Ch 4
Viewers 743

💓 Chapter 4

 

 

 

ထိုအချိန်မှာပင် ရန်ချီ၏မျက်နှာသည် ကျွန်မဆီ ပိုမိုနီးကပ်လာခဲ့သည်။ သူ့ နဖူးကို ကျွန်မနဖူးနှင့် ဖိကပ်ထားပြီး နှစ်ဦးသား အသက်ရှူသံတွေရောယှက်နေခဲ့သည်။

 

သူ့ထံ ကျွန်မ နှစ်သက်သော သစ်သားရနံ့သင်းနေပြီး၊ ကျွန်မ ခါးကိုဖက်ထားသော လက်အား အနည်းငယ်အားစိုက်ကာ  သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

 

ယခင် ထိုသို့သော သူ့၏ ရံဖန်ရံခါချဉ်းကပ်မှုများအား ကြိုက် နှစ်သက်ခဲ့သော်ငြား ယခု ကျွန်မ မစ္စစ်ရန် မဟုတ်တော့ချေ။

 

"ရန်ချီ၊ ရှင် သိလား ? ရှင် အခုလိုပြုမူနေတာ ကျွန်မတို့ရဲ့ အတိတ်က ပိုပြီးရယ်စရာကောင်းတယ်လို့ပဲ ခံစားရတယ်"

 

သူ ကျွန်မအား နမ်းတော့မလိုလုပ်လာသည့်အခါ ကျွန်မ ခေါင်းလွှဲလိုက်ရသည်။

 

၎င်း၏ပူနွေးသော အသက်ရှူငွေ့သည် ကျွန်မ လည်ပင်းအားထိတွေ့လိုက်ရာ ကျွန်မ မရည်ရွယ်ဘဲ အနည်းငယ်တုန်ယင်သွားခဲ့သည်။

 

ရန်ချီ မျက်လုံးမှိတ်လိုက်ပြီး ကျွန်မ ပခုံးပေါ် မှီကာသက်ပြင်း ချလိုက်သည်။ သူ့ အသက်ရှူသံကိုထိန်းညှိဖို့ရာ ကြိုးစားနေဟန်ရသည်။

 

မိနစ်အနည်းငယ်ကြာတော့ သူ ခေါင်းထောင်လိုက်ပြီး သူ့လက်များဖြင့် ကျွန်မ၏စောင်းနေသော ခေါင်းအား ညင်သာစွာပြန်တည့်လိုက်ရာ သူ အားကောင်းပြီး ပြင်းပြသောမျက်လုံးများ ကိုစိုက်ကြည့်လိုက်မိသည်။

 

ဒါပေမဲ့ သူ့မျက်လုံးထဲ အခုမြင်နေရတဲ့ "စစ်မှန်တဲ့" အချစ်ဆိုတာ ကျွန်မရဲ့ထူးဆန်းတဲ့ စွမ်းရည်ကြောင့် ဖြစ်နေတယ်ဆိုတာ ကျွန်မ သိတယ်။

 

ရန်ချီ ရင်ဘတ်မှာ နိမ့်ချီမြင့်ချီဖြစ်နေပြီး သူ့စိတ်ခံစားမှုများကို ထိန်းချုပ်ဖို့ အစွမ်းကုန်ကြိုးစားလို့နေသည်။ ဒေါသလား၊ ချစ်ခြင်းလား၊ ဘယ်ဟာက အစစ်အမှန်၊ ဘယ်ဟာက အတုလဲဆိုတာ ကျွန်မ မခွဲခြားနိုင်တော့သလို သူ့အပေါ်အာရုံမစိုက်ချင်တော့ပေ။

 

"ချန်ချန်၊ အဲဒီတုန်းက ကိုယ့် အမှားပါ၊ ကိုယ် မင်းကိုအတင်း အကျပ်မလုပ်ပါဘူး၊ ကိုယ့်ကို အခွင့်အရေးပေးဖို့ပဲ တောင်းဆို နေတာပါ" ရန်ချီ၏လေသံမှာ ရိုးသားနေခဲ့သည်။

 

"ရန်ချီ၊ ရှင် ဘာလုပ်နေလဲဆိုတာ ရှင် တကယ်ကောသိရဲ့လား?"

 

ကျွန်မ သူ့ကိုတွန်းဖယ်လိုက်ပြီး ကျွန်မတို့နှစ်ဦးကြားအကွာအဝေးတစ်ခု ဖန်တီးလိုက်ရသည်။

 

"ကျွန်မ ကြားတာ မစ္စလီ ဒီနှစ်ထဲပြန်ရောက်နေပြီဆို အခု လူ အစစ်ပြန်လာပြီဆိုတော့  ရှင့်ရဲ့ Cosplay ဂိမ်းကိုရပ်လိုက်လို့ရပြီ"

 

"ဒါပေမဲ့ အခုအချိန်မှာ မင်းတစ်ယောက်တည်း ကိုယ့်နှလုံးသားထဲရှိတယ်"

 

 "မစ္စလီ"ဟု ပြောလိုက်သည်ကိုကြားချိန် ရန်ချီ မျက်နှာထက် နာကျင်မှုအနည်းငယ်ဖြတ်‌ပြေးသွားသည်။

 

"ရှင် ကျွန်မ စွန့်ပစ်တာကို လက်မခံချင်သေးဘူးလား ? ဒီလိုဆိုရင်ကော၊ ကျွန်မ ရှင့်ကို တစ်ခါစွန့်ပစ်ခွင့်ပေးလိုက်ရင်ကော၊ အဲ့လိုဆို ရမလား?"

 

ကျွန်မ ဒီထူးဆန်းတဲ့စွမ်းရည်ကို ဖယ်ရှားဖို့မကြိုးစားခဲ့ဖူးဘူး၊ ဒါပေမဲ့ ဒါ အဖြေဖြစ်ကောင်း ဖြစ်လာနိုင်တယ်။

 

ကျွန်မ ဖျော်ဖြေရေးလောကကိုပြန်ဝင်လာပြီး ကလေး အ ကြောင်းကို လူသိရှင်ကြားကြေညာခဲ့တာက ရန်ချီ ဒါမှမဟုတ် ရွှီကျားယိ နှစ်ဦးစလုံးနဲ့ ကျွန်မရဲ့အတိတ်က ဆက်ဆံရေးကို ပြန်လည်စတင်ဖို့မဟုတ်ဘူး။

 

ကျွန်မ အတွက်ကောကျွန်မရဲ့ကလေးနဲ့ သူ့အတွက်လုပ်ခဲ့တာ။

 

ရန်ချီရဲ့အင်အားနဲ့ နည်းလမ်းတွေကို ကျွန်မ သိနေတော့ ဒီပြ ဿနာကိုဖြေရှင်းမှရတော့မယ်။

 

သူ ကျွန်မအား စိတ်အားထက်သန်စွာကြည့်လာပြီး တခြားတစ် ခုခုပြောတော့မည်အပြု တံခါးခေါက်သံထွက်ပေါ်လာသည်။

 

"ချန်ချန်၊ တံခါးဖွင့်ပါ" ထိုသည်မှာ ရွှီကျားယိပင်။

 

ကျွန်မ ရန်ချီအား တွန်းဖယ်လိုက်ပြီး အဝတ်အစားများကိုပြန်ပြင်လိုက်သည်။

 

တံခါးဖွင့်လိုက်ရာ ရွှီကျားယိ ကျွန်မကိုမြင်သည်နှင့် တောင်း ပန်စကားဆိုလာသည်။

 

"ချန်ချန်၊ စိတ်မကောင်းပါဘူး၊ hot search ကိစ္စကို ငါ လူတစ်ယောက်ကို ရှင်းခိုင်းထားတယ်..."

 

ရွှီကျားယိ ကျွန်မနျင့် အကြည့်ခြင်းဆုံရန်မရဲရဲဘဲ သူ့မျက်လုံးများကလှည့်လည်လို့နေသည်။

 

အနီးနားရှိ ရန်ချီအား မြင်လိုက်ရာ သူ ချက်ချင်းမကျေမနပ် လေသံဖြင့်ပြောလိုက်သည်။

 

 "မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ ?"

 

ရွှီကျားယိ၏မေးခွန်းထုတ်သော လေသံအားကြားသဖြင့် ရန်ချီ လှောင်ပြုံးပြုံးပြလိုက်သည်။

 

သူ ချက်ချင်း ပြန်မဖြေဘဲ အနည်းငယ်စောင်းနေသော လည် စည်းနှင့်တွန့်နေသောကော်လာအား ဖြည်းဖြည်းချင်းပြန်ဖြောင့်လိုက်သည်။

 

ရွှီကျားယိ သူ့အပြုအမူကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားပြီး ကျွန်မအားကြည့်လာသည်။

 

ဒါပေမဲ့ ကျွန်မ သူ့ကို ဘာမှ ရှင်းပြစရာမရှိဘူး။

 

"ရွှီကျားယိ၊ မင်းလို 'လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက' ရည်းစားဟောင်းထက်စာရင် သူ့ရဲ့ခင်ပွန်းဟောင်းဖြစ်တဲ့ ငါက ကလေးအကြောင်းမေးဖို့ ပိုပြီးအရည်အချင်းရှိတယ်"

 

ရန်ချီ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။

 

"မင်း ချန်ချန်ကို ရှာတာ Hot Search‌ ကြောင့်လား ? ငါ ဒီမှာ ဘာလို့ ရှိလို့မရရမှာလဲ ?"

 

"မင်း..."

 

 ရန်ချီသည် လူများ၏ စိတ်ကူးစိတ်သန်းများအားနှိုးဆွပေးသော မရေရာသည့်အပြုအမူများကို တမင်လုပ်ခဲ့ခြင်းပင်။ ဒါ ရွှီကျားယိအား ဒေါသထွက်စေပြီး ပေါက်ကွဲဖို့နေရာမရှိဖြစ်စေခဲ့သည်။ ယခု သူ့စကားတွေကြားလိုက်ရချိန် ပိုလို့ပင်ဒေါသထွက်သွားခဲ့ရသည်။

 

သို့သော် ရုတ်တရက်ဆိုသလို သူ တစ်ခုခုသတိရသွားပြီး လှောင်ပြုံးပြုံးလိုက်သည်။

 

"ခင်ပွန်းဟောင်းနဲ့ ရည်းစားဟောင်း နှစ်ယောက်စလုံး 'အဟောင်း' တွေပဲလေ၊ မင်းနဲ့ ငါက ဘာမှမကွာခြားဘူး လို့ထင်တယ်၊ ဒါ့ပြင် ရန်ချီ၊ ကလေးက မင်းကလေး မဟုတ်ဘူး"

 

"မင်း!"

 

ရန်ချီ ထိုစကားကိုကြားချိန် ရှေ့တိုးဖို့ပြင်ဆင်လိုက်သည်၊ ရွှီကျားယိလည်း အလျှော့မပေးခဲ့ချေ။

 

"ရပ်လိုက်တော့! ရှင်တို့ စကားဆက်မပြောကြနဲ့တော့"

 

ကျွန်မ မတားပါက ၎င်းတို့နှစ်ယောက် တိုက်ခိုက်တော့မည်ကိုမြင်ချိန် "ရှင်တို့နှစ်ယောက်စလုံး ထွက်သွားကြ!"

 

ကျွန်မ ရန်ချီအားတွန်းထုတ်ပြီး ၎င်းတို့နှစ်ဦးစလုံးကို အခန်းထဲမှမောင်းထုတ်လိုက်သည်။ အဆုံးတွင် ကျမရဲ့ကမ္ဘာကြီးတိတ် ဆိတ်သွားခဲ့ရသည်။