Chapter 18
Viewers 2k

🧶 Chapter 18

ဟုတ်တယ်မလား လောင်ကုန်း

‌


လိမိသားစုမှာ နှစ်သစ်ကူးကို ဆိုးဆိုးရွားရွားပင် ဆူညံပွက်လောရိုက်လျက် ဖြတ်သန်းခဲ့ကြရသည်။


လိယောင်ဟန်မှာ ဒေါသကြောင့် နှလုံးရောဂါရသွားပြီးပြီး လိမိသားစုဝင်များက ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြရသည်ဟု ဆို၏။


သူတို့က ကုမ္ပဏီအတွက်ရည်ရွယ်ကာ လိထျင်းကို လက်ထပ်ပေးခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် သားကိုသာမက ကုမ္ပဏီကိုပါ ဆုံးရှုံးလိုက်ရလေသည်။


ရွှီချန်းယွဲ့က လိမိသားစုထံမှ ဖုန်းခေါ်ဆိုမှုများစွာရကြောင်း ပြောသော်လည်း သူကူညီနိုင်သည့် နည်းလမ်းမရှိပေ။ ငွေများများ ထပ်ထည့်ပေးလျှင်ပင် အလကားသာ ဖြစ်သွားလိမ့်မည်။ 


သူက ပြောလာသည်။

"ငါ သူတို့ကို မကူညီခဲ့တာမဟုတ်ဘူး ငါ ယွမ်သန်းတချို့ ပေးခဲ့သေးတယ်… အဲဒါကို တင်တောင်းငွေလို့ သတ်မှတ်လိုက်ပါဆိုပြီးတော့ပေါ့…"  


ရွှီကျိ၏ ပါးစပ်မှာ တွန့်သွားရသည်။ 


ဒါဆို အဲဒီ သန်းတချို့ကို လိထျင်းက မျိုချခဲ့တာပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား…


ရက်သတ္တပတ်ပေါင်းများစွာ ကြာပြီးနောက် သူ လိထျင်းအကြောင်းကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။


အသိုင်းအဝိုင်းထဲမှ လူများက ထိုအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောစရာအကြောင်းအရာအဖြစ်သာ သဘောထားခဲ့ကြသည်။ လိမိသားစု၏ တရားမဝင်သားက အရာအားလုံးကို လုံးဝပြောင်းလဲပစ်လိုက်သည်ဟု ပြောကြသည်။ ကုမ္ပဏီမှာ အခွံသက်သက်သာ ဖြစ်သွားပြီး ပိုင်ဆိုင်ခွင့်မှာလည်း လိထျင်း၏လက်ထဲသို့ လုံးဝ ရောက်ရှိသွားခဲ့သည်။


ရွှီကျိအတွက်မူ လိထျင်းက သူပိုင်ဆိုင်သင့်သည့်အရာကို ပြန်လည်ရယူခြင်းထက် သူ၏စိတ်ပျက်မှုများကို ထုတ်ဖော်နေခြင်းနှင့် ပိုတူနေ၏။ မည်သို့ပင်ဖြစ်စေ သူက သူ့ဖခင်၏တစ်သက်တာလုံး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသည့် လုပ်ငန်းကို ဖျက်ဆီးပစ်သည်ပင်။


ကောလဟာလများအရ စီးပွားရေးအသစ်တစ်ခု ပြန်စရန် ရန်ပုံငွေ အလုံအလောက်မရှိဟူ၍။


သူသတင်းကြားပြီး နောက်တစ်စက္ကန့်၌ပင် ရွှီချန်းယွဲ့က ဖုန်းခေါ်ဆိုပြီး အလေးအနက် မေးမြန်းလာသည်။

"မင်း မိန်းမက ဘာဖြစ်တာလဲ…"  


ထိုအချိန်တွင် ရွှီကျိတစ်ယောက် ကိစ္စပေါင်းများစွာကို တွေးတောမိသွားသသည်။


လိထျင်းအနေဖြင့် ချမ်းသာသော အမျိုးသမီးငယ်များအကြား ထင်ရှားပေါ်လွင်ရသည့် အကြောင်းအရင်းမှာ သူတို့မိဘများက လိထျင်း၏ ထူးခြားသောမျက်နှာနှင့် နာခံတတ်သည့် စရိုက်ကြောင့် ဆွဲဆောင်ခြင်းခံရ၍ပင် ။


မည်သို့ပင်ဖြစ်စေ သူတို့မိသားစုအနေဖြင့် လူမှုရေးအဆင့်အတန်း တန်းညှိနိုင်ရန်အတွက်သာမက အခြားမည်သည့်အကျိုးအမြတ်အတွက်မှ လက်ထပ်ထိမ်းမြားရန် မလိုအပ်ပေ။ အကြောင်းမှာ ဝမ်ယွဲ့အုပ်စုက စက်မှုလုပ်ငန်းတွင် ဦးဆောင်နေပြီး အခြားကုမ္ပဏီများ၏ ၉၅ရာနှုန်းမှာ သူတို့ကို ကျေနပ်အောင် လုပ်ဆောင်ပေးနေရသောကြောင့်ဖြစ်၏။


အခြားသူများအတွက် မယုံနိုင်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရွှီချန်းယွဲ့နှင့် ချန်လျန့်တို့၏ ရည်ရွယ်ချက်မှာရိုးရှင်း၏။ သူတို့က သူတို့၏ တစ်ဦးတည်းသောသားအတွက် ဇနီးတစ်ဦး ရှာဖွေပေးရန်သက်သက်သာ။


သူတို့နှစ်ဦး လှည့်စားခံခဲ့ရကြောင်းနှင့် လိထျင်း၏ စရိုက်အမှန်မှာ အလွန်ဆိုးရွားကြောင်းကိုသာ သိရှိသွားပါက ကွာရှင်းရုံသက်သက်မျှ မဟုတ်တော့ပေ။


ကုမ္ပဏီကို အစမှစ၍ ပြန်လည်တည်ထောင်ရန်အပထား၍ အခြေမခိုင်သေးသည့် လုပ်ငန်းလေးကို ဝမ်ယွဲ့အုပ်စုအနေဖြင့် ဥမှပေါက်ရုံမျှနှင့်ပင် တိုက်ရိုက်ဖြိုလှဲပစ်နိုင်သည်။


ရွှီကျိက မျက်တောင်ဖွဖွခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ကျွန်တော် သူ့ကို လုပ်ခိုင်းလိုက်တာ…" 


ရွှီချန်းယွဲ့: “ဪ”


"အဖေ သူ့အချက်အလက်တွေကို မစစ်ဆေးခဲ့ဘူးလား…" 

ရွှီကျိက ပြောလိုက်သည်။

 "သူ့အဖေက ဖောက်ပြန်ခဲ့တာလေ နောက်ပိုင်းကျ မယားငယ်က သားကြီးဆိုတဲ့နေရာနဲ့ အိမ်တော်သခင်မနေရာကို သိမ်းပိုက်လိုက်တာ… ငယ်ငယ်ကတည်းက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံကြတာနော် လိယောင်ဟန်က နောက်ဆို ကုမ္ပဏီကို သူ့သားအကြီးဆုံးကို ပေးမယ်လို့တောင် ပြောထားသေးတယ်…"


အဓိကဆိုရလျှင် ထိုသို့ပြုလုပ်ရခြင်းမှာ ရွှီကျိအနေဖြင့် နောက်တစ်ကြိမ်လက်မထပ်လိုသောကြောင့်ပင်။ သူ လိထျင်းနှင့် အခြေကျပြီးနောက် သူ့မိဘများ၏ သူ့အပေါ် ဂရုစိုက်မှုများက တကယ်ပင် လျော့နည်းသွားခဲ့သည်။


နှစ်ဦးစလုံးကလည်း တစ်ဦးနှင့်တစ်ဦး မကြိုက်ကြောင်း သိထားကြပြီး အချင်းချင်း အနှောင့်အယှက်လည်း မပေးကြပေ။ ဤအတိုင်းပင် ကောင်းမွန်နေသည်။


ရွှီချန်းယွဲ့က ပြောလာသည်။

"လိယောင်ဟန်က သူ့သားအကြီးဆုံးကို ကုမ္ပဏီပေးချင်တယ်ဆိုတဲ့ ဘာအချက်အလက်ကိုမှ ရှာမတွေ့ဘူး…"


ရွှီကျိက ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်တာက သူ့အိမ်မှာပဲ ပြောခဲ့တာနေမှာပေါ့…ကျွန်တော်က အဖေ့ရဲ့ ချွေးမကို သူပိုင်ဆိုင်တာတွေ ပြန်ယူခိုင်းရုံပဲ…"


မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည့်အတိုင်း ရွှီချန်းယွဲ့က အဓိကအချက်ကို ချက်ချင်းနားလည်သွားပြီး မေးလာသည်။

"ဒီတော့ ငါ ပစ်ပေးလိုက်တဲ့ ယွမ်သန်းတချို့က ပျောက်သွားတာလား ဒါမှမဟုတ် ငါ့ချွေးမဆီ ရောက်သွားတာလား…"  


ရွှီကျိ ခေါင်းကိုက်သွားသည်။ ဤအထိ ကူညီပေးခဲ့သည်မှာ အတိုင်းအဆမဲ့ ကူညီပေးခြင်းပင်ဖြစ်၍ ရွှီကျိတစ်ယောက် တာဝန်ကို ကာယကံရှင်ထံ ပြန်လွှဲပေးရန် တွန့်ဆုတ်မနေပေ။

 "ကျွန်တော်မသိဘူး အဖေ သူ့ကိုကိုယ်တိုင်မေးလိုက်…"


ဖုန်းချလိုက်ပြီးနောက် နောက်ထပ်ဖုန်းတစ်ခုက ဆက်တိုက်ပင် ဝင်လာခဲ့သည်။ ခေါ်ဆိုသူက လိထျင်းပင်။

"ကျွန်တော် ခင်ဗျားကို ဆယ်ကြိမ်မက ဖုန်းခေါ်ခဲ့ပေမဲ့ ခင်ဗျားဘက်က ဖုန်းမအားဘူး ဖြစ်နေတာ…"


ရွှီကျိက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"အင်း ထင်ထားတဲ့အတိုင်းပဲ ခုနက ငါ အဖေနဲ့ ဖုန်းပြောနေတာ"


လိထျင်း "..."


ထိုအခိုက်အတန့်တွင် လိထျင်းမှာ တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။


ဆိုးတာပဲ… အတော်လေးကိုဆိုးတာ…

ရွှီကျိက သူ့အတွက် ဖုံးကွယ်ပေးလိမ့်မည်ဟု မတွေးထားသည့်အတွက် ယင်းက သူ့စိတ်ထဲရှိ တစ်ခုတည်းသော အတွေးပင် ဖြစ်၏။


လွန်ခဲ့သည့်ရက်များ၌ သူအလွန်ပင် အလုပ်များနေခဲ့သည်။ ကုမ္ပဏီမှ ဝန်ထမ်းဟောင်းများကို စိတ်တည်ငြိမ်အောင်လုပ်ပေးရန်၊ ကုမ္ပဏီမှ အရှုပ်ထုပ်တို့အား ဖြည်ချရန်နှင့် လိမိသားစုကြောင့်ဖြစ်ရသည့် ပြဿနာများကို ဖြေရှင်းရန် နေ့မအား ညမအား အလုပ်လုပ်နေခဲ့ရသည်။ ရလဒ်အနေဖြင့် ရွှီကျိနှင့် ကြိုတင်ညှိနှိုင်းဖို့ရာ မေ့သွားခဲ့၏။


သူသာ ရွှီချန်းယွဲ့ကို စိတ်ဆိုးအောင် လုပ်မိပြီး ဝမ်ယွဲ့အုပ်စုက သူလေလံဆွဲသမျှ ပြိုင်ဆိုင်သမျှတို့ကို ပိတ်ဆို့လိုက်ပါက သူ့တွင် အခွင့်အရေး လုံးဝမရှိတော့ပေ။ မည်သူကမှ ဝမ်ယွဲ့အပေါ် အမှားမလုပ်ရဲကြချေ။


လိထျင်း၏အသံမှာ အက်ရှနေသည်။

 "ခင်ဗျားတို့ ဘာတွေပြောကြတာလဲ…"


ရွှီကျိမှာ သူတစ်ပါးကို စနောက်ကာ စိုးရိမ်ပူပန်နေသည်ကို ကြည့်ရခြင်းအား သဘောကျသူတစ်ဦး မဟုတ်ပေ။ သူက အရှိအတိုင်းသာ ပြောလိုက်၏။

"ဝမ်ယွဲ့က ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ…"


လိထျင်း:"ကျွန်တော့်မှာ ရှိပါတယ်…"


"ဒါဆိုလည်း ငါ့အဖေကို ဘယ်လိုရှင်းပြမလဲ စဉ်းစားထားလိုက်…" 

ရွှီကျိက တိုက်ရိုက်ပင် ပြောလိုက်သည်။


လိထျင်းမှာ အမြန်မတုံ့ပြန်နိုင်ခဲ့ပေ။ 

"ဘာကိုလဲ…"


ရွှီကျိက ပြောလိုက်သည်။

 "ငါ့အဖေကို ပြောထားတယ် မင်းကို အဲဒီလိုလုပ်ဖို့ ငါခိုင်းခဲ့တာလို့ မင်းကိုယ်မင်း ပေါ်သွားအောင်သာ မလုပ်နဲ့…"


အခန်းထဲတွင် အလင်းရောင်မရှိဘဲ ဝေဝါးဝါးပုံရိပ်တစ်ခုက အမှောင်ယံထဲတွင် ဖုံးကွယ်ခံထားရသည်။ လိထျင်းက ဆိုဖာပေါ်တွင် ခြေတစ်ဖက်ကို ကွေးတင်ထားပြီး ကျန်တစ်ဖက်ကို ဆန့်တန်းကာ အပန်းဖြေနေခြင်းပင်။ သူက သူ၏နဖူးကို ဒူးခေါင်းပေါ်ဖိကာတင်လိုက်ရင်း နားထင်တို့က ခပ်သဲ့သဲ့ထိုးကိုက်နေသည်ကို ခံစားနေခဲ့ရသည်။


ရွှီကျိ၏အသံမှာ အကြောင်းတစ်ခုခုကြောင့် အစစ်အမှန်မဟုတ်သလို ခံစားနေခဲ့ရပြီး လိထျင်းမှာ ခဏမျှ ရပ်တန့်သွားရလျက် မျက်လုံးများကို ရုတ်တရက်ပင် ဖွင့်လိုက်လေသည်။ 


"ဘာ..." 

သူက မေးလိုက်သည်။


ရွှီကျိကလည်း ထူးမခြားနားပင်။ 

"တခြားဘာမှမရှိတော့ရင် ငါ အရင်ဖုန်းချလိုက်မယ်…"


"ခဏလေး…" 

လိထျင်းက မသိစိတ်အရ အော်လိုက်မိသည်။ အချိန်ကြာအောင် ပင်ပန်းနွမ်းနယ်ခဲ့ရသောကြောင့် သူ၏အသံမှာ ပြောင်းလဲနေပြီး ဖျားတော့မလိုပင် ခံစားနေရသည်။

လိထျင်းက ပြောလိုက်သည်။

"ကျေးဇူးပါ…"


ရွှီကျိ: "အင်း"


နောက်ပိုင်းကာလများတွင် လိထျင်းအနေဖြင့် S မြို့တွင် နေထိုင်ရမည့်ပုံပင်။ ရွှီကျိက ရွှီချန်းယွဲ့ကို မည်သို့ပြောခဲ့သည်အား သေချာမသိသော်လည်း သူ ညစာစားရန် အိမ်ပြန်လာချိန်၌ ရွှီချန်းယွဲ့နှင့် ချန်လျန့်တို့က ပုံမှန်အတိုင်းပင် ပြုမူကြပြီး လိထျင်း အဆင်ပြေမပြေကိုပင် အပြုံးမပျက် မေးမြန်းကြသေးသည်။


သေချာသည်မှာ ရွှီကျိက အရာအားလုံး အဆင်ပြေကြောင်း ပြောခဲ့သည့်တိုင် တကယ်တမ်းတွင် လိထျင်း အသက်ရှင်သေးလား၊ သေဆုံးသွားသလားဆိုသည်ကို သူ မသိပေ။


အားလပ်ချိန်များတွင် ရွှီကျိက နှင်းလျှောစီးရန်သွားခဲ့ပြီး နှင်းလျှောစီးအပန်းဖြေစခန်းတွင် တစ်နေကုန် နေနေခြင်းဖြစ်သည်။ သူ အနားယူရသည့် အကြောင်းရင်းမှာ သူသဘောကျနှစ်ခြိုက်သည်တို့ကို လုပ်နိုင်ရန်သာ။


ကျိဖန်းချီက ဆောင်းရာသီကျောင်းပိတ်ရက်မှာ ရောက်မလာသေး၍ ဖြစ်သော်ငြား ကျိချီကမူ သူနှင့်မတူပေ။ သူက မိသားစုစီးပွားရေးကို အမွေဆက်ခံရမည် ဖြစ်၏။ ကျန်လူအားလုံးက အလုပ်များနေခဲ့ကြသည်။


ကံကောင်းစွာဖြင့် ရွှီကျိမှာ မူလကတည်းက သဘာဝကျကျပင် တစ်ကောင်ကြွက်တစ်ဦး ဖြစ်နေ၏။ သူ့ကို အနှောင့်အယှက်ပေးမည့်သူ မရှိသဖြင့် သူက နှင်းလျှောစီးနေရခြင်းကို ပို၍ပင် နှစ်သက်သေးသည်။


တစ်နေ့ သူ့ပစ္စည်းများကို သိမ်းဆည်းပြီးစီးချိန်၌ ကျိချီက ရုတ်တရက် ဖုန်းခေါ်လာသည်။ 

"ဟေး မင်း... သန်ဘက်ခါညကျရင် တွေ့ဆုံပွဲရှိတယ်ဆိုတာ သိတယ်မလား…"


ရွှီကျိက ပြတ်ပြတ်သားသားပင်ပြန်ဖြေလိုက်လေသည်။

 "မသိဘူး…" 


ကျိချီက ပြောလာသည်။

"အဲဒါက လုပ်ငန်းနယ်ပယ်ထဲက ထိပ်တန်းသခင်ငယ်လေးတွေရဲ့ ရုတ်တရက်လုပ်တဲ့ တွေ့ဆုံပွဲလေ… မင်းကို ဘယ်သူမှ မဖိတ်ဘူးလား အဲဒါတော့ မဖြစ်သင့်ဘူး မင်းက အတက်ရောက်စေချင်ဆုံး ဦးစားပေးအုပ်စုထဲမှာ ပါနေရမှာကို…"


ရွှီကျိတွင် ထင်မြင်ချက်အချို့ရှိ၏။ ဤကဲ့သို့သော တွေ့ဆုံပွဲများကို မျိုးဆက်သစ်အာဏာပိုင်များက အဆက်အသွယ်များနှင့် အရင်းအမြစ်များကို ကြိုတင်ရရှိနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် လူကြီးများက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။


ကျိချီက သဘောပေါက်သွားသည်။

 "မင်းကို ဘယ်သူမှ မဖိတ်ရဲပုံပဲ… မင်းသွားချင်လား မင်း အချိတ်အဆက်လုပ်ပြီး အဆက်အသွယ်အသစ်တွေ ရဖို့အတွက်ဆို တကယ်ကောင်းတယ်…"


"ဘာလို့ ငါက သူတို့နဲ့အချိတ်အဆက်လုပ်ဖို့ လိုတာလဲ…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ မေးလိုက်သည်။


ကျိချီမှာ ပြောစရာမဲ့သွားခဲ့ရသည်။ ရွှီကျိပြောသည့်စကားမှာလည်း ယုတ္တိကျကျဆိုရလျှင် မှန်၏။ အခြားသူများကသာ သူနှင့် အချိတ်အဆက်ရလိုသူများဖြစ်သင့်သည်ပင်။ သို့သော်လည်း ဤသို့သော အပေါ်ယံမဟုတ်ပါဘဲ အလေးအနက်ပြောသည့်လေသံက လူများကို ပိုမိုဒေါသထွက်စေသည်။


"ဒီလိုလေ အစကတော့ ငါနဲ့ကျိဖန်းချီ အတူတူသွားဖို့ စီစဉ်ထားတာ… ဒါပေမဲ့ အဲဒီညကျ ငါ့မှာ ကိစ္စလေးရှိလို့ မင်းသိတယ်မဟုတ်လား…ကျိဖန်းချီဆိုတဲ့ကောင်က တအားရိုးတဲ့အရူးကောင်လေ သူ့ကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘူး…"


ရွှီကျိမှာ ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူ့အနေဖြင့် ထိုကဲ့သို့သောပွဲမျိုးများကို သွားရသည်အား တကယ်သဘောမကျချေ။ လူချမ်းသာများက သေခြင်းတရားကိုပင် မကြောက်မရွံ့ဖြင့် စည်းမဲ့ကမ်းမဲ့ ပျော်ပါးတတ်ကြကြသည်။ အတွေ့အကြုံမရှိသေးသော ကျိဖန်းချီကဲ့သို့သော အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးအတွက်မူ ဝံပုလွေအုပ်ထဲသို့ ယုန်ဖြူလေးတစ်ကောင်ကို ပစ်ချလိုက်သလို ဖြစ်နေလိမ့်မည်။


ကျိချီ မဆိုထားနှင့် သူပင် စိုးရိမ်မိသည်။


 "သူ မသွားလို့ မရဘူးလား…" 

သူက မေးလိုက်သည်။


ကျိချီက ခါးသက်သက်ပြုံးလျက် ပြောလာ၏။

"ငါ့အမေ ကျန်းမာရေးမကောင်းဘူး အခုချိန်မှာ ငါတို့အတွက် အဆက်အသွယ်နဲ့ အရင်းအမြစ်တွေက အရမ်းအရေးကြီးတယ်…" 


ရွှီကျိမှာ "ငါနဲ့ သိရတာက မလုံလောက်ဘူးလား" ဟုပြောချင်စိတ် အလိုလိုပေါ်ပေါက်လာသော်လည်း ရုတ်တရက် သဘောပေါက်သွားရ၏။ သူနှင့် သိကျွမ်းခြင်းက အရေးမပါချေ။ ဝမ်ယွဲ့အုပ်စုမှာ သူ့ဖခင်၏အပိုင်ဖြစ်ပြီး သူ့အပိုင်မဟုတ်ပေ။


သူ၏ သိမ်နုပ်သေးငယ်သည့် စတူဒီယိုလေးကို သူတစ်ယောက်တည်းအားဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ထိုတွေ့ဆုံပွဲအတွက် သတ်မှတ်ချက်ကိုပင် ပြည့်မီနိုင်ခြင်း မရှိပေ။


အခြားသူများက သူ့ကို ကြောက်ရွံ့ကြပြီး သူစိတ်ကျေနပ်အောင် ကြိုးစားကြသည်မှာ သူက ရွှီချန်းယွဲ့၏သား ဖြစ်သောကြောင့်သာ။


ရွှီကျိမှာ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်လာပြီး ပြောလိုက်သည်။

"သိပြီ ငါသူ့ကိုစောင့်ရှောက်ပေးထားမယ်…"


နှစ်ညကြာပြီးနောက်တွင်။


ရွှီကျိက ကျိဖန်းချီကို အချိန်ကိုက်ပင် သွားကြိုလိုက်သည်။ ကျိဖန်းချီက ဝတ်နေကျမဟုတ်သည့် အနောက်တိုင်းဝတ်စုံကို ရှားရှားပါးပါး ဝတ်ဆင်ထားခဲ့သည်။


ကျိဖန်းချီမှာ တစ်နေရာရာတွင် ဖိနှိပ်ခံနေရသလို ခံစားနေရ၏။

 "ဘာလို့ ကျွန်တော့်အစ်ကိုမှာ အချိန်မရှိတာလဲ အား... မဟုတ်ရင် ကျွန်တော် သွားစရာကိုမလိုဘူး…"


"အမှန်ပဲ" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ သဘောတူလိုက်လေသည်။


ယနေ့တွင် သူက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်မထားပေ။ ထိုအစား သူက လည်ပင်းမြင့် အနက်ရောင် အတွင်းဝတ်အင်္ကျီနှင့် ခြေသလုံးအထိရှည်သော ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး လမ်းလျှောက်သည့်အခါတိုင်း လေနှင့်အတူ လှုပ်ယမ်းလျက် တလွင့်လွင့် ဖြစ်နေခဲ့သည်။


သို့သော်လည်း သူက အရပ်ရှည်သူဖြစ်၍ ထိုပုံစံက လုံးဝလိုက်ဖက်၍နေသည်။ ယင်းက သူ့ကို အရပ်ပုသွားစေခြင်းအလျဥ်းမရှိပါဘဲ မယုံနိုင်လောက်အောင် ကြည့်ကောင်းနေစေခဲ့သည်။


သခင်ငယ်လေးများက ဟိုတယ်၏အလွှာတစ်ခုလုံးကို ကြိုတင်မှာယူထားကြ၏။ သူ၏ဖိနပ်ထိပ်များ ဝင်ပေါက်ထဲသို့ ဝင်ရောက်ရုံမျှဖြင့် နေရာတစ်ခုလုံးနီးပါး တိတ်ဆိတ်သွားခဲ့သည်။


ကျိဖန်းချီမှာ တုန်ရီလျက် သူ့နောက်မှ ကပ်ကာလိုက်ပါလာသည်။ ပတ်ဝန်းကျင်မှ အကြည့်ပေါင်းများစွာက သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကြည့်နေသကဲ့သို့ ခံစားနေရပြီး သူက တိုးတိုးလေးပြောလိုက်သည်။

 "ကျွန်တော် ကိန်းစ်ပွဲတော်ကော်ဇောနီပေါ် လျှောက်နေရသလို ခံစားရတယ်..."


ရွှီကျိမှာ အနှီဖော်ပြချက်ကို ကြားပြီး မပြုံးဘဲ မနေနိုင်တော့ပေ။ လူချမ်းသာသခင်ငယ်လေးများ အားလုံးထဲတွင် သူက ကျိမိသားစုမှ ညီအစ်ကိုနှစ်ဦးနှင့်သာ သိကျွမ်း၏။ သူတို့ကိုလည်း နှင်းလျှောစီးအပန်းဖြေစခန်းသို့ သွားရာတွင် မမျှော်လင့်ဘဲ သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။


"လုပ်လိုက်ကြရအောင် ဒီနေ့ ကျွန်တော့်ပန်းတိုင်က ချင်မိသားစုရဲ့ သားအကြီးဆုံးနဲ့ သိကျွမ်းအောင်လုပ်ပြီး အဆက်အသွယ်တွေဖလှယ်ဖို့ပဲ..." 


ကျိဖန်းချီတစ်ယောက် သူ့ကိုယ်သူ အားပေးနေရင်းဖြင့် ရုတ်တရက် သူ့အသံက အက်ကွဲလုနီးနီး ပြောင်းလဲသွား၏။

 "သောက်ကျိုးနည်း… ကော အဲဒါက မရီးမဟုတ်ဘူးလား…"


"မရီး" ဟူသော စကားကို ကြားလိုက်ရသည်နှင့် ရွှီကျိ၏ နှလုံးခုန်နှုန်တစ်ချက်မှာ လွတ်သွားခဲ့ရသည်။ သူက ကျိဖန်းချီ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ အဝေးမှ လိထျင်းနှင့် မျက်လုံးချင်းဆုံသွားသည်။


ထိုသူက အရည်အသွေးမြင့်ပိတ်စဖြင့် ပြုလုပ်ထားသော ကျကျနနချုပ်လုပ်ထားသည့် ငွေမှင်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အထက်တန်းဆန်သည့်အသွင်မှာ ထင်ဟပ်၍နေသည်။ လိထျင်းက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ၏ရှည်လျားသော ခြေထောက်များကို ချိတ်ထားကာ မီးညှိထားသော ဆေးလိပ်တစ်လိပ်ကို သူ၏လက်ချောင်းထိပ်များကြားတွင် ကိုင်ထားသည်။


သူက လှောင်ပြောင်ရိပ်တို့စွက်နေသည့်အပြုံးဖြင့် လှမ်းကြည့်လိုက်မိစဉ် ထိုသူက ဆေးလိပ်တစ်ရှိုက်အား ရှူရှိုက်လိုက်လေသည်။ ထိုသူက နှုတ်ခမ်းအား ဖွင့်ဟကာဖြင့် မီးခိုးကွင်းနှစ်ခုကို အားစိုက်ထုတ်စရာမလိုဘဲ လှလှပပ မှုတ်ထုတ်လိုက်လေသည်။ ထို့နောက် ယင်းတို့ကို မှုတ်ထုတ်ပြီး ဖျက်ဆီးပစ်လိုက်ရာ မီးခိုးငွေ့များက လေထဲတွင် လွင့်ပျံသွား၏။


ရွှီကျိ နှာခေါင်းရှုံ့လိုက်မိသည်။ ထိုသူက သေချာပေါက်ကို ကျွမ်းကျင်ဆေးလိပ်သောက်သမားတစ်ဦးဖြစ်နေသည်ပင်။


ထို့အပြင် လိထျင်း၏ဘေး၌ ကောင်လေးတစ်ဦးလည်း ရှိနေသည်။ ထိုကောင်လေးက လိထျင်း၏ပေါင်ထက် ခေါင်းတင်ကာ ဝမ်းဗိုက်ဘက်မျက်နှာလှည့်လျက် ရှိနေပြီး ခေါင်းလေးကမူ ရံဖန်ရံခါ အနည်းငယ် လှုပ်ရှားနေခဲ့၏။ ကြည့်ရသည်မှာ သွားဖြင့် ဇစ်ကို ဖွင့်ဟရန်ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်။


လိထျင်းက ရုတ်တရက်ပင် မကျေနပ်ပုံဖြင့် သူ့လျှာကိုသပ်လိုက်သည်။ သူက ကောင်လေး၏ ဆံပင်ကို ဆွဲဆုပ်လိုက်ပြီး နောက်ပြန်ဆွဲလိုက်သည်။ သူက ပြော၏။

"ထွက်သွား"


ရွှီကျိ၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်သက်နေသည့်တိုင် ကျိဖန်းချီ၏ မျက်လုံးများမှာမူ ဒေါသဖြင့် နီရဲနေခဲ့ပြီး သူက ပြောလိုက်သည်။

"ကော ကွာရှင်းပစ်…"  


ရွှီကျိအနေဖြင့် တစ်ဖက်လူစိတ်ထဲရှိ အကြံအစည်တို့အား မသိနိုင်ချေ။ သူက ပြောလိုက်သည်။

"အချိန်မကျသေးဘူး…" 


ကျိဖန်းချီမှာ ဒေါသထွက်ရလွန်းသဖြင့် ငိုတော့မတတ်ပင် ဖြစ်၍နေ၏။


ရွှီကျိမှာ လိထျင်း ဤတွေ့ဆုံပွဲသို့ မည်သို့ရောက်လာနိုင်သည်ကို မသိပေ။ သူက ခြေကိုကြွကာ လျှောက်သွားလိုက်သည်။


လိထျင်းက သူရောက်လာသည်ကို အံ့သြပုံမရပေ။ သူက ပျင်းရိဟန်ဖြင့်ပင် မျက်ခုံးပင့်လျက် သူ့ဘေးမှ အမျိုးသားကို ပြုံးပြရင်း ပြောလိုက်လေသည်။

"ကြည့်လိုက် ငါ့ယောက်ျားရောက်လာပြီ…"


"မင်း သူ့ကို ဘယ်လိုလုပ် စနောက်ရဲရတာလဲ…" 

ထိုလူက သူ့အား အရူးတစ်ယောက်ပမာ ကြည့်လာ၏။ ရွှီကျိ နီးကပ်လာသည်ကို မြင်လိုက်သည်နှင့် သူက ချက်ချင်း ထရပ်ပြီး ထွက်ပြေးသွားတော့သည်။


ထိုနေရာ၌ ရှိနေသူများမှာလည်း ချက်ချင်းပင် လူစုကွဲသွားကြသည်။ ချက်ချင်းဆိုသလို ထိုနေရာ၌ လိထျင်းတစ်ဦးတည်းသာ ကျန်ရစ်သည်။


"ကျွန်တော် လိမ်ပြောနေတာ မဟုတ်ဘူးနော်…"  

လိထျင်းက ပြောလိုက်သည်။ သူ၏နှုတ်ခမ်းတို့က ကွေးညွတ်နေပြီး ဆေးလိပ်ကို နောက်တစ်ကြိမ် ရှိုက်လိုက်သည်။ သူက ပျော်ရွှင်မှုတို့ပြည့်နေသော မျက်လုံးများဖြင့် ရွှီကျိကို ကြည့်လိုက်သည်။ 


"ဟုတ်တယ်မလား ချစ်ရတဲ့လောင်ကုန်းရေ…"



🧶🧶🧶