Ch 6
Viewers 4k

🙇‍♂️Chapter 6

 သွေးဆောင်ခြင်း 



နောက်တစ်နေ့ နံနက်သို့ရောက်သောအခါ...

 နေသာနေဆဲဖြစ်ပြီး လော့ဖေး ကူးပြောင်းရောက်ရှိလာသည့် နေ့ကထက်ပို၍ပူ၏ ။ 


လော့ဖေး အိပ်ရာစောစောထ၍ ကြွက်သားများကိုဖြေလျော့သည့်အနေဖြင့် ဟိုဟိုဒီဒီလမ်းပတ်လျှောက်ရန် တွေးလိုက်သော်လည်း အိပ်ရာပေါ်မှထကာ အောက်သို့ခြေတစ်လှမ်းမျှသာလှမ်းရသေးသည် သူ၏ဂန္ဓမာပန်းလေးမှပူလောင်နာကျင်သော ခံစားချက်ကိုခံစားလိုက်ရ၏ ။ သူ့တွင် ရွေးချယ်စရာမရှိသောကြောင့် အပူပေးကုတင်ပေါ်သို့ပြန်တက်ကာ အိပ်ရာထဲတွင်တစ်နေကုန်လှဲနေရန် အကြောင်းပြချက်များစွာကိုတွေးတောနေမိသည်။ 


ထိုအချိန်တွင်ပင် လော့ယိက အပြင်မှအော်ခေါ်နေသည့်အသံကိုကြားလိုက်ရသည် ။


 “ အာ့ကော … ထွက်လာပြီးမနက်စာမစားတော့ဘူးလား … “ 


လော့ဖေး သတိလစ်လုနီးနီးပင် “ ဘယ်အချိန်ရှိနေပြီလဲ … ” 


မနေ့ကလည်း ဒီအချိန်ပဲထခဲ့တာပါ တခြားသူတွေထက်အများကြီး နောက်မကျပါဘူး … ဒီနေ့ကျမှ ဘာလို့ ‌အခြေအနေကြီးက ထူးဆန်းနေရတာလဲ …


လော့ဖေး ဂန္ဓမာပန်းလေးနာကျင်နေသော်လည်း သည်းခံ၍အပြင်သို့ထွက်လာသောအခါ စားပွဲပေါ်တွင်အရာအားလုံးပြင်ဆင်ထားပြီး ဖြစ်ကြောင်းတွေ့လိုက်ရသည် ။ လူတိုင်းအတွက်   ပြောင်းယာဂုတစ်ပန်းကန်စီချထား၏ ။ 


ပြောင်းယာဂုပန်းကန်၏ အလယ်တွင် အချဉ်ဖောက်ထားသည့်မုန်လာဥဖတ်များကိုတင်ထားသည် ။ ၎င်းက ယနေ့အတွက်မနက်စာဖြစ်သည် ။ 


အချို့လူငယ်များအတွက် ပြောင်းယာဂုသည် မရင်းနှီးသည့် အစားအစာတစ်မျိုးဖြစ်နိုင်သော်လည်း အမှန်တကယ်တွင် ပြောင်းဖူးမှုန့်များကိုရေနွေးဖြင့် ရောကျိုထားခြင်းသာဖြစ်၏ ။  အကယ်၍ မိသားစုအခြေအနေ ကောင်းသည်ဆိုလျှင်သကြားထပ်ထည့်နိုင်၏ ။ ခေတ်ကာလအခြေအနေအရ သကြားသည် တန်ဖိုးကြီးရှားပါးပစ္စည်းတစ်ခုဖြစ်သောကြောင့် သာမန်မိသားစုများအနေဖြင့် ပုံမှန်အချိန်များတွင် စားသောက်ရန် မတတ်နိုင်ချေ ။ 


“ အမေ … ပန်ကိတ်မရှိဘူးလားဟင် … “ လော့ရူသည် မိန်းမငယ်လေးတစ်ဦး ဖြစ်ပါသော်လည်း သူမသည် အစားများများစားသောက်နိုင်စွမ်းရှိသူဖြစ်သည် ။ ပြောင်းယာဂုနှင့်ချဉ်ဖတ် မှလွဲ၍ တခြားစားစရာ မရှိကြောင်း သတိထားမိသွားသောအခါ သူမ၏ အမူအရာသည် ချက်ချင်းဝမ်းနည်းနေသည့်ဟန်သို့ပြောင်းလဲသွား၏ ။ 


“ အိမ်မှာဂျုံမရှိတော့ဘူး … ဆန်ကလည်းနည်းနည်းပဲရှိတော့တာ … ဒါလေးကိုပဲစားကြ‌တာပေါ့ … “ 


လီယွဲ့ဟွားက သူမ၏ပန်းကန်အတွင်းမှ သမီးဖြစ်သူ၏ ပန်ကန်အတွင်းသို့ ယာဂုများ‌ခွဲထည့်ပေးလိုက်ပြီးနောက် “ အမေ့ဆီကနေ နည်းနည်းယူစားလိုက် …” 


“ မဟုတ်တာ အမေကလည်း … အဖေနဲ့ အစ်ကိုကြီးတို့ပိုစားမှဖြစ်မှာပေါ့ …” 


လော့ရူသည် အစားကြီးသော်လည်း စဉ်းစားချင့်ချိန်နိုင်စွမ်းရှိ၏ ။ သူမက သူမ၏ဝေစုကို ဖခင်ဖြစ်သူနှင့်အစ်ကိုကြီးထံသို့ထံထည့်ပေးရန်ပြင်လိုက်သည် ။ မိသားစုအတွင်းတွင် ဖခင်နှင့်အစ်ကိုကြီးတို့က အလုပ်ပင်ပန်းစွာလုပ်ကြရသူများဖြစ်သောကြောင့် ယာဂုအနည်းငယ်သာဖြစ်သော်လည်း အချိန်အတန်ကြာသည်အထိဗိုက်ဆာလိမ့်မည်မဟုတ်ချေ ။ 


“ ညီမလေးရဲ့ ခန္ဓာကိုယ်ကဖွံ့ဖြိုးဖို့အစာစားဖို့လိုအပ်တယ်လေ .. အစ်ကိုကြီးကို ပေးဖို့မလိုပါဘူး “ 


လော့ကျီး ညီမဖြစ်သူ၏ လှုပ်ရှားမှုများကို တားဆီးလိုက်သည် ။ 


“ ဘယ်သူ့ကိုမှ ပေးစရာမလိုပါဘူး … ယာဂုတွေအေးကုန်တော့မယ် … ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ကုန်အောင်စားနိုင်တာမှမဟုတ်တာ တတိယညီမလေးနဲ့ အတူတူခွဲစားလိုက်မယ် …”


 လော့ဖေး သူ၏ယာဂုတစ်ဝက်ကို ညီမဖြစ်သူ၏ ပန်းကန်အတွင်းသို့ ထည့်ပေးကာ ခွဲစားလိုက်သည် ။ ပြောင်းယာဂုကိုပင် ဆန္ဒရှိသလိုမစားနိုင်သောကြောင့် ဤနေ့ရက်များသည် အလွန်ခက်ခဲကြောင်းတွေးမိသွားသဖြင့် လော့ဖေး ဝမ်းနည်းလာ၏ ။ ခေတ်သစ်တွင်သူသည် မိဘတစ်ဦးတည်းရှိသည့် မိသားစုတွင်ကြီးပြင်းလာရသူ ဖြစ်သော်လည်း သူ၏အဘွားသည် ရိုးရာချည်ပန်းထိုးပညာရှင်တစ်ဦး ဖြစ်သည် ။ သူဒီနေရာသို့မကူးပြောင်းမှီအချိန်က သူသည်အတန်းများကို သင်ကြားနေဆဲဖြစ်သောကြောင့် ဝင်ငွေကောင်းသူတစ်ယောက်ဖြစ်သည်သာမက သူ၏မိခင်သည်လည်း သန်မာသည့် အမျိုးသမီးတစ်ဦးဖြစ်သည် ။ ထို့ကြောင့် သူ၏ဘဝတွင် အရာအားလုံးပြတ်လပ်ခဲ့ခြင်းမရှိချေ။  


ဒါပေမဲ့ … အခုအခြေအနေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် … သေစမ်း … အသက်ရှင်ဖို့တောင်မလွယ်ကူဘူး …


“ နွေဦးအချိန်ဆိုပေမဲ့ … အားလုံးအတွက်ခက်ခဲနေတာပဲလေ … “ လော့ထျန်းက ဆက်ပြောလာသည်။


 “ ဒါပေမဲ့ အထွက်နှုန်းအရမ်းနည်းတော့  မနေ့က ငါမင်းတို့အမေနဲ့တိုင်ပင်ပြီး ဒီနှစ်မှာ တောင်ပေါ်လယ်တွေပိုလုပ်ဖို့တွေးထားတယ် … အသီးအနှံတွေပိုရလာရင် ဒီနေ့ထက်တော့ အခြေအနေပိုကောင်းလာမှာပါ …” 


“ ဒီနေ့ကစပြီးတော့ မင်းတို့အဖေနဲ့ငါတောင်ပေါ်လယ်ကိုသွားလုပ်ရင် မင်းတို့အစ်ကိုကြီးကိုပါ ခေါ်သွားမှာ … မင်းကအိမ်မှာနေခဲ့ … “ 


လီယွဲ့ဟွားက ဆက်ပြော၏။


 “ လော့ဖေး … ရှေ့ဆက်ပြီး သာအလုပ်ပိုကြိုးစားမှဖြစ်မယ်  … အရင်က အမေ ဟင်းသီးဟင်းရွက်ခင်းကိုစိုက်ခဲ့တာ ဒီနှစ် သားကိုပဲ အပ်ထားလိုက်တော့မယ် … သားကိုယ်တိုင်မြေဆွပြီး မုန်လာစေ့တွေနဲ့ ပြောင်းစေ့တွေ စိုက်ထားလိုက် “


“ ကျွန်တော် … ကိုယ်တိုင်လုပ်ရမှာလား … “ လော့ဖေး ယာဂုများကို ထွေးထုတ်မိလုနီးနီးပင် ။ 


“ အိမ်မှာ တတိယလေးနဲ့ အငယ်ဆုံးလေးတို့လည်းရှိနေတာပဲ မဟုတ်ဘူးလား … သူတို့ကိုဝိုင်းကူခိုင်းပေါ့ … “ လီယွဲ့ဟွားက လေးနက်စွာပြောလိုက်သည် ။


“ မင်းလက်မထပ်ချင်သေးဘူးဆိုလည်းရပါတယ် … မင်းအဖေနဲ့ငါကအတင်းတွန်းအားမပေးပါဘူး … ဒါပေမဲ့ မင်းမှာအားကိုးဖို့တခြားသူမရှိတော့ ကိုယ့်ကိုယ်ကိုပဲအားကိုးရမယ်လေ … အရင်တုန်းက မင်းရဲ့အဖေနဲ့အမေတို့က မင်းကအရမ်းအားနည်းချူချာတာမို့လို့အလုပ်မလုပ်ခိုင်းရက်ခဲ့ဘူး … ဒါပေမဲ့ အခုမိသားစုအခြေအနေနဲ့က မင်းကိုဆက်ပြီးအလိုလိုက်ဖို့ခက်ခဲသွားပြီ … “


“ အလုပ်လုပ်တာက အဆင်ပြေပါတယ် … ဒါပေမဲ့  မနက်ဖြန်မှ စလုပ်လို့မရဘူးလားဟင် … “ 


မနက်ဖြန်အလုပ်စလုပ်ခဲ့မယ်ဆိုလျှင်ပင် သူ၏ပန်းပွင့်လေးသည် နာကျင်နေဦးမည်ဖြစ်ကာ ယနေ့တစ်နေ့လုံးဆောင့်ကြောင့်ထိုင်၍ မျိုးစေ့များချကာစိုက်ပျိုးရမည်ဆိုလျှင် သူရူးသွားပေလိမ့်မည် ။ 


“ ဒီနေ့ဘာလုပ်စရာရှိလို့လဲ … “ လော့ထျန်းက သူ၏ဒုတိယသားကိုကြည့်၍ သံသအပြည့်ဖြင့် မေးလိုက်သည် ။ 


“ ဘာမှတော့လုပ်စရာမရှိပါဘူး … ဒါပေမဲ့ ဒီတိုင်း … “ 


လော့ဖေး အချိန်ခဏကြာသည်အထိ မည်သည့်စကားကိုပြောရမည်မသိပါတော့ချေ ။ ရှီမိသားစုအိမ်သို့ သွားခြင်းကအကောင်းဆုံးဖြစ်ကြောင်း သူသိပါသော်လည်း သူ၏အရှေ့ရှိမိဘအသစ်များက သူနှင့် ရှီယန်ချင်းတို့ ခံစားချက်များပို၍ဖလှယ်နိုင်ကြစေရန်ကိုသာ စိတ်အားထက်သန်စွာမျှော်လင့်နေကြသူများဖြစ်သည် ။ ရှီမိသားစုအိမ်သည် သူတို့၏အိမ်နှင့် သိပ်မဝေးပါချေ ။ ဒါပေမဲ့လည်း … ဒဏ်ရာကိုပွတ်မိပြီးအရေပြားမကွာအောင် ဘယ်လိုလုပ်ပြီး လမ်းလျှောက်ရမလဲလို့ …


“ အဖေ့ကို ကျွန်တော်အမှန်အတိုင်းပဲပြောတော့မယ် …” လော့ဖေး အလွန်ရင်တုန်နေရှာ၏ 


“ ဒီနေ့ ကျွန်တော်နေသိပ်မကောင်းဘူး … ကျွန်တော်နားချင်တယ် … “


“ မသက်မသာဖြစ်နေတာလား … “ လီယွဲ့ဟွား ချက်ချင်းပင် အလွန်စိတ်ပူသွား၏ ။ သူ၏ဒုတိယသားသည်ငယ်စဉ်အချိန်ကတည်းက ချူချာသူဖြစ်သည် ။ ဗေဒင်ဆရာ၏ ပြောစကားအရ နာမည်ပြောင်းလိုက်သည်ကအကောင်းဆုံးနည်းလမ်းတစ်ခုပင် ။ ဘာလို့အခုထိ မသက်မသာဖြစ်နေရသေးတာလဲ …


“ မင်းကိုစစ်ဆေးကြည့်ဖို့ ဆေးဆရာရှာပေးရမလား “ 


“ မလိုဘူး … မလိုဘူး … မလိုပါဘူး … ” ထမင်းစားဖို့တောင်မတတ်နိုင်တာ ဘယ်လိုလုပ်ပြီး ဆရာဝန်ခေါ်ပြရမှာလဲ … စားစရာမရှိတော့လို့ မြောက်ပြန်လေပဲမြိုချပြီးတော့ မနေနိုင်ပါဘူးနော် …လော့ဖေး လျှင်မြန်စွာငြင်းဆန်လိုက်သည် ။


 “ အမေ … ကျွန်တော် တစ်ရက်လောက်ထပ်နားချင်ရုံပါပဲ … ပြီးတော့ ရှီအိမ်ကိုလည်းထပ်သွားရဦးမှာ … ရှီယန်ချင်း ကိုမျိုးစေ့တွေသွားပေးတုန်းက အဲ့မှာအိတ်ထားခဲ့မိလားမသိဘူး … ကျွန်တော်သွားပြန်ယူရမယ် …” 


“ အဖေပြောတာနား … “ လော့ထျန်း စကားပြော၍မပြီးမှီအချိန်မှာပင် လီယွဲ့ဟွားက စားပွဲအောက်မှ ပေါင်ကိုလက်ဖြင့်ဆွဲဆိတ်လိုက်သောကြောင့် ချက်ချင်းအသံတိတ်သွား၏ ။ 


“ ရတယ် … ဒါပေမဲ့ မနက်ဖြန်တော့ ဟင်းသီးဟင်းရွက်တွေ စစိုက်မယ်လို့ ကတိပေးလား … ကြားတယ်မလား … “ 


“ စိတ်မပူပါနဲ့ ကျွန်တော်မနက်ဖြန်သေချာပေါက်စစိုက်ပါ့မယ် …” 


လော့ဖေး စိတ်သက်သာရာရစွာအသက်ရှုထုတ်လိုက်ရင်း ဤတစ်ကြိမ်တွင်လည်းသူ၏မိဘများအား တစ်ပတ်ရိုက်နိုင်လိုက်ပြီဟုတွေးလိုက်သည် ။ အဖေနှင့်အမေတို့ တောင်ပေါ်သွားသောအခါမှသာ လော့ယိကိုအကူအညီတောင်း၍ ရှီယန်ချင်းထံမှ အိတ်သွားယူခိုင်းရမည် ။ သူရှီအိမ်ကိုသွားဖြစ်သည်ဖြစ်စေ မသွားဖြစ်သည်ဖြစ်စေ အရေးမကြီးပါချေ ။ 


ခဏကြာသောအခါ အစ်ကိုကြီးဖြစ်သူနှင့် မိဘနှစ်ပါးတို့အပြင်ထွက်သွားပြီဖြစ်သည် ။ တောင်ပေါ်တွင်ကျားဘုရင်မရှိတော့သကဲ့သို့ အိမ်တွင်သူကသာအမိန့်ပေးနိုင်သည့်ဘုရင်ဖြစ်၏ ။  


လော့ဖေးက သူ၏ညီငယ်လေးကိုခေါ်၍ “ တတိယညီလေး မင်းက ရှီယန်ချင်း စစ်ပွဲတွေအကြောင်းပြောပြတာကို အမြဲ‌နားထောင်ချင်ခဲ့တာမဟုတ်လား … မင်းရှီအိမ်ကိုသွားပြီးတော့ ရှီကောကို ခဏလောက်စကားပြောခိုင်းပြီးရင် လမ်းကြုံအိတ်ကိုပြန်တောင်းလာခဲ့လေ … ဘယ်လိုလဲကောင်းတယ်မလား …” 


“ အာ့ကော ဘာဖြစ်လို့ ဒီလိုလုပ်နိုင်ရတာလဲ … အာ့ကောက အဖေ့ကို ရှီအိမ်သွားမယ်လို့ပြောပြီးတော့ အခုကျသားကိုလွှတ်နေတယ် … ဒါသားကိုလိမ်ခိုင်းတာနဲ့တူမနေဘူးလား ..အဖေ အာ့ကောကိုရိုက်မှာမကြောက်ဘူးလား …”


လော့ယိ သဘောမတူပါချေ ။ သူ၏မိဘများသည် ကလေးများကိုစကားဖြင့်ဆုံးမကာရိုက်လေ့မရှိသော်လည်း ချွင်းချက်နှစ်ခုသာရှိ၏ ။ တစ်ခုကလိမ်ညာခြင်းဖြစ်ကာနောက်တစ်ခုသည်လိမ်ညာခြင်းကိုဖုံးကွယ်ပေးထားခြင်းဖြစ်သည် ။ 


အာ့ကောက ကျားခေါင်းပေါ်ကအမွှေးကိုနှုတ်ဖို့ကြိုးစားနေတာလား …


“ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ မင်းရဲ့အာ့ကောငါက အခုတော်တော်မသက်မသာဖြစ်နေတာ …” 


လော့ဖေးက သူ၏ခါးကိုလက်ညိုးဖြင့်ထိုးပြပြီး ပြောလိုက်သည်။


“ ကျောနာနေလို့ လှုပ်တောင်မလှုပ်ရဲဘူး …” 


“ ဒါပေမဲ့ အဖေသိသွားရင် … သေချာပေါက်အရိုက်ခံရမှာ …” 


လော့ယိက အလွန်ရှက်နေဟန်ဖြင့် ဆက်ပြောလာသည်။

“ ပြီးတော့ သူများကိုလိမ်တာကိုကူညီပေးတဲ့သူတွေက … အဲ့ဒါကို ဘယ်လိုခေါ်တာ … ဟုတ်သားပဲ … ကြံရာပါတွေလို့ခေါ်တာ …” 


“ ဘာဖြစ်လို့ကြံရာပါဖြစ်မှာလဲ …ပြောတာကြီးကအရမ်းကြောက်ဖို့ကောင်းလိုက်တာ …” လော့ဖေးက ဂရုမစိုက်ပါချေ ။ 


“ အဖေ တစ်ယောက်ယောက်ကိုရိုက်ပြီဆိုရင် ပိုပြီးတောင်ကြောက်ဖို့ကောင်းသေးတယ် …” 


“ ဟေး … ငါလည်းမပြော မင်းလည်းမပြောပြဘူးဆိုရင် ဘယ်သူမှမသိတော့ဘူးလေ …” 


“ ဘန်း …” ရုတ်တရက် တံခါးကိုအားပြင်းပြင်းဖြင့်ကန်ဖွင့်သည့်အသံကိုကြားလိုက်ရ၍ကြည့်လိုက်သောအခါ တောင်ပေါ်သို့သွားကြပြီဟု ထင်လိုက်သောအဖေပြန်ရောက်လာကြောင်းတွေ့လိုက်ရသည် ။ 


“ ဟုတ်ပြီ … လော့ဖေး မင်းအရမ်းသတ္တိရှိနေတယ်ပေါ့ဟုတ်လား … ငါ့ကိုတောင်လိမ်ရဲနေတယ်ပေါ့ …” 


လော့ထျန်းက အင်္ကျီလက်ကိုခေါက်တင်၍ ပြောလိုက်သည် ။ 


“ အ … အဖေ … အဖေလား … “ လော့ဖေး ကြောက်လန့်လွန်းသဖြင့် စကားပင်ဖြောင့်ဖြောင့်မပြောနိုင်တော့ချေ ။


“ အဖေဘာလို့ ချက်ချင်းကြီးပြန်လာတာလဲ … “ 


လော့ယိက အခန်းထောင့်သို့တိတ်တိတ်လေး လျှောက်သွားလိုက်ပြီးသည့်နောက် လော့ဖေးနားသို့ကပ်သွားလိုက်သည် ။ 


“ ဘာလို့ပြန်လာတာလဲဟုတ်လား …ငါသာအစောကြီးပြန်မလာရင် မင်းတို့နှစ်ကောင်ပေါင်းပြီး ငါ့ကိုလိမ်ဖို့လုပ်နေတာကိုသိမှာမဟုတ်ဘူးကွ …” 


လောထျန်းက ပို၍ဒေါသထွက်လာ၏ ။


“ လော့ဖေး မပြောရင်ဘယ်သူမှမသိဘူးဆိုတာဘာအဓိပ္ပာယ်လဲကွ … မင်းပြောစမ်း …” လော့ထျန်းက တုတ်တစ်ချောင်းကိုဆွဲယူလိုက်ပြီးသည့်နောက်တွင် သူတို့ညီအစ်ကိုနှစ်ဦးအား ရိုက်မည့်ဟန်ဖြင့်ပြေးလာ၏ ။ 


“ အာ့ကော …ဘာလို့ကြောင်ရပ်နေတာလဲ …” လော့ယိက ပြောလိုက်သည် “ ပြေး …”


“ အား …  အားးးးးး  … နေဦးလေ … စတုတ္ထလေး … မင်း … မင်း …"


 " အခုချက်ချင်းရပ်လိုက်ကြစမ်း … ဟေ့ … “ 


လော့ဖေး ရူးတော့မည် ။ တံခါးကိုဆွဲဖွင့်၍ အပြင်သို့ထွက်မပြေးမှီ သူ၏နှလုံးသားလေးကို ပြင်ဆင်ချိန်ပင်မရလိုက်ချေ ။ သူ၏နာကျင်နေသော ဂန္ဓမာပန်းလေးသည် ရုတ်တရက်ပြင်းထန်သောလှုပ်ရှားမှုကို ခံနိုင်ရည်မရှိသောကြောင့် ဆွဲဖြဲခံလိုက်ရသကဲ့သို့ အလွန်နာကျင်သွားသည် ။ 


“ ရပ်ရမှာလား …  ဘာလို့ရပ်ရမှာလဲ  … မြန်မြန်ပြေးရမှာကွ … အဖေ ဖမ်းမိသွားရင်ငါတို့တကယ်သေလိမ့်မယ် …” 


မည်သည့်နေရာက သတ္တိနှင့်အင်အားများရောက်လာသည်ကို လော့ယိ မသိသော်လည်း တုံ့ဆိုင်းခြင်းမရှိ လော့ဖေးကို ဆွဲ၍ အိမ်ပေါ်မှဆင်းပြေး၏ ။


 လော့ဖေး လော့ယိကို တားချင်ပါသော်လည်း ညီဖြစ်သူသည် ခြေထောက်တွင်စက်တပ်ထားသကဲ့သို့အားအင်အပြည့်ဖြင့် သူ့အားဆွဲပြေးနေသည် ။ အလွန်လျင်မြန်သောကြောင့် နောက်ခံတေးသံသည် လော့ဖေး၏ အာခေါင်ခြစ်အော်သံကြီးသာဖြစ်သည်။


  “ အားးးးးး … ” 


“ ရပ် … ရပ် … ရပ်တော့  … သေစမ်း …”


ဤသို့ဖြင့် ညီအစ်ကိုနှစ်ဦး လမ်းတစ်လျှောက်လုံးပြေးလာကြသည်မှာ ရှီမိသားစုအိမ်တံခါးဝသို့ရောက်သောအခါမှသာရပ်တန့်ကြ၏ ။ လော့ဖေးက အသက်လုရှုနေရသော်လည်း လော့ယိက နောက်လှည့်ကြည့်၍ စစ်ဆေးပြန်သည် ။ လှည့်ကြည့်လိုက်သောအခါ လူများကိုတွေ့လိုက်ရသော်လည်း ထိုသူများအနက်တွင် သူတို့မျှော်လင့်ထားသည့်သူမပါချေ ။ 


“ မဖြစ်နိုင်တာ … ဘယ်လိုဖြစ်ပြီးတော့ … အဟွတ် … အဟွတ် …” 


လော့ယိက မောဟိုက်စွာဖြင့် ရင်ဘတ်ကိုဖိ၍ပြောလိုက်သည်။


  “ ဘယ်လိုဖြစ်ပြီး ကျွန်တော်တို့ကိုအဖေလိုက်ဖမ်းလို့မမှီတာလဲ … ”


လော့ဖေး လော့ယိ၏ ထူးဆန်းသောနှလုံးသားကိုနားမလည်နိုင်ပါချေ ။ 


တခြားတစ်ဖက် လော့မိသားစု၏ အိမ်ဝတွင်မူ လီယွဲ့ဟွားက သူမ၏သားနှစ်ယောက်ထွက်ပြေးပျောက်ကွယ်‌သွားသည့် ဘက်သို့ထူးဆန်းသည့်အမူအယာဖြင့်ကြည့်နေလေသည်။


“ ရှင်သူတို့ကိုတကယ် မရိုက်လိုက်ဘူးမလား … ဘာဖြစ်လို့အသတ်ခံရတော့မဲ့ဝက်တွေလို အော်ဟစ်ပြီးထွက်ပြေးသွားကြရတာလဲ …”


လော့ထျန်းက မိန်းမဖြစ်သူ၏ဇာတ်ကားကိုဆန့်ကျင်၍ပြော၏။


  “ ကိုယ်သာ သူတို့ကိုတကယ်ရိုက်ချင်မယ်ဆိုရင် ထွက်ပြေးနိုင်ကြမယ်လို့ထင်လို့လား … ဒါနဲ့ ဒုတိယလေး ရဲ့ ကျောကတကယ်နာနေတာလားမသိဘူး … ”



“ ကျွန်မတော့မထင်ပါဘူး … သူပြေးသွားတာအရမ်းမြန်တာပဲဟာကို … ” 


လီယွဲ့ဟွားက စိတ်ရှုပ်နေပါသော်လည်း ရယ်မော၍ပြောလိုက်သည်။


 “ ဘာပဲဖြစ်ဖြစ်အသုံးဝင်တာပဲဟာ … သူရှီမိသားစုအိမ်ကိုရောက်အောင်ပြေးသွားတယ်လေ …  ”


“ ဒုတိယလေးကအရမ်းကိုအလိုလိုက်ခံထားရတာလေ … ရှီယန်ချင်းက လူကောင်းလေးကိုတောင်မှသူကမကျေနပ်နိုင်သေးဘူး …  ” လော့ထျန်းကမူ သူ့သား၏ဦးနှောက်ကို အကောင်တစ်ကောင်ကောင်ကများကန်ထားသလားဟု တွေးမိနေ၏ ။ 


“ ကျန်းမိသားစုကကောင်ကြောင့်ဖြစ်နေမလားမသိဘူး … ထားလိုက်ပါတော့ သူလည်းမေ့သွားမဲ့တစ်နေ့ရှိလာမှာပေ့ါ …  ” 


လီယွဲ့ဟွားက သူမ၏အင်္ကျီလက်ကိုခေါက်တင်ပြီးနောက် ဟင်းသီးဟင်းရွက်ခင်းရှိရာသို့သွားရန်ပြင်လိုက်၏ ။  


“ မင်းဘယ်သွားမလို့လဲ …  တောင်ပေါ်ကလယ်ကိုသွားလုပ်မှာမဟုတ်ဘူးလား …” လော့ထျန်းကမေးလိုက်သည် ။ 


“ လယ်ချဲ့ရမှာလား … ကလေးတွေကရှီမိသားစုအိမ်ကိုသွားကြပြီလေ … ဒီနေ့တော့ ကျွန်မဟင်းသီးဟင်းရွက်ခင်းကိုဂရုစိုက်လိုက်မယ် … ဒါမှသီးနှံသီးတာနောက်မကျမှာ … ရှင်က အကြီးဆုံးသားနဲ့အတူတူ လယ်သွားလုပ်လို့ရတာပဲ …  ” မူလက သူမသည် စိုက်ပျိုးခြင်းနှင့်ပက်သက်၍ ကလေးများ၏အကူအညီကိုအမှန်တကယ်ယူချင်ခဲ့သည် ။ မိသားစုမှ ဒုတိယလေးသည် အလိုလိုက်ခံရလွန်းသောကြောင့် အလုပ်လုပ်ရသည်ကို မနှစ်သက်ချေ ။ ထို့ကြောင့်သူမက ဤအချက်ကိုအခွင့်ကောင်းယူ၍ ငပျင်းလေးအားရှီအိမ်တွင်သွားရောက်ပုန်းနိုင်စေရန် လမ်းစထွင်ပေးခြင်းဖြစ်သည် ။ သို့သော်လည်း ဤမျှလွယ်ကူနေမည်ဟုသူမထင်မထားပေ ။ 


လော့ထျန်း သည်လည်းမိန်းမဖြစ်သူ၏ပြောစကားသည်အဓိပ္ပာယ်ရှိသည်ဟုထင်မိသောကြောင့် အကြီးဆုံးသားနှင့်သာတောင်ပေါ်သို့သွားလိုက်သည်။ 


***


တစ်ဖက်ရှိ ရှီမိသားစုအိမ်ဝတွင်ရပ်နေကြသည့် လောယိ ကမူ သူ၏အစ်ကိုဖြစ်သူသည် အနည်းငယ်ထူးဆန်းနေကြောင်းခံစားနေရသည် ။ 


 “ အာ့ကော … အဆင်ပြေရဲ့လား … ဘာလို့မျက်နှာကြီးက အရမ်းစူပုပ်နေတာလဲ … ”


လော့ဖေး ၏မျက်နှာတစ်ခုလုံးတွင်ချွေးများရွှဲနေလျှက် လက်သာခါပြနိုင်၏ ။ အလွန်နာကျင်ရသဖြင့် စကားပင်မပြောနိုင်ချေ ။ မျက်နှာက စာရွက်ဖြူတစ်ရွက်လိုဖြူဖျော့နေပြီလို့ … 


လော့ယိ ရုတ်တရက် လော့ဖေးက အိမ်တွင်ရှိနေစဉ်ကတည်းက မသက်မသာဖြစ်နေခြင်းဖြစ်ကြောင်းသတိရသွား၏ ။ သူက စိတ်ပူပန်စွာဖြင့် ရှီမိသားစု၏ အိမ်တံခါးကိုလက်ဖြင့်ထုကာ အော်ဟစ်လိုက်လေသည်။


 “ ရှီကော … အိမ်မှာရှိလား … ”


ရှီယန်ချင်း အိမ်တွင်ရှိနေလေသည် ။ သူက ရေနွေးကျို၍ရေချိုးရန်ပြင်ဆင်နေခြင်းဖြစ်သည် ။ ညအခါတွင်မီးမရှိသောကြောင့် အမှောင်ထဲတွင်ရေချိုးရသည်အား သူမနှစ်သက်ချေ ။ ထို့ကြောင့် အေးအေးဆေးဆေးရေချိုးရန်ပြင်ဆင်နေခြင်းဖြစ်သည် ။ ဤအချိန်တွင် အိမ်သို့ဧည့်သည်လာလေ့မရှိသောကြောင့် တံခါးပိတ်ထားခြင်းဖြစ်သည် ။ တစ်စုံတစ်ယောက် ရောက်လာမည်ဟုထင်မထားမိသောကြောင့်အသံကြားရသည်အချိန်တွင် သူအင်္ကျီချွတ်နေသည့်အချိန်ဖြစ်သည် ။ 


ထိုအသံသည် လော့ဖေး၏ အသံမဟုတ်သောကြောင့်ချက်ချင်း တံခါးဖွင့်ရန်အလျင်မလိုပေ ။ သို့သော်လည်း သေသေချာချာနားထောင်ကြည့်မိသောအခါ လော့ဖေး၏ အသံနှင့်ဆင်တူကြောင်းခံစားမိသဖြင့် အင်္ကျီပြန်ဝတ်ပြီးသည့်နောက် ပြန်ထူးလိုက်သည် ။


 “ လာပြီ … ”


လော့ယိ : “ ‌အာ့ကော … ဘယ်လောက်တောင်မသက်မသာဖြစ်နေတာလဲ … ”


လော့ဖေးက ညီငယ်ဖြစ်သူကိုစိုက်ကြည့်ပြီးသည့်နောက်တွင် အံကြိတ်၍ သွားကြားမှထွက်လာသောလေသံဖြင့် ပြောလိုက်သည်။


 “ ပါးစပ်ပိတ်ပြီး ငါနဲ့အိမ်ပြန်မယ် … ”


ရှီယန်ချင်းရဲ့ ရှေ့မှာမျက်နှာပျက်ရမှာထက် သေလိုက်တာကမှပိုကောင်းဦးမယ်ကွ …




🙇‍♂️🙇‍♂️