Chapter 71
လက်ခုတ်ခေါက်ဆွဲများ
သခင်မကြီး ညစာအကြောင်း သေသေချာချာမေးမြန်းပြီး မကျေမနပ်ဖြင့်ဆိုသည်။
"ဘဲသားက အဆီများပြီး အားယောင်ရဲ့ ခန္ဓာကိုယ်ကမကောင်းဘူး... မင်းက ဘယ်လိုလုပ်သူ့ကိုဒီလောက် စားခိုင်းရတာလဲ"
ရှုရှီက သူမကိုကာပေးရန်ကြိုးစား၏။
"အားယောင်က ပိုကောင်းနေပါပြီ...သူဒီလို ကောင်းကောင်းစားတာက ရှားပါတယ်...သူပျော်ပျော်ရွှင်ရွှင်စားနေတာ မြင်ပြီး..... "
သခင်မကြီးက သူမကို မကျေမနပ်ဖြင့် ဝင်ဖြတ်ပြောသည်။
"ကောင်းပြီ... မကောင်းတာလုပ်ဖို့ အကြောင်းပြချက်တွေ အများကြီးရှာနေတယ်"
ရှုရှီ ခေါင်းငုံ့ပြီး "ချွေးမမှားမှန်းသိပါတယ်"ဟုပြောရုံကလွဲပြီး ရွေးစရာမရှိတော့ပေ။
"သူက မင်းရဲ့သားပဲ...သူနေမကောင်းတဲ့အခါ မင်းက စိတ်မသက်မသာဖြစ်ရတယ်...ငါ အဘွားကြီးအတွက် အများကြီးပြောတာက သိပ်အသုံးမဝင်ဘူး...ဒါပေမဲ့ မင်း--"
သခင်မကြီး ကျန်းရှုယောင်ကို မျက်လုံးပြူးကြည့်သည်။
"ဒါအတွက် မင်းကို ငါ အပြစ်ပေးမယ်...မင်းသဘောတူလား"
ကျန်းရှုယောင် ယက စကားမပြောသေးခင် ရှဲ့ရွှင်းက သူမကို ခုခံကာကွယ်ရန့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"အမေ..."
သူ စကားစပြောသည်နှင့် ရှုရှီက သူ့ကို မျက်တောင်ခတ်ပြနေသည်ကို တွေ့လိုက်ရသည်။
မူလက သခင်မကြီးက ပေါ့ပေါ့တန်တန် အပြစ်ပေးရုံသာ ရှိသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရှုယောင်မှာ တကယ်ပဲ တာဝန်ရှိပေသည်။ သို့ပေမဲ့ ရှဲ့ရွှင်းက သူမကိုကူညီရန်ပါးစပ်ကိုဖွင့်လိုက်ပါက သခင်မကြီးက ရိုးရှင်းသည့်အပြစ်ဒဏ်ကို ပေးလိမ့်မည်မဟုတ်ပါချေ။
"အပြစ်ဒဏ်ကို လက်ခံပါတယ်"
ကျန်းရှုယောင်က ပြောလိုက်သည်။ ရှဲ့ယောင်ကို စိတ်ပူပြီး အပြစ်ရှိသလို စိတ်တထင့်ထင့်ဖြစ်နေမိသည်။
"ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ကျွန်မလက်ခံမှာပါ" အမှန်ပင် သူမ၏ ပေါ့ဆမှုဖြစ်ခဲ့သည်။
သခင်မကြီးက သူမမျက်နှာထက်ရှိစိတ်ပူပြီး စိုးရိမ်နေသည့်ပုံစံကို မြင်သောအခါ လေသံပျော့သွား၏။
"ဒီကိစ္စက အလွန်အကျွံ စားတာကြောင့်ပဲ...ဒါကြောင့် မင်းရဲ့ မီးဖိုချောင်လေးကို ဆယ်ရက်လောက် ပိတ်ထားပေးပါ"
ကျန်းရှုယောင်အတွက် ဤသည်မှာ အမှန်ပင် ပြစ်ဒဏ်တစ်ခုဖြစ်သည်။
သူမက ခေါင်းညိတ်ပြီး
"ကောင်းပါပြီ"
"မနက်ဖြန် မနက်ကျရင် တစ်ယောက်ယောက် လွှတ်လိုက်မယ်"
သခင်မကြီးသည် အသက်ကြီးလှပြီဖြစ်၍ တစ်ကြိမ်မျှ အများကြီးလှုပ်လှုပ်ရှားရှားနေပြီးနောက် ပင်ပန်းသွားသည်။ သူမ ဆက်မပြောချင်တော့ပေ။
"ကောင်းပြီ...မင်းဝင်ပြီး အားယောင်ကိုတွေ့နိုင်တယ်"
သူမစကားဆုံးသောအခါ ကျန်းရှုယောင်က အတွင်းခန်းထဲသို့ ချက်ချင်းဝင်သွားသည်။ ရှဲ့ရွှင်းက သူမနောက်ကို လိုက်ဖို့လုပ်နေပေမဲ့ သခင်မကြီးက တားထား၏။
ရှဲ့ရွှင်း နှင့် ကျန်းရှုယောင် အတူတူ ခြံဝင်းထဲသို့ ဝင်လာသည်ကို သူမ ခုနက မြင်လိုက်ရပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။ ယခု သူမ၏ ပြစ်ဒဏ်ကို ကြားပြီးနောက် သူမသား မှုန်ကုပ်ကုပ်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ သူကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်ပြီး စိတ်ဆင်းရဲနေပုံပါပင်။သခင်မကြီး ပို၍ပင်စိတ်မချမ်းမသာဖြစ်သွားသည်။
"ငါ သူ့ကို အပြစ်ပေးလို့ မပျော်မရွှင်ဖြစ်နေတာလား "
ရှဲ့ရွှင်း သခင်မကြီးကို ကြည့်ကာ ပြောစရာစကားမဲ့သွားရ၏။
မီးဖိုချောင်အသေးလေးကိုပိတ်ခြင်းသည် ကျန်းရှုယောင် အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။ သူမက အခုတလော ဒုတိယအိမ်တော်ခွဲတွင် စားသောက်နေသောကြောင့် ထိုနေရာတွင် ချက်ပြုတ်စားသောက်နိုင်သည်။
သူက မတူပေ။ သူ့နေ့လည်စာနှင့် ညစာကမီးဖိုချောင်ငယ်လေးထဲမှာ ချက်ပြုတ်ရသည်။
ကျန်းရှီကို အပြစ်ပေးမည့်အစား သခင်မကြီးက သူမသားကို နှိပ်စက်နေ၏။
သူ စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
" အမေ အိပ်တော့...ကျွန်တော် အားယောင်ကို အရင်သွားကြည့်ဦးမယ်"
သခင်မကြီး စိတ်ရှုပ်ထွေးစွာဖြင့် ကျန်ရစ်ခဲ့လေသည်။
*
သခင်မကြီးက နံနက်စောစောတွင် မီးဖိုချောင်ကို ချိပ်ပိတ်ရန် တစ်စုံတစ်ဦးကို မစေလွှတ်မီတွင် ကျန်းရှုယောင် ရှဲ့ရွှင်း၏ နောက်ဆုံးနေ့လည်စာကို ပြုလုပ်ပြီး သူ့အတွက် ထုပ်ပိုးထားခဲ့သည်။
ရှဲ့ရွှင်း နေ့လည်စာဘူးကို အရှေ့နန်းဆောင်သို့ ယူဆောင်သွားကာ စိတ်မချမ်းမသာဖြစ်နေဟန်ပင်။
နဖူးပေါ်ရှိ အညိုအမည်းများနှင့် သွေးများ ပျောက်ကွယ်သွားပြီး ခပ်တိမ်တိမ်အရာတစ်ခုသာ ကျန်တော့သည်။ ယနေ့ သူ၏ အလွန်အေးစက်သော အမူအရာဖြင့်ဆိုလျှင် ဖြစ်ပျက်ခဲ့သမျှကို လူတိုင်း ခန့်မှန်းမိကြမည်မှာ မလွဲဧကန်ပင်။
နေ့လည်စာစားချိန်ရောက်သောအခါ ရှဲ့ရွှင်း နေ့လည်စာပြင်ဆင်ရန် အစားအသောက်ဘူးကိုဖွင့်လိုက်သည်။
ဤသည်က ခဏတာအတွက် သူ၏နောက်ဆုံးနေ့လည်စာဘူးဖြစ်နိုင်သောကြောင့် ကျန်းရှုယောင် သူ့အတွက် ပန်းကန်လုံးကြီးတစ်လုံးကို အထူးပြုလုပ်ထားသည်။ဤတစ်နပ်က ပုံမှန်စားနေကျနှစ်နပ်စာဖြစ်၏။
၎င်းကိုတွေးလိုက်သောအခါ ရှဲ့ရွှင်း၏ မျက်နှာက ပိုအခဲမကျေဖြစ်လာပြီး သူ့မျက်နှာကို ပိုအေးစက်သွားစေသည်။ အားလုံးက ကြောက်လွန်း၍ သူ့ဘေးနားက စားပွဲမှာ ဘယ်သူမှ မထိုင်ကြပေ။
လင်းချန်က အစဉ်အလာအတိုင်း ရှေ့သို့ ရောက်ရှိလာပြီး ယနေ့ ဘာအံ့သြစရာများ စားရမည်ဟု ခန့်မှန်းရန် အချိန်မရသေးမီ ရှဲ့ရွှင်းက အဖုံးကို ဖွင့်လိုက်ပြီး ပြင်းထန်သော ချဉ်စပ်စပ်ရနံ့ ထွက်လာသည်။
အစားအသောက်ဘူးထဲတွင် ကြွေပန်းကန်လုံးကြီးတစ်လုံးရှိပြီး အဖြူရောင်ပန်းကန်လုံးသည် ကြည်လင်သောအညိုရောင်ဟင်းရည်ဖြင့် အနားသတ်ထားသည်။ အရောင်တွေ၏ ခြားနားမှုက အလွန်ဆွဲဆောင်မှုရှိ၏။
ကြွေပန်းကန်လုံးတွင် မြေပဲထောင်း၊နွေကြက်သွန်၊ ကြက်သားမျှင်တို့ဖြင့် ရောထားသော ဖန်းမြစ်ခေါက်ဆွဲများဖြင့် ပြည့်နေသည်။ အနက်ရောင် ဖန်းမြစ်ခေါက်ဆွဲသည် ပါးပါးလှီးထားသော ငရုတ်သီးနီနီကို ပိုမိုဆွဲဆောင်မှုရှိစေသည်။ ဟင်းရည်က အရည်ကျဲပြီး အေးမြ၏။
ကျန်းရှုယောင်က လင်းရှီပေးပို့သော ငရုတ်သီးအားလုံးကို ပြုပြင်ပြီး ငရုတ်သီး၏အရသာကို စမ်းသပ်လိုသည်။ ယနေ့ သူမသည် ငရုတ်သီးအနီနှင့် ငရုတ်သီးအချဉ်အချို့ပါရှိသော ပူပူချဉ်ချဥ်သောဖန်းမြစ်ခေါက်ဆွဲကို အထူးပြုလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ဖန်းမြစ်ခေါက်ဆွဲတွင် လန်းဆန်းစေသော ငရုတ်သီးချဉ်၏ ထူးခြားသော အချဉ်ရနံ့ရှိလာသည်။
အများကြီးရှိသည်ကိူ မြင်လိုက်ရသဖြင့် ရှဲ့ရွှင်း က လင်းချန်ကို ခေါက်ဆွဲပန်းကန်တစ်ဝက် ပေးလိုက်သည်။
သူတို့နှစ်ယောက် လမ်းခွဲပြီးနောက် ချက်ချင်း ခေါင်းငုံ့ကာ စားသောက်ကြသည်။
ဖန်းမြစ်ခေါက်ဆွဲသည် ချောမွေ့သည်။ ဟင်းရည်အေးအေးထဲမှာ စိမ်ပြီးသည့်အခါ ချောမွတ်မှုက ပိုသိသာလာပြီး တူကြားကနေ လွယ်လွယ်ကူကူ လျှောကျသွားလေသည်။ ဆန်ခေါက်ဆွဲနှင့် ယှဉ်လျှင် ပိုလန်းဆန်း၏၊ စေးကပ်မှုမရှိသည့်အပြင် နူးညံ့မှုထဲမှာ ကြွပ်ဆတ်မှုရှိနေ၏။
ဟင်းရည်က လန်းဆန်းစေပြီး ဖန်းမြစ်ခေါက်ဆွဲပေါ်မှာ ကပ်မနေပါချေ။ ဖန်းမြစ်အမှုန့်ကိုလုပ်ထားသည်က ဟင်းရည်၏ တမူထူးခြားသော အရသာကို ရရှိစေသည်။ ချောမွေ့နူးညံ့သော ဖန်းမြစ်အမှုန့်သည် ပူပူချဉ်ချဥ်ဟင်းရည်အခြေခံ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ လူတို့အား အတူတကွ အစာစားရင်း အသက်ပြင်းပြင်းရှူမိစေ၏။
မြည်းစမ်းလိုက်သည်နှင့် တပြိုင်နက် ပူပူချဉ်ချဥ်အရသာသည် သူ့ပါးစပ်ထဲသို့ ချက်ခြင်း ပြည့်သွားသည်။ ရှာလကာရည်နှင့် ငရုတ်သီးချဉ်၏ အချဉ်ဓာတ် နှစ်မျိုးလုံးသည် စပ်သောအရသာနှင့် ပေါင်းစပ်ကာ လျှာဖျားမှ လျှာရင်းအထိ ပျံ့နှံ့သွားသည်။ လတ်ဆတ်ကာ ထုံထိုင်းစေခဲ့သည်။ အချဉ်ဓာတ်က အလွန်လန်းဆန်းစေပြီး စမ်းရေ ကဲ့သို့ တံတွေးများထွက်စေသည်။
သို့သော် ဤအပူအချဉ်သည် များခြင်းကဲခြင်းမရှိပါဘဲ အေးမြလန်းဆန်းစေကာ ပူပူချဥ်ချဥ်ဖြစ်သည်။ အရသာရှိပြီး အအီ သက်သာစေသည်။
၎င်းသည် နူးညံ့ပြီး လန်းဆန်းသည်၊ အရသာရှိပြီး ချဉ်သည်။ တစ်ကိုက် ကိုက်ပြီလျှင် မရပ်နိုင်တော့ပေ။ ချဉ်ချဉ်စပ်စပ် အရသာက အင်မတန်မိုက်၏။
အလုတ်အနည်းငယ်လောက် စုပ်ပြီးစားပြီးနောက် သူ့လျှာဖျားတွင် စပ်ထုံသွားပြီး ရှဲ့ရွှင်း လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
လက်ဖက်ရည်က ပူပြီး သူ့လျှာဖျားရှိ အစပ်အာရုံခံစားမှုသည် ထိုအချိန်တွင် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာကြီးမားလာသည်။
ရှဲ့ရွှင်း လက်ဖက်ရည်ခွက်ကို အမြန်ချလိုက်သော်လည်း အစပ်အာရုံခံစားမှုက သူ့လျှာဖျားတွင် တည်နေ၏။ ပူစပ်လွန်း၍ သူ့နဖူးက ချွေးတွေထွက်ပြီး သူ့မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နေသည်။
လူတစ်ယောက်က အရင်မြင်သည်။၎င်းနောက် တစ်ယောက်ပြီးတစ်ယောက်ဖြင့် တစ်ခန်းလုံးက ရှဲ့ရွှင်း၏ မျက်ဝန်းထဲမှာ မျက်ရည်တွေကို ထိန်းထားသည်ကို တွေ့လိုက်ရ၏။
နဖူးပေါ်ရှိ ခရမ်းပုတ်ရောင်နှင့် လက်ရှိအချိန်ရှိ ညှိုးငယ်မှုတို့ ရောနှောနေသည့်အခါ ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးရန် လုံလောက်သည်။
ဤကဲ့သို့တွေးကာ သူတို့ လင်းချန်အား စိုက်ကြည့်နေကြသည်။
လင်းချန်က အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အနေဖြင့် ရှဲ့ရွှင်း ၏ အဖြစ်အပျက်ကို သိရမည်ဖြစ်သည်။
လူတိုင်းကြည့်နေသော လင်းချန်က ထိုအချိန်တွင် ခေါင်းကို မော့လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ကျဆင်းသွားသည်။ ထို့နောက် ချွမ်ခနဲအသံနှင့်အတူ သူ့များ စားပွဲပေါ် ပြုတ်ကျသွားသည်။
လူတိုင်း : ?!
ယောက်ျားတစ်ယောက်က မျက်ရည်ကျတဲ့အခါ ခေါင်းမထောင်ဘူး...ဘာဖြစ်ခဲ့တာလဲ?!
သူတို့က နှစ်သိမ့်ဖြောင့်ဖြရန် လင်းချန်ဆီသွားကြပေမဲ့ လင်းချန်က သူ့မျက်ရည်တွေကို သုတ်ပြီး တရှူးရှူး တရှဲရှဲဆိုလေသည်။
"မင်းဘာတွေပြောနေတာလဲ"
သူ့ဘာသာသူ စပ်ပြီး မငိုနိုင်သည့် စိတ်အခြေအနေဖြင့် ရှဲ့ရွှင်းကပြောလိုက်၏။
"ဒီ ဖန်းမြစ်ခေါက်ဆွဲက အရမ်းအရသာရှိတယ်... စားကြည့်ချင်လား"
အားလုံးက နားမလည်နိုင်စွာဖြင့် ပန်းကန်သေးသေးလေးတွေနှင့် ရောက်လာကြသည်။
...
အိမ်ရှေ့မင်းသားသည် ပင်မနန်းတွင်းဆောင်မှ အရှေ့နန်းဆောင်သို့ ပြန်ရောက်သောအခါ အရှေ့နန်းဆောင်၏ ထမင်းစားခန်းကို ဖြတ်သွားချိန်တွင် ရပ်လိုက်သည်။ညံ့ဖျင်းသောအစားအသောက်များအတွက် အရာရှိများကို ဝမ်းနည်းကြောင်း ဖော်ပြရန် သူပြင်ဆင်လိုက်၏။
တံခါးဝကနေ ဝင်လိုက်သည်နှင့် မိုးကြိုးပစ်ခံရသလို သူ ခံစားလိုက်ရသည်။
အခန်းတွင်းရှိလူများက မတ်တပ်ရပ်သူက ရပ်၊ထိုင်သူက ထိုင်နေကြပြီး အားလုံးက မျက်ရည်များဖြင့် မျက်လုံးများ နီရဲနေကြသည်။ တချို့က ဆိုလျှင် ရှိုက်ရင်း မျက်ရည်ပင် သုတ်ကြ၏။
သူ့ရှေ့ရှိ အမှောင်ထုအရှိန်အဝါက သူ့ကို ခြောက်ခြားစေလုမတတ်။
မည်သို့သော ကြီးမားသည့် မှားယွင်းမှုမျိုးက အရှေ့နန်းဆောင် အရာရှိများကို ယခုလို တိတ်တိတ်လေး ငိုကြွေးစေခဲ့သနည်း။
...........
ရှဲ့ရွှင်း တွေးထားသလိုပဲ သူမ၏ မီးဖိုချောင်လေးကို ချိတ်ပိတ်ခြင်းသည် ကျန်းရှုယောင် အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိသည်။
သူမက နေ့လည်စာချက်ရန် ဒုတိယအိမ်တော်ခွဲ၏ မီးဖိုချောင်ငယ်ကို ငှားလိုကြောင်း ကျိုးရှီအား ပြောပြခဲ့ပြီး ကျိုးရှီကလည်း ၎င်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းသည်ဟုမထင်ပါချေ။ ထို့အပြင် သူမက စိတ်လှုပ်ရှားစွာ ကြည့်ရှုရန် မီးဖိုချောင်ငယ်လေးကိုပင် လာချင်ခဲ့သည်။
ကျန်းရှုယောင် ယနေ့တွင် လက်ခုတ်ခေါက်ဆွဲပြုလုပ်ရန် စီစဉ်ထားသည်။
အရင်က ပြင်ဆင်ထားသည့် မုန့်ညက်ကို ဖုံးအုပ်ထားသော အဝတ်စိုကို ထုတ်ယူလိုက်၏။ မွှေးပြီး အရသာရှိသည့် ခေါက်ဆွဲတစ်ပန်းကန်ကို ချက်ချင်ပါလျှင် ခေါက်ဆွဲကို ကောင်းကောင်းနယ်ရပါမည်။
ကျိုးရှီ တစ်ယောက်ယောက်က မုန့်ညက်နယ်သည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။ ချိုင်းထောက်တွေကို ကိုင်ထားရင်း ဂရုတစိုက်ကြည့်သည်။
ခေါက်ဆွဲအတွက်မုန့်ညက်နယ်ခြင်းက ခွန်အားနှင့် စိတ်ရှည်မှု လိုအပ်သည်။ ကျန်းရှုယောင်က ခေါက်ဆွဲကို အလျင်မလိုဘဲ တသမတ်တည်း စည်းချက်ညီညီ ချောမွေ့စွာ လှုပ်ရှားပေးသည်။ မုန့်စိမ်းကသူမ၏လက်အောက်တွင် ပျော့ပျောင်းပြီး တစ်ပြေးညီဖြစ်လာသည်။
ထင်ရှားသည်မှာ ၎င်းသည် အလွန်ငြီးငွေ့ဖွယ်ကောင်းသော်လည်း သူမ၏ချောမွေ့သောလှုပ်ရှားမှုများက ကျိုးရှီကို ဆွဲဆောင်ခဲ့ပြီး သူမ တဖြည်းဖြည်း စွဲလန်းလာခဲ့သည်။
သူမက ခြေထောက်တစ်ဖက် ဒဏ်ရာရထားပြီး ခြေထောက်တစ်ဖက်တည်းနှင့် မတ်တပ်ရပ်နေရ၏။ အချိန်အကြာကြီး မတ်တပ်ရပ်ပြီးလျှင် ဧကန်မုချ ခြေထောက်နာပေမည်။ ထိုအချိန်၌ပင် သူမက နာကျင်မှုကို ခံနိုင်ရည်ရှိနေဆဲဖြစ်ပြီး ကျန်းရှုယောင်၏ ဘေးတွင် တိတ်တဆိတ် သက်ပြင်းချရင်းဆိုသည်။
"နင်ကတကယ်ကို အံ့သြစရာပဲ"
ကျန်းရှုယောင်က ပြုံးပြုံးလေးနှင့်
"မုန့်ညက်လေး နယ်ရုံပဲကို"
မုန့်ညက်ပြီးခါနီးတွင် ကျန်းရှုယောင် မုန့်ညက်ကိုပုံသဏ္ဍာန်ဖော်ကာ ဓားကိုကိုင်၍ ဘယ်ဘက်လက်ဖြင့် မုန့်ညက်ကိုကိုင်ပြီး ခေါက်ဆွဲကို စတင်လှီးဖြတ်လိုက်သည်။
သူမ၏ လက်ကောက်ဝတ်ရှိ သွက်သွက်လက်လက် တွန်းအားဖြင့် ဓားထိပ်သည် ကြွေကျနေသော သစ်ရွက်ခြောက်များကဲ့သို့ မုန့်ညက်များကို ပိုင်းခြားထားသည်။ လေထဲတွင် တောက်ပနေသော အဖြူရောင်စက်ဝန်းပြတ်တစ်ခုနှင့်အတူ အပိုင်းအစတစ်ခုစီသည် တစ်ခုပြီးတစ်ခု အိုးထဲသို့ ကျသွားသည်။
အိုးထဲရှိ ရေဆူဆူက ခေါက်ဆွဲကို လှည့်ပတ်စေသည်။ တကယ့်ကို လှ၏။
ကျိုးရှီ၏ မျက်လုံးများက တောက်ပလာပြီး "တတိယယောက်မ...နင် ဓားသိုင်းကျွမ်းကျင်မယ်လို့ ငါ မမျှော်လင့်ထားဘူး" ဟုချီးကျူးလိုက်သည်။
"ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ... ဒါက ဓားနည်းပညာတစ်ခုတင်ပါ"
ကျန်းရှုယောင် သဘောကျပြီးရယ်မိသွားသည်။
ကျိုးရှီ ဤကွဲပြားမှုများကို ဂရုမစိုက်ပါချေ။ ကျန်းရှုယောင်က ခေါက်ဆွဲကို ကျွမ်းကျင်စွာဖြတ်တောက်လိုက်သည်၊ ဓားသည် မှုန်ဝါးနေသောအရိပ်တစ်ခုကိုဖန်တီးနေပြီး သူမ၏ သပ်ရပ်သောနည်းစနစ်က မိမိကို ယားယံသွားစေသည်။
သူမ မထိန်းနိုင်ဘဲပြောလိုက်၏။
"ငါစမ်းကြည့်လို့ရမလား"
ကျန်းရှုယောင်ခေတ္တရပ်ပြီး ခေါင်းလှည့်ကာ စိတ်လှုပ်ရှားနေသောအမူအရာဖြင့် စမ်းကြည့်ရန်စိတ်အားထက်သန်နေသော ကျိုးရှီကိုကြည့်လိုက်၏။ ဓားကို မဝံ့မရဲ ပေးလိုက်သည်။
ကျိုးရှီက ဓားကိုယူကာ ကျောက်တုံးကြီးရှေ့တွင် ထော့နဲ့ထော့နဲ့မတ်တပ်ရပ်ပြီး ချိုင်းထောက်ကို ချိုင်းကြားညှပ်ကာ မုန့်ညက်ကို ကိုင်လိုက်သည်။
"သတိထား...ကိုယ့်ကိုကိုယ် မထိခိုက်စေနဲ့"
သူမက သတိပေးလိုက်၏။
ကျိုးရှီက ပြင်ပအရာဝတ္ထုများကို ဤမျှစိတ်မ၀င်စားသည်မှာ ကြာပြီဖြစ်သည်။ ထိုအချိန်တွင် သူမသည် စိတ်ဝင်စားမှုအပြည့်ရှိနေသည်။ ကျန်းရှုယောင်၏သတိပေးချက်ကိုကြားသောအခါ သူမက ဝံကြွားသောအမူအရာတစ်ခုပြသပြီး မျက်ခုံးပင့်ကာ ပြုံး၍ဆို၏။
"ဒီဓားက ငါ့ကို နာကျင်စေမှာလား"
သူမက ပြောရင်း ဆန်းပြားသောလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ဓားသည် သူမ၏ လက်ဖဝါးမှ လျင်မြန်စွာ ထွက်သွားလေသည်။ သူမ၏ လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် လည်နေသောဓားက ချက်ချင်းရပ်သွားပြီး သူမက ဓား၏လက်ကိုင်ကို ကိုင်ထားလိုက်သည်။
ကျန်းရှုယောင် ထိုကဲ့သို့မြူးကြွသော အသွင်အပြင်ဖြင့် သူမကို မြင်ရခဲသည်။ သူမက ကျိုးရှီဆီကလေးဆန်သောရောဂါကူးစက်ခံရကာ လက်ကိုမြှောက်၍"တော်လိုက်တာ" ဟု ချီးကျူးခဲ့သည်။
ကျိုးရှီက ပိုပျော်သွားသည်။ သူမ မုန့်ညက်ကို ခံစားသိရှိရန် လက်ပေါ်တွင် ချိန်ဆကာ ဓားကို မပြီး ခေါက်ဆွဲကို စတင်လှီးဖြတ်လိုက်သည်။
ကျန်းရှုယောင် မူလက ကျိုးရှီနှင့် ကစားရုံသာ ဖြစ်ပြီး ချက်ချင်းစတင်နိုင်မည်ဟု မထင်ခဲ့ပေ။ စင်စစ်အားဖြင့် ခေါက်ဆွဲဖြတ်တောက်ခြင်းသည် ပြီးပြည့်စုံစေရန် အလေ့အကျင့်များစွာ လိုအပ်သည်။ ရလဒ်အနေဖြင့် ကျိုးရှီ ဓားကို မလိုက်သောအခါ သူမ ချက်ချင်းပင် အံသြမှင်သက်သွားခဲ့ရသည်။
ကျိုးရှီ၏ အရှိန်က သူမထက် ပိုမြန်ပြီး အဖြူရောင် လက်ခုတ်ခေါက်ဆွဲက မျဉ်းကြောင်းအတိုင်း ပျံဆင်းသွားသည်။ သူမ၏ ခွန်အားက တပြေးတည်းဖြစ်ပြီး ဓားက တည်ငြိမ်သည်။ ယေဘုယျအားဖြင့် ကျွမ်းကျင်သော စားဖိုမှူးများသာ ဤအရည်အချင်းကို ရရှိနိုင်သည်။
ကျိုးရှီက မုန့်ညက်ကို ခုတ်ပြီးသွားပြီး လက်ခုပ်တီးကာဆို၏။
"ဘယ်လိုလဲ"
ကျန်းရှုယောင် သူမတံတွေးကို မျိုချလိုက်ပြီး ပြောလိုက်သည်။
"ဒုတိယယောက်မက အရမ်းမိုက်တာပဲ"
ကျိုးရှီ ဂုဏ်ယူဝံ့ကြွားစွာဆို၏။
"ဓားကိုသုံးတာ ငါ့ရဲ့ထူးခြားတဲ့ကျွမ်းကျင်မှုပဲ... လူရိုင်းတစ်ယောက်ကို ပထမဆုံးအကြိမ်သတ်တုန်းက ဓားကိုသုံးခဲ့တယ်—"
၎င်းကိုပြောပြီးနောက် သူမချက်ချင်းရပ်လိုက်ပြီး ကျန်းရှုယောင်ကို စိုးထိတ်စွာကြည့်လိုက်သည်။
သို့သော် ကျန်းရှုယောင်က သူမစိတ်ကူးထားသကဲ့သို့ ရွံရှာပြီးခြောက်ခြားသည်အမူအရာ မပြခဲ့ပေ။ ထိုအစား သူမက မျက်တောင်ခတ်ပြပြီး အလွန်သိချင်နေဟန်ဖြင့် သူမကိုကြည့်ရင်း ဆိုလာ၏။
"အရင်ကလား...ဒုတိယယောက်မ ခေါက်ဆွဲလုပ်ပြီးတဲ့အခါ ကျွန်မကိုပြောပြရမယ်...ကျွန်မတို့စားရင်း စကားပြောကြမယ်"
ကျိုးရှီ အံ့ဩသွားပြီး ကျန်းရှုယောင် ၏ ကြည်လင်သော မျက်လုံးများကို မြင်လိုက်ရသည်။
ထိုအချိန်တွင် သူမသည် ရုတ်တရက် ရိုးသားပွင့်လင်းမှုကို ခံစားလိုက်ရသည်။ စိတ်မငြိမ်မသက် ၊ ကိုယ့်ကိုယ်ကို လေးစားမှု နည်းပါးပြီး ထိတ်လန့်မှုတွေက ကျန်းရှုယောင်၏ ကြင်နာသဘောကောင်းသော မျက်လုံးများအောက်မှာ ပျောက်ကွယ်သွားခဲ့၏။
သူမက တောက်ပပြီး ဟက်ဟက်ပက်ပက်အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ကာဆိုလိုက်သည်။
"ကောင်းပြီ"
*