ရှီရန် ရုတ်တရက် မော့ကြည့်လိုက်၍ ချူးကျင်းချန်း၏ဒေါသထွက်နေသောအမူအရာကို သူမမြင်လိုက်ရသောအခါ ခဏတာထိတ်လန့်သွားသည်။
'သူ ဒေါသထွက်နေတာလား'
'ဘာလို့လဲ?'
အခန်းသည် ပြတင်းပေါက်အပြင်ဘက်ရှိလရောင်မှိန်ဖျော့ဖျော့ဖျော့ဖြင့်သာ လင်းနေသည်။
ချူးကျင်းချန်းသည် ရှီရန်ကို တံခါးနှင့်သူ့ရင်ခွင်ကြားတွင် ပိတ်ဆို့ထားသည်။
သူ၏လက်ဖဝါးကြီးသည် ရှီရန်၏လက်ကို ချုပ်နှောင်ထားကာ သူတို့နှစ်ဦးကြားအကွာအဝေးသည် အလွန်နီးကပ်လွန်းလှသည်။
၎င်းကို ပရိသတ်က မြင်သောအခါတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
[ဘုရားရေ!! ဘာတွေဖြစ်နေတာလဲ???]
[တတိယသခင်လေးက အတင်းအကြပ်လုပ်တော့မှာလား???]
[ဒါကို ငါ တကယ်ကြည့်လို့ရတာလား???!!]
[နမ်းလိုက်ကြ!!!]
[မီးကိုဖွင့်လိုက်။ အရမ်းမှောင်လွန်းတယ်။ ဘယ်သူ့ကို လိမ်ဖို့ကြိုးစားနေတာလဲ။]
[မီးဖွင့်!!!!]
ထို့နောက်...
"ဘန်း-"
တိုက်ရိုက်ထုတ်လွှင့်မှုက မဲမှောင်သွားသည်။
[-ီး၊ ထုတ်လုပ်ရေးအဖွဲ့က လွှင့်ပေးဖို့မတတ်နိုင်ဘူးလား???]
[ကင်မရာကိုပိတ်လိုက်တယ်?? ဒါရိုက်တာ ထွက်လာခဲ့။စကားပြောကြရအောင်။]
[ဒီအချိန်မှာ ကင်မရာပိတ်လိုက်တယ်????????]
[ပြန်ဖွင့်ပေး!!! ကြည့်ရဖို့ ငါပိုက်ဆံပေးပါမယ်!!!]
[အဲဒါကိုကြည့်ရဖို့ ဒေါ်လာတစ်ရာပေးပါ့မယ်။]
[ဒါရိုက်တာ၊ ငါ့ကိုဒူးထောက်ပြီးတောင်းဆိုရအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ကြည့်ခွင့်ပေးပါ!!]
သူတို့နှစ်ဦးကြားတွင် တစ်ခုခုဖြစ်ခါနီးတွင် ကင်မရာကို ရုတ်တရက်ပိတ်သွားသည်။
ပရိသတ်များ၏နှလုံးသားများ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံလိုက်သလိုခံစားရသည်။
သို့သော် ချူးကျင်းချန်းသည် ရှီရန်ကို အခန်းထဲသို့ ဆွဲခေါ်သွားသည့်ဗီဒီယိုဖိုင်ကိုတစ်စုံတစ်ယောက်က မှတ်တမ်းတင်ရိုက်ကူးထားပြီး အွန်လိုင်းပေါ်တွင်တင်လိုက်သည်။
မကြာမီတွင် ထိုဗီဒီယိုသည် အလွန်ရေပန်းစားလာပြီး ခေတ်စားနေသောအကြောင်းအရာတစ်ခု ဖြစ်လာသည်။
ဝမ်ယုဖေးသည် ခေတ်စားနေသောအကြောင်းအရာကိုမြင်သောအခါတွင် သူမ ကြက်သေသေသွားသည်။
ဖုန်းသည် သူမ၏လက်မှပြုတ်ကျသွားပြီး စခရင်သည် ပင့်ကူပုံသဏ္ဍာန်သို့ကွဲသွားသည်။
"မမယုဖေး..." ရှောင်ရှီးက ဘာပြန်ပြောရမှန်းမသိတော့ပေ။
"မဖြစ်နိုင်ဘူး။ ဒါက အစစ်မဟုတ်ဘူး။ သေချာပေါက်အစစ်အမှန်မဟုတ်ဘူး" ဟုပြောနေရင်း ဝမ်ယုဖေးက နောက်ပြန်ဆုတ်သွားသည်။မျက်ရည်များက သူမပါးပြင်ပေါ်သို့ စီးကျလာသည်။
သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုအရိပ်အယောင်များရှိနေသည်။
ရှောင်ရှီး၏နှလုံးသား နာကျင်သွားသည်။ သူမသည် ရှေ့သို့သွားကာ ဝမ်ယုဖေးကို
ပွေ့ဖက်လိုက်သည်။ "မမယုဖေးအဆင်ပြေသွားမှာပါ။ ဒါက အတုဖြစ်ရမယ်။ ထုတ်လုပ်ရေးအဖွဲ့က လူကြည့်များအောင်လုပ်တဲ့လုပ်ဇာတ်ဘဲ ဖြစ်ရမယ်။"
"မမ သိတဲ့အတိုင်း ပရိုဂရမ်အဖွဲ့က ဒီလိုမျိုးတွေလုပ်ရတာကို နှစ်သက်ကြတယ်။ ဒါက KT မှာ ရင်းနှီးမြုပ်နှံထားတဲ့ပရိုဂရမ်တစ်ခု ဖြစ်တာကြောင့် တတိယသခင်လေးက လူသိများအောင် အဖွဲ့နဲ့ပူးပေါင်းတာပဲဖြစ်ရမယ်။"
"တကယ်လား?" ဝမ်ယုဖေးက ရှောင်ရှီး၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"အမှန်ပဲ။ အဲ့ဒါက အမှန်ပါ မမယုဖေး" ရှောင်ရှီးသည် နာကျင်၍ရှုံ့တွနေသော်လည်း သူမသည် ဝမ်ယုဖေးကို အရင်နှစ်သိမ့်ရန် ရွေးချယ်လိုက်သည်။
ထို့နောက် ဝမ်ယုဖေးသည် သူမ၏ဆုပ်ကိုင်ထားမှုကို လွှတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်သည် ပျော့ခွေသွားသည်။
ကြမ်းပြင်ဆီသို့ခေါင်းငုံ့ကာ မချိတင်ကဲဖြစ်စွာပြုံးလိုက်သည်။ " ရှောင်ရှီးက ငါ့ကို နှစ်သိမ့်ဖို့မကြိုးစားနဲ့။ သူကဘယ်လိုလူလဲဆိုတာ ငါ အားလုံးထက် ပိုသိတယ်။"
"ဘယ်သူကမှ သူ့ခံစားချက်တွေကို ထိန်းမရအောင် မလုပ်နိုင်ဘူး။ ရှီရန်ကပထမဆုံးမို့ သူ ရှီရန်ကို တကယ်ကြိုက်တာဖြစ်ရမယ်"
"ငါဘာလုပ်ရမလဲ ရှောင်ရှီးငါဘာဆက်လုပ်ရမလဲ။ ငါ သူ့ကို ဆယ့်ခြောက်နှစ်တောင် ကြိုက်ခဲ့ရတာ။ဆယ့်ခြောက်နှစ်ကြီးတောင်"
"လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်လုံးလုံး သူ့တစ်ယောက်တည်းကို ငါ ကြိုက်ခဲ့တာ။ချူးမိသားစုရဲ့ ကျင့်ဝတ်တွေကိုသင်ယူပြီး သူ့အနားမှာ နေချင်ပေမယ့် ဘာလို့လဲ"
"ဘာလို့ ငါ့ကို မကြိုက်ရတာလဲ? ငါက ဘယ်နေရာများဆိုးရွားနေလို့လဲ"
ဝမ်ယုဖေးသည် သူမ၏စိတ်ခံစားမှုများကို တဖြည်းဖြည်း ထိန်းမရတော့ပေ။
ရှောင်ရှီးသည် ဤမြင်ကွင်းကို စိုးရွံ့နေပြီး "မမ ယုဖေး ကိုယ့်ကိုကိုယ် ဘာလို့သံသယဝင်နေတာလဲ? ရှီရန်က မမနဲ့ ဘယ်လိုမှနှိုင်းယှဥ်လို့မရနိုင်ပါဘူး" လို့သာ ချော့ပြောနိုင်တော့သည်။
"တတိယသခင်လေးက ရှီရန်ကိုတကယ်ကြိုက်ရင်ကောဘာဖြစ်လဲ။သူမက ချူးမိသားစုထဲကိုတောင်ဝင်နိုင်မှာမဟုတ်ဘူး။ သခင်ကြီးချူးက ဒါကို သေချာပေါက်သဘောတူမှာမဟုတ်ဘူး။ နောက်ဆုံးတော့ တတိယမြောက်သခင်လေးဘေးနားမှာ မမပဲရှိနေနိုင်မှာ။"
ဝမ်ယုဖေး၏စိတ်ခံစားမှုများ တဖြည်းဖြည်း လျော့ပါးလာသည်။ သူမ ခေါင်းငုံ့ပြီးအချိန်အကြာကြီး စကားမပြောပေ။
သူမသည် ဘယ်သောအခါမှ ဤမျှလောက်စိတ်မပျက်ဖူးပေ။
"မမယုဖေးလက်လျှော့လို့မရဘူးနော် မမလက်လျှော့လိုက်ရင် ရှီရန်ကတကယ်ပဲ မမနေရာကိုယူသွားလိမ့်မယ်" ရှောင်ရှီးက ပြောသည်။
"ဟုတ်တယ် ငါလက်မလျှော့နိုင်ဘူး။" ဝမ်ယုဖေး၏ပျောက်ဆုံးနေသောအကြည့်များသည် တဖြည်းဖြည်းအာရုံပြန်စုလာသည်။
သူမ၏မျက်လုံးများသည် မှောင်မိုက်နေပြီး ထူးဆန်းသောအလင်းရောင်များဖြင့် ပြည့်နေသည်။ "ရှီရန်ကို ကျင်းချန်းနဲ့တွဲဖို့ အခွင့်အရေးကို ငါ မပေးနိုင်ဘူး။ ရှောင်ရှီး၊ ငါ့ဖုန်းကို ပေးစမ်း။"
ရှောင်ရှီးက သူမကို ချက်ချင်း ဖုန်းပေးလိုက်သည်။
အသက်ပြင်းပြင်းရှူပြီး ခံစားချက်ကိုပြန်ထိန်းရင်း ဝမ်ယုဖေးက ရင်းနှီးသောနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
"ဖိုးဖိုး"
"ယုဖေး၊ အဲ့ဒီကောင်စုတ်လေးအကြောင်း အဖိုးသိထားပြီးသား။ စိတ်မပူနဲ့ အဖိုးမိသားစုထဲကို ဘယ်ကမှန်းမသိတဲ့အမျိုးသမီးကို ဝင်ခွင့်မပြုနိုင်ဘူး" ချူးရိထျန်က ဒေါသတကြီးပြောသည်။
"ဖိုးဖိုး၊ စိတ်မဆိုးပါနဲ့ ကျင်းချန်းက ရှိုးပွဲကြောင့်ပူးပေါင်းဟန်ဆောင်ပေးတယ်လို့ထင်တယ်" လို့ ဝမ်ယုဖေးက ညင်သာစွာပြောသည်။
"မင်းက ကြင်နာလွန်းတာကြောင့် ကျင်းချန်းရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတာ။ဒီကောင်စုတ်လေးကိုဖမ်းဖို့ အဖိုး တစ်ယောက်ယောက်ကို ခိုင်းထားပြီးသား။ သူတို့နှစ်ယောက်ကို ထပ်တွေ့ခွင့်မပေးတော့ဘူး"
သခင်ကြီးချူး၏ရည်ရွယ်ချက်ကို အတည်ပြုပြီးနောက် ဝမ်ယူဖေးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် သူမက မတ်တပ်ထရပ်ကာ အေးစက်သောလေသံဖြင့် ပြောသည်။ "ရှောင်ရှီး၊ ကားကိုအသင့်ပြင်ပြီး 'သတိအချစ်ရှိသည်' ရိုက်ကွင်းကို သွားကြမယ်။"
"ဟုတ်ကဲ့။"
"ဒါက ခေတ်စားနေတာလား?" ကျူးယို့ဟန်က မယုံနိုင်စွာ ကြည့်နေသည်။ “တကယ်လို့ဒါကို ယုဖေးမြင်ရင်တော့ သူမ အသည်းကွဲသွားလိမ့်မယ်"
သူတို့သည် ကမ်းခြေအိမ်သို့သွားနေကြဆဲဖြစ်သည်။
အင်တာနက်သုံးစွဲသူတင်မကဘဲ အခန်းထဲ၌ သူတို့နှစ်ယောက်ဘာလုပ်နေသည်ကို သူ သိချင်နေသေးသည်။
သူနှင့်ဂျီဝမ်ဖုန်းတို့သည် ရိုက်ကွင်းဆီသို့ အပြေးအလွှားသွားပြီး ရှိုးပွဲကိုတိုက်ရိုက်ကြည့်ရှုရန် ပြင်ဆင်နေကြသည်။
ဂျီဝမ်ဖုန်း၏လေးနက်သောအမူအရာကို စိုက်ကြည့်ရင်း ကျူးယို့ဟန်က စိတ်အနှောက်အယှက်ဖြစ်စွာပြုံးလိုက်သည်။ "ဘာလဲ။ယုဖေးကဝမ်းနည်းသွားမယ်လို့ပြောတာကိုကြားပြီး မင်းစိတ်ပူသွားတာလား? မင်း ဘာလို့ သူမကိုသွားမနှစ်သိမ့်ပေးတာလဲ"
"မိန်းမတစ်ယောက်ဝမ်းနည်းနေတဲ့အခါ သူမရဲ့ စိတ်ပိုင်းဆိုင်ရာခုခံမှုက အနိမ့်ကျဆုံးပဲ။ မင်းဒီအခိုက်အတန့်ကို အခွင့်ကောင်းယူနိုင်မယ်လို့ငါထင်တယ်။ ယုဖေးကိုစိတ်လှုပ်ရှားသွားအောင်လုပ်နိုင်ရင် မင်း..."
"ပါးစပ်ပိတ်ထား" ဂျီဝမ်ဖုန်းက ကျူးယို့ဟန်ကို ဝင်ဖြတ်ပြောသည်။ "သူမက ငါ စိတ်ပူနေတဲ့လူမဟုတ်ဘူး။"
"ကောင်းပြီလေ။တခြားဘယ်သူဖြစ်နိုင်မှာလဲ" ကျူးယို့ဟန်က မယုံနိုင်စွာကြည့်နေသည်။
"အဲဒါကငါ့နတ်သမီးလေ။ တတိယသခင်လေးက ငါ့နတ်သမီးကိုဖြားယောင်းသွေးဆောင်ချင်နေတာ"
ထိုအတွေးကြောင့် ဂျီဝမ်ဖုန်းက လီဗာကို နင်းပြီးအရှိန်မြှင့်လိုက်သည်။
ကျူးယို့ဟန်၏ပါးစပ်ထောင့်များ လှုပ်သွားသည်။ "မင်းကိုယ်မင်းလည်းပြန်ကြည့်ပါဦး"
ပင်လယ်နားကအိမ်၌
ပိတ်မိနေပြီး မလှုပ်ရှားနိုင်သဖြင့် ရှီရန်က ကူကယ်ရာမဲ့စွာ ပြောသည်။"ရှင်အရင်စခဲ့တာပဲ။ အဲဒါကြောင့် ကျွန်မအဲ့လိုခိုင်းလိုက်တာ။ ရှင် ဒီလောက်ဒေါသထွက်နေမယ်လို့ ကျွန်မ မသိခဲ့ဘူး"
"ကျွန်တော်လုပ်ခဲ့သမျှက မင်းအပေါ်ကိုလက်စားချေတယ်လို့ မင်းထင်နေတာမဟုတ်လား" ချူးကျင်းချန်းက အဓိပ္ပါယ်ရှိစွာမေးလိုက်သည်။
"မဟုတ်လို့လား?" ရှီရန် မျက်တောင်ခတ်လိုက်သည်။
မူရင်းစာအုပ်တွင် ချူးကျင်းချန်းသည် အသေးငယ်ဆုံးသောမကျေနပ်ချက်များအတွက်ပင် လက်စားချေသည့်ဗီလိန်ဖြစ်သည်။ မဟုတ်ပါက သူသည် အမျိုးသမီးဇာတ်ဆောင်ကို ဆန့်ကျင်မည်မဟုတ်ပေ။
ချူးကျင်းချန်းသည် အချိန်အတော်ကြာအောင် သူမကို ကြည့်နေပြီးနောက် သူ့လည်ချောင်းထဲမှရယ်မောသံထွက်ပေါ်လာသည်။ "ကျွန်တော် တကယ် မင်းကိုလက်စားချေနေတာ။ ဒါပေမယ့် မင်းက ငါးစားတောင်လာမဟပ်ဘူး။ ကျွန်တော်အရမ်းစိတ်ပျက်သွားပြီ။"
ထိုလူ၏ရယ်သံသည် သူမနား၏အနားတွင် ရှိနေ၍ ရုတ်တရက်မသက်မသာဖြစ်စွာ ကျုံ့လိုက်သည်။
သူမ လက်ထုတ်ပြီး ချူးကျင်းချန်းကို တွန်းလိုက်သည်။ "ရှင် ကျွန်မကို လက်စားချေလို့ရတယ်။ အဲ့ဒါက ရှင့်လွတ်လပ်မှုပဲ။ဒါပေမယ့် ကင်မရာရှေ့မှာတော့လုပ်လို့မရဘူး။"
"အိုး?" ချူးကျင်းချန်းမျက်ခုံးပင့်လိုက်သည်။ "ကျွန်တော် အခု ကင်မရာရှေ့မှာရှိနေတာမဟုတ်ဘူးဆိုတော့ လက်စားချေလို့ရမလား"
"ဘယ်လိုလဲ?"
"မင်း ကျွန်တော်ဆီမှာအမှတ်အသားချန်ထားခဲ့လို့ ကျွန်တော်လည်း မင်းကိုအမှတ်အသား ချန်ထားပေးချင်တယ်" ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများပေါ်တွင် အကြံသမားကဲ့သို့အလင်းတန်းတစ်ခုတောက်ပလာကာ သူ့နှုတ်ခမ်းအနည်းငယ်ကွေးသွားသည်။
"ကောင်းပြီလေ။ အဲဒါပြီးရင် ကျွန်မတို့ကြားအကြွေးကို ရှင် ကျေအေးပေးရမယ်။"ရှီရန်က ထိုကိစ္စကို သိပ်ပြီးမစဉ်းစားပေ။ သူမသည် ဤငြီးငွေ့ဖွယ်ကောင်းသောကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ချင်သည်။
"အိုကေ။" ချူးကျင်းချန်းက အဓိပ္ပါယ်ရှိစွာခေါင်းညိတ်လိုက်သည်။
သူမ လှည့်လိုက်ပြီး သူမ၏လည်ပင်းကို ချူးကျင်းချန်းအား ပြလိုက်သည်။
ချူးကျင်းချန်းက လက်လှမ်းပြီး ရှီရန်၏လည်ပင်းနောက်ကို ဆုပ်ကိုင်လိုက်သည်။
သူမ တုန်သွားပြီး တိတ်တဆိတ်နှုတ်ခမ်းကိုကိုက်လိုက်သည်။
ချူးကျင်းချန်းခေါင်းကိုဖြည်းညှင်းစွာငုံ့လိုက်သည်။ သူ့လက်သည် သူမ၏လည်ပင်းပေါ်ရှိနုနယ်သောအရေပြားကို ညင်သာစွာပွတ်သပ်လိုက်ခြင်းက သူမကိုတုန်ယင်သွားစေသည်။
သူမ အနည်းငယ်မျက်မှောင်ကြုတ်ကာ ရုပ်ပိုင်းဆိုင်ရာအရအလွန်ထူးဆန်းသည်ဟုခံစားရသည်။
ချူးကျင်းချန်း၏လုပ်ရပ်ကို ကန့်ကွက်ချင်သဖြင့်
သူမ ခေါင်းကို လှည့်လိုက်သည်။
ထိုအချိန်တွင် ချူးကျင်းချန်းသည် ရှေ့သို့ငုံ့လာသည်။
နောက်တစ်စက္ကန့်တွင် ချူးကျင်းချန်း၏နှုတ်ခမ်းသည် ရှီရန်၏နှုတ်ခမ်းပေါ်သို့ကျရောက်လာသည်။