Ch 5
Viewers 740

💓 Chapter 5




ကျွန်မ အနုပညာနယ်ပယ်မှအနားယူပြီးနောက်မှသာ ချင်းစစ်ယန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


လက်မှတ်ထိုးထားသော အလုပ်များပြီးဆုံးပြီးနောက် ယာယီအနားယူကြောင်း တရားဝင်ကြေညာခဲ့သည်။


"မင်း အလုပ်ထွက်ပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ ?" ကူးကျီသည် ကျွန်မ လက်မှတ်ထိုးထားသော စာချုပ်အားလှမ်းပေးလာသည်။


"ကျွန်မ မြောက်ဥရောပမှာ စိတ်ပညာလေ့လာဖို့စီစဉ်ထားတယ်၊ ကမ်းလှမ်းချက်နဲ့ ဗီဇာအတွက် လျှောက်ထားပြီးပြီ၊ လာမယ့် တနင်္လာနေ့အတွက် လေယာဉ်လက်မှတ်ကိုလည်း ဘွတ်ကင်လုပ်ထားတယ်" 


ကျွန်မ လွတ်လပ်ခွင့်အား ကြေညာပေးမည့်စာချုပ်ကို လက်ခံရရှိလိုက်သည်။


"ဘာလို့ ဒီလောက် အသည်းအသန်ထွက်သွားရတာလဲ? မစ္စတာရန် ကိစ္စနဲ့ပတ်သက်ပြီး နင်..." ကူးကျီ တုံ့ဆိုင်းသွားသည်။


ရန်ချီသည် ကွာရှင်းပြီးခြောက်လအတွင်း ယခင် ရွှီကျားယိကဲ့သို့ မရပ်မနားဆက်သွယ်နေခဲ့သည်။


၎င်းတို့နှစ်ဦးစလုံး အတူတူပင်—ကွဲကွာသွားပြီးနောက်မှသာ ကျွန်မအပေါ် အလွန်စိတ်အားထက်သန်ကာ စွဲလမ်းသွားကြသည်။


"ထားလိုက်ပါတော့" 


ကျွန်မ ပခုံးတွန့်လိုက်ကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။


ရက်အနည်းငယ်ကြာပြီးနောက် အိတ်အနည်းငယ်ထုပ်ပိုးကာ မြောက်ဥရောပသို့ လေယာဉ်စီးသွားခဲ့သည်။



ရောက်ရှိပြီးနောက် မရင်းနှီးသောနိုင်ငံ၊ မရင်းနှီးသောမြို့နှင့် အသစ်စက်စက်ကျောင်းပရဝုဏ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းခဲ့သည်။


ကျွန်မ ဘဝလေး လုံးဝငြိမ်းချမ်းမှုဆီသို့ ပြန်ရောက်လုနီးပါး ဖြစ်ခဲ့သည်။ ရွှီကျားယိ မရှိ၊ ရန်ချီ မရှိ၊ အဆိပ်သင့်မိသားစုဝင်များ မရှိ၊ ဆိုက်ဘာတိုက်ခိုက်မှုများ မရှိ၊ ကျွန်မကို စိတ်ဒုက္ခပေးခဲ့သောအရာအားလုံးနှင့် အလွန်ဝေးကွာနေခဲ့သည်။


နောက်ပိုင်းတွင် ကျွန်မ ရွေးချယ်နိုင်သော ဘာသာရပ်တစ်ခု၏ ကထိကဖြစ်သူ ချင်းစစ်ယန်နှင့်တွေ့ဆုံခဲ့ရသည်။


ဒီလိုနာမည်မသိသောတက္ကသိုလ်၏ လူမှုရေးသိပ္ပံဌာန၌ တရုတ်ကျောင်းသားတစ်ဦးနှင့်တွေ့ရမည်ဟု ကျွန်မ မမျှော် လင့်ခဲ့မိပေ။


ပထမတော့ ကျွန်မ စိုးရိမ်ခဲ့မိသည်။ သူ ကျွန်မအား မှတ်မိသွားလျှင် ခက်ခက်ခဲခဲရရှိထားသည့် ငြိမ်းချမ်းမှုအား အနှောင့်အ ယှက် ဖြစ်မည်ကိုကြောက်ခဲ့သည်။


သို့သော်နောက်ပိုင်းတွင် ထိုစိုးရိမ်ပူပန်မှုများမှာမလိုအပ်ကြောင်း သိရှိလာခဲ့ရသည်။


၎င်းသည် ထို‌နေရာတွင်ကြီးပြင်းလာခဲ့သူဖြစ်ပြီး၊ သူ့ တရုတ်စကားမှာ အလယ်အလတ်သာရှိကာ နိုင်ငံခြားလေယူလေသိမ်း ဖြစ်နေသည်။ ကျွန်မသည်လည်း ပြည်ပရှိတရုတ်လူမျိုးများ အသိအမှတ်ပြုလောက်အောင် နာမည်မကြီးသလို၊ သူသည် လည်း ပြည်တွင်းဖျော်ဖြေရေးလောကနှင့် လုံးဝမရင်းနှီးခဲ့ပေ။


တရုတ်လူမျိုးချင်းချင်း ဖြစ်ကြသောကြောင့် ကျွန်မတို့လျင် မြန်စွာရင်းနှီးလာခဲ့ကြသည်။


နေ့လယ်ခင်းတစ်ခု—လှပသောသောနေ့ဖြစ်သည်ကို ကျွန်မ မှတ်မိသည်—ချင်းစစ်ယန်နှင့် ကျွန်မ မြစ်ကမ်းဘေး ကော်ဖီဆိုင်တွင် ကော်ဖီထိုင်သောက်နေခဲ့သည်။


ကောင်းကင်ထက်ပျံသန်းနေသော ငှက်များကိုကြည့်ရင်း အတွေးများပျောက်ဆုံးနေခဲ့ချိန် ချင်းစစ်ယန် အသံကိုကြား လိုက်ရသည်။


"ချန်ချန်၊ မင်းမှာ စိတ်ကွဲလွဲမှုရောဂါ (dissociative disorder) ရှိနေတယ်ဆိုတာ မင်း သိလား ?" 


သူ့ လေသံမှာ ပုံမှန်မဟုတ်ဘဲ လေးနက်လို့နေသည်။


"စိတ်ကွဲလွဲမှုရောဂါ ? စိတ်နှစ်ခွဖြစ်တဲ့ရောဂါ (bipolar disorder) လိုမျိုးလား?" 


ကျွန်မသည် ပေါ့ပေါ့ဆဆပြန်ဖြေလိုက်သည်။ ကျွန်မ မျက်လုံးများမှာ ကောင်းကင်ယံကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။


"အဲ့လောက် မပြင်းထန်ပါဘူး" ချင်းစစ်ယန်က အလေးအနက် ပြောလာသည်။ 


"ဒါပေမဲ့ ဒါက မင်းရဲ့ စစ်မှန်တဲ့ စိတ်ခံစားမှုတွေကိုသတိမထားမိဘဲ ဖုံးကွယ်ပြီး နာကျင်စရာဖြစ်ရပ်တွေကို မင်းရဲ့ ဦးနှောက်ကတက်တက်ကြွနဲ့မေ့ပစ်နေတာမျိုးပါ"


ချင်းစစ်ယန် ကျွန်မအား ကြည့်နေမှန်း သိသော်လည်း သူ ဘာကြောင့် ဒီအကြောင်း ရုတ်တရက်ထုတ်ပြောလာရသည်ကိုမသိခဲ့ပေ။


"သြော်၊ ဒါကြောင့်လား၊ အရင်နှစ်တွေက ငါ ပိုမေ့တတ်လာတယ်လို့ထင်နေတာ" 


ကျွန်မသည် ပေါ့ပေါ့တန်တန် သဘောတူလိုက်ပြီး ကော်ဖီကို တစ်ငုံသောက်ရန် ခေါင်းငုံ့လိုက်သည်။


"ချန်ချန်၊ စိတ်ကွဲလွဲမှုရောဂါက များသောအားဖြင့် မခံမရပ်နိုင်အောင်နာကျင်ခံစားရပြီးမှ ဖြစ်တတ်တာ၊ ငါ မမေးသင့်ဘူးဆိုတာသိပေမဲ့ မင်း ဘာတွေကြုံတွေ့ခဲ့ရလို့လဲဆိုတာကို သိချင်တယ်" 


ချင်းစစ်ယန် စူးစမ်းသောအကြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။


ကျွန်မ ခေါင်းငုံ့လိုက်ပြီး ဘာမှမပြောခဲ့ချေ။


ဘာတွေ ကြုံခဲ့ရတာလဲ ? ဘယ်ကနေ စပြောရမလဲ ? ကျွန်မ မွေးဖွားရာမိသားစု၊ ဘဝလမ်းခရီးတစ်လျှောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေများလား ? 


ရွှီကျားယိ၊ ဒါမှမဟုတ် ရန်ချီလား ?


တကယ်တော့ ကျွန်မသည် ထိုအရာများကိုလက်လွှတ်ခဲ့ပြီးဖြစ်သလို ပြောစရာလည်းသိပ်မရှိချေ။


"စစ်ယန်၊ ပန်းခြံကိုသွားကြရအောင်" ကျွန်မ သူ့မေးခွန်းကို ရှောင်လွှဲလိုက်သည်။


ဆောင်းဦးအစတွင် မြောက်ဥရောပ၌ အေးစိမ့်စပြုလာပြီ။ ကျွန်မ အင်္ကျီကိုဆွဲယူပြီး လက်များကို အိတ်ကပ်ထဲထည့်လိုက်သည်။


ချင်းစစ်ယန်သည် ကျွန်မနောက်သို့လိုက်လာပြီး ကျွန်မနှင့်အတူရည်ရွယ်ချက်မဲ့စွာ လမ်းလျှောက်ခဲ့သည်။


ကျွန်မ လမ်းလျှောက်သည်ကိုရပ်လိုက်ချိန် သူလည်း ကျွန်မဘေးမှာအတူရပ်လိုက်သည်။


မလှမ်းမကမ်းရှိ နိုင်ငံခြားသားစုံတွဲတစ်တွဲ ပြင်းပြင်းထန်ထန် ရန်ဖြစ်နေပြီး ၎င်းတို့ဘေးရှိ ကလေးများက မိဘများအား ထိတ်လန့်တကြားကြည့်နေကြသည်။


ငါးနှစ်အရွယ် မှတ်ဉာဏ်


အဆိုပါမြင်ကွင်းသည် ရုတ်တရက်ဆိုသလို ကျွန်မ ငါးနှစ်အရွယ်နေ့လယ်ခင်းတစ်ခု၏ အမှတ်ရစရာတွေကိုပြန်လည်ယူ ဆောင်လာခဲ့သည်။


ကျွန်မ မှတ်မိသလောက် မိဘတွေက ကျွန်မအားပန်းခြံခေါ်သွားခဲ့သည်။ ပြီးနောက် မသိရသည့်အကြောင်းရင်းတစ်ခုကြောင့် ၎င်းတို့ ရုတ်တရက် ဒေါသတကြီး စကားများရန်ဖြစ်ခဲ့ကြသည်။


ကျွန်မ ၎င်းတို့အား စိုးရိမ်ပူပန်စွာ၊ မျက်ရည်ကျလုနီးပါးကြည့်နေခဲ့သော်လည်း ဘာပြောရမှန်းမသိခဲ့ချေ။


၎င်းတို့ နောက်ဆုံးပြင်းထန်သည့် စကားတွေအပြီးမှာ တစ်ယောက်ချင်းစီလျှောက်ထွက်သွားခဲ့ကြပြီး ကျွန်မ တစ်ယောက် တည်းကျန်ရစ်ခဲ့သည်။ ပန်းခြံတံခါးဝမှာတော့ လမ်းသွားလမ်းလာများသည် ကျွန်မ ပြိုလဲငိုကြွေးနေသည်ကိုကြည့်နေခဲ့ကြသည်။


ထိုနေ့ ညနေစောင်းတွင် ကျွန်မထက် ဆယ်နှစ်ကြီးသော အစ်မဖြစ်သူမှ ကျွန်မအားရှာတွေ့ပြီးအိမ်ပြန်ခေါ်လာခဲ့ရသည်။


ကျွန်မသည် အတင်းအဓမ္မခေါ်ဆောင်ခံရခြင်းမှ ကံကောင်းစွာ လွတ်မြောက်ခဲ့ရသော်လည်း ထိုကဲ့သို့သောမိသားစုမျိုးတွင် မွေးဖွားလာခဲ့ရသည့်အတွက် ကံမကောင်းခဲ့‌ချေ။


ထို့နေ့ကစပြီး အဆိုပါနေ့လယ်ခင်းအကြောင်း အိပ်မက်ဆိုးများမက်ခဲ့ရသည်။ ကျွန်မ အိပ်မက်တွေထဲ အမြဲတမ်းရှာမတွေ့ခဲ့ပေ။ တစ်ခါတလေ ကျွန်မ  "မေမေ၊ ဖေဖေ" ဟု အော်ခေါ်နေသော်လည်း ထို့နေ့ကဲ့သို့ မည်သူမှပြန်မဖြေသည်ကို အိပ်မက် မက်ခဲ့ရသည်။


နိုင်ငံခြားသားစုံတွဲရန်ဖြစ်သံမှာ ဆက်ရှိနေခဲ့သည်။ ၎င်းတို့ ဘာအတွက်ရန်ဖြစ်နေလဲ မပြောနိုင်သော်ငြား ကလေး၏အကူ အညီမဲ့မှုနှင့်ဝမ်းနည်းမှုအားခံစားနေရသည်။


ဘာတွေဖြစ်နေမှန်းမသိဘဲ ရုတ်တရက်ဆိုသလို ကျွန်မ ဒူးထောက်ထိုင်ချပြီး ရှိုက်ကြီးတငင်ငိုကြွေးမိခဲ့သည်။


"ချန်ချန် ဘာဖြစ်တာလဲ ?" 


ချင်းစစ်ယန် ကျွန်မ၏တုံ့ပြန်မှုကြောင့် တုန်လှုပ်သွားသည်။ သူသည် ငုံ့လိုက်ပြီး ကျွန်မနောက်ကျောကို ညင်သာစွာပွတ်သပ်ရင်း စိတ်တည်ငြိမ်အောင်ကြိုးစားပေးခဲ့သည်။


ကျွန်မ ဒူးထောက်ထိုင်ကာ မထိန်းနိုင်အောင်ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။


ဘေးမှဖြတ်သွားသူများကမူ ကျွန်မ ငိုသည်ကိုရပ်ကြည့်နေကြသည်မှာ ငယ်စဥ်တုန်းကလိုပင်။ သို့သော် ယခုတစ်ကြိမ်မှာတော့ ချင်းစစ်ယန်ရှိနေခဲ့သည်။


ကျွန်မ ဘယ်လောက်ကြာအောင် ငိုခဲ့မိမှန်းမသိချေ။ အချိန်‌ အတော်ကြာမှသာ ရပ်တန့်သွားတော့သည်။ ချင်းစစ်ယန် ကျွန်မအား တစ်ရှူးပေးခဲ့သဖြင့် ကိုယ်တိုင်မျက်ရည်သုတ်ရန်ရည်ရွယ်ခဲ့သော်လည်း သူ ရိုင်းရာရောက်တယ်ဆိုတာသိပေမဲ့ သုတ်ပေးခဲ့သည်။


"စိတ်မကောင်းပါဘူး၊ ချင်းစစ်ယန်၊ ကျွန်မရဲ့ စိတ်ခံစားမှုတွေကို ရှင့်ကိုမြင်အောင်ပြမိလို့၊ ပြီးတော့ ဘေးကဖြတ်သွားဖြတ်လာတွေ ရှင့်ကိုအထင်လွဲစေမိလို့ တကယ်စိတ်မကောင်းပါဘူး" 


ကျွန်မသည် တစ်ရှူးယူပြီး မျက်ရည်များကို ကိုယ်တိုင်ကိုယ်ကျသုတ်လိုက်သည်။


"ရပါတယ်၊ ငါ ရှက်တာမျိုးမခံစားရဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ငါ အရမ်းပျော်တယ်" 


ချင်းစစ်ယန် ခဏရပ်လိုက်ပြီးနောက် သူ့လက်ကို ပေါ့ပေါ့ဆဆ ပြန်ရုပ်လိုက်ဟန်ဆောင်သည်။


"ပျော်တယ် ? ကျွန်မ ငိုတာက ရယ်စရာကောင်းနေတာလား ?" 


ကျွန်မ နှုတ်ခမ်းဆူလိုက်ပြီး သူ့လက်ထဲကျန်နေသည့် တစ်ရှူးကိုယူကာ ကျွန်မ မျက်နှာကိုဖုံးလိုက်သည်။


"မဟုတ်ဘူး ချန်ချန်၊ မင်းက အမြဲတမ်းလှနေခဲ့တာ" 


ချင်းစစ်ယန်သည် ဖုံးကွယ်ထားသောလက်အား ညင်သာစွာ တွန်းဖယ်လိုက်ပြီး ကျွန်မ မျက်လုံးများကိုစိုက်ကြည့်ကာ အလေးအနက်ပြောလာသည်။


 "မင်းရဲ့စိတ်ခံစားမှုတွေကို ဖွင့်ထုတ်လိုက်နိုင်လို့ ငါ ပျော်တာပါ"