လူတိုင်း ဆွံအသွားသည်။
'ဒီနေ့ ငါတို့ရင်ခုန်သံကို လာကစားနေကြတာလား။'
လူတိုင်း၏အကြည့်များသည် ချူးကျင်းချန်းထံရောက်သွားသည်။
သူ့အပြုံးက ထူးထူးခြားခြားနတ်ဆိုးဆန်နေပြီးသူ့မျက်လုံးက အေးစက်နေသည်။ သူ ဒေါသထွက်နေသည်ကို မည်သူမဆိုသိနိုင်သည်။
ရှီရန်၌ရည်းစားရှစ်ယောက်ရှိမှန်း သူ သိလိုက်ရသောအခါတောင်မှ တတိယမြောက်သခင်လေးက ဒေါသမထွက်ခဲ့ပေ။
သို့သော် ယခုမူ...
[ဒေါသထွက်နေတဲ့တတိယမြောက်သခင်လေးက အရမ်းကြောက်စရာကောင်းတယ်]
[မင်း ဘယ်လိုတောင်သတ္တိရှိနေရတာလဲ!!]
[ငါအကြိုက်ဆုံးစုံတွဲက လမ်းခွဲတော့မှာလား?? မဖြစ်ရဘူး!!!!]
[တတိယသခင်လေးအတွက် ငါ့နှလုံးသားလေးနာကျင်နေတယ်။မာစတာရန်က အရမ်းလွန်လွန်းတယ်။]
[မာစတာရန်က တဲ့တိုးသမား။ တတိယသခင်လေးက သူမကိုကြိုက်မှန်းတောင် သူမ မသိလောက်ဘူး။]
[တတိယမြောက်သခင်လေးက ထထွက်သွားတော့မယ် ဟုတ်တယ်မလား??]
[တတိယသခင်လေးသွားကြရအောင်။ ငါတို့ဒုက္ခမခံချင်ဘူး။]
လူတိုင်း ပြောစရာစကားပျောက်ရှသွားပြီး ယွီဇစ်ကျန်းသာ ပျော်ရွှင်နေပုံရသည်။
ရှီရန်က သူမအတွက်ခက်ခဲအောင်လုပ်ခိုင်းမည်လို့ မူလက သူမ ထင်ခဲ့သော်လည်း တကယ်တမ်းတွင် သူမကိုယခုလိုအခွင့်အရေးပေးသည်။
ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကိုရှက်ရွံ့စွာကြည့်ကာ "တတိယသခင်လေး၊ ကျွန်မ ကပြလို့ရမလား" ဟု ချိုသာစွာမေးသည်။
ချူးကျင်းချန်းက သူ့နောက်က ဆိုဖာကိုမှီပြီး မျက်ခုံးပင့်လိုက်သည်။ "ရပါတယ်။"
ယွီဇစ်ကျန်းအလွန်ပျော်သွားသည်။ သူမ ရှက်ပြီးပျော်နေသည်။ သူမ ယခင်က ကဖူးသောအကမျိုးစုံကို ပြန်စဥ်းစားသည်။
အဆုံးတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းတုံ့ပြန်မှုအများဆုံးရရှိခဲ့သည့်အကကို ရွေးချယ်လိုက်သည်။
မတ်တပ်ထရပ်ပြီး သူမ ဝတ်ထားသောညဝတ်အင်္ကျီက အနက်ရောင် V ဒီဇိုင်းဖြင့်စွဲမက်ဖွယ်ကောင်းသောအပေါ်ပိုင်းအလှကို ပြသနေသည်။
စကတ်သည် ပေါင်လယ်အထိရောက်ရုံသာရှည်၍ သူမ ကခုန်သောအခါ စကတ်စက တိုတက်လာသည်။
သူမ၏မျက်လုံးများသည် ပိုးသားကဲ့သို့ပင်ဖြစ်ကာ သူမ၏လှုပ်ရှားမှုတိုင်းသည် ဆွဲဆောင်မှုရှိသည်။
ချူးကျင်းချန်း၏ချောမောပြီးဆွဲဆောင်မှုရှိသောမျက်နှာကို ကြည့်ရင်း ယွီဇစ်ကျန်း၏မျက်လုံးများသည် တဖြည်းဖြည်းမှုန်ဝါးလာသည်။
နောက်တစက္ကန့်တွင် သူမသည် သတ္တိစုစည်းပြီး ချူးကျင်းချန်းဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်လာရင်း ခါးကိုလှုပ်ယမ်းနေလိုက်သည်။
သူမ၏ခန္ဓာကိုယ်ကို တက်တက်ကြွကြွလှုပ်ယမ်းရင်း ချူးကျင်းချန်း၏မျက်လုံးများကို ရဲဝံ့စွာ ကြည့်နေသည်။
ချူးကျင်းချန်းသည် ရှီရန်ကို စောင်းကြည့်လိုက်ပြီး သူမ စိတ်အားထက်သန်နေသည်ကို တွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းမှအပြုံးသည် ပျောက်ကွယ်သွားသည်။ သူ၏နက်မှောင်သောမျက်လုံးများသည် ရေကန်များကဲ့သို့ မည်းမှောင်လာပြီး သူ့ပတ်ဝန်းကျင်ရှိလေထုသည် တစထက်တစသိပ်သည်းလာသည်။
အစက ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကို ဆွဲဆောင်ရန်ကြံရွယ်ခဲ့သည်။
သို့သော် ချူးကျင်းချန်း၏အကြည့်အောက်တွင် သူမ၏လှုပ်ရှားမှုများသည် ပိုပို၍ပျာယာခတ်လာသည်။
သူ့မျက်နှာက နဂိုအတိုင်းဖြစ်နေသော်လည်း သူမက အရှင်လက်လက်အစားခံနေရသလို ခံစားရသည်။
ချူးကျင်းချန်း၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
ယွီဇစ်ကျန်းသည် ကြောက်လန့်လွန်း၍ သူမတစ်ကိုယ်လုံးတုန်သွားကာ ခြေဖဝါးအောက်က လှုပ်ရှားမှုကို သူမ သတိမထားမိဘဲ သူမ၏ဘယ်ခြေကိုညာခြေဖြင့် တက်နင်းမိသွားသည်။
"ဘမ်း-"
သူမ ကြမ်းပြင်ပေါ်လဲကျသွားသည်။ ကော်ဇောက ရှိနေသော်လည်း သူမ၏ဒူးဆစ်၌ပွန်းသွားသည်။
သူမ လဲကျသွားသောကြောင့် သူမ၏ရင်ဘတ်ကပေါ်နေပြီး သူမနဲ့ဆန့်ကျင်ဘက်၌ရှိနေသောကင်မရာက ရိုက်ကူးနေသည်။
"အား"
ယွီဇစ်ကျန်းအော်ဟစ်ပြီး ရင်ဘတ်ကိုအမြန်ဖုံးလိုက်သည်။
သူမသည် ချူးကျင်းချန်းကို မသိစိတ်ကြောင့်ကြည့်လိုက်သည်။
တတိယမြောက်သခင်လေးက ငါနဲ့ ဆန့်ကျင်ဘက်မှာရှိနေတာကြောင့် သူလည်း မြင်လိုက်မှာမဟုတ်လား။
သူမသည် စိတ်ကိုညှို့ယူနိုင်သောအနက်ရောင်မျက်လုံးများကိုကြည့်ကာ သူတို့ထံ အလိုအလျောက် ဆွဲဆောင်ခံလိုက်ရသည်။
သို့သော် ဆွဲဆောင်မှုရှိသောနှုတ်ခမ်းပေါ်က လှောင်ပြောင်နေသောအပြုံးကို သူမ သတိပြုမိလိုက်သောအခါ သူမ ကြက်သီးထသွားသည်။
ချက်ချင်းပင် သူမသည် ဟာသတစ်ခုလို ခံစားလိုက်ရသည်။
[တကယ်ကြောက်စရာကောင်းတယ်။]
[ယွီဇစ်ကျန်း- နောက်ဆုံးတော့ ငါတစ်ယောက်တည်းပဲ အရာအားလုံးကို ပခုံးပေါ်ထမ်းခဲ့ရတယ်။]
[သနားစရာလေး။ ဒါပေမယ့် ယွီဇစ်ကျန်းက တကယ်ကိုကောက်ကြောင်းလှတယ်လို့ ပြောရမယ်။]
[တတိယမြောက်သခင်လေးက အမှန်တကယ်ငတည်ငြိမ်အောင်နေနိုင်တယ်။ ကျေးဇူးပြုပြီးမာစတာရန်ကိုအောင်မြင်ကြောင်းလက်မလေးထောင်ပြပေးလိုက်။]
[ယွီဇစ်ကျန်းက တတိယမြောက်သခင်လေးကိုကြိုက်လား?? အသေအချာပဲ။ အရမ်းသိသာလွန်းတယ်။]
[ဒါက တတိယမြောက်သခင်လေးဒေါသထွက်တာကို ပထမဆုံးမြင်ဖူးတာပဲ။ ဖန်သားပြင်ကနေတစ်ဆင့်ကြည့်ရတာတောင် ငါကြောက်တယ်။]
[ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့!]
ချူးကျင်းချန်း၏အမူအရာအား လူတိုင်း တုန်လှုပ်ခြောက်ခြားစွာဖြင့်သတိပြုမိသဖြင့် ကျယ်လောင်စွာအသက်ရှူဝံ့သူမရှိပေ။
ဒါရိုက်တာပင်လျှင် ဤရိုက်ကူးရေးကို အဆုံးသတ်သင့်သလားဟုတောင်တွေးမိလာသည်။
တတိယမြောက်သခင်လေးကိုဒေါသထွက်အောင် သူ မလုပ်သင့်ပေ။
လူတိုင်းအတွေးကိုယ်စီတွေးနေပြီး အိပ်ရာဝင်သင့်နေပြီလားဟုတွေးနေကြသည်။
သို့သော် ချူးကျင်းချန်းသည် သူ့ခံစားချက်များကိုထိန်းထားပြီး သူ့နှုတ်ခမ်းတွင်ရင်းနှီးသောအပြုံးတစ်ခု ပေါ်လာသည်။ "နောက်တခေါက်"
ကျောက်စိမ်းနှင့်တူသောလက်ချောင်းများက စားပွဲပေါ်ရှိကတ်များကို ကောက်ကိုင်လိုက်သည်။ သူက နှေးကွေးစွားဖြင့် ကတ်ကိုချိုးသည်။
လူတိုင်း တုန်လှုပ်နေဆဲဖြစ်သည်။
ချူးကျင်းချန်းကတ်များကို ဝေပေးပြီးနောက်
ယခုတစ်ကြိမ်တွင် အသေးငယ်ဆုံးကတ်ကိုရရှိသူမှာ ရှီရန်ဖြစ်သည်။ ဘုရင်မှာချူးကျင်းချန်းဖြစ်သည်။
"အမှန်တရား" ရှီရန်က တည်ငြိမ်စွာပြောသည်။
ချူးကျင်းချန်း၏ပင်ကိုယ်စရိုက်ကို သူမကောင်းကောင်းသိသည်။ အသေးငယ်ဆုံးသောမကျေနပ်ချက်အတွက် လက်စားချေရန်ပင် သူလုပ်ပေမည်။
ချူးကျင်းချန်းအဘယ်ကြောင့် ဒေါသထွက်သည်ကို သူမ မသိသော်လည်း
သို့သော် ယခု သူမ လုပ်နိုင်သည့်အရာက သူ့ဒေါသကို ကြံကြံခံရမည်။
[သူလာပြီ!! သူ ကလဲ့စားချေတော့မယ်။]
[တတိယသခင်လေးက မာစတာရန်ကိုမေးမယ့်အရာကို ငါစောင့်မျှော်နေပြီ။]
[တတိယသခင်လေးက ဒေါသအရမ်းထွက်နေပြီ။ ဒီတခေါက် မာစတာရန်ကိုလွယ်လွယ်နဲ့အလွှတ်ပေးမှာမဟုတ်ဘူး။]
[အဲဒါက နောက်ထပ်ပူလောင်စေနိုင်တဲ့မေးခွန်းတစ်ခုဖြစ်မယ်လို့ခံစားရတယ်။]
[မာစတာရန်တော့ ဒုက္ခရောက်က်သွားမယ်လို့ခံစားရတယ်။]
[တတိယသခင်လေးက မာစတာရန်ကို ပိုကောင်းကောင်းဆက်ဆံနိုင်မယ်လို့ မျှော်လင့်တယ်။ ကျေးဇူးပြုပြီး တစ်ယောက်ကို တစ်ယောက် နာကျင်အောင်မလုပ်ကြပါနဲ့။]
"မေးခွန်းတွေအများကြီးမေးလို့မရဘူးနော်" ကျူယီဖေးကလည်း ချူးကျင်းချန်းက လက်စားချေမည်လို့ ယုံကြည်ပြီး သူ့ကို သတိပေးသည်။
ချူးကျင်းချန်းသည် ကျူယီဖေးကိုတစ်ချက်ကြည့်လိုက်သည်။
လူတိုင်း၏စိတ်မသက်မသာဖြစ်နေသောအကြည့်များအောက်တွင် စကားပြောနေစဉ် သူ၏ပါးလွှာသောနှုတ်ခမ်းက လှောင်ရယ်နေသည်။ "ဘာလို့ သူမကို ကျွန်တော့်အတွက် ကပြခွင့်ပြုရတာလဲ"
လူတိုင်း: "?"
ရှီရန်: ???
[ဖူး ဟားဟား၊ အဲဒီစိတ်ဆိုးတဲ့လေသံကြီးနဲ့??]
[ဒီမေးခွန်းကို ငါတကယ်ရယ်မိနေပြီ။ ဒီထက်ပိုပြီးကောင်းတဲ့မေးခွန်းမမေးနိုင်ဘူးလား။]
[တတိယသခင်လေးက လက်စားချေမယ်လို့ တွေးခဲ့ပြီး ဘာမှမဟုတ်မှန်း ငါ ဂုဏ်ယူပြီးပြောတယ်။]
[ဒီလိုတိုက်ရိုက်မေးတာက မိသားစုမျက်နှာကို ပျက်စေတာပဲ]
[မာစတာရန်အံ့သြသွားတယ် ဟားဟားဟား]
[တတိယသခင်လေးက အရမ်းချစ်စရာကောင်းတယ်။ ငါ သူ့ကိုအရမ်းချစ်တယ်!!!]
ချူးကျင်းချန်းတွေးနေသည့်အရာကို မသိသောကြောင့်ရှီရန်၏မျက်လုံးထောင့်က အနည်းငယ် လှုပ်သွားသော်လည်း"ပျော်စရာကောင်းတယ်လို့ထင်လို့။ အဲဒါက ရှိုးပွဲအတွက်ကြောင့်ပဲလေ" ဟု အမှန်အတိုင်း ပြောလိုက်သည်။
"တကယ်ပျော်ဖို့ကောင်းတယ်။ ရန်ရန်က သေချာအကြံပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်" ကျူယီဖေးက ထပ်ပြောသည်။
အစပိုင်းတွင် ရန်ရန်က တတိယသခင်လေးကို ကြိုက်နေမည်ကို သူကြောက်မိသည်။
ယခုကြည့်ရသည်မှာ တတိယသခင်လေးကသူမ၏နှလုံးသားကိုရယူနိုင်ရန်ဝေးနေပုံရသည်။
ဒါက ငါ့အခွင့်အရေးက မြင့်နေသေးတယ်လို့ ဆိုလိုတာပဲ။
ကျူယီဖေးသည် ရွှင်မြူးစွာပြုံးကာ သူပျော်နေသည်ကို လုံးဝဖုံးကွယ်မထားပေ။
ထိုစကားကိုကြားပြီးနောက် ချူးကျင်းချန်းသည် သူ့ကိုကြည့်ကာအဓိပ္ပါယ်ရှိစွာပြုံးလိုက်သည်။
[ချီး ငါတို့ရဲ့ကလေးလေးယီဖေးကို စိတ်ထဲ သူမှတ်သွားပြီဟေ့!!]
[ကလေးလေးကို ဘုရားသခင် ကောင်းချီးပေးပါစေ]
[ကလေးလေး မေမေ မင်းကို ဆက်မကူညီနိုင်တော့ဘူး။ ကောင်းကင်မှာ တတိယသခင်လေးချူးမရှိပါစေနဲ့လို့ပဲ မေမေ မျှော်လင့်နိုင်တယ်။]
ဤတစ်ကြိမ်တွင် ချူးကျင်းချန်းသည် ကတ်များကို ဝေသူဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း အသေးဆုံးကတ်မှာ ကျူယီဖေးဖြစ်ပြီး ဘုရင်မှာချူးကျင်းချန်းဖြစ်သည်။
"အမှန်တရားလား ခိုင်းတဲ့အတိုင်းလုပ်ရဲလား?" ချူးကျင်းချန်းက ခပ်ဖျော့ဖျော့ပြုံးကာ မေးလိုက်သည်။
"ခိုင်းတာလုပ်ရဲတယ်" ကျူယီဖေးက မတွန့်ဆုတ်ပေ။
[ငါ့ကလေးက အရမ်းအပြီး ချစ်စရာကောင်းလွန်းတယ်။]
[နင်သာ တတိယသခင်လေးနဲ့မာစတာရန်ကို အနိုင်ယူနိုင်ရင် ငါ ချီးစားပြမယ်။]
[ငါတို့ကလေးက အရမ်းအပြီးချစ်စရာကောင်းလွန်းတယ်။]
"ဒါဆို သူ ဂါဝန်ဝတ်ပြီးပြေးတာကို ကြည့်လိုက်ကြရအောင်" ချူးကျင်းချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘာ?!" ကျူယီဖေးမယုံကြည်နိုင်ဖြစ်သွားသည်။
သို့သော် သူ မငြင်းဆန်နိုင်ပေ။ နောက်ဆုံးတွင် ရှက်ကိုးရှက်ကန်းဖြင့် အဖြူရောင်ဂါဝန်ကို လဲဝတ်ကာ ထွက်လာသည်။
ဂါဝန်သည် တင်းကြပ်သောကိုယ်ကျပ်ဒီဇိုင်းပုံစံရှိသော်လည်း ကျူယီဖေးသည် သပ်ရပ်လှပပြီးသွယ်လျသောကိုယ်ကြောင့် သူနှင့်အံ့အားသင့်စရာကောင်းအောင်လိုက်ဖက်နေသည်။
သို့သော်လည်း ရန်ရန်က လှမ်းကြည့်လာသောအခါ ကျူယီဖေးက နံရံကိုရုတ်တရက်မှီလိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်။ "ရန်ရန်၊ ကျေးဇူးပြုပြီး ကျွန်တော်ကိုမကြည့်ပါနဲ့။ "
၎င်းကိုမြင်၍ လူတိုင်းက ရယ်မောလိုက်ကြသည်။
မှတ်ချက်များမှာလည်း "ဟားဟားဟား" နှင့် ပြည့်နေသည်။
ချူးကျင်းချန်းတစ်ယောက်တည်းကသာ ရေးရေးလေးပြုံးနေသည်။
ဒါရိုက်တာသည် ဤမြင်ကွင်းကို သတိပြုမိပြီး ဂိမ်းကို အဆုံးသတ်ရန်ဆုံးဖြတ်ခဲ့သည်။
အားလုံးက ကိုယ့်အခန်းကို ပြန်သွားကြသည်။
ရှီရန်သည် နာရီဝက်ခန့်အပြင်၌ပြေးပြီးနောက်ကမ်းခြေတဲသို့ ပြန်ရောက်လာသည်။
သူမ ချူးကျင်းချန်းအခန်းကိုဖြတ်သွားသောအခါ တံခါးရုတ်တရက်ပွင့်လာသည်။
နောက်တစက္ကန့်တွင် သူမလက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန်ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး ရှေ့ကို အဆွဲခံလိုက်ရသည်။
သူမကို အခန်းထဲသို့ဆွဲခေါ်သွားသည်။
"ဘန်း-"
တံခါးပိတ်သွားသည်။
ရှီရန် တံခါးပေါ်၌အဖိခံထားရပြီး သူမရှေ့ရှိရင်ဘတ်တစ်ခုက နွေးထွေးမှုကိုထုတ်လွှတ်နေသည်။
အေးစက်သောအသံသည် သူမခေါင်းပေါ်၌ တက်လာသည်။ "ရှိုးပွဲကြောင့်တဲ့လား။ ပျော်စရာကောင်းခဲ့ရဲ့လား။"