အဲဒီညက အမှတ်ရစရာတွေက ဖရိုဖရဲနဲ့ ရုတ်တရက်ဆန်လွန်းတော့ ဆိုဖာပေါ် ပြန်ထိုင်လိုက်တဲ့အခါ ငါ့ခန္ဓာကိုယ်က အလိုလို ပူလာတယ်။
ကျန်းရှစ်လင်က ဘာမှပြန်မပြောတဲ့အတွက် သူ့အမူအရာကို သတိထားပြီး ကြည့်နေရုံနဲ့ သူ ငါ့ရဲ့ မိုးခြိမ်းသလို နှလုံးခုန်သံကို မကြားရလို့ ကျေးဇူးတင်နေမိပြီး တိတ်တဆိတ် ကြည့်နေလိုက်တယ်။
သူသည် မျက်နှာ အမူအရာက တည်ငြိမ်နေပြီး သူ ဘယ်လောက်ထိ သိနေလဲဆိုတာ ပြောဖို့ ခက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငါ စာပို့ဖို့ သုံးခဲ့တဲ့ ဖုန်းနံပါတ်က အသစ်ဖွင့်ထားတဲ့ နံပါတ်တစ်ခုပဲ၊ ပြီးတော့ ငါ…
Play boy တစ်ယောက်၊ ဘားတွေ night club မကြာမကြာ သွားလေ့ရှိတဲ့လူဖြစ်တဲ့ ငါက ဒီအတိုင်း ဖြစ်သွားတာပါလို့ အလွယ်တကူ ပြောနိုင်တယ်။
ငါ ဝန်ခံဖို့ ငြင်းနေသ၍ပေါ့။ ပြီးတော့ ငါကလည်း အသုံးချခံလိုက်ရတဲ့ နစ်နာသူတစ်ယောက်ပဲလေ။
ကျန်းရှစ်လင်က ယောက်ျားတစ်ယောက်နဲ့ အိပ်နေတာကို ဒေါသထွက်နေရင်တောင်မှ သူငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ။
စိတ်တွေ တအားလှုပ်ရှားနေချိန်မှာ ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာတယ်။
ကျန်းရှစ်လင်က ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်တယ်။
“အင်း”
ဝန်ထမ်းတစ်ယောက်က Gimlet ဖန်ခွက်ကို ယူလာပြီး စားပွဲပေါ် လေးလေးစားစား တင်လိုက်တယ်။
ဝိုင်က ကြည်လင်ပြီး စွဲမက်ဖွယ်ကောင်းသော ရနံ့ကို ပေးဆောင်သည်။
…ဒါပေမဲ့ အထဲမှာ ဆေးက အရည်မပျော်သေးဘူး။
ငါ့ခြေထောက်တွေ လှုပ်ရှားပြီး ထပ်လိုက်တယ်။
"ကျန်းကော ကျွန်တော် လုပ်စရာတွေရှိသေးတာကို သတိရသွားလို့…”
ဒါပေမဲ့ ငါ မလှုပ်နိုင်ခင်မှာပဲ ကျန်းရှစ်လင်က ငါ့ပခုံးကို အမြန်ဖိလိုက်ပြီး သူ့ရင်ခွင်ထဲကို ပြန်ဆွဲထည့်လိုက်တယ်။ တိုးတိုးလေးရယ်ရင်း ငါ့ ပခုံးပေါ်မှာ ရှိနေတဲ့ သူ့နှုတ်ခမ်းကနေ…
"ဘာလို့ပြေးနေတာလဲ"
"ကျန်းကော၊ ဒီဝိုင်က…”
ငါ့အသံက တုန်နေပြီး ငိုတော့မယ့်အတိုင်း ဖြစ်နေတယ်။
“ဝိုင်လား၊ ကိုယ်ပေးတဲ့ ဝိုင်က ဘာဖြစ်လို့လဲ”
ကျန်းရှစ်လင်ရဲ့ လေသံက ငြိမ်သက်နေတယ်။ လက်တစ်ဖက်က ဖန်ခွက်နဲ့ ကစားရင်း လက်တစ်ဖက်က ငါ့ မေးရိုးတွေကို ဆုပ်ကိုင်ထားပြီး သူ့အကြည့်တွေကို လိုက်ကြည့်ဖို့ တွန်းအားပေးနေခဲ့တယ်။
ငါတို့ မျက်လုံးချင်းဆုံပြီး လက်တွေ အားနည်းသွားတာ သူ့လက်ထဲက လွတ်တော့မယ့်အတိုင်းပဲ။
သူသိနေတယ်! သူသိနေတာ သေချာတယ်!
ငါ့ရဲ့တိတ်ဆိတ်မှုကိုမြင်တော့ ကျန်းရှစ်လင်က သက်ပြင်းချလိုက်ပြီး ပြုံးရင်း ငါ့နှုတ်ခမ်းနားကို ဝိုင် ယူလာပေးတယ်။
ငါဒီဝိုင်သောက်ရင် ဒီနေ့ ဒီတံခါးကနေ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး။
စိတ်ပျက်အားငယ်စိတ်တွေ ပြည့်နှက်နေပြီး ခဏလောက်ကြာတော့ "ယောက်ျားတွေ မျက်ရည်လွယ်လွယ်နဲ့ မျက်ရည်မကျဘူး" ဆိုတဲ့ ဆိုရိုးစကား အားလုံးကို လေထဲကို လွှင့်ပစ်လိုက်တယ်။
ငါ့ရဲ့နှာခေါင်းက အကြောတစ်ခုလို တင်းလာကြောင်း ခံစားရပြီး မျက်လုံးတွေ နီရဲလာပြီး ရွှန်းလဲ့နေတဲ့ မျက်ရည်တွေက မျက်တောင်တွေကို စိုစွတ်စေတယ်။
ကျန်းရှစ်လင်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ရွေ့လျားသွားပြီး သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေမှာ အလင်းတန်းတစ်ခု ပေါ်လာခဲ့တယ်။
ရှည်လျားသန့်ရှင်းတဲ့ လက်ချောင်းတွေက ငါ့ရဲ့နှုတ်ခမ်းဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး စကားမပြောဘဲ နှုတ်ခမ်းသားကို စမ်းကြည့်နေသည်။
"ကျန်းကော၊ ကျွန်တော် မှားပါပြီ”
ငါ နှုတ်ခမ်းကို ဖွင့်လိုက်ပြီး သူ့လက်ချောင်းတွေကို ကိုင်ရင်း သေချာ အနမ်းပေးလိုက်တယ်။
"ကျေးဇူးပြုပြီး...သွားခွင့်ပေးပါ..."
ကျန်းရှစ်လင်ရဲ့ လက်ချောင်းတွေက ငါ့ရဲ့ လျှာအဖျားကို ပေါ့ပေါ့ပါးပါး ထိတွေ့ပြီး ကစားရင်း ပြန်ရုတ်သွားတယ်။
သူ့လက်ချောင်းထိပ်တွေက အစိုဓာတ်ကို ပွတ်သပ်ရင်း သူ့မျက်လုံးတွေက ကြည်နူးမှုတွေနဲ့ မိန်းမောသွားတယ်။
"ဘာလို့ငိုနေတာလဲ ရှောင်ယွီ၊ ဒီလို သတ္တိနည်းနည်းလေးနဲ့ တစ်ယောက်ယောက်ကို ဆေးခတ်ဖို့ သတ္တိရှိတာတဲ့လား… ကိုယ့်ကိုပြော မင်းဘာလို့လုပ်တာလဲ”
သူ့မျက်ခုံးတွေနဲ့ မျက်လုံးတွေက နူးညံ့ ကြည့်ကောင်းနေပြီး သူ့အသံကို ပျော့ပျောင်းအောင် ထားရင်း ချော့မော့နေခဲ့တယ်။ အရင်က ဖိအားတွေက မရှိတော့သလိုပဲ။
"မင်း ကိုယ့်ကိုမပြောရင်..."
ကျန်းရှစ်လင်က သက်ပြင်းချလိုက်ပြီး သူ့လက်ထဲက ဝိုင်ကို ဝေ့ဝဲရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်တယ်။
"မင်း ပြန်သတိရဖို့အတွက် ကိုယ် အချိန်ယူရဦးမှာပဲ”
~~~