Ch 40
Viewers 3k

(40) 


အခန်းထဲမှာ အခြေခံအသုံးအဆောင် ပစ္စည်းတွေ ထည့်သွင်းထားတယ်။


သူတို့ငါးယောက်လုံး ဒေါသတွေအပြည့်နဲ့ တစ်ယောက်ဘေးမှာ တစ်ယောက် ဝင်ထိုင်လိုက်ကြတယ်။ သူတို့က အန္တရာယ်များလွန်းတဲ့ အခြေအနေမှာ ရှိနေကြပေမယ့် တိုက်ခိုက်ချင်တဲ့ စိတ်ဆန္ဒတွေကတော့ မမျှော်လင့်ထားလောက်အောင် တိုးမြင့်နေခဲ့ကြတယ်။


“24နာရီက လုံလောက်တယ်!” 


ကျောင်းမှ အရာရှိတွေက သူတို့ကို လာကယ်နိုင်သည်ဖြစ်စေ ၊မကယ်နိုင်သည်ဖြစ်စေ သူတို့ ဂရုမစိုက်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့ကို သူတို့ လွတ်မြောက်နိုင်စေဖို့အတွက် လက်လျော့လိုက်မှာမဟုတ်ဘူး။ 


ရှီနန်က သူ့ရဲ့အသင်းဖော်တွေ တိုက်ခိုက်ချင်တဲ့ ဆန္ဒမရှိတော့မှာကို ကြောက်တဲ့ပုံနှင့် သူတို့တွေကို ဦးနှောက်ဆေးဖို့လုပ်ခဲ့ပြန်တယ်။


“ဟေး! လုပ်စမ်းပါ! ငါတို့ရဲ့ စိတ်ဝိဥာဥ်တွေကို အကုန်စုပေါင်းလိုက်ကြစို့! ဒီစစ်ဆင်ရေးပြီးသွားတာနဲ့ ငါတို့တွေ သေချာပေါက် နာမည်ကြီးသွားမှာပဲ! Roux ကို ဖမ်းရဖို့အတွက်က အခုထက် အများကြီး ပိုကြောက်စရာကောင်းသေးတယ်နော် ငါတို့တွေ ဒါလေးနှင့် ကြောက်နေလို့မရဘူး” 


“ဒါက Roux ကို ဖမ်းမဲ့ကိစ္စလိုမျိုး ကြောက်စရာမလိုဘူး” 


လင်းနျဉ်ကလည်း ပြန်ပြောလိုက်ပြီး ကုဝမ်ချန်နဲ့ လီကျိုးရှင်းကို လှမ်းမေးလိုက်တယ်။


“မင်းတို့ရဲ့ စိတ်စွမ်းအားတွေ ဘယ်လိုနေသေးလဲ” 


ကုဝမ်ချန်: “တစ်ဝက်တော့ ပြန်ကောင်းနေပြီ” 


လီကျိုးရှင်း: “ တစ်ဝက်ကျော်နေပြီ”


ဒီစကားအရ လီကျိုးရှင်းက ဦးဆောင်နိုင်တယ်လို့ ထင်ရပေမယ့် တကယ်တော့ သူက ကုဝမ်ချန်ရဲ့ အနောက်မှာပဲ ရှိနေခဲ့တယ်။


ကုဝမ်ချန်ရဲ့ ပြန်လည်ကုသနိုင်စွမ်း  အရှိန်အရ ထိုသူက ဒီနေ့ညမှာပဲ ဒီအာကသထဲမှာ အင်အားအကြီးဆုံးလူအဖြစ် သူ့ရဲ့နေရာကို ပြန်ရောက်လာနိုင်ခြေရှိတယ်။ 


ဒါပေမယ့်  လင်းနျဉ်နဲ့ တစ်ခြားလူတွေကတော့ ဒီအကြောင်းကို မသိတဲ့အတွက် သူတို့တွေ စိတ်အေးလက်အေး မနေနိုင်ကြဘူး။ လက်ရှိမှာ သူတို့လက်နက်တွေ အကုန်လုံးကို အသိမ်းခံထားခဲ့ရတာကြောင့်  စိတ်စွမ်းအားရဲ့ အရေးပါမှုက တော်တော်ကြီးကို ထင်ရှားလာခဲ့တယ်။


ဒါပေမယ့် ကုဝမ်ချန်ပဲဖြစ်ဖြစ် လီကျိုးရှင်းပဲဖြစ်ဖြစ်၊ သူတို့တွေက ဘယ်လောက်ပဲ အရည်ချင်းရှိတဲ့လူတွေဖြစ်နေပါစေ သူတို့က အခုမှ ကျောင်းကို ဝင်ခွင့်ရထားတဲ့ ကျောင်းသားသစ်လေးတွေဖြစ်ပြီး   စိတ်စွမ်းအားအကြောင်းကို သေသေချာချာ မလေ့လာ မသင်ယူရသေးတဲ့သူတွေဖြစ်နေတုန်းပဲ။


“မဆိုးပါဘူး”


လင်းနျဉ်က အသံကို နှိမ့်ပြီး ပြောလိုက်တယ်။ 


“ငါ့တို့ရဲ့အသံတွေကို မကြားရအောင် ကူညီပေးဦး၊ အကာအရံကို သူတို့တွေ ဖမ်းမမိသွားအောင်လည်း ဂရုစိုက်ပေး”


ကုဝမ်ချန် ခေါင်းညိတ်လိုက်ပြီး သူတို့ရဲ့စကားတွေကို ဘယ်သူ့မှ ချောင်းမြောင်းပြီး နားမထောင်နိုင်စေဖို့  ပါးလွှာနေတဲ့ စိတ်စွမ်းအားနဲ့ ဖုံးအုပ်ကာရံလိုက်တယ်။


သူ့ရဲ့စွမ်းရည်တွေက ဒီစင်္ကြာဝဠာထဲမှာ နံပါတ်တစ် ဖြစ်တာကြောင့် အတိကျဆုံး ထောက်လှမ်းရေးစက်နှင့်ဆိုရင်တောင် သူ့ရဲ့စွမ်းအင်တွေကို တိုင်းတာနိုင်မှာ မဟုတ်ဘူး။ 


တခြားသူတွေအားလုံးက အကာအရံပြုလုပ်ချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်စွမ်းအားရဲ့ တောက်ပတဲ့အရောင်ကို မတွေ့လိုက်ရတာကြောင့် အလွန်အမင်း အံ့သြတကြီးဖြစ်နေကြတယ်။ ဒါကိုမြင်တော့ ကုဝမ်ချန်တစ်ယောက် မျက်လွှာချကာ သူ့ကိုယ်သူ နှိမ့်ချတဲ့ပုံစံနှင့် ပြောလိုက်တယ်။


“ငါက ရိုးရိုးရှင်းရှင်းပဲ ဖုံးလိုက်တာပါ” 


သူတို့တစ်ဖွဲ့လုံးရဲ့ ပါးစပ်တွေက အံ့ဩမှုကြောင့် “O” ပုံစံ ဟသွားခဲ့ကြတယ်။ 


သောက်ကျိုးနည်း အရမ်း အားကောင်းလွန်းတာပဲ?! 


လူတိုင်းက လီကျိုးရှင်းတစ်ယောက်တည်းကသာ သူတို့နဲ့ အဆင့် မတူဘူးလို့ ထင်ထားခဲ့ကြတာ။ အခုတော့ ကုဝမ်ချန်ကပါ သူ့ကိုယ်သူ နက်နက်နဲနဲ ဖုံးကွယ်ထားပြီး စိတ်စွမ်းအားကို ဘယ်လို အသုံးပြုရမလဲဆိုတာကို သိနေပြီ! 


ပြီးတော့ သူ့ရဲ့ ကျွမ်းကျင်မှုကို ကြည့်ရသလောက်တော့ စိတ်စွမ်းအားကို ဒီလိုမျိုး အသုံးပြုနိုင်ဖို့ တစ်ရက်နှစ်ရက်လောက်ပဲ လေ့ကျင့်ထားတဲ့ပုံ မပေါ်ဘူး။ 


ဘုရားရေ!


“ကြောင်ပြီး ကြည့်နေတာကို ရပ်လိုက်တော့” 


လီကျိုးရှင်း ရယ်ချင်စွာပြောလိုက်တယ်။ သူ့ရဲ့မတိုင်ခင်တုန်းက စိတ်အခြေအနေဆိုးရွားမှုတွေက သူ့ရဲ့အဖွဲ့သားတွေကြောင့် ပြေပျောက်သွားခဲ့ရပြီ။


“လင်းနျဉ်၊ မင်း ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ?” 


လင်းနျဉ်က သူတို့ကို သတိမထားမိတဲ့အကြောင်းကို အတည်ပြုလိုက်ပြီး သူ့ရဲ့ အင်္ကျီကြယ်သီးကို ဖြုတ်လိုက်တယ်။  


ငွေရောင်တောက်ပနေတဲ့ ကြယ်သီးလေးက လင်းနျဉ်လက်ထဲမှာ ခဏကြာအောင် အလှိမ့်ခံလိုက်ရပြီးတဲ့နာက်မှာ ခံစားချက်မဲ့တဲ့ စက်ရုပ်အသံလေးတစ်ခု ထွက်လာခဲ့လေတယ်။


{“နောက်ဆုံး မှတ်တမ်းတင်ထားခဲ့တဲ့ ဩဒိနတ်အကွာအဝေးမှ အနောက်တောင်ဘက်ဆီသို့ 318 ဩဒိနတ်အမှတ်အထိ ရွေ့လျားလာပါပြီ”} 


လင်းနျဉ်က ကြယ်သီးလေးကို နှစ်ခါနှိပ်လိုက်တယ်။ ပထမတစ်ချက် နှိပ်လိုက်တော့ လက်သည်းခွံအရွယ်အစားလောက်ရှိတဲ့ ကြယ်သီးအပေါ်ကနေ လက်ဖဝါးစာဆိုဒ်လောက်ရှိတဲ့ ပုံရိပ်ယောင်ဟိုလိုဂရမ်တစ်ခု ပေါ်လာခဲ့လေတယ်။ သူက အသံကို တတ်နိုင်သလောက်တိုးပြီး  ရှင်းပြလိုက်တယ်။


“ဒါက Rockhold ဂြိုလ်က ရခဲ့တဲ့ ကုန်ကြမ်းနှင့်လုပ်ထားတာ၊ ဒီပစ္စည်းအသေးလေးကိုရဖို့အတွက် ငါ နှစ်ပေါင်းများစွာ မြှပ်နှံခဲ့ရတာလေ”


တစ်ခြားလူတွေအားလုံး တိတ်ဆိတ်သွားခဲ့ကြပြီး သူ့ကို လက်မထောင်ပြရုံသာ တတ်နိုင်ခဲ့ကြတယ်။ 


ရှီနန်နဲ့ ကျိယွီတို့ကတော့ အံ့ဩမှုကြောင့် ဟသွားတဲ့ သူ့တို့ရဲ့ ပါးစပ်တွေကို ပိတ်လိုက်ရင်း  တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်။ 


ဘာလို့ ဒီနေရာမှာ သူတို့နှစ်ယောက်ကသာ ဘာမှ အသုံးမကျသလို ခံစားနေရတာလဲ? 


လင်းနျဉ်က ဟိုလိုဂရမ်ကို ဒေတာတွေ လွှဲပြောင်းပေးဖို့အတွက် လက်နှစ်ဖက်လုံးနဲ့ ခပ်သွက်သွက် လုပ်ဆောင်နေခဲ့တယ်။ 


ခဏကြာတဲ့အခါမှာတော့ သူရဲ့ တောင့်တင်းနေတဲ့ လက်ချောင်းတွေကို အကြောလျှော့လိုက်တယ်။


“သူတို့ရဲ့ နောက်ထပ်ကင်းလှည့်မယ့် အချိန်က ဒီလိုပုံစံမျိုးပဲ၊ ဒါကြောင့်  နောက်ထပ် ငါးနာရီလောက်ဆိုရင် ငါတို့အတွက် လှုပ်ရှားလို့အကောင်းဆုံးအချိန် ရောက်ပြီ” 


သူတို့အားလုံး ဟိုလိုဂရမ်လေးကို ကြည့်ကာ  ခေါင်းညိတ်လိုက်ကြတယ်။


“အခုတော့ စွမ်းအားတွေ ပြန်ပြည့်အောင် အနားယူကြရအောင်၊ ဒီညရဲ့ တိုက်ခိုက်မှုအတွက် ငါတို့ အားပြည့်နေဖို့လိုအပ်တယ်”


“ဘာလို့လဲဆိုတာ ငါမသိပေမဲ့...”


ကျိယွီက လေးလေးနက်နက်ပြောလာတယ်။


  “ကုဝမ်ချန်က စိတ်စွမ်းအားကို ဖုံးကွယ်ထားနိုင်တာ သိလိုက်ရတော့ ငါ…” 


လီကျိုးရှင်းက ကျိယွီရဲ့နှုတ်ခမ်းတွေကို လက်နှင့် လှမ်းပိတ်လိုက်တာကြောင့် သူ့ရဲ့စကားတွေက ရပ်တန့်သွားခဲ့တယ်။ 


လီကျိုးရှင်းက ပြုံးပြလိုက်ပြီး ကြားဖြတ်ကာ ပြောလာတယ်။


“ကောင်းပြီ၊ ငါတို့ ဒီအကြောင်းနှင့် ပတ်သက်ပြီး ကျောင်းကိုပြန်ရောက်မှ ဆက်ပြောကြရအောင်?” 


ကျိယွီ  နာခံမှုရှိစွာနှင့် ခေါင်းညိတ်ပြလိုက်တယ်။ တကယ်တော့ သူက ကုဝမ်ချမ်ကြောင့် သူ့ရဲ့ စိတ်ထဲ လုံခြုံမှုရှိသလိုခံစားရတဲ့ခံစားချက်တွေ တိုးလာတယ်လို့ ပြောချင်တာဆိုပေမဲ့လည်း...


လောလောဆယ်မှာတော့ ဓားပြတွေရဲ့  ကင်းလှည့်မှုက အားအနည်းဆုံးဖြစ်မဲ့အချိန်ကိုရောက်ဖို့ အချိန်ငါးနာရီလောက် လိုနေသေးတယ်။ 


သူတို့တွေ တတ်နိုင်သလောက် ပြင်ဆင်ထားလိုက်ပြီးတဲ့နောက်မှာ စိတ်ကိုလျော့ထားလိုက်ကြပြီး ကုန်ခမ်းနေတဲ့ သူတို့ရဲ့ အင်အားတွေကို  ပြန်ဖြည့်ဖို့အိပ်ရာပေါ် လှဲလျောင်းလိုက်ကြတယ်။


လီကျိုးရှင်း အိပ်ပျော်တစ်ဝက် ၊မပျော်တစ်ဝက် ဖြစ်နေတဲ့အချိန်မှာ အသံတစ်ချို့ကို ကြားလိုက်ရလေတယ်။ 


သူချက်ချင်း မျက်လုံးကို ဖွင့်လိုက်ပြီး တစ်ခန်းလုံးကို ဝှေ့ကြည့်လိုက်တော့ သူ့ရဲ့ဘေးဘက်မှာ အဖွဲ့သားတွေ အကုန်လုံး ခုတင်ပေါ်မှာပဲ ရှိနေခဲ့ကြပြီး  အခန်းထဲမှာ တခြားဘယ်သူ့မှ ရှိမနေခဲ့ဘူး။ 


သူ နားကြားမှားတာများလား? 


လီကျိုးရှင်း မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်ပေမယ့် သူ့ရဲ့နှာခေါင်းထဲကို သွေးညီနံ့တွေ တိုးဝင်လာခဲ့တယ်။ 


သူ အသံတိုးတိုးနှင့် ကျိန်ဆဲလိုက်ကာ ခုတင်ပေါ်မှ ထရပ်လိုက်ပြီး တံခါးနားကို တိုးကပ်သွားလိုက်တယ်။ 


ပြင်းထန်တဲ့ သွေးညီနံ့က တံခါးအပြင်ဘက်ကနေ ရောက်လာနေတာပဲ။ ဒါပေမယ့် အပြင်ဘက်ကနေ ငိုယိုနေတဲ့အသံရော ၊အကူအညီတောင်းတဲ့အသံရော ဘာတစ်ခုမှမကြားရဘူး။ 


သူ တံခါးလက်ကိုင်ကို ဆုတ်ကိုင်လိုက်တယ်။ ထူးဆန်းတစ်ခုက မတိုင်ခင်တုန်းကမှ ဖာစီသေသေချာချာ သော့ခတ်ပြီး ပိတ်ထားခဲ့တဲ့ တံခါးက အခုတော့ အလွန်အမင်း အလွယ်တကူ ဖွင့်လို့ရသွားခဲ့တယ်။ 


လီကျိုးရှင်း အသက်ကိုတောင် အောင့်ထားလိုက်မိတယ်။ သူ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူ့ရဲ့အဖွဲ့သားတွေကို အချိန်မရွေး ထွက်ပြေးနိုင်ဖို့အတွက် အဆင်သင့်ပြင်ထားရန် အော်ဖို့ ပြင်လိုက်တယ်။ 


ဒါပေမယ့် လေပြင်းတစ်ချို့ တိုက်ခတ်လာခဲ့ပြီး လက်တစ်စုံက သူ့ကို အခန်းထဲကနေ ဆွဲထုတ်သွားခဲ့တယ်။ ပြီးတဲ့နောက်မှာ သူ့ရဲ့အနောက်မှာရှိနေတဲ့ တံခါးကလည်း ညင်သာစွာ ပိတ်သွားခဲ့လေတယ်။


လီကျိုးရှင်းရဲ့ ကောင်းကင်ကြီးက တစ်ပတ်လည်သွားခဲ့သလိုပဲ။ မကြာခင်မှာပဲ အမျိုးသားတစ်ယောက်ရဲ့ လက်က သူ့ရဲ့နားရွက်ဘေးနားက ဖြတ်သွားကာ နံရံကို ထောက်လိုက်ပြီး သူ့ကို တံခါးနံရံနှင့် ဖိကပ်ကာ ပိတ်ဆို့လိုက်တော့တယ်။


ဆိုးဆိုးရွားရွား ပြင်းထန်တဲ့ သွေးညီနံ့တွေက လီကျိုးရှင်းရဲ့ နှာခေါင်းထဲကို အရှိန်ပြင်းပြင်းနှင့် ဝင်ရောက်လာခဲ့တယ်။


“မတွေ့တာကြာပြီ” 


တောက်ပနေတဲ့ ပန်းပွင့်တွေက သွေးစက်တွေနှင့် စွန်းထင်းနေခဲ့ပြီဖြစ်ကာ သန့်စင်လွန်းတဲ့ အဖြူရောင် မျက်နှာဖုံးကို ပိုပြီး လှပစွာ တန်ဆာဆင်ထားခဲ့သလိုပဲ။


Roux က အပြုံးရိပ်တွေ ရောနှောနေတဲ့ လေသံနှင့် ပြောလာခဲ့တယ်။


“ငါ့ရဲ့ အချစ်ကလေး” 


T/n: ကိုယ့်ကိုယ်ကိုယ် ဖလစ်မိလို့ ဖလစ်နေမှန်း မသိတဲ့လူတစ်ယောက်ရှိနေ 


***