၇၇
Viewers 9k

ရှီရန်သည် မည်သို့တုံ့ပြန်ရမည်မသိဘဲ အံ့အားသင့်သွားသည်။

သူ့နှုတ်ခမ်း၏အထိအတွေ့က ပိုပူ​လောင်လာသည်။ ချူးကျင်းချန်း၏လက်တစ်ဖက်က သူမ၏ခါး၌ပတ်လာပြီး အရှေ့ကိုတွန်းပို့နေသည်ဟု သူမ ခံစားလိုက်ရသည်။

ထိုအချိန်တွင် သူတို့အချင်းချင်းအလွန်နီးကပ်စွာရှိ​နေသည်။

'ငါတို့... နမ်းနေတာလား'

ရှီရန် မတုံ့ပြန်နိုင်ခင် သူမ၏နှုတ်ခမ်းအနည်းငယ်စူးလာသည်။

ချူးကျင်းချန်းက သူမ၏နှုတ်ခမ်းကို စုပ်ယူနေသည်။

ရှီရန် တောင့်တင်းသွားသည်။

သူမ၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝများတစ်လျှောက်လုံးတွင် သူမသည် ယောက်ျားနှင့် တစ်ခါမျှ ဤမျှလောက်မရင်းနှီးဖူးပေ။

နမ်းဖို့နေနေသာသာ လက်ကိုတောင်မကိုင်ဖူး​ပေ။

သူမ ရုတ်တရက် ချူးကျင်းချန်းကိုတွန်းထုတ်လိုက်သည်။

ပြတင်းပေါက်မှဝင်လာ​သောလရောင်အောက်တွင် ချူးကျင်းချန်းပြုံးနေသည်ကို သူမ မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းပေါ်ကအပြုံးက အရင်ကထက် ပိုပြုံးပျော်နေပုံ​ပေါက်သည်။

"ရှင်" ရှီရန်က သူ့ကို မေးခွန်းမေးတော့မည်။

မမျှော်လင့်ဘဲ ချူးကျင်းချန်းသည် သူ့လက်များကို အပြစ်ကင်းစွာဖြန့်ပြလိုက်သည်။ "အဲဒါ မင်းလည်ပင်းလို့ထင်လို့ ကျွန်တော်က စုပ်လိုက်တာ။ မမျှော်လင့်မိတာက..."

ရှီရန်သည် တံခါးနောက်သို့မှီလိုက်သည်။

ဒီလိုဆိုးဝါးတဲ့အကြောင်းပြချက်ကို ငါဘယ်လိုယုံနိုင်မှာလဲ။

နှုတ်ခမ်းကိုကိုက်ရင်း နှုတ်ခမ်းပေါ် နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ မျက်လုံးကို ကျဥ်း​မြောင်းကာ ချူးကျင်းချန်းကို အချိန်အကြာကြီးစိုက်ကြည့်နေသည်။

ချူးကျင်းချန်း ကျေနပ်စွာ ရယ်မောလိုက်သည်။

"တိုက်ခိုက်ကြရ​အောင်" ရှီရန်က လေးနက်စွာပြောသည်။

ချူးကျင်းချန်း: "?"

၎င်းက သူလုံးဝမမျှော်လင့်ထားသောတုံ့ပြန်မှုတစ်ခုဖြစ်သည်။

ချူးကျင်းချန်း၏အခန်းရှိကင်မရာကို ပိတ်ထားသော်လည်း ရှိုးပွဲက ဆက်လက်ပြသ​နေဆဲဖြစ်သည်။ ထိုအချိန်တွင် အခြားဧည့်သည်များ၏ကင်မရာများက ဖွင့်ထားဆဲဖြစ်သည်။

ကြည့်ရှုသူများသည် အခြားဧည့်သည်များ၏အကူအညီကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ပရိသတ်အများအပြားသည် အခြားတိုက်ရိုက်ထုတ်လွှင့်မှုအခန်းများသို့ ပြေးဝင်ကာ မှတ်ချက်များ ဆက်လက်ပေးပို့၍ အခြားဧည့်သည်များအားစုံစမ်းစစ်ဆေးရန် ချူးကျင်းချန်း၏အခန်းသို့သွားရန်တောင်းဆိုခဲ့ကြသည်။

ယွီဇစ်ကျန်းက မှတ်ချက်များကိုပထမဆုံးသတိပြုမိသူဖြစ်သည်။

သူမတွင် မှတ်ချက်များဖတ်သည့် အလေ့အထရှိသည်။

ထို့ကြောင့် မှတ်ချက်များကို သူမ မြင်လိုက်သည်နှင့်ချက်ချင်းထကာ ချူးကျင်းချန်း၏အခန်းဆီသို့ သွားသည်။

အခန်းတံခါးဝ၌ သူမ အရင်ရပ်လိုက်ပြီး
အသံများကို အရင်နား​ထောင်သည်။

တိတ်ဆိတ်နေသည်။

ထို့ကြောင့် သူမ တံခါးကို ခေါက်သည်။ အစပိုင်းတွင် အသာအယာခေါက်သည်။ နောက်ပိုင်းတွင် သူမသည် ပို၍ပြင်းထန်စွာတံခါးခေါက်သော်လည်း တုံ့ပြန်မှုမရှိသေးပေ။

သူမ ချက်ချင်းပင် ဒါရိုက်တာကို လိုက်ရှာသော်လည်း ဒါရိုက်တာက ချူးကျင်းချန်းကို ကြောက်၍ ကင်မရာကိုမဖွင့်ရဲပေ။

ထို့နောက် အိမ်အပြင်ဘက်တွင် ဆူညံသံများထွက်ပေါ်လာသည်။

ဇိမ်ခံကားခုနစ်စီးသည် ကမ်းခြေအိမ်အ၀င်ဝတွင် တစ်ပြိုင်နက်တည်း ရပ်တန့်လာပြီး ထုတ်လုပ်ရေးအဖွဲ့များကိုလန့်သွားစေသည်။

တံခါးပွင့်လာပြီး အနက်ရောင်ဝတ်စုံဝတ်ထားသောသက်တော်စောင့်များ ထွက်လာသည်။

ကောင်းစွာလေ့ကျင့်ထားသောပုံစံအတိုင်း ရပ်နေကြသည်။

ကားပေါ်မှဆင်းလာသောဝမ်ယု​ဖေးသည် ချူးမိသားစု၏ကိုယ်ရံတော်များကို တွေ့လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

သူမ ကြည့်လိုက်သောအခါတွင် အခုနကမှကြိုရောက်နေသောကျူးယို့ဟန်နှင့်ဂျီဝမ်ဖုန်းတို့ကို တွေ့လိုက်ရသည်။

သူမသည် ချက်ချင်းပင် သူတို့ဆီသို့လျှောက်သွားသည်။

"ယု​ဖေး? ဘာလို့..." ကျူးယို့ဟန်က သက်တော်စောင့်ကို ကြည့်ပြီး စိတ်ထဲကနေ အော်လိုက်သည်။

သခင်ကြီးချူးကအမှန်တကယ်ပဲ ချူးမိသားစုသက်တော်စောင့်တွေကို စည်းရုံးထားတယ်?

တတိယသခင်လေးကိုဖမ်းပြီး ပြန်ခေါ်ချင်နေတာ အသိသာကြီးမဟုတ်လား??

အိုး နိုး၊ တတိယသခင်​လေး လုပ်တာလွန်သွားပြီ။

"ဖိုးဖိုးက ဒီမှာ သက်တော်စောင့်တွေလွှတ်လိုက်တယ်လို့ကြားလို့ စိတ်ပူပြီး လာကြည့်တာ" ဟု ဝမ်ယု​ဖေးရှင်းပြသည်။

သူမ စိုးရိမ်တကြီးဖြစ်​နေပုံ​ပေါ်ကာ အိမ်ကို ဆက်တိုက်ကြည့်နေသည်။"ကျင်းချန်းကော"

"ငါတို့ ဒီကိုအခုနကမှရောက်တာ" ဟု ကျူးယို့ဟန်က ပြောသည်။

သူ မရောက်ခင်က ကျင်းချန်းကို အကြိမ်ကြိမ်ဖုန်းဆက်ခဲ့သော်လည်း သူ ဖုန်းမကိုင်​ပေ။

တိုက်ပွဲကပြင်းထန်လွန်းနေသည်ဟု သူထင်သဖြင့် ဆက်မခေါ်တော့ပေ။

ယခုမူကား...

တိုက်ပွဲမပြင်းထန်ရန်က ခက်ခဲလှ​ပေသည်။

သက်တော်စောင့်များက တညီတညာတည်းရပ်ပြီး အိမ်ဆီသို့ လျှောက်သွားသည်။

သခင်ကြီးချူးသည် ဒါရိုက်တာကို ကြိုတင်အကြောင်းကြားရန် တစ်စုံတစ်ဦးကို စေလွှတ်ထားပြီးဖြစ်သောကြောင့် ၎င်းတို့ကို မည်သူမျှ မတားဆီးပေ။

သူတို့သည် ချူးကျင်းချန်းအခန်းတံခါးဝတွင် စုဝေးကြသည်။

[ဘုရား​ရေ ဒီလူတွေက ဘယ်သူတွေလဲ???]

[ဒါက ထုတ်လုပ်ရေးအဖွဲ့ကပြင်ဆင်ထားတဲ့အထူးအစီအစဉ်လား။]

[သူကြည့်ရတာ သွားရှုပ်လို့မရတဲ့ပုံစံပဲ။ ဒါက အ​ခြေအ​နေမကောင်းဘူး။]

သက်တော်စောင့်ခေါင်းဆောင်က လက်ကိုမြှောက်ပြီး တံခါးခေါက်သည်။ သူ့အသံက နက်နဲပြီးအားကောင်းသည်။ "တတိယသခင်​လေး၊ သခင်ကြီးရဲ့အမိန့်အတိုင်း ကျေးဇူးပြုပြီး ကျွန်​တော်တို့နဲ့နေအိမ်ဟောင်းကို ပြန်လိုက်​ပေးပါ။"

[သခင်ကြီး? နေအိမ်ဟောင်း ??? ဒါချူးမိသားစုပဲ!!!]

[ငါ နင်တို့ကို တတိယသခင်လေးနဲ့ရှီရန်က မဖြစ်နိုင်ဘူးလို့ပြောသားပဲ။ တစ်ယောက်ယောက်ကိုဖမ်းဖို့ ဒီနေရာကိုရောက်နေတဲ့ပုံပဲ။]

[နိုး ငါ​ပေးစားတဲ့အတွဲမကွဲ​စေရဘူး။]

[ဒါက စုံတွဲ​ကိုခွဲလိုက်တာပဲ!!!]

[ချူးမိသားစုလိုချမ်းသာတဲ့မိသားစုက ရှီရန်ကို ဘယ်လိုလက်ခံနိုင်မှာလဲ။ ပေးစား​နေတဲ့ပရိသတ်တွေနိုးထဖို့အချိန်တန်ပြီ။]

ထိုအချိန်တွင် ဝမ်ယုဖေးနှင့်အခြားနှစ်ယောက် ပြေးသွားကြသည်။

ဝမ်ယု​ဖေး၏မျက်နှာသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာသောအခါ မှတ်ချက်များ ပလူပျံသွားသည်။

[ဒါက... ဖေး​ဖေး?? ဒါက တကယ်ဖေး​ဖေးလား???]

[ဝမ်ယု​ဖေးက ဘာလို့ဒီကိုရောက်နေတာလဲ?? အိုဘုရားရေ!! ငါ အရမ်းစိတ်လှုပ်ရှားနေပြီ!]

[ဖေး​ဖေးလည်း ဒီမှာ။ ဖေး​ဖေးကလည်း ထုတ်လုပ်ရေးအဖွဲ့ရဲ့ဧည့်သည်လား။]

[ဖေး​ဖေး!! မေမေကအရမ်းချစ်တယ်နော်!!!]

[ဝမ်ယု​ဖေးက ဘာလို့ဒီကိုရောက်နေတာလဲ?? ဒီပရိုဂရမ်က ဝမ်ယု​ဖေးလိုမျိုး နာမည်ကြီးကို​တောင် ခေါ်နိုင်တာလား။]

[ထုတ်လုပ်ရေးအဖွဲ့က ဖေး​ဖေးကို အရင်ဖိတ်ကြားခဲ့တာငါမှတ်မိတယ်။နောက်ပိုင်းဖေး​ဖေးလက်မခံတာကြောင့် ရှီရန်ကအစားထိုးဝင်လာတာ အို​ကေ?]

ဝမ်ယုဖေးသည် တံခါးရှေ့တွင်ရပ်ကာ သူမရှေ့မှပိတ်ထားသောတံခါးကို ကြည့်ပြီး သူမ တွန့်သွားသည်။

သူမ ရလဒ်ကိုလက်မခံနိုင်မည်ကိုကြောက်မိသည်။

ကျူးယို့ဟန်နှင့်ဂျီဝမ်ဖုန်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာဘာမှမပြောပေ။

ပရိုဂရမ်အဖွဲ့မှအခြားဧည့်သည်များလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြား၍အ​ပြေးလာကြသည်။

သူတို့လည်း စခရင်ကနေ ထိုအ​ကြောင်းကိုသိခဲ့ရသည်။

အဖွဲ့သည် ပိတ်ထားဆဲဖြစ်သောတံခါးအရှေ့၌သာ မတ်တပ်ရပ်နေသည်။

လူတိုင်းက တည်ကြည်ပြီးမျက်နှာထားတင်း​နေသည်။

“ဖျက်ဝင်မယ်” လို့ ခေါင်းဆောင်သက်တော်စောင့်က ပြတ်ပြတ်သားသားပြောသည်။

[အဲဒါကိုပိုကြည့်လေလေ စုံတွဲကို​ ခိုးစားတဲ့နေရာမှာအမိလိုက်ဖမ်းနေသလိုပဲ]

[သူ အဲ့ဒီလိုဖျက်ဝင်မယ်?? သူ မမြင်သင့်တဲ့အရာကိုတော့မမြင်ရလောက်ဘူး မဟုတ်လား]

[အင်တာနက်အသုံးပြုသူတွေ စိတ်ပြင်ဆင်ထားကြ။]

သူ နောက်ထပ်တံခါးခေါက်လိုက်သော်လည်း အတွင်းထဲက လှုပ်ရှားမှုမရှိပေ။

နောက်ဆုံးတွင် သက်တော်စောင့်က ဖျက်ဝင်ရန်ဆုံးဖြတ်လိုက်သည်။

"နေဦး။" ဂျီဝမ်ဖုန်းနှင့်ကျူးယို့ဟန်တို့က သူ့ကို တစ်ပြိုင်တည်း ရပ်တန့်ခိုင်းလိုက်သည်။

"မင်းက ချူးမိသားစုရဲ့သက်တော်စောင့်တွေပဲ မဟုတ်လား။ ဒီတံခါးကို ဖျက်ဝင်လို့ တတိယသခင်​လေးက မင်းကို အပြစ်တင်မှာကို မကြောက်ဘူးလား။" ကျူးယို့ဟန်က မေးခွန်းထုတ်သည်။

သူ့ဖုန်းဆက်ခြင်းကို မကိုင်သဖြင့် အချိန်ဆွဲနိုင်ရန် သူကြိုးစားသည်။

"တတိယမြောက်သခင်​လေးကို ဒီနေ့ပြန်ခေါ်လာဖို့ ကျွန်​တော်တို့ကို သခင်ကြီးကိုယ်တိုင် အမိန့်ပေးထားပါတယ်" ဟု သက်တော်စောင့်က ဖြောင့်မတ်စွာပြောသည်။

သူပြောပြီးသည်နှင့် ခန္ဓာကိုယ်ဘေးတစ်ဖက်လှည့်ပြီး တံခါးကို ရိုက်လိုက်သည်။

ထိုအချိန်တွင် ဒါရိုက်တာသည် အပြေးအလွှား ပြေးလာသည်။ "ဖျက်စရာမလိုပါဘူး။ ကျွန်တော်မှာသော့ရှိပါတယ်!"

သူ မောဟိုက်နေသည်။

ကံကောင်းထောက်မစွာဖြင့် သူ ထို​နေရာကို အချိန်မီ ပြေးလာနိုင်ခဲ့သည်။

မဟုတ်ပါက ထိုတံခါး ကျိုးသွားလိမ့်မည်။

ဤနေရာကို ငှားရမ်းထားသဖြင့် ပျက်စီးသွားပါက သူ လျော်ကြေးပေးရပေမည်။

ဒါရိုက်တာက သက်တော်စောင့်ကို သော့ပေးရင်း တုန်ယင်​နေသည်။

သော့ကိုသော့ခ​လောက်ထဲ ထည့်ပြီး ညာဘက်ကို လှည့်လိုက်သည်။

တံခါးက ပွင့်သွားသည်။

အခန်းထဲကိုလှမ်းကြည့်ရင်း လူတိုင်းအသက်ရှု နှေးသွားကြသည်။

ပထမဦးစွာ အဝတ်အသံနှင့် နောက်ပိုင်း ပရိဘောဂ၏အသံကိုကြားရသည်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး။" ကျူးယို့ဟန် ယုံရခက်​နေသည်။

နောက်အခိုက်အတန့်တွင် တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အခန်းတွင်းရှိမြင်ကွင်းတစ်ခု ပေါ်လာသည်။

ရှီရန်နှင့်ချူးကျင်းချန်းတို့သည် တိုက်ခိုက်နေသည့်ပုံစံဖြင့် မျက်နှာချင်းဆိုင်ရှိနေကြသည်။

ရှီရန်သည် သူမ၏ခြေထောက်ကို ဓားကဲ့သို့ဝိုက်လိုက်ပြီးချူးကျင်းချန်း၏မျက်နှာဆီသို့ သူမ၏ခြေထောက်ကပျံသန်းသွားသည်။

ချူးကျင်းချန်း ငုံ့ပြီး ရှောင်လိုက်သည်။

ရှီရန်၏မျက်လုံးများတွင် စူးရှသော အလင်းတန်းများတောက်ပလာပြီး ချူးကျင်းချန်း၏ဝမ်းဗိုက်ကို လက်သီးဖြင့်ချိန်ထိုးလိုက်သည်။

ချူးကျင်းချန်းက ၎င်းကို ရှောင်လိုက်ပြီး ရှီရန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

နှစ်ယောက်သား လျင်မြန်စွာလုံးထွေးနေကြသည်။ လှုပ်ရှားမှုတိုင်းသည် သန့်ရှင်းသပ်ရပ်ပြီး သူတို့နှစ်​ယောက်က လုံး​ထွေး​နေကြသည်။

တောက်လောင်​​သောမြင်ကွင်းကိုမြင်​ရရန် မျှော်​လင့်​ထား​သောလူတစ်စု???