(2)
စောင့်ဆိုင်းရမဲ့နေရာမှာတော့ လူငယ်ဆယ်ဦးခန့် ထိုင်နေကြပြီ။ ချန်ယန်အကယ်ဒမီဆိုတာက စစ်သင်တန်းကျောင်းအဆင့်မှာ နံပါတ်တစ်အဖြစ် လူတိုင်းက တညီတညွတ်တည်း အသိအမှတ်ပြုထားတဲ့ကျောင်းဖြစ်တာကြောင့် လက်ခံတဲ့ လူငယ် အရေအတွက်သည်လည်း အလွန် နည်းပါးလိမ့်မယ်။
သို့သော်လည်း အပြင်ဘက်မှာ အစစ်ဆေးခံဖို့အတွက် စောင့်ဆိုင်းနေတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိနေသေးတယ်။ ထို့အပြင် ဒီလူပမာဏက ထျန်းလန်ရှင်းစစ်ဆေးရေးကွင်းပြင်နေရာမှာ စာရင်းသွင်းထားတဲ့သူတွေသက်သက်ပဲ ရှိသေးတယ်။ အကယ်ဒမီက ဂလက်ဆီတစ်ဝှမ်းလုံးမှ မတူညီသောနေရာတွေမှာ ဒါဇင်များစွာရှိရှိနေသေးတယ်လေ။
လီကျိုးရှင်း သူရဲ့ ချွေးတွေနဲ့စိုစွတ်နေသော ဆံပင်တွေကို အနောက်ဘက်သို့ ပြန်လှန်တင်လိုက်တယ်။
မကြာခင်မှာပဲ သူ့ရဲ့အနားသို့ တစ်ခြားလူတစ်ယောက်ရောက်ရှိလာတဲ့အကြောင်းကို ခြေသံတစ်စုံကြောင့် သိလိုက်ရပြီး အမျိုးသားဇာတ်လိုက်ရဲ့ သာယာလှပတဲ့မေးမြန်းလိုတဲ့စကားသံကိုကြားလိုက်ရတယ်။
“လီကျိုးရှင်းလား?”
“အင်း ငါက လီကျိုးရှင်းပါ”
လီကျိုးရှင်း သူ့ကို လှည့်ကြည့်လိုက်တယ်။ သူရှိနေတဲ့ထောင့်ဘက်မှ ကြည့်မယ်ဆိုရင် နေရောင်ခြည်က သူ့ရဲ့ မျက်လုံးကို တည့်တည့် ထိုးနေခဲ့တာကြောင့် လီကျိုးရှင်း တစ်ဖက်လူရဲ့ မျက်နှာကိုမြင်တွေ့ရဖို့အတွက် ခေါင်းကိုစောင်းပြီး ကြည့်လိုက်ရတယ်။
“နိဟောင်”
[ ကုဝမ်ချန်ရဲ့အမြင်အရဆိုရင် ဒီကောင်လေးတွေက အလွန်ငယ်ရွယ်လွန်းသေးပြီး အမွှေးအတောင်တွေတောင် စုံလင်ဦးမှာမဟုတ်ဘူး။ သူ့အနေနဲ့ ကလေးတွေနှင့် ရောရောနှောနှောနေရမှာကိုလည်း မကြိုက်လှဘူးလေ။ ဒီတော့ တခြားလူတွေရဲ့ မနာလိုစိတ်တွေ စိတ်ထဲကို ထည့်တာ ဒါမှမဟုတ် သူတို့တွေရဲ့တည်မြဲမှာမဟုတ်တဲ့ သူငယ်ချင်းအဖွဲ့တွေထဲသို့ သူ့ကိုယ်သူ ထည့်သွင်းတာတွေ မပြုဘူးဆိုတာက သဘာဝကျပါတယ်။
နာ့အမ်းအနေနဲ့ ကုဝမ်ချန်ကို သူ့ရဲ့ရွယ်တူဖြစ်တဲ့ တခြားသောသူတွေနဲ့ အတူတွဲပြီး တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထိုသူက နောက်ထပ်တစ်ခြားသော လူငယ်တစ်ယောက်နဲ့အတူ ပြုံးရယ်ရင်းနဲ့ စကားပြောနေတာကို မြင်တွေ့လိုက်ရတယ်။ ကုဝမ်ချန်က သူမ သူ့ဘက်ကို လှမ်းကြည့်နေတာကိုမြင်တော့ သူမဆီကိုနှုတ်ဆက်လာပြီး သူရဲ့ဘေးနားမှာရှိနေတဲ့ ပြုံးရယ်နေတဲ့ လူငယ်လေးနဲ့ မိတ်ဆက်ပေးလာတယ်။
“နာ့အမ်း မတွေ့တာကြာပြီ၊ သူက လီကျိုးရှင်းတဲ့”
နာ့အမ်းက လီကျိုးရှင်းကို စူးစမ်းစွာနဲ့ ကြည့်လိုက်မိတယ်။
ဝိုး၊ ဒီကောင်လေးက အလွန်ရွှင်မြူးတက်ကြွနေပြီး သူ့ကိုကြည့်မိတဲ့အချိန်မှာ မပြုံးမိဘဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။
နွေရာသီရဲ့ တိမ်တွေကင်းစင်နေသော ကောင်းကင်ကြီးလိုမျိုး ဒီကောင်လေးရဲ့ မျက်နှာထားတစ်ခုလုံးက တည်ငြိမ်ပြီး သက်တောင့်သက်သာရှိစေမှုကို ဖြာထွက်နေခဲ့တယ်။]
(Note_ [___] ထဲကစာတွေက မူလနိုဗယ်ထဲကစာတွေ ဖြစ်မယ်)
ကုဝမ်ချန်က အပူဒဏ်မခံနိုင်တော့သလိုမျိုး လီကျိုးရှင်းရဲ့ဘေးနားမှာရှိနေတဲ့ခုံမှာ ဝင်ထိုင်လိုက်တယ်။
“မင်းက တကယ့်ပါရမီရှင်ပဲ”
လီကျိုးရှင်းက အနည်းငယ်ထူးဆန်းသလိုခံစားရပြီး ပြန်လည်ပြောလိုက်တယ်။
“ဒါပေမယ့် မင်းကလည်း ငါနဲ့ အတူတူပဲမဟုတ်ဘူးလား”
“အမ် အမှတ်လေးဆယ်ခြားနားချက်က သိပ်ပြီး ကွာဟလွန်းတာတော့မဟုတ်ဘူးပေါ့”
ကုဝမ်ချန်က သူ့စကားတွေက ရှုပ်ထွေးသွားစေမှာကိုစိုးရိမ်တဲ့အလား ဖြည်းညှင်းစွာပြောလာတယ်။
“ဒါပေမယ့် ဒီရမှတ်က ရိုးရိုးရှင်ရှင်း နံပါတ်တစ်ခုမဟုတ်ဘူးလေ၊ ဒါက အရည်အချင်းကို ကိုယ်စားပြုထားတာ၊ ဒါကြောင့် အရည်အချင်းအရကြည့်မယ်ဆိုရင် ငါကမင်းထက် ၄၀ လောက် ပိုနိမ့်တယ်၊ ငါတို့တွေ လေ့ကျင့်တဲ့အချိန်ကျရင် ငါတို့ရဲ့ကြားထဲက ကွာဟချက်တွေက ပိုပိုကြီးလာလောက်လိမ့်မယ်”
“တကယ်လား?”
လီကျိုးရှင်း ရယ်မောလိုက်တယ်။
“ဒါပေမယ့် အဲဒါက မှတ်ကျောက်တင်ထားတာမဟုတ်ဘူးလေ၊ အရည်အချင်းဆိုတာက အရာအားလုံးကို မဆုံးဖြတ်နိုင်ဘူး”
ကုဝမ်ချန်က ခေတ္တရပ်တန့်သွားပြီး လီကျိုးရှင်းကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေထဲမှ နက်ရှိုင်းမှုတွေကတော့ သူဘာကိုတွေးနေတာလဲဆိုတာ ဖတ်လို့မရနိုင်အောင် ဖုံးကွယ်ထားခဲ့တယ်။
“မင်းပြောတာမှန်တယ်”
သူတို့တွေ ခဏလောက်စောင့်ပြီးမှ တစ်စုံတစ်ယောက်ရောက်ရှိလာခဲ့ပြီး သူတို့အုပ်စုကို ထျန်းလန်ရှင်းရင်ပြင်ရဲ့အနီးမှာရှိတဲ့လူနေအဆောက်အအုံတစ်ခုဆီသို့ ခေါ်သွားပေးခဲ့တယ်။
“ ထျန်းလန်ရှင်းအတွက် စမ်းသပ်မှုတွေက မနက်ဖြန်မှာ အဆုံးသတ်လိမ့်မယ်၊ အဲဒီအချိန်ထိ လက်ခံထားတဲ့ ဗိုလ်လောင်းတွေအနေနဲ့ အကယ်ဒမီကို မလာခင်မှာ မိသားစုနဲ့ဆုံစည်းဖို့အတွက် အိမ်ကို ပြန်သွားနိုင်တယ်
ပြန်သွားပြီး လုပ်စရာတွေမရှိတဲ့ ဗိုလ်လောင်းတွေကတော့ ဒီနေရာမှာပဲ ဆက်ပြီးစောင့်ဆိုင်းနေနိုင်တယ်၊ မင်းတို့ရဲ့ နေ့စဥ်သုံးအဖြစ်လိုအပ်တဲ့အရာအားလုံးကို ကျောင်းကနေထောက်ပံ့ပေးသွားလိမ့်မယ်၊ နောက်ပြီး အဲဒီပစ္စည်းတွေကို မကြာခင် မင်းတို့ရဲ့အခန်းဆီကို ပို့ပေးလာလိမ့်မယ်၊ အခန်း တစ်ခန်းကို ဗိုလ်လောင်းနှစ်ဦး နေထိုင်ရမယ်—
အောက်ထပ်မှာရှိနေတဲ့ AI က မင်းတို့နဲ့အတူနေရမဲ့ အခန်းဖော်က ဘယ်သူလဲဆိုတာကိုပြောပြပေးလိမ့်မယ်.. မင်းတို့ဆီမှာ တခြားမေးစရာ မေးခွန်းတွေရှိသေးလား”
ဗိုလ်လောင်းတွေဆီက တုံ့ပြန်မှုကို ရရှိပြီးနောက် ကြီးကြပ်ရေးဆရာက ပြန်လည် ထွက်ခွာသွားခဲ့တယ်။ ဒီအုပ်စုထဲမှာဝိညာဉ်စွမ်းအား (1800) ထက် ပိုမိုမြင့်မားနေသော နှစ်ဦးတည်းသောသူဖြစ်တဲ့အလျှောက် လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ကို အခန်းတစ်ခုတည်းမှာပဲ ထည့်ပေးထားခဲ့တယ်။
လီကျိုးရှင်းရဲ့လည်ချောင်းက ရေငတ်လွန်းတာကြောင့် အခန်းထဲသို့ ရောက်တာနဲ့ ရေခဲသေတ္တာကိုဖွင့်လိုက်ပြီး ရေတစ်ပုလင်းကိုထုတ်ကာ မော့သောက်လိုက်တယ်။
ယခု အခန်းထဲသို့ရောက်လာချိန်မှာတော့ ပူပြင်း တောက်လောင်နေတဲ့ နေရောင်ခြည်နှင့်လည်း ဝေးကွာသွားပြီဖြစ်ကာ အခန်းထဲမှာ လေအေးပေးစက်လည်းရှိနေတာကြောင့် လီကျိုးရှင်းတစ်ယောက် အတော်လေး သက်သောင့်သက်သာဖြစ်သွားရတယ်။
မကြာခင်မှာပဲ အကယ်ဒမီမှ ပို့ပေးလာတဲ့ နေ့စဥ်သုံးပစ္စည်းတွေရောက်ရှိလာကြောင်း အချက်ပေး တံခါးခေါက်သံ ထွက်ပေါ်လာပြီး တံခါးအပြင်ဘက်မှ ကော်ရစ်တာမှာ ဘေးချင်းယှဥ်ပြီးချထားခဲ့တဲ့ တူညီသောအနက်ရောင်ခရီးဆောင်သေတ္တာနှစ်လုံးကိုတွေ့လိုက်ရတယ်။
လီကျိုးရှင်းက ခရီးဆောင်သေတ္တာတစ်လုံးကို ကျပန်းယူလိုက်ပြီး ဖွင့်လိုက်ကာ အတွင်းမှာ သေသေသပ်သပ်ခေါက်ထားတဲ့ ချန်ယန်အကယ်ဒမီ ယူနီဖောင်းကို ထုတ်ယူလိုက်တယ်။
အိတ်ရဲ့ အောက်ခြေဘက်မှာတော့ ပေါ့ပေါ့ပါးပါး၀တ်စုံတွေ အများအပြားပါရှိတယ်။ ခရီးဆောင်အိတ်ရဲ့ အခြားအကန့်မှာတော့ ရေချိုးခန်းသုံးပစ္စည်းအချို့နှင့် အတွင်းခံတွေထည့်ထားတဲ့အိတ်တစ်လုံးကို ထည့်ပေးထားခဲ့တယ်။
လီကျိုးရှင်းက အထုပ်ကိုဖွင့်ကာ အတွင်းမှ အောက်ခံဘောင်းဘီတစ်စုံထုတ်ယူလိုက်ပြီး အဝတ်တစ်ထည်တစ်စုံကိုပါ ထုတ်ယူလိုက်တယ်။ ပြီးနောက် ကုဝမ်ချန်ဘက်သို့လှည့်လိုက်ပြီး မေးခဲ့တယ်။
“မင်းရေချိုးခန်းသုံးမှာလား၊ မင်းမသုံးသေးရင် ငါ ရေချိုးချင်လို့”
ကုဝမ်ချန်က လီကျိုးရှင်းကို အရင်သွားဖို့အချက်ပြတဲ့အနေနဲ့ လက်ဝှေ့ယမ်းပြလိုက်တယ်။
လီကျိုးရှင်း ရေချိုးခန်းထဲသို့ ဝင်သွားပြီး မကြာမီမှာပဲ ရေပန်းကိုဖွင့်လိုက်တာကြောင့် ရေတွေဖြန်းပက်ကျဆင်းလာတဲ့အသံက တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ပံတင်ထပ်ပြီး ထွက်ပေါ်လာခဲ့တယ်။
ကုဝမ်ချန်က ရေခဲသေတ္တာဆီသို့ လျှောက်လာခဲ့တယ်။ ရေခဲသေတ္တာရဲ့အတွင်းပိုင်းမှာ အရက်ယမကာအမျိုးအစားပေါင်းအစုံအလင်ကို သပ်ရပ်စွာထည့်သွင်းထားခဲ့တယ်။
ကုဝမ်ချန် ရမ်တစ်ပုလင်းကို ရွေးချယ်ထုတ်ယူလိုက်တယ်။ ထို ရမ်ပုလင်းက သူ့ရဲ့လက်ထဲကို ရောက်ရှိလာချိန်ကျမှသာ သူ အခု ဘယ်နေရာမှာရောက်နေတာလဲဆိုတာကို ကုဝမ်ချန် ပြန်လည် သတိပြုမိရတယ်။
သူက အတိတ်တုန်း သူနဲ့တူညီခြင်းမရှိတော့ဘူး။ ထပ်ပြောရရင် ဒီနေရာကလည်း သူ့ရဲ့ ကိုယ်ပိုင်အိမ်မဟုတ်တော့ဘူး။
ကုဝမ်ချန် သူ့ကိုယ်သူ ပြုံးလိုက်မိပြီး ခေါင်းကိုခါရမ်းကာ ရမ်ပုလင်းကို ပြန်ထည့်လိုက်ပြီး သူ့ရဲ့မူလတုန်းကရွေးချယ်မှုထက် အရက်ပမာဏ ပါဝင်မှု နည်းပါးတဲ့ တခြားသောက်စရာတစ်မျိုးဖြင့် အစားထိုးလိုက်တယ်။
ခရီးဆောင်အိတ်နှစ်လုံးက တံခါးဝနားမှာ တိတ်တဆိတ်ရှိနေခဲ့တယ်။ ကုဝမ်ချန် သူရွေးချယ်ထားတဲ့ သောက်စရာကို တစ်ငုံသောက်လိုက်ပြီး ခရီးဆောင်အိတ်နှစ်လုံးကို ဆွဲက မတ်တပ်အနေအထားထောင်လိုက်တယ်။
ထိုအချိန်မှာတော့ ခရီးဆောင်အိတ်ရဲ့နောက်ကျောဘက်မှာ ရေးထားသောနာမည်တွေကို ကုဝမ်ချန် မြင်လိုက်ရလေတယ်။ ကံမကောင်းစွာပဲ လီကျိုးရှင်း အခုလေးတင်ဖွင့်သွားတဲ့ ခရီးဆောင်အိတ်မှာ ကုဝမ်ချန်ရဲ့ နာမည်ကို ရေးသားထားခဲ့တယ်။
ကုဝမ်ချန် မျက်ခုံးပင့်လိုက်မိပြီး သူတို့ရဲ့နာမည်တွေရေးသားထားတဲ့ဘက်ကို အလွယ်တကူမြင်တွေ့စေနိုင်ဖို့ မျက်နှာချင်းဆိုင်ဖက်သို့ လှည့်ပေးလိုက်တယ်။ ဒီလိုဆိုရင် လီကျိုးရှင်း ရေချိုးခန်းထဲမှထွက်လာတဲ့အချိန်မှာ နာမည်တွေကို အလွယ်တကူမြင်တွေ့နိုင်စေလိမ့်မယ်။
ကုဝမ်ချန်တစ်ယောက် သူတို့ရဲ့နာမည်ကတ်တွေကိုမြင်သွားတဲ့အချိန်မှာ ထိုကောင်လေးက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို အနည်းငယ် စိတ်ဝင်စားနေခဲ့တယ်။
ကျောင်းဝတ်စုံတွေက လူတိုင်းဝတ်ဆင်နိုင်တဲ့အရွယ်အစားတစ်မျိုးတည်း ဒီဇိုင်းဖော်ချုပ်လုပ်ထားခဲ့တာ။
တစ်ဖက်မှ လီကျိုးရှင်းကတော့ အလျှင်အမြန်ရေချိုးလိုက်ပြီးနောက် လန်းဆန်းစွာနဲ့ ထွက်လာခဲ့တယ်။ သူ အပြင်ကိုထွက်လာခဲ့ချိန်မှာပဲ ဆိုဖာပေါ်မှာထိုင်နေတဲ့ ကုဝမ်ချန်ကို မြင်တွေ့လိုက်ရတယ်။
ထိုသူက ရှည်လျားတဲ့ ခြေတံတစ်စုံကို ချိတ်ထိုင်နေခဲ့ပြီး လေထုက ငယ်ရွယ်နုပျိုတဲ့အရှိန်အဝါတွေထုတ်လွှတ်ကာ လန်းဆန်းပျိုမြစ်နေခဲ့တယ်။
ဒီလူငယ်ဆန်လွန်းတဲ့ မျက်နှာနဲ့ ငယ်ရွယ်အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးရဲ့တည်ရှိမှုကို ငယ်ရွယ်နုပျိုမှုတွေနဲ့ဖုံးကွယ်ထားခဲ့တယ်။ သို့သော်လည်း သူ့ရဲ့ ငယ်ရွယ်နုပျိုမှုတဲ့အသွင်အပြင်နဲ့ လုံးဝကွဲလွဲနေတဲ့ အကြည့်နှင့် ညှို့မှိုင်းတဲ့လေထုကလည်း ကာရံထားခဲ့ပြန်တယ်။
အမျိုးသားတွေဆိုတာက ကွဲပြားမှုတွေကို သဘောကျ နှစ်ခြိုက်တတ်တဲ့ သတ္တဝါမျိုးပဲ။ သူတို့တွေက သူတို့ရဲ့ လက်တွဲဖော်ကို ဆိုးသွန်းနေတဲ့အချိန်တွေမှာနှစ်သက်တတ်ရုံသာမက သူတို့ရဲ့ လက်တွဲဖော်တွေက ဖြူစင်ရိုးသားပြီးအပြစ်ကင်းစင်နေတတ်တဲ့အချိန်တွေမှာလည်း ချစ်မြတ်နိုးတတ်ကြပြန်တယ်။
ကုဝမ်ချန်ဆိုတဲ့အမျိုးသားကတော့ ထိုနှစ်ခုလုံးရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုမျိုးပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒီလိုမျိုး ရောနှောပေါင်းစပ်နိုင်မှာမဟုတ်သလို သူလုပ်ခဲ့တဲ့ မတူညီကွဲလွဲတဲ့အရည်အချင်းတွေကိုလည်း အခြားမည်သူကမှ ဖန်တီးနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် ကံမကောင်းစွာပဲ စာအုပ်ထဲမှ ဘယ်သူကမှ ဒီလို ပြီးပြည့်စုံတဲ့ပုံစံမျိုးကို အမှန်တကယ်နားလည်အသိအမှတ်မပြုနိုင်ခဲ့ကြဘူး။
ကုဝမ်ချန်က အရင်စပြောလိုက်တယ်။
“ ခရီးဆောင်အိတ်တွေ ငါ ဟိုဘက်မှာချထားတယ်”
လီကျိုးရှင်းရဲ့ မျက်နှာပေါ်မှာ သေးငယ်တဲ့ နေဝန်းတစ်ခုလို တောက်ပပြီး နွေးထွေးတဲ့ အပြုံးတစ်ခုဖြင့် လင်းလက်လာခဲ့တယ်။
“ကျေးဇူးပဲ”
“ရပါတယ်”
ကုဝမ်ချန်က သူ့ရဲ့သောက်စရာကို နောက်ထပ်တစ်ငုံသောက်လိုက်ပြီး ခြေဖဝါးကို ကြမ်းပြင်ပေါ်သို့ ပြန်ချလိုက်တယ်။
“သူငယ်ချင်းကြားထဲမှာ ဒီလိုအကူအညီသေးသေးလေးလောက်က ပြောစရာလိုလို့လား”
ဒီတိုးတက်မှုမျိုးက လုံး၀ကို မမျှော်လင့်ထားလောက်စရာပဲ။
ကုဝမ်ချန်ဆိုတာက အခြားသော ကောင်လေးတွေနဲ့ ရောနှောပေါင်းသင်းလေ့မရှိတဲ့လူမျိုးလေ။ တစ်နည်းပြောရမယ်ဆိုရင် ကုဝမ်ချန်က ဦးနှောက်မရှိဘဲ မစဥ်းစားမဆင်ခြင်ဘဲပြုမူလုပ်ဆောင်တတ်တဲ့ လူငယ်တွေနှင့် ပေါင်းသင်းဆက်ဆံဖို့ရန် ပျင်းရိလွန်းနေရုံပဲလို့ဆိုနိုင်တယ်။
ဒါပေမယ့် သူ့ရဲ့ လီကျိုးရှင်းအပေါ်ထားတဲ့ သဘောထားကတော့ လိုက်လျောညီထွေရှိလွန်းတာကြောင့် တခြားလူတွေက လီကျိုးရှင်းကို ကုဝမ်ချန်ရဲ့နောက်လိုက်အခြံအရံလို့တောင် အမြဲမှားနေခဲ့ကြတယ်။
လီကျိုးရှင်း “ဒီခရီးလမ်း”ရဲ့ စာရေးသူနှင့် သူ ပြောဖြစ်ခဲ့တဲ့ စကားဝိုင်းထဲမှ တချို့ကို ရုတ်တရတ် ပြန်တွေးလိုက်မိတယ်:
[“ဒီကမ္ဘာကြီးက အရမ်းအန္တရာယ်များလွန်းတယ်၊ ဒီတော့ လျော်ကြေးပေးတဲ့အနေနဲ့ မင်းအတွက် သက်_ကယ်_လက်ဆောင်တစ်ခုပေးဖို့ ငါအကောင်းဆုံးကြိုးစားပေးနိုင်တယ် __ အဲဒါက.. လက်ဆောင်က ဇာတ်ကွက်တွေကိုတော့ အလွန်အကျွံပြောင်းလဲစေလို့တော့ မဖြစ်ဘူး
ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ စာအုပ်ထဲက ဇာတ်ကောင်တွေထဲမှာ တစ်ဖက်လူက ဗီလိန်ဖြစ်နေသ၍_ သူက နောက်ဆုံး ဖိုင်နယ်ဘော့စ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုးရဲ့လက်အောက်ခံပဲဖြစ်ဖြစ် — သူတို့တွေအားလုံးက မင်းကိုတွေ့မြင်လိုက်တာနဲ့ မင်းက အရမ်းနှစ်သက်သဘောကျစရာကောင်းတယ်ဆိုတာကို ရှာတွေ့သွားလိမ့်မယ်
ဗီလိန်ရဲ့ရန်ပြုလိုစိတ်မြင့်မားလေလေ သူတို့တွေက မင်းနဲ့ဆိရင် သက်တောင့်သက်သာရှိတယ်လို့ ပိုပြီးခံစားရလေလေဖြစ်လိမ့်မယ်”]
**”