အပိုင်း ၇၂
Viewers 16k

Chapter 72
သိုးသားတုတ်ထိုးကင်

အသားဆော့စ်၊ အချဉ်ဟင်းရည်၊ ခရမ်းသီးနှင့် အသားနုတ်နုတ်စင်း စသည်များလိုမျိုး လက်ခုတ်ခေါက်ဆွဲအတွက် ထည့်စားစရာအပိုအဆာ အများကြီးရှိ၏။ သာမန်ခေါက်ဆွဲတွေနှင့်မတူဘဲ စွတ်ပြုတ်ကို တွဲဖက်အဖြစ် လူအများပိုသုံးလေ့ရှိကြကြသည်။

ယနေ့ ကျန်းရှုယောင် လုပ်ထားသည်က အရိုးရှင်းဆုံး ဝက်သားဆော့စ်ဖြစ်၏။ အနီရောင်ဆော့စ်ကို ဆီနီအလွှာပါးပါးလေးနှင့် ဖုံးအုပ်ထားပြီး ပဲငပိကလည်း အလွန်မွှေးသည်။ နုတ်နုတ်စဉ်းထားသော အသားများကို လှီးဖြတ်ပြီး စွပ်ပြုတ်ထဲတွင် စုပုံထားရသည်။

ခုတ်ခေါက်ဆွဲပေါ်တွင် စွတ်ပြုတ်ပူပူတစ်ဇွန်းကို သူမ လောင်းထည့်လိုက်သည်။ နှင်းဖြူရောင် ခုတ်ခေါက်ဆွဲသည် အနီရောင်ဆီ အရောင်စွန်းထင်းနေပြီး ဟင်းရည်က အနှစ်ကျအောင်ကျိုထားသော်လည်း မပျစ်ပါချေ။ အပေါ်ကနေ နွေကြက်သွန်နှင့်နံနံကို ဖြူပြီး စားပွဲပေါ် တင်လိုက်သည်။

ခုတ်ခေါက်ဆွဲများသည် မိုးမခအရွက်ကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး ချောမွေ့နူးညံ့သောအသွင်အပြင်၊ အတွင်းတွင် ထူပြီး ဝါးရသည်။ ခေါက်ဆွဲကို စွပ်ပြုတ်ထဲမှာ စိမ်ထား၏။ ခေါက်ဆွဲရနံ့က ဟင်းရည်ထဲကို ရောစပ်ပြီး ခေါက်ဆွဲက စွပ်ပြုတ၏ရနံ့ကို စုပ်ယူထားသည်။

အသားနုတ်နုတ်စင်းဆော့စ်နှင့် ခေါက်ဆွဲဖတ်တို့ကို ရောနှောထားသည်။ ၎င်းတို့ကို ရောမွှေလိုက်လျှင် စေးကပ်သော အသံတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ဆော့စ်၏ရနံ့သည် အပူနှင့်အတူ လေထဲတွင် ပျံ့လွင့်သွားကာ လူတို့အာ ရုတ်တရက် ဗိုက်ထဲတွင် ဗလာဖြစ်နေသည်ဟု ခံစားရစေသည်။ သက်တောင့်သက်သာရှိစေရန်ဤပူနွေးနွေး အသားအရသာ လက်ခုတ်ခေါက်ဆွဲကို စားရန် အရေးတကြီးလိုအပ်၏။

ခေါက်ဆွဲလုပ်ရာတွင်လည်း ပါဝင်ခဲ့သဖြင့် ကျိုးရှိအတွက် ခေါက်ဆွဲသည် ပို၍မွှေးလာသည်။ သူမ ခေါင်းငုံ့ကာ ခေါက်ဆွဲကို ဆယ်လိုက်သည်၊ အပူက သူမမျက်နှာကို နီရဲလာစေပြီး အငန်မွှေးရနံ့က နှာခေါင်းထဲတွင် ပြည့်နေသည်။

လက်ခုတ်ခေါက်ဆွဲများသည် မိုးမခအရွက်အရွယ် အကျယ်အဝန်းဖြစ်ပြီး ကောက်ယူသည့်အခါတွင် လုံးထွေးနေမည်ဖြစ်သည်။ ပါးစပ်ထဲရောက်သွားသည်နှင့် မွှေးပျံ့သည့်ရနံ့က ပါးစပ်၏ထောင့်အားလုံးကို ချက်ခြင်းရောက်သွား၏။

ပဲငပိ၏ ငန်စပ်စပ်အရသာ၊ ဟင်းရည်အရသာနှင့် ခေါက်ဆွဲရနံ့တို့ ရောနှောကာ ပျော်ရွှင်မှုအရသာကို ဖန်တီးပေးသည်။

ခုတ်ခေါက်ဆွဲသည် အပြင်ဘက်တွင် ချောသော်လည်း အတွင်းပိုင်းတွင် ပျော့ပျောင်းသည်၊ ပျော့သော်လည်း စေးကပ်ခြင်းမရှိသည့်အပြင် အလွန်ဝါးရသည်။

သူမ ခေါက်ဆွဲအတုံးလိုက်ကို ဖြည်းညှင်းစွာ ဝါးလိုက်ရာ ထူးခြားထင်ရှားမှုနှင့်အတူ ညီတူစွာဝါးရသော အသားများဖြင့် ၎င်းတို့၏ အံ့သြဖွယ်အရသာကို ခံစားရသည်။ များများဝါးလေလေ ဆော့စ်က ပိုမွှေးလေလေပါပင်။ မွှေးရနံ့က လန်းဆန်းစေပြီး သင့်ပါးပြင်ကို လွှမ်းစေပါသည်။

ပထမအကိုက်ပြီးနောက် သူမ မရပ်နိုင်။ တူချောင်းတိုင်းကို ဟင်းရည်နှင့် အသားဆော့စ်ဖြင့် ဖုံးအုပ်ထားရမည်။ သူမ ခေါက်ဆွဲ၏အဆီအနှစ်ကို အပြည့်အ၀ခံစားနိုင်ရန် တူချောင်းတစ်ခုစီတွင် ပမာဏအများအပြားကို ယူခဲ့သည်။

ကျိုးရှီက သက်တောင့်သက်သာနှင့်ပျော်ရွှင်စွာစားခဲ့သည်။ အစာစားပြီးသည်နှင့် သူမ၏အခက်အခဲနှင့် ပူပန်မှုများအားလုံးကို မေ့သွားခဲ့သည်။ ထော့နဲ့ထော့နဲလျှောက်သွားပြီး နေရောင်အောက်မှာ ဇိမ်ရှိရှိ အိပ်ပစ်ချင်တော့သည်။

ကျန်းရှုယောင်၏ အေးချမ်းပြီး ပေါ့ပေါ့သော သဘောထားကို သူမ ရုတ်တရက် နားလည်သွားသည်။ သူမလည်း ဤကျွမ်းကျင်မှုနှင့် ချက်တတ်လျှင် နေ့တိုင်း ချက်ပြုတ်ပြီး စားရသည်ကိုပျော်နေပေလိမ့်မည်။သူမကိုယ်တိုင် ချက်ပြုတ်ရခြင်း၏ ကျေနပ်မှုကိုခံစားရရုံသာမက အစားအစာကိုလည်း မြည်းစမ်းနိုင်သည်။ဤသည်က ပျော်ရွှင်မှုပါပင်။ တစ်နေ့တာလုံး မည်သို့ ဟိုဟိုသည်သည်တွေပြီးစိတ်ပူနေနိုင်တော့မည်နည်း။

၎င်းကိုတွေးပြီး စိတ်လှုပ်ရှားစွာဖြင့် စားပွဲကို ပုတ်ပြီး ထပြောလိုက်၏။

“ညီမလေး... နင် ငါ့ကို ဘယ်လိုထင်လဲ”

ကျန်းရှုယောင်က ပါးစပ်သုတ်နေပြီး သူမ၏အော်သံကြောင့် လန့်သွားသည်။သူမခေါင်းမော့လိုက်သောအခါ ကျိုးရှီ၏ စူးရှတောက်ပသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်သွား၏။

"ဘာ...ဘာလဲ"

"ငါ့ကို နင်ဘယ်လိုထင်လဲ"

ကျန်းရှုယောင်က နားမလည်ဘဲ မိုက်မဲစွာ ပြန်ပြောသည် ။

"အိုး ဒုတိယယောက်မ ...ရှင်က အရမ်းတော်တယ်၊ ကျွမ်းကျင်တယ်၊ ဖြောင့်မတ်တယ်၊ ရုပ်ရည်လည်းကြည့်ကောင်းတယ်—"

ကျိုးရှီ သူမ၏ ချီးကျူးစကားကြောင့် အံ့အားသင့်သွားပြီး အကြောင်းအရာသို့ ပြန်ဆွဲထုတ်ရန် စိတ်မသက်မသာ ဖြတ်ပြောလိုက်၏။

"ဘာ...ဘာတွေပြောနေတာလဲ...ငါပြောတာ နင်ငါ့ကိုကြည့်...ငါက ထမင်းချက်ဖြစ်ဖို့အလားအလာရှိလား... နင်နဲ့အချက်အပြုတ်သင်ရင်ရော ဘယ်လိုလဲ"

ကျန်းရှုယောင် နောက်ဆုံးမှာ တုံ့ပြန်ပြီးပြောလိုက်သည်။

"ဒါပေါ့... သင်ယူချင်တယ်ဆိုရင်တော့ သဘာဝအတိုင်း သင်ပေးမှာပါ"

သူမကတိပေးသည်ကိုမြင်သောအခါ ကျိုးရှီ အင်မတန် ပျော်သွား၏။ သူမခြေထောက်တွေ ထော့ကျိုးဖြစ်နေသည့်အတွက်သာ မဟုတ်လျှင် သူမ အပြေးအလွှား ပြေးပြီး ကျန်းရှုယောင်ကိုပွေ့ချီ၍ စက်ဝိုင်းပုံ လှည့်ပတ်ပစ်မိပေလိမ့်မည်။

သူမ ကျန်းရှုယောင် မီးဖိုချောင်ထဲသို့ ချက်ချင်းဆွဲသွင်းရန် မစောင့်နိုင်ဘဲ နေရာအနှံ့ မီးဖိုချောင်သုံးဓားမျိုးစုံကို ကစားသည်။ ဤတိုက်ပွဲက ကျန်းရှုယောင်ကို လွတ်မြောက်ရန်အကြောင်းပြချက်ရှာရစေသည်။ အမ်း... စိတ်လှုပ်ရှားနေတဲ့ ဒုတိယယောက်မက နည်းနည်းတော့ အန္တရာယ်များတယ်...

ထို့ကြောင့် ကျန်းရှုယောင်တစ်ယောက် ဒုတိယအိမ်တော်ခွဲကို ချက်ပြုတ်ရန် သွားခဲ့ပေမဲ့ ပြန်လာပြီးနောက်မှာ အလုပ်သင်တစ်ယောက် ရခဲ့လေသည်။

ကျိုးရှိ၏စိတ်လှုပ်ရှားမှု ကြောင့် ကျန်းရှုယောင်မနေနိုင်တော့ပေ။ သူမ ညဘက်တွင် ချက်ပြုတ်ရန် မဝံ့မရဲဖြစ်သဖြင့် ပင်မမီးဖိုချောင်မှ ပြင်ဆင်ထားသော ညစာကိုသာ စားနိုင်ခဲ့သည်။

ရှဲ့ရွှင်း ပြန်လာပြီးနောက် စားပွဲပေါ်တွင် ရင်းနှီးသောအစားအစာကို တွေ့လိုက်ရသည်။ သူ့ပခုံးကို နွမ်းလျစွာဖြင့် လျော့ချမိလိုက်၏။

ရက်ပေါင်းဒါဇင်နှင့်ချီပြီး ပျော်ရွှင်နေခဲ့သည့်နောက် သူ့မှာ အိမ်ထောင်မပြုခင် နေ့ရက်တွေဆီကို ပြန်ရောက်သွားခဲ့သည်။

ကျန်းရှုယောင်က ဇီဇာကြောင်သူမဟုတ်ပဲ ခါတိုင်းလို သူမအစားအစာကို စားသည်။ သို့သော် သူမနှင့်မတူဘဲ ရှဲ့ရွှင်းက သူ၏တူများကို ဝတ်ကျေတမ်းကျေသုံးကာ ရပ်သွားခဲ့သည်။

မနက်​ဖြန်​တွင် အရသာရှိ​သော ​နေ့လည်​စာ ​မရှိတော့သည်​ကို ​တွေးလိုက်​မိသည်​၊ သူ ပို၍ပင်​ စိတ်ဓာတ်​ကျကာ စားချင်​စိတ်​မရှိ​တော့ပေ။

သခင်မကြီးက မီးဖိုချောင်ကိုချိပ်ပိတ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ကာ ဤအခွင့်အရေးကို အသုံးပြု၍ ရှုပ်ပွနေသော တတိယအိမ်တော်ခွဲ၏ လေထုကို သန့်ရှင်းစေရန် အစေခံတစ်ဦးကိုလည်း ထားခဲ့သည်။

အရင် ရှဲ့ရွှင်းသာဆိုလျှင် သူ အလွန်ပျော်နေပေလိမ့်မည်။မည်သို့ပင်ဖြစ်စေ သူက အေးချမ်းသည့် ပတ်ဝန်းကျင်ကို နှစ်သက်ပြီး စည်းကမ်းအလွန်ကြီး၏။ သို့ပေမဲ့ ယခုကား သူ ကျင့်သားမရတော့ပေ။ ထောင့်မှာ တဖျပ်ဖျပ်ပြေးလွှားခုန်ပေါက်နေသည့် ကြောင်လေးတွေ ပျောက်ကုန်လေပြီ၊ ထောင့်အောက်မှာ မြူးထူးဆော့ကစားနေသည့် အစေခံလေးတွေလည်း ပျောက်ကွယ်သွားပြီး ခြံဝင်းထဲက ကျန်းရှုယောင်၏ အထူးဟင်းလင်းပြင် ကုလားထိုင်လည်း ပျောက်ကွယ်သွားခဲ့သည်...

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရှုယောင်က ကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်ပြီး အရှေ့တောင်ပံရှိ အထွေထွေစာအုပ်များကိုဖတ်ရင်း အချိန်ဖြုန်းခဲ့သည်။

ရှဲ့ရွှင်း အရှေ့တောင်ပံသို့ စူးစူးဝါးဝါး လှမ်းကြည့်လိုက်ရာ ကျန်းရှုယောင်၏ ငြိမ်သက်အေးချမ်းသော အသွင်အပြင်ကို တွေ့လိုက်ရသည်။ သူ မှုန်တေတေဖြင့် မြို့စားရှဲ့အိမ်တော် တဝိုက်သို့ လှည့်ပတ်သွားခဲ့သည်။

သို့သော် ကျန်းရှုယောင်က ညစာအတွက် ပေါ့ပေါ့ပါးပါးစားပြီး ညလယ်စာစားသည့်အလေ့အထကို တီထွင်ထားပြီးဖြစ်သည်။ ညလယ်စာစားချိန်ရောက်သောအခါ သူမ ခါတိုင်းလိုဗိုက်ဆာလာသည်။

သူမအဆာပြေ ရေအနည်းငယ်သောက်ပြီး မျိုချလိုက်ရင်း ဗိုက်ဆာလာသည်။


သူမဗိုက်ကို မုန့်အချို့နှင့် ဖြည့်ချင်ပေမဲ့ အချိုနှင့် ဆီများသည့် မုန့်တွေကို သိပ်စိတ်မဝင်စားပါချေ။

လူတွေက စားချင်လောဘကြီးလာသည့်အခါ ပျာယာခတ်ကြ၏။ ကျန်းရှုယောင် အိမ်မှ ထွက်လာပြီး ပင်မမီးဖိုချောင်အနီးသို့ မသိလိုက်ပါဘဲ လမ်းလျှောက်လာခဲ့သည်။

ပုံမှန်အားဖြင့် သူမသည် ညလယ်စာစားရန်အတွက် ခြံဝင်းထဲတွင်ပဲ လှည့်ပတ်နေခဲ့ကာ သူမကို ဘယ်သူမှ မထိန်းချုပ်နိုင်ပေ။ ယခုမူ ပြစ်ဒဏ်ကို လက်ခံပြီး မီးဖိုချောင်ကို ချိပ်ပိတ်မည်ဟု ပြောခဲ့သည်။ ပင်မမီးဖိုချောင်သို့သွား၍ လှန်လောနေလျှင် သခင်မကြီးက သူမကို အပြစ်မတင်လျှင်ပင် သူမမှာ ထားစရာမျက်နှာမရှိပေ။

သူမ သော့ခတ်ထားသော မီးဖိုချောင်ကိုကြည့်ကာ ထွက်ခွာရန်စီစဉ်ထားသော်လည်း ညလယ်စာအကြောင်းကို ပိုတွေးလေလေ စားချင်စိတ်ကြီးလေလေဖြစ်သည်။ လရောင်မှိန်မှိန်၏အားသာချက်ကိုရယူကာ လမ်းသွားလမ်းလာများကိုရှောင်ရှားကာ ပင်မမီးဖိုချောင်၏ပြတင်းပေါက်ကိုတိတ်တဆိတ်ဖွင့်လိုက်သည်။

ညလယ်စာတစ်ခုမျှသာဖြစ်သည်မှာ ထင်ရှားသော်လည်း သူမ အပြစ်ရှိသောအသိစိတ်တစ်ခုကို ခံစားလိုက်ရသည်။

မြို့စားရှဲ့အိမ်တော်၏ စည်းမျဉ်းများသည် တင်းကျပ်ပြီး အစားအစာ ခိုးယူသူ မည်သူမျှ ရှိမည်မဟုတ်ပါချေ။ ထို့ကြောင့် ပင်မမီးဖိုချောင်ရှိ ထမင်းချက်သည် တံခါးကို ဝတ်ကျေတန်းကျေ သော့ခတ်ပြီး ပြတင်းပေါက်များကို မင်တုန်းချမထားပေ။

ကျန်းရှုယောင် ပြတင်းပေါက်ကိုဖွင့်ပြီး တံခါးဘောင်ကနေ ခုန်ဆင်းရန် ရုန်းကန်နေရလေသည်။

မြေကြီးပေါ်သို့ ပြန်ရောက်ပြီးနောက် သူမ၏ ဝတ်ရုံလက်များပေါ်ရှိ ဖုန်မှုန့်များကို ပွတ်ချလိုက်သည်။ သို့ပေမဲ့ ဖယောင်းတိုင်မီးထွန်းခါနီးမှာ သူမနောက်ကနေ အသံတစ်ခုကြားလိုက်ရ၏။

ထိတ်လန့်တုန်လှုပ်သွားပြီး ပုန်းအောင်းရန်ကြိုးစားပေမဲ့ သူမ မလွတ်မြောက်ခင်မှာ ပြတင်းပေါက်က ရုတ်တရက်ပွင့်သွားသည်။

လရောင်သည် အတွင်းဘက်သို့ ပေါက်ကြားလာပြီး ကျန်းရှုယောင်၏ အမြင်အာရုံကို လင်းထိန်စေကာ ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသော လူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေခဲ့သည်။

တိတ်ဆိတ်သောညဝယ် လရောင်ဖြင့် လင်းထိန်နေသော ပင်မမီးဖိုချောင်တွင် ကျန်းရှုယောင် နှင့် ပြတင်းပေါက်အပြင်ဘက်ရှိ ရှဲ့ရွှင်းတို့ မျက်နှာချင်းဆိုင်တွေ့နေကြသည်။ လေထုသည် အဆင်မပြေသော တိတ်ဆိတ်မှုထဲသို့ ကျသွားသည်။



ရှဲ့ရွင်း ပြတင်းပေါက်တွင် ကိုးရိုးကားယား မတ်တပ်ရပ်ကာ သူဝင်သင့်မဝင်သင့် တွေးနေသည်။

ကျန်းရှုယောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းရာတွင် ဦးဆောင်ခဲ့သည်။ သူမ အသံကို လျှော့ပြီးပြောလိုက်၏။

"အရင်ဝင်လာလိုက်...ဘယ်သူမှ မတွေ့စေနဲ့"

ရှဲ့ရွှင်း သူမပြောသည့်စကားက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။ ပြတင်းပေါက်ပေါ်မှ အမြန်ခုန်ဆင်းလိုက်သည်။

ဆင်းသက်ပြီးနောက် ဤလုပ်ရပ်က တကယ်ကို မတော်မလျော်ဖြစ်သည်ဆိုခြင်းကို ရုတ်တရက် သတိရလိုက်၏။ ပြတင်းပေါက်ကို လှည့်ပြီး မပိတ်ခင် အပြင်မှ စကားပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဟုန်ရှင်း...ပင်မမီးဖိုချောင်ရဲ့ ပြတင်းပေါက်က ပွင့်နေတာကို နင်မြင်လား"

အစေခံ၏အသံမှာ ဝိုးတဝါးဖြစ်နေသည်၊

ကျန်းရှုယောင် နှင့် ရှဲ့ရွှင်း တို့သည် တစ်ချိန်တည်းတွင် ထိတ်လန့်သွားကြသည်။ တိတ်တဆိတ်မပြောဘဲ နားလည်မှုဖြင့် ထိုင်ချလိုက်ကြ၏။

ကျန်းရှုယောင် ငုတ်တုတ်ထိုင်လိုက်ပြီး ထောင့်သို့ ရွှေ့ကာ ရှဲ့ရွှင်းအား ကသုတ်ကရတ် လက်ပြလိုက်သည်။

ရှဲ့ရွှင်း မူလက မသိစိတ်တုံ့ပြန်မှုတစ်ခုအဖြစ် ထိုင်ချလိုက်သော်လည်း ထိုသို့ပြုလုပ်ရန် မရည်ရွယ်ခဲ့ပေ။ကျန်းရှုယောင်ကို ထိုသို့မြင်လိုက်ရသောအခါ မတ်တပ်ရပ်ပြီး လမ်းလျှောက်ရမှာ ရှက်လွန်းသည့်အတွက် အရှက်ကို သည်းခံပြီး ထောင့်နားအထိ ကဏန်သွား သွားခဲ့ရသည်။

အစေခံနှစ်ယောက်၏ အသံများက တဖြည်းဖြည်း တိုးကပ်လာကာ ပြတင်းပေါက်ဆီသို့ လျှောက်ကာ တံခါးကို ပိတ်၍ မနက်ဖြန် ဘဏ္ဍာထိန်းထံ တိုင်တန်းမည်ဟု ညည်းတွားလိုက်ကြသည်။

စကားသံများ ပို၍ဝေးသွားပြီးနောက် ရှဲ့ရွှင်း ထရပ်ပြီး ကျန်းရှုယောင် ဆီသို့ လျှောက်သွားသည်။

"အစာရှာတွေ့ ပြီလား"

လရောင်ထွန်းထားသောပတ်ဝန်းကျင်ကို သူကြည့်လိုက်ပြီး မီးဖိုချောင်မီးပုံးကို ထွန်းညှိရန် အဆင်သင့်ဖြစ်နေ၏။

ကျန်းရှုယောင်က သူ့ကိုတားသည်။

"မီးထွန်းလို့ မရဘူး...လင်းလွန်းရင် အပြင်ကလူတွေ ကျွန်မတို့ကို မြင်နိုင်တယ်"

ခိုးယူခြင်းအတွေ့အကြုံမရှိသော ရှဲ့ရွှင်းက မီးပုံးထဲမှ ဖယောင်းတိုင်တစ်တိုင်ကို ထုတ်ကာ မီးခတ်ကျောက်ဖြင့် မီးညှိကာ ဖယောင်းတိုင်မီးကို ဖုံးကာ ကျန်းရှုယောင်ထံ ရောက်လာသည်။

အမှောင်ထဲမှာ ကျန်းရှုယောင်၏ အမြင်အာရုံက အလွန်ကောင်းသည်။ ရေတိုင်ကီထဲမှာ အအေးခံထားသည့် အစားအစာကို ရှာတွေ့ပြီး ဘာစားရမလဲ စဉ်းစားနေခဲ့၏။

ရှဲ့ရွှင်းက သူမကိုမီးပြရန် ဖယောင်းတိုင်ကို သူမဆီ ယူလာသည်။

"ဘာစားစရာရှိလဲ"
သူကမေးလိုက်၏။

ကျန်းရှုယောင်ဆိုသည်။
"ပင်မမီးဖိုချောင်မှာ ခေါက်ဆွဲနဲ့ ဆန်ပဲရှိတယ်... ရှင်စားချင်တာတစ်ခုခုရှိလား"

ဤအချိန်ကြီးမှာ သူက မီးဖိုချောင်ကို ရောက်လာ၏။ ဗိုက်ဆာသည်ထက် စားချင်သည်က ပိုများနိုင်သည်။


ရှဲ့ရွှင်း ခေါက်ဆွဲရော ယာဂုပါမစားချင်ပေ။ ဆာလောင်မှုကို သက်သာစေရန် အစာနည်းနည်းပဲ စားချင်၏။

အနည်းငယ်ပြောင်းလဲနေသော သူ့အမူအရာကိုကြည့်ရင်း ကျန်းရှုယောင် သူ့အတွေးများကို အံ့ဖွယ် နားလည်သွားသည်။

လူနှစ်ယောက်၏ အတွေးများသည် မဖွင့်ဟမပြောဘဲတန်းညှိနေကြ၏။ ကျန်းရှုယောင်အတွက် ညလယ်စာသည် ကျန်းမာရေးနှင့် မညီညွတ်သော အရာဖြစ်သည်။ ဥပမာ၊ ညဆယ့်နှစ်နာရီမှာ အသင့်စားခေါက်ဆွဲတစ်ပန်းကန်နှင့် ဆန်ကိတ်တို့က အပြစ်ရှိသလို ခံစားရစေ၏။

"ဒါဆို တုတ်ထိုး စားရအောင်"

သူမ သိုးသားတစ်ပိုင်းကို ထုတ်ကာ ရိုးရိုးစင်းစင်း အရသာနှပ်သည်။ ထို့နောက် သူမက ရှဲ့ရွှင်းကိုခိုင်းလိုက်၏။

"တံစို့အဖြစ် သုံးလို့ရတဲ့ တစ်ခုခုကို ရှာကြည့်ပါ"

ရှဲ့ရွှင်းက ဖယောင်းတိုင်များကို ချန်ထားခဲ့ကာ မီးဖိုချောင်တွင် လှည့်ပတ်ရှာဖွေရင်းမေးလိုက်သည်။

"တူအရှည်တွေကို သုံးရင်ရော"

"ခွဲနိုင်ရင် အဆင်ပြေတယ်"

ရှဲ့ရွှင်း တူအရှည်နှင့် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ပြန်ယူလာလိုက်သည်။ ကျန်းရှုယောင် ထိတ်လန့်သွားပြီး ပြောလိုက်၏။

"လက်ကို မခိုက်မိစေနဲ့"

ရှဲ့ရွှင်း ပြောစရာစကားမဲ့သွားပြီး "မင်းရဲ့စိတ်ထဲမှာ ငါကအရမ်းအားနည်းနေသလား"ဟူသောအကြည့်တစ်ခု သူမကိုပေးလိုက်သည်။

သူက တိကျသောအင်အားကိုသုံးကာ ဓားကို လျင်မြန်အားပါစွာအသုံးပြုကာ တူရှည်များကို အထူအပါးညီသော အစိတ်အပိုင်းများအဖြစ်ခွဲလိုက်၏။

ကျန်းရှုယောင် ပါးလွှာသော တံစို့များကို ထိလိုက်သည်၊ အပိုင်းက ချောမွေ့နေပြီး အချွန်အတက် မရှိသလောက်ပင်။

"ဝါး...အလုပ်ဖြစ်လိမ့်မယ်"
သူမက ချီးကျူးလိုက်သည်

ရှဲ့ရွှင်း အနည်းငယ် ဂုဏ်ဆာသွားပြီး သူ့နှုတ်ခမ်းထောင့်များက အောင်ပွဲခံကာ ကွေးသွားသည်။ ဘာဂုဏ်ယူနေမှန်း သူ့ကိုယ်သူ မသိပေငြါး။

သိုးသားကို အပြည့်အဝနီးပါး နှပ်ထားပြီးဖြစ်သဖြင့် ကျန်းရှုယောင် သူတို့ကို တံစို့နှင့် စပြီး သီလိုက်သည်။ သိုးသားတုတ်ထိုးများသည် အဆီနှင့်အသားပေါင်းစပ်မှုလိုအပ်သည်။ သိုးသားနှင့် အဆီတို့ကို သီတံဖြင့် ရောယှက်နေပြီး အများအားဖြင့် အသားသုံးခုနှင့် အဆီတစ်ခုဖြစ်သည်။

သီပြီးနောက် ကျန်းရှုယောင် ထိုင်ချလိုက်ပြီး ထင်းကို မီးညှိလိုက်သည်။

ရှဲ့ရွှင်းလည်း ကူညီရန် ငုတ်တုတ်ထိုင်လိုက်သည်။ သူက မြက်ခြောက်လက်တစ်ဆုပ်စာလောက်ကိုယူပြီး မီးညှိလိုက်၏။ မီးတောက်များက မီးဖိုခန်းတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားသည်။

ကျန်းရှုယောင် သူ့လက်ကောက်ဝတ်ကို အလျင်အမြန်ဆွဲကာ မီးဖိုကိုလက်လွှဲယူလိုက်သည်။ သူမ အသက်ကို မနည်းရှူပြီးပြောလိုက်၏။

"လင်းလွန်းနေတယ်... ​​သတိထားပါ"

ရှဲ့ရွှင်း လွှတ်ပေးပြီးတီးတိုးရေရွတ်လိုက်သည်။ "ဘာလို့ သူခိုးတစ်ယောက်လို ခံစားရတာလဲ"

ကျန်းရှုယောင်: "... ကျွန်မတို့က မဟုတ်လို့လား"

ရှဲ့ရွှင်း : "...အဲဒါက အဓိပ္ပါယ်ရှိတယ်"

မီးသွေး အပြည့်အဝ လောင်ကျွမ်းပြီးနောက် မီးဖိုသည် အနီရောင်ဖြင့် လင်းထိန်သွားသည်။ ကျန်းရှုယောင် သိုးသားတံစို့များကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ မီးသွေးမီးပေါ်တွင် ဖြည်းညှင်းစွာကင်သည်။

သိုးသားတံစို့များ ကင်လိုက်သည်နှင့် မီးခိုးများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ကျန်းရှုယောင်က မီးတောက်နှင့်တိုက်ရိုက်ထိမိပြီး မီးခိုးမည်းများပေသွားခြင်းမျိုးမရှိဘဲ မြင့်မားသောအပူချိန်ကို သေချာစေရန် မီးကို ယက်ခပ်ရန် ရှဲ့ရွှင်းကို ညွှန်ကြားသည်။

ခဏအကြာတွင် ရနံ့ထွက်လာသည်။ကျန်းရှုယောင် သိုးသားတုတ်ထိုးများကို ကိုင်ထားပြီး သိုးသားအပိုင်းတိုင်း ကင်ထားကြောင်း သေချာစေရန် အခါအားလျော်စွာ ထပ်ကာထပ်ကာ လှည့်ပြီး လှုပ်ယမ်းလိုက်သည်။

သိုးသားတုတ်ထိုးများသည် ရှုပ်ထွေးသော ဟင်းခတ်အမွှေးအကြိုင်များ မလိုအပ်ပါချေ။ ဆား ၊ ဇီရာ ၊ ငရုတ်သီးမှုန့် နှင့်တင် လုံလောက်သည်။ ကံမကောင်းစွာဖြင့် သူမ၏ ငရုတ်သီးမှုန့်ကို မီးဖိုချောင်ငယ်လေးထဲတွင် သိမ်းဆည်းထားခဲ့သည်။ထို့ကြောင့် ယနေ့ သိုးသားတုတ်ထိုးအစပ် မစားနိုင်တော့ပါချေ။

သူမ သိုးသားတုတ်ထိုးများကို ယူကာ ဆားကောင်း ဖြူးကာ တစ်ဖက်ကို အကြိမ်အနည်းငယ် ဖိပေးလိုက်သည်။သိုးသားကို အပူပေးသောအခါ ဇီယာ၏ရနံ့သည် လျင်မြန်စွာ ထွက်လာသည်။ သိုးသားတုတ်ထိုးများကို ကျွမ်းသည်အထိ မကင်ထားပေငြါး ဇီယာက ပြင်းထန်သောရနံ့ရှိပြီး ထွက်ကျနေဆဲဖြစ်သည့်ဆီများဖြင့် တရှဲရှဲမြည်နေ၏။

သိုးသားတုတ်ထိုးများ၏ မျက်နှာပြင်သည် အညိုရောင်ဖြစ်ပြီး ဝင်းပြောင်နေအောင် ကင်ထားကာ ဇီရာများနှင့်ပြည့်နေသည်။ သိုးသားဆီက ကြည်လင်တောက်ပပြီး ပုံမှန်မဟုတ်သော သိုးသားအပိုင်းအစများဖြင့် တံစို့ထိုးထားသည်။ နီညိုရောင် နှင့်ကြည်လင်နေသော ဆီက ရောစပ်ပြီး အလွန်အရသာရှိပုံပေါ်သည်။


Xxxx