Ch 3
Viewers 742

💓 Chapter 3




ရိုးရိုးသားသားပြောရရင် ကျွန်မ ရန်ချီ ကိုရော၊ ရွှီကျားယိကိုပါ ချစ်ခဲ့ဖူးတယ်။


ဒါပေမဲ့ အကြိမ်တိုင်းမှာ ကျွန်မ သူတို့နှစ်ယောက်ကိုချစ်မိတဲ့အခါမှာ ရလဒ်က ကျွန်မ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူး။


ရွှီကျားယိနဲ့ပတ်သက်ပြီးလည်း ဒီလိုပဲ၊ ရန်ချီနဲ့ ပတ်သက်ပြီးလည်း ဒီလိုပဲ ဖြစ်ခဲ့ရတယ်။


ကျွန်မတို့လက်ထပ်ပြီးနောက် ရန်ချီ ကျွန်မ အပေါ်အရမ်းကောင်းခဲ့ပါတယ်။ ပွဲတော်ရက်တိုင်း၊ အားလပ်ရက်တိုင်း လက်ဆောင်တွေ ဝယ်ပေးတယ်၊ အပတ်တိုင်း အပြင်ကိုခေါ်သွားပြီး သူ့ရဲ့အပိုဆုကြေးကတ် (supplementary credit card) တောင် အမြင့်ဆုံးကန့်သတ်ချက် (high limit) ရှိခဲ့တယ်။ သူက စံပြအဖော်ကောင်းတစ်ယောက်လိုပဲ။


ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး တစ်ခုခုလွဲချော်နေတာကို ကျွန်မ တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။


သူ အလုပ်လုပ်နေချိန်မှာ ကျွန်မ တစ်ယောက်တည်းနေတာကို သူ ပိုနှစ်သက်တယ်။ ကျွန်မ သူ့စာကြည့်ခန်းထဲက ဆိုဖာပေါ်မှာ ပက်လက်လှဲပြီး ဇာတ်ညွှန်းဖတ်နေတဲ့အခါတိုင်း သူ ကျွန်မကို ငေးမောကြည့်နေတတ်တယ်။


သူ ရံဖန်ရံခါ ကျွန်မကိုအဝတ်အစားဝယ်ဖို့ ခေါ်သွားတတ်ပေမဲ့ သူ ချီးမွမ်းတဲ့ဂါဝန်တွေက အမြဲတမ်းလိုလို ပုံစံမတူတဲ့အဖြူရောင်ဂါဝန်တွေချည်းဖြစ်နေခဲ့သည်။


ဒါပေမယ့်...


"ကျွန်မ ဒါတွေ မကြိုက်ဘူး၊ ရှင် ကျွန်မကို ဒီလိုပုံစံမျိုးတွေ အများကြီးဝယ်ထားပေးပြီးသား" ကျွန်မသည် ရန်ချီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


"ကျွန်မ ဒီတစ်ထည်ကြိုက်တယ်"


ကျွန်မ အနီးနားတွင် ချိတ်ထားသောအနက်ရောင်ဂါဝန်အသေး စားလေးကို ညွှန်ပြလိုက်သည်။ ၎င်းသည် ရိုးရှင်းသော်လည်း သိမ်မွေ့သော ဒီဇိုင်းများပါဝင်ပြီး အရေးအကြီးဆုံးမှာ ခန္ဓာကိုယ်နှင့် လိုက်ဖက်သော ပုံစံရှိနေသည်။


"ချန်ချန်၊ ဒီတစ်ထည်က ကြည့်ကောင်းတယ်"


ရန်ချီသည် အရောင်းဝန်ထမ်းမလေးကိုင်ထားသော အဖြူရောင်ဂါဝန်အားညွှန်ပြရင်း အတင်းအကျပ်ပြောခဲ့သည်။


ရန်ချီ ဒီလိုမျိုးပြုမူခဲ့တာ ဒါပထမဆုံးအကြိမ်မဟုတ်တော့ဘူး။


အရင်ကတော့ ဂါဝန်တစ်ထည်ပဲဆိုပြီး ကျွန်မ လိုက်လျောခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်မ အလျှော့ပေးဖို့ ငြင်း ဆန်လိုက်တယ်။


ကျွန်မ အိတ်ကို ဆွဲယူပြီးထွက်လာခဲ့လိုက်သည်။


"ချန်ချန်!" 


ရန်ချီ ကျွန်မ ဒီလိုပြုမူတာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး အံ့အားသင့်စွာအော်ခေါ်လိုက်သော်လည်း ကျွန်မ ရပ်တန့်ဖို့ စိတ်ကူးမရှိခဲ့ပေ။


"ဒီနှစ်ထည်လုံး ထုပ်လိုက်" ရန်ချီသည် ထရပ်လိုက်ပြီး သူ့လက်ထောက်ကိုပြောလိုက်သည်။


---


ကျွန်မ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပင် ရန်ချီ ပြန်ရောက်လာခဲ့သည်။


ကျွန်မ မျက်နှာထက် မည်သည့်အမူအရာမှမရှိဘဲ စကားပြောလိုစိတ်လုံးဝမရှိသူ တစ်ဦးကဲ့သို့ဖြစ်နေခဲ့သည်။


သူ သူ့နှုတ်ဖျားထက် ရှိနေသော စကားလုံးများကိုပြန်မျိုချလိုက်ပြီး အဆုံးတွင်...


"နောက်တစ်ခါ အဲ့ဒီလိုမလုပ်နဲ့" ဟု ပြောလာသည်။ ထို့နောက် ၎င်းသည် ဂါဝန်နှစ်ထည်ပါသော စျေးဝယ်အိတ်အား ကျွန်မ ခြေထောက်အနီးတွင်ချထားခဲ့သည်။


"ရန်ချီ၊ ရှင် ကျွန်မကို ဘာကြောင့် လိုက်ပိုးပန်းခဲ့တာလဲ ?" 


သူ ရှောင်လွှဲနေခဲ့သောအဖြေကိုရှာဖွေရင်း ကျွန်မ နောက်ဆုံး တိုက်ရိုက်မေးလိုက်သည်။


"ဘာလို့လဲဆိုတော့... ကိုယ် မင်းကို ချစ်လို့လေ" 


သူ့ စကားလုံးများကရိုးသားခဲ့သော်လည်း သူ့မျက်လုံးများက မူမတည်မငြိမ်ဖြစ်နေခဲ့သည်။


"တကယ်လား ?" 


ကျွန်မသည် ဓာတ်ပုံတစ်ပုံကိုထုတ်ယူလိုက်သည်။ ထိုဓာတ်ပုံထဲက လူသည် ကျွန်မနှင့် အံ့ဩစရာကောင်းလောက်အောင် တူညီနေသည်။ ဓာတ်ပုံ၏နောက်ကျောဘက်တွင် စကားလုံးနှစ်လုံးရှိနေသည်- "ငါ့ရဲ့အချစ်"


ကျွန်မ ဓာတ်ပုံကိုထုတ်လိုက်သည်ကို သူ မြင်လိုက်သောအခါ သူ့မျက်နှာသည် လျင်မြန်စွာနီရဲလာခဲ့သည်။ သို့သော် ရှက်ရွံ့မှုကြောင့် မဟုတ်ဘဲ ဒေါသကြောင့်သာ။


"ဓာတ်ပုံကို ပြန်ချလိုက်" 


ရန်ချီ၏လေသံမှာ မကျေမနပ်ဖြစ်နေသည်။ သူ ရှင်းရှင်းလင်း လင်းမပြောသော်လည်း သူ့ ခြိမ်းခြောက်မှုကို ကျွန်မ ကြား လိုက်ရသည်။


ကျွန်မ ကိုယ့်ကိုယ် ကိုယ် ရယ်မောမိသည်။ ရန်ချီ မျက်လုံးထဲ ဒီပုဂ္ဂိုလ်တင်မကဘဲ ဒီဓာတ်ပုံကပါ ကျွန်မထက်ပိုအရေးကြီးနေကြောင်း ပေါ်လွင်နေခဲ့သည်။


"ရန်ချီ၊ ရှင်တို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မ ရှာဖွေစူးစမ်းချင်စိတ်မရှိတော့ဘူး။ ဒါပေမဲ့ ရှင် လှည့် ဖြားပြီး ကျွန်မရဲ့စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုရယူခဲ့တယ်။ အဲ့ဒါက အရမ်းရွံဖို့ကောင်းတယ်"


ကျွန်မ ဓာတ်ပုံကိုကော်ဖီစားပွဲပေါ်တင်လိုက်ပြီး ကွာရှင်းစာ ချုပ်ကိုပါ တစ်ပါတည်းထုတ်တင်လိုက်သည်။ 


"ကျွန်မ လက်မှတ်ထိုးပြီးပြီ၊ ရှင် အခြားတစ်ယောက်ကိုရှာပြီး ရှင်ရဲ့ Cosplay ဂိမ်းကိုဆက်ကစားနိုင်တယ်၊ ကျွန်မ ရှင့်ကို ဆက်ပြီး အဖော်မလုပ်နိုင်တော့ဘူး၊ နှုတ်ဆက်ပါတယ်"


ထို့နောက် ကျွန်မ အများပြည်သူထံ ကွာရှင်းကြောင်းထုတ်ပြန်ချက်အား တစ်ဖက်သတ်ထုတ်ပြန်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယခုတစ်ကြိမ်မှာလည်း အင်တာနက်ထံ တိုက်ခိုက်ခြင်းခံခဲ့ရပြန်သည်။


ဒီလူ့အဖွဲ့အစည်းက အမျိုးသမီးတွေဘက်မှာ ဘယ်တော့မှမရပ်တည်ဘူးဆိုတာ ရှင်တို့သိပါတယ်။


ထုတ်ပြန်ချက်ထွက်လာပြီးနောက် ကျွန်မ ပထမဆုံးလက်ခံရရှိတဲ့ဖုန်းခေါ်ဆိုမှုက ရွှီကျားယိ ထံကပင်။


"ချန်ချန်၊ မင်း နောက်ဆုံး သူ့ကိုကွာရှင်းလိုက်ပြီ!" 


ရွှီကျားယိ၏ လေသံမှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။


"ငါ့ဆီ ပြန်လာပါလား၊ ငါတို့ အရင်လိုဖြစ်နိုင်မလား ?"


"ရွှီကျားယိ၊ ရွံစရာကောင်းတယ်ဆ်ုတာလည်း ကန့်သတ်ချက်တော့ရှိတယ်၊ သူက ရွံစရာကောင်းတယ်၊ နင်လည်း ကောင်းမနေဘူး" ဟုဆိုကာ ကျွန်မ ဖုန်းချလိုက်သည်။


ထို့နောက် ကျွန်မ မန်နေဂျာ ကူးကျီထံမှ ဖုန်းဝင်လာခဲ့သည်။


"လီချန်ချန်! နင် လက်ထပ်တုန်းကလည်း ငါ့ကို မပြောခဲ့ဘူး၊ အခုကွာရှင်းတော့လည်း မပြောပြန်ဘူး၊ ငါ အခု ဘာလုပ်ရမလဲဆိုတာ နင် မပြောပြဘူး" ကူကျီ၏ လေသံမှာကြိုတင်ခန့်မှန်းနိုင်လောက်သည်။


"ကူကျဲ၊ ကျွန်မအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပေးပါ" ကျွန်မ ဖုန်းကိုစပီကာဖွင့်ပြီး ဘေးမှာချထားလိုက်သည်။


"သတင်းစာရှင်းလင်းပွဲ ? နင် ဘာလုပ်နေတာလဲ ?" 


ကူးကျီ ရုတ်တရက် ကျမ မေးခွန်းကြောင့် လုံးဝထိတ်လန့်သွားသည်။


"ကျွန်မ လက်ရှိအလုပ်ပြီးရင် အနားယူမယ်လို့ကြေညာပေးပါ" 


ကျွန်မ လေသံမှာချောချောချူချူဖြစ်ကာ၊ ညစာအကြောင်း သူနှင့် စကားပြောနေသလိုပင်။


"အနားယူမယ် ?! နင် ရူးနေတာလား ? ကုမ္ပဏီရဲ့လျော်ကြေးကို နင် တတ်နိုင်လို့လား ?" 


"အနားယူမယ်" ဟူသော စကားကိုကြားရုံနှင့် ကူးကျီ စိတ်ဆိုးဒေါသထွက်သွားခဲ့သည်။


ကျွန်မသည် ကုမ္ပဏီ၏နာမည်အကြီးဆုံးမင်းသမီးဖြစ်သဖြင့် နောက်နှစ်လောက်မှပြီးဆုံးမည့် ဇာတ်ညွှန်းတွေ၊ ကြော်ငြာစာ ချုပ်တွေတန်းစီနေသည်ကို သိထားခဲ့သည်။ အခုချိန်မှာသာ အနားယူလိုက်မယ်ဆိုရင် ကုမ္ပဏီဘက်က ပိုက်ဆံတွေအများကြီးဆုံးရှုံးရလိမ့်မည်။


"ကျွန်မ လက်မှတ်ထိုးထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက နောက်နှစ် ပထမနှစ်ဝက်လောက်ဆိုရင် အားလုံးပြီးသွားလိမ့်မယ်။ ကုမ္ပဏီရဲ့လျော်ကြေးငွေအတွက်ကတော့ ရန်ချီ ကျွန်မကိုကွာရှင်းတုန်းကပေးခဲ့တဲ့ ပိုင်ဆိုင်မှုအစိတ်အပိုင်းကလုံ လောက်ပါတယ်"


ကျွန်မ ကိုယ့်ကိုကိုယ် မတူညီတဲ့ဘဝတစ်ခုနဲ့နေထိုင်ဖို့ အချိန် နည်းနည်းပေးချင်မိတယ်။