(1)ထပ်ကြည့်လိုက်ပါဦး
ထျန်းလန်ရှင်း ရင်ပြင်။
ဝိဥာဥ်စွမ်းအားစမ်းသပ်စစ်ဆေးရေးစက် ဒါဇင်ကျော်လောက်က နေလုံးကြီးရဲ့အလင်းရောင်အောက်မှာ တောက်ပနေခဲ့တယ်။
အရွေးချယ်အစမ်းသပ်ခံမဲ့ အင်အားပြည့်ဝတဲ့ လူငယ်တွေကလည်း စိတ်လှုပ်ရှားစွာဖြင့် ထိုစမ်းသပ်စစ်ဆေးရေးစက်ရှေ့မှာ လူတန်းရှည်ကြီးဖြစ်တဲ့အထိ တန်းစီနေခဲ့ကြပြီး ချန်ယန်စစ်အကယ်ဒမီရဲ့တာဝန်ရှိသူမှ သူတို့ရဲ့နာမည်ကိုခေါ်လာမဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
နွေရာသီရဲ့ နေရောင်ခြည်က စူးရဲတောက်ပလွန်းပြီး အလွန်အမင်းလည်း ပူပြင်းနေတာကြောင့် လီကျိုးရှင်းတစ်ယောက် သူ့ရဲ့ မျက်ဝန်းတွေကို ပိတ်ထားမိတယ်။ ဒီလိုပိတ်ထားတာတောင် အဖြူရောင်အလင်းတန်းက သူ့ရဲ့ပိတ်ဆို့ထားတဲ့မျက်ခွံကိုဖြတ်သန်းလာဆဲဖြစ်ပြီး သူ့ရဲ့လည်ချောင်းတွေကလည်း ကော်ပတ်တိုက်ထားသလိုမျိုး ခြောက်ကပ်နေခဲ့ပြီ။
“ဒီခရီးလမ်း” စာအုပ်က ကြယ်တာရာခေတ် ကိုအခြေတည်ရေးဖွဲ့ထားပြီး ဇာတ်လမ်းတစ်ခုလုံးကလည်း BG ရိုမန့်တွေနှင့်ပြည့်လို့နေကာ အလှလေးတွေကတော့ တိမ်တွေမျောလွင့်လာသလို ဟောတစ်ယောက် ဟောတစ်ယောက်ပေါ်ထွက်လာတတ်တယ်။
စာအုပ်ရဲ့ အဓိကဇာတ်လိုက် ၊ သို့တည်းမဟုတ် လီကျိုးရှင်းရဲ့အကြိုက်နှစ်သက်ဆုံးသောဇာတ်ကောင် __ ကုဝမ်ချန် မကြာခင် ပေါ်ထွက်လာတော့မယ်။
လီကျိုးရှင်း တကယ်ကိုနည်းနည်းလောက်တော့ စိတ်လှုပ်ရှားနေခဲ့တယ်။
[ ကုဝမ်ချန်ရဲ့နှုတ်ခမ်းထောင့်တွေက အပေါ်သို့မြင့်တက်သွားခဲ့တယ်။
“ကျေးဇူးတင်ပါတယ်”
သူက သူ့ကိုယ်သူ ကောင်းမွန်ပုံပေါ်စေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းစွာသိနေခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ ကုဝမ်ချန်ထံမှ အားအင်ပြည့်ဝပြီး လူငယ်ဆန်တဲ့သဘာဝတွေကြားမှာ ရင့်ကျက်တည်ငြိမ်တဲ့အရှိန်အဝါအနည်းငယ်ထွက်ပေါ်လာတယ်။ ထို အလွန်အမင်းခြားနားလွန်းတဲ့ အရှိန်အဝါနှစ်ခုက ပျားရည်ဖျော်ရည်လိုမျိုးလှုပ်ခတ်သွားပြီး မိန်းကလေးတွေရဲ့နှလုံးသားထဲကိုမွှေနှောက်ကာ သူ့ရဲ့ဘေးပတ်လည်မှာ လိပ်ပြာလေးတွေလို ပျံဝဲနေကြတော့တယ်။
သူ့ကိုဦးဆောင်ခေါ်လာခဲ့တဲ့ အမျိုးသမီးကတောင် အချစ်နဲ့ပထမဆုံးစတင်ထိတွေ့မိတဲ့ မိန်းမပျိုလေးလိုမျိုး ရှက်သွေးဖြန်းသွားရတယ်။
“ကျေးဇူးတင်စရာမလိုပါဘူး.. ချန်ယန်စစ်အကယ်ဒမီရဲ့ဝင်ခွင့်စစ်ဆေးပွဲမှာ အကောင်းဆုံးဖြစ်ပါစေနော်”]
လီကျိုးရှင်း ဝတ္ထုထဲမှဇာတ်ကွက်တွေကိုတွေးတောနေစဥ်မှာပဲ အနီးမှဆရာတစ်ယောက်က လှမ်းခေါ်လာတယ်။
“နောက်တစ်ယောက်! လီကျိုးရှင်း”
လီကျိုးရှင်း သူ့ရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကို လျာနဲ့လျက်လိုက်တယ်။ပြီးနောက် ခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်သွားရင်း ချန်ယန်စစ်အကယ်ဒမီရဲ့ ဆရာကိုအလျှင်အမြန်နှုတ်ဆက်လိုက်တယ်။
“ရှိပါတယ်”
သူ့ရဲ့အပြုံးက ခန္ဓာကိုယ်ကြွက်သားတွေရဲ့မှတ်ဥာဏ်အတိုင်း ရှိနေပြီး ကောင်းကင်ယံမှာတောက်ပနေတဲ့ နွေရာသီရဲ့နေမင်းထက်တောင် ပိုမိုနွေးထွေးပြီး တောက်ပနေသေးတယ်။
ချန်ယန်စစ်အကယ်ဒမီရဲ့ ဆရာက လီကျိုးရှင်းရဲ့တုံးအအနဲ့ချိုမြိန်ပုံရတဲ့အပြုံးနဲ့ရင်ဆိုင်လိုက်ရချိန်မှာ ရပ်တန့်သွားရပြီး သူ့ရဲ့နေရောင်ခြည်လို ပင်ကိုယ်စရိုက်လေးကြောင့် ကူကယ်ရာမဲ့စွာ ရယ်မောမိလုနီးပါးပဲ။
“ဒီကိုလာခဲ့လေ .. မင်းအဆင်သင့်ဖြစ်ရင် မင်းရဲ့ဝိဥာဥ်စွမ်းအားကို စတင်စစ်ဆေးတိုင်းတာလို့ရပြီ.. ငါတို့အကယ်ဒမီရဲ့ဝင်ခွင့်အမှတ်က( ၁၂၀၀ )ပဲ”
စက်ပစ္စည်းတွေမှာရှိနေတဲ့နံပါတ်က (0)ကနေ (3000)အထိပဲ။ ဒီ စွမ်းအက်စစ်ဆေးရေးစက်တွေအားလုံးက အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ငှားရမ်းထားခဲ့တာ။ တချို့သော စက်ပစ္စည်းတွေကသာ စစ်တပ်နဲ့ ဆေးရုံတွေမှ ငှားရမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆေးမှုမှ ထွက်ပေါ်လာမဲ့အစကနေအဆုံးထိ ယှဥ်ပြိုင်စစ်ဆေးမှုတွေရဲ့ ရလဒ်တွေအားလုံးက အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ ရုံးခန်းထဲကိုရောက်သွားလိမ့်မယ်။
“ကောင်းပါပြီ”
လီကျိုးရှင်း ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့လက်ကိုမြှောက်ကာ စက်ကိုထိဖို့လုပ်ချိန်မှာ သူ့ရဲ့ ညာဘက်ဘေးနားမှ ဆရာတစ်ယောက်က ရုတ်တရက်ထအော်လာတယ်။
“ကုဝမ်ချန်”
ကုဝမ်ချန်လား။ ဒါက အဓိကဇာတ်လိုက်ရဲ့နာမည်ပဲ။
လီကျိုးရှင်းရဲ့လက်က လေထဲမှာရပ်တန့်သွားပြီး တစ်ဖက်သို့လှည့်ကြည့်လိုက်တယ်။
လူအုပ်ကြီးရဲ့ကြားထဲမှ လူငယ်တစ်ယောက်က အနောက်ဘက်မှ တိုးထွက်လာခဲ့ကာ သူ့ရဲ့စစ်ဆေးမှုအတွက် အလျှင်မလိုစွာ လမ်းလျှောက်လာခဲ့တယ်။ သူက အရပ်ရှည်ပြီး သူ့ရဲ့အရပ်က စစ်ဆေးပေးမဲ့ဆရာကို နေရောင်မှကာကွယ်ပေးလောက်အောင်ရှည်နေခဲ့တယ်။ သူ့ရဲ့မျက်ဝန်းတွေက ခန့်မှန်းလို့မရလောက်အောင်နက်ရှိုင်းနေခဲ့ပေမဲ့လည်း သူပြုံးလိုက်ချိန်မှာတော့ အလွန်အမင်းတောက်ပနေပုံရတယ်။
“ဆရာ ကျွန်တော်ရောက်ပါပြီ”
အသက်မပြည့်သေးတဲ့ စစ်ဗိုလ်လောင်းတွေရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ရန်နှင့် သင်ကြားပို့ချပေးတဲ့ဆရာတွေထံမှ တူညီတဲ့ဆက်ဆံပေးမှုကို လူတိုင်း သေသေချာချာချာစေရန်အတွက် အင်ပါယာက သူတို့ကို ဝိညာဉ်စွမ်းအင်စမ်းသပ်ခြင်းတွေကို တားမြစ်ထားခဲ့တယ်။ ဒီအတွက်ကြောင့် လက်ရှိဒီနေရာမှာ စုစည်းနေကြတဲ့ လူငယ်တွေအားလုံးက သူတို့ဆီမှာ ဝိဥာဥ်စွမ်းအင် မည်မျှပိုင်ဆိုင်ထားမလဲဆိုတာကို မသိရှိကြသေးဘူး။
ဘယ်လို အထူးတလည်လေ့ကျင့်ပေးမှုမှ မရှိပါပဲ လူတစ်ဦးမှာရှိနေတဲ့ ဝိညာဉ်စွမ်းအင်ပမာဏက သူ့ရဲ့ပင်ကိုယ်အရည်အချင်းတွေအပေါ်မှာပဲ လုံးလုံးလျားလျားမူတည်နေလိမ့်မယ်။
သို့ပေမယ့် ကုဝမ်ချန်ကတော့ အလွန်ယုံကြည်မှုရှိနေခဲ့ပြီး လူအုပ်ကြီးရဲ့စိတ်လှုပ်ရှားမှုတွေက သူ့ဘက်သို့ အနည်းငယ်မျှလောက်တောင် ရိုက်ခတ်လာခြင်းမရှိပါဘဲ ရေလှိုင်းမထတဲ့ပင်လယ်ပြင်တစ်ခုလို တည်ငြိမ်စွာနဲ့ ရပ်နေခဲ့တယ်။
လီကျိုးရှင်းကတော့ သူ့ရဲ့ယုံကြည်မှုတွေ ဘယ်နေရာမှ ရောက်လာတာလဲဆိုတာကို ကောင်းကောင်းကြီးသိနေခဲ့တယ်။
ကုဝမ်ချန်က ဒီစာအုပ်ရဲ့ အဓိကဇာတ်ဆောင်ဖြစ်နေတာကြောင့် အခုလို ယုံကြည်မှုတွေရှိနေရခြင်းမဟုတ်ပဲ လက်ရှိ ကုဝမ်ချန်က မြင်နေရတာထက် ပိုပြီး အသက်ကြီးနေပြီဖြစ်နေလို့ပဲ။
ဇာတ်လမ်းထဲမှာ ရေးထားတာကတော့ ကုဝမ်ချန်က သူ့ခန္ဓာကိုယ်ကို အသက်နှစ်ဆယ်အရွယ်သို့ ပြန်ပြောင်းစေနိုင်မဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ဆေးတစ်မျိုးကိုသောက်သုံးခဲ့တယ်။ ထိုဆေးကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပြန်လည်ငယ်ရွယ်သွားခဲ့သလို သူ့ရဲ့ ဝိညာဉ်စွမ်းအင်သည်လည်း သိသိသာသာ တိုးလာခဲ့တယ်။
ဒါက အဆိပ်တွေနဲ့ဖုံးလွှမ်းထားပြီး လူတွေကိုစားသုံးနိုင်တဲ့ ထိပ်တန်းပန်းတစ်ပွင့်လိုမျိုးပဲ။ လှပပြီး သေစေနိုင်တယ်။ လုံးဝကို မထိတွေ့သင့်ဘူး။
လီကျိုးရှင်းက သူ့ရဲ့အကြည့်ကို ပြန်ပြောင်းလိုက်ပြီး စမ်းသပ်စစ်ဆေးရေးစက်မှအာရုံခံကိရိယာဆီသို့ သူ့လက်ကို ဖိချလိုက်တယ်။
တစ်ဖက်မှ ကုဝမ်ချန်ကလည်း လီကျိုးရှင်းနဲ့ တစ်ချိန်တည်းဖြစ်လုနီးပါး သူရဲ့စမ်းသပ်မှုကို စတင်ခဲ့တယ်။
ကုဝမ်ချန် သူ့ရဲ့လက်ကို အာရုံခံကိရိယာဆီသို့ ဖိလိုက်တာနဲ့ ဝိဥာဥ်စွမ်းအင်စမ်းသပ်စက်ရဲ့ နံပါတ်တွေက အရှိန်အဟုန်ပြင်းစွာဖြင့် ရွေ့လျားလာခဲ့ပြီး အဆင့်တစ်ခုပြီးတစ်ခု လျှင်မြန်စွာ ဖြတ်ကျော်သွားခဲ့ကာ တစ်ထောင်သို့ကျော်လွန်သွားတဲ့အချိန်ထိ နှေးကွေးသွားမဲ့ အရိပ်အယောင်ကို ပြသမလာခဲ့ဘူး။
အနီးအနားမှာရှိနေတဲ့လူတွေကတော့ ထိုမြင်ကွင်းကြောင့် အံ့သြတကြီးနဲ့ပွတ်လောရိုက်ဆူညံသွားခဲ့ကြတယ်။ တခြားလူတွေကလည်း ထိုဆူညံသံဖြစ်ပေါ်လာရတဲ့ အရင်းအမြစ်ဆီကို လှည့်ကြည့်လိုက်မိကြပြီး တရှိန်ထိုး တက်လာတဲ့ နံပါတ်တွေကြောင့် အလွန်အမင်း အံ့သြသင့်နေခဲ့ကြလေတယ်။
လီကျိုးရှင်းသည်လည်း နေရာပေါင်းစုံမှ ထွက်ပေါ်လာတဲ့ လူအုပ်ကြီးရဲ့ တီးတိုးရေရွက်မှုတွေကို ကြားနေခဲ့ရတယ်။ မူလဇာတ်ဝင်ခန်းထဲမှာလည်း တခြားသောသူတွေအားလုံးက အကြမ်းထည်သက်သက်သာဖြစ်ခဲ့ပြီး အဓိကဇာတ်လိုက်တစ်ဦးတည်းကသာ စင်မြင့်ပေါ်မှာ ထွန်းလင်းတောက်ပခဲ့ကာ လူတိုင်းရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တယ်လေ။
ပရော်ဖက်ဆာက အသက်ကိုပြင်းပြင်းရှူလိုက်မိပြီး သူ့ရဲ့တုန်ယင်နေတဲ့လက်တွေကို တည်ငြိမ်စေဖို့ ကြိုးစားနေခဲ့ရတယ်။
တာဝန်ကျဆရာရဲ့ တောက်လောင်နေတဲ့ အကြည့်အောက်မှာပဲ စက်ပေါ်မှ နံပါတ်တွေက( 2000 )ကျော်အထိ တဖြည်းဖြည်း တိုးလာခဲ့တယ်။
“လုပ်စမ်းပါ လုပ်လိုက်စမ်းပါ..နောက်ထပ် နည်းနည်းလောက်ပဲ...”
တာဝန်ကျဆရာက သူရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘူး။ သူ့အနေနဲ့ ဒီအကြောင်းကို ကျောင်းသို့ သတင်းပို့ဖို့ မစောင့်နိုင်တော့ဘူး။
ကုဝမ်ချန်ရဲ့ မျက်လုံးထဲမှာ တိုင်းတာတဲ့အရိပ်အယောင်တစ်ခု ဖြတ်ခနဲတောက်ပသွားခဲ့ပြီး သူရဲ့ ဆန္ဒအရ ဝိညာဉ်စွမ်းအင်အမှတ်တွေက (2300 )အဆင့်ကို မရောက်မချင်းမြင့်တက်မြင့်တက်လာခဲ့တယ်။
စိတ်လှုပ်ရှားမှုနဲ့ အံ့သြသင့်မှုတွေ ရောနှောနေတဲ့ အသံတွေက ရှုပ်ထွေးစွာ ထွက်ပေါ်လာခဲ့တယ်။ ဆရာတွေကတော့ အုပ်အော်သောင်းနင်းဖြစ်တဲ့နေရာသို့ ပြေးဝင်လာကြပြီး စိတ်လှုပ်ရှားမှုကြောင့် နီရဲနေတဲ့မျက်နှာနဲ့ မျက်နှာပြင်ပေါ်မှာပြသနေတဲ့ နံပါတ်တွေကိုရှိရာဘက်သို့ ကြည့်နေခဲ့ကြတယ်။
လူတိုင်းက အံ့ဖွယ်အခိုက်အတန့်ဖြစ်ပေါ်လာမဲ့အချိန်ကို စောင့်နေခဲ့ကြတယ်။
သို့သော်လည်း နောက်ထပ်အခိုက်အတန့်တစ်ခုကိုရောက်တော့ ထိုနံပါတ်အရေအတွက်တွေက ချောက်ကမ်းပါးမှ ပြုတ်ကျသွားသလိုမျိုး လျင်မြန်စွာနဲ့ တဟုန်ထိုး ကျဆင်းသွားခဲ့လေတယ်။
မယုံကြည်နိုင်ဖြစ်နေခဲ့ကြတဲ့ အကြည့်တွေရဲ့ အောက်မှာပဲ စမ်းသပ်မှုရလဒ်ရဲ့အမှတ်တွေက ညရဲ့နတ်ဘုရားမပေါ်ထွက်လာသလိုမျိုး မြင့်တက်လာခဲ့ပြီး ပြန်လည် ကျဆင်းသွားခဲ့တယ် :
လူတိုင်းကိုတုန်လှုပ်သွားစေတဲ့အထိ ဖောင်းပွမြင့်တက်လာခဲ့ပြီးမှ တခဏလေးအတွင်းမှာ ပြန်လည် ပြုတ်ကျသွားခဲ့တယ်။ ဒီတော့ အံ့သြမင်သက်ဖွယ်ရာအခြေအနေတွေက နောင်တရစရာကောင်းလောက်အောင်လျှင်မြန်စွာ ကွယ်ပျောက်သွားခဲ့တယ်။
သူတို့ကြည့်ရှုနေစဉ်အတွင်းမှာပဲ ကျဆင်းသွားတဲ့ နံပါတ်တွေက နောက်ဆုံးမှာတော့ ရပ်တန့်သွားကာ 1200 နေရာမှာပဲ မယိမ်းယိုင်ဘဲ ရပ်သွားခဲ့တယ်။ ဒီအမှတ်က အလွန်မြင့်မားတာမဟုတ်ရုံမကဘဲ အလွန်နည်းပါးတဲ့ ရမှတ်တစ်ခုပါဖြစ်နေသေးတယ်။
ကုဝမ်ချန်ရဲ့နှုတ်ခမ်းပေါ်မှာတော့ အလွန်အမင်းမသိသာလှတဲ့အပြုံးတစ်ခု ရှိနေခဲ့တယ်။ လူတိုင်းကို ဒီလိုမျိုး စိတ်လှုပ်ရှားစရာအခိုက်အတန့် ရရှိလာအောင် စနောက်ရတာက ရယ်စရာကောင်လွန်းတယ်။
တကယ့်ကို ပြပွဲကောင်းတစ်ခုပဲ။
လီကျိုးရှင်းကတော့ နှာတစ်ချက်မှုတ်လိုက်မိတယ်။ ဆူညံသံတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပြီ။
လီကျိုးရှင်း ဘေးမှာရပ်နေတဲ့ တာဝန်ခံဆရာကတော့ သက်ပြင်းချလိုက်လေတယ်။ ရုန်းရင်းဆန်ခတ်အပြီးမှာတော့ ထိုတာဝန်ခံဆရာက စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့နိုင်ခဲ့တယ်။
“ဒီနှစ် စက်က ဘာဖြစ်နေတာလဲ…”
ပြောနေရင်းနဲ့ပဲ ထိုဆရာက လီကျိုးရှင်းရဲ့ စစ်ဆေးမှုရလဒ်အတွက် နောက်ဆုံးရမှတ်ကို တစ်ချက်ကြည့်လိုက်တယ်။ ထို့နောက်မှာတော့ ယနေ့ အတွက်ဒုတိယအကြိမ်မြောက် သူ့ရဲ့တည်ငြိမ်မှုတွေပျောက်ဆုံးသွားပြီး တုန်လှုပ်သွားရပြန်တယ်။
“1890! အရမ်းကောင်းတယ်! လီကျိုးရှင်း၊ ဟုတ်တယ်မလား! မင်းကို ငါတို့ အကယ်ဒမီထဲကို လက်ခံလိုက်ပြီ! မြန်မြန်လေး မြန်မြန်လေး! ဟိုဘက်နားမှာသွားစောင့်နေ!”
ဆရာရဲ့အာမေဋိတ်သံက လူတိုင်းရဲ့အာရုံကို ဖမ်းစားလိုက်နိုင်ခဲ့ပြီး အလွန်အမင်း အမှုမထားတဲ့အမူအယာအတိုင်းရှိနေတဲ့ လီကျိုးရှင်းကို ဘေးပတ်လည်မှလူတွေကို လှည့်ကြည့်လိုက်ကြပြန်တယ်။
ကုဝမ်ချန်ရဲ့ မျက်လုံးတွေက လီကျိုးရှင်းရဲ့မျက်နှာဆီကို ကျဆင်းသွားခဲ့တယ်။
ကုဝမ်ချန်ရဲ့အကြည့်တွေက စူးရဲလွန်းပြီး ကြည်လင်ပြတ်သားမှုနှင့် ဆွဲဆောင်နိုင်မှုတွေက သူ့ရဲ့နက်ရှိုင်းလွန်းတဲ့ မျက်လုံးရဲ့အကြည့်တွေဆီမှာ ရောနှောနေခဲ့တယ်။
ထိုမျက်လုံးတွေက အပေါ်ယံမှာ ဖြူစင်ပြီး အပြစ်ကင်းစင်ပုံရသော်လည်း ထိုတောက်ပနေတဲ့ မျက်နှာပြင်အောက်မှာ ပုန်းကွယ်နေတဲ့ နက်မှောင်သော အရာတစ်ခုခု ရှိနေခဲ့တယ်။
လီကျိုးရှင်းက ကုဝမ်ချန်အကြည့်ကို တုံ့ပြန်တဲ့အနေနှင့် မျက်ခုံးပင့်ကာ ပြုံးပြလိုက်တယ်။
လီကျိုးရှင်းက ချောမောပြီး တောက်ပနွေးထွေးတဲ့ပုံစံမျိုးရှိတယ်။ သူ့ရဲ့ပတ်ဝန်းကျင်မှာဝန်းရံနေတဲ့ လေထုတွေက ငယ်ရွယ်နုပျိုပြီး စွမ်းအင်တွေနဲ့ ပြည့်နှက်နေပုံရကာ သူပြုံးလိုက်တဲ့အချိန်မှာ သူ့ကို ပိုပြီးသဘောကျစရာကောင်းတယ်လို့ ထင်ရစေနိုင်တယ်။
ကုဝမ်ချန်က လီကျိုးရှင်းရဲ့အကြည့်ကို စက္ကန့်အနည်းငယ်ကြာအောင် ဆုံစည်းစိုက်ကြည့်နေခဲ့ပြီးမှ သူ့ရဲ့လက်အောက်မှ စက်ကို ဖိလိုက်တယ်။ ယခင်တုန်းက (1200)မှာ တည်ငြိမ်နေပြီဖြစ်တဲ့ ရမှတ်တွေက နောက်ထပ်တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့ပြီး 1800 ကို ဖြတ်သွားကာ နောက်ဆုံး 1850 တွင် ရပ်တန့်သွားခဲ့တယ်။
ထိုရမှတ်က လီကျိုးရှင်းရဲ့ရမှတ်ထက် လေးဆယ်သာ လျော့နည်းခဲ့တယ်။
ဆရာက စိတ်ရှုပ်ထွေးစွာဖြင့် သူ့ရဲ့ခေါင်းကုတ်ခြစ်လိုက်မိတယ်။ သူက စက်ရဲ့အလုပ်လုပ်ပုံကို ပုံမှန်အတိုင်းရှိနေသေးရဲ့လားဆိုတာကို ထပ်ခါတလဲလဲ သေချာစစ်ကြည့်ပြီးမှ ခေါင်းကိုပြန်မော့ပြီး အနည်းငယ်စိတ်ပျက်နေတဲ့အသံနဲ့ပြောလာတယ်။
“ကုဝမ်ချန် 1850မှတ် ချန်ယန်စစ်အကယ်ဒမီကို ဝင်ခွင့်ရတယ်”