Ch 39
Viewers 24k

(39)  ရုန်ရုန်ရဲ့ နဖူးလေးကိုနမ်း

 

ကျိုးယွီရောက်လာတာက အတော်လေးတိုက်ဆိုင်လွန်းတယ်။

 

သူပြောနိုင်တာတစ်ခုက တကယ်ကိုတိုက်ဆိုင်လွန်းတယ်ဆိုတဲ့စကားပဲရှိတယ်။ ကြည့်ရတာသူက ကျိုးယွီကို ဒေါသထွက်စေချင်လို့ တမင်သက်သက်ပြောလိုက်သလိုမျိုး။

 

ဒါပေမဲ့ ရုန်ရုန်ကတော့ ကျိုးယွီရဲ့

 

အတွေးတွေကို အာရုံစိုက်မနေခဲ့ဘူး။ သူတွေးချင်သလိုတွေးပါစေပေါ့။

 

သူဘာလုပ်နိုင်မှာမို့လို့လဲ?

 

ဟားဟားဟားဟား ! ပြောသွားတာကောင်းတယ်!

 

စွမ်းချီက ဒီလိုပျော်စရာကောင်းတဲ့မြင်ကွင်းကို မြင်တွေ့ရဖို့ မျှော်လင့်မထားတာကြောင့် လက်ခုပ်တီးပြီးရယ်မောလာတယ်။

 

ကျိုးယွီရဲ့မျက်နှာကတော့ တကယ့်ကိုရုပ်ဆိုးလွန်းနေခဲ့ပြီ။

 

သို့ပေမဲ့ သူ ဘယ်လောက်ထိဒေါသထွက်နေပါစေ ဒီလို လူသွားလူလာထူထပ်တဲ့နေရာမျိုးမှာ ဘာတစ်ခုမှမလုပ်နိုင်ဘူး။

 

သူက ရုန်ရုန်ကို စူးရဲစွာစိုက်ကြည့်ရုံသာတတ်နိုင်ခဲ့ပြီး အဝေးကိုထွက်သွားခဲ့တယ်။

 

ရုန်ရုန်ကတော့ အေးအေးဆေးဆေးနိုင်စွာပဲ စားပွဲပေါ်မှဓားနဲ့ခရင်းကိုကောက်ကိုင်ကာ ပန်းကန်ထဲမှ စတေ့ခ်အသားကို လှီးဖြတ်နေခဲ့တယ်။ အစကနေအဆုံးထိ ကျိုးယွီကို မမြင်တွေ့ခဲ့သလိုပဲ။

 

စွမ်းချီ သက်ပြင်းချလိုက်တယ်။

 

ငါအခုတော့ တကယ်ယုံသွားပြီ

 

ရုန်ရုန် စတေ့ခ်ကိုပါးစပ်ထဲသိုထည့်လိုက်တယ်။

 

ဟမ်?

 

မင်း တကယ်ကျိုးယွီကိုစိတ်မဝင်စားတော့ဘူးပဲ.. မင်းက အခု ကျိုးယွီဘက်ကို တစ်ချက်လေးတောင်မကြည့်ခဲ့ဘူး.. စိတ်ပျက်စရာပဲဆိုတဲ့ စကားလုံးကိုတောင် ချရေးထားလုနီးပါပဲ.. ဟားဟားဟား.. ငါအရမ်းသိချင်သွားပြီ.. အဲဒီကောင်က ဘယ်သောက်လုပ်တွေလုပ်လိုက်လို့ မင်း သူ့ကိုအခုလိုမကြိုက်ဖြစ်သွားရတာလဲ

 

အဆုံးမှာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတယ်လေ။ ဒီသခင်ငယ်လေးက ကျိုးယွီနဲ့ပတ်သက်ပြီး ရှင်ရှင်းလင်းလင်းကို ကွဲပြားသွားပြီ။

 

ရုန်ရုန် သူ့ရဲ့ပါးစပ်ထဲကအသားကို ကိုက်ဝါးနေတာကြောင့် သူ့ရဲ့ပါးကဖောင်းကားနေခဲ့တယ်။

 

ဘာမှမရှိပါဘူး.. ကျွန်တော်မကြိုက်တော့လို့ မကြိုက်တော့တာပဲလေ

 

ငါ ကြိုက်ချင်ရင်ကြိုက်နိုင်တယ်.. မကြိုက်တော့ရင်လွှင့်ပစ်လိုက်မယ်.. ဒီလိုမျိုးကို ငါသဘောကျတယ်.. လာစမ်းပါ တစ်ခွက်လောက်သောက်ရအောင်

 

စွမ်းချီ စားပွဲထက်မှ ကော့တေးခွက်ကို မြှောက်လာတယ်။

 

ရှောင်ရုန်ရုန်က လမ်းပျောက်နေရာကနေ နောက်ဆုံးတော့ လမ်းမှန်ကိုရှာတွေ့သွားပြီ.. ဒါက ပျော်ပွဲရွှင်ပွဲအခမ်းအနားတစ်ခု ဖန်တီးဖို့ မထိုက်တန်ဘူးလား

 

ရုန်ကျန်းက သူ့ရှေ့မှ သံပုရာရည်ခွက်ကို တိတ်တဆိတ် မြှောက်ပေးလာတယ်။

 

စွမ်းချီ အံကြိတ်လိုက်တယ်။

 

ငါသိသားပဲ! မင်း! ညီရူး,ရူးနေတဲ့ကောင်!

 

ရုန်ရုန် ပြုံးလိုက်ပြီး သူ့ရဲ့ဖျော်ရည်ခွက်ကိုမ,ကာ စွမ်းချီနဲ့ သူ့အစ်ကိုတို့ရဲ့ခွက်နဲ့ ထိလိုက်တယ်။

 

ကျေးဇူးတင်ပါတယ် ကောကော.. ကျေးဇူးတင်ပါတယ် ချီကော

 

သူ့အတွက် ပျော်ရွှင်စရာဘဝသစ်လေးအတွက်။

 

**”

 

စွမ်းချီနဲ့ ရုန်ကျန်းတို့စားသောက်လို့ ပြီးစီးသွားခဲ့ပြီ။

 

စွမ်းချီကတော့ ငြိမ်ငြိမ်ထိုင်မနေနိုင်သေးဘူး။ သူက သူ့ဘေးမှ ရေလွှာလှိုင်းစီးမဲ့ဘုတ်ပြားကို ကောက်ယူပြီး ရုန်ကျန်းကိုပြောလိုက်တယ်။

 

ရေလွှာလျှောစီးသွားမယ်.. မင်းလိုက်မှာလား

 

ရုန်ကျန်း ခေါင်းခါလိုက်တယ်။

 

မလိုက်ဘူး မင်းဘာသာသွားလိုက်

 

စွမ်းချီက စတေ့ခ်စားနေဆဲဖြစ်တဲ့ ရုန်ရုန်ကိုလှည့်ကြည့်ကာ ရုန်ကျန်းဆီကိုသံသယဖြစ်စွာလှမ်းကြည့်လာတယ်။

 

မင်းဒီမှာနေပြီး ကလေးထိန်းနေမယ်လို့တော့ ငါ့ကိုမပြောနဲ့နော်

 

ဒေါက်တာကွမ်းက ရုန်ရုန်ရဲ့အခြေအနေတွေမှာ မိသားစုနဲ့အတူရှိနေပေးဖို့လိုအပ်တယ်လို့ပြောထားခဲ့တယ်။ ရုန်ကျန်း ချုံလုကျွန်းကိုလာရတဲ့အဓိကရည်ရွယ်ချက်က ရုန်ရုန်နဲ့အတူရှိနေပေးဖို့ပဲ။ သို့ပေမဲ့ သူက ရုန်ရုန်ရဲ့နေမကောင်းတဲ့အခြေအနေကို နေရာတိုင်းမှာ ပြောနေမှာမဟုတ်ဘူး။

 

မဟုတ်ဘူး

 

ရုန်ရုန်က ကလေးလေး မဟုတ်ဘူးလေ။ ဒီတော့ သူလည်း ကလေးထိန်းတာမဟုတ်ဘူး။

 

တာ့ရုန် ငါမင်းကို သတိမပေးဘူးလို့မပြောနဲ့နော်.. တကယ်လို့ မင်းသာ ဒီပုံစံခွက်အတိုင်း ဆက်သွားနေရင် အနာဂတ်မှာ မင်းနဲ့ချစ်ကျွမ်းဝင်မဲ့ မင်းရဲ့ဇနီးလေးကတော့ ပျင်းနေရတော့မှာ

 

လူတွေကို မြေနဲ့ဖို့*လိုက်ပြီးနောက် စွမ်းချီ လက်တစ်ဖက်က ရေလွှာလျှောစီးဘုတ်ပြားကိုကောက်မပြီး ကျန်တဲ့လက်တစ်ဖက်ကိုမြှောက်ပြလာတယ်။

 

(T/n_ ဝေဖန်အပြစ်တင်)

 

သွားတော့မယ်

 

ရုန်ရုန်က ပါးစပ်ထဲမှာစတေ့ခ်ကို ဝါးနေဆဲဖြစ်ပြီး ပါးတွေကဖောင်းကားနေတာကြောင့် စကားမပြောနိုင်တဲ့အတွက် လက်ယမ်းပြလိုက်တယ်။

 

ပြောစရာမလိုစွာနဲ့ ဒီကလေးက ယင်နဲ့ယန်မညီမျှလောက်အောင် ချစ်စရာကောင်းလွန်းတယ်။ အထူးသဖြင့် သူစားသောက်နေတဲ့အချိန်တွေမှာ သူ့ရဲ့ပါးနှစ်ဖက်လုံးဖောင်းကားနေပုံက တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်။

 

စွမ်းချီ စားပွဲပေါ်မှ ရေကူးမျက်မှန်ကိုကောက်ယူလိုက်ပြီး ရုန်ရုန်ရဲ့ပါးလေးကိုဆွဲညှစ်လိုက်တယ်။ ပြီးနောက် ရုန်ကျန်းရဲ့အေးစက်တဲ့အကြည့်တွေအောက်မှာပဲ ရေလွှာလျှောစီးဘုတ်ပြားကိုဖက်ပြီး ပြုံးရယ်ကာထွက်သွားလေတယ်။

 

ရုန်ကျန်းက သူ့ရဲ့လက်ကိုင်ပုဝါကိုထုတ်ကာ စွမ်းချီထိသွားတဲ့ ရုန်ရုန်ရဲ့ပါးပြင်ကို သုတ်ပေးလာတယ်။ သူ့ရဲ့ပုံစံက စွမ်းချီရဲ့လက်မှာအညစ်အကြေးတွေ စွမ်းထင်းနေသလိုမျိုးပဲ။

 

စွမ်းချီ မရှိတော့တာကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သူက အပြစ်တင်ပြောဆိုလို့ပြီးတော့မှာ မဟုတ်ဘူး။

 

ရုန်ရုန်: အမ် ကောကော ..ဒီတစ်ခုက ခုနတုန်းက ကျွန်တော့်ရဲ့တံတွေးတွေကိုသုတ်ထားတာမလား

 

မကြာခင်တုန်းက သူ သံပုရာရည်တွေကိုထွေးထုတ်လိုက်တော့ သူ့အစ်ကိုက သူ့ရဲ့မျက်နှာကို ဒီလက်ကိုင်ပုဝါနဲ့သုတ်ပေးခဲ့တာကို မှတ်မိသေးတယ်နော်။

 

ရုန်ကျန်း ရုန်ရုန်ကို စိုက်ကြည့်လိုက်တယ်။

 

ဒါက သန့်ရှင်းတဲ့ဘက်

 

ရုန်ရုန် ပြုံးလိုက်တယ်။

 

အိုး

 

ရုန်ရုန်က တကယ့်ကိုဆာလောင်နေခဲ့တာဖြစ်လို့ ကြီးမားတဲ့စတေ့ခ်အပိုင်းကြီးက လျှင်မြန်စွာကုန်သွားခဲ့တယ်။ ပြီးနောက်မှာတော့ ရုန်ရုန်က lasagna ပန်းကန်ကို လှမ်းယူပြီး ဆက်လက်စားပြန်တယ်။

 

ကောကော .. ဘာလို့ချီကောနဲ့ မလိုက်သွားတာလဲ

 

သူ့အစ်ကိုရဲ့ဘေးမှာလည်း ရေလွှာလှိုင်းစီးဘုတ်ပြားရှိနေတာကို သူမြင်တယ်လေ။

 

ဆိုလိုတဲ့အဓိပ္ပါယ်က သူ့ရဲ့အစ်ကိုသည်လည်း ရေလွှာလှိုင်းစီးနိုင်လိမ့်မယ်။ နောက်ပြီး ချီကောနဲ့အတူ ရေလွှာလှိုင်းစီးဖို့အတွက် ချိန်းဆိုထားတာဖြစ်နိုင်တယ်။ မဟုတ်ရင်သူက ထိုရေလွှာလှိုင်းစီးဘုတ်ပြားကို သူနဲ့အတူ ယူလာမှာမဟုတ်ဘူး။

 

အဓိကစားစရာကိုပဲ အာရုံမစိုက်နဲ့လေ

 

ရုန်ကျန်း ရုန်ရုန်ရဲ့ရှေ့ကို အရံဟင်းပွဲတွေရွှေ့ပေးလိုက်တယ်။

 

သူ့ရဲ့မျက်ဝန်းထဲမှာလည်း သံသယအရိပ်တွေရှိနေခဲ့တယ်။

 

ဘယ်အချိန်တုန်းက သူ ဒီလိုအလေ့အကျင့်တွေရှိလာရတာလဲ။ အရင်တုန်းကဆိုရင် သူက အချိန်တိုင်းမှာ အရံဟင်းပွဲတွေကို စားသောက်တဲ့ အမူအကျင့်ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ အရံဟင်းတွေကို သိပ်ပြီးစားတာကို မတွေ့ရတော့ဘူး။

 

တကယ်တော့ ဗိုက်ပြည့်စေမဲ့ အဓိကစားစရာနဲ့ အသီးအနှံတွေကိုပဲ စားတာက ရုန်ရုန် အချိန်ပိုင်းအလုပ်လုပ်နေတုန်းက ရလာတဲ့ အလေ့အထပဲ။

 

အထွေထွေအလုပ်သမားတစ်ယောက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားတွေက ကုန်ခမ်းလွယ်ပြီး သူ့ရဲ့အစာအိမ်ကို စိတ်ကျေနပ်စေဖို့အတွက်ကိုပဲ ရွေးချယ်ခဲ့ရတယ်။

 

ရုန်မိသားစုထဲမှာတုန်းက သူ့ရဲ့အရသာခံစားမှုအပေါ် စိတ်ကျေနပ်စေဖို့စားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့အစာအိမ်ကို ပြည့်အောင်ဖြည့်နိုင်ဖို့ကိုသာ စားသောက်ခဲ့ရတယ်လေ။

 

အရံဟင်းပွဲတွေက အရသာခံစားမှုအတွက်တော့ ကောင်းမွန်ပေမဲ့ အစာအိမ်ကိုတော့ မပြည့်စေတဲ့အတွက် သူ့ရဲ့ပထမဆုံးရွေးချယ်မှုအဖြစ် မရှိနိုင်တော့ဘူး။ သူ ပြန်လည်မွေးဖွားလာတဲ့အချိန်မှာတောင် သူရဲ့ဗိုက်ကဆာလောင်မနေရတော့ပေမဲ့လည်း စားသောက်တဲ့အချိန်မှာ ဗိုက်ပြည့်စေမဲ့ အဓိကအစားအစာကိုသာ စားသောက်တတ်တဲ့ အလေ့အကျင့်က ပျောက်ကွယ်သွားခြင်းမရှိခဲ့ဘူး။

 

ကျေးဇူးတင်ပါတယ် ကောကော

 

ရုန်ရုန် ရုန်ကျန်းရဲ့ကြင်နာမှုကို မငြင်းဆန်ပဲ ရုန်ကျန်း သူ့ရှေ့ကိုချပေးလာတဲ့ အရံဟင်းပွဲအနည်းငယ်ကို အရသာခံကြည့်လိုက်တယ်

 

ကောကော.. အရင်တုန်းက ကောကော ရေလွှာလှိုင်းစီးတာကို ကျွန်တော်မတွေ့ဖူးဘူး

 

မြင်ချင်လို့လား

 

အမ်?

 

သူ့အစ်ကို ရေလွှာလှိုင်းစီးတာကို ကြည့်တွေ့ရမှာလား?

 

ကြည့်ရတာ သိပ်မဆိုးတဲ့ပုံပဲ?

 

ရုန်ရုန် စပျစ်ဖျော်ရည်တစ်ငုံသောက်ပြီး ပြုံးလိုက်တယ်။

 

အင်း! ကျွန်တော် ကြည့်ချင်တယ်!

 

ရုန်ကျန်း သူ့ရဲ့ဦးထုပ်ကို အသာပုတ်လိုက်တယ်

 

မင်းစားပြီးသွားတဲ့အထိစောင့်ဦး

 

ဟမ်?

 

ဆိုလိုတာက သူ့အတွက် တကယ်စီးပြမှာလား?

 

စွမ်းချီ ပင်လယ်ပင်မှာ ခဏလောက် ဆော့ကစားပြီးသွားတော့ ကမ်းစပ်မှာခဏလောက်အနားယူဖို့ ပြန်တက်လာခဲ့တယ်။

 

သူ ကမ်းပေါ်ကိုရောက်လာတဲ့အခိုက်မှာ ရုန်ကျန်းတစ်ယောက် ကမ်းခြေကို ရေလွှာလှိုင်းစီးဘုတ်နဲ့အတူ ရောက်လာတာကိုမြင်တော့ သူအတော်လေးအံ့သြသွားရတယ်။

 

မစီးချင်ဘူးလို့ မပြောခဲ့ဘူးလား

 

ရုန်ရုန် ကြည့်ချင်နေလို့

 

သူကြည့်ချင်တာနဲ့ စီးပြမယ်ပေါ့

 

ရုန်ကျန်းက ပြန်မဖြေတော့ဘူး။ သူက သွေးပူလေ့ကျင့်ခန်း အနည်းငယ် လုပ်ပြီးနောက် ရုန်ရုန်ကို ထီးအောက်မှာနေဖို့ မှာခဲ့ကာ ရေလွှာလှိုင်းစီးဘုတ်ပြားကိုယူပြီး ပင်လယ်ထဲကိုဆင်းသွားခဲ့တယ်။

 

စွမ်းချီက အနည်းငယ် ရှုပ်ထွေးစွာကြည့်ခဲ့ပြီး သူ့ရဲ့ ရေလွှာလှိုင်းစီးဘုတ်ပြားကိုယူကာ အနောက်ကနေပြေးလိုက်သွားခဲ့တယ်

 

အတူ သွားကြမယ်

 

ချုံလုကျွန်းက ရေလွှာလှိုင်းစီးသူတွေရဲ့ နိဗ္ဗာန်ဘုံအဖြစ် လူသိများတယ်။

 

အခုချိန်မှာလည်း ပင်လယ်ပြင်ရဲ့နေရာတိုင်းမှာ ရေလွှာလှိုင်းစီးနေတဲ့သူတွေရှိနေခဲ့တယ်။

 

သူတို့တွေထဲမှာ တစ်ချို့က ဆရာအဆင့်ရေလွှာလှိုင်းစီးသူတွေဖြစ်ပြီး အေးစက်ပြီး လျှင်မြန်တဲ့ရေလှိုင်းထဲမှာ ရေထဲကိုရောက်လာတဲ့ နဂါးတွေလိုမျိုး ဆော့ကစားပြနေတာကြောင့် လူတွေက အုပ်စုလိုက် ကမ်းခြေမှာ ရပ်ပြီးကြည့်ရှုနေကြတယ်။

 

ရုန်ကျန်းက ရေလှိုင်းစီးဘုတ်ပေါ်မှာ မှောက်လျက်သား အနေအထားဖြင့် ပင်လယ်ဆီသို့ လှော်သွားလိုက်တယ်။

 

သူ့ရဲ့ ကိုယ်ပိုင် ရေပိုင်နက်ထဲမှာ လှည့်ပတ်ပြီး ကူးခတ်နေတဲ့ နဂါးမင်းကြီးလိုပဲ။

 

ရုန်ကျန်းက သူ့ရဲ့ရှေ့ကိုရောက်လာတဲ့ လှိုင်းလုံးတစ်ခုကို စီးဖို့အတွက် အလျှင်မလိုသေးဘဲ သူလိုချင်တဲ့ လှိုင်းလုံးရောက်လာဖို့အတွက် စောင့်နေခဲ့တယ်။

 

သေချာတာပေါ့။ အခုလေးတင်ရောက်လာတဲ့လှိုင်းက အလွန်လျှင်မြန်စွာပဲ ပြိုကွဲသွားခဲ့တယ်။ အတွေ့အကြုံမရှိတဲ့ ရေလွှာလှိုင်းစီးသူအများအပြားက ထိုလှိုင်းလုံးကြီးရဲ့ အပုတ်ခံလိုက်ရပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ကြကာ ကျွမ်းကျင်တဲ့ လှိုင်းစီးသူအနည်းငယ်ကပဲ ထိုလှိုင်းလုံးကို ရှောင်ဖယ်နိုင်ခဲ့တယ်။

 

နောက်ထပ် လှိုင်းလုံးတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်ပြီ။

 

အတွေ့အကြုံရှိ ရေလွှာလှိုင်းစီးသူတွေက ထိုရေလှိုင်းက အလွန်အကျွံပြည့်စုံတဲ့ ရေလှိုင်းဖြစ်ကြောင်း ချက်ချင်းပဲဆုံးဖြတ်နိုင်ခဲ့ကြပေမဲ့ ဒီတစ်ခုက အရမ်းကိုခက်ခဲလိမ့်မယ်။

 

ရေလှိုင်းစီးတာက စိန်ခေါ်မှုတစ်ခုဖြစ်ပြီး စိန်ခေါ်မှုတွေကိုကြောက်လန့်နေလို့မရဘူး။

 

တစ်ဖက်မှာ ခက်ခဲမှု မြင့်မားလေလေ သူ့တို့ရဲ့အောင်မြင်လိုတဲ့ ဆန္ဒတွေပိုပြီးပြီးထွားလာလေလေပဲ။

 

စွမ်းချီက ထိုသို့သော ရေလွှာလှိုင်းစီးသူတစ်ယောက်ပဲ။ သူက ပင်လယ်ပြင်ကို စိုက်ကြည့်ကာ ဝင်ဖို့အချိန်မှန်ကို စောင့်နေခဲ့တယ်။

 

ထိုအခိုက်မှာပဲ သူ့ရဲ့မျက်ဝန်းထောင့်မှ နက်ပြာရောင်ပုံရိပ်တစ်ခုက သူ့ရဲ့နောက်မှ မြားတစ်စင်းလို ဖြတ်ကျော်သွားတာကိုမြင်လိုက်ရတယ်။ ထိုသူက တစ်ခဏအတွင်းမှာပဲ ရေလှိုင်းတွေကိုထိုးခွင်းကာ မြင့်မားတဲ့ဒီရေနဲ့အတူ စီးနင်းလိုက်ပါသွားပြီး လေထဲမှာ လှပတဲ့ နောက်ပြန်ခုန်ချက်နဲ့ ရေလှိုင်းရဲ့အပေါ်မှာ မြဲမြံစွာရပ်နေခဲ့တယ်။

 

ကမ်းခြေမှာရှိနေတဲ့ ကြည့်ရှုသူတွေက အံ့ဩတကြီးနဲ့ ကျယ်လောင်စွာအော်ဟစ်ပြီး အားပေးလာကြတယ်။

 

ဘယ်လိုငရဲလဲဟ!

 

တာ့ရုန်က ဒီနေ့ ဘာတွေဖြစ်နေတာလဲ?

 

မင်း ဘာလို့ ရုတ်တရက်ကြီး လူထုကျော်ကြားမှုရဲ့အလယ်ကို ရောက်ချင်သွားရတာလဲ?!

 

စွမ်းချီက ဘယ်လိုလုပ် ပိုကောင်းအောင်လုပ်နိုင်တော့မှာလဲ?

 

သူ မှောက်နေတဲ့အနေအထားမှ တစ်ဝက်ထိုင်လျှက်အနေအထားကို ပြောင်းလိုက်ပြီး အမြန်အဆန်ထရပ်ကာ ရေလှိုင်းဆီကိုတိုးဝင်သွားလိုက်တယ်။

 

ရုန်ကျန်းက စွမ်းချီ နောက်ကလိုက်လာတာကိုမြင်ပေမဲ့ ထိတ်လန့်သွားခြင်းမရှိပဲ သူ့ရဲ့စည်းချက်တွေကို ထိန်းသိမ်းထားခဲ့တယ်။

 

ပင်လယ်နဲ့ဆက်သွယ်ပြီးမွေးဖွားလာတဲ့ဝေလငါးတွေလိုမျိုး ရေလှိုင်းတွေဆီကိုဦးတည်နေခဲ့တယ်။

 

အမျိုးသားနှစ်ယောက်က ကမ်းခြေပေါ်မှ ခရီးသွားတွေရဲ့အာရုံကိုဆွဲဆောင်နိုင်သွားခဲ့တယ်။

 

နောက်ထပ် ရေလှိုင်းတစ်ခုက မြင့်တက်လာပြီး သူ့ရဲ့ပုံစံကအပြာရောင်သလင်းကျောက်ဆွဲတွေလိုပဲ။

 

တာ့ရုန် ငါအရင်သွားမယ်!

 

စွမ်းချီ သူ့ရဲ့အရှိန်နှုန်းကိုမြှင့်လိုက်ပြီး ရုန်ကျန်းကိုဖိနှိပ်ဖို့ ရေလှိုင်းရဲ့အောက်ခြေမှ ထိုးတက်လာကာ တိုးဝင်သွားလိုက်တယ်။

 

ရေလှိုင်းက ပိုပြီးကြီးမားလာပြီး မကြာခင်မှာပဲ စွမ်းချီရဲ့ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီ။

 

လူအုပ်ကြီးက သူတို့ရဲ့အသက်ရှူရှိုက်မှုကို ရပ်ထားလိုက်မိတယ်။

 

ရုတ်တရက်ပဲ အဖြူရောင်ရေလှိုင်းထဲမှ စွမ်းချီရဲ့ပုံရိပ်က အားအင်ပြည့်ဝစွာ ထွက်ပေါ်လာတယ်။

 

လူအုပ်ကြီးက အားပေးသံတွေနဲ့ ဆူညံသွားရတယ်။

 

စွမ်းချီတစ်ယောက် ရေလွှာလှိုင်းစီးဘုတ်ပြားပေါ်မှာရပ်ရင်း မင်းသားလေးတစ်ယောက်လို လူတွေရဲ့ချီကျူးမှုကို ခံယူနေခဲ့တယ်။ သူက ရေလှိုင်းပေါ်မှ ကမ်းခြေမှာရှိတဲ့လူတွေရဲ့ အားကျတဲ့မျက်ဝန်းတွေနဲ့ နွေးထွေးတဲ့လက်ခုပ်သံကိုလက်ခံနေခဲ့တယ်။

 

ကမ်းခြေပေါ်မှလူတွေအကုန်လုံး သူ့ကိုကြည့်နေတာကိုမြင်တော့ စွမ်းချီ ရုန်ကျန်းဘက်ကို ဂုဏ်ယူစွာ လှည့်ကြည့်လိုက်တယ်။

 

သို့ပေမဲ့ သူ ပင်လယ်ပြင်ကိုလှည့်ပတ်ကြည့်လိုက်ပြီးချိန်မှာတောင် ရုန်ကျန်းကို မတွေ့ရဘူး။

 

ဟမ်?

 

တာ့ရုန် ဘယ်မှာလဲ?