Ch 6
Viewers 741

💓 Chapter 6 




မြောက်ဥရောပကိုရောက်ပြီးနောက် ပထမဆုံး နှစ်သစ်ကူးပွဲ တော်အား ချင်းစစ်ယန်၏အိမ်တွင်ကုန်ဆုံးခဲ့သည်။


သူ့မိသားစုဝင်များမှ ကျွန်မအား နွေးနွေးထွေးထွေးဧည့်ခံခဲ့ကြသည်။ ကျွန်မတို့ အတူတူ နှစ်သစ်ကိုရေတွက်ကြ၊ မအိပ်ဘဲ စောင့်နေကြပြီး၊ ပျင်းစရာကောင်းသည့် နှစ်သစ်ကူးဖျော်ဖြေပွဲ (Spring Festival Gala) အား အတူတူကြည့်ခဲ့ကြသည်။


ညဉ့်နက်ပိုင်းမှာ လူတိုင်းထွက်သွားသော်လည်း ကျွန်မကမူနိုးနေဆဲပင်။ ကျွန်မ ကြမ်းပြင်ကနေမျက်နှာကျက်အထိ မှန်ပြ တင်းဘေးမှာထိုင်ပြီး အပြင်ဘက်နှင်းကျနေသည့် မြင်ကွင်းကို ငေးကြည့်နေခဲ့ကာ ချင်းစစ်ယန်လည်း ကျွန်မ ဘေးလာထိုင်ခဲ့သည်။


"စစ်ယန်၊ ကျေးဇူးပဲ" 


ကျွန်မသည် သစ်သီးဝိုင်ပူတစ်ခွက် မြှောက်ပြရင်းပြောလိုက်သည်။


"ဘာကို ကျေးဇူးတင်တာလဲ ?" 


သူ ကျွန်မကို ကြည့်ဖို့ရာ ခေါင်းစောင်းလာသည်။


"ရှင်နဲ့ ရှင်ရဲ့မိသားစုက ဒီနှစ်သစ်ကူးကို အရမ်း၊ အရမ်းပျော်စရာကောင်းအောင်ဖန်တီးပေးခဲ့လို့ ကျေးဇူးတင်တာပါ" 


ဝိုင်ကြောင့် ကျွန်မမျက်နှာ နီမြန်းနေသည်ဟု ကျွန်မ ထင်မိ သည်။


ချင်းစစ်ယန် ဘာမှ ပြန်မဖြေဘဲ ကျွန်မကိုစိုက်ကြည့်နေခဲ့ပြီး  ခဏအကြာတွင် သူ ခေါ်လိုက်သည်။


"ချန်ချန်" 


သူ့ လေသံမှာ ခိုင်မာလှသည်။ သူ ကျွန်မနာမည်ကိုသာခေါ်နေသော်လည်း စိတ်ဆုံးဖြတ်ချက်ချထားသည့်အလားထွက်ပေါ် လာခဲ့သည်။


"ဟင် ?" 


ကျွန်မ သူ့ကို ကြည့်ဖို့ရာ ခေါင်းလှည့်လိုက်သည်။


သူ ကျွန်မ ပါးပြင်ပေါ်ကို ခပ်မြန်မြန်ဖွဖွနမ်းလိုက်သည်။ ပြီးနောက် သိသိသာသာရှက်သွေးဖြာသွားပြီး မျက်နှာလွှဲသွားခဲ့သည်။


ရုတ်တရက်ဆန်သော အနမ်းကြောင့် ကျွန်မ တုန်လှုပ်သွားပြီး ခဏတာ စကားမပြောနိုင်ဖြစ်ခဲ့ရသည်။ သို့သော် သူ၏ နောက် ဆက်တွဲပြုမူပုံမှာ ကျွန်မအား ပြန်လည်ရယ်မောစေခဲ့ရသဖြင့်  အသံထွက်ရယ်မိခဲ့သည်။


"မင်း... ဘာကို ရယ်နေတာလဲ ?!" 


ချင်းစစ်ယန် ကျွန်မကို ပြန်လှည့်ကြည့်လိုက်သည်။ သူ့ မျက်နှာကမူ နီမြန်းနေဆဲပင်။


"ရှင့်ကို ရယ်တာလေ၊ အရမ်းချစ်ဖို့ကောင်းတယ်"


ကျွန်မ ရယ်လိုက်မိသည်။ ကိုယ့် ပုံပန်းသွင်ပြင်ကိုပင် လုံးဝဂရုမစိုက်ခဲ့ချေ။


---


နောက်ပိုင်းတွင် ကျွန်မတို့ ချစ်သူဖြစ်သွားကြပြီး ကျွန်မ၏ အတိတ်အကြောင်း၊ လက်ထပ်ခဲ့ဖူးသည့် ကိစ္စများအပါအဝင် အရာအားလုံးကို သူ့အားပြောပြခဲ့သည်။


ထို့နောက် ဘာတွေဖြစ်ခဲ့သည်ကို အသေးစိတ်ထပ်ပြောရန်မလိုအပ်တော့ပေ။


ကျွန်မသည် ဤကဲ့သို့ ရိုးရှင်းပြီးပျော်ရွှင်သောဘဝဖြင့် နေထိုင်နိုင်ပြီဟုထင်ခဲ့သော်လည်း မကြာသေးမီအချိန်အထိသာ။


ရုတ်တရက် ဤအထီးကျန်သောမြို့၌ တရုတ်လူမျိုးများစွာ ပေါ်လာခဲ့ပြီး ကျွန်မအား လူအများကမှတ်မိလာကြသည်။ ကျွန်မ ပရိသတ်ဟောင်းများပင် ရောက်ရှိလာကြသည်။


ကျွန်မ၏လှုပ်ရှားမှုများမှာ ပြည်တွင်းလူမှုမီဒီယာများပေါ်တဖန်ပြန်ပေါ်လာခဲ့ပြီး ရွှီကျားယိနှင့် ရန်ချီတို့ ထပ်မံဖုန်းခေါ်ဆိုလာကြသည်။ သူတို့ ကျွန်မအားဆက်သွယ်ရန်အချက်အလက်များအား မည်သို့မည်ပုံရှာတွေ့ခဲ့သည်ကို ကျွန်မ မသိခဲ့ချေ။


ထို့ကြောင့် ကျွန်မ ပြည်တွင်းသို့ပြန်လာခဲ့ပြီး အစီအစဉ်၌ ကလေးရှိကြောင်းကို ကိုယ်တိုင်ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။


ကျွန်မ မပြောခင်ကတည်းက ဘာတွေဖြစ်လာမည်ဆိုသည်အား သိထားပြီးဖြစ်သည်။


အတင်းအဖျင်းဆိုသည်မှာ သဘာဝလူသားတို့၏ဆန္ဒနှင့် ဗီဇပင်။


ညဉ့်နက်ပိုင်းအထိ ကျွန်မနှင့်ပတ်သက်သော လူမှုမီဒီယာပို့စ်များ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့သည်။ ရန်ချီနှင့် ကျွန်မအား ဝေဖန်သူများရှိသလို ရွှီကျားယိအားဝေဖန်သူများလည်းရှိသည်၊ ထို့ပြင် ၎င်းတို့၏ပရိသတ်များကလည်း ကျွန်မအား တိုက်ခိုက်ခဲ့ကြသည်။


ကျွန်မ အချိန်ကြာမြင့်စွာကတည်းက ရေးသားတည်းဖြတ်ထားသော စာမူရှည်ကြီးအား လူမှုမီဒီယာပေါ်တိုက်ရိုက်တင်လိုက်သည်။ ထိုစာမူတွင် ကျွန်မ၏ ချင်းစစ်ယန်နှင့် ဆက်ဆံရေး၊ သူသည် ကျွန်မ ကလေးဖခင်ဖြစ်ကြောင်း အချက်ကိုထုတ်ဖော်ပြခဲ့သည်။


ဆယ်မိနစ်အကြာတွင် ကူးကျီအမြန်ရောက်လာပြီး သူ့ လက် ထောက် ရှောင်ယွဲ့လည်း နောက်မှလိုက်လာသည်။


"လီချန်ချန်!"


ကူးကျီ ကျွန်မရှေ့တွင် ခါးထောက်ရပ်လိုက်သည်။ သူ့ မျက်နှာကမူ ခြိမ်းခြောက်နေလေသည်။



"နင် ဒီလိုပြဿနာရှာတတ်မှန်းသိပေမဲ့ ဘာလို့ နင့်ကိုပြန်ခေါ်ပြီး ဘယ်လို နင့် ထောင်ချောက်ထဲ ရောက်ခဲ့ရမှန်း ငါ မသိဘူး"


"ကူးကျဲ" 


ကျွန်မ ထရပ်လိုက်ပြီး သူမဘေးမှာရပ်ကာ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ 


"ဒါကို ရှင်နဲ့ ကြိုတင်မဆွေးနွေးခဲ့တာ ကျွန်မ အမှားပါ၊ အစီအ စဉ်က သင့်တော်တဲ့အခွင့်အရေးကို တိုက်တိုက်ဆိုင်ဆိုင်ပေးလာခဲ့တာလေ။ အခုလိုပြန်လာတာလည်း အရှိန်အဟုန်ကောင်းနေပြီဆိုတော့ ကျဲရဲ့လူမှုဆက်ဆံရေးနဲ့ဆို စျေးကွက်ရှာပြီး ကဏ္ဍပြောင်းလိုက်ရင်လည်း ထိခိုက်မှာမဟုတ်ပါဘူး။"


 á€€á€°á€¸á€€á€ťá€Žá€žá€Šá€ş ထိပ်တန်းအေးဂျင့်တစ်ဦးအနေနှင့်ဖြစ်ရပ် စတင်ဖြစ်ပွားချိန်ကတည်းက အစီအစဉ်များချမှတ်ထားပြီးဖြစ် သည်။ သို့သော် ကျွန်မ သူနှင့် တိုင်ပင်ခြင်းမရှိဘဲ လုပ်ဆောင်လိုက်သည့်အတွက် သူမ အလွန်မကျေနပ်ခဲ့ပေ။


"ကူးကျဲ၊ ချန်ချန်ကျဲ၊ ကြည့်ဦး"


ရှောင်ယွဲ့ ဖုန်းအား ကျွန်မလက်ထဲထိုးပေးလာသည်။


မျှော်လင့်ထားသည့်အတိုင်းပင် ကျွန်မ ဆောင်းပါးမှာချက် ချင်းဆိုသလို Hot Search လှိုင်းသစ်တစ်ခုဖြစ်ပေါ်စေခဲ့သည်။


များစွာသောသူတို့မှ ချင်းစစ်ယန် မည်သူလဲဟု စူးစမ်းနေကြပြီး အခြားသူများကမူ သူ့ အချိန်ဇယားအား စေ့စေ့စပ်စပ်ခွဲ ခြမ်းစိတ်ဖြာကာ ကျွန်မ လိမ်ညာခဲ့ခြင်း ရှိ၊ မရှိနှင့် ကလေးက ဘယ်သူ့ကလေးလဲဆိုသညါအာ ခွဲခြမ်းစိတ်ဖြာနေခဲ့ကြသည်။


ထို့ပြင် အံ့ဩစရာမကောင်းစွာပင် ရန်ချီနှင့် ရွှီကျားယိထံမှ ဖုန်းခေါ်ဆိုမှုများဖြင့် ဗုံးကြဲခံလိုက်ရသည်။


ကျွန်မအခန်းထဲ ထပ်မံပိတ်မိတာမျိုးရှောင်ရှားဖို့ရာအတွက် အမြန်ဆုံး Check Out လုပ်ပြီး အိမ်သို့ဦးတည်ခဲ့သည်။


သန့်ရှင်းရေးလုပ်ပြီးနောက် ပုံမှန်အတိုင်း ချင်းစစ်ယန်အားဖုန်းခေါ်လိုက်သည်။ နောက်ဆုံးနှုတ်ဆက်ပြီးနောက် အိပ်ရာဝင်ခဲ့ပြီး တိတ်ဆိတ်အေးချမ်းမှုအား ခံစားလိုက်ရသည်။



---



နောက်တစ်နေ့ မနက် တံခါးခေါက်သံကြောင့်နိုးလာခဲ့သည်။ ရန်ချီ သို့မဟုတ် ရွှီကျားယိဖြစ်လိမ့်မည်ဟု မျှော်လင့်ထားပြီး စိတ်မသက်မသာ မျက်နှာဖြင့်တံခါးဖွင့်လိုက်သည်။


သို့သော် ကျွန်မရှေ့ရပ်နေသူမှာ ကလေးအားပွေ့ချီထားသည့် ချင်းစစ်ယန်ဖြစ်နေသည်။ သူ ခရီးဆောင်အိတ်များဆွဲကာ ကျောပိုးအိတ်အားလွယ်ထားခဲ့သည်။ သူ့မျက်နှာထက် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များပေါ်လွင်လို့နေသည်။


"မား!" 


ကလေးမှာ ကျွန်မအားမြင်သည်နှင့် ဖက်ဖို့လက်နှစ်ဖက်ကမ်းလာသည်။


အံ့အားသင့်ရသလို ဝမ်းသာသွားကာ ကျွန်မ သူ့အားပွေ့ချီလိုက်သည်။ ချင်းစစ်ယန် မေးစေ့ပေါ်မှအပြာရောင်မုတ်ဆိတ်မွေးစများကိုမြင်ချိန် ကျွန်မ နှလုံးသားနာကျင်ခဲ့ရသည်။


"ကလေးကိုခေါ်လာတာ ကျွန်မကို ဘာလို့ ဘာမှမပြောရတာလဲ ?" 


ကျွန်မ မျက်မှောင်ကြုတ်ပြီး မကျေမချမ်းလေသံဖြင့်မေးလိုက်သည်။


ကျွန်မ၏ဆူပူသံကိုကြားချိန် ချင်းစစ်ယန် သူ့ နှုတ်ခမ်းထောင့်များကို မြှင့်တင်ပြီးပြုံးလိုက်သည်။ သူ ဘာမှ ပြန်မဖြေဘဲ ကလေး၏မျက်လုံးများကိုဖုံးလိုက်ပြီး ကျွန်မအား ညင်သာစွာ နမ်းလာသည်။


"ကိုယ် မင်းကိုလွမ်းတယ်" 


သူ့ မျက်လုံးများထဲ အချစ်များဖြင့်ပြည့်နှက်နေခဲ့သည်။


"ဖယ်" 


ကလေးသည် ချင်းစစ်ယန် လက်အားဆွဲယူပြီး ကလေးလေသံဖြင့်ပြောလာသည်။ 


"သားလည်း မေမေ့ကိုလွမ်းတယ်"


"ကိုယ်က ပိုလွမ်းတယ်" 


ချင်းစစ်ယန် ချက်ချင်းပြန်ပြောလိုက်သည်။


ကျွန်မ သူတို့သားအဖကြောင့် ပျော်ရွှင်သွားရပြီး အသံထွက် ရယ်မောလိုက်မိသည်။ 


"ကောင်းပြီ၊ အထဲမြန်မြန်ဝင်ခဲ့တော့"