အပိုင်း ၈၇
Viewers 18k

Chapter 87
ဆန်ခေါက်ဆွဲ



ဆိုင်မှာ အစားအသောက်တည်ခင်းသည်က အရလွန်မြန်၏။ အနံ့မျိုးစုံနှင့်အရံဟင်းမျိုးစုံပါသည့် ဆန်ခေါက်ဆွဲပန်းကန်တွေကို စားပွဲပေါ်မှာ တည်ခင်းထားသည်။ မြူငွေ့ပူပူများသည် သင်းပျံ့သော ရနံ့မျိုးစုံဖြင့် လွှမ်းခြုံနေသည်။

ကောချင်ရှု သူမရှေ့ရှိ ဆန်ခေါက်ဆွဲပန်းကန်ကို ဆွဲယူကာ ပြောလိုက်၏။

"လူတိုင်း ကိုယ့်ရှေ့က ပန်းကန်ထဲက စားလိုက်... ရွေးရတာ အချိန်ကုန်သက်သာတယ်"

သခင်မလေးများက သူမ၏ ဉာဏ်ရည်ဉာဏ်သွေးကို ချီးကျူးကာ တိုးတိုးလေး ဖားကြသော်လည်း ဆန်ခေါက်ဆွဲက အလွန်မွှေးသောကြောင့် စကားများများ မပြောဘဲ ငြိမ်သွားသည်။ အနံ့ခံပြီးနောက် သူတို့၏လျှာက တံတွေးကို မထိန်းနိုင်တော့ဘဲ ဗိုက်မှအသံများ မြည်လာသည်။

ဆန်ခေါက်ဆွဲပန်းကန်ကို အနီးကပ်ဆွဲယူလိုက်ရာ ခေါက်ဆွဲများက ကျောက်စိမ်းကဲ့သို့ နူးညံ့ကာ ပုစဉ်းရင်ကွဲအတောင်များကဲ့သို့ ပါးလွှာပြီး ပိုးချည်မျှင်ကဲ့သို့ လှပနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ကို တိမ် သို့မဟုတ် နက်ရှိုင်းသော ဟင်းရည်တွင် စိမ်ထားသည်။ အရောင်တွေ တောက်ပပြီး အသားကလည်း ထူ၏။ မွှေလိုက်သောအခါ မွှေးရနံ့က မျက်နှာပေါ်သို့ လျှံကျသွားသည်။

ဆန်ခေါက်ဆွဲ၏ ကုန်ကြမ်းများသည် ဆန်များဖြစ်သော်လည်း ပြင်ဆင်မှုပုံစံအမျိုးမျိုးနှင့် အရသာကွဲပြားသည်။ ဆန်က ချောမွေ့ပြီး ခိုင်မာသော်လည်း ဆန်ခေါက်ဆွဲကအများအားဖြင့် ပျော့ပျောင်းပြီး ဖယောင်းကဲ့သို့ဖြစ်သည်။ လူတွေက အလွန်ချောပြီး နူးညံ့သည့်ခေါက်ဆွဲတွေကို တူသုံးပြီး ကောက်ယူသည့်အခါ ဖမ်း၍​မရပေ။ ခေါက်ဆွဲက တူချောင်းတွေကြားထဲမှာ ပျော့ခွေကျသွားသည်။

ခေါက်ဆွဲတွေ ပါးစပ်ထဲ ရောက်သွားသည်နှင့်အမျှ ခုနက ဤသာမန်ဈေးငယ်လေးကို မည်မျှပင် စိတ်ပူနေပါစေ အတွေးတွေအကုန်လုံးက ဖော်မပြနိုင်သောအရသာကြောင့်ရှင်းလင်းခြင်းခံလိုက်ရ၏။

ဆန်ခေါက်ဆွဲက အလွန်နူးညံ့ပြီး နုကာ အစိုဓာတ်ပြည့်ဝသော ဖယောင်းသားနှင့်တူသည်။ ဝါးလိုက်သည်နှင့် ဟင်းရည်၏တစိမ့်စိမ့်အရသာက ခံတွင်းထဲမှာ ပွင့်လန်းလာ၏။ အရသာက ပေါ့ပါးပြီး ချောမွေ့ပေမဲ့ ဆန်ခေါက်ဆွဲ၏ နူးညံ့ပြီးစေးကပ်သောမွှေးရနံ့က ဟင်းရည်နှင့် ပြည့်နေသကဲ့သို့ ဟင်းရည်ကို စုပ်ယူနိုင်သည်။ ပြုတ်ပြီးသည့်အခါ နူးညံ့ပြီး ဟင်းရည်ကို စုပ်ယူနိုင်ပေမဲ့ အထွေးလိုက်ဖြစ်ပြီး အရသာပျက်သွားသည့်ပုံမှန်ခေါက်ဆွဲတွေနှင့်မတူပေ။ဆန်ခေါက်ဆွဲက နူးညံ့ပြီး အရသာရှိပေမဲ့ ဟင်းရည်ကို ၎င်းတို့အားနူးပွသွားစေခြင်းမှ ထိန်းထားနိုင်သည်။

ဟင်းရည်အခြေခံသည် နံရိုးပြုတ်ရည်၊ ကြက်ပြုတ်ရည်နှင့် အရိုးပြုတ်ရည်တို့ ပါဝင်ပြီး အလွန်လတ်ဆတ်သည်။ အချို့သောအရသာများက လတ်ဆတ်မှုကိုသာ အာရုံစိုက်သည်။ ကြည်လင်သန့်စင်သော လန်းဆန်းမှုသည် လေညင်းကဲ့သို့ဖြစ်ပြီး တစ်ကိုယ်လုံး ပျော့ပျောင်းသော ဆန့်ထွက်မှုကို ပေါ်လွင်စေသည်။ အူမားမီအရသာအဆင့်တစ်ခုရောက်သောအခါ ၎င်းသည် အနည်းငယ်ချိုပြီး လန်းဆန်းသွားကာ ဆန်ခေါက်ဆွဲ၏ နူးညံ့သောဆန်အရသာကို မီးမောင်းထိုးပြဆပေလိမ့်မည်။ လတ်ဆတ်သော ဟင်းရည်နှင့် အနည်းငယ်ချိုမြိန်သော ဆန်ခေါက်ဆွဲကို ငယ်စဉ်ကတည်းက လျှော့စားလေ့ရှိကြသည့် မျိုးရိုးမြင့်သခင်မလေးတစ်ဦးအနေဖြင့်ပင် တစ်ကိုက်ပြီးတစ်ကိုက် မစားဘဲမနေနိုင်ပေ။

အစပိုင်းတွင် သူတို့သည် ဇီဇာကြောင်ဆဲဖြစ်ပြီး ညင်သာသောစည်းချက်ဖြင့် ကိုက်လိုက်သေးသည်။ နောက်တွင်ကား သူတို့ခေါင်းကို ပန်းကန်းထဲမှာမြှုပ်ပြီး လည်ပင်းကို ရှေ့ကိုဆန့်လိုက်၏။ နူးညံ့သော ဆန်ခေါက်ဆွဲကို နှုတ်ခမ်းဖြင့် တို့ထိလိုက်သည်နှင့် တပြိုင်နက် ဖြည်းညှင်းစွာ တွန့်သွားကာ အရည်များ တဖြေးဖြေး တက်လိုက်ဆင်းလိုက်ဖြစ်သွားသည်။ သူတို့၏နှုတ်ခမ်းများတွင် ဆန်ခေါက်ဆွဲများက ပိုးနှင့်ဖဲကဲ့သို့ နူးညံ့ချောမွေ့သည်။ တစ်စုပ်စား တစ်ကိုက်ဝါးလိုက်ပြီးနောက် အဆုံးမရှိ လန်းဆန်းမှုနှင့် နွေးထွေးမှုတို့ဖြင့် လည်ချောင်းအောက်သို့ လျှောကျသွားသည်။

အချို့လူများက ခေါက်ဆွဲစားခြင်းကို "ခေါက်ဆွဲသောက်" သို့မဟုတ် "ခေါက်ဆွဲရှုပ် " ဟုခေါ်ကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ဆန်ခေါက်ဆွဲက စေးကပ်ပြီးပျော့ပျောင်းနေချိန်မှာ ချောမွေ့နူးညံ့မှုကို ထိန်းသိမ်းထားနိုင်သည်က စိတ်ကူးရခက်လေသည်။

ဆန်ခေါက်ဆွဲအတွက် အဆာပလာက အလွန်ပေါများသည်။သာမန်အသားလွှာ၊ ဝက်သားနုတ်နုတ်စင်း၊ သို့မဟုတ် အဆီများသောအူများ၊ သိုးကလီစာ၊ ကြက်ကလီစာ၊ နံရိုးစသည်ဖြင့် အရာအားလုံးက စိတ်ဝင်စားဖွယ်ကောင်းသည်။ ဆန်ခေါက်ဆွဲ၏အရသာကို လိုက်လျောညီထွေဖြစ်စေပြီးနောက် အဆာပလာအနည်းငယ်ကို ခဏခဏ ရွေးကြသည်။ ကြက်သားက မွှေးပြီး ကြွပ်ကာ အသားက အရသာကြွယ်ဝ၏။ အူများက နူးညံ့ပြီး ဝါးရသည်။ များများဝါးလေလေ ပိုချိုလေလေပါပင်။ ၎င်းက အရသာကို ကြွယ်ဝစေရုံသာမက ဆန်ခေါက်ဆွဲ၏အဓိကနေရာကို လုယူခြင်းမရှိပါချေ။

သာမာန်လတ်လတ်ဆတ်ဆတ် ဟင်းရည်အပြင် မြက်သီး၊ စမုန်နက်၊ တရုတ်ငရုတ်ကောင်း၊ လိမ္မော်ခွံ အစရှိသည့် ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနှင့် ပြုလုပ်ထားသည့် စွပ်ပြုတ်ဟင်းရည်လည်း ရှိ၏။အရသာက မွတ်ပြီး ပါးစပ်ထဲမှာ ညင်သာပျော့ပျောင်သောမွှေးရနံ့နှင့်ပြည့်နေးည်။

ဟင်းရည်ထဲမှာ စိမ်စားရန် ခေါက်ဆွဲနှင့်တွဲဖက် ပန်ကိတ်က မရှိမဖြစ် လိုအပ်လေသည်။ ပန်ကိတ်များသည် စွပ်ပြုတ်ကို အပြည့်အ၀စုပ်ယူပြီးနောက်၊ အပြင်အရေပြားက အဆီပြန်ပြီး ကြွပ်နေသော်လည်း အတွင်းပိုင်းတွင် နူးညံ့သောအစာများဖြင့် ပြည့်နေသည်။ တစ်ကြိမ်ကိုက်ပြီးနောက် သူတို့ပါးစပ်က ဟင်းရည်များ တဖွဲဖွဲဝင်လာခြင်းကို ထိန်းနိုင်ဟန်မရှိတော့ဘဲ ပန်ကိတ်အလွှာကပင် အလွန်ချိုမြိန်လာသည်။

အသီးအရွက်နှင့်ပေါ့ပေါ့ပါးပါး ဟင်းအမယ်တွေကို မကြိုက်သည့် မာနခဲသခင်မလေးဟူ၍အဘယ်မှာရှိသနည်း။ စွဲစွဲလန်းလန်းဖြစ်မှာကြောက်၍ အရသာပြင်းပြင်းတွေ မစားရဲကြပေမဲ့ ယခုအချိန်မှာကား ပန်ကိတ်ပြိုင်ပွဲလေးတစ်ခုရှိနေလေသည်။

"နင့်ဟာတစ်ဝက် ငါ့ကို ပေး"

"ဟေး...နင်တစ်ခုစားပြီးပြီမလား... ဘာလို့ နောက်တစ်ခုကို ညှပ်လိုက်တာလဲ"

"နင် ဆီများတဲ့အရာတွေကို မကြိုက်ဘူးမလား... သက်သတ်လွတ် ပဲကိတ်တစ်ခုတောင်မှ နင့်အတွက် အဆီများလွန်းတယ်ဆို...ဘာလို့ ဒီမုန့်ကို ငါ့ဆီကလုတာလဲ"

သူတို့က မည်သို့ပင် တိုက်ခိုက်နေပါစေ ၊ကောချင်ရှုက သူမ၏ပါးစပ်ကို သုတ်လိုက်ပြီး လှပစွာ ထကာ စားပွဲထိုးကို ခေါက်ဆွဲ တစ်ပွဲ ထုပ်ပိုးပေးရန်တောင်းဆိုလိုက်၏။မည်သို့ပင်ဖြစ်စေ ဤသခင်မလေးများရှေ့မှာ နှစ်ပန်းကန်စားသည်က သူမ၏ပင်ကိုယ်စရိုက်ကို ထုတ်ဖော်ပြသမိပေလိမ့်မည်။

သူမနောက်သို့လိုက်နေသော သခင်မလေးများက သူမထွက်ခွာသွားသည်ကိုမြင်သောအခါ အနည်းငယ် ချီတုံချတုံဖြစ်ခဲ့သော်လည်း ယခုတစ်ကြိမ် သူမနောက်လိုက်ရန် အစီအစဉ်မရှိသေးပါချေ။

"ချင်ရှုမှာ အစာစားချင်စိတ် နည်းနည်းပဲရှိတယ်... ငါတို့က မတူဘူး...သေသေချာချာ စားဖို့က အရေးကြီးတယ်... ကိုယ့်ကိုကိုယ် အငတ်မခံနဲ့"

"ကျိုးကြောင်းဆီလျော်ပါတယ်ရှင်"

ရောနှောထားသော ဆန်ခေါက်ဆွဲအလွတ်များကို ဝါးပြွန်အတွင်း၌ ငှက်ပျောရွက်ဖြင့် ထုပ်ပိုးထားသည်။ အစေခံက ၎င်းကို ကိုင်ထားပြီး မွှေးရနံ့ သင်းပျံ့နေဆဲဖြစ်သည်။ ကောချင်ရှု ဒုတိယထပ်မှ ဆင်းလာပြီးမှ သူမ စားသောက်ပြီး ကျန်းရှုယောင် အကြောင်း မေ့နေမှန်း သတိရလိုက်သည်။ ထိတ်လန့်တကြားနှင့်သူမကို ရှာရန် ဆိုင်ထဲက အမြန်ထွက်လာခဲ့၏။

ခုနက မျိုးရိုးမြင့်သခင်မလေးတစ်ပြုံကြောင့် အချို့သော ညစာစားသူတွေက အစားအသောက်ကို မြည်းစမ်းကြည့်ရန်ဆန္ဒရှိနေကြသည်။ ပထမတစ်ယောက်က စားပြီးလျှင် ဒုတိယတစ်ယောက်က လိုက်သွား၏။ စီးပွားရေးတွေက တစ်စထက်တစ်စ ကြီးထွားလာပြီး လမ်းတွေမှာ လူစုလူဝေးနှင့် စည်ကားနေလေသည်။

သူမအစေခံက သူမအတွက် လမ်းရှင်းပေး၏။ သူမ လှည့်ပတ်ကြည့်လိုက်သော်လည်း ကျန်းရှုယောင်ကို မတွေ့။ သူမထွက်ခါနီးတွင် ကျန်းရှုယောင်၏ကျောပြင်ကိုတွေ့လိုက်ရသည်။

ကောချင်ရှု အလျင်အမြန်လျှောက်သွားကာ သူမ၏ဦးထုပ်ကို မ၍အော်လိုက်၏။

"ရှုယောင်"

ကျန်းရှုယောင်က ခေါင်းကို လှည့်လိုက်ရာ သူမဘေးမှာ ရပ်နေသည့်လူကလည်း ခေါင်းကို လှည့်လိုက်သည်။ကောချင်ရှု သူတို့က တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ်ရပ်နေပေမဲ့ အသိအကျွမ်းမဟုတ်လောက်ဟုထင်ပြီး သူမ ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းကာ ကျန်းရှုယောင် ကိုကိုင်၍ပြောလိုက်၏။

"ဘာကိစ္စရှိလို့လဲ... ခုနက တို့ အပေါ်ထပ်ကိုတက်သွားပြီး လှည့်ကြည့်လိုက်တော့ မင်းပျောက်သွားတယ်“

သူမစကားပြီးသောအခါတွင် လေထုက မမှန်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူမ ဘေးကို လှမ်းကြည့်လိုက်ရာ ခုနကသူမတွန်းဖယ်လိုက်သည့် အလှလေးက သူမကို မျက်ခုံးပင့်ပြီး မကြင်နာစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

 ကျန်းရှုယောင် မျိူးရိုးမြင့်သခင်မလေးများ၏တွန်းဖယ်ခြင်း ခံခဲ့ရပြီးနောက် သားသမီးများနှင့်အတူ ထွက်လာသော ရှုရှီနှင့် ကျိုးရှီ တို့နှင့် တွေ့ဆုံခဲ့သည်။ ကလေးတွေကို အစေခံများနှင့် ဘဏ္ဍာထိန်းများက ညစာစားရန် ခေါ်သွားခဲ့ပြီး ကျန်းရှုယောင်က သူတို့ကို ဧည့်ခံခဲ့သည်။ သုံးယောက်သား စားသောက်ပြီးနောက် ရထားလုံးပေါ်ပြန်တက်ကာ ကလေးတွေ ပြန်လာသည်ကို စောင့်နေရန်တွေးခဲ့ကြသည်။ သူတို့ ရထားပေါ်တက်ခါနီးတွင် ကောချင်ရှုက သူတို့ကို တားထားသောကြောင့် ဤမြင်ကွင်းမျိုး ဖြစ်သွားသည်။

ကောချင်ရှု၏အမူအရာမှာ မပြောင်းလဲဘဲ ရှုရှီ  နှင့် ကျိုးရှီကို ခေါင်းညိတ်ပြပြီးမေးလိုက်၏။ "ဒါက..."

ကျန်းရှုယောင် သူတို့နှစ်ယောက်ကို အမြန်မိတ်ဆက်ပေးလိုက်သည်။

ကောချင်ရှုက သူမအစေခံတွေကို ရထားလုံးသွားယူခိုင်းချိန်တွင် ရှုရှီက ယဥ်ယဥ်ကျေးကျေးဆိုလာ၏။

"ကောသခင်မလေးလည်း ငါတို့ရထားပေါ်မှာ စောင့်ပါလား"

သူမ ငြင်းဆန်မည်ဟု သူမထင်ခဲ့သော်လည်း ကောချင်ရှုက အနည်းငယ်ခေါင်းညိတ်ကာ "ကျေးဇူးအများကြီးတင်ပါတယ်...ရှုယောင်နဲ့ တို့ပြောစရာရှိတာနဲ့အတော်ပါပဲ " ဟု အလျင်စလိုပြောခဲ့သည်။

ကျိုးရှီက ရှုရှီကို ကြည့်လိုက်ပြီး ရှုရှီက စိတ်မဝင်စားဟန်အကြည့် ပြန်ပေးလေသည်။

လူလေးယောက်က တစ်ယောက်ပြီးတစ်ယောက် ရထားလုံးပေါ်တက်သွား၏။ကောချင်ရှုက ထိုင်ပြီးနောက် သူမ ရှုရှီနှင့်ကျိုးရှီ တို့နှင့်ရင်းနှီးသော ဆက်သွယ်မှုအဖွင့်အမှာစကားတစ်အုပ်ကို ပြောခဲ့သည်။ လူတိုင်းက ဧည့်ခံပွဲများသို့ မကြာခဏ ဝင်ထွက်လေ့ရှိသော အမျိုးကောင်းသမီးများဖြစ်သည်။ သို့သော် လေထုက အထူးတလည် မတိုးသားမဆုတ်သာဖြစ်နေပြီး ထူးဆန်းနေသည်။

သူတို့သုံးယောက် စကားစဲပြီးနောက် ကျန်းရှုယောင်ကပြောလိုက်၏။

"ချင်ရှု...ရှင်အရသာကိုဘယ်လိုထင်လဲ "

ရှုရှီ နှင့် ကျိုးရှီက သူမနှင့် အတူ ထမင်းစားခဲ့သည်ဖြစ်ရာ သူမ မေးနေစရာ မလိုပေ။

ကောချင်ရှုက ခေါင်းလေးစောင်းပြီးဆိုသည်။
"အရမ်းကောင်းတယ်... မင်းရဲ့စာမှာပါတဲ့ အစားအစာ အမျိုးအစားတွေ အများကြီးရှိပေမဲ့ ဒီနေ့ ငါ တစ်မျိုးပဲ စားနိုင်တာကစိတ်မကောင်းစရာပဲ"

ကျန်းရှုယောင် စကားပြောခါနီးမှာ ကျိုးရှီက အရင်ပြန်ဖြေလိုက်သည်။

"စာလား...ကောသခင်မလေးက ယောင်ယောင်နဲ့ မကြာခဏ စာအသွားအပြန်လုပ်လေ့ရှိတာလား"

ကောချင်ရှုက သူမ၏ အကြည့်ကိုမြင်ပြီး ရုတ်တ ရက် သူမ၏နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်လိုက်ကာဆို၏။

"ဟုတ်တယ်"

မျက်လုံးနှစ်စုံက တိုက်မိသွားပြီး ကျိုးရှီရန်စခံရသလို ခံစားလိုက်ရသည်။ သူမက မျက်ခုံးတခြမ်းကို ပင့်တင်ပြီးပြောလိုက်၏။

"ဒါဆို ဒီနေ့ ဖွင့်ပွဲကလည်းစာမှာ ဖော်ပြထားပုံပဲ"

ကောချင်ရှုက တည်ငြိမ်အေးဆေးသည်။ သူမလေသံက ငန်လည်းမငန် ပေါ့လည်းမပေါ့ပေ။(မထေ့မငေါ့)

"မှန်ပါတယ်...ဒီနေ့ ကဗျာအသင်းမှာ စုဝေးမှုလေးတစ်ခုရှိတော့ တို့ ပြီးတာနဲ့ ဒီကိုလာခဲ့တာပါ"

"ကဗျာအသင်း"

ကျိုးရှီ အနည်းငယ် အံ့သြသွားပုံရပြီး
"ကောသခင်မလေးက တကယ့်ကို ပေကျင်းရဲ့ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးပါပဲ"

ကောချင်ရှု ကျန်းရှုယောင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရှုယောင်က သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမ၏အမူအရာမှာ အေးဆေးတည်ငြိမ်သွားသည်။

"ဒီဂုဏ်ပုဒ်ကို မခံယူဝံ့ပါဘူး"

ကျိုးရှီ၏ ခန္ဓာကိုယ်က ရထားလုံးနံရံပေါ် မှီလျက်အထက်စီးဆန်သောလေထုနှင့်အတူ ပြုံးလျက်ဆို၏။

"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ...ပေကျင်းမှာ အရည်အချင်းအရှိဆုံးအမျိုးသမီးက ငါ့ အကြီးဆုံးယောက်မ ဖြစ်ခဲ့ဖူးတာကို ငါမှတ်မိတယ်... ဒါပေမဲ့ သူက ပျင်းလာပြီး ပေါင်းသင်းဆက်ဆံချင်စိတ် မရှိတော့ ပထမနေရာက ဘေးရောက်သွားတယ်"

ရှုရှီက နောက်ဆုံးမှာ စကားဝင်ပြောလာသည်။
"ဒီ ဂုဏ်ပုဒ်အတုတွေက ဘာအတွက်လဲ"

ကျိုးရှီက သူမကို စိုက်ကြည့်သည်။ သူတို့နှစ်ယောက်၏ အတွေးတွေက ထပ်တူကျပြီး လက်တွဲရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျိုးရှီကဆိုသည်။

"စကားမစပ်...အကြီးဆုံးယောက်မ ဒီကဗျာအသင်းကို ဖွဲ့ခဲ့ပုံရတယ်"

ရှုရှီကပြော၏။

"ဒါက စိတ်ကူးပေါက်ရာလေးတစ်ခုရယ်ပါ"

ကောချင်ရှုက သူတို့ကို ကြည့်ပြီး မျက်လွှာချကာ သူမလက်ကို ရုတ်တရက် မြှောက်၍ ကျန်းရှုယောင်ကိုကိုင်လိုက်သည်။ သူမက ကျန်းရှုယောင်ကို သူမဘေးသို့ဆွဲခေါ်ကာ ပြုံးပြီးပြော၏။

"ဒါက တကယ်ကိုတိုက်ဆိုင်တာပဲနော်...ရှုယောင်ရောအဲလိုမထင်ဘူးလား"

ရှုရှီ နှင့် ကျိုးရှီတို့၏မျက်လုံးများက လေထဲတွင် ကောချင်ရှု၏ မျက်လုံးများနှင့် ဆုံကြပြီး မီးပွားများ ခဏတာ ပေါက်ကွဲထွက်သွားပုံရသည်။

ကျန်းရှုယောင် :  ငါက ရထားလုံးပေါ်မှာမနေဘဲ အပြင်မှာပဲ စောင့်နေလိုက်ရမှာ...

......

ရထားလုံးပြတင်းပေါက်ကို နှစ်ကြိမ်ခေါက်ပြီး အပြင်ဘက်မှ ပြတ်သားသော အသံတစ်ခုထွက်လာသည်။

"မရီး"

ကျန်းရှုယောင်သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့သုံးယောက်လက်ထဲက သူမ လွတ်မြောက်နိုင်တော့မည်။ထိုသို့ဖြင့် ကန့်လန်ကာကို မြှောက်လိုက်၏။

ရှဲ့ရွှင်း သူမ၏ခေါင်းလေးပြူထွက်လာသည်ကို မြင်လိုက်ရပြီး မျက်လုံးများ ပူနွေးလာသည်။

ကျန်းရှုယောင်က သူ့ကို ပြုံးပြပြီး ရထားလုံးပေါ်မှ ဆင်းကာလူသုံးယောက်ကို ပြောလိုက်၏။

"အကြီးဆုံးယောက်မ... ဒုတိယယောက်မနဲ့ ချင်ရှုကျွန်မ သူနဲ့ အရင် လိုက်သွားလိုက်မယ်နော်"

အထဲမှာ လူသုံးယောက်က တုံ့ပြန်ကြသည်။

ကျန်းရှုယောင် ရှဲ့ရွှင်း၏ အင်္ကျီစကို ဆွဲပြီးပြောလိုက်၏။

"သွားကြရအောင်"

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက်အော်သံတစ်ခုထွက်ပေါ်လာပြီး ကျန်းရှုယောင် ထိတ်လန့်သွားခဲ့သည်။

"မရီး" "ညီမရေ"

ကျန်းရှုယောင် ခေါင်းကို လှည့်ကြည့်လိုက်ရာ အရှေ့နန်းဆောင်က လူတွေအားလုံး သူတို့နောက်မှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။

လင်းချန် လမ်းပေါ်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သော သူ့ချစ်သူနှင့် တွေ့ဆုံပြီး နောက်ဆုံးတွင် သူမလက်ကို ဆုပ်ကိုင်ထားရသကဲ့သို့ သူ့မျက်လုံးများထဲတွင် အရူးအမူးစွဲလမ်းမှုနှင့်မျှော်လင့်ချက်တို့ဖြင့် လှမ်းကြည့်လိုက်သည်။

"နောက်ဆုံးတော့ ဖွင့်လိုက်ပြီ"

သူ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။

ကျန်းရှုယောင် ရှဲ့ရွှင်းကို လှည့်ကြည့်လိုက်သည်။

ရှဲ့ရွှင်း၏မျက်နှာက ခါတိုင်းလိုအကြောသေနေသော်လည်း သူ့မျက်လုံးများတွင် ရွံရှာနေသော အရိပ်အယောင်များ ဖျတ်ခနဲထွက်ပေါ်လာပြီး အသံနှိမ့်ကာရှင်းပြလိုက်၏။

"တာဝန်ပြီးတာနဲ့ ငါမင်းကိုလိုက်ရှာနေတာ... လင်းချန်က ငါအိမ်ပြန်နေတာမဟုတ်မှန်း သိသွားတယ်...အဲဒီနောက် သူကအော်ပစ်လိုက်တော့ ငါ့လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံး ငါ့နောက်ကို လိုက်လာကြတယ်"

လင်းမိသားစု၏လုပ်ငန်းကို အားပေးရန် သူတို့ဤနေရာကိုလာခဲ့လျှင် ရှဲ့ရွှင်း သူတို့ကို အင်မတမန် ကြိုဆိုနေပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ ပြုံလိုက်ကျင်းလိုက် အနေအထားဖြင့် ပြေးလာသောအခါ ရှဲ့ရွှင်း အကူအညီမဲ့သလို ခံစားရပြီး အနည်းငယ် ရှက်ရွံ့သွားသည်။ ဤအသံများစွာဖြင့် အရှေ့နန်းဆောင်အရာရှိများ၏ ဂုဏ်သိက္ခာနှင့် လေးနက်မှုကို မည်သူမျှ မြင်နိုင်မည်မဟုတ်ပေ။

လင်းချန်က နှာခေါင်းရှုံ့လိုက်ပြီး အလွန်ကိုမှ ရင်းနှီးနေပြီဖြစ်သည့် လေသံဖြင့်ပြောလိုက်သည်။

"ငါ့မရီး ဆိုင်ဖွင့်တဲ့အကြောင်း မင်းညီအစ်ကိုတွေကို ဘာလို့မပြောတာလဲ... ငါတို့ လာအားပေးရမှာပေါ့"

အရေထူသူတစ်ယောက်က "မှန်တယ်" ဟု နောက်ကလိုက်၏။

တခြား အရေပါးသူများက အနည်းငယ် ရှက်ကြပေမဲ့ ဤစကားကို သူတို့လည်း သဘောတူကြသည်။

ကျန်းရှုယောင် ရှဲ့ရွှင်းကို ထပ်မံ စိုက်ကြည့်လိုက်သည်။

ရှဲ့ရွှင်း၏ မျက်ခုံးများ လှုပ်သွားကာ ကျန်းရှုယောင်၏ ရှေ့တွင် တိတ်တဆိတ် ရပ်ပြီး ထိုအရူးများ ကျူးကျော်ဝင်ရောက်လာမှုကို တားဆီးလိုက်သည်။

"ဟေ့ ဒီမှာပဲရပ်ပြီး စကားကောင်းမနေနဲ့... လာအထဲဝင်ပြီး စားကြ သောက်ကြ၊ သောက်ကြ စားကြစို့"

လင်းချန်က သူ့အိမ်မှာကဲ့သို့ လက်ခုပ်တီးကာ လှုပ်ယမ်းရင်း အထဲဝင်သွား၏။

ကျန်သည့်သူများက အမြန်လိုက်ကြသည်။

ရှဲ့ရွှင်းက မတ်တပ်ရပ်နေဆဲဖြစ်ပြီး ကျန်းရှုယောင်သူ့ကိုမေးလိုက်၏။

"သူတို့နဲ့ မလိုက်ဘူးလား"

"မလိုက်ဘူး"
ရှဲ့ရွှင်း မဆိုင်းမတွပြန်ဖြေပြီး သူမကိုကြည့်ကာဆိုသည်။

"ငါက မင်းနဲ့သွားနေတာလေ"

သူ့လေသံက အမြဲတမ်း တုံးတိဖြစ်နေပေမဲ့ အချိန်အတော်ကြာ ပေါင်းသင်းပြီးသည့် နောက်မှာ ကျန်းရှုယောင် ကွဲပြားမှုအချို့ကို အမြဲကြားရလေသည်။

ဥပမာအားဖြင့် ယခုတွင် သူ၏လေသံက အမှတ်မထင် ရင်းနှီးနေသော ချော့မော့မှုတစ်ခုပါဝင်နေ၏။



Xxx