အပိုင်း ၈၅
Viewers 18k

Chapter 84
ဝက်အူချောင်း၊ အရွတ်နှင့် တို့ဟူးအရေခွံ



ယနေ့တွင် သူ၏သားအကြီးဆုံးနှင့် ဒုတိယသား အိမ်တော်သို့ပြန်လာသောကြောင့် ရှဲ့လီ တာဝန်ပြီးဆုံးသည်နှင့် ခြံဝင်းသို့ ပြန်သွားခဲ့သည်။ သို့သော် ခြံထဲတွင် ဇနီးနှင့် သားငယ်နှစ်ယောက် မတွေ့ပေ။ အစေခံကို မေးသည့်အခါ သားကြီးနှစ်ယောက်ပါ မရှိကြောင်းသိလိုက်ရကာ သူတို့အားလုံး တတိယအိမ်တော်ခွဲကို သွားကြ၏။

ထို့ကြောင့် ဤကိစ္စသည် ထူးဆန်းသည်။

ရှဲ့လီသည် သူ၏တတိယခယ်မ အစားအစာအသစ်ကို ထပ်မံချက်ပြုတ်နေပြီဖြစ်ကြောင်း ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းခဲ့သည်။ အရင်တုန်းက သူမက တစ်ခုခုချက်ပြုတ်သည့်အခါပထမအိမ်တော်ခွဲကို အရသာမြည်းရအောင် တချို့ပေးတတ်၏။

ထပ်ပြီး မြည်းစမ်းကြည့်ဖို့ လူတွေကို လိုအပ်နေတာများလား...


ရှဲ့လီက လင်းမိသားစု၏ အစားအသောက်လုပ်ငန်းအကြောင်း သိပြီး ကျန်းရှုယောင်က ဟင်းချက်နည်းအသစ်ကို လေ့လာပြီးနောက် အရသာစမ်းသပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေမည်ကိုလည်း သိသည်။ သူ အပြင်ပန်းမှာ တွေးလိုက်သည်– မိသားစုဝင်တစ်ယောက်အနေနှင့် သူ့ခယ်မငယ်ကို ထုတ်ကုန်အသစ်များမြည်းစမ်းကြည့်ရန် ကူညီပေးသင့်သည် ... သို့သော် အတွင်းစိတ်ကမူ သူတွေးသည်ကား– ဝါးဟားဟား

ရှဲ့လီသည် ညစာစားရန် မျှော်လင့်ကာ တတိယအိမ်တော်ခွဲသို့ ပြေးသွားခဲ့သည်။ စိတ်လောနေ သောမျက်နှာ၊ အလျင်လိုသော ခြေလှမ်းများနှင့်အတူ သူတစ်ယောက် လက်စားချေရန် ရှာဖွေနေပုံရသည်။ လမ်းမပေါ်ရှိ အစေခံမျာ ခေါင်းငုံ့ကာ တရားရုံးချုပ်၏ ကျော်ကြားသော သေမင်းနတ်ဘုရား၏ ဒေါသ ပက်ဖျန်းခြင်းခံရမည်ကို စိုးရိမ်သောကြောင့် သူ့ကို ရှောင်ကြသည်။

ရှဲ့လီ တတိယအိမ်တော်ခွဲသို့ အလျင်အမြန် ပြေးသွားသော်လည်း ၎င်းတို့အားလုံး ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူ့နှလုံးသားတစ်ခုလုံးသည် အပ်ဖြင့်အထိုးခံရသော မီးပုံးပျံတစ်ခုလိုပါပင်။ သူ ချက်ချင်း စိတ်ဓာတ်ကျသွားသည်။

"အဆင်ပြေပါတယ်...ငါက ဒီအတိုင်းတစ်ချက်လာကြည့်တာ"

ရှုရှီ တစ်ခုခုထူးဆန်းသည်ဟု ခံစားမိပေမယ့် သူမမှန်းဆ၍မရပါချေ။

ထိုအခိုက်အတန့်တွင် အစေခံငယ်တစ်ယောက်က လက်ထဲတွင်ဗန်းကိုကိုင်ကာ အနောက်မှရောက်လာပြီး ရှုရှီကို တွေ့ပြီးနောက် အရိုအသေပြု၍ဆို၏။

"သခင်မ...တတိယအိမ်တော်ခွဲက ဒီအစေခံကို ပထမအိမ်တော်ခွဲကို တုတ်ထိုးကြော်တချို့ ပို့ခိုင်းလိုက်ပါတယ်...သခင်ငယ်လေး နှစ်ယောက်လုံး မြည်းကြည့်ဖို့လို့ပြောပါတယ်"

ရှုရှီ၏နှလုံးသားက ရုတ်ချည်း အင်မတန်မှ ပျော့ပျော့ပျောင်းသွားသည်။

"ငါ့ယောက်မကတော့ တကယ်ပါပဲ..."

သူမ ဘယ်လိုများ ဒီလောက် တွေးပေးတတ်ရတာလဲ... သူမက သူတို့ကို အရမ်းဂရုစိုက်တာပဲ

သူမက ခေတ္တရပ်ပြီး တုတ်ထိုးကြော်များကို ကြောင်တက်တက်ဖြင့် ကြည့်နေသောသားနှစ်ယောက်ကို လှမ်းကြည့်ကာပြောလိုက်၏။

"မင်းတို့ရဲ့ တတိယအဒေါ်ကို ကျေးဇူးတင်ဖို့ ငါနဲ့ ပြန်လိုက်ခဲ့"

"ဒါ...."

နှစ်ယောက်သား ကျန်းရှုယောင်ကို မတွေ့ချင်ကြ၊ အကြောင်းမှာ သူတို့က အမျိုးသမီးနှာပူးများကို ကြောက်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမနှင့်မင်းသမီးလေးက ယောကျာတစ်စုကို ရေထဲပြုတ်ကျသည့်အထိ ကြောက်လန့်သွားစေခဲ့သည်။ ကံကောင်းထောက်မစွာ သူတို့က ထိုအချိန်က ငယ်ရွယ်ပြီး လွတ်မြောက်ရုံမျှဖြစ်ခဲ့၏။

ရှုရှီက ကျန်းရှုယောင်ကို သူမ၏ဆွေမျိုးအဖြစ် မှတ်ယူနေပြီဖြစ်ကာ လူတိုင်းက သူမ၏ ညီမအလိမ္မာလေး ချီးမွမ်းသည်အားလိုချင်သည်။ ထို့ကြောင့် လူနှစ်ယောက်မှာ တုံ့ဆိုင်းနေသော်ငြားလည်း သူမ သူမ၏သားနှစ်ယောက်ကို တတိယအိမ်တော်ခွဲသို့ ပြန်ခေါ်သွားကာ သူမ၏နောက်တွင် မုတ်ဆိတ်မွေးကြီးကြီးပါသည့် အသံတိတ်အမြီးတစ်ခု ပါသေးသည်။

ကျန်းရှုယောင်က တုတ်ထိုးကြော်များစွာကို ပြင်ဆင်ထားသောကြောင့် သူမနှင့် ကျိုးရှီ ၎င်းတို့အားလုံးကို အပြီးမသတ်နိုင်ပါချေ။ သူမ၏မီးဖိုချောင်မှာလည်း ဆန်ပြုတ်ဖြူနှင့် အအေး ဟင်းလျာတွေကို ပြင်ဆင်ထားသည်။ သူမ၏အစာစားချင်စိတ်က ရှဲ့ရွှင်းလောက် ကြီးနေသည်ဆိုလျှင်ပင် သူမတို့ ကုန်အောင်စားနိုင်မှာ မဟုတ်ပေ။

ကျန်သော တုတ်ထိုးများကို မည်သို့ဖြေရှင်းရမည့်အကြောင်း သူပူပန်နေစဥ်တွင် ရှုရှီက ပြန်ရောက်လာပြီး အကြီးဆုံးသခင်နှင့်သခင်ငယ်နှစ်ယောက်ပါ ပါကြောင်း အစေခံကသတင်းပို့လာသည်။

ကျန်းရှုယောင် ဝမ်းသာအားရနှင့် ဆိုလိုက်၏။
"မြန်မြန် ဝင်ခွင့်ပြုလိုက်"

ပထမအိမ်တော်ခွဲမှ လူတစ်စုသည် ခြံဝင်းထဲသို့ ဝင်လာကြသည်။ သူတို့ ဝင်လာပြီးသည်နှင့် ခြံထဲရှိ မွှေးကြိုင်သည့်အစပ်ရနံ့တွေက ရုတ်တရက် သူတို့ကို တက်ကြွလန်းဆန်းစေ၏။

ရှဲ့လီ သူ၏မုတ်ဆိတ်မွေးကိုထိကာ အသက်ပြင်းပြင်းရှူပြီး သက်ပြင်းချဆိုလိုက်သည်။

"တတိယခယ်မရဲ့လက်ရာက အခု ပို၍ကောင်းလာတာပဲ"

ရှဲ့ရယ်နှင့် ရှဲ့ဟောင်တို့က နားရွက်များထောင်ကာ ရှဲ့လီကို စိုက်ကြည့်နေကြ၏။

ဘယ်လိုမှမဖြစ်နိုင်ဘူး အဖေ... အဖေရဲ့မျက်ခုံး၊ မျက်လုံးကြီးတွေနဲ့ တော်လှန်ရေးကို ဘယ်လိုများ သစ္စာဖောက်တာလဲ...ကျန်းသခင်မလေး တတိယဦးလေးနှင့် လက်ထပ်တော့မယ်ဆိုတုန်းက အဖေ တစ်နေကုန်လုံး သက်ပြင်းချနေတာလေ...

ရှဲ့ရယ် နှင့် ရှဲ့ဟောင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မယုံနိုင်ဖြစ်နေကြသည်။ ဂုဏ်သိက္ခာရှိသော မိခင်၊ တင်းမာပြီး လေးနက်သောဖခင်နှင့် မည်သူ့ကိုမျှ မကြိုက်သော ညီငယ်နှစ်ယောက်တို့ကို တစ်ယောက်ပြီးတစ်ယောက် အရှုံးပေးစေရအောင် ဤလောကတွင် မည်သို့သော အစားအစာမျိုးက ပြုလုပ်နိုင်မည်နည်း။

လူတွေအများကြီးလာနေသည်ကိုမြင်သောအခါ စည်ကားတက်ကြွသည်ကိုကြိုက်သည့် ကျန်းရှုယောင်က ပြုံးပြီး နှုတ်ဆက်လိုက်၏။

"ယောက်မ...အစ်ကိုကြီး"

ရှဲ့လီ အလျင်အမြန်ဆိုသည်။

"ညီမအလိမ္မာလေးပဲ...ညီမအလိမ္မာလေး"

သူ၏စကားများက အလွန်နူးညံ့သိမ်မွေ့သောကြောင့် ရှဲ့ရယ်နှင့် ရှဲ့ဟောင်တို့ သူတို့၏ဖခင်ကို နတ်ဆိုးတစ်ကောင် အပိုင်စီးထားသည်ဟု သံသယရှိကြသည်။

ရှုရှီက ခေါင်းလှည့်ပြီးသူမသားနှစ်ယောက်ကို စိုက်ကြည့်ရင်းဆို၏။

"မင်းတို့ရဲ့ တတိယအဒေါ်ကို မနှုတ်ဆက်ဘူးလား"

ခြံဝင်းအတွင်းရှိ လေထုကြောင့် သူတို့ နှစ်ယောက် ထိတ်လန့်သွားကြသည်။ သူတို့မရောက်ခင်မှာ မည်သည့်အတွေးတွေပဲတွေးနေပါစေ၊ သူတို့အားလုံး လက်ရှိအချိန်မှာ ဆုံစည်းနေကြသည်ဖြစ်ရာ ကျန်းရှုယောင်ကို လေးစားစွာ နှုတ်ဆက်ကြ၏။

ကျန်းရှုယောင်က ပြုံးပြုံးရွှင်ရွှင်နှင့်တုံ့ပြန်ခဲ့ပြီး သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကာပြောသည်။

"ငါ တုတ်ထိုးကြော်တွေ အများကြီး လုပ်ထားတာ...စားကြည့်ချင်လား"

ရှဲ့ရယ်က တလေးတစားဆိုလိုက်ပြန်၏။

"တတိယအဒေါ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီ—"

သူ့စကားမဆုံးခင်မှာ ဖခင်ဖြစ်သူထံကနေ ရုတ်တရက် ဖျစ်ညစ်ခြင်းခံလိုက်ရသည်။ရှဲ့လီ၏ မျက်နှာက တင်းမာနေပြီး၊ သူ့လေသံက အမြဲလိုလိုအတိုင်း လေးနက်နေ၏။

"အရမ်းကောင်းတယ်...အရမ်းကောင်းတယ်"

ကျိုးရှီက ကျန်းရှုယောင်၏ဘေးမှာ ရပ်လိုက်ပြီး သူမက ရှုရှီ၏စံထားလောက်သော နူးညံ့သည့် အပြုံးကို သင်ယူထားကာဆိုသည်။

"ဒီနေ့လုပ်ထားတဲ့ တုတ်ထိုးကြော်တွေက အရမ်းအရသာရှိတယ်... နင်တို့ကံကောင်းလိုက်တာ"

သူမက တကယ်ကို ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်လိုပါပင်။

ရှဲ့ရယ်နှင့် ရှဲ့ဟောင်မျက်လုံးများ ပေကလက်ပေကလက်ဖြစ်သွားသည်။ မဟုတ်ဘူး...မဖြစ်နိုင်ဘူး...သူတို့ မှားမြင်နေတာများလား...

ဘယ်သူ့ကိုမှ မျက်နှာသာမပေးတတ်တဲ့ ခက်ထန်ပြီး ရက်စက်တဲ့ ဒုတိယအဒေါ်က ဘယ်မှာလဲ...

သူတို့အမေ ပြောင်းလဲသွားပြီ၊ သူတို့အဖေလည်း ပြောင်းလဲသွားပြီ၊ ဒုတိယ အဒေါ်တောင် ပြောင်းလဲသွားပြီ...ဘာတွေဖြစ်နေတာလဲ...

ဒီနေ့ရဲ့အိမ်ထဲဝင်ချိန် သူတို့ရဲ့ ကိုယ်ဟန်အနေအထားပဲ ဖြစ်ရမယ်...

သူတို့စိတ်တွေ ရှုပ်ပွနေချိန်မှာ ရှဲ့လီက စားပွဲမှာ ထိုင်နေပြီဖြစ်၏။

ဆော့စ်အလျံအပယ် ပန်းကန်နှစ်လုံးကို ကြည့်ပြီး တိတ်တဆိတ် တံတွေး မျိုချလိုက်သည်။

"အစ်ကိုကြီး တိုဟူးတုတ်ထိုး..."

ရှဲ့လီက ခေါင်းညိတ်လိုက်သည်။

ကျန်းရှုယောင်က သံဇကာထဲမှာ ဆီစစ်ထားသော တုတ်ထိုးများကိုယူကာ ပန်းကန်ပြားပေါ်တွင်ထည့်၍ ဆော့စ်ထဲသို့ စုတ်တံနှစ်ပြီး တိုဟူးအရေခွံများကို သပ်ရပ်စွာ သုတ်လိုက်သည်။ ပျော့ပျောင်းသော အဝါရောင် တို့ဟူးအပေါ်ယံလွှာများကို ငန်ပြီချိုသော ဆော့စ်ဖြင့် ဖုံးအုပ်ထားပြီး၊ ထို့နောက် ၎င်းကိုလှန်ကာ ဆော့စ်အစပ်အလွှာဖြင့် ပွတ်တိုက်ပေးသည်။ အရောင်က တောက်ပနေလေရာ ဘယ်သူမှ အကြည့်မလွှဲနိုင်ကြပေ။

ဆော့စ်သုတ်ပြီနောက် တုတ်ထိုးကြော်များကို ရှဲ့လီထံ ပေးလိုက်ပြီး သူကသူမအား ကျေးဇူးတင်ကြောင်းပြောကာ လက်ခံသည်။ သူ သူ့ပါးစပ်ထဲထည့်ရန် မစောင့်နိုင်တော့ပေ။

တိုဟူးကို အတွင်းဘက်တွင် ကြက်သွန်မြိတ်များပါသော အလိပ်သေးသေးလေးဖြစ်အောင် လှိမ့်ထားသည်။ တစ်ကိုက်စာလောက်သာ ကြီး၏။

သူ့ပါးစပ်ထဲကို ဝင်သွားသည့် အစပ်အရသာပြင်းပြင်းက သူ့ပါးစပ်၏ထောင့်တိုင်းကို ချက်ချင်း သိမ်းပိုက်သွားသည်။ တို့ဟူးအရေခွံကို အနေတော်ကြော်ထား၏။ အစွန်းများက ကြွပ်ပြီး အရေခွံမှာ ပူဖောင်းလေးများထသည်အထိ ကြော်ထားသည်။ အစိုဓာတ်အလွန်အကျွံမရှိဘဲ ကြွပ်ရွပြီး ချိုမြိန်သောအရသာရှိပြီး တိုဟူးအရေခွံ၏ နူးညံ့သိမ်မွေ့သော အရသာကို ဆက်လက်ထိန်းသိမ်းထားကာ ဝါးရပြီး နူးညံ့သည်။

အတွင်းမှ ကြက်သွန်မြိတ်များသည် ပျော့ပျောင်းပြီး မွနေသည်။ ကျက်ပြီးသည်နှင့် ကြက်သွန်မြိတ်များတွင် အထူးရနံ့ရှိသည်။ ၎င်းတို့သည် ကြွပ်ရွပြီး ချိုသောအရသာရှိသည်။ တိုဟူးတုတ်ထိုး၏အပြင်ဘက် မှာ သုတ်လိမ်းထားသည့် ဆော့စ်အငန်နှင့်ဆော့အစပ်က ကွက်တိကိုလိုက်ဖက်နေသည်။

ရှဲ့လီက အမြဲတမ်း နှုတ်နည်းသူဖြစ် သော်လည်း ယခုအချိန်တွင်မူ "ဒီအရသာက အံ့ဩစရာပဲ" ဟု မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဤစကားသုံးခွန်းကို ပြောပြီးနောက် သူ မထိန်းနိုင်ဘဲ နောက်တစ်ကြိမ် ကိုက်လိုက်မိ၏။

ကျန်းရှုယောင်က အရွတ်တုတ်ထိုးနှစ်ချောင်းကိုယူကာ ဆော့စ်လူးပြီး သူတို့ဘေးတွင် မိုက်မဲစွာရပ်နေသော ညီအကိုနှစ်ယောက်အား ကမ်းပေးလိုက်သည်။

"စားကြည့်မလား"

သူတို့ နှစ်ယောက်လုံးက အကြီးအကျယ် ထိတ်လန့်နေကြဆဲဖြစ်ပြီး ပြန်ကောင်းမလာသေးပါချေ။"ကျေးဇူးတင်ပါတယ် အဒေါ်"ဟု ရေရွတ်ရင်း သူတို့ယူသွားကြသည်။

ဝါးသီတံများက အပူရှိန် တစ်စွန်းတစ်စရှိနေဆဲဖြစ်ပြီး တုတ်ထိုးများကို ၎င်းတို့၏ မျက်နှာရှေ့သို့ ယူဆောင်လာသောအခါ မျက်နှာပြင်ပေါ်ရှိ ဆော့စ်က ပိုမိုတောက်ပလာသည်။ အပူချိန်မြင့်မြင့်နှင့်ကြော်ထားသော အသားတုတ်ထိုးများသည် ထူးခြားသော ကျက်သရေရှိသည်။ ၎င်းတို့သည် အရသာထဲတွင် ဖြည်းညှင်းစွာစိမ်ထားသော တုတ်ထိုးကင်များမဟုတ်သလို မီးသွေးရနံ့ဖြင့် ကင်ထားခြင်းလည်းမဟုတ်သော်ငြား အသားတုတ်ထိုးအတွင်းမှ နူးညံ့သောအစိုဓာတ်ကို ကြော်ခြင်းဖြင့် သော့ခတ်ထားသည်။ ၎င်းသည် အနည်းငယ်မီးကျွမ်းသော အသားအနံ့ကို သယ်ဆောင်လာသော်လည်း မျက်နှာပြင်ပေါ်တွင် ကျွမ်းနေသော အမည်းရောင် အစိတ်အပိုင်းမရှိပါချေ။ နီညိုရောင်နှင့် တောက်ပြောင်ပြီး အနည်းငယ် ကြွပ်ရွသောအရေသာ ရှိသည်။

ဤသည်က သူတို့ အရွတ်ကို ပထမဦးဆုံး စားသူံးခြင်း ဖြစ်၏။ အရင်တုန်းက သူတို့ စားဖူးသည့် အစားအစာတွေ အကုန်လုံးကို ဂရုတစိုက်နှင့်စီမံထားသည်။ အမဲသားကို အများအားဖြင့် ဂရုတစိုက် ချက်ပြုတ်ပြီး သူတို့၏ မွန်မြတ်လှသော သွားများ ပင်ပန်းနွမ်းနယ်သွားမှာ စိုးရိမ်သောကြောင့် ခုတ်ထစ်ထားလေ့ရှိ၏။ ထို့ကြောင့် သူတို့သွားများ အရွတ်များကို ထိသောအခါ

နှစ်ယောက်စလုံး အနည်းငယ် အံ့သြသွားကြသည်။

အရွတ်က ပျော့ပျောင်းခိုင်မာသည်။ ဆော့စ်၊ ဇီယာ၊ ငရုတ်သီးမှုန့်တို့ နှပ်ပြီးနောက် စိတ်တို့နိုးကြားစေပြီး စပ်၏။ ကြွပ်ရွသောအရိုးများက ဝါးရန်လွယ်ကူသည်၊ အနည်းငယ်မာကြောကာ ၎င်းတို့သည် "ဂျွတ်" ခနဲအသံဖြင့် ကွဲသွားကြသည်။ ဤခံစားမှုက တကယ်ကို စွဲလမ်းစေ၏။ ပထမအကိုက်ပြီးနောက် သူတို့၏ပါးစပ်သည် စူးရှသောအသံများဖြင့် ပြည့်နေသည်။

အရွတ်နှင့် အသားတွေကို ရောပြီး ဝါးသည့်အခါ နူးညံ့ပြီး ကြွပ်ရွကာ နူးအိပြီး မာကျော၏။ အရသာက ထူးကဲကြွယ်ဝမှု လုံးဝပျောက်မသွားပါချေ။ အသား၏လတ်ဆတ်မှုနှင့်ဆော့စ်၏ရနံ့များရှိသည်။ ကိုက်လိုက်တိုင်း ပျော်စရာကောင်း၏။

အစေခံများက လက်ဖက်ရည်ယူလာသည့်အခါခွက်ကို အမြန်ယူကာ ပါးစပ်ထဲကို လောင်းထည့်လိုက်ကြသည်။ လန်းဆန်းသော လက်ဖက်ရည်က တုတ်ထိုးကြော်၏ အအီဓာတ်ကို ဖယ်ရှားပေးကာ ပါးစပ်ထဲတွင် အဆုံးမရှိသော အရသာကို အချိန်အတော်ကြာအောင် ချန်ထားခဲ့ပြီး ယင်းက တကယ့်ကို နှိပ်စက်ညှဉ်းပန်းမှုတစ်ခုဖြစ်သည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့သည် အရွတ်ကိုစားပြီး ငြိမ်သက်သွားပြီးနောက် တစ်ချက်ကြည့်လိုက်ရာ မနီးမဝေးမှာ ထိုင်နေကြသည့် သူတို့၏ညီငယ်နှစ်ယောက်ကိုမြင်လိုက်ရသည်။

ရှဲ့ကျောက် နှင့် ရှဲ့ယောင်တို့သည် မြင့်မားသော ထိုင်ခုံနှစ်လုံးကို တွေ့ရှိထားပြီး သူတို့ဘေးတွင် ထိုင်နေကြသည်။ ခြေထောက်တိုလေးတွေက မြေပြင်ကို မထိနိုင်ပေ။ သူတို့ အသီးသီး လက်ထဲမှာ ဝက်အူချောင်းကြော်ကို ကိုင်ထားကြသည်။ ကျန်းရှုယောင်က သူတို့ ထိုတစ်ခုပြီး မစားရတော့ဘူးဟု ပြောသည့်အတွက် သူတို့ အင်မတန် ဝန်လေးပြီး အကိုက်သေးသေးလေးများပဲကိုက်ကြ၏။

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့ ကိုယ်သွားရည်ယိုသံကို ကိုယ်ကြားလိုက်ရသည်။ သိသာထင်ရှားသည်မှာ သူတို့ရောက်လာသောအခါတွင် စားချင်စိတ်မရှိကြသော်လည်း ယခုအချိန်တွင် ညီငယ်များလက်ထဲရှိ တုတ်ထိုးအတွက်ပင် လောဘကြီးလာကြသည်။

ရှဲ့ကျောက်က သူတို့၏အကြည့်တွေကို ခံစားလိုက်ရပြီး ခေါင်းမော့လိုက်ရာ သူတို့၏ မျက်လုံးးများနှင့် ဆုံသွား၏။ သူက တုတ်ထိုးကြော်များကို ရတနာတစ်ခုလို ကိုင်လိုက်ပြီး သူတို့ကိုပြုံးပြကာဆိုသည်။

"အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို... ဝက်အူချောင်း"

နှစ်ယောက်သား မျက်နှာကြီးနီကာ မျက်လုံးကို အမြန်လွှဲလိုက်ကြသည်။

ကျန်းရှုယောင်က ၎င်းကိုကြားပြီး သူတို့အတွက် ဝက်အူချောင်းတုတ်ထိုးနှစ်ချောင်းကို ဆော့စ်သုတ်ပေးရင်းပြောလိုက်၏။

"ဒါက ကလေးတွေအတွက် အထူးပြုလုပ်ထားတာပါ... မင်းတို့အကြိုက်နဲ့ ကိုက်လောက်တယ်... ကလေးတိုင်း သဘောကျကြတယ်"

ကလေးလား...သူမက ငါတို့ထက် နှစ်နှစ်သုံးနှစ်ပဲ ကြီးတာပါနော်...သူမ ကောင်လေးချောချောလေးတွေကို မဟားတရားလုပ်တုန်းက ငါတို့လည်း အဲဒီမှာ ရှိတယ် ဟုတ်ပြီလား...

လူငယ်လေးနှစ်ယောက်က မပွင့်တပွင့်ရေရွတ်နေကြပေမဲ့ သူတို့၏ထိန်းချုပ်၍မရသောလက်များနှင့် ဝက်အူချောင်းကြော်ကိုယူလိုက်ကြသည်။

ဝက်အူချောင်းကြော်က အနီရောင်ဖြစ်ပြီး နူးညံ့သည်။ဓားဖြင့်လှီးဖြတ်ထားသောအရာတို့က ကြော်လိုက်သောအခါ ပန်းကဲ့သို့ပွင့်သွား၏။ဝက်အူချောင်းက အပြင်ဘက်တွင် အနည်းငယ်ကျွမ်းပြီးအတွင်းထဲမှာ နူးညံ့နေသည်။အပြင်ဘက်အသားက ဆီပူနှစ်ကြော်ထားပြီး ပါးလွှာမာကြောသောအရေခွံအဖြစ် ကျုံ့သွား၏။ အတွင်းဘက်ရှိ အသားနှင့် အပြင်ဘက်ရှိ အသားတို့ကြားကွားခြားချက်က ကြီးမားသည်။ကော်မှုန့် ထည့်ထားခြင်းက ၎င်းကို နူးညံ့ပြီးဖယောင်းကဲ့သို့ဖြစ်စေကာ စားလိုက်သည်နှင့် တန်းအရည်ပျော်သွား၏။

ကောင်းပြီ...ကလေးက ကလေးပါပဲ...
သူတို့ ဝက်အူချောင်းကို အလွန်ကြိုက်သွားသည်။

ဝက်အူချောင်းကို မျိုချရင်း နောက်တစ်ခါ သူတို့၏ ကောလိပ်ကအတန်းဖော်များက တတိယအဒေါ်၏ ရုပ်ချောချောကောင်လေးများကို ရေထဲကျသည်အထိ မဟားတရားပြုသည်ကိစ္စအကြောင်း ထည့်ပြောလာပါက သူတို့သူမဘက်ကနေကာပေးရမည်ဟု တွေးနေကြသည်။

ဤမျှအရသာရှိသော စားကောင်းသောက်ဖွယ်များကို ချက်နိုင်သူက နတ်သမီးခုနှစ်ဖော်၏နှလုံးသားရှိရမည်။ဖြစ်တန်ရာသည်မှာ ထိုစဥ်က ကောင်ချောလေးများကို မဟားတရားပြုရသည့်နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခုရှိလောက်၏...ထားလိုက်ပါ...ဝန်ခံလိုက်စမ်းပါ...သူတို့က အစားကြူးလွန်းတယ်ဆိုတာကို...ဒါပေမဲ့ ဘယ်သူက နေနိုင်မှာလဲ...

ကျန်းရှုယောင် တစ်ယောက်ယောက်ကို ခုံရှည်တစ်လုံးယူပြီး သစ်ပင်ကြီးအောက်မှာ ထားခိုင်းလိုက်သည်။ ပထမအိမ်တော်ခွဲမှ လူအနည်းငယ်သည် ခြံဝင်းအတွင်းရှိ သစ်ပင်၏အရိပ်အောက်တွင် ထိုင်ကာ တုတ်ထိုးကြော်ကို ပျော်ရွှင်စွာစားကြသည်။

တတိယအိမ်တော်ခွဲဝင်းထဲမှာ မည့်သည့်မှော်ပညာမျိုးရှိသည်ကို မည်သူသိပါမည်နည်း။ သူတို့ဒီကိုရောက်ပြီးနောက် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကွယ်သွားခဲ့၏။ တုတ်ထိုးကြော်စားခြင်း နှင့် လန်းဆန်းသော ဆေးဖက်ဝင်အပင် လက်ဖက်ရည်သောက်ခြင်းတို့ကြောင့် ရေငတ်ခြင်းကို ပြေပျောက်စေပြီး တစ်နေ့တာလုံး အလုပ်မှ ပင်ပန်းနွမ်းနယ်မှု ပျောက်ကွယ်သွားခဲ့သည်။

ရှဲ့ကျောက် သူ့ဝက်အူချောင်းကို စားပြီးသည့်နောက်မှာ မကျေနပ်သေးပဲ နောက်တစ်ခုလိုချင်ပေမဲ့ ကျန်းရှုယောင်က အညှာမတာကင်းမဲ့စွာ ငြင်းဆိုခဲ့၏။

သူက ကျန်းရှုယောင်၏စကတ်ကို ဆွဲပြီး ကျွမ်းကျင်ပိုင်နိုင်စွာ စကားချွေလိုက်သည်။

"တတိယအဒေါ်...သားကိုနောက်တစ်ခုပဲ ထပ်ပေးပါနော်...ဒေါ်လေးက အကောင်းဆုံးပဲ... ဒေါ်လေးက ပထမတန်းစား အလှလေး... ငါးတစ်ကောင်က ဒေါ်လေးကို မြင်တဲ့အခါ အောက်ခြေအထိ နစ်မြုပ်သွားတယ်..ငန်းတစ်ကောင်က ဒေါ်လေးကိုမြင်ပြီး သဲသောင်ပြင်ပေါ် ဆင်းလာတယ်... တစ်တိုင်းပြည်လုံးမှာ အလှဆုံး...မျက်နှာက လှတယ်... ရုပ်ရည်ကလည်း လှတယ်..."

ကျန်းရှုယောင် သူ့ပါးစပ်ကို အမြန်အုပ်လိုက်သည်။ ရှက်လွန်း၍ မြေကြီးထဲ မြုပ်ချင်သွားသည်အထိ။

Xxxxx