၈၁
Viewers 9k

[ ကလေးအဖေ ??? နာမည်က​လေ...]

[တတိယသခင်​လေး အရင်က ရှီရန်ကို  'ကလေးအမေ' လို့ ခေါ်ခဲ့ဖူးတယ်မလား။]

တတိယသခင်​လေး???

[ဒါက တတိယမြောက်သခင်​လေးသာဆိုရင်၊ သူက ကလူဆန်လွန်းတယ်။]

[တတိယသခင်​လေးသာဆိုရင် သူ့ကိုယ်သူ ခြင်လို့ ခေါ်သင့်တယ်မဟုတ်လား]

[မနေ့က တတိယသခင်​လေးက သူ့ရဲ့ ID ကို စခရင်မှာဝှက်ထားတာကနာတယ်ကွာ။ မဟုတ်ရင် သူဟုတ်မဟုတ် ငါတို့ သိနိုင်မှာ။]

[ပေးစားတဲ့ပရိသတ်တွေ တကယ်ကိုတော်လောက်ပြီ။ သူတို့က အရာအားလုံးမှာတတိယမြောက်သခင်လေးကို ဆွဲထည့်​နေတယ်။]

[ကော်ပိုရေးရှင်းဥက္ကဋ္ဌက ဒီတိုက်ရိုက်ထုတ်လွင့်မှုကိုကြည့်ရလောက်​အောင် အား​နေတယ်များထင်နေတာလား။]

[ရှီရန်နဲ့သန်းရာချီတန်စာချုပ်တစ်ခု။ ဘာကိုရွေးချယ်ရမလဲဆိုတာကိုလူတိုင်းသိတယ်ဟုတ်ပြီလား။ အိပ်မက်မက်မ​နေနဲ့​တော့။]

ဒါရိုက်တာက ID ကို ကြည့်ရင်း သူ့လက်များက တုန်နေသည်။

အကယ်၍ လူနှစ်ယောက်ပေါင်းတိုက်ရိုက်ထုတ်လွှင့်မှုအတွက် သူ့အခန်းကိုအလှဆင်ထားမှန်း တတိယသခင်​လေး သိသွားပါက ဒါရိုက်တာအသတ်ခံရနိုင်သည်။

သို့သော် စခရင်ပေါ်ရှိထင်မြင်ယူဆချက်ကို ဖတ်ပြီးနောက် သူ စိတ်သက်သာရာရသွားသည်။

၎င်းက အဓိပ္ပာယ်ရှိသည်။ တတိယသခင်​လေးသည် ဤမျှအား​နေမည်မဟုတ်ပေ။

"ကလေးအဖေဆိုတဲ့ ID နာမည်နဲ့ဒီအင်တာနက်အသုံးပြုသူကို လက်ဆောင်စာရင်းမှာ ပထမဆုရတဲ့အတွက်ဂုဏ်ယူပါတယ်။ အခု လုပ်​စေချင်တဲ့အတိုင်းပြောလို့ရပြီ" လို့ သူက အသံထွက်ပြောလိုက်သည်။

လူတိုင်းက ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။

နောက်တစက္ကန့်တွင် ရင်းနှီးနေသော ပြိုးပြိုးပြက်ပြက်ဖြစ်နေသောမြင်းဖြူတစ်​ကောင်သည် ပျံသန်းလာကာ ရောင်စုံစခရင်ကို အသား​ပေး​ဖော်ပြထားသည်။

[သူတို့နှစ်​ယောက်ကြားအကွာအဝေးကို တစ်မီတာထက်ပိုခြားထားလိုက်]

ဒါရိုက်တာ: "?"

စခရင်တွင် ဟားတိုက်မှုများ ထွက်ပေါ်လာသည်။

[ဟားဟားဟားဟား သေချာသွားပြီ။ ဒါက တတိယမြောက်သခင်​လေးပဲ]

[တတိယသခင်​လေး- ငါ ထွက်သွားပေမယ့် အပြည့်အဝထွက်သွားတာ​တော့မဟုတ်ဘူး။]

[တတိယသခင်​လေး ဒီလိုပုံစံနဲ့ပြန်လာမယ်လို့ ဘယ်တုန်းကမှ ငါမမျှော်လင့်ထားဘူး။]

[တတိယသခင်​လေးက တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပေါ်လာနိုင်ဘူးလို့ သူ​ပြောခဲ့တာ။ ဒါ မျက်နှာကို ဖြတ်ရိုက်လိုက်တာမလား??]

[တတိယသခင်​လေးက ရက်ရောတယ်။ ယွမ်တစ်သန်းတောင်​ပေးခဲ့တာ]

[ကလေးတွေ၊ လက်လျှော့လိုက်ကြစို့။ ငါတို့ အနိုင်ယူလို့မရလောက်ဘူး။]

[ဟားဟားဟား၊ ကလေးအဖေ။ ငါ ရယ်မောရင်းသေတော့မယ်။]

[ဂျယ်လီနင်​နေတဲ့ဘုရင်ကြီး]

ဒါရိုက်တာ၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် မှောင်သွားသည်။

တတိယသခင်​လေးက ထုတ်လွှင့်မှုကို အမှန်တကယ်ကြည့်ရှုရန် သူ မမျှော်လင့်ထားပေ။

တတိယသခင်လေးက ယခုလိုတောင်းဆိုလာခြင်းကို သူ ပိုအံ့သြသွားသည်။

အဆုံးတွင် စုံတွဲ၏ရေပန်းစားမှုနှင့် ပရိသတ်များကျေနပ်စေရန် လူနှစ်ဦးပေါင်းတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ဒါရိုက်တာက သူ့လည်ချောင်းသံရှင်းလိုက်သည်။ ဤတစ်ကြိမ်က သူ့လေသံက သတိထားလာသည်။ "ဒီအင်တာနက်အသုံးပြုသူက
နောက်တနာရီအတွက် သူတို့ရဲ့ ခရီးစဉ်ကို ဆုံးဖြတ်နိုင်ပါတယ်။"

[ဟားဟားဟား]

[ပညာရှိတဲ့သူက အခြေအနေကို လိုက်နာတတ်တယ်။]

ထို့နောက် ရောင်စုံမှတ်ချက်များ လွင့်ပျံလာပြန်သည်။

[ရုပ်ရှင်ကြည့်ရမယ်]

ဒါရိုက်တာက သက်ပြင်းချလိုက်သည်။

'ဘုရားမလို့'

ဧည့်သည်အမျိုးသားနှင့်အမျိုးသမီးဧည့်သည်ကဝေးကွာနေရန်လိုအပ်သော်လည်း အချစ်ရုပ်ရှင်ကိုအတူတူကြည့်သောမြင်ကွင်းက ကြည်နူးစရာကောင်းလှသည်။

သို့သော်လည်း ဒါရိုက်တာက သက်ပြင်းမချနိုင်မီတွင် ရောင်စုံမှတ်ချက်များ ရပ်တန့်သွားပြန်သည်။

[ "Extreme Escape" ဆိုတဲ့ရုပ်ရှင်ကိုကြည့်ခိုင်းလိုက်]

ဒါရိုက်တာ: "?"

"Extreme Escape" ကို ကြည့်ရှုခွင့်ပေးရန် လူနှစ်ဦးပေါင်းတိုက်ရိုက်ထုတ်လွှင့်မှုကို သူ သတ်မှတ်ထားခြင်းမဟုတ်ပေ။

[ဟားဟားဟားဟား]

[ထင်ထားတဲ့အတိုင်း တတိယသခင်​လေးကတော့၊ ဟားဟား။]

[ဒါရိုက်တာမေ့လဲသွားတော့မှာလား။ ဟားဟား ဟား]

[ဒါရိုက်တာက ရုတ်တရက် တတိယမြောက်သခင်​လေးပေါ်လာမယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး]

[မိသားစုကတတိယသခင်လေးရဲ့ကိုယ်ကို ယူသွားနိုင်​ပေမဲ့ တတိယသခင်ငယ်ရဲ့ဝိညာဉ်က​တော့ တိုက်ရိုက်ထုတ်လွှင့်မှုမှာရှိနေဆဲပဲ။]

ဒါရိုက်တာက အသံချဲ့စက်ကို တုန်တုန်ယင်ယင် ကောက်ကိုင်လိုက်သည်။ "ပ... ပထမနေရာရတဲ့အင်တာနက်သုံးစွဲသူက ဧည့်သည်အမျိုးသားနဲ့အမျိုးသမီးဧည့်သည်ကို တစ်မီတာထက်ပိုတဲ့အကွာအဝေးမှာ ထားခိုင်းဖို့နဲ့ 'Extreme Escape' ရုပ်ရှင်ကို ကြည့်ရှုဖို့ တောင်းဆိုခဲ့ပါတယ်။

ကျူယီ​ဖေး ပြောစကားမရှာနိုင်ဖြစ်သွားသည်။

သူတို့နှစ်ဦးသည် စခရင်သို့မဟုတ်လက်ဆောင်အခြေအနေကို မမြင်နိုင်သောကြောင့်ဘာဖြစ်နေမှန်းကို မသိကြပေ။

သို့​​သော် ထိုတောင်းဆိုမှုကို...

တကယ် မမျှော်လင့်ထား​ပေ။

"ဒါရိုက်တာ အတည်ပြောနေတာလား။" ကျူယီ​ဖေးအံသြသွားသည်။

ဒါရိုက်တာက အတင်းပြုံးပြသည်။ "ဒါက ထိပ်တန်းလက်ဆောင်ပေးသူဆီက တောင်းဆိုချက်ပါ။ စည်းကမ်းတွေကို လိုက်နာရပါမယ်။"

ငါရဲ့ခါးသီးမှုကို ဘယ်သူသိနိုင်မလဲ။

ကျူယီ​ဖေးက အံ့အားသင့်သွားသည်။ ထို့နောက် တစ်ခုခုကိုတွေးကာ ရှီရန်ကို တိုးတိုးလေး မေးသည်။ "ဒါက မင်းနဲ့တတိယသခင်​လေးစုံတွဲရဲ့ပရိသတ်တွေများဖြစ်နေမလား။"

"ဖြစ်နိုင်တယ်။" ရှီရန်က သိပ်ပြီးတုံ့ပြန်မှုမရှိသလို အများကြီးမစဉ်းစားနေ​ပေ။

[အဲ့ဒါက အတွဲရဲ့ပရိတ်သတ်ပါ။ ဟားဟား။]

[တတိယသခင်​လေးသည် မာစတာရန်နဲ့သူကိုယ်တိုင်ရဲ့အမာခံပရိသတ်ပါ။ဟားဟား]

ပရိုဂရမ်အဖွဲ့သည် ဗီဒီယိုကို စတင်ဖွင့်သည်။

ရှီရန်က စူးစိုက်ကြည့်နေသည်။

ရုပ်ရှင်က သူမအကြိုက်ပုံစံဖြစ်သည်။

ရှီရန်၏မျက်နှာကို အနီးကပ်မြင်နိုင်ရန် ကင်မရာသည် ရှေ့ကို တိုးလှည့်သွားသည်။

KT အဖွဲ့CEOရုံးခန်း

ချူးကျင်းချန်းသည် ရွှေရောင်မျက်မှန်ကို ၀တ်ဆင်ထားပြီး ချောမောလှပသောမျက်နှာကပြုံးနေသည်။

သူသည် သူ့မေးစေ့ကို လက်ဖြင့်​ထောက်ကာ မျက်နှာချင်းဆိုင်ရှိကြီးမားသော TV ပေါ်မှရှီရန်ကို ကြည့်နေသည်။

"ပရောဂျက်ဌာနကနန်ချန်းစီးတီးကို ဝယ်ယူမှုဟာ ချောမွေ့နေပါတယ်။ ကျွန်တော်တို့က အခုပရောဂျက်တစ်ခုကိုလုပ်ဆောင်နေပါတယ်။ မန်နေဂျာဂျန်းက လောလောဆယ် စုံစမ်း...."

လက်ထောက်သည် တိုးတိုးတိတ်တိတ်အသံဖြင့် အစီရင်ခံကာ ချူးကျင်းချန်းကို ရံဖန်ရံခါ ကြည့်သည်။

သူသည် နံဘေးသို့တိတ်တဆိတ်ခြေလှမ်းအနည်းငယ်လှမ်းကာ တတိယသခင်လေး၏မြင်ကွင်းကို ပိတ်ဆို့မိမည်ကို ကြောက်သည်။

အစကတည်းက တတိယသခင်​လေးနဲ့ပတ်သတ်ပြီးတစ်ခုခုတော့မှားနေပြီ။

အစက တိုက်ရိုက်ထုတ်လွှင့်မှုမှာလက်ဆောင်တစ်ခုပို့ပေးဖို့ သူတောင်းဆိုခဲ့တယ်။ နောက်ပိုင်း သူ့ဖုန်းနဲ့သူ တစ်ခုခုပို့နေတဲ့ပုံပဲ။

နောက်ဆုံး သူ အချိန်အတော်ကြာအသုံးမပြုခဲ့တဲ့TVကို ဖွင့်ပြီး  "သတိ အချစ်ရှိသည်" ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားတယ်။

ချူးကျင်းချန်းသည် ရှီရန်၏အမူအရာများကို မပျက်မကွက် လေးနက်စွာကြည့်နေသည်။

ထို့နောက် ကင်မရာက ရုပ်ရှင်စခရင်သို့ရွှေ့သွားသည်။

သူသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်နေသည်။

လက်ထောက်က ရုပ်ရှင်ကိုမကျေနပ်ဖြစ်​နေသည်ဟုထင်ပြီး ချက်ချင်းရှင်းပြသည်။

"ကျွန်တော် စစ်ပြီးပါပြီ။ Extreme Escape က သူငယ်ချင်းတွေကြားကြည့်အကောင်းဆုံး ရုပ်ရှင်စာရင်းမှာနံပါတ်တစ်ဝင်ပါတယ်။"

အခုဏလေးတင် တတိယသခင်​လေးက သူ့ကိုသူငယ်ချင်းနှင့်ကြည့်ရန်သင့်တော်မည့်ရုပ်ရှင်တစ်ကားကို ရှာခိုင်းခဲ့သည်။ သူက အဆင့်သတ်မှတ်ချက်များကိုစစ်ဆေးပြီး ဇာတ်ကားနာမည်ကို မပို့ခင် သုံးသပ်ချက်ကို ကြိုဖတ်ခဲ့သည်။

တတိယသခင်​လေးက ဒီဇာတ်ကားက မသင့်တော်ဘူးလို့ ထင်နေတာလား?

လက်ထောက်က စိတ်မသက်မသာဖြစ်သလို ခံစားလာရသည်။

ခဏအကြာတွင် သူသည် နက်နဲသောအသံကို ကြားလိုက်ရသည်။ "ရှီရန်တစ်ယောက်တည်းကိုပဲ အဓိကရိုက်ကူးဖို့ 'သတိ အချစ်ရှိသည်'ထုတ်လုပ်ရေးအဖွဲ့ကို စီစဉ်ခိုင်းလိုက်။"

'တစ်ယောက်တည်း ရိုက်ကူးတာလား'

"တတိယမြောက်သခင်​လေး၊ မစ္စရှီကိုပဲ ရိုက်ကူးရင် ရှိုးအရည်အသွေးကိုထိခိုက်သွားမှာကို စိုးမိပါတယ်။ ဒါရိုက်တာက အဲ့ဒါကိုသဘောတူပေးဖို့ ခက်ခဲလိမ့်မယ်။"

"ပြီး​တော့ မစ္စရှီရိုက်ကွက်တွေကအရမ်းများလွန်းတယ်။ မတရားဘူးလို့ ပရိသတ်က ချက်ချင်းခံစားမိကြမှာ။မစ္စရှီရဲ့သရုပ်ဆောင်လမ်းကြောင်းအတွက် ပိုဆိုးသွားလိမ့်မယ်။"

ချူးကျင်းချန်း မျက်ခုံးပင့်လိုက်သည်။ သူ့မျက်ခုံးများကြားတွင် ပျင်းရိမှုရှိနေပြီး နက်မှောင်သောမျက်လုံးများက အနည်းငယ် အေးစက်နေသည်။ "သူတို့ကို ငါပြမယ်လို့ ဘယ်သူကပြောနေလို့လဲ။ ငါတစ်ယောက်တည်းကြည့်မှာ​​"

လက်ထောက်- ???

ပင်လယ်နားကအိမ်၌

ဒါရိုက်တာက လက်ထောက်ထံမှဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးချိန်၌ တုန်လှုပ်နေဆဲဖြစ်သည်။

တတိယသခင်​လေး ယခင်တုန်းက လုပ်ခဲ့သည့်အရာများကိုတွေးပြီး ရုပ်ရှင်ကြည့်နေသောရှီရန်ကို ကြည့်ပြီး သူအံ့သြသွားသည်။

ရှီရန်အတွက် တတိယသခင်​လေး၏ခံစားချက်က တကယ်ကိုထူးခြားပုံ​​ပေါ်သည်။

မနှောင့်နှေးဝံ့ဘဲ ဝန်ထမ်းကိုချက်ချင်းလုပ်ရန် စီစဉ်ခိုင်းသည်။

ဇာတ်ကားက ဇာတ်ချိန်အတက်ဆုံးအပိုင်းကို ရောက်သွားပြီး လူတိုင်းက စိတ်ဝင်စားနေကြသည်။

ကျူယီ​ဖေးသည် သနားစရာကောင်းသောမျက်နှာဖြင့် သူမကို ရံဖန်ရံခါကြည့်နေတတ်သည်။

[ကလေးလေးက အရမ်းစိတ်ထိခိုက်ပြီးသနားစရာကောင်းနေပေမယ့် ရယ်စရာကောင်းလိုက်တာ ဟားဟားဟား]

[နိုး ငါတို့ အဲဒါကို ပြင်ရမယ်။ ကလေးလေးက မာစတာရန်ရဲ့လက်ကို တစ်နာရီအတွင်း ကိုင်ခိုင်းထားရမယ်။]

[တတိယသခင်​လေးရဲ့ပိုင်ဆိုင်မှုငွေ​ကြေးက ... တုနှိုင်းမရဘူး​နော်!!!]

[တတိယသခင်​လေးက တစ်နေ့လုံးတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ဖို့အချိန်အားနေမယ်လို့ ငါ မထင်ဘူး။]

[ငါတို့ငွေ​တွေစု​ပေါင်းကောက်ဖို့လိုအပ်နေပြီ။ က​လေး​လေးအတွက်​ စိတ်​နာတယ်​။]

[ဒီဇာတ်ကားက အရမ်းကောင်းပေမယ့် မာစတာရန်က ရုပ်ရှင်ကားကိုပဲ ကြည့်​နေတာ။]

[ဝင်ထည့်ကြ!!! ငါတို့ကလေးလေးတွေရဲ့ ပျော်ရွှင်မှုအတွက်!!!]

ကျူယီ​ဖေး၏ပရိသတ်များသည် တစ်နာရီအတွင်း လက်ဆောင်စာရင်းပြန်ဖွင့်မည့်အချိန်ကို စောင့်မျှော်နေကြပြီး စိတ်အားထက်သန်နေကြသည်။

သို့​​သော်လည်း...

အလွန်ချမ်းသာသော ချူးကျင်းချန်း၏ရှေ့တွင် လူစုလူဝေးဆီမှရန်ပုံငွေရှာထားသောငွေသည် အ​သေးအမွှား​လောက်သာ ဖြစ်ပေလိမ့်မည်။

ချူးကျင်းချန်းသည် အခြားသော 999 အပျော်စီးသင်္ဘောများကို အသုံးပြုပြီး လူတိုင်းကိုကျော်တက်သွားသည်။

ရှီရန်နှင့်ကျူယီ​ဖေးအကြားအကွာအဝေးလည်း တိုးလာသည်။

တစ်မီတာကျော်မှ နှစ်မီတာကျော်အထိဖြစ်လာသည်။

နောက်ဆုံးတွင် တစ်ယောက်ကဆိုဖာပေါ်၌ထိုင်ပြီး နောက်တစ်ယောက်က ကုတင်ပေါ်၌ထိုင်နေသည်။ သူတို့ လုံးလုံးဝေးကွာသွားကြသည်။

ပရိသတ်များ မျက်ရည်ကျနေကြသည်။

[ကလေးလေး၊ ငါတို့တောင်းပန်ပါတယ်။ ငါတို့လက်လျှော့လိုက်ပြီ။]

[သူက လက်ဆောင်အရမ်းပေးလွန်းတယ်။ ငါတို့ အနိုင်ယူလို့မရဘူး... ဝူး ဝူး]

[ချမ်းသာတာကအရမ်းကောင်းလွန်းတယ်။ အရမ်းအားကျတာပဲ!!]

အစမှအဆုံးထိ ရှီရန်နှင့်ကျူယီ​ဖေးတို့သည် စခရင်ပေါ်မှအခြေအနေကို မသိခဲ့ကြပေ။

သူမသည် ၎င်းအား အခြားသောအတွဲပရိသတ်များ သို့မဟုတ် ကျူယီ​ဖေးပရိသတ်များ၏ တမင်စီစဉ်မှုတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။

ရိုက်ကူးရေးပြီးဆုံးသွားသောအခါ ကျူယီ​ဖေးသည် သူ့တွင် အသက်ရှင်စရာအ​ကြောင်းတစ်ခုမှ မရှိတော့ပုံပေါ်နေသည်။

ရှီရန်သည် သူမ၏ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး မြို့တော်သို့ပြန်သွားရန် ပြင်ဆင်သည်။

ဂျီဝမ်ဖုန်း၏ကားက တံခါးဝ၌စောင့်နေသည်။

သူမ ကားထဲသို့ဝင်လာသောအခါ ရယ်စရာ​တွေ့သကဲ့သို့စ​နောက်ချင်နေသောမျက်လုံးတစ်စုံကို ရုတ်တရက် တွေ့လိုက်ရသည်။