အပိုင်း ၈၆
Viewers 18k

Chapter 86
လမ်းဘေးအစားအစာဈေး



လမ်းဘေးအစားအစာဈေး၏တည်နေရာကို ရွေးချယ်ပြီးနောက် ကျန်းရှုယောင် ထိုနေရာသို့ အထူးတလည်သွားရောက်ခဲ့သည်။ ချမ်းသာသောနယ်မြေမဟုတ်သော်လည်း အနီးနားတွင် နေထိုင်သူအများအပြားရှိသည်။ အများစုမှာ ငွေရေးကြေးရေး ကြပ်တည်းမှု မရှိသူများ ဖြစ်ကြသည်။

စားသောက်ဆိုင်ဖွင့်ခြင်းသည် လင်းရှီကို ပြီးမြောက်အောင်မြင်ခြင်း၏ အံ့သြဖွယ်အရသာကို ခံစားရစေသည်။ ထို့ကြောင့် သူမ အမြတ်နည်းနည်း၊ရောင်းအားများများ နည်းဗျူဟာကိုယူပြီး လမ်းဘေးအစားအစာဈေးကွက်တွင် ပိုက်ဆံချွေတာမနေဘဲ မြန်မြန်ဆန်ဆန်လည်ပတ်ခဲ့သည်။

သို့ရာတွင့် ရောင်းအားနှင့်စျေးကွက်တစ်ခုအနေဖြင့် အောင်မြင်မလားဆိုသည်ကိုမူ လင်းရှီနှင့် ကျန်းရှုယောင်တို့ နှစ်ယောက်လုံးက အနည်းငယ်စိုးရိမ်နေကြ၏။

ညဘက်တွင် ကျန်းရှုယောင် အိပ်ယာပေါ်လူးလိမ့်ကာ အိပ်မပျော်နိုင်ပေ။ သူမ၏အဝတ်အစားများထံမှ အိပ်ရာခင်းများနှင့် ပွတ်တိုက်သံအနည်းငယ်ထွက်လာသည်။

ရှဲ့ရွှင်းက အိပ်ရေးပါးသူဖြစ်ပြီး အသံကြောင့် နိုးလာသည်။

ကျန်းရှုယောင မနက်ဖြန် လမ်းဘေးအစားအစာဈေးဖွင့်မည့်အကြောင်း စဉ်းစားနေသော်လည်း သူမပုခုံးမှ နူးညံ့အေးမြသောလေနုအေးကို ရုတ်တရက် ခံစားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်သောအခါ ရှဲ့ရွှင်းက ဘယ်ချိန်ကမှန်းမသိ နိုးနေပြီး သူမကို ယပ်ခတ်ပေးနေသည် တွေ့လိုက်ရ၏။

သူမ အနည်းငယ် မူးဝေသွားပြီး ရှဲ့ရွှင်းကို ကြည့်လိုက်သည်။

ရှဲ့ရွှင်း သူမအကြည့်ကို ခံစားရပြီးပြောလိုက်၏။

"ဒီနေ့ အရမ်းပူတယ်... ဒါပေမဲ့ ခဏနေရင်ကောင်းသွားလိမ့်မယ်... မနက်ဖြန် ညဘက် အခန်းထောင့်မှာ ရေခဲပုံးထည့်ခိုင်းလိုက်မယ်"

ကျန်းရှုယောင် ရယ်မောပြီး ရုတ်တရက် စိုးရိမ်မှု လျော့နည်းသွားသလိုခံစားရသည်။

"ကျွန်မအိပ်မပျော်တာ အရမ်းပူနေလို့မဟုတ်ဘူး... လမ်းဘေးစာဈေးကို စိတ်ပူနေတာ"

ရှဲ့ရွှင်းကဆို၏။

"ဘာတွေစိုးရိမ်နေတာလဲ...မင်းရဲ့လက်ရာက အရမ်းကောင်းတာကို... နက်နဲတဲ့လမ်းကြားက ဝိုင်ရဲ့ရနံ့ကို ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူး"

“ကျွန်မတို့က အစားအသောက်ဈေးကွက်ကို ပထမဆုံး စမ်းကြည့်တာ... ကုန်ကျစရိတ်က မသက်သာဘူး”

ရှဲ့ရွှင်းက သူမကို ညင်သာသော အားဖြင့် ယက်ခတ်ပေးလိုက်ပြန်သည်။

"အခု စဉ်းစားမနေနဲ့... မြန်မြန် အိပ်ပျော်အောင်အိပ်... မနက်ဖြန် မင်း ဟိုကို သွားကြည့်မယ်...အလုပ်ပြီးရင် မင်းကိုအဖော်ပြုဖို့ ငါလာခဲ့မယ်"

လေက လန်းဆန်းပြီး သူမခန္ဓာကိုယ်ပေါ်မှာ နူးညံ့စွာဖြတ်သန်းနေကာ ၎င်းက သူမ၏နှလုံးသားကို အလွယ်တကူထိပါးလာသည်။ ကျန်းရှုယောင် နူးညံ့သလို ခံစားရ၏။ရှဲ့ရွှင်းကို တစ်ခုခုပြောချင်ပေမဲ့ ဘယ်ကနေစရမှန်းမသိပေ။

“ယပ်တောင် မလိုတော့ဘူး... မပူဘူး”
သူမက ပြောလိုက်သည်။

ရှဲ့ရွှင်း သူမ အေးလွန်းသွားမှာကို စိုးသဖြင့် ခဏတန့်ပြီး ယပ်တောင်ကို အိပ်ယာဘေးတွင် ပြန်ထားခဲ့ရသည်။

ကျန်းရှုယောင် အမှောင်ညတွင် သူ၏ဝိုးတဝါး ရုပ်ပုံလွှာကို ကြည့်ပြီး ဘာကြောင့်မှန်းမသိ အဝေးကို အကြည့်မလွှဲနိုင်ဘဲ စိတ်ခံစားချက်ဖြင့်ပြောလိုက်၏။

"ပေါယွမ်...ရှင်က အရမ်းကောင်းတာပဲ"

၎င်းကိုကြားသောအခါ ရှဲ့ရွှင်းက ပက်လက်လှန်ရင်း ရယ်လိုက်သည်။

သူက အေးစက်စက်မျက်နှာနှင့် ရယ်ခဲလေသည်။သို့ပေမဲ့ သူ့ရယ်သံက အလွန်နားထောင်ကောင်းပြီး ငန်းဥတွေကို ရိုက်ခတ်နေသည့် စမ်းရေကဲ့သို့ ကျန်းရှုယောင်၏ နားရွက်တွေကို ယားယံစေ၏။

“ဒါဆို ငါ ပိုကြိုးစားရမှာပေါ့”
သူက ဆို၏။

သူ့ဝါကျက မရေမရာဖြစ်ပြီး ပြက်လုံးလိုလို ဝန်ခံခြင်းလိုလိုပါပင်။ ၎င်းသည် ကျန်းရှုယောင်၏ ၏နှလုံးသားကို ပြင်းပြင်းထန်ထန် ခုန်စေခဲ့ပြီး သူ ဘာကိုဆိုလိုကြောင်းနှင့် သူမ၏ နားမလည်နိုင်လောက်အောင် တုန်လှုပ်နေသော နှလုံးခုန်သံကို သူ ခံစားရနိုင်မလားဆိုသည်ကို မတွေးမိဘဲမနေနိုင်ပါချေ။

သူမက အတွေးတွေ ရှိသေးပေမဲ့ ဤတစ်ခါတွင် မြန်မြန် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မွန်းလွဲပိုင်းတွင် ကျန်းရှုယောင် လမ်းဘေးအစားအစာဈေးသို့ထွက်လာခဲ့သည်။

လင်းရှီ၏ဗိုက်က စတင်ပေါ်နေပြီဖြစ်သော်လည်း သူမ၏ စိတ်ဓာတ်သည် ယခင်ကထက် အဆများစွာ ပိုကောင်းလာသည်။ ကျန်းရှုယောင် ရထားလုံးပေါ်မှ ဆင်းပြီးနောက် သူမ အသက်ရှူသံငြိမ်အောင်ပင်မစောင့်ဘဲ သူမကိုအထဲကို ခေါ်သွား၏။

သူမမှာ ကျယ်လောင်သောအသံရှိပြီး အလွန်စိတ်လှုပ်ရှားနေသည်မှာ သိသာထင်ရှားလှသည်။
"လာကြည့်...ငါ့မှာ အကုန်အဆင်သင့်ရှိတယ်... မြည်းကြည့်ချင်လား

ကျန်းရှုယောင် သူမကိုနှစ်သိမ့်လိုက်၏။
"ဘာလို့လဲ...ဟင်းချက်နည်းအတိုင်း တင်းတင်းကျပ်ကျပ် လုပ်ထားရင် ဆိုးမှာမဟုတ်ပါဘူး"

တရုတ်လူမျိုးများသည် စိတ်တိုင်းဖြင့် ချက်ပြုတ်လေ့ရှိပြီး ဟင်းခတ်ပမာဏကိုဖော်ပြရန် "အနည်းငယ်" "သင့်လျော်သော" နှင့် "ဇွန်းကြီး" ဟူသော စကားလုံးများကို မကြာခဏအသုံးပြုကြသည်။ သို့သော် ကျန်းရှုယောင်က ခေတ်မီ လိုင်စင်ရ စတိုးဆိုင်များကဲ့သို့ တိုင်းတာသည့် ဇွန်းနှင့် ခွက်များကို တမင်တကာ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဟင်းပွဲအားလုံးကို အရသာ ညီညွတ်မှုရရှိစေရန် စံပမာဏအတိုင်း ချက်ပြုတ်ရန်သာလိုသည်။

လင်းရှီးက ၎င်းကို တွေးပြီး ဟက်ဟက်ပက်ပက် ပြုံးကာဆိုလိုက်၏။

"ဒါလည်း မှန်ပါတယ်"

ကျန်းရှုယောင် အရသာအတွက် စိတ်မပူသော်လည်း ရှေးခေတ်က လမ်းဘေးအစားအစာ စျေးကွက်ပုံစံနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပါ့မလားဆိုသည်ကိုစိတ်ပူမိသည်။ သူမ သူမ၏စိုးရိမ်ပူပန်မှုများကို လင်းရှီ အား တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာပြချိန်တွင် လင်းရှီက တဖန်သူမကိုပြန်နှစ်သိမ့်လာသည်။

"ဘာကိုကြောက်နေတာလဲ... ပိုက်ဆံအနည်းငယ်ဆုံးရှုံးတာက ကြီးကြီးမားမား မဟုတ်ပါဘူး... လင်းမိသားစုက ဒီကုန်ကျစရိတ်နည်းနည်းလေးတော့ တတ်နိုင်ပါသေးတယ်"

သူမရောက်သည့်အချိန်တွင် နွေကောင်းကင်က လင်းထိန်နေသေးသော်လည်း လင်းရှီက နောက်ကျမည်ကို စိုးရိမ်သဖြင့် ဆိုင်များတွင် မီးပုံးများကြိုတင်ချိတ်ထားရန် ဘဏ္ဍာထိန်းကို အမိန့်ပေးခဲ့သည်။

သူမယုံကြည်မှုလွန်ကဲနေသည်ကိုတွေ့သောအခါ ကျန်းရှုယောင် ပိုပြီးဖိအားရှိသလို ခံစားရ၏။

လင်းမိသားစုမှ ငှားရမ်းထားသော ဝန်ထမ်းများအားလုံးသည် လျင်မြန် သွက်လက်ကြသည်။ ဘဏ္ဍာထိန်း၏ ညွှန်ကြားချက်များ ထွက်ပေါ်လာပြီး လူအများက ချက်ချင်း ချက်ပြုတ် ကြသည်။ ခဏအကြာတွင် အနံ့တွေ ထွက်လာ၏။

အရင်က ဤလမ်းကိုပိတ်ထားပြီး ပြုပြင်မွမ်းမံမှုတွေက အလွန် ပြင်းထန်သောကြောင့် လူတော်တော်များများက စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြသည်။ ထို့ကြောင့် ယနေ့မွန်းလွဲပိုင်းတွင် လမ်းပိတ်ထားမှုကို ဖယ်ရှားပြီး ကြီးမားသော ဆိုင်းဘုတ်များကို ခင်းကျင်းပြသထားရာ ဤနေရာတွင် ဆိုင်များအတန်းလိုက် ဆက်တိုက်ရှိနေသည်ကို လူတိုင်းသိကြသည်။

ဆိပ်ကမ်းမှာ စားသောက်ဆိုင်ဖွင့်ချိန်က ပါးစပ်နှင့် မွှေးရနံ့ကို အားကိုးခဲ့သည်အတွက် ဤတစ်ခါ လင်းရှိ ဘာကိုမှ တမင်မကြော်ငြာခဲ့ဘဲ ဈေးက အရသာရှိရုံနှင့် စားသုံးသူတွေကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

သို့ပေမဲ့ လမ်းဘေးအစားအစာဈေးက အလွန်ကျယ်၏။လူတွေက ပထမအကြည့်တစ်ချက်မှာတင် ဈေးကြီးသည်ဟု ခံစားရပြီး(ထင်) မဝင်ဝံ့ပေ။

အမွှေးရနံ့သည် အပြင်သို့ တဖြည်းဖြည်း ပျံ့လွင့်လာပြီး အချို့သော စပ်ပြီးလတ်ဆတ်သော အနံ့များက လမ်းပေါ်တွင် ဖြတ်သွားသော လူများကို စူးစမ်းအောင် ဆွဲဆောင်ခဲ့သည်။

လူတိုင်း သေချာစူးစမ်းနေကြသော်လည်း မည်သူမျှ ဝင်လာခြင်း မရှိပေ။ လမ်းဘေး အစားအသောက်ဈေးသည် အနံ့မျိုးစုံအောက်တွင် ပို၍ပင် လူသူ ကင်းမဲ့နေပုံရသည်။

လင်းရှီက ဒုတိယထပ်တွင် ထိုင်ရင်း လက်ဖက်ရည်ခွက်ကို ကိုင်ပြီး လက်ဖက်ရည်ကို သက်တောင့်သက်သာသောက်နေပြီး လုံးဝမစိုးရိမ်ပေ။

ကျန်းရှုယောင်က ဖိအားများစွာအောက်တွင် ရှိနေသည်။ သူမက လင်းရှီထက် အနည်းငယ် ပိုတွေးခဲ့၏။ လင်းရှီ၏အမြင်တွင် ဤသည်မှာ အသစ်အဆန်းအစားအစာများရောင်းချသည့်လမ်းတစ်ခုသာဖြစ်သော်လည်း ကျန်းရှုယောင်ကမူ ဤသည်က ခေတ်မီ စီးပွားရေးပုံစံများနှင့်ရှေးဟောင်းစားသောက်ကုန်လုပ်ငန်းတို့ကြားရှိ ကွဲလွဲမှုမှုတစ်ခုဖြစ်ကြောင်း သိသည်။

လက်ရှိအချိန်မှာ လူတွေက စိတ်လှုပ်ရှားစရာကောင်းသည့်အစားအစာတွေကို စားချင်လျှင် စားသောက်ဆိုင်တွေကို သွားပြီး စားသုံးလေ့ရှိ၏။ စျေးနှုန်းက မနိမ့်ပေမဲ့ လေထုက အဆင့်တန်းမြင့်ပြီး သာယာသည့် ခံစားမှုမျိုးရှိလေသည်။ အရသာပြောင်းပြီး အိမ်ချက် အစားအစာတွေကို စားချင်လျှင် ဈေးသက်သာသည့် အစားအသောက်ဆိုင်တွေကို ရွေးချယ်ပေလိမ့်မည်။ အစားအသောက်တွေက လက်ရာမမြောက်ပေမဲ့ ဝအောင် လုပ်ပေးနိုင်၏။ ဤလမ်းဘေးအစားအစာဈေးက ထိုကဲ့သို့တစ်ခုမှမဟုတ်ပေ။ ၎င်းသည် အရသာရှိမှုကို အရောင်းအ၀ယ်အဖြစ် သက်သက်အသုံးပြုထားသောကြောင့် စိန်ခေါ်မှုဖြစ်ပေလိမ့်မည်။

အချိန်တွေကြာလာသည်နှင့်အမျှ စပ်စုသည့် လမ်းသွားလမ်းလာတွေ ဝင်လာပြီး လှည့်ပတ်ကြည့်ကြ၏။ ဆိုင်းဘုတ်ပေါ်တွင် သာမန်ဆိုင်များထက်စျေးပိုမြင့်သော အစားအသောက်အမည်သစ်များကို တွေ့ခဲ့ရသည်။ အနံ့ပြင်းပြီး အစားကြိုက်သူများကို ဆွဲဆောင်နေပေမဲ့ ဘယ်သူမှ မဝယ်ချင်ကြပါချေ။အရင်စမ်းကြည့်သူများက ပိုက်ဆံဖြုန်းတီးမိမှာ ကြောက်ကြသည်။

ကျန်းရှုယောင် ဆက်မထိုင်နိုင်တော့ဘဲ စကတ်ကိုမရင်း ဒုတိယထပ်မှ ဆင်းလာခဲ့သည်။ထို့နောက် လမ်းဘေး အစားအသောက်ဈေးကို လျှောက်သွားခဲ့၏။ လူတွေ၏ပြောဆိုမှုတွေကနေ သူတို့က အစားအသောက်ကို တကယ်သိချင်ကြသည်ဟု ပြောနိုင်ပေမဲ့ ၎င်းကို မြည်းစမ်းကြည့်ရန် အခကြေးငွေမသုံးချင်ကြပါချေ။ ထို့ကြောင့် သူမ လင်းရှီက လူတိုင်းကို အခမဲ့မြည်းစမ်းခွင့်ပေးပြီး ဖွင့်ပွဲနေ့တွင် ရောင်းချမှုတစ်မျိုးမျိုးကို လုပ်လိမ့်မည်ဟု မျှော်လင့်ပြီး ဒုတိယထပ်သို့ ပြန်သွားရန် စီစဉ်ခဲ့သည်။

အစားအသောက်အတွက် မြှုပ်နှံလိုစိတ်ပြင်းပြပြီး မားကတ်တင်းကို မေ့ထားခြင်းကြောင့်ဖြစ်သည်။ အရသာကို အားကိုးပြီး စျေးကွက်ကို အခြောက်တိုက် ဖွင့်လိုက်ရုံနှင့် မည်သို့ ထိန်းထားနိုင်မည်နည်း။

သူမ အပြင်မထွက်ခင်မှာ နောက်ကနေ ဆူဆူညံညံအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။ ကျန်းရှုယောင် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ရထားလုံးတွေ ဆက်တိုက်ဝင်လာပြီး လမ်းပေါ်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

အစေခံက ရထားလုံးပေါ်မှဆင်းကာ မြင်းခြေခုံကိုချကာ ကန့်လန့်ကာကိုဖွင့်လိုက်သည်။ ထို့နောက် အမျိုးသမီးအချို့သည် ရထားလုံးးပေါ်မှ ဆင်းလာကြသည်။

ယခုလို လူအုပ်ကြီးရောက်လာသညံအခါ လမ်းဘေးအစားအစာဈေးက ရုတ်တရက် အသက်ဝင်လာ၏။

"ဘာကိစ္စရှိလို့လဲ... ဒါဘယ်နေရာလဲ" တစ်ယောက်ယောက်က မေးသည်။

"ဟုတ်တယ်... ငါတို့ စားသောက်ဆိုင်မသွားဘူးလား...လူတွေက ဒီမှာ စားသောက်ဆိုင် ဘယ်တုန်းက စဖွင့်တာလဲ"

“ကြည့်ရတာ မဟုတ်ဘူး... ဒါပေမဲ့ ဈေးတစ်ခုလိုပါပဲ"

"ဟေ့ နင် အနံ့ရလား...အနံ့ကောင်းတယ်"

အရှေ့က ရထားလုံးပေါ်မှ လှပသော နတ်ဘုရားမတစ်ပါး မျောလွင့်လာသည်။ သူမ၏ ဇာလွှာခြုံ ဦးထုပ်ကနေတစ်ဆင့် လူတွေက သူမ၏ အေးစက်ပြီး မြေမှုန်ကင်းစင်သည့် အလှကို ခံစားနိုင်လေသည်။ အခုလေးတင်က စကားစမြည်ပြောနေကြသည့် အမျိုးသမီးတွေက ငြိမ်ကျသွားပြီး သူမကိုမေး၏။

"ချင်ရှု...ဒီနေရာက"

ကောချင်ရှု သူမ၏ ဇာလွှာခြုံဦးထုပ်၏ ထောင့်ကို အနည်းငယ် မလိုက်ပြီး အစားအစာ၏ ရနံ့ကို တစ်ကျိုက်ရှူရှိိုက်လိုက်ကာ သူမ၏ လေသံမှာ ရွှင်မြူးနေသည်။

"ဟုတ်တယ်...တို့ ဒီကို စားဖို့ရောက်လာတာ"

သူတို့ ထိတ်လန့်သွားပြီး တုံ့ဆိုင်းသွားနေချိန်မှာ ကောချင်ရှုက လမ်းဘေးအစားအစာဈေးသို့ ဦးစွာဝင်ရောက်လာပြီးဆိုလေ၏။

"ဒီမှာ အစားအသောက်က စားသောက်ဆိုင်ထက် ပိုကောင်းတယ်"

သူမ ခြေလှမ်းအနည်းငယ်လှမ်းကာ တစ်ခုခုကို သတိရပြီး လှည့်၍ပြောလိုက်သည်။

"စကားမစပ်... မင်းတို့ စားသောက်ဆိုင်ကို ကိုယ်ဘာကိုယ်သွားလို့ရတယ်...တို့ကို ဒီမှာပဲထားခဲ့"

သူမ ရထားထိန်းကို အမိန့်ပေးပြီးနောက် ကျန်လူများအား နှုတ်ဆက်ရန် မေ့သွားသဖြင့် လူအုပ်စုသည် သူမ၏ ရထားလုံးဖြင့် ဤလမ်းဘေးအစားအစာဈေးသို့ ပါလာခဲ့ကြသည်။

မျိုးရိုးမြင့်သခင်မလေးများသည် အိမ်တွင် ရံဖန်ရံခါ ငြီးငွေ့ကြသောကြောင့် ကဗျာအသင်းဖွဲ့ကြသည်။ သုံးရက်တစ်ကြိမ် စုဝေးရန် ထွက်လာကြသော်လည်း တစ်ခါတစ်ရံ အချင်းချင်းဆန့်ကျင်လျက်ကဗျာများ မရွတ်ဆိုချင်ကြပေ။ စျေးဝယ်ထွက်ခြင်း သို့မဟုတ် လက်ဝတ်ရတနာဝယ်သည့်အခါ ကဗျာအသင်းသို့သွားခြင်းဟူသော အကြောင်းပြချက်ကို အသုံးပြုနေကြဆဲဖြစ်သည်။ ​အပျော်​ရှာပြီး​နောက်​ အစားတစ်နပ်သွားစားကြလိမ့်မည်ဖြစ်၏။ မသိစိတ်က ဤတစ်ခါ စားသောက်ဆိုင်ကို သွားဖြစ်မည်ဟု ထင်မိခဲ့ကြ၏။

ယခု ကောချင်ရှုက လမ်းဘေးအစားအစာ စျေးသို့ ဝင်ရောက်လာသောအခါ အချို့က တုံ့ဆိုင်းနေပြီး ဤလမ်းဘေးအစားအစာ စျေးငယ်လေးတွင် မစားချင်ကြသော်လည်း အချို့က သူမနောက်ကနေ စပ်စပ်စုစု လိုက်သွားကြသည်။

ကျန်းရှုယောင် ကောချင်ရှု မိမိဆီသို့ လျှောက်လာပြီး မဝေးသောနေရာတွင်ရပ်နေသည်ကိုတွေ့လိုက်သောအခါ သူမအား နှုတ်ဆက်ချင်သော်လည်း ကောချင်ရှုက ရုတ်တရက်လှည့်လိုက်သည်။

သူမက အဟန့်အတားဖြစ်နေသော ဦးထုပ်မှဇာလွှာကိုမလိုက်ပြီး သူမ၏နောက်ရှိ စျေးဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ ထို့နောက် ဈေးတစ်ဖက်သို့ လှည့်ကြည့်ကာ “ဘယ်ဟာ ပိုကောင်းလဲ” ဟု ရေရွတ်သည်။

စကားပြောပြီးနောက် သူမက စက္ကန့်အနည်းငယ်မျှ ခေတ္တရပ်လိုက်ပြီး ကျန်းရှုယောင် ဆီသို့ ရုတ်တရက် လျှောက်လာသည်။

ခုနက သူမ မိမိကို မမြင်သည်မှာ ထင်ရှား၏။ ကျန်းရှုယောင် ကိုယ့်ခေါင်းကို ကုတ်လိုက်ပြီး ကောချင်ရှုကို နွေးထွေးစွာ ပြုံးပြကာဆိုလိုက်သည်။

"ရှင်--"

သူမ အသံထွက်ပြီးသည်နှင့် ကောချင်ရှုက သူမဆီကနေ လွင့်ပျံ့ပြေးသွားသည်။

သူမ လေပြေကဲ့သို့ လျင်မြန်စွာ လျှောက်သွားကာ အေးစက်သောလေသံဖြင့် တုံးတိတိရေရွတ်လိုက်သည်။

"အနံ့ အရမ်းကောင်းတယ်"

ကျန်းရှုယောင်:...

သူမ လွင့်ပျံပြေးသွားပြီးနောက် မွှေးပျံ့သင်းကြိုင်သော သခင်မလေးတစ်အုပ်ကြီး ဖြတ်သွားကာ ဆိုကြလေ၏။

"ငါတို့ အထဲပိုရောက်လာတော့ ပိုတောင် အနံ့ပိုကောင်းလာသေးတယ်"

"ဘာလို့ ဘယ်သူမှ မဝယ်တာလဲ"

"ကြည့်စမ်း...မာလာထန့် ဆိုတာ ဘာလဲ...ဒီ တုတ်ထိုးကင်တွေက ဘာလဲ"

ကျန်းရှုယောင် သူတို့ကြားကနေ ဖြတ်ကျော်ရန် ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ဆန်ခေါက်ဆွဲဆိုင်ရှေ့မှာ ရပ်နေသည့် ကောချင်ရှုကို ဖမ်းမိသွား၏။


"ရှင်ဘာလို့ဒီကိုရောက်နေတာလဲ"
သူမကပြောလိုက်သည်။

ကောချင်ရှု အသိပြန်ဝင်လာပြီး ကျန်းရှုယောင် ကို လှည့်ကြည့်လိုက်ကာ အံ့သြတကြီးနှင့်ဆို၏။

"အယ်...မင်းရောက်နေတယ်"

သူမ ကျန်းရှုယောင် ဇာလွှာကာဦးထုပ်မ၀တ်ထားသည်ကို မြင်သောကြောင့် သူမဟာကိုလည်းမလိုက်သည်။

"ဒီနေ့ လမ်းဘေး အစားအစာဈေးက ဖွင့်မှာလို့ အရင်တစ်ခေါက်က မင်းရေးခဲ့တယ်လေ"

ကျန်းရှုယောင်က အတင်းအဖျင်းပြောရန် စာရေးလိုက်ပေမဲ့ အပျော်ထဲမှာသူမပါလာရောက်ပါဝင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပါချေ။

သူမကို ကျေးဇူးတင်စကား မပြောခင် ကောချင်ရှု စကားများကြောင့် ပြန်ထိန်းလိုက်ရသည်။

"ဒီဆိုင်မှာရောင်းတဲ့ အစားအသောက်တွေရဲ့အနံ့က အရသာရှိတယ်... မင်း တို့ကို မြန်မြန်မိတ်ဆက်ပေးလို့ရတယ်...တို့ကြိုက်တဲ့ဟာကို မရွေးတတ်ဘူးဖြစ်နေတာ"

ကျန်းရှုယောင် သူမတို့ရှေ့က ဆန်ခေါက်ဆွဲဆိုင်ကို မိတ်ဆက်ပေးလိုက်သည်။

"ဒီဆိုင်က ဆန်ခေါက်ဆွဲရောင်းတယ်...ဆန်ခေါက်ဆွဲကို ဆန်မှုန့်နဲ့လုပ်ထားပြီး ကြက်ဥခေါက်ဆွဲနဲ့ ဆင်တူတယ်...အသားက ပျော့ပြောင်းတယ်၊ ပါးလွှာတယ်၊ ချောမွေ့တယ်၊ နူးညံ့တယ်... ဟင်းရည်နဲ့တည်ခင်းတယ်... အရသာရှိပြီး တချို့က နူးညံ့ပြီး အရသာရှိတဲ့ အစေ့အဆံတွေနဲ့ ရောစပ်ထားတယ်"

သူမနိဒါန်းမပြီးမီ ကောချင်ရှုက သူမ၏ရွေးချယ်မှုကို အပြီးသတ်ခဲ့သည်။

"ဒါဆို ဒါကိုပဲစားလိုက်မယ်"

ထို့နောက် သူမ ဆိုင်ထဲကို ဝင်သွား၏။

ကျန်းရှုယောင်တစ်ယောက် နောက်တွင်ကျန်ရစ်ခဲ့ပြီး လိုက်ရန်ကြိုးစားသော်လည်း ကောချင်ရှု နောက်သို့ အမြန်ပြေးလိုက်သွားသော မျိုးရိုမြင့်ငခင်မလေးများကြားမှာ တွန်းထုတ်ခံရပြီးအဝေးရောက်သွားသည်။ စားပွဲထိုးတွေက ဤမြင်ကွင်းကို အရင်က မမြင်ဖူးကြသဖြင့် မျိုးရိုးမြင့် အမျိုးကောင်းသမီးများနှင့် အစေခံအဖွဲ့ကြီးကို တွေ့သည့်အခါ ခေါင်းမမော့ဝံ့ကြပါချေ။ စားပွဲတစ်ခုစီကို သီးသန့်ခန်းတစ်ခုဖြစ်ရုံ သီးသန့်နံရံများဖြင့် ကာထားသော ဒုတိယထပ်သို့ အမြန်ခေါ်သွားခဲ့သည်။

အားလုံးထိုင်ပြီးသည်နှင့် လက်လုပ်စက္ကူနှင့်လုပ်ထားသည့်မီနူးကိုကြည့်ရင်း ဒုက္ခရောက်သွား၏။ အမျိုးအစားအများကြီးရှိတာပဲ...ဘယ်ဟာကပိုကောင်းလဲ...

ကောချင်ရှုက သူမ၏မျက်နှာပေါ်တွင် စိတ်ပူပန်မှုနှင့် ရှုပ်ယှက်ခတ်နေသည့်အမူအရာမျိုး မရှိပါချေ။ မီနူးပေါ်ရှိ ခေါက်ဆွဲအမျိုးအစားများနှင့် ရောက်ရှိလာသူအရေအတွက်ကို ရေတွက်ပြီးနောက် "တစ်ယောက် တစ်မျိုးစီ မှာရအောင်" ဟု အမိန့်ပေးခဲ့သည်။

ဆန်ခေါက်ဆွဲက အရသာများစွာရှိသည်။ ကျန်းရှီ၊ ဟူနန်၊ ယွမ်ကွေ့ချွမ်နှင့် အခြားနေရာများတွင် ပုံစံအမျိုးမျိုးရှိသော်လည်း အရေးအကြီးဆုံးမှာ ဆန်ခေါက်ဆွဲ၏ နူးညံ့မှုနှင့်အရသာရှိမှု ဖြစ်သည်။


Xxxxx