Chapter 83
ထိုအချိန်တွင် အိုးထဲမှ တုတ်ထိုးကြော်များ ထွက်လာပြီး ကျိုးရှီ လည်းသူမတွေးတောနေသော မေးခွန်း၏ အဖြေကို ရသွား၏။
သံသယဖြစ်စရာမရှိဘူး... အတားအဆီးက သေချာတယ်... ရှုရှီပဲ...
"ချောင်ချောင်"အကြောင်းပြောလျှင် "ချောင်ချောင်" ရောက်လာသည်။ [ET/N- ဤသည်မှာ "နတ်ဆိုးအကြောင်း" နှင့် ဆင်တူသော အသုံးများသော အသုံးအနှုန်းဖြစ်သည်။(ဒီလူအကြောင်းပြောရင် ဒီလူရောက်လာတယ်) ]
ရှုရှီ ကောင်လေးနှစ်ယောက်ကို ခေါ်ပြီး ခြံတံခါးကနေ လျှောက်လာလိုက်သည်။
ရှဲ့ကျောက် ရနံ့ကို ရှူရှိုက်လိုက်ပြီး ရှုရှီ၏ လက်မှ ရုန်းထွက်သွားသည်။ အပြေးအလွှားသွားကာ စားပွဲဆီသို့ ခြေဖျားထောက်ပြီးဆို၏။
"ဒါက ဘာလဲ..စားဖို့လား"
ရှုရှီက သူ့ကို ဖမ်းရန် အမြန်ပြေးလာသည်။
ကျန်းရှုယောင်ကဆိုလိုက်၏။
"တုတ်ထိုးကြော်... ဒါပေမဲ့ အများကြီး စားလို့မရဘူး...ဆီအရမ်းများတယ်"
အရင်တစ်ခေါက်က သင်ခန်းစာဖြင့် ကျန်းရှုယောင် ဤတူလေးနှစ်ယောက်ကို အလွန်အကျွံ မပေးဝံ့ခဲ့ပေ။
ရှဲ့ကျောက်က နာခံမှုရှိရှိဖြင့် ခေါင်းညိတ်လိုက်ပြီး လျှာသပ်ကာဆိုလိုက်သည်။
"သား နည်းနည်းလေးပဲစားပြီး မြည်းရုံမြည်းပါ့မယ်... တတိယအဒေါ်ကို သေချာပေါက် ဒုက္ခမရောက်စေရပါဘူး"
ကျန်းရှုယောင်၏ဝတ့်ရုံလက်များကို အဝတ်ကြီုး များဖြင့် ချည်နှောင်ထားသောကြောင့် ကိစ္စများကို လွယ်ကူစွာ လုပ်ဆောင်နိုင်စေသည်။ သူမက တုတ်ထိူးကြော်များကို တူဖြင့်ညှပ်ယူကာ ပန်းကန်ပြားပေါ်တွင် တင်လိုက်သည်။ထို့နောက် ဆော့စ်ထဲကို စုတ်တံနှစ်ပြီး တုတ်ထိုးကြော်များပေါ် နှစ်ကြိမ်သုတ်လိမ်းကာ လှန်ပြီးနောက် နောက်ဘက်ခြမ်းကို နှစ်ကြိမ် သုတ်လိမ်းသည်။
ရွှေရောင်တုတ်ထိုးကြော်များကို တောက်ပသော နီညီရောင် ဆော့စ်များဖြင့် သုတ်လိမ်းပေးသည်။ နှမ်းစေ့အချို့ကို ဖြူးပြီးပါက တုတ်ထိုးကြော်များပေါ်က ဆော့စ်များက တစက်စက်ကျဆင်းသွားသည်။ ကြည့်ရသည်မှာ အရသာရှိပြီး ဆွဲဆောင်မှုရှိ၏။
"ဒုတိယယောက်မ မြည်းကြည့်ပါဦး"
ဆော့စ် သုတ်ပြီးနောက် ကျန်းရှုယောင် ပန်းကန်ပြားကို ကျိုးရှီ ဘက်သို့ တွန်းလိုက်သည်။
ကျိုးရှီက ရွှင်လန်းသော ခံစားချက်ဖြင့် ရှုရှီကို ပေါ့ပါးစွာ ကြည့်လိုက်သည်။ မြင်လား... နင့်ရဲ့ကလေးနှစ်ယောက်ကို ခေါ်လာရင်တောင် တတိယယောက်မက ငါ့ဆီအရင်ပို့ပေးလိမ့်မယ်...
မိုးခိုသားတုတ်ထိုး၏ အရေ(ခွံ)သည် ရွှေဝါရောင်သန်းအောင် ကြော်ထားပြီး အရသာရှိလှသည်။ နူးညံ့သော အသားပြားများ၏ မျက်နှာပြင်ကို ဆော့စ်နိုင်နိုင်ဖြင့် ဖုံးအုပ်ထားသည်။ အရောင်က တောက်ပသည်။ နှမ်းနည်းနည်းနှင့်တွဲထား၏။ ကိုက်စားပြီးနောက် အငန်နှင့် အဆီအဆိမ့်ရနံ့သည် နဖူးဆီသို့ လျှပ်စစ်စီးကြောင်းတစ်ခုပြေးဝင်းလာကဲ့သို့ ချက်ချင်းဆိုသလို သူမ၏နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။ သူမ၏ လျှာအရင်းမှ တံတွေးများ မသိစိတ်မှထွက်လာသည်။
ကျိုးရှီ သူမ၏လည်ပင်းကို ရှေ့သို့ အနည်းငယ်ညွတ်ကာ တစ်ချက်ကိုက်လိုက်ပြီး မိုးခိုသားကို ကိုက်လိုက်သည်။ စားပြီးသည်နှင့် ဆော့စ်၏ အစပ်အရသာက သူမနှုတ်ခမ်းနှင့် ပါးတွေဆီ ပျံ့သွား၏။ ဤအစပ်ဓာတ်သည် ခြောက်သွေ့ပြီး စပ်သောအရသာမဟုတ်သော်လည်း အရသာကွဲပြားသည်။စိတ်ကိုမလန်းဆန်းစေပေမဲ့ ဆော့စ်၏ လတ်ဆတ်မှု၊ အငန်၊ နှင့် ချိုမြိန်မှုတို့ကို ချဲ့ထွင်နိုင်အောင်ထိ အာရုံကို အပြည့်အဝနိုးထရန် လုံလောက်၏။ ဆော့စ်က ချိုပေမဲ့ ငန်လည်းငန်ပြီး အရသာမျိုးစုံရောစပ်ထားသည်။ ရနံ့က လူတွေကို မူးစေသည်။
မိုးခိုသားတုတ်ထိုး၏ အပြင်ဘက်ရှိ အသားများကို ဆီပူနှစ်ကြော်ထားပြီး အစွန်းများနှင့် ထောင့်များက အနည်းငယ် ကြွပ်နေသည်။ အရေပြားကို ကိုက်ပြီးနောက် အပူအချို့ ထွက်လာသည်။ မိုးခိုသားက အလွန်နူးညံ့ချောမွေ့ပြီး အသား၏မူလအရသာကို ထိန်းသိမ်းထားသည်။ ဆီပူက အသားကို ကျုံ့စေပြီး အညှီနံ့မပါပေ။ ဝါးရသည်မှာ စိတ်ကျေနပ်မှု အပြည့်ရ၏။ တစ်ချက်တစ်ချက် အသက်ရှူသွင်းလိုက်တိုင်း အပေါ်ကနေ အောက်အထိ စားရန် မစောင့်နိုင်တော့ပေ။
"ဘယ်လိုနေလဲ... မာလား"
ကျိုးရှီ ၏ ပါးစပ်သည် မိုးခိုသားထဲတွင် နှစ်မြှုပ်နေပြီး မျိုချရန် ဝန်လေးနေသဖြင့် အရူးအမူး ခေါင်းညိတ်ကာ လက်မထောင်နိုင်ရုံသာ ရှိတော့သည်။
"ကောင်းတယ်...ယောက်မကိုလည်း ကျန်တဲ့ တုတ်ထိုးကြော်တွေ အားလုံးကို မြည်းစမ်းကြည့်ခိုင်းရမှာပဲ"
ကျန်းရှုယောင်က လှည့်ပြီး ရှုရှီကို ပြောသည်။
ရှုရှီက ကျိုးရှီ၏ ဆော့များပေနေသည့် ပါးစပ် ထောင့်ကိုကြည့်လိုက်ပြီး အငမ်းမရစားနေသည့် သူမ၏ပါးစပ်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ တိတ်တိတ်လေး တံတွေးမျိုချလိုက်သည်။
"တော်ပါပြီ"
သူမက ပြုံးပြီးဆိုသည်။
"ဒီနေ့ ငါ့ရဲ့အကြီးဆုံးသားနဲ့ ဒုတိယသားက ကောလိပ်ကျောင်းက အားလပ်ရက်မှာ အိမ်ပြန်လာကြမှာ... ငါသူတို့ကို ကြိုဆိုဖို့ အလုပ်ရှုပ်နေပြီး ကောင်လေးနှစ်ယောက်ကို လျစ်လျူရှုမိတယ်...သူတို့ကလည်း မင်းဆီသွားဖို့ ငါ့ကိုပူဆာနေတာကြာပြီ...သူတို့ငါ့ရှေ့မှာ အမြဲပြဿနာရှာမှာစိုးလို့ ညစာစားဖို့အတွက်ပဲ လိုက်ပို့ချင်တာ"
ရှုရှီက ရှဲ့ယောင်၏ ခေါင်းကို ကိုင်လိုက်ပြီး
"သူအများကြီးစားပြီး အရင်တစ်ခေါက်က မင်းကို ဒုက္ခဖြစ်စေခဲ့တယ်လေ...သူက မလာဝံ့ပေမဲ့ အားကျောက်က အော်ဟစ်နေတာ...တကယ်ကို ခေါင်းကိုက်စရာ... ငါ့မှာ သူတို့ကို သွားခွင့်ပြုလိုက်ရတယ်... ကြည့်...အားကျောက်က သူလိမ္မာမယ်လို့ပြောတယ်...သူမလိမ္မာရင် တတိယယောက်မက သူတို့ကို ပထမအိမ်တော်ခွဲ ပြန်ပို့ပေးလိုက်ပါ"
ရှဲ့ကျောက်က ကျန်းရှုယောင်၏ဝတ်ရုံထောင့်ကို ဝမ်းနည်းစွာဆွဲယူလိုက်ပြီး ကျန်းရှုယောင်က ပြုံးကာပြောလိုက်၏။
"ဖြစ်ချင်တော့ ကျွန်မကလည်း ညစာအတွက် ဆန်ပြုတ်နဲ့ အအေးစာအရံဟင်းတွေ ချက်ထားတာရယ်...အစာအိမ်ကို ပေါ့ပါးသွားစေတာ ကောင်းပါတယ်...အားမနာပါနဲ့"
"ကျေးဇူးတင်ပါတယ်နော်"
ရှုရှီက သူမအား ကျေးဇူးတင်ပြီး ပထမအိမ်တော်ခွဲသို့ ပြန်သွားရန် ပြင်ဆင်ကာ အစေခံများ ရှဲ့ရယ်နှင့် ရှဲ့ဟောင်ကို ကြိုဆိုရန် ဧည့်ခံပွဲပြင်ဆင်နေသည်ကို သေချာကြည့်နေသည်။
ကျိုးရှီက သူမဘေးနားတွင် ပျော်ရွှင်စွာစားခဲ့ပြီး ရှုရွှထွက်သွားတော့မည်ကို သူမမြင်လိုက်ရသောအခါ သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူမ တုတ်ထိုးများ ခွဲပေးစရာမလိုခဲ့ပေ။
ကျန်းရှုယောင်က "ယောက်မ... နှစ်ခုလောက် ယူသွားချင်လား" ဆိုပြီး စိတ်ပါလက်ပါဆိုလာလိမ့်မည်ဟု မည်သူသိပါမည်နည်း။
ကျိုးရှီ ထိတ်လန့်သွားပြီး ရှုရှီကို သတိအပြည့်နှင့် ကြည့်နေသည်။
ရှုရှီက သကြားလုံးများကို နှစ်သက်ပြီး ငန်သောအစားအစာကို သိပ်စိတ်မဝင်စားသော်လည်း ယခုအချိန်တွင် ဆီနှင့်ဆော့စ်ရနံ့များ မွှေးပျံ့နေသည့် အနီရောင်တောက်တောက်တုတ်ထိုးကြော်များကို ကြည့်ပြီး မှင်တက်မိနေသော ပုံစံဖြင့် ပြောလိုက်သည်။
"ဒါဆို ကျေးဇူးတင်ပါတယ် ယောက်မ"
သူမ ဆန်ကိတ်တစ်ဖဲ့ကို ကျပန်းရွေးချယ်ခဲ့သည်။ ဆန်ကိတ်ကို အဖြူရောင် စတုရန်းတုံးများ လှီးဖြတ်ပြီး ဝါးချောင်းများပေါ်တွင် ညှပ်ထားသည်။ ကြော်ပြီးနောက် အစွန်းများ အနည်းငယ်ဝါလာသည်။ဆော့စ် နှစ်လွှာ လိမ်းပြီးနောက် အဖြူရောင်ဆန်ကိတ်ပေါ်တွင် အညိုရောင်ဆော့စ်နှင့် အပေါ်မှတောက်ပသောနှမ်းဖြူများဖြင့် အထူးဆွဲဆောင်မှုရှိပါသည်။
သူမ ဝတ်ရုံလက်စွပ်တွေကို လိပ်တင်ပြီး ကျက်သရေရှိစွာ ကိုက်စားလိုက်ရာ အရသာကြောင့် ချက်ချင်း လွှမ်းမိုးခံလိုက်ရသည်။
ဆန်ကိတ်က အပြင်မှာ အနည်းငယ် မာ၏။ ကိုက်ပြီးနောက် အတွင်းသားသည် အလွန်နူးညံ့ပြီး စေးကပ်ကာ အလွန်မာကျောသည်။ အနည်းငယ်ဝါးရုံဖြင့် ပျောက်မသွားဟု ထင်ရသည်။ ကြော်ပြီးနောက် ဆန်၏မွှေးရနံ့က ဆတိုးလာသည်။ စပ်စပ် နှင့် အနည်းငယ် ချိုသောဆော့စ်ဖြင့် နူးညံ့ပြီး အရသယကြွယ်ဝလာသည်။ ၎င်းသည် သူမ၏ နှုတ်ခမ်းများနှင့် ပါးများကို မွှေးကြိုင်စေသည်။ များများဝါးလေလေ စွဲလမ်းလေလေပါပင်။
"ဘယ်လိုလဲ"
ကျန်းရှုယောင်က မေးသည်။
ခုနက သူမလည်း ကျိုးရှီ ၏ အမူအကျင့်ကင်းမဲ့ခြင်း၊ မျိုချခြင်းမပြုဘဲ တုတ်ထိုးကြော်များကို ဝါးစားခြင်းနှင့်ဗလုံးဗထွေး ပြောဆိုခြင်းကိုပင် မကြိုက်ခဲ့ပေ။ယခု ကျိုးရှီ၏ ခံစားချက်တွေကို နားလည်ရန် သူမအလှည့်ရောက်နေလေပြီ။
သူမ နှုတ်ခမ်းတစ်ဝက်ကို လက်ဖြင့်အုပ်ကာ ဆက်တိုက် ခေါင်းညိတ်သည်။ နောက်ဆုံးတွင် ကျိုးရှီလိုမျိုး လက်မ မထောင်ဘဲ မနေနိုင်တော့ပေ။
...
မြို့စားရှဲ့အိမ်တော်၏ သခင်ငယ်လေးများဖြစ်သည့် ရှဲ့ရယ် နှင့် ရှဲ့ဟောင်သည် ငယ်စဉ်ကလေးဘဝကတည်းက မျှော်လင့်ချက်များစွာရှိခဲ့သည်။ သူတို့ ဟိုးငယ်ငယ်တုန်းကတည်းက ကျောင်းတက်ရန် အကယ်ဒမီကို ပို့ခဲ့ပြီး အားလပ်ရက်မှာသာ အိမ်တော်ဆီကို ပြန်လာခဲ့၏။
သူတို့အနေဖြင့် မှောင်လာသောအခါ အိမ်တော်သို့ ပြန်ရောက်လာတတ်သည်၊ သို့သော် ယနေ့ လျင်မြန်စွာနှင့် ညနေခင်း မတိုင်မီ ပြန်လာခဲ့ကြသည်။
သခင်မကြီးကို နှုတ်ဆက်ရန် ရှို့နင်ခန်းမဆောင်ကို အရင်သွားကြ၏။သခင်မကြီးက စိတ်အခြေအနေ မကောင်းခဲ့ပေ။ သူမနေမကောင်းဖြစ်နေသည်ကိုမြင်ရာတွင် သူတို့ အကြာကြီးမနေခဲ့ကြချေ။
ရှို့နင်ခန်းမဆောင်မှ ထွက်လာပြီး သခင်မကြီး၏ အခြေအနေကို မေးမြန်းပြီးနောက် နို့ထိန်းက တုံ့ပြန်ရန် တုံ့ဆိုင်းသွားခဲ့သည်။ သူတို့ မေးမြန်းရန် အစေခံငယ်လေးကို ကြည့်လိုက်ကြသည့်အခါ တတိယသခင်မနှင့် ပတ်သက်နေပုံရကြောင်းကိုသာ သိလာခဲ့၏။
ကျန်းရှုယောင်၏ ကောင်လေးချောချောလေးကို လိုက်ဖမ်းပြီး လူတစ်စု ရေထဲပြုတ်ကျစေခဲ့မှု၏ မျက်မြင်သက်သေတွေအဖြစ် သူတို့သူတို့တတိယအဒေါ်ကို အလွန်ဆိုးရွားသော အမြင်ရှိလေသည်။
သို့သော် သူမနှင့် သူတို့နှစ်ဦးသည် မြစ်ကို မထိခိုက်စေသော ရေတွင်းရေကဲ့သို့ ဖြစ်သောကြောင့် နှစ်ယောက်သား သူမထံ ပြဿနာ သွားမရှာရဲကြပေ။
[ET/N- "ရေတွင်းရေသည် မြစ်ကိုမထိခိုက်စေပါ" ဆိုသည်မှာ ၎င်းတို့တွင် မတူညီသောလမ်းများရှိကာ တစ်ခုနှင့်တစ်ခု မသက်ဆိုင်ပါ။]
သို့သော် တစ်ခါတစ်ရံတွင် ကောလိပ် အတန်းဖော်များက မိမိတို့တတိယဦးလေး၏ အိမ်ထောင်ရေးကို လှောင်ပြောင်ကြသည်ကို နားထောင်ရသောအခါတွင် သူတို့ တခါတရံတွင် သူတို့၏ တတိယအဒေါ်ကို ပို၍ပင် မကြိုက်ကြပေ။
ယခု ပြဿနာရှိကြောင်းကို သိသော်လည်း အကြောင်းရင်းကိုကား မသိ။ သူတို့ထင်ကြေးမပေးဘဲ ပထမအိမ်တော်ခွဲဝင်းကို ပြန်သွားပြီး သူတို့အမေကို မေးကြည့်ရန် အစီအစဉ်ရှိခဲ့သည်။
ပထမအိမ်တော်ခွဲကိုရောက်တဲ့အခါ ရှုရှီကို မတွေ့ခဲ့ရဘဲ ညီငယ်နှစ်ယောက်ကိုလည်း မတွေ့ခဲ့ရပါချ
အစေခံကိုမေးသောအခါ ရှုရှီက သူတို့၏ညီငယ်နှစ်ယောက်ကို တတိယအိမ်တော်ခွဲသို့ ခေါ်ဆောင်သွားကြောင်း သိလိုက်ရသည်။
"အစ်ကိုကြီး...တတိယအိမ်တော်ခွဲမှာ အမေ ဘာလုပ်နေတယ်ထင်လဲ"
ရှဲ့ဟောင်က ပဟေဠိဖြစ်နေ၏။
"သူက အားကျောက်နဲ့အားယောင်ကို ခေါ်သွားတယ်"
သူတို့အိမ်နှင့်နှစ်လသုံးလလောက် ဝေးကွာနေခဲ့ပြီး အိမ်မှာ ဘာဖြစ်နေလဲ မသိပါချေ။သူတို့၏ မှတ်ဉာဏ်က ကျန်းရှုယောင် လက်ထပ်ပြီးခါ အချိန်မှာပဲ ရှိနေဆဲဖြစ်သည်။ရှဲ့ရယ်က မျက်မှောင်ကြုတ်ပြီးပြော၏။
"အမေက တတိယအဒေါ်ကို မကြိုက်တာ မှတ်မိတယ်"
"ဟုတ်တယ်"
နှစ်ယောက်သား အနည်းငယ် စိတ်ပူသွားသည်။ ခြံဝင်းထဲမှာ ခဏလောက်စောင့်ခဲ့ကြပေမဲ့ တုတ်ထိုးကြော်စားရင်း အလုပ်ရှုပ်နေသည့် ရှုရှီက ပြန်မလာခဲ့ပါချေ။
နေဝင်ခါနီးနေပြီဖြစ်သည့်တိုင် ရှုရှီ ပြန်မလာသေးသည်ကိုတွေ့လိုက်ရသောအခါ ရှဲ့ဟောင်သိချင်စိတ်ကိုမထိန်းနိုင်ဘဲပြောလိုက်၏။
"ငါတို့သွားကြည့်သင့်လား"
သူတို့နှစ်ဦးသည် တတိယအိမ်တော်ခွဲသို့ လျှောက်သွားကြသည်။ သူတို တတိယအိမ်တော်ခွဲ၏ ဝင်းဝင်ပေါက်သို့ ရောက်ရှိလာတော့မည်ဖြစ်သော်လည်း ရှုရှီနှင့် ၎င်းတို့၏ညီငယ်နှစ်ယောက်ကို မတွေ့ဆုံရသေးပေ။
"အမေ ဘာလုပ်နေတယ်ထင်လဲ"
ရှဲ့ရယ် ကောင်းကင်ကို မော့ကြည့်ပြီး
"ဒီအချိန်လောက်ဆို သူပြန်မလာဘူးဆိုရင် ဟိုဟာဖြစ်နိုင်မလား...တတိယအိမ်တော်ခွဲမှာ ညစာစားနေတာ ဖြစ်နိုင်လား"
"ဟားဟားဟား"
ရှဲ့ဟောင်က ရယ်ပြီးဆို၏။
"အစ်ကို...မင်း အရမ်းရယ်ရတယ်"
ရှဲ့ရယ်၏ ရယ်မောခြင်းသည် သူ့ကိုလည်း ရယ်မောစေခဲ့သည်။ နှစ်ယောက်သား အရယ်လွန်ပြီး ခါးနာလုမတတ်ပေ။
သူတို့ အပြုံးတွေကို ဝန်လေးစွာ မျိုသိပ်ထားပြီးနောက် ခြံဝင်းတံခါးဝကို ရောက်သွား၏။ သူတို့မဝင်ခင်မှာ စပ်ပြီးအရသာရှိသောအနံ့နှင့် ရောနှောနေသည့် ဆီရနံ့က နှာခေါင်းထဲကို တိုးဝင်လာသည်။
သူတို့မျက်နှာပေါ်က အပြုံးများက ရုတ်တရက် အေးခဲသွားလေသည်။
ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခြံတံခါးဝတွင်ရပ်နေသော အစေခံကိုမေးလိုက်သည်။
"ငါ့အမေက ဒီဝင်းထဲမှာလား"
အစေခံက ခေါင်းညိတ်၏။
ရှဲ့ရယ်က ခဏလောက် နှုတ်ဆိတ်သွားပြီးပြောလိုက်သည်။
"အိမ်ထဲဝင်ပြီး ငါတို့အိမ်ပြန်ရောက်ပြီလို့ သခင်မကိုပြောချေ"
အစေခံက စကားပါးရန် ခြံဝင်းထဲသို့ ဝင်သွားသည်။
သူတို့နှစ်ယောက်က အသက်အရွယ် သိပ်မကြီးသေးဘဲ အရာရာကို သိချင်နေသည့်အပိုင်းအခြားတစ်ခုမှာဖြစ်၏။ ရှုရှီက သူတို့၏ညီငယ်နှစ်ယောက်နှင့်အတူ တတိယအိမ်တော်ခွဲတွင် ရှိနေသည်ကို တွေးတောရင်း ဦးနှောက်ထဲတွင် ဒရာမာများစွာ တွေးနေမည်မှာ မလွဲဧကန်ပင်။
ရန်ဖြစ်မှုများ၊ အယှက်အတင်များ၊ အိမ်တွင်းရန်ပွဲများ... မည်မျှပင်တွေးနေပါစေ ရှုရှီက တတိယအိမ်တော်ခွဲတွင် တုတ်ထိုးကြော် စားပြီး အချိန်ကို မေ့သွားသည်ဟု တစ်ခါမှ မထင်မိ ခဲ့ပေ။
အစေခံက သတင်းပို့ရန် ခြံထဲသို့ ဝင်လာပြီးနောက် ရှုရှီ သူမမေ့သွားသည်ကို သတိရလိုက်သည်။ သူမလက်ထဲက တုတ်ထိုးရှိအသားအားလုံးကို ကိုက်လိုက်ပြီး ပါးစပ်ထောင့်တွေကို အမြန်သုတ်လိုက်ကာထွက်လာခဲ့၏။
အားလုံးသိကြသည့်အတိုင်း ရှုရှီက ဂုဏ်သိက္ခာနှင့် သီလတို့ဖြင့် အဓိပ္ပါယ်တူညီပြီး သူမသည် စည်းကမ်းနှင့် ကျင့်ဝတ်များကို ဘယ်သောအခါမှ မမေ့ပါချေ။
ထို့ကြောင့် သူမမျက်နှာကို လက်ဖြင့်အုပ်ကာ ဝါးရင်း ခပိသုတ်သုတ်ထွက်လာသောအခါ ရှဲ့ရယ် နှင့် ရှဲ့ဟောင် အံ့သြသွားကာ သူတို့၏မေးရိုးများသည် မြေပြင်ပေါ်သို့ကျလုနီးပါးဖြစ်သွားသည်။
ရှုရှီက ခြံအပြင်ဘက်တွင် ကြက်သေသေနေသော သားနှစ်ယောက်အားပြောလိုက်သည်။
"မင်းတို့ဘာလို့ဒီကိုရောက်နေတာလဲ"
ရှဲ့ရယ်က နောက်ဆုံးတွင် သူမပါးစပ်ထဲရှိတုတ်ထိုးကိုမျိုချလိုက်ပြီး သူမ၏ နဂိုသိက္ခာရှိပြီး နူးညံ့သိမ်မွေ့သောအသွင်အပြင်ကိုပြန်ရောက်သွားသော ရှုရှီကိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဆို၏။
"ကျွန်တော်တို့ အိမ်ပြန်ရောက်ပြီးတဲ့ နောက်မှာ အမေက တတိယအိမ်တော်ခွဲကို ရောက်နေတာကို ကြားလိုက်ရတယ်...အကြာကြီးရှိနေတာတောင် ပြန်မလာလို့ လာဖို့စိတ်ကူးလိုက်တာ"
တကယ်တမ်းတွင် အဓိကအကြောင်းအရင်းမှာ ရှုရှီနှင့်သူ့ညီလေးနှစ်ယောက်ဟာ တတိယအိမ်တော်ခွဲ အငြင်းအခုံဖြစ်မှာကို ကြောက်သည့်အတွက်ပါပင်။
ရှုရှီက ခေါင်းညိတ်ပြီး ဆိုသည်။
"သွားရအောင်...ပြန်ကြမယ်"
ရှဲ့ဟောင် မသိချင်ဘဲမနေနိုင်ဘဲ ရှုရှီ နောက်သို့ လိုက်သွားခဲ့သည်။
"အမေ... ခုနက ဟိုမှာ ဘာလုပ်နေတာလဲ...အားကျောက် နဲ့ အားယောင် ဘယ်မှာလဲ"
ရှုရှီ၏ အရှိန်အဟုန်သည် တည်ငြိမ်နေပြီး သူမ၏ လမ်းလျှောက်ပုံနှင့် စတိုင်ကလည်း သင့်လျော်ကာ တိုးတိုးလေးပြောသည်။
"အားကျောက် နဲ့ အားယောင်က တတိယအိမ်တော်ခွဲကို သွားကစားချင်တာမို့ သူတို့ကို လိုက်ပို့တာ"
ရှဲ့ဟောက် ထိုကလေးနှစ်ယောက်က ရှဲ့ရွှင်းကိုရှာရန် ရောက်နေသည် ထင်ခဲ့သည်။ သူက မျက်ခုံးတခြမ်းပင့်လိုက်ပြီး ဆို၏။
"အမေက သူတို့ကို အလိုလိုက်နေတာပဲ...အခု ထမင်းစားချိန်ရောက်ပြီ...တတိယဦးလေးကိုရှာဖို့ လွှတ်လိုက်တာက ထူးဆန်းနေမလားလို့"
ရှုရှီ ခဏလောက် အံ့အားသင့်သွားပြီး
"ဒါက ထမင်းစားရုံပဲကို"
သူမမျက်နှာပေါ်တွင် ရှက်ရွံ့သောအမူအရာပြကာ "ကလေးနှစ်ယောက်က သူတို့တတိယအဒေါ်ရဲ့ လက်ရာကို စားချင်နေကြတာ...ငါလည်း တတိယယောက်မကို ဒုက္ခပေးရတော့တယ်"
ရှဲ့ရယ်နှင့် ရှဲ့ဟောင် သူတို့နားကြား မှားသည်ဟု သံသယရှိကြပြီး ခဏတာ မတုံ့ပြန်နိုင်ကြပါချေ။
သုံးလအတွင်း ရှုရှီ အတော်လေး ပြောင်းလဲသွား၏။ မျက်နှာဖုံးတပ်ထားသလိုမျိုး နူးညံ့သိမ်မွေ့သည့် မျက်နှာအမူအရာမျိုး မရှိတော့ပေ။ သူမမျက်နှာပေါ်တွင် တက်ကြွသောအပြုံးတစ်ခုရှိပြီး "သူတို့တင်မကဘူး... ငါလည်း စားချင်တာပဲ"ဟု ပြတ်ပြတ်သားသားပြောခဲ့၏။
ဤစကား၏ သက်ရောက်မှုက အင်မတန်ပြင်းထန်သည်။ နှစ်ယောက်သား မတ်တပ်ရပ်နေရင် ကြက်သေသေသွားကြသည်။
ရှုရှီက ခေါင်းလှည့်ပြီး
"ဘာဖြစ်လို့လဲ"
ရှဲ့ရယ် နှင့် ရှဲ့ဟောင် ထိတ်လန့်မှုကြောင့် မတုံ့ပြန်နိုင်ဖြစ်နေချိန်မှာ အော်ဟစ်သံကြောင့် သူတို့၏ အတွေးများသည် ရုတ်တရက် ရပ်တန့်သွားသည်။
ရှဲ့လီက လေးနက်သော မျက်နှာမည်းကြီးဖြင့် လျှောက်လာကာခေါ်လိုက်၏။
"ရှင်မ"
ရှုရှီက ခေါင်းကို လှည့်ပြီး အံ့ဩတကြီးပြောလိုက်သည်။
"ယောကျာ်း ...ဘာလို့ ဒီကို ရောက်နေတာလဲ"
Xxxxx