Chapter 3
Viewers 2k

တစ်ပတ်လုံး ပုန်းအောင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ ကျန်းရှစ်လင်ရဲ့ ချိန်းဆိုမှုကို နာခံပြီး သွားခဲ့တယ်။


တကယ်တော့ ငါက ဒီချိုမြိန်တဲ့ အချစ်ဇာတ်လမ်းမှာ အမျိုးသမီးဇာတ်လိုက်ကို မက်မောပြီး စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တဲ့ အရံအမြှောက်စာ‌ ဇာတ်ကောင်လေးပါပဲ။


‌ယဉ်ယဉ်ကျေးကျေးပြောရရင်တော့ ဒီအတိုင်း ဘာမှလုပ်စရာမရှိတဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးပေါ့။


ထပ်ပြောရရင် ငါက လူဆိုးတစ်ယောက်ပဲ။ 


ငါ ဒီမှာ ရှိနေရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အမျိုးသမီး ဇာတ်လိုက်ကို ဆေးခတ်ဖို့ဖြစ်ပြီး အမျိုးသားဇာတ်လိုက်က သူ(မ)ကို သူရဲကောင်းဆန်ဆန် ကယ်တင်ဖို့ပဲ။


အခုတော့ ကျန်းမိသားစုရဲ့ အကြီးအကဲ ကျန်းရှစ်လင်က အကြောင်းအရင်းမရှိဘဲ ဇာတ်လမ်းဆင်တာ ခံလိုက်ရတယ်။


သူ့လို လူတစ်ယောက်နဲ့ တကယ်ကြုံတွေ့ရရင် ငါဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။


ဒါကို တွေးပြီး တုန်လှုပ်ခြောက်ခြားလွန်းလို့ သေတော့မှာပဲ။


နောက်တစ်စက္ကန့်မှာ သံပုရာအနံ့ပါတဲ့ ဂျာကင်အင်္ကျီက ငါ့ရဲ့ခန္ဓာကိုယ်ပေါ်ကို ရောက်လာတယ်။


ငါမတုံ့ပြန်နိုင်ခင်မှာပဲ ကျန်းရှစ်လင်က ငါ့မျက်လုံးကို ကာဖို့ သူ့ necktie ကို အသုံးပြုခဲ့တယ်။


"လိမ်လိမ်မာမာနဲ့ ကိုယ့်နောက်လိုက်ခဲ့”


အမှောင်ထဲမှာ သူက ငါ့ရဲ့ပခုံးကို လက်တစ်ဖက်နဲ့ ဖက်ပြီး အပေါ်ထပ်ကို ခေါ်သွားတယ်။


အလင်းပြန်ရတဲ့အခါ ငါ့ရဲ့မျက်စိကို ပြန်မှိတ်လိုက်မိတယ်။


နောက်ထပ်တစ်စက္ကန့်လောက်မှာ ငါ့မျက်နှာပေါ်ကို အရောင်တွေ ဖြာကျလာတယ်။


"ဘာလို့မဝင်တာလဲ"


ကျန်းရှစ်လင်ရဲ့ လေသံက နူးညံ့ပျော့ပျောင်းနေတာ်။ နဂိုက ငါ့ပခုံးပေါ်က သူ့လက်က ငါနောက်ကျောအောက်ကို ဖြည်းဖြည်းချင်း လျှောဆင်းသွားပြီး ခါးအောက်ပိုင်းမှာ တင်လိုက်ရင်း ရိသဲ့သဲ့နဲ့ ညှစ်လာတယ်။


မျက်လုံးရှေ့မှာ တွေ့လိုက်ရတဲ့ တံခါးနံပါတ်က 2061 ပဲ။


~~~