(40)
ရုန်ကျန်း
ပင်လယ်ထဲမှာ လှဲရင်း နောက်ထပ် ရေလှိုင်းတစ်ခုကိုစောင့်နေခဲ့တယ်။ ဘယ်တုန်းကမှ
မလာခဲ့ဖူးလောက်အောင်ကြီးမားတဲ့ ရေလှိုင်းတစ်ခုက
ရေလွှာလှိုင်းစီးသမားတွေဆီကိုလာနေခဲ့ပြီ။
ဒီတစ်ကြိမ်မှာတော့
အရည်အချင်းရှိ ရေလွှာလှိုင်းစီးနေတဲ့လူတွေတောင် သူတို့ရဲ့ဗိုက်နဲ့ဖိကာ လှဲနေပြီး
စောင့်ကြည့်ဖို့ကိုသာ ရွေးချယ်လိုက်ကြတယ်
စစ်မှန်တဲ့ဟီးရိုးတွေက
မိုက်ရူးရဲဆန်တာကို ဘယ်တော့မှမလုပ်ဘူး!
မိုက်ရူးရဲဆန်တဲ့အမျိုးသားက
ဒီအခိုက်အတန့်မှာ သတ္တိရှိနေမှာဖြစ်ပြီး စစ်သည်တော်တွေကတော့
နောက်ထပ်အခွင့်အရေးကိုစောင့်ကြလိမ့်မယ်။
သို့ပေမဲ့
မိုက်ရူးရဲဆန်ခြင်းနဲ့ စစ်သည်တော်တွေရဲ့ကြားမှာ
နောက်ထပ်အမျိုးအစားတစ်ခုလည်းရှိသေးတယ်။
ထိုကဲ့သို့လူတွေကတော့
ကြောက်လန့်မှုဆိုတာကို မသိတဲ့လူတွေပဲ။
လူတွေရဲ့
အာမေဋိတ်သံကိုကြားတော့ စွမ်းချီက သံသယဖြစ်စွာကြည့်လိုက်တယ်။
ထို့နောက်မှာတော့
ရုန်ကျန်းတစ်ယောက် တံတိုင်းတစ်ခုလိုမြင့်မားတဲ့ လှိုင်းလုံးကြီးနဲ့အတူ ထိုးတက်လာကာ
နောက်ထက်ရေလှိုင်းတစ်ခုဆီကို လေထဲမှ ခုန်ဆင်းလိုက်တာကို မြင်တွေ့လိုက်ရတယ်။
အစိမ်းရောင်သန်းနေတဲ့
ရေလှိုင်းတွေက ဒေါသကြီးနေတဲ့သားရဲတွေလို တစ်လှိုင်းပြီးတစ်လှိုင်းရိုက်ခတ်လာပြီး
မဖိတ်ခေါ်ထားတဲ့ ဧည့်သည် ရုန်ကျန်းကို မောင်းထုတ်နေခဲ့ကြတယ်။
ကမ်းစပ်နားမှာရှိနေတဲ့
ခရီးသွားတွေ အားလုံးကတော့ သူ့အတွက် ချွေးပြန်နေကြပြီ။
စိတ်လှုပ်ရှားစရာ
ကောင်းတာကတော့ ရေလှိုင်းတွေက ဘယ်လောက်လျှင်မြန်စွာ လာနေပါစေ လက်တစ်ကမ်းအကွာမှာ
ရှိနေခဲ့တဲ့ ရုန်ကျန်းကိုတော့ အမှီမလိုက်နိုင်ခဲ့ကြဘူး။
ရုန်ကျန်းရဲ့ပုံစံက
ရေနဂါးတွေကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တဲ့ နဂါးသခင်တစ်ယောက်လိုမျိုး
လှိုင်းလုံးတွေပေါ်မှာ ရှိနေခဲ့တယ်။
လျို့ဝှက်ဆန်းပြားနိုင်လှတဲ့ပင်လယ်ပြင်က
သူ့ရဲ့ခြေဖဝါးအောက်မှာရှိနေခဲ့တယ်။
ဒီအချိန်မှာ
ဘယ်သူကမှ ထိုအမျိုးသားက ပင်လယ်ပြင်ရဲ့အရှင်သခင်ဖြစ်ကြောင်း သံသယမဝင်ကြတော့ဘူး။
အဖြူရောင်ရေလှိုင်းက
ပြိုကွဲသွားပြီး ကြီးမားတဲ့ ရေလှိုင်းစတွေအဖြစ် ပျံ့ကျဲသွားတယ်။
စွမ်းချီ
ဖြတ်ကျော်ခဲ့တဲ့မြင်ကွင်းလိုမျိုးပဲ ရုန်ကျန်းရဲ့ပုံရိပ်ကလည်း ကြီးမားတဲ့
ရေလှိုင်းကြီးထဲကို ပျောက်ကွယ်သွားခဲ့တယ်။
လူတွေက
ပင်လယ်ပြင်ကိုပဲ အာရုံစူးစိုက်ကာ ကြည့်နေခဲ့ကြတယ်။
ဒီလိုအချိန်တိုလေးက
သူတို့ရဲ့စိတ်ထဲမှာ နှစ်တစ်ရာလောက်ကြာမြင့်သွားသလိုပဲ။
ရုန်ကျန်းရဲ့
ရေလွှာလှိုင်းစီးဘုတ်က ရေထဲကိုဖြတ်သန်းလာတဲ့ နဂါးတစ်ကောင်လိုမျိုး
ရေပြင်ပေါ်ကိုတက်လာခဲ့ကာ လှိုင်းတွေရဲ့အပေါ်မှာ အရှိန်မြင့်မြင့်ဖွင့်ပြီး
လှပစွာကွေ့ဝိုက်ပြလာခဲ့တယ်။
လေနဲ့လှိုင်းတွေကိုစီးနင်းပြီး
အပြင်ရောကောင်းကင်ဆီမှ မိုင်ထောင်ချီအဝေးကို ဖြတ်သန်းလာခဲ့တယ်!
ဒီမြင်ကွင်းက
အရမ်းကိုတုန်လှုပ်စရာကောင်းလွန်းတယ်!
ပင်လယ်ပြင်ကိုအောင်နိုင်တဲ့
ကြယ်ပွင့်တွေက သူ့ရဲ့အနီးမှာတော့ ဘာမှမဟုတ်ခဲ့ဘူး။
ကမ်းစပ်တစ်လျှောက်မှာ
ချီးကျူးစကားတွေက ဆက်တိုက်ထွက်ပေါ်နေခဲ့တယ်။
လူအုပ်ကြီးရဲ့
ကြီးမားလွန်းတဲ့ ချီးကျူးသံတွေက ပင်လယ်ပြင်ကိုတောင် လွှမ်းမိုးသွှားခဲ့သလိုပဲ။
ရုန်ရုန်သောင်ပြင်ပေါ်မှာရပ်ရင်း
သူ့ရဲ့မျက်ဝန်းထဲမှာတော့ ရေလွှာလှိုင်းစီးဘုတ်ပြားပေါ်မှ
ရုန်ကျန်းရဲ့ရုပ်သွင်နဲ့ပြည့်နေခဲ့တယ်။
သူ့ရဲ့ရင်ဘတ်က
တင်းကြပ်ပြီး မွန်းကြပ်နေခဲ့ပြီ။
ဒီအချိန်ကျမှသာ
ရုန်ရုန်တစ်ယောက် သူ စိတ်လှုပ်ရှားလွန်းတဲ့အတွက် အသင်ရှူဖို့ မေ့နေခဲ့ကြောင်း
သတိပြုမိသွားတော့တယ်။
သူ အသက်ကို
ဖြည်းညှင်းစွာရှူထုတ်လိုက်ပေမဲ့ မျက်လုံးကတော့ ပင်လယ်ပြင်ကိုစိုက်ကြည့်နေဆဲဖြစ်ကာ
မျက်တောင်တောင် မခတ်ရဲခဲ့ဘူး။
မိုက်လိုက်တာ!
သူ့ရဲ့အတိတ်ဘဝတုန်းက
ရုန်ရုန်က ပြင်းထန်တဲ့အားကစားတွေကို သဘောကျခဲ့တယ်။
ရေလွှာလှိုင်းစီးတာကလည်း
ထိုအထဲမှတစ်ခုပဲ။
ရုန်ရုန် သူ့ရဲ့
ရေလွှာလှိုင်းစီးကျွမ်းကျင်မှုအပေါ် အမြဲတမ်းဂုဏ်ယူခဲ့တယ်။
ရေလွှာလှိုင်းစီးတာက
သူ့အတွက်တော့ အသက်ရှူနေရသလိုပဲ။ ဒီထက်ပိုပြီးမလွယ်ကူနိုင်တော့ဘူး။
အဲလိုဆိုရင်တောင်
အခုလိုလှိုင်းကြီးရဲ့အပေါ်မှာဆိုရင်တော့ ရုန်ရုန်အနေနဲ့
ထိုလှိုင်းပြိုကွဲသွားချိန်မှာ ကောင်းမွန်စွာထွက်လာနိုင်ပါ့မလားဆိုတာ မသေချာဘူး။
အခုလိုမျိုး ခက်ခဲလွန်းတဲ့ကွေ့ဝိုက်မှုမျိုးကိုတော့ ထားလိုက်တော့။
အရမ်းမိုက်တာပဲ!
ဒီလိုအင်အားကြီးမားလွန်းတဲ့လူက
သူ့ရဲ့အစ်ကိုလေ။
ရုန်ရုန်
သူ့ရဲ့လက်ကို ရင်ဘတ်ပေါ်မှာတင်ပြီး နှလုံးခုန်သံတွေကို ထိန်းလိုက်မိတယ်။
သူမွေးဖွားလာကတည်းက
အခုလိုစိတ်မလှုပ်ရှားရတာ ကြာမြင့်လွန်းလှပြီ။
ဒီလိုစိတ်လှုပ်ရှားမှုမျိုးက
သူ “အိပ်ပျော်နေတဲ့အလှလေး”ကိုအောင်မြင်သွာဖော်ထုတ်နိုင်ခဲ့ချိန်နဲ့တောင်
ယှဥ်နိုင်တယ်။
စွမ်းချီ
ရေထဲမှာကူးခတ်လိုက်ပြီး ရုန်ကျန်းရဲ့ဘေးကိုသွားလိုက်တယ်။ ဒီနေ့အတွက်
သူ့သူငယ်ချင်းရဲ့အပြုအမူကို အတော်လေးနားမလည်နိုင်ဖြစ်နေရပြီ။
“တာ့ရုန်
ဒီနေ့မင်းရဲ့အပြုအမူတွေက
သူ့ရဲ့အမြီးကိုဖြန့်ကားပြနေတဲ့ဒေါင်းဖိုတစ်ကောင်နဲ့တူနေတယ်လို့
ငါဘာလို့တွေးမိနေတာလဲ”
ပုံမှန်အားဖြင့်
စွမ်းချီက ရုန်ကျန်းကို ရေလွှာလှိုင်းစီးဖို့ခေါ်ရင် သူကအလုပ်ခရီး၊ ဒါမှမဟုတ်
အချိန်ပိုဆင်းနေရကြောင်းတွေကို ပြောပြီး ငြင်းဆန်လိမ့်မယ်။
အဆုံးမှာ
ရုန်ကျန်းက သူ ရေလွှာလှိုင်းစီးဖို့ သူငယ်ချင်းအုပ်စုကိုဖိတ်ခေါ်တဲ့အချိန်တိုင်း
ရေထဲကိုဆင်းတဲ့အချိန်အနည်းဆုံးလူပဲ။
စွမ်းချီ
ရုန်ကျန်းကို ရေလွှာလှိုင်းစီးဖို့သင်ပေးခဲ့ကတည်းက ရုန်ကျန်း
သူ့ရဲ့အရည်အချင်းတွေကို အခုလိုထုတ်ပြတာကို ပထမဆုံးမြင်တွေ့ဖူးတာပဲ!
ရုန်ကျန်း
သူ့ကိုလျစ်လျူရှုပြီး ရေလွှာလှိုင်းစီးဘုတ်ကိုပဲ ဖြည်းညင်းစွာလှော်ခတ်နေလိုက်တယ်။
သူ ရေလွှာလှိုင်းမစီးတာ အချိန်ကြာမြင့်နေပြီဖြစ်လို့ အရှေ့အနောက် အနည်းငယ်
စီးပြီးသွားချိန်မှာ ခန္ဓာကိုယ်က ပင်ပန်းနေခဲ့ပြီ။
ခဏလောက်အနားယူပြီးနောက်
ရုန်ကျန်း သူ့ရဲ့ ရေလွှာလှိုင်းစီးဘုတ်ပြားနဲ့အတူ ကမ်းခြေဆီကိုပြန်သွားခဲ့တယ်။
စွမ်းချီ:” ငါ့ကိုစောင့်ဦး! အတူပြန်ကြမယ်!”
ကမ်းစပ်မှာတော့
ချောမောတဲ့ အမျိုးသားအမျိုးသမီးတွေက သူတို့ကို လှမ်းပြီးနှုတ်ဆက်လာကြတယ်။
ထိုအထဲကအလှလေးတွေ အများစုက ရုန်ကျန်းဆီကိုသွားပြီး စကားလာပြောကြလေတယ်။
စွမ်းချီ
ရေလွှာလှိုင်းစီးဘုတ်ပြားကို ကိုင်ရင်း သဘောမကျစွာအော်လိုက်တယ်
“အရမ်းလွန်နေပြီ ငါက
ဖောက်ထွင်းမြင်ရတဲ့လူ(မမြင်နိုင်တဲ့လူ)လား”
ရုန်ကျန်းက
အရောင်စုံရှိနေတဲ့ အလှလေးတွေအားလုံးနဲ့ စကားပြောဖို့ကိုငြင်းဆန်ကာ အရှေ့ကိုပဲ
ဆက်လျှောက်လာခဲ့တယ်။ သူ့ကိုရေနဲ့ တဘက်ပေးချင်တဲ့ သူတွေလည်း ရှိနေပေမဲ့ ရုန်ကျန်းက
လူတိုင်းကိုငြင်းဆန်ခဲ့တယ်။
ဒါပေါ့
စွမ်းချီကိုကြိုက်တဲ့လူတွေလည်းအများကြီးကျန်ရှိနေတုန်းပဲ။ သို့ပေမဲ့
ရုန်ကျန်းနဲ့ယှဥ်လိုက်ရင် အတော်လေးနည်းပါးလွန်းတယ်။
စွမ်းချီ
နောင်တရနေပြီ။
သူ တာ့ရုန်နဲ့အတူ
ကမ်းခြေကိုပြန်မလာသင့်ဘူး။ ဒါက သူ့ကို လူကြိုက်နည်းအောင်လုပ်နေတာပဲ!
စိတ်အနှောက်အယှက်ဖြစ်လိုက်တာ!
“ကောကော!”
ရုန်ရုန်
လူအုပ်ကိုဖြတ်ကျော်ပြီး ပြေးလာခဲ့တယ်။
“ကောကော ချီကော..
ကောတို့က အခုလေးတင် အရမ်းယောကျာ်းပီသတာပဲ!”
လမ်းတစ်လျှောက်လုံး
အတော်လေးလျစ်လျူရှုခံလာရတဲ့ စွမ်းချီတစ်ယောက် ရုန်ရုန်ရဲ့စကားကိုကြားတော့ အတော်လေး
စိတ်ချမ်းသာသွားခဲ့တယ်။
သူက
ရုန်ရုန်ရဲ့ပုခုံးပေါ်မှာ လက်တင်ရင်း:
“
ငါ့ရဲ့ရှောင်ရုန်ရုန်ကပဲ ချီကောကိုဂရုစိုက်ဖို့ မှတ်မိနေသေးတာ”
ရုန်ကျန်း
မျက်မှောင်ကြုတ်ကာ စွမ်းချီရဲ့လက်ကို ဖယ်ထုတ်လိုက်ပြီး ရုန်ရုန်ကိုမေးလာတယ်။
“ဦးထုတ်ရော”
ရုန်ရုန်
ညာဘက်လက်ကို မြှောက်ပြလိုက်တယ်။
“အခုလေးတင်
မြင်ကွင်းကိုပိတ်နေလို့ ချွတ်ထားတာ”
“ပြန်ဆောင်းလိုက်”
“ကောင်းပါပြီ”
ရုန်ရုန်
နာခံစွာနဲ့ ဦးထုပ်ပြန်ဆောင်းလိုက်ပြီး သိချင်တာကိုမေးလိုက်တယ်။
“ကောကော..
ကောကာဘယ်အချိန်တုန်းက ရေလွှာလှိုင်းစီးတာကိုသင်လိုက်တာလဲ”
“တက္ကသိုလ်
ဒုတိယနှစ်တုန်းက”
ရုန်ရုန် အကြာကြီး
တိတ်ဆိတ်သွားရတယ်။
ရုန်ရုန်က
ရုန်ကျန်းရဲ့ ကျွမ်းကျင်တဲ့အရည်အချင်းတွေအရ ရေလွှာလျှောစီးတာကို
ဟိုအစောပိုင်းလောက်ကတည်းက သင်ထားခဲ့တယ်လို့ ထင်ခဲ့တာ။
ရလဒ်က
တက္ကသိုလ်ဒုတိယနှစ်ကျမှ သင်ခဲ့တာတဲ့လား?
စွမ်းချီက
ချက်ချင်း ဝင်ပြောလာတယ်။
“တကယ်
စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ် ဟုတ်တယ်မလား? လူအများစုက ကလေးဘဝကတည်းက
ရေလွှာလှိုင်းစီးဖို့ သင်ယူခဲ့တာတောင် သူ အခုရောက်နေတဲ့အဆင့်ကို
မတက်လှမ်းနိုင်ကြဘူး.. အဲဒီကောင်က ဒုတိယနှစ်ကိုမရောက်ခင်တုန်းက
ရေလွှာလှိုင်းစီးဘုတ်ပြားကို ထိတောင်မထိခဲ့ဖူးတာကို မင်းသိသင့်တယ်..
ဘုရားရှင်ကတော့ သေချာပေါက် ဘက်လိုက်တတ်တာပဲ!”
“ ချီကောပြောတာ
မမှန်သေးဘူး”
စွမ်းချီ
ချက်ချင်းပဲ စိတ်ဝင်စားသွားတယ်။
“ ဟမ်?
မင်းဘယ်လိုပြောချင်တာလဲ”
ရုန်ရုန်
အလေးအနက်ပြောလိုက်တယ်။
“ကျွန်တော့်ရဲ့ကောကောက
ကောင်းကောင်းလုပ်နိုင်တဲ့အရာတွေအများကြီးရှိတယ်.. ဒီတော့ ဘုရားရှင်က သူ့ကို
ဆုချီးမြှင့်ထားတာပဲ”
စွမ်းချီ
ပြောစရာမဲ့သွားရတယ်။
“မင်းတို့နှစ်ယောက်ကတော့
တကယ်ညီအစ်ကိုအစစ်ပဲ! တစ်ယောက်ကိုတစ်ယောက်မြှောက်ပင့်နေကြတယ်.. လိုက်ဖက်တဲ့
တွဲဖက်တွေ!”
စွမ်းချီနဲ့
ရုန်ကျန်းတို့ သူတို့ရဲ့ ရေလွှာလှိုင်းစီးဝတ်စုံကို ပြန်လဲဖို့
အဝတ်လဲခန်းထဲကိုဝင်လာကြတယ်။
“တာ့ရုန်.. မင်း
ညဘက် ရေပူစမ်းကိုသွားဦးမလား”
စွမ်းချီက
ရေချိုးပြီးနောက် သူ့ဘေးက ရုန်ကျန်းကို မေးလိုက်တယ်။
ရုန်ကျန်းက
ရေပန်းကိုပိတ်လိုက်ပြီး:
“
ရုန်ရုန်ရဲ့အလာ့ဂျစ်က သေချာမပျောက်သေးတော့ ရေပူစမ်းကိုသွားလို့မရသေးဘူး”
စွမ်းချီ
ဒေါသထွက်လာရတယ်။
“ရှောင်ရုန်ရုန်
အလာ့ဂျစ်မကောင်းသေးရင် မင်းငါနဲ့အတူသွားလို့မရဘူးလား.. ဘာလဲ? ရှောင်ရုန်ရုန်က
သုံးနှစ်သားလေးလား? မင်းက မျက်စိဒေါက်ထောက်ပြီး ကြည့်နေမှဖြစ်မှာလား”
ရုန်ကျန်း
သူ့ရဲ့ခန္ဓာကိုယ်ကို ရေသုတ်လိုက်တယ်။
“မင်းမှာ ညီလေး
မရှိတော့နားလည်မှာမဟုတ်ဘူး”
အစ်မငါးယောက်ရှိပြီး
မိသားစုရဲ့အငယ်ဆုံးကလေးဖြစ်တဲ့ စွမ်းချီတစ်ယောက် မျက်လုံးလှန်လိုက်မိတယ်။
“
မင်းရဲ့သတိပေးချက်အတွက်ကျေးဇူးတင်ပါတယ်.. တကယ်လို့ငါ့မှာညီလေးရှိရင်တောင်
အဖေတစ်ယောက်လိုတော့ လုပ်မနေနိုင်ဘူး”
ရုန်ကျန်း
အဝတ်တွေကိုဝတ်ဆင်လိုက်တယ်။
“မင်းရဲ့ကားသော့ယူလာလား”
“ယူလာတယ်”
စွမ်းချီ
သတိလက်လွတ်ဖြေပြီးမှ တစ်စုံတစ်ခုကိုတွေးမိသွားတယ်။
သူ ခေါင်းပေါ်မှ
ဆံပင်တွေကို ပွတ်သပ်ရင်း:
“ မင်း ဒီည ငါနဲ့
ရေပူစမ်းကိုလိုက်ဖို့ငြင်းတာက မင်းညီလေးနဲ့ ကျွန်းတစ်လျှောက်ကားမောင်းမလို့
စီစဥ်နေလို့တော့မပြောနဲ့နော်”
ကားမောင်းထွက်မလို့လား?
ဒါက
အကြံကောင်းတစ်ခုပဲ။
“သော့က
မင်းရဲ့ဘောင်းဘီအိတ်ကပ်ထဲမှာလား”
“ငါ့ရဲ့ဇနီးလေးကို
ထိဖို့မတွေးနဲ့! သူငယ်ချင်းရဲ့ဇနီးဆိုတာ မထိသင့်တဲ့အရာပဲဆိုတဲ့စကားကို
မကြားဖူးဘူးလား! ငါမင်းကိုပြောမယ်.. မင်းသာ ငါရဲ့ဇနီးကိုငှားချင်တယ်ဆိုရင်
လုံးဝမဖြစ်နိုင်.....”
ရုန်ကျန်း
စွမ်းချီရဲ့ ခန်းစီးကို ဖွင့်ဟလိုက်တယ်။
ပြီးနောက်
စွမ်းချီရဲ့အခန်း ပေါ်မှာချိတ်ဆွဲထားတဲ့ ဘောင်းဘီကိုဆွဲယူပြီး ကားသော့ကို
ဆွဲထုတ်လိုက်တယ်။
“ငါ မင်းကို
နောက်ကျရင် ပြန်ပေးမယ်”
ထို့နောက်ဘောင်းဘီကို
ပြန်တင်လိုက်ပြီး ခန်းစီးကိုပြန်ပိတ်ကာ ထွက်သွားခဲ့လေတယ်။
အဝတ်လဲခန်းဆီမှာ
တံခါးမရှိဘဲခန်းစီးတွေနဲ့သာ ကာရံထားတာ။
စွမ်းချီတစ်ယောက်
တုံ့ပြန်နိုင်ဖို့အတွက် စက္ကန့်အနည်းငယ်လောက်ကြာသွားရတယ်။
“ငါလိုး... ငါလိုး!
တာ့ရုန် ငါ့ကားသော့ကိုပြန်ပေးစမ်း!”
ရုန်ရုန်က
အပြင်ဘက်မှ ကမ်းခြေမှာထိုင်ရင်း ရုန်ကျန်းနဲ့
စွမ်းချီတို့ပြန်ထွက်လာမှာကိုစောင့်နေခဲ့တယ်။
ထိုအချိန်မှာပဲ
သူ့ရဲ့ပုခုံးကို အပုတ်ခံလိုက်ရတာကြောင့် ရုန်ရုန်ရဲ့မျက်နှာက ချက်ချင်းပဲ
အေးစက်သွားရကာ သူ့ရဲ့ခေါင်းကိုပြန်လှည့်ကြည့်လိုက်တယ်။ တစ်ဖက်လူက
ရုန်ကျန်းဖြစ်နေတာကိုမြင်မှ ထိုအေးစက်မှုတွေက အရိပ်အယောင်တောင် မကျန်လောက်အောင်
ပျောက်ပြယ်သွားရတယ်။
“ကောကော ချီကောရော”
ရုန်ရုန်
ရုန်ကျန်းနောက်ကိုလှမ်းကြည့်လိုက်ပေမဲ့ စွမ်းချီကိုတော့ မမြင်လေဘူး။
“သူ
ရေချိုးနေတုန်းပဲ.. အရင်သွားရအောင်”
“အိုး ကောင်းပါပြီ”
ရုန်ကျန်း
ဟိုတယ်ကိုပြန်ပြီး ရေစိုခံအိတ်ထဲမှာထည့်ထားတဲ့ အဝတ်အစားတွေနဲ့ ရေလွှာလှိုင်းစီး
အဝတ်အစားတွေကို ကာစတာမာဝန်ဆောင်မှုဆီကို အပ်ကာ ပြီးရင် လာပို့ဖို့ပြောလိုက်တယ်။
ပြီးနောက်
ဘေးမှာစောင့်နေတဲ့ရုန်ရုန်ကို လှမ်းပြောလိုက်တယ်။
“သွားရအောင်”
သူတို့တွေ
အခန်းဘက်ကိုမပြန်ပဲ ဟိုတယ်ဝင်ပေါက်ဘက်ကို ပြန်သွားနေတာကိုမြင်တော့ ရုန်ရုန်
စိတ်ရှုပ်ထွေးသွားတယ်။
“ကောကော
ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ”
ရုန်ကျန်း သူ့ကို
ငုံ့ကြည့်လာတယ်။
“ကားသွားမောင်းမယ်..
လိုက်မှာလား”
“လိုက်မယ်!”