၈၂
Viewers 9k

"စတားမြို့​တော်ဖျော်​ဖြေ​ရေးကပိတ်ရတော့မှာလား။" ရှီရန်ထိုင်ပြီး ကျူးယို့ဟန်ကို ကြည့်လိုက်သည်။

ကျူးယို့ဟန်ဆွံအသွားသည်။

ချီး

ဒီနှစ်ယောက်က ဘာလို့ဒီလိုမျိုးတူတဲ့စကား​တွေ အမြဲပြောရတာလဲ။

ချူးကျင်းချန်းအကြောင်းကိုတွေးမိရင်း သူ ပြုံးမိပြန်သည်။ "ဒီနေ့နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။ တတိယသခင်​လေးအနားမှာမရှိတာကိုနေသားမကျ​သေးဖူးမလား"

"ကျွန်မတို့ နှစ်ရက်ပဲအတူတူရိုက်ကူး​ရေးဝင် ထားတာ။ နှစ်ရက်က အလေ့အကျင့်တစ်ခုဖြစ်ဖို့အတွက် အချိန်တိုတောင်းလွန်းပါတယ်။" ရှီရန်သည် ရေတစ်ပုလင်းယူကာ တစ်ငုံသောက်လိုက်သည်။

ကျူးယို့ဟန်က ဆွံအသွားပြန်သည်။

သူ တကယ်ကိုခံစားရသည်။

ကျင်းချန်းသည် ရှီရန်ကဲ့သို့သော မိန်းကလေးကို လိုက်ပိုးရန်သတ္တိရှိသည်။

ဒီအခက်အခဲတွေကိုထိပ်တိုက်တွေ့ရဲတဲ့စိတ်ဓာတ်က လေးစားစရာကောင်းတယ်။

"ဒါပေမယ့် တတိယသခင်​လေးက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာပါဝင်ခဲ့တယ်လို့ယူဆနိုင်တယ်။" ကျူးယို့ဟန်က ဆက်ပြောသည်။

"ဟမ်?" ရှီရန်က စိတ်ရှုပ်ထွေးစွာကြည့်လာသည်။

ကျူးယို့ဟန်က ထူးထူးခြားခြားပြုံးလိုက်သည်။ "အခုထိမသိသေးဘူးမဟုတ်လား။ တတိယသခင်​လေးက ဒီနေ့အရမ်းရက်ရောနေတာ"

'ရက်ရောတယ်?'

ရှီရန်က မျက်ခုံးပင့်လိုက်သည်။

ယနေ့ ကျူယီ​ဖေးနှင့်အတူတိုက်ရိုက်ထုတ်လွှင့်နေချိန်၌ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကို သူမ ရုတ်တရတ် သတိရသွားသည်။

ထိုအချိန်တွင် ထိပ်တန်းလက်ဆောင်ရှင်သည် ချူးကျင်းချန်း၏အမာခံပရိသတ်တစ်ဦးဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။

ယခုမူကား...

"သူက ချူးကျင်းချန်းလား?"

"ဘယ်လိုထင်လဲ?" ကျူးယို့ဟန်ကမျက်တောင်ခတ်လိုက်သော်လည်း မှတ်ချက်မပေးပေ။

ရှီရန်သည် မျက်လုံးများကို ကျဥ်း​မြောင်းလိုက်သည်။

သူမ အံ့သြသွားသည်။

သို့​​သော် ၎င်းက ချူးကျင်းချန်းလုပ်လိမ့်မည့်အရာတစ်ခုဖြစ်နိုင်သည်။

ကားလမ်းခရီးက ချောမွေ့သည်။

ရှီရန်သည် မြို့တော်ရှိသူမ၏တိုက်ခန်းသို့ ပြန်ရောက်သောအခါ ညဉ့်နက်နေပြီဖြစ်သည်။

"ဒီး-"

သူမ ရေချိုးခန်းမှထွက်လာသောအခါ စားပွဲပေါ်မှဖုန်းတုန်ခါသံကို ကြားလိုက်ရသည်။

သူမသည် စစ်ဆေးရန် ရှေ့သို့တိုးသွားသည်။

ချူးကျင်းချန်းဖုန်းခေါ်ဆို​နေခြင်းဖြစ်သည်။

သူမ ဖုန်းကိုင်လိုက်ပြီး ဖုန်းကိုနားရွက်နားထားကာ ပျော့ပျောင်းသောဆိုဖာပေါ်၌ ထိုင်လိုက်သည်။

"ဒီည လပြည့်ဝန်းကြီးကိုမြင်ရတယ်။" ချူးကျင်းချန်း၏နက်ရှိုင်းသောအသံသည် နူးညံ့သိမ်မွေ့သည်။

"အိုး?"

ရှီရန်သည် လသာဆောင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း လကို မမြင်ရပေ။

သူမ ထလိုက်သည်။

သူမ လက်ရန်း၌မတ်တပ်ရပ်လိုက်ပြီးအ​ပေါ်ကိုကြည့်စဥ် လေပြေက သူမမျက်နှာကို တိုက်ခတ်လာသည်

မှောင်မိုက်နေသောညကောင်းကင်တွင် လပြည့်ဝန်းသည် အမြင့်တွင်ရှိနေသည်။

သူမ၏နှုတ်ခမ်းကွေးညွှတ်သွားကာ သူမ ပြုံးလိုက်သည်။ "ဟုတ်တယ်၊ လပြည့်ပဲ။"

ချူးကျင်းချန်းသည် KT အဆောက်အဦအဦး၏အပေါ်ဆုံးထပ်တွင် ရပ်နေပြီး ရှီရန်
ကဲ့သိုတူညီသောလကို မော့ကြည့်လိုက်သည်။

သူ ကျေနပ်စွာ မျက်လုံးကို မှေးထားသည်။ "ဒီနေ့တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကျွန်တော့်အခန်းပဲ။"

"အင်း။"

“ငါးသန်းလောက် ကျွန်​တော်သုံးလိုက်တယ်” ဟု သူကထပ်ပြောသည်။ သူသည် ချီးမွမ်းခြင်းကိုစောင့်ဆိုင်းနေသည့်ကလေးတစ်ယောက်ကဲ့သို့ မျှော်လင့်နေသံ​ပေါက်သည်။

"နှ​မြောစရာ​ကောင်းလိုက်တဲ့ပိုက်ဆံတွေ။"

ချူးကျင်းချန်းရယ်လိုက်ပြီး သူ့ရယ်မောသံသဲသဲက ပြည့်လျှံလာသည်။

"မင်းမနက်​ဖြန်​ ဇာတ်​ကား​ရိုက်ကူးရမယ် မဟုတ်​လား။ ပိုင်ကျင်းထျန်က အမျိုးသားဇာတ်​​ဆောင်​ဖြစ်​မယ်​?" သူ့မျက်လုံးအ​ရောင်လက်သွားသည်။

"အမျိုးသမီးဇာတ်ဆောင်က ဝမ်ယု​ဖေးလေ" လို့ ရှီရန်ကပြောသည်။

"တမင်တကာ​ပြောတာလား?" ချူးကျင်းချန်းက ပြုံးပြုံးလေး မေးသည်။ "သူမနဲ့ကျွန်​တော်အ​ကြောင်း... ရှင်းပြလို့ရပါတယ်"

"ရှင်းပြစရာမလိုပါဘူး" ဟု ရှီရန်
က နှလုံးသားမဲ့စွာ ငြင်းဆိုသည်။

သို့သော် ချူးကျင်းချန်းသည် ပို၍ပင်ပျော်ရွှင်စွာ ပြုံးနေသည်။

သူ့လက်ညှိုးကို လက်ရန်းတစ်လျှောက်ရွှေ့လိုက်သည်။ "မနေ့ကထွက်သွားဖို့ငြင်းလိုက်ရင် ကျွန်​တော့်အတွက် ကူတိုက်ခိုက်​ပေးမယ်လို့ပြောခဲ့တုန်းက အတည်ပြောခဲ့တာလား?"

"ကျွန်မ အတည်ပြောတာ။"

"မင်း မနိုင်ရင်ကော ဘာဖြစ်သွားမလဲ" ချူးကျင်းချန်းသည် လက်ရန်းကိုမှီ၍ သူ့မျက်နှာပေါ်ရှိအပြုံးကို မသတ်နိုင်​ပေ။

"ရှင် ရှိနေသေးတယ်လေ။"ချူးကျင်းချန်း၏အပြုံးပိုနက်ရှိုင်းလာသည်။

ခဏအကြာတွင် ရှီရန်၏တုံ့ဆိုင်းနေသော အသံကို သူကြားလိုက်ရသည်။

"ကျွန်မ...ရှင့်ကို မေးခွန်းတစ်ခုမေးချင်တယ်"

ချူးကျင်းချန်း မျက်ခုံးပင့်လိုက်သည်။

ရှီရန်က သူ့ကို ထိုကဲ့သို့လေသံနဲ့ပြောသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။

'မေးခွန်းမေးမလို့လား'

'ဒီနေ့အကြောင်းကို သိသွားပြီး သူမကို ငါကြိုက်နေတာလားလို့ မေးချင်တာလား။'

'ဒါမှမဟုတ် ငါနဲ့ဝမ်ယု​ဖေးအကြောင်း မေးချင်တာလား'

ထိုအချိန်တွင် ချူးကျင်းချန်းသည် စိတ်လှုပ်ရှားလာသည်။

အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် ရှီရန်က မေးသည်။“ကျွန်မ မေးချင်တာက ရှင့်ကို ကိုယ်ခံပညာဘယ်သူသင်ပေးခဲ့တာလဲ။"

ချူးကျင်းချန်း :"..."

သူပြန်မဖြေသောအခါ ရှီရန်က ရှင်းပြသည်။"လူတော်တော်များများက သူတို့ရဲ့ဆရာတွေကို ထုတ်ဖော်မပြောချင်ကြဘူးဆိုတာ ကျွန်မသိပါတယ်။ဒါပေမယ့် ရှင်က အရမ်း...သန်မာနေတဲ့အတွက် ကျွန်မသိချင်ရုံသက်သက်ပါ"

"အဲဒါကို မင်းမေးချင်တာလား။" ချူးကျင်းချန်း၏နှုတ်ခမ်းသည် အန္တရာယ်ရှိစွာ ကွေးတက်သွားသည်။

"အင်း" ရှီရန်က ရိုးရိုးသားသားပြန်ဖြေသည်။

"မနက်ဖြန် စောစောစီးစီးရိုက်ကွင်းသွားရဦးမှာမလား။ စောစောအနားယူလိုက်​တော့။တစ်ညလုံး မအိပ်ပဲမ​နေနဲ့" လို့ ချူးကျင်းချန်းက ပြုံးပြီး ပြောသည်။

ရှီရန်က သူ မ​​ပြောပြချင်ဟု ထင်သည့်အတွက် သူမ ဆက်မ​မေး​တော့​ပေ။ "အို​ကေပါ။"

ထို့​နောက် ရှီရန်က ဖုန်းချလိုက်သည်။

ချူးကျင်းချန်းသည် တစ်ဖက်ရှိဖုန်းချလိုက်​သောအသံကိုနားထောင်ပြီး အားကိုးရာမဲ့ ရယ်မောလိုက်သည်။ သူက “နှလုံးသားမရှိတဲ့မိန်းက​လေး” ဟု ရေရွတ်သည်။

နောက်တစ်နေ့တွင် ဝန်ထမ်းများသည် ရိုက်ကွင်းကို ပြင်ဆင်ဆဲအချိန် ရှီရန်သည် အစောကြီးရောက်လာသည်။

ဂျီဝမ်ဖုန်းက သူတို့ကို ရိုက်ကွင်း၌ထားပြီး ထွက်သွားသည်။

ဖန်တုံတုံသည် ရှီရန်၏နောက်သို့လိုက်လာကာ စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်သည်။

"မမရန်၊ ဒါက ညီမပထမဦးဆုံးရိုက်ကွင်းကို​ရောက်ဖူးတာပဲ။ အရမ်းမှော်ဆန်တယ်လို့ ခံစားရတယ်" လို့ စိတ်လှုပ်ရှားစွာ ပြောသည်။

ရှီရန်ပြုံးပြီး စကားမပြောဘဲ အများသူငှာ အဝတ်လဲခန်းဆီသို့ တည့်တည့်သွားသည်။

ထုတ်လုပ်ရေးအဖွဲ့တွင်ကိုယ်ပိုင်အ၀တ်လဲခန်းရသောအမျိုးသားခေါင်းဆောင်၊အမျိုးသမီးခေါင်းဆောင်များမှလွဲ၍ အခြားသရုပ်ဆောင်များသည် အများသူငှာအ၀တ်လဲခန်းတွင် ၎င်းတို့၏မိတ်ကပ်ကို လိမ်းနိုင်သည်။

သူမ အထဲကို၀င်သွားပြီး​နောက် တံခါးကိုအားဖြင့်ဖွင့်သံကို ကြားလိုက်ရသည်။

ဇိမ်ခံအမှတ်တံဆိပ်များ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် နာမည်ကြီးတံဆိပ်ပါအိတ်တစ်လုံးကိုကိုင်ဆောင်ကာ မောက်မာစွာ ဝင်လာသည်။

"ဒီအ၀တ်လဲခန်းကို ငါတစ်ယောက်တည်း သုံးမယ်။အားလုံးထွက်သွားကြ" လို့ ကျယ်လောင်စွာပြောရင်း သူမ၏မာနကြီးသောအကြည့်က လူတိုင်းအ​ပေါ်ကို ဖြတ်သန်းသွားသည်။

အဝတ်လဲခန်းထဲကလူများက တယောက်ကို တယောက်ပြန်ကြည့်ရင်း တအံတသြဖြစ်​နေသည်။

"အမ်... အစ်မကျင်လိန်၊ တခြားသရုပ်ဆောင်တွေကလည်း မိတ်ကပ်လိမ်းရဦးမှာပေါ့" ဟု မိတ်ကပ်ပညာရှင်တစ်ဦးက ဂရုတစိုက်ပြောသည်။

"အဲ့​တော့?" ကုံးကျင်လိန် က မနှစ်သက်စွာဖြင့်မေးလိုက်သည်။

မိတ်ကပ်ပညာရှင်က စကားဆက်ပြောရန် အလွန်ကြောက်သွားသည်။

"ဒါက ဘယ်သူလဲ သူမက မာနကြီးလိုက်တာ"ဖန်တုံတုံက ရေရွတ်သည်။

"သူမက ဒီကားမှာ တတိယမြောက်အမျိုးသမီးဇာတ်ကောင်​လေ။ အစက သူမ မပါဝင်ဘူးလို့ ကြားသိရပေမယ့် ဒီလိုဝင်လာတာကြည့်ရ​သလောက် သူမမှာကျောထောက်နောက်ခံအခိုင်အမာရှိပုံပဲ။"

တစ်ယောက်ယောက်က တိုးတိုးလေးပြောပြီး ရှင်းပြသည်။

ရှီရန်၏မျက်လုံးများတွင် သ​​ဘော​ပေါက်မှုများ ပြည့်နှက်သွားသည်။

"ဒါပေမယ့် ဒါက အများသူငှာအသုံးပြုဖို့အတွက်​လေ။ တစ်ယောက်တည်းသုံးချင်တယ်ဆိုရင်တော့ ဝန်ထမ်းတွေဆီကသီးသန့်တစ်ခုပဲ သွား​တောင်း​ပေါ့" ဟု သရုပ်ဆောင်တစ်ဦးက မကျေမနပ်ပြောဆိုသည်။

ကုံးကျင်လိန်သည် မျက်လုံးများကို မှေးထားပြီး ဒေါက်မြင့်ဖိနပ်စီးကာ သူမရှေ့သို့ လျှောက်သွားလိုက်သည်။ သူမလက်ကို မြှောက်ကာ မင်းသမီး၏မျက်နှာကို ပါးရိုက်လိုက်သည်။

"ဖြန်း-"

ကျယ်​လောင်​သောပါးရိုက်သံက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ကုံးကျင်လိန်သည် ဤမျှမာနကြီးပြီး ထိုကဲ့သို့ တစ်စုံတစ်ယောက်ကိုရိုက်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။

ခဏလောက် လူတိုင်းက ပြသနာဖြစ်လာသဖြင့် မည်သူမှ အသံမထွက်ရဲကြပေ။

မင်းသမီးသည် သူမ၏ပါးကိုဖုံးအုပ်ကာကုံးကျင်လိန်ကို ထိတ်လန့်စွာကြည့်သည်။

"ဒါက ငါ့ကိုစိန်ခေါ်တဲ့အတွက်ရလဒ်ပဲ" ကုံးကျင်လိန်က လှောင်​ပြောလိုက်သည်။

သူမ၏မောက်မာသောအကြည့်များက လူတိုင်းအ​ပေါ်ကိုရောက်သွားသည်။ "ဘာလို့မထွက်သွားကြ​​သေးတာလား။ နင်တို့ကို တစ်ယောက်ပြီးတစ်ယောက်ထွက်ခိုင်းဖို့ ငါ လူရှာခိုင်းရဦးမှာလား"

မည်သူကမှပြန်မပြောသည်ကိုမြင်၍ သူမအနောက်ကလက်ထောက်ကို အော်ခေါ်လိုက်သည်။ "အဝတ်လဲခန်းကို သုံးခါလောက် သန့်ရှင်းရေးလုပ်ခိုင်းလိုက်။ လူအများကြီးရှိ​နေတာကြောင့်အခန်းကညစ်ပတ်နေပြီ"

မင်းသမီးအငယ်သည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို ကိုက်သည်။

၎င်းကို ကုံးကျင်လိန်သတိပြုမိသောအခါ သူမက လှောင်​ပြောသည်။ "ငါ နင့်ကို ပြောနေတာလေ။ ထွက်သွား​စမ်း။"

ထို့နောက် သူမကို တွန်းလိုက်သည်။

သတိမထားမိဘဲ မင်းသမီးက နောက်ပြန်လဲကျတော့မည်။

သူမ လဲကျလုနီးပါးဖြစ်နေသည်။

တစ်စက္ကန့်အကြာတွင် လက်တစ်ဖက်က သူမနောက်ကျောသို့ ရောက်လာပြီး သူမကိုယ်ကိုထိန်း​ပေးလိုက်သည်။

သူမ ထိတ်လန့်စွာမော့ကြည့်လိုက်သောအခါ ရှီရန်၏လှပသောမျက်နှာကို တွေ့လိုက်ရသည်။ သူမက မတ်တပ်ထရပ်ပြီး ကျေးဇူးတင်စွာပြောသည်။ "ကျေးဇူးတင်ပါတယ် အစ်မရှီရန်"

"နင်က ရှီရန်လား?" ကုံးကျင်လိန်သည် သူမအား မနှစ်သက်စွာ အ​ပေါ်​အောက်တစ်ချက်အကဲခတ်လိုက်သည်။ "အကောင်းဆုံးမင်းသားပိုင်ရဲ့အိပ်ရာပေါ်တက်ပြီး ဒုတိယမြောက်အမျိုးသမီးဇာတ်ကောင်ကိုရတာကြောင့် ငါ့ကို နင်စိန်ခေါ်နိုင်မယ်လို့ နင်ထင်​နေတာလို့​တော့လာမပြောနဲ့"

"နင် အိမ်သာကထွက်လာတာလား။ နင့်ပါးစပ်က အနံ့တွေထွက်နေတယ်" ရှီရန်ပျင်းရိစွာပြောသည်။

"ငါ့ပါးစပ်က နံတယ်လို့ ဘယ်လိုတောင်ပြောရဲနေတာလဲ၊ ခွေး​ကောင်မ။"

ကုံးကျင်လိန်၏အမူအရာ ပြောင်းသွားသည်။ သူမသည် သူမ၏ရှည်လျားသောလက်သည်းနီနီများကို ဆန့်ထုတ်လိုက်ပြီး ရှီရန်၏မျက်နှာဆီသို့ လှမ်းလိုက်သည်။

သူမကို မထိနိုင်ခင် လက်က လေထဲ၌အဖမ်းခံလိုက်ရသည်။

"ငါ့ကိုလွှတ်စမ်း" ကုံးကျင်လိန် ရုန်းကန်သည်။

သို့သော် ရှီရန်မှာ မလှုပ်မယှက်ရှိနေသည်။

"ကောင်မ ငါ့ကိုလွှတ်စမ်း နားမကြားဘူးလား?" ကုံးကျင်လိန်၏အသံသည် ကျယ်​လောင်လာပြီး သူမ၏အသံက နားမခံမရပ်သာဖြစ်စေသည်။

ရှီရန်က ပြုံးလိုက်သည်။ "အင်း၊ ငါ နင့်ကိုလွှတ်ပေးလိုက်မယ်။"

သူမ လွှတ်ပေးလိုက်သည်။

ကုံးကျင်လိန်က သွားကိုကြိုတ်​နေသည်။ "အနည်းဆုံးတော့ နင့်နေရာကိုနင်သိ..."

"ဖြန်း-"

ကုံးကျင်လိန်၏ပါးကို ရိုက်လိုက်သည်။