Chapter 20
Viewers 2k

🧶 Chapter 20

အနမ်း



“မင်း ငါ့ကိုနေ့တိုင်း ပြဿနာပေးနေတာ စိတ်မသက်မသာမဖြစ်ဘူးလား ဖြစ်လားကွ ဟမ်…" 

ရွှီချန်းယွဲ့မှာ စိတ်တိုရလွန်း၍ ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။ သူက သူ့သားကို အော်ဟစ်ငေါက်ငမ်း၍နေ၏။


"မင်းပျော်ရဖို့နဲ့ ငါဒေါသထွက်သေအောင်များ လုပ်နေတာလား…"


သူ့ဘေးတွင်မူ ချန်လျန့်က မျက်နှာပေါင်းတင်ကပ်ခွာကပ်နေပြီး လိမိဘများ၏ငိုသံတို့အား အမြှောက်ဖြင့်ထုခံရသလို နားထောင်နေရ၏။


သူမက ဆို၏။

“အိုင်းယား ကလေးတွေကြားမှာ နားလည်မှုလွဲတာရှိလို့နေမှာပါ ရှောင်ကျိက ကျိုးကြောင်းမဲ့တဲ့လူမဟုတ်ပါဘူး သူပြန်လာရင် ကျွန်မမေးလိုက်ပါ့မယ် ဟုတ်ပြီလား…”


ရွှီကျိက သူ့ဖုန်းကို ပျင်းရိစွာပင် ကိုင်ထားပြီး ယခုလေးတင် ကုန်စုံဆိုင်မှဝယ်လာသည့် ဝက်အူချောင်းကို တစ်ကိုက်ကိုက်လိုက်လျက် ဝူးဝူးဝါးဝါးသာ ပြန်တုံ့ပြန်လိုက်လေသည်။


စောစောက ပါတီ၌ များများစားစား မစားဖြစ်ခဲ့ပေ။ သူ သေလောင်အောင် ဆာနေပေသည်။


ရွှီချန်းယွဲ့က ဒေါသပေါက်ကွဲထွက်နေ၏။

“တခြားလူလည်းမဟုတ်ဘူး မင်းယောက်ဖနဲ့မှ ပြဿနာတက်ရလား…”


ရွှီကျိမှာ တစ်စုံတစ်ယောက်ကိုသတ်ချင်စိတ်ပင် ဖြစ်ပေါ်လာရသည်။ သူက ဝါးနေသည်ကိုရပ်ကာ မေးလိုက်၏။

“သူ့ကိုကျွန်တော်က စပြဿနာရှာတာမလို့လား…”


ရွှီချန်းယွဲ့က မေး၏။

“မဟုတ်လို့လား…”


ရွှီကျိက အိတ်ကပ်ထဲ လက်ထိုးထည့်လျက် စိတ်မရှည်တော့ဘဲ ထပ်ပြောလိုက်လေသည်။

“သူ့ကိုကျွန်တော်က စပြဿနာရှာတာလားလို့…”


ရွှီချန်းယွဲ့ သီးသွားသည်။

"ဒါပေမဲ့ မင်းလူတွေကြားမှာ လုပ်စရာလားကွ…"


"ဘာလဲ ကျွန်တော်က တခြားခွေးကို ရိုက်လိုက်လို့ အဖေက အဲ့ခွေးကို ဂရုစိုက်ပေးနေတာလား"

သူ့အဖေထံမှ ဒေါသတကြီးအသက်ရှူသံကို နားထောင်ရင်း ရွှီကျိနှာမှုတ်လိုက်လေသည်။


ရွှီချန်းယွဲ့က အော်လာ၏။

"ဘာပဲဖြစ်ဖြစ် လိထျင်းမိဘတွေ အဲဒီကိုသွားနေပြီ မင်းကိုယ်တိုင်ရှင်းပြလိုက်…"


ရွှီကျိမှ ဝက်အူချောင်းမှတုတ်ချောင်းကို အမှိုက်ပုံးထဲ ပစ်လိုက်လေသည်။

ဘယ်လိုသခင်လေးလဲ… အကန်ခံလိုက်ရတာနဲ့ အဖေနဲ့အမေကို ပြေးတိုင်တယ်ပေါ့လေ… ဘာကိုရှင်းပြစရာလိုလို့လဲ… ငါက အဲ့မှာအရူးလိုရပ်ပြီး ဖောက်သည်တွေကိုဝန်ဆောင်မှုပေးရမှာလား…


ပြောရလျှင် သူ့အနေဖြင့် အားများများလည်းမသုံးခဲ့ပေ။ အဆိုးဆုံးဆိုရလျှင် နံရိုးအက်သွားရုံမျှသာရှိပြီး သိပ်မကြာခင်မှာပင် ကုစားနိုင်သွားလိမ့်မည်။


ရွှီကျိစိတ်ရှုပ်နေလျှင်ဖြစ်စေ၊ ဒေါသထွက်နေလျှင်ဖြစ်စေ၊ သူ့မျက်နှာအမူအရာ ဆိုးရွားနေတတ်သည်။ သူ့ကိုယ်ရှိလေထုဖိအားမှာ နိမ့်ကျနေ၍ ဖြတ်သွားဖြတ်လာများက ရှောင်ရှားသွားကြ၏။


ကျိဖန်းချီက အလိုက်သိစွာပင် ရွှီကျိမနှောင့်ယှက်ဘဲ တုန်ရီနေသည့် လက်လေးနှစ်ဖက်ဖြင့် ဝက်အူချောင်းနှစ်ချောင်းကိုကိုင်လျက် ဟမ်းစတားလေးပမာ တမြုံ့မြုံ့ဝါးနေ၏။


ရွှီကျိက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ့ကိုမေးလိုက်သည်။

"ထပ်လိုချင်သေးလား…"


ကြီးထွားနေဆဲအရွယ်ဖြစ်သည့် ကျိဖန်းချီမှာ တကယ့်ကို ဗိုက်မဝသေးပေ။ သူက ချက်ချင်းပင် ပြန်ဖြေလိုက်လေ၏။

 â€œá€Ÿá€Żá€á€ş...”


ရွှီကျိ:“သွားဝယ်လိုက်…”


သူ့တို့နှစ်ဦးနောက်မှလိုက်လာသည့် လိထျင်းက စကားစလိုက်သည်။

“ဟို…”


ရွှီကျိ၏မျက်ခုံးတို့မှာ စိတ်မရှည်စွာ တွန့်ကုပ်သွားသော်ငြား သူ မျက်လွှာပင့်လိုက်ချိန်တွင်မူ လိထျင်းက ကွေးညွတ်နေသည့်မျက်လုံးတို့ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရုပ်ရည်က ကြည့်ကောင်းသော်ငြား ပါးစပ်ကမူ ယဥ်ကျေးမှုမရှိသည့်စကားတို့အား ဆိုလာ၏။

"ကော ကျွန်တော်လည်း စားချင်လို့…"


ကျိဖန်းချီမှာ သီးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့မရီး၏ အပြုအမူက တကယ်ဆိုးရွားကြောင့်ကို သိထားသော်လည်း သူ၏လှပသည့်အသွင်အပြင် ချိုမြိန်လှသည့်အသံလေးနှင့်အတူ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းတို့၏ ဆွဲဆောင်နိုင်စွမ်းကို သူ့ခမျာ တွန်းလှန်နိုင်ခြင်းမရှိပေ။


သူပင် ကောင်းကင်ဘုံသို့ တက်လှမ်းရတော့မလို ခံစားနေရပါက သူ့ကိုကြိုက်နေသည့် သူ၏ ရွှီကျိကောသာဆိုလျှင် ပြောစရာမလိုတော့ပေ။


ရွှီကျိက လိထျင်းကို ခဏမျှ စိုက်ကြည့်နေမိသည်။ အကြောင်းအရင်းအချို့ကြောင့် ထိုသူမှာ ပိုကြည့်ကောင်းနေသည်အား သူတွေ့လိုက်ရသည်။ နှစ်ဦးစလုံးက လိယွဲ့ကို မုန်းတီးနေ၍လည်း ဖြစ်နိုင်ပေသည်။


"ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ"ဟူ၍ ဆိုရိုးရှိသည်ပင်။ သူက ပြောလိုက်သည်။

"သွားဝယ်လိုက်…" 


လိထျင်းက တခဏမျှ အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်သည်။ အပြုံးထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်တို့ပြည့်နေ၏။ မကြာမီမှာပင် သူက ဝက်အူချောင်း လေးချောင်းကို ကိုင်လျက် အပြင်သို့ ထွက်လာခဲ့သည်။ သူ့ပုံစံက အလွန်ပျော်ရွှင်နေပုံရသည်။

 "ကျေးဇူးတင်ပါတယ် ကော…"


"ပါးစပ်ပိတ်ထား ငါ့ကိုစိတ်တိုလာအောင် မလုပ်နဲ့…" 


ရွှီကျိက သူ၏လက်ချောင်းထိပ်အချင်းချင်း ပွတ်သပ်လိုက်သည်။ သူ ဆေးလိပ်သောက်ချင်နေသော်လည်း ယူမလာမိကြောင်း သတိရသွားခဲ့ရာ လိထျင်းထံ သူ၏လက်ကို လှမ်းလိုက်သည်။

 "ဆေးလိပ်…"


လိထျင်းမှာ တခဏမျှ ကြောင်သွားပြီးနောက် ဝက်အူချောင်းလေးချောင်းကို တစ်ဖက်တည်းဖြင့် ကိုင်ထားလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ဆေးလိပ်နှင့် မီးခြစ်ကို ထုတ်ကာ လှမ်းပစ်ပေးလိုက်သည်။


ရွှီကျိက ၎င်းတို့ကို အတိအကျပင် ဖမ်းလိုက်သည်။ သူက ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ သူ့နှုတ်ခမ်းကြားတွင် ဖိကိုက်ထားလိုက်လေ၏။ ထို့နောက် ဘယ်ဘက်လက်ကို အသုံးပြုကာ လေကိုကွယ်လျက် ညာဘက်လက်ဖြင့် မီးခြစ်ကို ညှိလိုက်သည်။ သူက ဂရုမစိုက်သလို ဆေးလိပ်သောက်နေစဉ် သူ၏မျက်တောင်များမှာ သဘာဝအတိုင်း ညွတ်ကျနေသည်။


အဖြူရောင်မီးခိုးငွေ့များ ထွက်လာပြီး သူ့ဘေးတွင် လွင့်ပါ၍နေသည်။ လိထျင်းက ရွှီကျိကို မိန်းမောလျက် စိုက်ကြည့်ခဲ့သည်။ သူနှာတံထက်ရှိ မှဲ့လေးထံမှ ဆွဲဆောင်ခံလိုက်ရပြီး အလွယ်တကူ အကြည့်မလွှဲနိုင်ခဲ့ပေ။


ကုန်စုံစတိုးဆိုင်ရှေ့မှ ရိုးရှင်းသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း လိထျင်းက ရွှီကျိကို ကြည့်လျက် ဝက်အူချောင်းကို တစ်ကိုက်ကိုက်လိုက်သည်။


လိထျင်းမှာ လိယွဲ့ အခြေအနေဆိုးသွားပုံကို ပြန်ပြောင်းသတိရပြီး မရယ်ဘဲမနေနိုင်တော့ပေ။ ရွှီကျိ ထွက်သွားစဥ်က ထိုသူမှာ လိယွဲ့၏လက်ကိုပင် နင်းကျော်လိုက်သေးသည်။


သူ "ရွှီကျိ" ဟု ခေါ်လိုက်မိလေသည်။


ရွှီကျိက မော့ကြည့်လာ၏။


"ခင်ဗျားကို စတွေ့ကတည်းက အရမ်းမိုက်တယ်လို့ ထင်ခဲ့ပေမဲ့…" 

လိထျင်းက သူ၏ရှည်လျားသောခြေထောက်တို့ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်သည်။ 

"ဒါပေမဲ့ ခင်ဗျားရဲ့အကျင့်စရိုက်က ပိုတောင် သားနားနေနေတာကို ကျွန်တော် သိလိုက်ရတယ်…"


မီးခိုးများကြောင့် ရွှီကျိ၏ မျက်နှာမှာ ဝေဝါးနေပြီး သူက အနိမ့်သံဖြင့် "အင်း"ဟူ၍သာ အသံပြုလိုက်သည်။


ဆေးလိပ်တစ်လိပ် ကုန်သွားပြီးနောက် ကျိဖန်းချီသည်လည်း သူ၏ဝက်အူချောင်းတို့ကို စားပြီးသွား၏။ ရွှီကျိက ထရပ်လိုက်ပြီး ပြောလိုက်သည်။

"သွားစို့…"


ကားကို လမ်းဘေးတွင် ရပ်ထားခဲ့ခြင်းဖြစ်သည်။ လိထျင်းက ထရပ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ကျေးဇူးပါ…" 


ယခုအချိန်အထိ သူ ရွှီကျိကို နှစ်ကြိမ်တိုင်တိုင် ကျေးဇူးတင်ခဲ့ပြီးဖြစ်သည်။


ရွှီကျိက ကိုယ်ကိုလှည့်လိုက်ရာ သူ၏ကုတ်အင်္ကျီမှာ လေနှင့်အတူ တဖျပ်ဖျပ်လွင့်သွား၏။ သူက ဆိုသည်။

 "အထင်မမှားနဲ့… စောစောက ငါမင်းကို ကူညီတာမဟုတ်ဘူး… သူ ငါ့ကို ပြဿနာလာရှာလို့ ငါသူ့ကို ရိုက်လိုက်တာ…" 


လိထျင်းက ပြုံးပြီး ပြောသည်။

"သိပါတယ်…" 


ရွှီကျိက သူ၏အကြည့်ကို ပြန်ရုပ်သိမ်းကာ သူ၏ခါးပတ်အားပတ်လိုက်ပြီး အရှိန်မြှင့်ရန် အသင့်ပြင်ဆင်လိုက်စဉ် လိထျင်းက ထပ်မံပြောလာသည်။

"ရွှီကျိ၊ သူငယ်ချင်းလုပ်ကြမလား…"


နောက်ခန်းရှိ ကျိဖန်းချီတစ်ယောက် မျက်လုံးပြူးသွားရသည်။ 

ဘယ်လို အမှိုက်လိုကောင်လဲ… ပထမတော့ လက်ထပ်ပြီးသားဖြစ်ရဲ့သားနဲ့ ဖောက်ပြန်တယ်… အခုကျတော့လည်း သူငယ်ချင်းဇုန်ထဲ ထည့်ချင်နေပြန်ပြီလား… ဒါက ရွှီကျိကောကို မချစ်ဘဲ မျှော်လင့်ချက်ပေးတာပဲ… ရွှီကျိကောက သူ့ကို ကြိုက်တယ်ဆိုတာ သေချာပေါက် သိနေရဲ့နဲ့ကို…


ရွှီကျိက ခေါင်းလှည့်လိုက်ပြီး လိထျင်းနှင့် အကြည့်ချင်း ဆုံလိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

"မလုပ်ဘူး…"


ကျိဖန်းချီ သက်ပြင်းချလိုက်သည်။ 

ရွှီကျိကောကို ကြည့်ရတာ စဥ်းစားဆင်ခြင်ဉာဏ်နည်းနည်းတော့ ရှိနေသေးပုံပဲ…


သို့သော်လည်း မကြာမီမှာပင် သူ ထပ်မံ၍ စိတ်ပူပန်လာရပြန်သည်။ 

ရွှီကျိကောက လိထျင်းနဲ့ ချစ်သူရည်းစားဆက်ဆံရေးရဖို့ မျှော်လင့်နေသေးတာများလား… ဒါကြောင့် သူငယ်ချင်းဖြစ်ဖို့ သဘောမတူတာလား…


အငြင်းခံလိုက်ရသည့်လိထျင်းတစ်ယောက် ပါးစပ်ပိတ်သွားသည်။


ရွှီကျိက ထွက်ခွာရန် ထပ်မံကြိုးစားလိုက်စဉ် ရွှီချန်းယွဲ့ထံက ဖုန်းလာပြီး ထပ်၍နှောင့်ယှက်ခံလိုက်ရသည်။ လိထျင်းမှာ အဝေးမှပင် သူ၏အသံက လေးနက်နေသည်ကို ကြားလိုက်ရလေသည်။

"အခုချက်ချင်း လိထျင်းနဲ့အတူ ပြန်လာခဲ့…"


~


“ခုနကပဲ မင်းရဲ့ဦးလေးလင်း၊ ဦးလေးအန်းနဲ့ အဒေါ်လျန်တို့က ငါတို့အိမ်ဖုန်းကို ဗုံးကြဲသလို ဖုန်းခေါ်ကြတာ…” 

ရွှီချန်းယွဲ့က လက်ပိုက်လျက် ပြောလိုက်သည်။

“ဒါဆို မင်းတို့နှစ်ယောက် လက်ထပ်ထားတဲ့သတင်းကို လိယွဲ့က ဖြန့်လိုက်တာပေါ့…” 


လိထျင်းက ဒူးနှစ်ဖက်ကို စုလျက် သေသေဝပ်ဝပ်လေးထိုင်ရင်း “အင်း” ဟူ၍ နာနာခံခံဖြေလိုက်သည်။


ရွှီကျိက ခြေချိတ်ထိုင်နေပြီး ပြောလိုက်သည်။

“ဘယ်သူဖြစ်ဦးမှာလဲ မဟုတ်ရင် ဘာဖြစ်လို့ ကျွန်တော်က အကြောင်းပြချက်မရှိ ခွေးတစ်ကောင်ကို ကန်လိုက်မှာလဲ…” 


ရွှီချန်းယွဲ့က သူ့ကို လက်ညှိုးထိုးကာဖြင့်ပြောသည်။

“မင်း ငါနဲ့ ငြင်းခုံမနေဘဲ မနေနိုင်ဘူးလား… လိယွဲ့က နံရိုးကျိုးပြီး ဆေးရုံမှာ လဲနေတုန်းပဲ…”


ရွှီကျိ နှာခေါင်းရှုံ့လိုက်သည်။

 â€œá€’ဍဆို သူက အတော်လေးကိုနူးညံ့တယ်ပေါ့… ဆေးရုံစရိတ် လွှဲပေးရမလား… ကျွန်တော် အရိုးကျိုးပြီး ဆေးရုံမှာ နှစ်ပတ်နေရတုန်းက ခင်ဗျား ဒီလောက်ထိ စိတ်ပူနေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူးလေ…”


အပြင်လူများနှင့်သာဆိုလျှင် ရွှီကျိက စကားတစ်လုံးပင် ပိုမပြောသော်ငြား သူ့အဖေနှင့်နှစ်ယောက်သား အတူရှိနေပါက ငြင်းခုံနေသည်ကို ရပ်မည်မဟုတ်ပေ။ လိထျင်းက ထိုသူနှစ်ယောက်ကြားတွင် ပိတ်မိနေပြီး လုံးဝ အကျပ်ရိုက်နေပုံရ၏။


ရွှီချန်းယွဲ့က စားပွဲကို ရိုက်လိုက်ပြီး ထရပ်ကာ ပြောသည်။

“မင်းကို နှင်းလျှောဘုတ်စီးဖို့ ငါခိုင်းတာလား မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တဲ့သူလေ ခါးအောက်ပိုင်းသာ သေသွားရင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ဦးမယ်…”


ချန်လျန့်က ထိုအဖြစ်အပျက်ကို အသားကျနေပြီဖြစ်၍ ချက်ချင်းပင် ဝင်ရောက်ကာ စကားဖြတ်လိုက်သည်။

"တော်ပြီ မင်းတို့နှစ်ယောက်ကို ပြန်ခေါ်ရတဲ့အကြောင်းရင်းက မင်းတို့ရဲ့ မင်္ဂလာပွဲအကြောင်း ဆွေးနွေးဖို့ပဲ အခု လူတိုင်းသိကုန်ပြီဆိုတော့ ဆက်ဖုံးကွယ်ထားလို့ မရတော့ဘူး…"


ရွှီကျိအနေဖြင့် ၎င်းကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ အံ့သြမနေပေ။ ဝမ်ယွဲ့အုပ်စုမှာ အလွန်ကြီးမားသော်လည်း သူတို့၏ တစ်ဦးတည်းသောသားကမူ ဇနီးသည်အတွက် မင်္ဂလာပွဲမကျင်းပပေးပါဘဲ တစ်ဖက်သားကို အမည်နှင့်အဆင့်အတန်းမဲ့စွာ ထားခဲ့၏။ လူပေါင်းမည်မျှက နောက်ကွယ်တွင် ဝေဖန်ကြမည်ကို မသိနိုင်ပေ။


ချန်လျန့်က ပြောသည်။

"ပွဲကျင်းပဖို့ လိုရုံတင်မကဘူး…အကြီးအကျယ်ခမ်းခမ်းနားနား ကျင်းပဖို့လည်း လိုတယ်…"


"ဒါဆိုလည်း လုပ်လိုက်ပါ…" 

ပြန်ပြင်၍မရသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ရွှီကျိက ၎င်းကို လျင်မြန်စွာ လက်ခံလိုက်သည်။ ထို့အပြင် ၎င်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်းက လုံးဝမကောင်းသည် မဟုတ်ပေ။ အနည်းဆုံး သူ့ထံ အဆက်မပြတ် ရောက်လာသည့် စိတ်ကူးယဥ်ဆန်ဆန် လိုက်ပိုးမှုတို့ကို ကာကွယ်နိုင်သည်ပင်။


သူက အကြံပြုလိုက်သည်။

"မြန်မြန်ပြီးရင် ပိုကောင်းတယ် သန်ဘက်ခါဆိုရင်ရော ဘယ်လိုလဲ…" 


အယ်လ်တေး(Altay)၏ နှင်းများသိပ်သည်းစွာကျသည့်ရာသီဥတုမှာ များသောအားဖြင့် နိုဝင်ဘာလမှ ဧပြီလအထိ ကြာတတ်သည်။ နှစ်စဉ်နှစ်တိုင်း ဤအပန်းဖြေကာလအတွင်း သူက နှင်းလျှောဘုတ်ပြားစီးရန် အယ်လ်တေးသို့ သွားလေ့ရှိသည်။


သူ ပို၍ နှောင့်နှေးလေလေ သူ၏ အယ်လ်တေးခရီးစဉ် နောက်ကျလေလေပင်။ ရလဒ်အနေဖြင့် သူ၏ နှင်းလျှောဘုတ်စီးချိန်မှာ တိုတောင်းသွားပေလိမ့်မည်။ အကြောင်းမှာ သူ့အနေဖြင့် အလုပ်အတွက် အချိန်မီ ပြန်ရောက်ရန် လိုအပ်သေးသောကြောင့်ပင်။


သူ၏စကားကို ကြားလိုက်ရသောအခါ လိထျင်းက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် သူ့ကို ကြည့်လာသည်။


သူ့မိဘများပင် သူတို့သားက ဤမျှ ကိုင်တွယ်ရ လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ 


“သန်ဘက်ခါကတော့ လုံးဝမဖြစ်နိုင်ဘူး… ငါတို့ နေရာရွေးရမယ် အလှဆင်တာတွေ စိတ်ကြိုက်ပြင်ဆင်ရမယ်… မင်္ဂလာဓာတ်ပုံတွေလည်း ရိုက်ရမယ် ဖိတ်စာတွေ ပို့ရဦးမယ်… မင်းရဲ့ဝတ်စုံတွေကိုလည်း အော်ဒါမှာရမှာလေ ဒါတွေအားလုံးအတွက်ဆို အနည်းဆုံး ရက်ပေါင်း ၂၀ ကနေ တစ်လခွဲအတွင်းတော့ ကြာလိမ့်မယ်…”


ရွှီကျိက သူ့စိတ်ထဲတွင် ပြက္ခဒိန်ကို ပြန်တွေးလိုက်သည်။ ယနေ့မှာ ဇန်နဝါရီ ၉ ရက်နေ့ဖြစ်ပြီး မူလက သူတို့အနေဖြင့် ၅ ရက်နေ့တွင် ထွက်ခွာရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ 


ဒီအတိုင်းဆိုရင် ဖေဖော်ဝါရီလအစောပိုင်းမှ ငါ သွားနိုင်မှာလား…


သူ့တွင် လိယွဲ့ကို သတ်ပစ်လိုစိတ်က တစ်ဖန် ပေါ်ပေါက်လာခဲ့သည်။ သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒါဆို ကျွန်တော် ပြန်လာပြီး မတ်လမှ စီစဉ်ကြစို့ ဒီအတောအတွင်းမှာ အမေတို့ အသေးစိတ် ပြင်ဆင်လို့ရတာပဲ…"


“ဒီလောက်ကြာအောင် အချိန်ဆွဲလို့ မရဘူး…” 

ချန်လျန့်က အော်လိုက်သည်။ 

“နောက်ကျနေရင် ငါတို့က မင်္ဂလာပွဲကျင်းပဖို့ စိတ်ကူးမရှိဘဲ အထုတ်ဖော်ခံရမှ လုပ်ဖို့ ဆုံးဖြတ်တယ်လို့ ထင်ကြလိမ့်မယ်… မနက်ဖြန်ကျရင် ငါတို့ လူထုကြားကို ကြေညာချက်ထုတ်ပြန်မယ် အစကတည်းက ပြင်ဆင်နေတာဖြစ်ပြီး လျှို့ဝှက်ထားတာလို့ ပြောလိုက်မယ်…”


ရွှီကျိက ပြတ်ပြတ်သားသားပင် အလေးအနက်ဆိုလိုက်သည်။

“ပိုက်ဆံပိုသုံးပြီး အရှိန်မြှင့်ရင်မြှင့် ဒါမှမဟုတ်ရင် မတ်လမှာပဲ လုပ်မယ် တခြားရွေးစရာမရှိဘူး…”


သတို့သားက ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိသောကြောင့် မင်္ဂလာပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက်မလုပ်ဆောင်နိုင်သည်မှာ ထင်ရှား၍နေ၏။ ရွှီချန်းယွဲ့နှင့် ချန်လျန့်တို့နှစ်ဦးစလုံး သူတို့၏သား၏ပုန်ကန်တတ်သည့် အပြုအမူအရ မင်္ဂလာပွဲမှ ထွက်ပြေးခြင်းအထိ ဖြစ်နိုင်သည်ကို သတိပြုမိကြသည်။ နောက်ဆုံးတွင် သူတို့အနေဖြင့် အလျှော့ပေးလိုက်လျောရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။


လူကြီးများရှေ့တွင် သူ၏ပုံရိပ်ကို ထိန်းသိမ်းရန် လိထျင်းက အရာအားလုံးကို သဘောတူလိုက်ပြီး အမြဲလိုလို ပြုံး၍သာနေခဲ့သည်။ 

ငါ ဘယ်လိုလုပ် ထုတ်ပြောရဲမှာလဲ…


ရွှီချန်းယွဲ့မှာ ဒေါသထွက်လွန်း၍ စိတ်မထိန်းနိုင်ဖြစ်သွားသည်။ သူက သူ့သားကို သူ့ချွေးမနှင့် နှိုင်းယှဉ်ကာပြောလိုက်၏။

 â€œá€œá€­á€‘ဝင်းကို ကြည့်... သူက ငယ်ငယ်ကတည်းက စည်းကမ်းနဲ့နေလာတာ အခုချိန်ထိ လူကြီးသူမတွေကို ရိုသေရမှန်းလည်းသိတယ် မင်းနဲ့ကိုမတူတာ… မင်းကတော့ ငယ်ငယ်ကတည်းက အတန်းပြေးတယ် ရန်ဖြစ်တယ် ဆေးလိပ်၊ အရက်သောက်တယ် ဘားတွေအင်တာနက်ကဖေးတွေမှာ အချိန်ဖြုန်းတယ် ဆယ်ကျော်သက်အချစ်တောင် ရလိုက်သေးတယ်…”


ဘာကြီး…


လူများမှားနေတာလား…


လိထျင်းမှာ အပြင်ပန်းတွင် ယဉ်ကျေးစွာပြုံးနေခဲ့သော်လည်း စိတ်ထဲတွင်မူ ထိတ်လန့်သွားရသည်။


ရွှီကျိက ရယ်မောလိုက်သည်။

"အဖေ ဒီလိုပြောတော့ ကျွန်တော့်ကိုမိသားစုက ကောင်းကောင်း မပြုစုမပျိုးထောင်ခဲ့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား…"


လိထျင်းမှာ မှင်သက်နေဆဲဖြစ်ပြီး ရွှီချန်းယွဲ့၏ ရင်အုပ်က အရှိန်ဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို ကြည့်လိုက်သည်။


သူက စိတ်ထဲမှနေ၍ အံ့အားသင့်စွာ ထပ်ပြီးပြောလိုက်မိသည်။ 

ရွှီချန်းယွဲ့က တကယ်ကို ကျန်းမာရေးကောင်းတာပဲ…



🧶🧶🧶