အပိုင်း ၁၂၃
Viewers 18k

Chapter 123




ကြယ်များအောက်တွင် တဝှီးဝှီးတိုက်နေသော လေအေးများက ကန့်လန့်ကာကိုဖြတ်လာ၏။။သူတို့ဘေးတွင် ပိုးကောင်အော်သံများကြားနေရကာ တောင်ပေါ်တွင် သားရဲများက ဟိန်းဟောက်နေကြသည်


သို့သော်က ထိုအရာများထဲတွင် တစ်ခုတောင်မှ သူတို့နှင့်လုံးဝမသက်ဆိုင်နေပေ။

၎င်းက ရထားလုံးထဲတွင် နွေဦးလေးပွင့်လန်းနေကဲ့သို့ပင်ဖြစ်သည်။ သူက သူမကို လက်မောင်းများကြားတွင် ပွေ့ဖက်ထားကာ သူတို့၏အသက်ရှူသံများက ရောယှက်နေ၏။......

ကောင်းကင်ရှိကြယ်များကာ ပိုတောက်ပလာချိန်တွင် ချန်ရုံက အလန့်တကြားဖြစ်လာကာ မျက်လုံးဖွင့်ပြီးအော်ဟစ်လာ၏။

“ ကျွန်မမသေချင်ဘူး၊ ကျွန်မမသေချင်ဘူး...အဖိုးစွင်း၊ အဖိုးစွင်း”

သူမက ‌ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။

ဝမ်ဟုန်က သူမကိုတိတ်တဆိတ်ကြည့်နေသည်ကို မြင်လိုက်လေသည်။

အမှောင်ထဲတွင် သူ၏မီးအိမ်ကဲ့သို့မျက်လုံးများက ချန်ရုံကို တည်ငြိမ်သွားစေသည်။ သူ၏ပွေ့ဖက်မှုထဲတွင် သူမမျက်နှာကိုမြုပ်ထားလိုက်ကာ မျက်လုံးများကို ထပ်မှိတ်လိုက်ပြီး ပြန်အိပ်ရန်လုပ်လိုက်သည်။

ဝမ်ဟုန်က သူမဆံပင်ရှည်ကို ပွတ်သပ်ပေးလာ၏။

သူမ၏စိတ်ဖိစီးမှုများကို သူ့လက်ချောင်းများဖြင့် ဖြီးသင်ပေးနေကာ သူမဆံပင်ပေါ်မှ ဆံထိုးနှင့် အဆင်တန်ဆာများကို ဖယ်ပေးလိုက်သည်။

ချန်ရုံ၏ဆံပင်ရှည်များက ဖြန့်ကျလာသော်ငြား သူမက လျင်မြန်စွာအိပ်ပျော်သွားဆဲဖြစ်သည်။

သူ့ရင်ဘတ်ပေါ်တွင် သူမလဲလျောင်းနေသည်ကို ကြည့်ကာ သူမ၏မျက်တောင်ရှည်များကို ထိရန် မဝံ့မရဲလက်ဆန့်လိုက်သည်။

သူ၏လက်ချောင်းများက လေပြေလေးလိုပွတ်တိုက်သွားသောအခါ သူ့မျက်လုံးထဲတွင် လှိုင်းတံပိုးများထလာလေသည်။

.....
ငှက်များ၏ကျီကျီကျာကျာအသံကြောင့် ချန်ရုံ အိပ်ရာနိုးလာသည်။

အိပ်ချင်မူးတူးဖြင့် သူမမျက်လုံးများကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။


တစ်စက္ကန့်၊ နှစ်စက္ကန့်။
အမြင်ရှင်းရန် မျက်တောင် ခတ်လိုက်သည်။

သူမကိုယ်အောက်တွင် တစ်စုံတစ်ခုထူးဆန်းနေသည်ကို ဖြေးဖြေးချင်းခံစားမိလာ၏။ သူမခေါင်းမော့ကြည့်လိုက်သောအခါ မှတ်သားဖွယ်ကောင်းလောက်သော မျက်နှာတစ်ခုက သူမနှင့် လက်မအနည်းငယ်လောက်သာ ဝေးကွာနေပြီး ထိုသူ၏အသက်ရှူငွေ့များက သူမအပေါ်ဝေ့ဝဲနေသည်ကို မြင်လိုက်ရသည်။

ချန်ရုံ တစ်ခဏတွင်းမှာပင် ရှက်သွား‌ဖြာသွား၏။


သူမဘာသာထိုင်ချင်သဖြင့် အလျင်အမြန်ပင် ထောက်ကန်လိုက်သည်။

သို့သော် သူမ‌လှုပ်လိုက်သည်နှင့် ခြေထောက်မှထုံကျဉ်လာသည်ကို ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ သူမတစ်ညလုံးပုံစံမပြောင်းခဲ့ပုံပေါ်၏။

ချန်ရုံက အံကြိတ်လိုက်ကာ ခြေထောက်ကိုဖြေလျော့ထားလိုက်ပြီး မျက်နှာကို တစ်ဖက်သို့ရွှေ့လိုက်သည်။

သူမ‌မှီထားသည့် ခန့်ညားသောလူ‌အပေါ်သို့ တစ်ဖန်ပြုတ်ကျသွားပြန်သည်။

သူ့မျက်လုံးများက မှိတ်နေကာ အသက်ရှုသံက အားဖျော့နေ၏။ အာရုံဦးအလင်းရောင်က သူ၏ပိုးသားဆံပင်များပေါ်မှ ဆီးနှင်းခဲများ‌အပေါ် ပုတီးစေ့လေးများဖြစ်ပေါ်လာစေသည်။ သူ၏ပါးလျသောနှုတ်ခမ်းများပေါ်တွင် ဆီးနှင်းခဲပုတီးစေ့လေးများရှိနေကာ မုတ်ဆိတ်မွှေးငုတ်တိုများပေါ်တွင်လည်း တလက်လက်တောက်ပနေပေသည်။

သူက အိပ်နေချိန်တွင်တောင် ရောင်ဝါများ‌ဖြာထွက်နေ၏။ ထိုအရာက ပုလဲနှင့် လရောင်တို့က သူ၏အသွင်အပြင်များအပေါ်တွင် ဆေးကြောပေးထားသကဲ့သို့ပင်ဖြစ်နေသည်။ ထို့ကြောင့် သူ့ကိုတစ်ချက်ကြည့်လိုက်မိသူတိုင်းက သူ့မျက်နှာကောက်ကြောင်းကို ပြည့်ပြည့်ဝဝမကြည့်ရသေးခင်မှာဘဲ မိန်းမော‌ကာ ကျိုးကြောင်းမမြင်ဖြစ်သွားနိုင်၏။

၎င်းက သူ၏ခန့်ညားမှုနှင့် ပြိုင်ဘက်ကင်း‌ရည်မွန်ကြော့ရှင်းမှုတို့ ပေါင်းစပ်ထားသလိုပင်ဖြစ်သည်။

လန်ယာရှိ ဝမ်အိမ်တော်မှ သခင်ချီလန်။
အကျော်ကြားဆုံးသူအများစုကြားထဲတွင် ယှဉ်၍မရနိုင်သောသူဖြစ်သည်။

ထို့ပြင် သူက သူမကိုကယ်ရန် ညဘက်တွင်ရောက်လာပေးသေး၏။....

ချန်ရုံက မျက်လုံးများကိုမှိတ်လိုက်ကာ သူ့လက်မောင်းများကြားထဲ ပြန်တိုးဝင်လိုက်သည်။

သတိမမူမိစွာပင် သူမမျက်နှာတွင် အပြုံးများရစ်ပတ်လာ၏။

အခုချိန်မှသာ ချန်ရုံက သူမအနေဖြင့်သူအပေါ်တွင် ချစ်မိသွား‌သည်မှာကြာပြီးဖြစ်သည်ကို သိလိုက်လေသည်။ သူ့ကိုအလွန်သဘောကျသည်၊ နက်နက်ရှိုင်းရှိုင်းပင်....။ ထို့ကြောင့် သူမအတွက် သူရောက်လာသောအချိန်တွင် အဖိုးစွင်းအကြောင်းမေးရန် မေ့သွားခြင်းဖြစ်သည်။ သူတစ်ယောက်တည်းလာတာလား၊ သို့မဟုတ် သူက သူမဒီမှာပုန်းနေသည်ကို ဘယ်လိုသိတာလဲဆိုသည်များကိုတောင် မသိချင်တော့ပေ။ ဘယ်သူကသူ့ကိုသတင်းပေးလိုက်တာလဲ။ ပြီးတော့ အဲ့ဒီဖိတ်ကြားချက်ကရော ဘာလဲ။

ဝမ်ဟုန်ကိုမြင်လိုက်သောအခါ သူမတွင် သတိရှိစိတ်နှင့် တည်ကြည်လေးနက်နက်မှု တစ်စွန်းတစ်စမျှပင် ရှိမနေတော့ချေ။ သူမက သူလာကယ်သည်ကို အံ့အားသင့်ရုံလောက်သာဖြစ်မိပြီး ပျော်ရွှင်သွားခဲ့သည်။သူမက ဒီအတိုင်း စိတ်သက်သာရာရသွားကာ ရင်ထဲထိသွား၏။ ပျော်ရွှင်သွားကာ‌ ခံစားချက်များဖြင့်ပြည့်သွားခဲ့ပေသည်။....

ဒီအကြောင်းကိုတွေးလိုက်မိသောအခါ ဘယ်သောအခါမှ သူမအချစ်အတွက် ပြန်လည်မရခဲ့ဖူးသော ချန်ရုံကို အပျော်လွန်သွားစေကာ ဒီလောကကြီးက အရမ်းလှပသည်ဟု ပထမဆုံးအကြိမ်ခံစားမိစေခဲ့သည်။
အလွန်ပျော်နေသဖြင့် ဒီနေရာတွင်တောင် သေလိုက်နိုင်၏။

အချိန်ခဏလောက် နေ့အိပ်မက်မက်လိုက်ပြီးနောက် ချန်ရုံက ရုတ်တရက်သတိရသွားသည်။ သူမလက်တွေနဲ့ ခြေထောက်တွေတောင် လှုပ်လို့မရအောင်ထုံနေရင် သူမ တစ်ညလုံးဖိအိပ်နေခဲ့တဲ့ ဝမ်ဟုန်ဆိုဘယ်လိုနေမှာလဲ။

ခံစားချက်မကောင်းဖြစ်လာသဖြင့် အလျင်အမြန်ပင် လက်ကိုဆန့်ထုတ်လိုက်ပြီး ကြောက်စရာကောင်း‌လောက်အောင် ထုံကျဉ်နေသည့်ခံစားချက်ကို သည်းခံကာ ဖြေးဖြေးချင်း ရွှေ့သွားလိုက်သည်။

သူမ၏ခွန်အားမဲ့နေသော လက်ဖြင့် တစ်ကိုယ်လုံးကို ဘေးဘက်သို့ကျသွားသည်။ သူမ၏ပုခုံးက ရထားလုံးတိုင်ဖြင့် ဒုတ်ခနဲဆောင့်မိသွားလေသည်။

ကျန်သည့်တစ်ဖက်အတွက် နာကျင်မှုကိုသည်းခံလိုက်ကာ ဝမ်ဟုန်ကိုမော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပိတ်နေဆဲဖြစ်ပြီး အိပ်ပျော်နေသည်ကို မြင်သောအခါ စိတ်သက်သာရာရစွာတွေးလိုက်သည်။
‘ကံကောင်းလို့ ငါသူ့ကိုနိုးအောင် မလုပ်မိလိုက်ဘူး’

သူမက အံကြိတ်ကာ ရထားလုံးတိုင်ကို အခြားလက်တစ်ဖက်ဖြင့်အားပြုလိုက်ပြီးနောက် ဖြည်းဖြည်းချင်းရထားလုံးပေါ်မှ ဆင်းလိုက်သည်။ မချိမဆန့်ခံစားနေရသော နာကျင်မှုကြောင့် သူမ၏နူးညံ့ဖြူဖွေးသော လည်ပင်းနှင့် နဖူးပေါ်တွင် ချွေးစေးများထွက်လာ၏။

တစ်လှမ်းပြီးတစ်လှမ်း သူမက အရှေ့သို့သွားရန် ရုန်းကန်လိုက်သည်

ချန်ရုံ၏ပုံရိပ်က ရထားလုံးပေါ်မှ ဆင်းသွားသောအချိန်တွင် အိပ်ပျော်နေသော ဝမ်ဟုန်က မျက်လုံးများကိုဖွင့်လိုက်သည်။ သူက ဖြေးညှင်းစွာခေါင်းစောင်းလိုက်ကာ သူမ၏ထွက်သွားနေသော ပုံရိပ်ကိုကြည့်လိုက်ပြီးနောက် ဒဏ်ရာရနေသော ပုခုံးကိုကြည့်လိုက်၏။


ချန်ရုံပြန်ရောက်လာသောအခါ သူ၏နှင်းလိုဖြူဖွေးသောပုံရိပ်က ရထားလုံးကိုဖွင့်ကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။


ချန်ရုံ၏ခြေသံများကိုကြားသောအခါ ထိုသူကမော့ကြည့်ပြီး နူးညံ့စွာပြုံးပြလာ၏။

ထို့နောက်ဒီလိုနှင့် နေ့အလင်းရောင်က သူတို့ပေါ်သို့ကျဆင်းလာကာ ပန်းများကလည်း မွှေးပျံ့သောရနံ့ကိုထုတ်လွင့်နေပေသည်။

သတိလက်လွတ်နှင့် ချန်ရုံက ပီတိဖြာနေသော အပြုံးကိုပြုံးပြလိုက်သည်။ သူမက သူ့ကိုရှက်ရွံ့စွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် အလိုလိုတုန့်ပြန့်လိုက်သလိုပင် အသီးအနှံရိုင်းများကိုင်ထားသည့် သူမ၏ဘယ်ဘက်လက်ကို နောက်သို့ဝှက်ထားလိုက်သည်။

အသီးအနှံများကို လက်ပြောင်းလိုက်ပြီးနောက် ဒဏ်ရာရနေသော ညာဘက်လက်ဖြင့် အသီးအနှံများကို မြှောက်ရန် အားထုတ်လိုက်ပြီး ရယ်မောကာပြောလိုက်သည်။
“ ဒီမှာကြည့်၊ ကျွန်မ အသီးရိုင်းတစ်ခိုင်ခူးခဲ့တယ်၊ ဒါတွေကစားလို့ရတယ်။ အနံ့ကတော့ ကောင်းမှကောင်းဘဲ။ ရှင်စားကြည့်မလား”

ဝမ်ဟုန်က နူးညံ့စွာ‌ပြုံးပြလိုက်သည်။
သူက စပျစ်သီးကဲ့သို့ အသီးများကိုကြည့်လိုက်ကာ ထိုအသီးများပေါ်တွင် လတ်ဆတ်နေသည့် သွေးစက်တစ်ချို့ ပေနေသည်ကို သတိထားမိလိုက်သည်။

ဤအသီးများကို အခုလေးတင်ဆေးကြောလာခြင်းဖြစ်ကာ ရေစက်များတောင်စီးကျနေသေး၏။

ဝမ်ဟုန်က ချန်ရုံက တစ်ချက်ကြည့်လိုက်ကာ သူ၏ညာဘက်လက်ကိုဆန့်ထုတ်လိုက်သည်။

သူကအလျင်မလိုသလို ကြော့ရှင်းနေ၏။ သို့သော် သူ့အပေါ်တွင် စိတ်တစ်ခုလုံးရောက်နေသည့် ချန်ရုံကမူ သူ၏လှုပ်ရှားမှုများက အနည်းငယ်တောင့်တင်းနေသည်ကို သိလိုက်သည်။

သူမက သူ့ဆီလျှောက်လာကာ အလောတကြီးမေးလိုက်သည်။

“ ရှင့်လက်မောင်း ထုံနေတာလား”

သူမက သူ့အပေါ်တွင်မှီအိပ်ခဲ့ကာ သူမ၏လက်နှင့် ခြေထောက်များတောင် အချိန်အကြာကြီး ‌ထုံကျဉ်နေခဲ့ပေသည်။ သူမအောက်တွင်အိပ်ခဲ့ရသည့် သူကရော ဘယ်လိုတောင်ခံစားနေရမလဲ။

သူမ၏ ဒဏ်ရာမရထားသောလက်ကို သူ့ဆီဆန့်ထုတ်လိုက်သော်လည်း ပိုအဆင်ပြေမည့်အရာကို တွေးမိသွားကာ အလျင်အမြန်ပင် ညာဘက်လက်ကိုပြောင်းလိုက်သည်။

ဝမ်ဟုန်က သူမပါးများကို ကြင်နာစွာပွတ်သပ်လိုက်ချိန်အထိ ပြုံးနေဆဲဖြစ်သည်။

သူ၏အထိအတွေ့များက သူမအပေါ်တွင်နွေရာသီလေညှင်းလေးလို ဖြတ်တိုက်သွား၏။

ထို့နောက် သူက တိတ်တဆိတ်ပင် သူမ၏ဘယ်လက်ကိုယူကာ သူ့လက်ထဲထည့်လာသည်။

သူက သူ့လက်ဝါးပေါ်မှ ဖြူဝင်း‌နေသော လက်ကိုကြည့်လိုက်သည်။ သူမ၏လက်က ချောမွတ်ပြီး နူးညံ့နေကာ စက်ဝန်းပုံစံလက်စွပ်ငယ်လေးများကိုလည်း ဝတ်ဆင်ထား၏။

သူက သူမ၏လက်ညှိုးကိုလှန်ကြည့်လိုက်သည်။

ထိုနေရာတွင် တစ်လက်မအရှည်ရှိသည့် ဒဏ်ရာတစ်ခုရှိနေ၏။ သွေးတိတ်သွားပြီးဖြစ်သော်ငြား ဒဏ်ရာက ပွင့်နေဆဲဖြစ်သည်။

သူက ဖြေးဖြေးချင်း ခေါင်းငုံ့လိုက်သည်။

သူ၏ပါးလျသောနှုတ်ခမ်းများကို နိမ့်ပြီး သူမ၏ဒဏ်ရာရနေသောလက်ချောင်းကို ညင်သာစွာဖိလိုက်ရာ ချန်ရုံအား သူ့အထိအတွေ့ကြောင့် တုန်ရီသွားစေ၏။

ဝမ်ဟုန်က မော့ကြည့်လိုက်သည်။

သူက သူမလက်ချောင်းကို ပါးစပ်ထဲတွင်ထည့်ထားပြီး မနက်ခင်းအလင်းရောင်အောက်တွင် သူ၏မီးအိမ်ကဲ့သို့မျက်လုံးများက စုပ်ယူနိုင်စွမ်းရှိနေသလိုပင် ချန်ရုံကိုရှက်သွေးဖြာလာစေ၏။

ဝမ်ဟုန်၏ဆံပင်ပေါ်မှ ဆီးနှင်းများက နှာခေါင်းရှည်ရှည်ပေါ်သို့ကျလာကာ နောက်ထပ်တစ်ခုကလည်း လိမ့်ဆင်းလာပြီး သူ့နှုတ်ခမ်းများအကြား စိမ့်ဝင်သွားလေသည်။.....


ချန်ရုံ၏မျက်နှာက နီရဲတွတ်သွားလေသည်။

သူမကခေါင်းငုံ့လိုက်ပြီး သူ့ကိုမဝံ့မရဲကြည့်‌နိုင်ရုံလောက်သာ မျက်လုံးများကိုမော့ကြည့်‌လိုက်သည်။ သူမက တိုးညှင်းစွာဆိုလာ၏။

“ မလုပ်၊ မလုပ်နဲ့”

သူမ၏အသံများက အားနည်းနေသလို ခြေထောက်များလည်း အတူတူပင်ဖြစ်သည်။

ဝမ်ဟုန်က နာခံမှုရှိစွာဖြင့် သူ့နှုတ်ခမ်းများကို ဖယ်ပေးလိုက်သည်။

တံတွေးအမျှင်တစ်စက သူ၏နှုတ်ခမ်းပေါ်မှနေ၍ သူမလက်ချောင်းပေါ်တွင် ကပ်ကျန်နေခဲ့ကာ မရေတွက်နိုင်သည့် အရောင်စုံများက အလင်းပြန်ဟပ်နေလေသည်။

ချန်ရုံ၏ခြေထောက်များက ပျော့ခွေသွားလေသည်။ သူမက သူ့လက်မောင်းထဲသို့ကျသွားကာ တီးတိုးရေရွတ်လာ၏။
“ မ... မလုပ်......”

သူမဘာပြောချင်နေသည်ကို သူမကိုယ်တိုင်မသိတော့ချေ။

သူမသိသမျှအရာအားလုံးမှာ အခုချိန်တွင် ဝမ်ဟုန်က အထူးတလယ်ကို ညှို့ယူဖမ်းစားနေသည်ဟူ၍ဖြစ်သည်။ သူက သူမကိုအ‌ထူးတလယ်ပင် ပျာယာခတ်စေလာပြီး ရင်‌ထဲမွှေနှောက်လာစေ၏။ သူမအပေါ်တွင် သူ၏သက်ရောက်မှုများက ကြီးမားလွန်းသဖြင့် သူမ၏ခါးအောက်ပိုင်းတွင် ထူးဆန်းသည့်လှုံ့ဆော်မှုတစ်ခုဖြစ်လာစေလေသည်။

ချန်ရုံက ဘဝသက်တမ်းနှစ်ခုလုံးတွင် မိန်းမပျိုအဖြစ်နေထိုင်ခဲ့သည်။ သူမသိသမျှအရာ အားလုံးမှာ အခုချိန်တွင် သူမက သူမကိုယ်တိုင်ဖြစ်မနေဘူး ဆိုတာသာဖြစ်သည်။ သူမက သူ့ကိုတစ်ခုခုလုပ်စေချင်ပုံပေါ်၏။
သူက သူမကို သူ့အထဲတွင် ရောယှက်သွားစေရန် သူမအလိုရှိနေမိသည်။ သူမအလိုရှိတာက.....ချန်ရုံက ထပ်ပြီးမတွေးရဲတော့ချေ။

ဝမ်ဟုန်က သူမကိုကူညီပေးရန်ရောက်လာ၏။

သူက နူးညံ့စွာငုံ့ကြည့်လာပြီး စိုးရိမ်တကြီးမေးလာ၏။

“ နေမကောင်းဘူးလား၊ အားရုံ။ မင်းမျက်နှာက ဘာလို့ အရမ်းနီနေတာလဲ။ မင်းရဲ့ကိုယ်ကလည်း အဖျားတက်နေသလိုဘဲ”

ဝမ်ဟုန်၏မျက်လုံးများက အလွန်ကြင်နာကာ ဂရုစိုက်နေလေသည်။

သူမက အိပ်ခန်းဆောင်ဝင်လုနီးပါးဖြစ်ခဲ့သည့် သခင်မတစ်ယောက်ဖြစ်ခဲ့သော်ငြား သူမကို ဘယ်သူကမှ ဘာမှမပြောပြခဲ့ကြပေ။ သို့သော် သူမက ဘာက သူမကိုမူမမှန်သောတုံ့ပြန်မှုဖြစ်‌စေနေသည်ကိုမူ သိနိုင်သေးပေသည်။

တစ်ခနတွင်းမှာပင် သူမမျက်နှာမှစကာ နားရွက်နှင့်လည်ပင်းအထိ နီရဲတက်လာသည်။

သူမက ကတိုက်ကရိုက်ပင် တစ်ဖက်လှည့်ကာ လှစ်ခနဲပြေးသွားလိုက်သည်။ သူမကိုယ်သူမ အရှက်ရစေမိလိုက်ပြီးနောက် သူ့ဆီပြန်လှည့်ကာ ခေါင်းငုံ့ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ၊ ကျွန်မမအီမသာကြီးခံစားနေရလို့၊ အအေးမိသွားတာဖြစ်မယ်”

သူမက အရည်လောင်းထည့်နေသည့်အသံကို ကြားလိုက်ရ၏။

ချန်ရုံက အံ့အားတကြီးလှည့်ကြည့်လိုက်သည်။

သူမက ဝမ်ဟုန်ပြုံးနေသည်ကို မြင်လိုက်ရ၏။__ဆီးနှင်းခဲလေးများက သူ့အသားရေပေါ်တွင် ကပ်နေသည်။ သူကခေါင်းငုံ့ပြီး ဝိုင်နှစ်ခွက်ကို ဖြည့်နေလေသည်။

သူ့လှုပ်ရှားမှုက ကျက်သရေရှိနေသလို သူ၏အပြုံးကလည်း နူးညံ့ရည်မွန်နေ၏။ ထိုအရာများသည် အခွင့်ထူးခံလူတို့၏ ကျက်သရေရှိခြင်းနှင့် လောက၏ကသောင်း ကနင်းဖြစ်မှုများကို မသိနိုင်သူတစ်ယောက်၏ ကြော့ရှင်းရည်မွန်မှုဖြစ်သည်။

ချန်ရုံကခေါင်းမော့ကာ သူ့ကိုမိန်းမောတွေဝေစွာကြည့်နေလိုက်ရာ သူမ၏ခံစားချက်များက တဖြည်းဖြည်းပိုနက်ရှိုင်းလာသည်ကို စတင်ခံစားမိလိုက်သည်။....အကယ်၍ အမျိုးသမီးတစ်ယောက်ကို ဖုန်မှုန့်အနေထားအထိ နိမ့်ချစေနိုင်သည့် အချစ်မျိုးသာရှိမည်ဆိုလျှင် သူမက ဒီယောက်ျားကိုချစ်မိလို့သာဖြစ်လိမ့်မည်ဟု သူမတွေးလိုက်မိသည်။

အကယ်၍ ရန်မင်းကိုချစ်မိခဲ့ခြင်းက သူမကို မျှော်လင့်ချက်မဲ့အောင် ပြုလုပ်ခဲ့သည်ဆိုလျှင် ဤယောက်ျားကိုချစ်မိခြင်းက သူမကိုယ်သူမ သိမ်ငယ်သည်ဟု ခံစားမိလာအောင် ပြုလုပ်နိုင်၏။

ချန်ရုံက ‌ဖြည်းညှင်းစွာ မျက်လွှာချလိုက်ကာ သူမလက်ကို ရင်ဘတ်ပေါ်တွင် တင်လိုက်မိသည်။


Xxxx