေပြီ။ ဒါကြောင့် ရုန်ကျန်းက လေမှုတ်စက်ကို အမြင့်ဆုံးသို့ထားရာမှ
အလယ်အလတ်ဆီသို့ လျှော့ချလိုက်တယ်။
"ငါ အားချီကို
ဖုန်းခေါ်ခဲ့တယ်.. အခုက သူ ဒီနိုင်ငံထဲမှာမရှိသေးဘူး.. နောက်တစ်ပတ်လောက်အထိ ပြန်လာမှာမဟုတ်သေးဘူး..
တကယ်လို့ သူပြန်လာရင်တောင် နွေရာသီအများစုမှာ မြို့တော်မှာရှိနေမှာမဟုတ်ဘူး.. ချုံလုကျွန်းမှာပဲနေလိမ့်မယ်..
ဒီတော့ .. မင်း အားချီနဲ့
အဆင်ပြေအောင်စကားပြောချင်တယ်ဆိုရင် အားချီကျွန်းပေါ်မှာရှိတဲ့အချိန် သွားတွေ့တာကောင်းလိမ့်မယ်..
မင်းလည်း နွေရာသီပိတ်ရက်ရှည်ရပြီးကတည်းက အပြင်ကိုကစားဖို့ မထွက်ရသေးဘူးမလား.. ငါတို့တွေ
ကျွန်းမှာ ရက်နည်းနည်းလောက်နေပြီး အပန်းဖြေခရီးအဖြစ် ကစားမယ်ဆိုရင်ရော .. မင်းဘယ်လိုထင်လဲ"
ရုန်ရုန်က ဒီနေ့မှာ
ရုန်ကျန်းထံမှ အဆီအနှစ်နဲ့ သစ်စေးတွေအများကြီးရရှိထားတာ။ ဒီတော့ သူသာ စွမ်းချီနဲ့တွေ့ပြီးတဲ့အချိန်
သူ့ရဲ့လက်ထဲမှာ အိုင်းရစ်အဆီရှိနေရင် သူတိို့တွေ့ပြီးတာနဲ့ ရေမွှေးကို စတင်ဖော်စပ်ဖို့
အစီအစဉ်ချထားခဲ့တယ်။
တွေးကြည့်မယ်ဆိုရင်
သူ့ရဲ့အရင်ဘဝတုန်းကသူ့အစ်ကိုနှင့် နှစ်ယောက်တည်း တစ်ခါမှ အပန်းဖြေခရီးမသွားဖူးဘူး။
ဒီတော့ အခွင့်အရေးရတဲ့အချိန်မှာ ဘဝနှစ်ခုစာပေါင်းပြီး တစ်ကြိမ်လောက်သွားခဲ့မယ်ဆိုရင်
မဆိုးဘူးလေ။
"ကျွန်တော်တို့နှစ်ယောက်တည်း
အပန်းဖြေခရီးသွားကြမှာလား"
"မားက လက်တလောမှာ
ဖောင်ဒေးရှင်းကိစ္စတွေနဲ့အလုပ်ရှုပ်နေတယ်.. ပါးက လှိုင်းမူးတတ်တယ်လေ.. ဒီတော့ ငါတို့နှစ်ယောက်တည်းပဲ
သွားဖြစ်ဖို့များလိမ့်မယ်.. မားနဲ့ပါးပြန်လာတဲ့အချိန် မင်း မေးကြည့်လိုက်ပေါ့"
ဖူချန်ကနေ ချုံလုကို
ကုန်းကြောင်းနဲ့သွားလို့မရဘူး။ ကျွန်းကိုရောက်ဖို့အတွက် စက်လှေစီးသွားရလိမ့်မယ်။
"အိုး"
ရုန်ရုန်ရဲ့ဆံပင်တွေအားလုံးက
ခြောက်သွေ့သွားပြီ။
ရုန်ကျန်း လေမှုတ်စက်ကိုပိတ်ပြီး
ပလပ်ဖြုတ်လိုက်တယ်။
"သွားပြီး အဝတ်ဝတ်လိုက်တော့"
"အိုး"
ရုန်ကျန်း ရေချိုးခန်းဆီသို့
dryerပြန်သွားထားလိုက်တယ်။
ရုန်ရုန် အံဆွဲထဲမှ
အောက်ခံဘောင်းဘီကိုဆွဲယူပြီး ဝတ်ဆင်ဖို့လုပ်တယ်။ သူ ခုတင်ဘေးတစ်ဖက်မှာရပ်ကာ ဘောင်းဘီတိုလေးကို
ကပြာကယာကောက်စွပ်လိုက်တယ်။
ခြေထောက်တစ်ဖက်ဝင်သွားပြီး
နောက်တစ်ဖက်ကတော့ မသွင်းရသေးဘူး။
ရုန်ကျန်းကရေချိုးခန်းထဲမှ
ပြန်ထွက်လာပြီ။
ရုန်ကျန်း သူ့အနားကိုလျှောက်လာပြီး
စိုက်ကြည့်လာတယ်။
"ဘောင်းဘီက ပြောင်းပြန်ဖြစ်နေတယ်လေ"
ဟင်?
သူ ဘောင်းဘီကို ပြောင်းပြန်ထားပြီးလျိုလိုက်တာလား?
ရုန်ရုန် ငုံ့ကြည့်လိုက်တယ်။
အရှေ့ဘက်မှာရှိရမယ့်နေရာက
နောက်ဘက်ကိုရောက်နေတယ်...
သူ့ရဲ့ပါးပြင်တွေ နီရဲသွားရပြန်တယ်
သူ ဘာကိုမှ ပြန်မပြောလာတော့ဘဲ
ရုန်ကျန်းရဲ့ရှေ့မှာ ဘောင်းဘီကို ပြန်ချွတ်ပြီး နောက်တစ်ခေါက် ပြန်ဝတ်လိုက်ရတော့တယ်။
---
ရုန်ရုန် အဝတ်တွေ ဝတ်ဆင်ပြီးသွားပြီဖြစ်ပေမဲ့
ရုန်ကျန်းက ထွက်မသွားသေးဘူး။
သူက ရုန်ရုန်ရဲ့ခုတင်ပေါ်မှာထိုင်နေခဲ့တယ်။
"မင်းရဲ့ နဖူး
သက်သာသွားပြီလား"
ရုန်ရုန်က သူ့ရဲ့နဖူးရောင်ယမ်းနေတာကိုတောင်
မေ့လုမေ့ခင်ဖြစ်နေပြီ။
ရုန်ကျန်း ရုန်ရုန်ရဲ့အမူအယာကိုကြည့်ရင်း
ထိုကလေးက သူ့ရဲ့ဒဏ်ရာကို စိတ်ထဲသို့ မထည့်ထားမှန်းနားလည်သွားတယ်။
"ဒီကိုလာခဲ့..
ငါကြည့်ပေးမယ်"
ရုန်ရုန် ရုန်ကျန်းရဲ့ဘေးနားမှာဝင်ထိုင်လိုက်တယ်။
ရုန်ကျန်းက ရုန်ရုန်ရဲ့ဆံမြိတ်ကိုအသာဖယ်ကြည့်လိုက်တော့
သူ့ရဲ့နဖူးက မနက်တုန်းနဲ့ယှဥ်ရင် အယောင်လျော့သွားတာကို တွေ့လိုက်ရတယ်။
ရုန်ရုန်ရဲ့ရှေ့မှ အလင်းရောင်က
ရုတ်တရက်တောက်ပသွားခဲ့တယ်။
ပြီးနောက် ရုန်ကျန်းက
သူ့လက်ထဲမှာရှိနေတဲ့ ခေါင်းစည်းကြိုးနဲ့ ရုန်ရုန်ရဲ့ ရှေဆံမြိတ်ကို ကျွမ်းကျင်စွာ စည်းနှောင်ပေးလာခဲ့လေတယ်။
ရုန်ရုန်ရဲ့ခေါင်းပေါ်မှာ
ချစ်စရာကောင်းတဲ့ ကြက်တောင်စည်းသေးသေးလေးရှိသွားပြီ။
ဖြူဖွေးတဲ့ နဖူပြင်က
လွတ်လွတ်ကင်းကင်းပေါ်ထွက်လာပြီး ကောင်ငယ်လေးရဲ့မျက်နှာကို ပိုပိုပြီး လှပလာစေတယ်။
ရုန်ကျန်း ရုန်ရုန်ရဲ့ခေါင်းပေါ်မှ
ကြက်တောင်စည်းလေးကို စိတ်ကျေနပ်စွာနဲ့ စိုက်ကြည့်လာတယ်။
"ကံကောင်းလို့
ငါ့ရဲ့လက်ရည်တွေ ကျမသွားသေးဘူး"
ရုန်ရုန် ကလေးအရွယ်တုန်းကဆို နွေရာသီမှာ ရာသီဥတုကပူပြင်းနေပြီး ရုန်ရုန်ရဲ့ ရှေ့ဆံမြိတ်တွေက
ရှည်လျားနေရင် ရုန်ကျန်းက သူ့ကို ကြက်တောင်စည်းလေး စည်းပေးထားတတ်လေ့ရှိတယ်။
ရုန်ရုန် အိပ်ယာပေါ်မှ
ဖုန်းကိုကောက်ယူပြီး ကင်မရာဖွင့်ကြည့်လိုက်တယ်။
ခဏလောက် တိတ်ဆိတ်သွားပြီးမှ
ရုန်ရုန် ဖုန်းကိုပြန်ချလိုက်တယ်။
"ကောကော.. ဒါ ကောကော
ကျွန်တော့်အတွက်ဝယ်ခဲ့တာလား.. ဒါက ကလေးတွေအတွက် ဒီဇိုင်းကြီးလေ"
ခေါင်းစည်းကြိုးက ချိုချဥ်ရောင်လေးဖြစ်ပြီး
အနီရောင်အောက်ခံမှာ အနက်ရောင်အစေ့လေးတွေ ထည့်ထားတဲ့ ဖရဲသီးစိတ်လေးက ခေါင်းစည်းကြိုးနဲ့
ချိတ်ဆက်ထားတယ်။
ရုန်ကျန်းရဲ့ လက်ချောင်းထိပ်က
သူ့ရဲ့ခေါင်းပေါ်မှ ခေါင်းစည်းကြိုးလေးကိုအသာထိလာတယ်။
"ငါမသိဘူး.. ဒီအတိုင်းကောက်ယူလာတာ"
ရုန်ရုန်:"......"
ဟုတ်လို့လား?
အာ...
သူတော့ သိပ်မယုံဘူးနော်။
(T/n_ ရှောင်ရုန်ရုန်ရဲ့ ရုန်ဆိုတဲ့အသံထွက်က အမွှေးလုံးရဲ့
ရုန်ဆိုတဲ့အသံနဲ့ဆင်တူသလို ဖရဲသီးရဲ့ ရုန်ဆီတဲ့အသံနဲ့လည်း ဆင်တူတယ်နော်
ဒါကြောင့် သူ့ရဲ့ချစ်စနိုးနာမည်တွေက
ရှောင်ရုန်(အမွှေးလုံးလေး)ရော၊ ရှောင်ရုန်(ဖရဲသီးလေး) ရောပါပဲ။
---
ညနေပိုင်းမှာတော့ ရုန်ဝေ့ရှန်နဲ့
ယင်းလန်တို့ အိမ်ကိုပြန်လာကြတယ်။
ရုန်ရုန်ရဲ့ ယောင်ကိုင်းနေဆဲနဖူးကိုမြင်တော့
ဇနီးမောင်နှံနှစ်ယောက်က စိတ်ပူစွာနဲ့ မေးခွန်းတွေမေးလာကြတယ်။
ရေခဲထုပ်ကပ်ထားကြောင်း
သိပြီးမှသာလျှင် နှစ်ယောက်လုံး စိတ်သက်သာရာရသွားကြတယ်။
ညစာစားပွဲမှာတော့ ရုန်ရုန်က
သူနဲ့ ရုန်ကျန်းတို့ အပန်းဖြေခရီးအတွက် ချုံလုကျွန်းကိုသွားမယ်အကြောင်း ပြောပြခဲ့ပြီး
ရုန်ပါးပါးနဲ့ ရုန်မားမားကို အတူလိုက်မလားဆိုပြီး မေးခဲ့တယ်။
ရုန်ကျန်း ခန့်မှန်းထားသလိုပဲ
စက်လှေစီးရမယ့်အကြောင်းကိုကြားတာနဲ့ ရုန်ပါးပါးက စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး ရုန်မားမားကတော့
ဖောင်ဒေးရှင်း ကိစ္စတွေကြောင့် အလုပ်ရှုပ်နေခဲ့တယ်။
ဒါက ညီအစ်ကိုနှစ်ယောက်ထဲ
ပထမဆုံးအကြိမ် အပန်းဖြေခရီးထွက်ကြမှာပဲ။ ဒီတော့ လူငယ်လေးနှစ်ယောက်က သိပ်ပြီး ဂရုတစိုက်နဲ့
ပြင်ဆင်ထားကြမှာမဟုတ်ဘူး။
မားမားရုန် စွပ်ပြုတ်ထည်းနေရင်းနဲ့
နူးညံ့စွာပြောလာတယ်။
"ရုန်ရုန်က ကျောင်းပိတ်ရက်ရှည်ရထားတာကို
အပန်းဖြေခရီးမသွားခဲ့ပဲ အိမ်ထဲမှာပဲ အောင်းနေတာကြာပြီ.. အပန်းဖြေခရီးထွက်တာက ကောင်းတာပေါ့..
ကျွန်းဘက်မှာဆိုတော့ ပိုပြီးတော့လည်း အေးနေလိမ့်မယ်.. ဒါပေမဲ့ ကျွန်းဘက်မှာဆိုတော့
ခြင်တွေပေါမှာပဲ.. အင်းစက်ပြေး စပရေးဘူးနဲ့ လိုရှင်းတွေယူသွားဖို့ မမေ့ကြနဲ့.. နေလောင်ကာခရမ်လည်း
လုံလောက်အောင် ယူသွားကြဦး"
ရုန်ပါးပါးကတော့ ဝက်နံရိုးတစ်တုံးကိုယူပြီးပြောလာတယ်။
"ဓာတ်ပုံများများရိုက်ပြီး
ပါးလည်းကြည့်ပြီးပျော်ရအောင် ပို့ပေးဖို့မမေ့နဲ့"
ရုန်ကျန်း စွပ်ပြုတ်တစ်ဇွန်းသောက်လိုက်တယ်။
"ကျွန်းပေါ်မှာ
လိုင်းမမိဘူး"
ရုန်ပါးပါး ဒေါသတကြီးနဲ့
ဝက်နံရိုးကို ကိုက်ခဲလိုက်တယ်။
ရုန်ရုန်:"....."
သူဘာလို့ သူ့အစ်ကိုက
သူ့ထက် သူ့ရဲ့အဖေနဲ့ ပိုပြီးနီးစပ်တယ်လို့ ထင်ခဲ့ပါလိမ့်?
ဒါက သေချာပေါက် ပလတ်စတစ်လို
အဖေနဲ့သားပဲကို။
---
ညဘက်ရောက်တော့ ရုန်ရုန်
သူ့ရဲ့အခန်းဆီပြန်လာခဲ့ပြီး သူ့အစ်ကိုထံမှ နေ့လည်တုန်းကယူလာတဲ့ ရေမွှေးတွေနဲ့ အမွှေးနံ့သာမျိုးစိတ်တွေကို
နေရာချနေခဲ့တယ်။
"ဒေါက် ဒေါက် ဒေါက်--"
တံခါးခေါက်သံကိုကြားတော့
ရုန်ရုန် လက်ထဲက ရေမွှေးပုလင်းကိုချကာ တံခါးသွားဖွင့်လိုက်တယ်။
"ပါး?"
ရုန်ပါးပါးက ဘေးပတ်ဝန်းကျင်ကို
လှည့်ပတ်ကြည့်ပြီးဘယ်သူမှ မရှိတာသေချာမှ အခန်းထဲကို တိတ်တဆိတ်ဝင်လာခဲ့တယ်။
ပြီးနောက် လက်နောက်ပြန်နဲ့
တံခါးကိုပိတ်လိုက်တယ်။
သူက ရုန်ရုန်ရဲ့ လက်ထဲကို
ဘဏ်ကတ်တစ်ခုထည့်ပေးလာတယ်။
"ကျန်းအာရဲ့မွေးနေ့တုန်းက
မင်း သူ့အတွက် ရင်ထိုးဝယ်ပေးဖို့ နှစ်သစ်ကူးမုန့်ဖိုးတွေအားလုံးကို သုံးပစ်ခဲ့တယ်မလား?
ဒီကတ်ထဲမှာ ငါးသိန်းကျော်ရှိတယ်.. သိပ်တော့မများဘူးပေါ့.. မင်းအပြင်ထွက်ပြီး ကစားတဲ့အချိန်
အစ်ကိုကြီးကိုပဲ ရှင်းပေးခိုင်းနေနိုင်မှာ မဟုတ်ဘူးလေ.. ဒါကြောင့် ပါး မင်းကို မုန့်ဖိုးလာပေးတာ.. မင်းရဲ့ကောကောကိုလည်း
လက်ဆောင်လေးနည်းနည်းဝယ်ပေးလိုက်ပေါ့
မင်းရဲ့ပါးနဲ့ မားက
တစ်နေ့ထက်တစ်နေ့အိုမင်းလာပြီ.. အနာဂတ်မှာ မင်းရဲ့အစ်ကိုကပဲ မင်းကိုထောက်ပံ့နိုင်လိမ့်မယ်..
သူသာရှိနေရင် မင်းရဲ့ပထမဦးလေးနဲ့ တတိယဦးလေးလည်း မင်းကို အနိုင်ကျင့်ရဲကြမှာမဟုတ်ဘူး"
ရုန်ရုန် ကြောင်အမ်းနေခဲ့တယ်။
သူ့ရဲ့အတိတ်ဘဝမှာတုန်းကလည်း
သူ့ရဲ့အဖေက အခုလိုမျိုး ဆင်တူတဲ့အရာတွေ လုပ်ခဲ့တာကို သူ ရုတ်တရက်သတိရလာတယ်။
သူ့ကို ပိုက်ဆံတွေပေးပြီး
သူ့အစ်ကိုအတွက် လက်ဆောင်ဝယ်ပေးခိုင်းတယ်။
ကြည့်ရတာ အတိတ်ဘဝမှာပဲဖြစ်ဖြစ်
လက်ရှိဘဝမှာပဲဖြစ်ဖြစ် သူ့ရဲ့အဖေက သူ့အတွက် အချိန်အကြာကြီးကတည်းက အစီအစဥ်တွေဆွဲထားခဲ့တဲ့ပုံပဲ။
သူ(ရုန်ပါးပါး)က သူ(ရုန်ရုန်)နဲ့
သူ့ရဲ့အစ်ကိုတို့ ဆက်ဆံရေးက မခိုင်မာခဲ့ပဲ သူ့ရဲ့ဦးလေးတွေ သူ့ကိုအနိုင်ကျင့်နေမှာကို
စိတ်ပူနေခဲ့တဲ့ပုံရတယ်။
ထိုအချိန်တုန်းကတော့
သူက သူ့ရဲ့အဖေဖြစ်သူရဲ့ဆိုလိုရင်းက ရုန်လုပ်ငန်းစုက ရုန်ကျန်းအပိုင်ဖြစ်လာမှာလို့ ပြောချင်ခဲ့တာလို့ထင်ခဲ့တယ်။
သူ ဘယ်လောက်တောင် မနှစ်မြို့စရာကောင်းပြီး
သူ့ရဲ့အဖေကို ဝမ်းနည်းစေခဲ့လိုက်သလဲ?
"ဘာလို့ ကြောင်နေတာလဲ?
ယူလိုက်လေ.. မီလီယံတစ်ဝက်က နည်းနေလို့လား? ဘာ.. အဟွတ်.. ဘာလို့လဲဆိုတော့ ပါး ခုတလော
ပန်းချီကားတွေဝယ်တာများနေလို့ မင်းရဲ့မားက ပါးကို ပိုက်ဆံဖြုန်းလွန်းနေတယ်လို့ ထင်နေတာလေ..
ဒါကြောင်း ပါးအိပ်ပျော်နေတုန်းမှာ မင်းရဲ့မားက ကတ်တွေအားလုံးကို သိမ်းထားခဲ့တာ.. သူမ
ဘယ်နေရာမှာဝှက်ထားလဲဆိုတာ ပါးလည်းမသိလို့.. ဒီတစ်ခုပဲကျန်တော့တယ်.. ဒါတောင် ပါး ခြေအိတ်ထဲမှာ
ဝှက်ထားခဲ့လို့....."
ရုန်ရုန် ရုန်ပါးပါးကို ပွေ့ဖက်လိုက်တယ်။ ပြီးနောက် သူ့ရဲ့ခေါင်းကို ရုန်ပါးပါးရဲ့ ပုခုံးမှာတင်ထားခဲ့ပြီး
:
"ပါး ကျေးဇူးတင်ပါတယ်..."
ကျွန်တော့်ကို တကယ်ဂရုစိုက်ပေးခံခဲ့ရတယ်ဆိုတာကို
သိစေခဲ့လို့ ကျေးဇူးတင်ပါတယ်။
ပိုက်ဆံတွေအတွက်ကတော့
.. သူ အဲဒါတွေကိုထိမှာမဟုတ်ဘူး။
သူ ရုန်မိသားစုထဲက ထွက်ခွာသွားတဲ့အချိန်ကိုရောက်ရင်
ရုန်မိသားစုနဲ့ သက်ဆိုင်တဲ့အရာမှန်သမျှကို ဘာတစ်ခုမှ ယူသွားမှာမဟုတ်ပါဘူး။