Ch 7
Viewers 4k

🙇‍♂️Chapter 7



ရှီယန်ချင်း အိမ်တွင်မရှိဟုထင်သောကြောင့်သာ တံခါးဝတွင်အသက်ဝဝရှုနိုင်ခြင်းဖြစ်သည် ။ ယခုမူ အတွင်းမှတုံ့ပြန်သောအသံကိုကြားလိုက်ရသဖြင့် ဤနေရာတွင်တစ်စက္ကန့်မျှပင်မနေချင်တော့ချေ ။   


“  အဲ့လိုမလုပ်နဲ့လေ အာ့ကောရဲ့ … အာ့ကောက အရမ်းမသက်မသာဖြစ်နေတာ ဒီမှာခဏနားပြီးမှ  အိမ်ပြန်ကြမယ်လေ …  ” 


လော့ယိ ကလော့ဖေးကို ဆွဲထားရင်း အလုပ်များနေ၏  “ သားတို့ အိတ်ပြန်ယူရဦးမယ်မဟုတ်ဘူးလား … ”


“ ဒီကို အိတ်ပြန်ယူဖို့လာတာမဟုတ်ဘူးလား … ” 


ရှီယန်ချင်း မြန်မြန်လာခဲ့ပါသော်လည်း လော့ဖေး၏ မျက်နှာသည်အလွန်ဖြူဖျော့နေကြောင်းတွေ့လိုက်ရသောအခါ သူ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီးသည့်နောက် မျက်ခုံးများသည်လည်း စိတ်ပူနေသည့်ဟန်ဖြင့်တွန့်ချိုးသွား၏။


 “ ဘာဖြစ်လို့လဲ … ”


“ ဘာမှမဖြစ်ဘူး … ” 


လော့ဖေးက အံကြိတ်၍အလောတကြီးဖြင့်ပြောလိုက်သည် “ ငါတို့ မျိုးစေ့တွေထည့်ပေးလိုက်တဲ့ အိတ်လာပြန်ယူတာ …  ”


“ ရှီကော သားရဲ့အစ်ကိုက ကျောနာနေတယ်ထင်တယ် … ” အလွန်အသုံးဝင်လှသော ညီငယ်လေးသည် နောက်တစ်ကြိမ်ပြဿနာထပ်ရှာပြန်လေပြီ။


 “ အာ့ကောက ပြောရမှာရှက်နေလို့ပါ … သားတို့အထဲဝင်ပြီးနားလို့ရမလား … ”


“ အိမ်ပြန်မယ်လို့ပြောနေတယ်လေ … ” 


လော့ဖေးက ရှီယန်ချင်းအား အများကြီးမသိစေလိုပေ ။ ချစ်လှစွာသောညီငယ်လေး၏ အသုံးဝင်မှုအတိုင်းအတာကို အမှန်ပင်လျော့တွက်၍မရသဖြင့် ရှီမိသားစု အိမ်တံခါးကိုကျော်၍အတွင်းသို့ဝင်လိုက်ရသည် ။  


“ အာ့ကော အခုအိမ်ပြန်သွားရင် သေချာပေါက်အဖေက သားတို့ကိုရိုက်လိမ့်မယ် … ရှီကောရဲ့အိမ်မှာပဲခဏလောက်နေရအောင်လေ … ပြီးရင် ရှီကောကိုအိမ်ပြန်လိုက်ပို့ခိုင်းပြီး အဖေ့ကိုစကားနည်းနည်းလောက်ပြောခိုင်းလိုက်ရင် အဖေသားတို့ကိုရိုက်တော့မှာမဟုတ်ဘူး … ”


 အရင်အချိန်ကတည်းက သူ၏အဖေဖြစ်သူသည် ရှီကောကိုအလွန်နှစ်သက်သဖြင့် ရှီကောစကားအနည်းငယ်ပြောရုံမျှဖြင့်စိတ်ပြေသွားတတ်၏ ။ နှစ်အနည်းငယ်ကြာမြင့်ပြီဖြစ်သော်လည်း သူတို့အဖေဖြစ်သူ၏ ရှီကောအပေါ်နှစ်သက်မှုမှာမူမပြောင်းလဲသွားကြောင်း လော့ယိမြင်နိုင်လေသည် ။ 


“ လော့ဖေး … မင်းအရိုက်ခံချင်နေတာလား … ” 


ရှီယန်ချင်းက ပို၍ပင်မျက်မှောင်ကျုံ့လိုက်မိသည် ။ လော့ဖေးကို ကူတွဲပေးရန်ဆန္ဒရှိပါသော်လည်း သူ၏ထိတွေ့မှုကိုခုခံသည့်အနေဖြင့် လော့ဖေး၏ ခန္ဓာကိုယ်တောင့်တင်းသွားကြောင်းတွေ့ရသောအခါ သူမကူညီရဲတော့ချေ ။ 


ယခုအချိန်တွင်ခြေတစ်လှမ်းချင်းစီတိုင်းသည် အလွန်နာကျင်ရသည်ဟု လော့ဖေးတွေးနေမိသည် ။ သူ၏ ဂန္ဓမာပန်းလေးသာ ထိခိုက်သွား၍ အခြားနေရာများထိခိုက်ခြင်းမရှိဟူသော အတွေးကိုပင်သံသယဝင်စပြုလာပြီဖြစ်၏ ။ ပြေးလွှားနေရသည့်အချိန်တွင် သတိမထားမိသော်လည်း ယခုမူ တစ်ခုခုကမူမမှန်နေကြောင်းခံစားမိနေသည် ။ အနည်းငယ်ပွန်းသွားခြင်း သို့မဟုတ် ယောင်ယမ်းလာခြင်းလည်းဖြစ်နိုင်သော်လည်း အလွန်နာကျင်လှသည် ။ 


“ မဖြစ်နိုင်တာ …” 


လော့ဖေး ညည်းတွားလိုက်မိသည် ။ ပိုးတွေဘာတွေများဝင်သွားနိုင်လား …


“ မင်းဘာတွေပြောနေတယ်ဆိုတာနဲ့ မင်းမသက်မသာဖြစ်နေပါတယ်ဆိုတဲ့အကြောင်းကို လူတိုင်းသိသွားစေချင်လို့ အဲ့အတိုင်းဆက်ရပ်နေချင်တာလား … ”


 ရွာထဲတွင် အတင်းမပြောတတ်သည့်သူဟူ၍မရှိပါပေ ။ အိမ်တံခါးဝတွင်ရပ်၍ပြောနေသည့်စကားများသည် နောက်တစ်နေ့တွင်တစ်ရွာလုံး၌ ပြန့်သွားနိုင်ချေ အလွန်များ၏ ။ 


“ မင်းဘာသဘောနဲ့ပြောချင်နေတာလဲ …  ရန်ဖြစ်‌ချင်နေတာလား … ဒီလိုနေရာမျိုးမှာ ဘာစကားများပြောစရာရှိလို့လဲ … ” 


လော့ဖေးက ရှီယန်ချင်းကို မျက်စောင်းထိုး၍ ပြောလိုက်သည် ။


 “ ကျောနာရုံလောက်ပဲလို့ ကျွန်တော်ပြောနေတယ်လေ … ”


“ ဒါပဲလား … ”


“ ကျွန်တော်ခင်ဗျားကိုဘာကိစ္စနဲ့ညာရမှာလဲ …” လော့ဖေးက လက်သီးဆုပ်၍ နာကျင်နေသည့်နေရာကိုအသာဖိလိုက်သည် ။


  နာကျင်ရုံသာမဟုတ် အလွန်နာကျင်နေခြင်းပင် ။ ဤပုံစံအတိုင်းဖြင့် သေချာပေါက်အိမ်သို့လမ်းလျှောက်၍မပြန်နိုင်ပါချေ ။ ရှီမိသားစုအိမ်တွင်ခဏအနားယူရန်သာတတ်နိုင်တော့သည် ။ တံခါးဝမှာဘာလို့ရပ်နေတာလဲဆိုတာကတော့ … နွေဦးလေပြည်လေးကအေးလို့ပေါ့ …


 အား … 



“ သူကဘယ်လိုဖြစ်ပြီးခါးနာသွားရတာလဲ … ” 


ရှီယန်ချင်းက လော့ဖေး၏ ခါးကိုကြည့်၍ လော့ယိကိုမေးလိုက်သည် ။ လော့ဖေး၏ လမ်းလျှောက်ပုံကိုကြည့်ရသည်မှာ ခါးနားနေသည့်သူတစ်ဦးလမ်းလျှောက်နေသည့်ပုံန‌ှင့်မတူပါချေ ။ 


“ မပြောပြဘူး … ဒီတိုင်းခါးနာနေတယ်လို့ပဲပြောတာ … ” 


လော့ယိ သည်လည်းပြောရသည်ကိုရှက်နေ၏ ။ 


လော့ဖေး အိမ်အတွင်းသို့အလျင်စလိုဝင်သွားသောအခါ မီးဖိုအတွင်းတွင်ကြီးမားသည့်သစ်သားပုံးကြီးတစ်ပုံးရှိနေကြောင်းတွေ့လိုက်ရသည် ။ ပုံးသည်အသစ်မဟုတ်သော်လည်း ပုံးတစ်ဝက်ကျော်သည်အထိ ရေနွေးများဖြင့်ဖြည့်ထား၏ ။ အပြင်ဘက်ရှိရာသီဥတုသည်အေးလွန်းလှသောကြောင့် ပုံးအတွင်းမှ ရေနွေးငွေ့များထွက်ပေါ်နေသည်ကိုကြည့်ရုံဖြင့် ဝင်စိမ်လိုက်ရမည်ဆိုလျှင်အလွန်သက်တောင့်သက်သာရှိလိမ့်မည်မှာသေချာပေသည် ။ 


သူကူးပြောင်းလာသည့်အချိန်ကတည်းက ယခုအချိန်ထိ ကောင်းကောင်းမွန်မွန်မချိုးရသေးချေ ။ မနေ့ညက ခိုးထွက်၍ ရေနွေးဖြင့်ရေချိုးရန်ကြိုးစားကြည့်ပါသော်လည်း ရာသီဥတုအေးသောကြောင့် ရေချိုးမည့်အချိန်တွင်ရေများကအေးစက်သွားပြီဖြစ်သည် ။ မတ်လကုန်တွင်အပူချိန်အလွန်နိမ့်လှသဖြင့် အချိန်ခဏဖြင့်ရေနွေးများအေးစက်သွားလေ့ရှိသည် ။ 

 

ခက်ခဲစွာနေထိုင်ရသည့်အချိန်များကို သူမေ့နေသည်မှာကြာပြီပင် ။ မည်သို့ပင်ဖြစ်စေ သူ့အိမ်တွင်ရေချိုးခန်းမရှိသောကြောင့် ရေပုံးသေးသေးလေးထဲတွင်ရေနွေးထည့်၍ အဝတ်စဖြင့်ချေးတွန်းရန်သာတတ်နိုင်၏ ။ နွေရာသီတွင်မူ အပြင်ဘက်ရှိရေတွင်းနှင့် စမ်းချောင်းများတွင်ရေချိုးနိုင်ပြီဖြစ်သည် ။ 


ယခုမူ တစ်နေ့နှစ်ကြိမ်ရေချိုးနိုင်ခြင်းမရှိတော့ပေ … လော့ဖေး အချိန်ခဏမျှ ရေပုံးအတွင်းရှိရေနွေးများကိုလောဘကြီးစွာစိုက်ကြည့်နေမိသည် ။ 


ဘာဖြစ်လို့လဲ … ရှီယန်းချင်းက ကူးပြောင်းလာတာချင်းအတူတူကိုတောင်မှ ကိုယ်ပိုင်အိမ် ၊ ကိုယ်ပိုင်လယ်ကွင်း …  ဟင်းသီးဟင်းရွက်ခင်းနဲ့ ရေချိုးပုံးတောင်ရှိနေသေးတယ် … 


သူကရော အီအီးကုန်းဖို့တောင် တစ်ရှုးမရှိလို့ ကိုယ့်ဘာသာကြံဖန်နေရတယ်  … 


ကြံဖန်တာတောင် ကောင်းကောင်းမွန်မွန်မရှိလို့ ဂန္ဓမာပန်းလေးကိုရှမိသွားသေးတယ် …  


လော့ဖေး တွေးလေစိတ်ဓာတ်ကျလေဖြစ်နေသည့်အချိန်တွင် ရှီယန်းချင်း မေးလာသည်ကိုကြားလိုက်ရသည်။


 “ ရေချိုးချင်လို့လား … ” ရှီယန်ချင်းက ဆက်မေး၏။


 “ ကိုယ်ရေနွေးတွေအများကြီးကျိုထားတာ … ”


 ဤသည်မှာ အမှန်ကိုပင် ငြင်းဆန်ရန်ခက်ခဲလှသည့် သွေးဆောင်မှုပင် … 


လော့ဖေး မထိန်းချုပ်နိုင်စွာဖြင့်ပြောလိုက်သည်။


  “  တ … တကယ်ချိုးလို့ရတာလား … ”


ထိုနှစ်ဦးကြားမှဆက်သွယ်မှုကို တိတ်ဆိတ်စွာထောက်လှမ်းနေသည့် လော့ယိပင် ချက်ချင်းမျက်လုံးပွင့်သွားရသည် ။ 


 အာ့ကော … ရူးများရူးသွားပြီလား … အာ့ကော … လက်မထပ်ရသေးတာတောင် ရှီအိမ်မှာရေချိုးချင်နေသေးတယ် …ဒီတစ်ခေါက်ဘယ်လိုလုပ်ရမလဲ … တားရမှာလား …ဒါမှမဟုတ်အကြောင်းပြချက်ရှာပြီးအိမ်ပြန်ရမှာလား … ရှီကော ကရောအမှားအကြီးကြီးလုပ်နေတာ သတိမထားမိဘူးလား … 


 ရှီယန်ချင်းက သူ၏အာ့ကောကို နောက်ပြန်ဆုတ်ရန်လမ်းကြောင်းမပေး‌ထားကြောင်း လော့ယိ ခံစားလိုက်ရသည် ။ ရေချိုးလိုက်မယ်ဆိုရင် အာ့ကောမှာ ရွေးချယ်စရာမရှိတော့ဘူး မဟုတ်လား … 



 ဒါပေမဲ့ …  အိမ်ကလူတွေကလည်း ဒါမျိုးကိုပဲလိုချင်နေတာမဟုတ်ဘူးလား…အထူးသဖြင့် အဖေနဲ့အမေပဲ သူတို့ဒီသတင်းကိုကြားရင်အရမ်းပျော်သွားကြမှာ …ပြီးတော့အပြင်လူတွေကိုပေးမသိသရွေ့အဆင်ပြေတာပဲလေ … အဓိကအရေးအကြီးဆုံးက အဖေအရမ်းပျော်သွားပြီးတော့ သူတို့ကိုရိုက်တော့မှာမဟုတ်ဘူး …  


လော့ယိ ထိုသို့တွေးပြီးသောအခါ သူ၏နှလုံးထားအတွင်းရှိ ဆုံးဖြတ်ချက်သည်ပို၍ပြတ်သားလာ၏ ။


 “ ဟေး … ရှီကော … အာ့ကော သားဗိုက်နာလာလို့အိမ်ပြန်ဦးမယ်သိလား … ”


လော့ယိက စကားကိုအော်ပြော၍မပြီးမှီမှာပင် အပြင်သို့ထွက်ပြေးပြီဖြစ်သဖြင့် လော့ဖေး လှမ်းဆွဲ၍မမှီလိုက်ပါချေ ။ 


ရှီယန်ချင်းက လော့ဖေး အနည်းငယ်တွေဝေနေကြောင်းကိုတွေ့သောကြောင့် အဝတ်သန့်တစ်ခုကိုယူ၍ ရေပုံးဘေး‌တွင်တင်ထားလိုက်ပြီးနောက် ပြောလိုက်သည်။


  “ ကိုယ်ဟင်းရွက်ခင်းထဲမှာလုပ်စရာရှိသေးလို့ … မင်းစိတ်ကြိုက်ချိုးလို့ရတယ် ဒါပေမဲ့ ခေါင်းကိုရေမစိုစေတာပိုကောင်းလိမ့်မယ်  ”


လော့ဖေးက မေးလိုက်သည် “ ဘာဖြစ်လို့လဲ … ”


ရှီယန်ချင်း တံခါးဘောင်ကိုဖြတ်နေသည့်အချိန်တွင် ထိုစကားကိုကြားလိုက်ရသောကြောင့်ပြုံးလိုက်မိသည် ။ သူမေးခွန်းကိုပြန်မဖြေသော်လည်း ထို့အစားပြန်လည်မေးခွန်းထုတ်လိုက်သည်။


 “ မင်းဘယ်လိုထင်လဲ … “


တံခါးသည် “ ချပ် “ ဟူသောထူးဆန်းသည့်အသံဖြင့်ပိတ်သွား၏ ။ လော့ဖေး တွေးမိသည်မှာ ဖြစ်နိုင်ချေ နှစ်ခုသာရှိသည် ။ ပထမတစ်ခုသည် သူ၏ဆံပင်သည်ခါးကျော်သည်အထိရှည်လျားသောကြောင့် ရေစိုသွားမည်ဆိုပါက အခြောက်ခံရန်လွယ်ကူမည်မဟုတ်ပေ ။ ဒုတိယတစ်ခုသည် သူ၏ဆံပင်များရေစိုလျှက် ရှီအိမ်မှထွက်လာမည်ဆိုပါက အခြားသူ‌များတွေ့မြင်သွားလျှင် အတင်းအဖျင်းများစွာထွက်ပေါ်လာပေလိမ့်မည် ။ ဒေါသထွက်စရာပင် ။ 


ရှီယန်ချင်း၏ အမူအရာအရဆုံးဖြတ်ကြည့်ရမည်ဆိုလျှင် ဒုတိယတစ်ခုသာဖြစ်နိုင်ချေများ၏ ။ အခြားသူများ သူ့အကြောင်းဝေဖန်ပြောဆိုမည်ကို မကြိုက်သောကြောင့်ဖြစ်နိုင်၏ ။ 


ရှီယန်ချင်းက စေ့စပ်ထားခြင်းကိုမဖျက်သိမ်းချင်သော်လည်း ဤနေရာတွင်လော့ဖေး ရေချိုးခဲ့ကြောင်းကိုလည်း အခြားသူများကိုမသိစေချင်ပေ ။ 


ဖြစ်နိုင်တာက … သူကငါ့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးချင်နေတာလား …


အရမ်းများကြင်နာနေသလားလို့ …


လော့ဖေး ရှီယန်ချင်း ထွက်သွားသည့်ဘက်သို့ သံသယအပြည့်ဖြစ်နေသည့်အကြည့်ဖြင့်ကြည့်နေမိကာ ပုံးအတွင်းရှိ ရေများကိုလက်ဖြင့်ပုတ်နေမိသည် ။ 


ရေပုံးအတွင်းရှိရေနွေးသည် အပူချိန်အနေတော်ပင်ဖြစ်၏ ။ လက်ဖဝါးတစ်ဝက်အတိုင်းအတာအထိသာ ရေနွေးထဲသို့လက်ထည့်ကြည့်ရသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးအရည်ပျော်သွားမတတ် သက်တောင့်သက်သာရှိလှသည် ။ အလွန်သက်တောင့်သက်သာရှိလှသဖြင့် သူ၏ဂန္ဓမာပန်းလေးမှနာကျင်နေခြင်းပင် ပျောက်ကွယ်သွားသည်ဟုခံစားလိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရေနွေးနွေးထဲတွင်နှစ်ထားရန် မစောင့်နိုင်တော့ချေ ။ 


ထိုအချိန်တွင်ပင် သူ၏စိတ်ထဲမှ နတ်ဆိုးလေးက အော်ဟစ်လာ၏ ။ ဒီရေနွေးကဘယ်သူပြင်ပေးထားတာမို့လို့လဲ …ရှီယန်ချင်းပြင်ပေးထားတာ … ရှီယန်ချင်းက ဘယ်သူမို့လို့လဲ … မင်းရဲ့ပြိုင်ဘက်လေ …


တခြားတစ်ဘက်ရှိနတ်ဆိုးလေးမှလည်းပြော၏ ။ အဲ့ဒီတော့ရောဘာဖြစ်လဲ … လျန်ပေါ်ယွမ်က ဖြင့်ဘဝကြီးထဲကပျောက်ကွယ်သွားပြီ အချစ်ပြိုင်ဘက်ဆိုတာ ဘာလို့ဆက်ရှိနေရဦးမှာလဲ … ရေနွေးနွေးလေးနဲ့ ရေချိုးရဖို့ကအဓိကပဲကွ …


ဟုတ်တယ် … ရေချိုးရဖို့က အရေးအကြီးဆုံးပဲ …


လော့ဖေး သတိမထားမိလိုက်သော်လည်း လက်သီးဆုပ်လိုက်မိသည် ။ 


တစ်ရွာလုံးပတ်ရှာကြည့်မယ်ဆိုရင်တောင် ဒီလိုမျိုးအခွင့်အရေးမျိုးဘယ်မှာမှမရနိုင်ဘူးကွ … ဘာဖြစ်လို့မျက်နှာပျက်မှာကိုစိုးရိမ်နေရဦးမှာလဲ … ထို့အပြင် သူ၏အိမ်တွင်ရေပုံးနှစ်ပုံးသာရှိသည် ။ တစ်ပုံးသည် ပန်းကန်နှင့်ဟင်းသီးဟင်းရွက်များဆေးရန်ဖြစ်ကာ နောက်တစ်ပုံးသည် ဖိနပ်နှင့်အဝတ်များကိုလျှော်ရန်ဖြစ်သည် ။ မည်သည့်ရေပုံးတစ်ပုံးကမှ သူ၏ဂန္ဓမာပန်းလေးကိုဆေးကျောရန်မသင့်တော်ပါချေ ။ 


ဒါပေမဲ့လည်း ငါ့ရဲ့ဂန္ဓမာပန်းလေးကို ဆေးကြောရဦးမယ်လို့ …


လော့ဖေးက တံခါးသော့ကိုစစ်ဆေးလိုက်ပြီးသည့်နောက်တွင် အဝတ်များကိုချွတ်လိုက်သည် ။ အဝတ်ချွတ်ရသည့်အချိန်တွင်သာမန်ထက်ပို၍အချိန်ကြာနေ၏ ။ သေးငယ်သည့်လှုပ်ရှားမှုကလေးကပင် အလွန်နာကျင်စေသည်ဖြစ်သောကြောင့် အလွန်ဂရုစိုက်နေရသည် ။ ရေချိုးရန်အလျင်လိုနေပါသော်လည်း သူ၏ခန္ဓာကိုယ်ထိခိုက်သွားမည်ကိုမူမလိုလားပေ ။ ထို့ကြောင့် ရေပုံးအတွင်းသို့ဝင်ကာ အပူချိန်နှင့်နေသားကျရန် ထိုင်ချလိုက်ရမည့်အစား မတ်တပ်ရပ်ကာအချိန်ယူနေ၏ ။ 


ရှီယန်ချင်းက အိမ်အတွင်းနွေးထွေးနေစေရန်အတွက် ထင်းမည်မျှထည့်ထားသည်မသိသော်လည်း အခန်းအပူချိန်သည် အလွန်မြင့်မားလှသည်။ လော့ဖေးက ပေါင်အထိသာရှိသည့်ရေနွေးထဲတွင်မတ်တပ်ရပ်နေခြင်းဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် အေးစက်မှုကိုမခံစားရချေ ။ ခံစားရအလွန်သက်တောင့်သက်သာရှိလှသဖြင့် ကြက်သီးမွှေးညှင်းများပင်ထလာ၏ ။ 


နောက်ထပ်ဆက်လုပ်မည့်အပြုအမူသည် အလွန်ရှက်စရာကောင်းသည့် အပြုအမူသာမဟုတ်ပါက အလွန်ပျော်ရွင်စရာကောင်းသည့်ရေချိုးမှုဖြစ်မည်ပင် ။ 


လော့ဖေး လက်ဆန့်၍ သူ၏ဂန္ဓမာပန်းလေးကိုထိကြည့်လိုက်သောအခါ ယခင်ကနှင့်မတူညီပါဘဲ ယောင်ယမ်းနေကြောင်းတွေ့လိုက်ရကာ အနည်းငယ်ထိလိုက်ရုံဖြင့်အလွန်နာကျင်လှ၏ ။ မှန်သာရှိမည်ဆိုပါက ဒဏ်ရာအခြေအနေကိုစစ်ဆေးကြည့်နိုင်မည်ဖြစ်ကာ မှန်မရှိသော်လည်း ဒဏ်ရာအခြေအနေမည်သို့ရှိမည်ကို အတိအကျခန့်မှန်းနိုင်၏ ။ 


သေစမ်း …


လော့ဖေး ထိုင်ချလိုက်သောအခါ ဒဏ်ရာကို‌ဆွဲဖြဲမိလိုက်သကဲ့သို့ဖြစ်သွားသဖြင့် “ ဟစ် “ ဟူသောညည်းသံနှင့်အတူနာကျင်မှုကတဟုန်ထိုးတက်လာ၏  ။


“ သေစမ်း … သေစမ်း … သေစမ်း … အား … အရမ်းနာတာပဲ … အမေရေ … အား … “ 


လော့ဖေး အံကြိတ်၍ဂရုတစိုက်ဖြင့်အနာတစ်ဝိုက်ကိုဆေးကြောနေပါသော်လည်း မထိုင်ရဲတော့ချေ ။ ရေပုံးအတွင်းတွင်ထိုင်နိုင်စေရန်ခွေးခြေခုံတစ်ခုံ ထည့်သွင်းထားသောကြောင့် ထိုင်နိုင်ပါသော်လည်း သူ့အတွက်မူ ထိုင်ခုံပုလေးသည် သူ့အတွက်နှိပ်စက်ညှင်းပန်းသည့်ပစ္စည်းကိရိယာတစ်ခုကဲ့သို့ပင် ။ တွေးကြည့်ရုံဖြင့် အလွန်ကြောက်မက်ဖွယ်ရာကောင်းလှသည် ။ 


ရေချိုးခြင်းသည် မူလကသက်တောင့်သက်သာရှိရမည့်အပန်းဖြေဖွယ်ရာတစ်ခုဖြစ်သင့်ပါသော်လည်း လော့ဖေးအတွက် အလွန်ခက်ခဲလှသည် ။ ရေပုံးအတွင်းဆောင့်ကြောင့်ထိုင်၍ သူ၏ခြေထောက်များကိုဆေးကြောနေရ၏ ။ ခြေထောက်ဆေးပြီးသည့်နောက်တွင် ရေခပ်လောင်းချ၍သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုဆေးကြောရသည် ။ ရေနွေးအတွင်းတွင် အချိန်အတော်ကြာထိုင်၍ ဒဏ်ရာကိုဆေးကြောခြင်းသည် အလွန်နာကျင်မည်ဖြစ်သောကြောင့်

မိမိကိုယ်ကိုသေသေချာချာတိုက်ချွတ်ဆေးကြောနိုင်ခြင်းမရှိချေ ။ ထိုသို့ဆိုလျှင်ပင် ရေချိုးပြီးနောက် မတ်တပ်ပြန်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်သည် ။ ရေပုံးအတွင်းမှထွက်လာပြီးသည့်နောက်တွင် ပင်ပန်းလှလွန်းသောကြောင့် အရည်ပျော်သွားလုနီးနီးပင် ။ 


ရှီယန်ချင်းက အိမ်နောက်ရှိအသီးအရွက်ခင်းကို ကြည့်ရှုနေရာမှ ရုတ်တရက်ရပ်တန့်လိုက်ပြီးသည့်နောက်တွင် ရေချိုးပုံးရှိသည့် အခန်းတံခါးကိုခေါက်၍ မေးလိုက်သည်။


“ လော့ဖေး … မင်းအဆင်ပြေရဲ့လား …”


ထိုအချိန်တွင် လော့ဖေးက ဂန္ဓမာပန်းလေးရေခြောက်သွားစေရန်အတွက် လက်ဖြင့်ယပ်ခတ်နေခြင်းဖြစ်သည် ။ မူလကသူသည် အချိန်ယူ၍ရေခြောက်သွားသောအခါမှသာ ဘောင်းဘီဝတ်ရန်တွေးထားသော်လည်း ရှီယန်ချင်း ခေါ်ဆိုသည်ကိုကြားလိုက်ရသောအခါ အရင်ထရန်မှလွဲ၍တခြားရွေးချယ်စရာမရှိတော့ချေ။ 


 သူက “ ခဏလေး “ ဟုအမြန်အော်လိုက်ပြီးသည့်နောက်တွင် အံကြိတ်၍ဘောင်းဘီဝတ်လိုက်ရသည် ။ လှုပ်ရှားမှုတိုင်းသည်အလွန်နာကျင်လှသောကြောင့် ညှင်းပန်းနှိပ်စက်ခံနေရသကဲ့သို့ပင် ။ သူက နာကျင်မှုကိုသည်းခံ၍တံခါးသွားဖွင့်သောအခါ ရှီယန်ချင်းကို တွေ့လိုက်ရသည် ။ သူက မိမိကိုယ်ကိုပုံမှန်ကဲ့သို့ဖြစ်နေစေရန် တတ်နိုင်သမျှ ကြိုးလိုက်ပြီးနောက်ပြောလိုက်သည် ။ 


 “ အင်း … ကျေးဇူးပဲနော် … “


ရှီယန်ချင်း အူလည်လည်ဖြစ်သွားရ၏ ။ သူပြောသည့်အတိုင်း လော့ဖေးက ခေါင်းလျှော်ခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်သည်နာကျင်နေသောကြောင့်ဖြစ်နိုင်၏ ။ လော့ဖေး ရေချိုးပြီးခါစဖြစ်ပါသော်လည်း နဖူးချွေးများဖြင့်ရွဲနစ်နေ၏ ။ ရေနွေးဖြင့်ရေချိုးထားခြင်းဖြစ်သောကြောင့် သူ၏မျက်နှာအသားအရည်ကိုကြည့်ရသည်မှာ ‌နီရဲနေသဖြင့် … သွေးဆောင်ဖျားယောင်းနေသကဲ့သို့ပင် ။ 


လော့ဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးမွှေးညှင်းများထလာလေသည်။ 


“ မင်းငါ့ကိုဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်နေတာလဲ …”


ရှီယန်ချင်းက ခပ်ဖွဖွချောင်းဆိုး၍ “ ဒီမှာခဏစောင့်နေဦး …” သူကအခန်းအတွင်းသို့ပြန်ဝင်သွားပြီးသည့်နောက်တွင် အဝတ်အိတ်ကိုယူ၍ လော့ဖေးကိုပေးလိုက်သည်။


 “ အထဲမှာမင်းအတွက်ကိုယ်ထည့်ပေးထားတာရှိတယ် … မင်းမျိုးစေ့တွေပေးတဲ့အတွက်ကိုယ်မင်းကိုကျေးဇူးတင်လို့ပြန်ပေးတာလို့ပဲ မှတ်ပြီးအထဲကဟာကိုမင်းစိတ်ချလက်ချသုံးလို့ရတယ် …”


လော့ဖေး ယူကြည့်လိုက်သောအခါ အတွင်းတွင်ကြွေပုလင်းတစ်လုံးနှင့် ကြွေခွက်တစ်ခွက်ကိုတွေ့လိုက်ရသည် ။ 


“ ကြွေပုလင်းထဲမှာ အနာကျက်ပေါင်ဒါအမှုန့်တွေပါတယ် … တစ်နေ့ကိုသုံးလေးခေါက်လောက်သုံးလို့ရတယ် … ဟိုဟာလေးအတွက်ကတော့ … “ 


သူက တုတ်ချောင်းပုံစံကြွေထည်အပိုင်းအစကိုကြည့်၍ ဆက်ပြောလာသည်။


 “ အဲ့တာကသန့်ရှင်းပြီးသာပါ … ရေနွေးနဲ့ဆေးပြီးတော့လည်းသန့်ရှင်းလို့ရတယ် မင်းကိုယ့်ကိုယ်ကို အရေခွံခွာနေတာထက်စာရင်တော်သေးတာပေါ့ …”


“ ခင်ဗျား …”


 လော့ဖေးပြေားရာစကားပင်မရှိတော့ချေ ။ ရှက်သွေးဖြာနေသည်သာမဟုတ်ဘဲ မျက်နှာတစ်ခုလုံးနီရဲနေ၏ ။


“ မင်းဘယ်လိုလုပ်ပြီးသိတာလဲ …” ပြောပြီးသောအခါမှသူပါးစပ်ပြန်ပိတ်လိုက်၏ ။ 


ကိုယ့်ဘာသာဝန်ခံနေသလိုဖြစ်မနေဘူးလား … လော့ဖေး မင်းတော်တော်တုံးတာပဲ … 


“ မင်းလမ်းလျှောက်တဲ့ပုံစံကိုကြည့်ပြီး ကိုယ်ခန့်မှန်းမိသွားတာ အရမ်းလည်းလျှောက်မတွေးပါနဲ့ … ကိုယ်က တစ်နေရာတည်းကလာတဲ့လူအချင်းချင်းစာနာလို့ လုပ်ပေးတာပါ ပြီးတော့မင်းရဲ့အနာက အခုအချိန်သေသေချာချာပျောက်အောင်မကုဘူးဆိုရင် သေချာပေါက်ဒုက္ခရောက်သွားလိမ့်မယ် ဒီခေတ်ရဲ့ဆေးကုသမှုကအရမ်းကိုခေတ်နောက်ကျနေတာကိုမပြောနဲ့ဦး တကယ်လို့ပိုးဝင်ပြီးယောင်ယမ်းလို့ အဖျားတက်သွားမယ်ဆိုရင်တောင် နာတာရှည်ရောဂါဖြစ်သွားနိုင်တယ် …”


“ ခင်ဗျားဘာပြောနေတာလဲဆိုတာကျွန်‌တော်နားမလည်ဘူး …”


 လော့ဖေးက လည်ပင်းလိမ်လုနီးနီး ရှီယန်ချင်းနှင့် အကြည့်ချင်းမဆုံရန်ရှောင်လွှဲနေကာ သူ၏ခန္ဓာကိုယ်သည်လည်း ခေါင်းမှခြေအဆုံးတိုင်နီရဲနေ၏ ။ 


“ ကိုယ်ပြောတဲ့စကားကိုအရမ်းဂရုစိုက်စရာမလိုပါဘူး မင်း ကိုယ့်အခြေအနေကိုယ်သိရင်ရပြီ … “ 


ရှီယန်ချင်း စကားပြောပြီးသောအခါ လော့ဖေးက တံခါးဝတွင်ရပ်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရသဖြင့် သက်ပြင်းချကာထွက်သွား၏ ။ ထွက်သွားသော်လည်း လော့ဖေးအတွက် ဂရုတစိုက်ဖြင့်တံခါးပိတ်ပေးသွားပြီး စကားထပ်မပြောခဲ့ချေ ။ 


လော့ဖေး အိတ်အတွင်းတွင်ရှိနေသည့်အရာများကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေမိသည် ။ စိတ်ထဲတွင်ခဏမျှလွန်ဆွဲနေပြီးသည့်နောက်တွင်ဘရေပုံးအနီးသို့လျှောက်သွားဆဲပင် ။ အဓိကအရာသည်နာကျင်မှုသာဖြစ်သည် ။ အကယ်၍တစ်ခုခုမလုပ်ခဲ့ပါက သူသည်နာကျင်လွန်းသဖြင့် သေဆုံးသွားနိုင်ခြေရှိ၏ ။ သူကအိတ်ကိုခုံပေါ်တင်လိုက်ပြီးသည့်နောက် အတွင်းမှကြွေပုလင်းကိုထုတ်ကာ ဆေးယူလိုက်ပြီးသည့်နောက်တွင် ဘောင်းဘီချွတ်၍ ဂရုတစိုက်ဖြင့်ဆေးလိမ်းလိုက်သည် ။ သေသေချာချာမမြင်ရသော်လည်း ဒဏ်ရာကိုသူကိုယ်တိုင်ဆေးလိမ်းရာတွင်ခက်ခဲမှုမရှိသည်ကိုပင် ဝမ်းသာရ၏ ။ မဟုတ်ပါက အလွန်ဒုက္ခများပေလိမ့်မည်။




🙇‍♂️🙇‍♂️