အပိုင်း ၁၁၈
Viewers 16k

Chapter 118
ကြက်စွပ်ပြုတ်နှင့် တို့ဟူးတုတ်ထိုးများ



ကြက်စွပ်ပြုတ်နှင့်တို့ဟူးတုတ်ထိုး နှစ်ပန်းကန်ခပ်၊နွေကြက်သွန်စိမ်းနှင့်နံနံဖြူးပြီးသည့်အခါ အဘွားကြီးကမေးသည်။

"ကြက်သွန်ဖြူ ငရုတ်ဆီ လိုချင်သလား...နည်းနည်းလားများများလား"

နို့ထိန်းက သခင်မကြီးကို ခေါင်းလှည့်ကြည့်လိုက်သည်။သခင်မကြီးက စကားမပြောသဖြင့် သူမကပဲ ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့... ဘာပဲ ဖြစ်ဖြစ် အဆင်ပြေတယ်”

အဘွားကြီးက ဘေးကို လှည့်ကာ ပြူးပြဲကြည့်ပြီးမှ ကြက်သွန်ဖြူ ငရုတ်ဆီဗူးကို တွေ့သွားသည်။

သူမကို ထိုသို့မြင်လိုက်ရသောအခါ နိုထိန်းဖြစ်သူ အရသာကို မလွဲမသွေ စိတ်ပူနေမိသည်။

ကြက်သားတို့ဟူးတုတ်ထိုး ရိုးရှင်းပုံပေါ်ပေမဲ့ သူမမျက်လုံးတွေက မကောင်းပါချေ။ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး မတော်တဆ မှားထည့်မိလိမ့်မလား...

ထိုသို့ တွေးနေစဥ်တွင် ကြွပ်ဆတ်ဆတ် ကလေးသံတစ်ခုထွက်ပေါ်လာသည်။

"အဖွား...သမီး လုပ်ပါရစေ"

သခင်မကြီးနှင့်နို့ထိန်း လမ်းဘက်သို့ လှည့်ကြည့်လိုက်ရာ ပန်းကန်လုံးနှစ်လုံးနှင့် ကလေးမလေးတစ်ယောက် ပြေးလာသည်။ သူမက နေရာတွင်ထိုင်ကာ သူတို့ကိုကြည့်ရင်း မောဟိုက်နေပြီး "ဧည့်သည်တို့...ခဏစောင့်ပါရှင်...မကြာခင် အဆင်သင့်ဖြစ်မှာပါ" ဟု မြန်မြန်ပြောခဲ့သည်။

သူမက ပြေးလာကာ ပန်းကန်လုံး ချလိုက်ပြီးနောက် ခုံတန်းလေးကို ဆွဲလိုက်သည်။ သူမက ထိုအပေါ် မတ်တပ်ရပ်လိုက်ပြီး ဇွန်းကို ကောက်ကိုင်ကာ မေး၏။

"အစပ်အနှစ် လိုချင်လား...နည်းနည်းလား များများလား"

အဘွားကြီးက နို့ထိန်းပြောသည့်စကားကိုပြန်ပြောသည်။

ကောင်မလေးက ဟင်းခတ်အမွှေးအကြိုင်တွေကို သပ်သပ်စီ ကော်ပြီး ခုံတန်းပေါ်က ခုန်ချလိုက်သည်။ ထို့နောက် ပန်းကန်ကို ကိုင်၍ ခပ်သွက်သွက်ပြေးလာပြီး ပန်းကန်ကို သူတို့ရှေ့မှာချကာဆိုသည်။

“မြည်းစမ်းကြည့်ကြပါနော်"

အဘွားကြီးက သူမနောက်သို့ ဖြည်းညှင်းစွာ လိုက်လာကာ စားပွဲပေါ်မှာ တူများကို တင်လိုက်သည်။

သခင်မကြီးနှင့် နို့ထိန်း အံ့ဩသွားကြသည်။

ကောင်မလေးက သူတို့ တွေးနေသည်များကို ရိပ်မိပုံပေါ်ပြီးရှင်းပြသည်။

"အဖွားရဲ့ မျက်လုံးက မကောင်းဘူး... ဒါပေမဲ့ သမီးက ဟင်းခတ်မှုန့်ထည့်တာကို နေ့တိုင်း ကြည့်ထားပါတယ်... စိတ်မပူပါနဲ့...အရသာက မဆိုးပါဘူး"

သူမက ပြောပြီးသည်နှင့် ဆိုင်ကိုပြန်သွားပြီး အဘွားကြီးကိုပြောသည်။

"အဖွား စားရအောင်...ဘဏ္ဍာထိန်းက သမီးကို ဒီနေ့ ကြက်ဥတစ်လုံးအပိုပေးတယ်...တစ်ဝက်ခွဲရအောင်"


သခင်မကြီးနှင့်နို့ထိန်းက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး နို့ထိန်းက ချီတုံချတုံနှင့် “သခင်မကြီး စားချင်လား” ဟု မေးသည်။

သခင်မကြီးက သူမရှေ့က ကြက်သားတို့ဟူးတုတ်ထိုးများ စိုက်ကြည့်နေသည်။ ကြက်စွပ်ပြုတ်က ကြည်လင်ပြီး အဝါရောင်ရှိကာ အပေါ်ယံမှာ အဆီတွေ ကြိုကြားကြိုကြားဝေ့သီနေသည်။ တို့ဟူးခြောက်သည် နူးညံ့ပြီး အဝါရောင်ရှိသည်။ ကြက်စွပ်ပြုတ်ကို ပန်းကန်လုံးအောက်ခြေတွင် စုပုံထားပြီး အသီးအရွက်များကို ပန်းကန်လုံးထဲသို့ ထည့်ထားသည်။ပန်းကန်လုံးတစ်ခုလုံးအရောင်များတောက်ပနေ၏။ ကြက်သွန်ဖြူဆော့စ်နှင့် မြေပဲမှုန့်တို့ကို အလယ်ဗဟိုတွင် အလှဆင်ထားပြီး အရသာရှိပြီး နွေးထွေးမည့်ရနံ့ရှိသည်။

သူမ စားချင်စိတ်မရှိသောအခါ ပင်မမီးဖိုချောင်က သူမအတွက် ချက်ပြုတ်ရသည်မှာ ပင်ပန်းရသည်။ ကောင်းကင်မှာ ပျံသန်းနေသည့်အရာများနှင့်ပင်လယ်ထဲမှာ ကူးခတ်နေသည့် အရာများ အားလုံးကို သူမအတွက် စားပွဲပေါ်တင်ခဲ့ပေမဲ့ သူမ စားချင်စိတ်မရှိသေးပါချေ။

သို့သော် ယခုအချိန်တွင် သန့်ရှင်းသော စားပွဲနိမ့်တစ်ခုတွင် ထိုင်နေပြီး မီးပုံးက နွေးထွေးသော အဝါရောင် အလင်းရောင်ဖြင့် တောက်ပနေသည်။ လူများက လမ်းပေါ်မှာ သွားလာနေကြပြီး ကလေးမလေးနှင့်အဘွားကြီး၏စကားပြောသံကထွက်ေပါ်နေသည်။

သခင်မကြီး၏ ထုံကျင်နေသော ဗိုက်သည် နိုးလာပြီး ရုတ်တရက် ဗိုက်ဆာလာသည်။

သခင်မကြီးက ပါးစပ်ကိုဖွင့်ပြီး "ရပ်မနေနဲ့...ငါနဲ့ အတူထိုင်စား" ဟုပြောလိုက်၏။ နို့ထိန်းဖြစ်သူ၏ တုန်လှုပ်ခြောက်ခြားသော မျက်လုံးများရှေ့တွင် သူမ တူများကို ယူကာ စားရန် ပြင်ဆင်လိုက်သည်။

သူမ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ကို ရောစပ်ပြီး တိုဟူးပြားများကို တူများဖြင့် ကောက်ယူသည်။ တို့ဟူးတုတ်ထိုးများကို ဆိမ့်ပြီး အရသာရှိသော ကြက်စွပ်ပြုတ်ဖြင့် ထုပ်ပိုးထားပြီး အရသာရှိပြီး မွှေးပျံ့သောရနံ့က လျှာပေါ်တွင် ပွင့်လန်းလာသည်။ ပါးစပ်ထဲတွင် နွေးထွေးမှုရှိနေပြီး ဖြူဖွေးကြည်လင်သော ကြက်စွပ်ပြုတ်များက ဝါးစရာမလိုပေ။ ချိုမြိန်ခြင်းသည် အစားကြူးချင်စိတ်ကို ဖြစ်ပေါ်စေသည်။

သခင်မကြီးအနေဖြင့် အမြင် လတ်ဆတ်ပြီး ဝါးလိုက်သောအခါတွင် လတ်လတ်ဆတ်ဆတ်ရှိသော တိုဟူးတုတ်ထိူးများကို ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သည်။ တိုဟူးတုတ်ထိုးများသည် မာသောအရေပြားရှိပြီး ဆူပွက်မှုဒဏ်ခံနိုင်ကာ ဟင်းရည်နှင့် သင့်လျော်သည်။ ကြက်သားပြုတ်ရည်ကို တို့ဟူးအတွင်းတွင် စုပ်ယူထားသည်—၎င်းသည် နူးညံ့ပြီး နူးအိသည်။ တစ်ချက်ကိုက်လိုက်သည်နှင့် ကြက်သားပြုတ်ရည်နွေးနွေးလေးက ပါးစပ်ထဲသို့ စိမ့်ဝင်သွားပြီး ကြက်သားပြုတ်ရည်၏ လတ်ဆတ်မှုနှင့် ပဲပိစပ်၏ ချိုမြိန်မှုတို့ရောစပ်ထားသည်။

ကြက်ပြုတ်ရည်ကို အကြာကြီးကျိုထားပြီး မီးအေးအေးဖြင့် အူမားမီဓာတ်အကုန်လုံးကိုထွက်စေကာ တိုဟူးနှင့်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စိမ်ထားသည်။ တို့ဟူးတုတ်ထိုးတွေက လေး၏။ပါးစပ်ထဲထည့်လိုက်သည့်အခါ မကိုယ်ဟန်အနေအထားကို ဂရုမစိုက်နိုင်ပေ။ ကြက်စွပ်ပြုတ်များ တစ်စက်စက်မကျရအောင် အနည်းငယ် စုပ်ယူရပါမည်။ဟင်းရာ်ကို စုပ်လိုက်၊ ကိုက်လိုက်၊ ဝါးလိုက်နှင့် ပဲပိစပ်၏ အမွှေးရနံ့က ပိုပြင်းလာပြီး ပိုမွှေးလာသည်။ အရသာရှိသည့်အပြင် အသီးအရွက်တွေက လတ်ဆတ်ပြီး ကြွပ်ဆတ်ကာ လန်းဆန်းစေသည့်အပြင် အရသာကိုလည်း ပိုမိုပြည့်စုံစေ၏။

တိုဟူးတုတ်ထိုးတွေကို စားပြီးပါက နောက်မှာကျန်ခဲ့သည့် ကြက်စွပ်ပြုတ်ကို အလဟသ ဖြစ်၍မရပါချေ။

အစားအသောက်ဆိုင်မှာ ဇွန်းမရှိသောကြောင့် သခင်မကြီးက ခဏတုံ့ဆိုင်းနေပြီး ပန်းကန်ကို ကိုင်ကာ သောက်လိုက်သည်။

ကြက်စွပ်ပြုတ်က ကြည်လင်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေကို စစ်ထုတ်ထားသည်။ ပြုတ်ထားသော ကြက်သားနှင့် မြေပဲများက ပန်းကန်အောက်ခြေတွင်သာ ကျန်ရှိနေသည်။ ကြက်စွပ်ပြုတ်သောက်ပြီးနောက် ပန်းကန်အောက်ခြေမှ ခြောက်သွေ့သော ပါဝင်ပစ္စည်းများကို ပါးစပ်ထဲသို့ လောင်းထည့်ကာ ဂရုတစိုက် ဝါးလိုက်သည်။ ပြီးပြည့်စုံသော အထိအတွေ့က ပျော်ရွှင်မှုအပြည့်ရှိသည်။

ယနေ့ စည်းကမ်းမလိုက်နာမိသည်ကို ပန်းကန်လုံးအောက်ချပြီးမှ ရုတ်တရက် သတိပြုမိလိုက်ရသည်။ သူမက လမ်းပေါ်တွင်ထိုင်ကာ လမ်းဘေးအစားအစာကို အမှန်တကယ်စားခဲ့သည်။ ပြောင်စင်နေအောင် စားပြီး သူမကိုယ် သူမဘာစားနေမှန်းပင် မစဉ်းစားမိပေ။

စားပြီးသည်နှင့် သူမမျက်နှာက အဆင်မပြေ။ဘေးရှိ အစားအသောက်ဆိုင်က ဟွေ့နျန်က အလုပ်ပြီးသွားပြီး ပိုက်ဆံရေတွက်ရန် ပြေးလာခဲ့၏။သခင်မကြီး မျက်နှာမကောင်းသည်ကို မြင်လိုက်ရသောအခါ သူ ရုတ်တရက် စိုးရိမ်သွား၏။

"ဒီကအမျိုးသမီး အရသာမကောင်းဘူးလား"

အရသာက ဘယ်လိုလုပ်မကောင်းမှာလဲ ...
ကောင်းလွန်းသဖြင့် သခင်မကြီး သူမကိုယ်သူမ သံသယဝင်လာသည်။

"မဟုတ်ဘူး... အရသာကောင်းတယ်"

ဆိုင်ပိုင်ရှင်က ခေါင်းတညိတ်ညိတ်နှင့်လုပ်ပြီးနောက် သူမ၏အဝတ်အစားများသည် သာမန်ပစ္စည်းများမဟုတ်ကြောင်း သဘောပေါက်သွားသည်။စားကောင်းသောက်ဖွယ်စုံလင်အောင်စားဖူးသော မြင့်မြတ်သူတစ်ဦးက သူမ၏ ဟင်းချက်နည်းကို အတည်ပြုခဲ့သည့်အတွက်"ကောင်းတယ်" ဟုဆိုကာ အလွန်ဝမ်းသာသွားခဲ့သည်။သူမ အပြောင်းအလဲကို ရှာတွေ့ပြီး စားပွဲပေါ်တင်ကာ သက်ပြင်းချပြီးဆို၏။

"ဒီဆိုင်တွေကို ဘယ်အချိန် ပြင်လို့ပြီးမလဲ မသိဘူး...အဲလိုဆို လမ်းပေါ်မှာ စားစရာ မလိုတော့ဘဲ မျိုးရိုးမြင့်တွေ ကျွန်မတို့ အစားအသောက်ကို မကြိုက်မဖြစ်တော့ဘူး"

သခင်မကြီးက ဘာမှပြန်မပြောဘဲ ဆိုင်ရှင်က သူ့ကိုယ်သူ ပြန်ပြောသည်။

"အိုင်း... သခင်မ ဘယ်တော့ လာမယ် မသိဘူး...အရင်က ဟိုကိုသွားပြီး တစ်ခုပြီးတစ်ခုဟင်းချက်နည်းကို ပိုကောင်းအောင်မြင့်ပေးတယ်လို့ လမ်းဟောင်းက လူတွေဆီက ကြားတယ်... အစားအသောက်က ပိုမြင့်တဲ့အဆင့်ကိုရောက်သွားတာတဲ့... အဲဒီအချိန်ရောက်ရင် ထပ်လာမြည်းစမ်းဖို့ မမေ့သင့်ဘူးနော်"

သခင်မကြီး အံ့ဩသွားသည်။ ဆိုင်ရှင်တွေပြောနေကြသည့် အမျိုးသမီးက လင်းရှီ မဟုတ်ပေ။ ကျန်းရှုယောင်ဖြစ်လေသည်။

ကျန်းရှုယောင်က လမ်းဘေးအစားအစာဈေးမှာ ဘယ်နှစ်ရက်နေခဲ့တာလဲ...

လူတွေသွားလာနေကြသည့် လမ်းဘေးအစားအစာဈေးအကြောင်း တွေးပြီး ဟင်းချက်နည်းကို တိုးတက်အောင်လုပ်ရန် သူမ သည်မှာပေါ်လာသည့်အကြောင်း တွေးရင်း သခင်မကြီး မယုံနိုင်ဘဲ နှုတ်ကထွက်မိသွားသည်။

“ဒါဘယ်လိုပုံစံလဲ”

ဆိုင်ပိုင်ရှင်က သူမ၏ တုံ့ပြန်မှုကို နားမလည်ဘဲ မေး၏။

“ဘာပုံစံလဲ”

"လင်းမိသားစုရဲ့သခင်မလေးက သူ့မျက်နှာကို ပြပြီး အဲဒီလမ်းမှာ လျှောက်သွားနေတာလား"

ဆိုင်ပိုင်ရှင်က ပြုံးပြီးပြောသည်။

"ဟုတ်တယ်...သခင်မလေးက လုံးဝဘဝင်မမြင့်ဘူး... ကျွန်မတို့ အရမ်းကံကောင်းတယ်... သူက ကျွန်မတို့ကို လက်ချင်းထပ် သင်ပေးနိုင်တယ်"

သခင်မကြီးက ပါးစပ်ဟောင်းလောင်းဖြင့်ဆိုသည်။

“သူ ဘယ်လိုများ ဒီလောက်သောင်းကျန်းရတာလဲ”

ထိုမှသာ ဆိုင်ရှင်သည် သခင်မကြီး၏ ကန့်ကွက်သံကို ကြားလိုက်ရပြီး သခင်မကြီး၏ တုန်လှုပ်ခြောက်ခြားကာ မယုံကြည်နိုင်သော အကြည့်ကို ကြည့်လိုက်သည်။ သူမ ရုတ်တရက်စိတ်ဆိုးသွားသည်။ ဒီအဒေါ်ကြီးက ဘယ်အပေါက်က ထွက်လာပြီး သူမသခင်မရဲ့ ခေါင်းကိုလက်ညှိုးထိုးတာလဲ...

"ဒီအမျိုးသမီး...ရှင်ပြောတာမှားနေပြီ... ဒီလမ်းကိုကြည့်... ဘယ်မိန်းမက စည်းမျဥ်းစည်းကမ်းလိုက်နာလဲ"

သူမက တစ်ဖက်က ဆိုင်ကို လက်ညှိုးထိုးပြပြီးဆိုသည်။

“သူ့ခင်ပွန်းက သေရည်သေရက် သောက်စားပြီး ကျန်တဲ့ မိသားစုဝင်တွေက ဂုတ်သွေးစုပ်တဲ့သူတွေ...သူတို့က သူတို့သားအမိရဲ့စည်းစိမ်ဥစ္စာတွေကို လုယက်သွားကြတယ်...စည်းမျဥ်းတွေကိုလိုက်နာပြီး စားစရာရောင်းဖို့ ထွက်မလာရင် သူတို့သားအမိ ငတ်သေလိမ့်မယ်”

သူမက ကျပန်းထပ်မံညွှန်ပြပြီးဆိုသည်၏။

“သူ စည်းမျဥ်းစည်းကမ်းလိုက်နာရင် သူ့အစ်ကိုနဲ့ယောက်မရဲ့ ပြည့်တန်ဆာခန်းထဲ ရောင်းစားခြင်းခံရမယ်...သူ စည်းမျဥ်းစည်းကမ်းလိုက်နာရင် ချွေးမနဲ့သားဖြစ်သူဆီက သေတဲ့အထိ အနိုင်ကျင့်ခံရမယ်...သူ စည်းမျဥ်ူစည်းကမ်းလိုက်နာရင် အသက် 80 အရွယ် အဘိုးကြီဆီ ကစားစရာအဖြစ် အပေးခံရလိမ့်မယ်"

နောက်ဆုံးတွင် ကြက်စွပ်ပြုတ်နှင့် တိုဟူးတုတ်ထိုးရောင်းသည့် အဘွားကြီးအားလက်ညှိုးထိုးပြပြီး ပြောသည်။

“ပြီးတော့ ဒေါလေးဟူ...သူ စည်းမျဥ်းစည်းကမ်းလိုက်နာပြီး ရှောင်ဟွားကိုအပြင်ထွက်ပြီး အစားအသောက်မရောင်းခိုင်းရင် မြေးအဖွားနှစ်ယောက်သူတို့ကိုယ်သူတို့ ဘယ်လိုလုပ် ထောက်ပံ့နိုင်မှာလဲ”

ဟွေ့နျန်က စကားဆုံးသည့်​အခါ သခငမကြီးဘက် လှည့်ပြီးဆိုသည်။

“ဒီလမ်းမှာ စည်းမျဥ်းတွေကို လိုက်နာတဲ့ အမျိုးသမီး မရှိဘူး...ဒါပေမဲ့ ဒီနေရာက မြို့တော်တစ်ခုလုံးမှာ အစည်ကားဆုံး နေရာပဲ... အဆင့်မြင့် အရာရှိတွေနဲ့ သာမန်လူတွေ လာတဲ့အခါ သူတို့က ချီးမွမ်းကြလိမ့်မယ်"

အစားအသောက်ဆိုင်နောက်မှာ ငုတ်တုတ်ထိုင်ပြီး ခေါက်ဆွဲစားနေသည့် မိန်းကလေးက သူမနာမည်ကိုကြားသောအခါ အစားအသောက်ဆိုင်နောက်ကနေ ခေါင်းညိတ်ပြပြီးဆိုသည်။

"ဟုတ်တယ်...စည်းမျဥ်းဆိုတာ ဘာလဲ...သခင်မကပြောတယ် လက်မူပညာက စစ်မှန်တယ်... လက်မှုပညာကို တတ်ထားတဲ့အခါ အစာငတ် မသေဘူးတဲ့"

သူမကပြုံးလိုက်ပြီး သူမ၏မျက်လုံးများတွင် မျှော်လင့်ချက်တို့ပြည့်နေသည်။

"အသက်ကြီးလာတဲ့အခါ စာရင်းတွက်ဖို့ သင်ယူနိုင်တယ်...သခင်မက သမီး စာမေးပွဲအောင်သရွေ့ သမီးကိုသုံးမယ်လို့ပြောတယ်...ပိုက်ဆံရှာနိုင်တဲ့အခါ အိမ်က သက်ကယ်မိုးကို အုတ်ကြွပ်ပြားကြီးတွေနဲ့ပြင်မယ်... မိုးရွာတဲ့နေ့တွေမှာမိုးယိုမှာမဟုတ်တော့ဘူး"

သခင်မကြီး ပါးစပ်က သူ့အလိုလို ထွက်သွားပေမဲ့ ငြင်းဆိုခံရရန် မမျှော်လင့်ထားပါချေ။ သူမက ဟွေ့နျန်ကို ခဏတာ ဘာပြောရမှန်းမသိဘဲ ကြောင်ကြည့်နေမိသည်။

သူမက ကျန်းရှုယောင်ကို သဘောမကျသည်ကိုမြင်သောအခါ ဟွေ့နျန်က သက်ပြင်းချပြီး ခေါင်းခါလိုက်၏။

"ရှင်ပြောချင်တယ်ဆိုရင် စည်းမျဥ်းတွေအကုန်လုံးက ဇာတ်တူသားစားဝါဒလို့ပဲပြောရမယ်...ရှင်နားမလည်ပေမဲ့ သခင်မက နားလည်တယ်...ဘဝရဲ့ပျော်ရွှင်မှုက အရေးကြီးဆုံးပါပဲ...သူက ဒါကို ရှင်းရှင်းလင်းလင်း မပြောပေမဲ့ ကျွန်မတို့ကို ခေါ်သွားပြီး ဟင်းချက်နည်းသင်ပေးတယ်.. သူ့ရဲ့အထောက်အထားက ဘယ်လိုပဲဖြစ်နေနေ ဒီမှာပေါ်လာတယ်....လမ်းဘေးအစားအစာဈေးကို ပေကျင်းရဲ့ အစည်ပင်ဆုံးလမ်းအဖြစ် ပြောင်းလဲပေးပြီး ကျွန်မတို့ကို နောက်တကြိမ်ရှင်သန်စေခဲ့တယ် ... အရာရာတိုင်းက ဒီအမှန်တရားကို သက်သေပြနေတယ်"

သူမပြောပြီးသည်နှင့် စားသုံးသူများက သူမ၏ဆိုင်သို့ရောက်လာကြရာ သူမဧည့်ခံရန် အမြန်ပြန်လှည့်သွားသည်။

ချမ်းအေးသော ဆောင်းဦးညတွင် အစားအသောက်ဆိုင်များမှ အဖြူအငွေ့များ လွင့်ပျံလာကာ လမ်းပေါ်ရှိ စားသုံးသူများက ရပ်သွားသူများရှိသလို ဖြတ်သွားကြသူများလည်းရှိသည်။ မီးပုံးများသည် လေနှင့်အတူ ယိမ်းနွဲ့နေပြီး အစားအသောက်ဆိုင်များရှေ့တွင် လိမ္မော်ရောင်ဖျော့ဖျော့ဖြင့် တောက်ပသော အရိပ်အများ ဝိုင်းဖွဲ့ကာ အပူရှိန်နှင့် ရောယှက်နေသည်။

ပုံမှန်အားဖြင့် သခင်မကြီးက ဆူညံသံများကို စိတ်အနှောက်အယှက်အဖြစ်တတ်ဆုံးဖြစ်သော်လည်း ယခု အတွင်းထဲတွင် အလွန်အေးချမ်းသည်ဟု ခံစားရသည်။သူမ မီးပုံးကို စိုက်ကြည့်ရင်း ငေးမောနေခဲ့၏။

မလှုပ်မယှက်ထိုင်နေသော သခင်မကြီးကို မြင်လိုက်ရသောအခါ ဟွေ့နျန်ကသူမကို မပျော်မရွှင်ဖြစ်အောင်လုပ်မိသည်ဟု ထင်ပြီး အဘွားကြီး ထိတ်လန့်သွားကာ ဖြူဖွေးနေသော ခါးစ စည်းပေါ်ရှိ သူမအရေတွန့်နေသော လက်များကို ပွတ်သပ်၍ တဆတ်ဆတ်တုန်ရင်း ထလိုက်သည်။

ကောင်မလေးက ၎င်းကိုမြင်သောအခါ ပြောလိုက်သည်။

"အဖွား မြန်မြန်စား...ခေါက်ဆွဲက အရသာမကောင်းတော့ဘဲနေမယ်"

သူမက အဘွားကြီး၏ အကြည့်နောက်သို့ လိုက်ကာ သခင်မကြီးကို ကြည့်လိုက်သည်။ ကြောင်တက်တက်ထိုင်နေသည်ကိုမြင်ရာတွင် ပြေးသွားပြီး "နောက်ထပ်တစ်ပွဲ လိုချင်လား" ဟု မေးလိုက်သည်။

သခင်မကြီး သတိပြန်ဝင်လာပြီး သူမ၏အကြည့်က ကောင်မလေး၏ ဖြူစင်သော မျက်လုံးများနှင့် ဆုံမိသွားသည်။

"အာ့ဟွား... ဒီကို မြန်မြန်လာ"

အဘွားကြီးက သခင်မကြီး၏ အဆင့်အတန်းကို ယခုမှ သတိထားမိသည်။ မျိုးရိုးမြင့်အမျိုးသမီးကို စိတ်အနှောက်အယှက်ဖြစ်စေမှာကြောက်သဖြင့် သူမ၏ မသိနားမလည်သည့်​မြေးမကို ခေါ်နေ၏။

သခင်မကြး ရုတ်တရက် ရယ်မောပြီးဆိုသည်။

“ကောင်းပြီ နောက်ထပ် နှစ်ပွဲ ချရအောင်…”

ထိုသိုပြောရင်း သူမက ကြက်သေ​​သေသွား၏။ ထို့နောက် နို့ထိန်းကြည့်ကာ သူမကဆိုလိုက်သည်။

"မင်းမြေးတွေအတွက် ပြန်ယူသွားချင်လား"

နို့ထိန်းက စိတ်သက်သာရာကာ သက်ပြင်းတစ်ချက်ချပြီး ပြုံး၍ပြောလိုက်သည်။

"ကောင်းပါပြီ ...ဒီအစားအစာကို သူတို့ ကြိုက်ကြလိမ့်မယ်"

ကောင်မလေးက စီးပွားဖြစ်သွားပြီး ခုန်စွခုန်စွပြေးသွား၏။

ခဏအကြာတွင် ကြက်စွပ်ပြုတ်နှင့် တို့ဟူးတုတ်ထိုးနှစ်ပန်းကန် ယူလာကာ စားပွဲပေါ်တင်လိုက်သည်။ လှည့်တော့မည့်အချိန်မှာ သခင်မကြီးက သူ့ကိုတားလိုက်၏။

"မင်း ငါတို့နဲ့ အတူတူ လာစားပါလား...ဟိုမှာ ငုတ်တုတ်ထိုင်စားမနေနဲ့... ငါတို့နဲ့ အတူထိုင်စား"

ဧည့်သည်တွေက ထိုသည်ကို မကြိုက်ပေ။မှန်သည်ပင်၊အာ့ဟွား ထိုင်ချင်စိတ်ရှိခဲ့သည်။ သူမ ပန်းကန်ကို အမြန်သွားယူကာ ရောက်လာသည်။

စားသည့်အခါ စကားမပြော၊ အိပ်သည့်အခါ စကားမပြော။

[ET/N- ဤသည်မှာ ကွန်ဖြူးရှပ်၏ စည်းမျဉ်း သို့မဟုတ် အလေ့အထအချို့ဖြစ်သည်။]

သခင်မကြီးက တိုဟူးပန်းကန်ကို ခဏလောက်မွှေပြီး နောက်ဆုံးမှာမေးလိုက်သည်။

"မင်းနဲ့ မင်းအဖွားကအိမ်မှာ နှစ်ယောက်တည်းလား"

“ဟုတ်ပါတယ်... အမေက မနှစ်က ဆောင်းရာသီမှာ မရှင်သန်နိုင်လို့ ထွက်သွားတယ်... အဖေက မိထွေးနဲ့ အိမ်ထောင်ကျတယ်...သူတို့က သမီးကို မလိုချင်တော့လို့ အဖွားနောက်ကို လိုက်လာတာ"

သခင်မကြီးက သူမဆံပင်တွေကို ပွတ်ပေးလိုက်သည်။

"ဒုက္ခများခဲ့တာပဲ"

"ခက်လည်းမခက် ခါးလည်းမခါးသီးပါဘူး...သမီးရဲ့သခင်မက သမီးတို့ကို လမ်းဘေးအစားအစာဈေးမှာ လုပ်ခိုင်းလို့ နေ့တိုင်းစားရတယ်"

"အိုး..ဘာစားလဲ..ဒီမှာစားရတာကြိုက်လား"

...

လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်က စားသောက်ရင်း ဖြည်းညှင်းစွာ ပြောဆိုနေကြသည်။အာ့ဟွား၏ ဇာတ်လမ်းမှ အမျိုးမျိုးသော အစားအသောက်ဆိုင်ပိုင်ရှင်များ၏ ဇာတ်လမ်းများအထိ၊ ထို့နောက် လမ်းဘေးအစားအစာဈေး၏ဇာတ်လမ်းအထိ။ နွေးထွေးပြီး အေးမြသည်။ ပန်းကန်ထဲရှိ အစားအစာမှာ ရိုးရိုးကြက်စွပ်ပြုတ်နှင့် တို့ဟူးတုတ်ထိုးတို့ဖြစ်သည်။ အစားအစာ၏ရနံ့က ဆောင်းဦးည၏ အအေးဓာတ်ကို ပြေပျောက်စေပြီး အပူက နွေးထွေးပြီး အသက်ဝင်သော အဖြူရောင်အခိုးအငွေ့များကို ဖြစ်ပေါ်စေသည်။ ဆောင်းရာသီကုန်သည့်တိုင်အောင် ညက ပိုအေးလာသော်လည်း လမ်းဘေးအစားအစာဈေးမှ ကံမကောင်းအကြောင်းမလှသူများသည်း အနာဂတ်တွင် ပူနွေးသောနွေဦးရာသီတစ်ခုသာ ရရှိပေလိမ့်မည်။


Xxxxx