အပိုင်း ၁၂၄
Viewers 18k

Chapter 124
ချီလန်၊ ကျွန်မကိုဓါးနဲ့ ထိုးဖောက်လိုက်ပါ



ချန်ရုံက ရင်ဘတ်ကိုဆုပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

သူမက ဖြေးဖြေးချင်းမော့ကြည့်လိုက်သည်။

မနက်ခင်းအလင်းရောင်အောက်တွင် သူမက မီးအိမ်ကဲ့သို့ နှစ်သက်ကြည်နူးဖွယ်ကောင်းသော မျက်လုံးများဖြင့် သူ့ကိုစေ့စေ့စပ်စပ်ကြည့်နေလိုက်သည်။ သူမ၏အကြည့်များက မှေးမှိန်နေကာ မိန်းမောတွေဝေနေ၏။

ချန်ရုံ၏ ထူးဆန်းသောအကြည့်က ဝမ်ဟုန်ကို ခေါင်းစောင်းကြည့်လာစေသည်။ သူ၏ဆံပင်က မျက်နှာပေါ်တွင်ဝေ့ဝဲကျနေ၏။

“ ဘာဖြစ်လို့လဲ”

ချန်ရုံပါးစပ်က ပွင့်သွားပြီးနောက် ပြန်ပိတ်သွားပြန်သည်။ သူမက သူ့ကို ကလေးဆန်ပြီး အလွန်စိတ်အားထက်သန်သည့် အပြုံးတောက်တောက်များဖြင့် ကြည့်နေမိသည်။

“ မိုးကောင်းကင်က ကျွန်မကို ကျီစယ်နေတာပဲသေချာတယ်၊ ဒီဘဝမှာတော့ ပျော်ရွှင်မှုကို ရှာနိုင်မယ်လို့ မထင်တော့ဘူး”


ဝမ်ဟုန်က ခေါင်းမော့လိုက်သည်။ သူက သွက်လက်စွာ ထရပ်လိုက်သောအခါ သူ၏ညာဘက်လက်က သတိလက်လွတ်နှင့်
ထိုင်ခုံပေါ်တွင် အားပြုလာ၏။

သူက ချန်ရုံကို အေးအေးဆေးဆေးရှိသော အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။

“မင်းဘာကိုပြောချင်တာလဲ၊ အားရုံ”

ချန်ရုံက သူမမျက်လုံးထဲတွင် စိတ်အားထက်သန်မှုအပြည့်နှင့် သူ့ကိုပြန်ကြည့်လိုက်သည်။ ဒီလိုစိတ်အားထက်သန်မှုမျိုးက သူ၏ရင်ထဲတွင် တစ်စုံတစ်ယောက်က အခြားသူတစ်ဦးကို ကမ္ပည်းထိုးထားလိုက်သလိုမျိုးဖြစ်သည်။ သူမက သူ့ကိုကြည့်နေရုံမျှဖြင့် ကျေနပ်တင်းတိမ်လာကာ သူ၏ဘေးတွင်ရှိနေရုံမျှဖြင့် သူမရင်ထဲတွင်အချစ်များဖြင့် ပြည့်နှက်လာပေသည်။

သူမက အရူးအမူးဖြစ်သွားသော်လည်း ပြုံးရုံသာပြုံးပြလိုက်သည်။

“ ဘာမှမဟုတ်ပါဘူး”

ဝမ်ဟုန်က ချန်ရုံအပေါ်တွင် ဆက်လက်လေ့လာလိုက်သည်။

သူကထက်မြက်သည်နှင့်အမျှ ချန်ရုံက ဘာကိုဆိုလိုချင်နေသည်ကို သိပေသည်။ သူမက သူ့ကိုစိတ်ဝိဉာဉ်ထဲမှတိုင်အောင် ချစ်နေပြီး သူ့အပေါ် အရူးအမူးချစ်နေသည်ကို အသိအသာကြီး ပြောပြနေ၏။ သူက သူမလက်လှမ်းနိုင်သည်ထက် ပိုကွာဝေးကာ ဘယ်သောအခါမှ သူကိုမရနိုင်ဘူးဆိုသည်ကို သိနိုင်လောက်သည်အထိ လေးနက်တည်ကြည်မှုရှိ၏။ သူတို့က ဘယ်တော့မှ အတူရှိနိုင်မည်မဟုတ်သောကြောင့် သူမသည်လည်း ပျော်ရွှင်မှုကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

ဘယ်လိုလုပ်ပြီး သူမလို မိန်းကလေးမျိုးရှိနေရတာလဲ။ အမြဲတမ်းလိုလို ပညာရှိတစ်ယောက်ကဲ့သို့ တည်ငြိမ်အေးဆေးကာ အ‌တွေ့အကြုံများပြီး ရိုးအီနေရင်တောင်မှ အလွန်ငယ်ရွယ်ပြီး ချစ်စိတ်ပြင်းပြနေသေး၏။

သူမက အလွန်ရှင်းရှင်းလင်းလင်းကို နိုးကြားနေတာတောင်မှ ဒီလိုကြောက်စရာကောင်းတဲ့ လေးနက်တည်ကြည်မှုနဲ့ ဘယ်လိုလုပ်ပြီး ဆင်ခြင်မသုံးသပ်နိုင်ရတာလဲ။

ဝမ်ဟုန်က ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။

သူကမျက်လွှာချပြီး ရထားလုံး၏ ဘယ်ဘက်တိုင်ပေါ်တွင်မှီလိုက်ရာ သူ၏အနက်ရောင်ဆံသားများက အစွန်းထင်းမရှိသော ဝတ်ရုံပေါ်တွင် လွင့်စင်နေပေသည်။


သူက မနက်ခင်းနေရောင်နှင့် လေပြေကိုခံစားနေ၏။ သူ၏နောက်တွင် ပို၍သာမာန်မဖြစ်နိုင်တော့သော တောင်တစ်ခုသာရှိနေသည်။ သူက မြင်းရထားလုံးပေါ်တွင်သာ ထိုင်နေခြင်းဖြစ်သော်ငြား တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့နေသည်မှာ တောက်ပခံ့ညားသော ခြံဝင်းထဲတွင် ထိုင်နေသည်ဟုတောင်ထင်ရ၏။

သူ၏ပိန်သွယ်ကာ ဖြူမွတ်နေသောလက်က စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ဖြေးဖြေးချင်းပုတ်နေပြီးနောက် သူမကို အလျင်စလိုမဖြစ်ဘဲ မေးလာသည်။

“ မင်းက ကိုယ်တို့နန်ယန်ကိုပြန်ရောက်သွားတာနဲ့ မင်းကမင်းဘာသာမင်းနေပြီး ကိုယ့်ကိုလည်း ကိုယ့်ဘာသာကိုယ်နေဖို့ ပြောချင်နေတာလား၊ ဒါဆို ဒီမှာဖြစ်ခဲ့သမျှတွေက အိပ်မက်တစ်ခုထက်မပိုတော့ဘူးလား”

သူက ဖြေးဖြေးချင်းပြောလာပြီး သူမကိုကြည့်‌လာသလို သူ့အသံကလည်း ချော့မြှူနေကာ နှစ်လိုဖွယ်ကောင်းနေ၏။

ဘာအကြောင်းအတွက်ဖြစ်နေပါစေ ချန်ရုံက ဝမ်ဟုန်ကို ဒီလိုပုံစံဖြင့်မြင်လိုက်ရသောအခါ သူမရင်ထဲတွင် တင်းကြပ်လာ၏။


သူမက ခေါင်းငုံ့လိုက်သည့်အချိန်တွင် ဝမ်ဟုန်၏လက်က သူမအပေါ်ရောက်လာသည်။

သူ၏လက်ချောင်းက သူမလက်ဖဝါးပေါ်တွင် နူးညံ့စွာပွတ်တိုက်သွားလေသည်။

တခနတွင်းမှာပင် ချန်ရုံ၏ရင်ထဲတွင် တဖျတ်ဖျတ်ဖြစ်စေသည့် ထုံထိုင်းသောခံစားချက်တစ်ခုရောက်ရှိလာလေသည်။

သို့သော် ဝမ်ဟုန်က သူမလက်ပေါ်မှ အသီးတစ်လုံးကိုသာ ယူလိုက်ခြင်းဖြစ်သည်။

သူက ထိုအသီးကို သူ့လက်ထဲတွင် ထည့်ထားလိုက်သည်။

“ တစ်ခါတစ်လေကျရင် မင်းလည်း အကြင်နာမဲ့လို့ရပါတယ်”
သူက အပူအပန်မရှိသလိုလေသံဖြင့် ပြောလာသည်။

ချန်ရုံက ဦးညွှတ်လိုက်ကာ တိတ်တဆိတ်ရှင်းပြလာသည်။
“ဘဝက လွယ်လွယ်ကူကူမလာဘူးလေ၊ တကယ်လို့ကျွန်မတို့က ကိုယ်နဲ့မသက်ဆိုင်တဲ့ အရာတွေကိုအလိုရှိနေမယ်ဆိုရင် ကျွန်မတို့ရဲ့ ကျဆုံးခြင်းကိုဘဲ ရရှိလာမှာ”


ဝမ်ဟုန် ပြုံးလိုက်မိသည်။ သူ့အသံက ညင်သာကာ အေးစက်နေ၏။

“အဲ့ဒီလိုဆိုမှတော့ မင်းကဘာလို့ ကိုယ့်ဘက်ကို အရမ်းမှီနေတာလဲ ”
သူက အသီးတစ်လုံးကိုယူကာ သူ့လက်ဖဝါးထဲ၌ ကစားလိုက်ပြီး တစ်ချိန်လုံးတွင် ခပ်ဖျော့ဖျော့သာ ပြုံးနေခဲ့သည်။

“ တကယ်လို့ လူတွေသာ ကိုယ်တို့ကိုတွေ့သွားရင် သူတို့က ကိုယ်တို့ကို ညစ်ပတ်နေတဲ့အရှုပ်အထွေးကြားထဲမှာ ရစ်ပတ်နေတယ်လို့ တွေးမိသွားကြမှာ မဟုတ်ဘူးလား”

သူက 'ညစ်ပတ်' သည်ဟူသော စကားလုံးကို အသုံးပြုသွား၏။ ၎င်းက ယေဘုယျအားဖြင့် ဖောက်လွဲဖောက်ပြန်လုပ်သူများကို ဖော်ပြသည့် စကားလုံးဖြစ်သည်။ ထိုစကားလုံးက ရိုင်းပျကာ အမြဲတမ်းလိုလို စော်ကားသည့် အဓိပ္ပါယ်ကို ဆိုလိုနေခဲ့ခြင်းဖြစ်သည်။

မြင့်မြတ်ကာ အစွန်းအထင်းမရှိသည့် ဝမ်ချီလန်က ဒီလိုစကားလုံးမျိုးကို သူမနှင့်အသုံးပြုလာ၏။

ချန်ရုံမျက်နှာက ရေနွေးဖြောလိုက်သလိုဖြစ်သွားကာ ခေါင်းငုံ့ပြီးပြောလိုက်သည်။

“ ရှင့်ဘေးနားမှာ ရှိရတာက အံ့သြဖွယ်ရာတစ်ခုပါ.....ကျွန်မအခုသိသွားပြီ၊ တစ်စုံတစ်ယောက်ရဲ့ခံစားချက်တွေကိုမထိန်းချုပ်နိုင်တာက ဘယ်လိုမျိုးလဲဆိုတာကိုပေါ့”

ဤအရာက အလိမ်အညာပင်ဖြစ်သည်။ သူမ၏အတိတ်ဘဝတွင် သူမ၏ခံစားချက်များကို မချုပ်တည်းနိုင်တာက ဘယ်လိုခံစားရသည်ကို သိခဲ့ပြီးဖြစ်သည်။သူမကိုယ်သူမ လက်လွှတ်မပေးနိုင်သည်ကို သိ၏။

ဝမ်ဟုန် သူမကိုဖြေးဖြေးချင်းမော့ကြည့်လိုက်သည်။ သူမ၏လှပသောမျက်နှာကို စိုက်ကြည့်လိုက်၏။ ထိုမျက်နှာသည် ယမန်နေ့က ထိတ်လန့်ခဲ့ရတာတောင်မှ အသက်ရှူမှားလောက်အောင် လှပသိမ်မွေ့နေပြီး ရေနှင့်သာဆေးကြောထားရတာတောင်မှ နီမြန်းနေသောပါးပြင်များနှင့် အချိုးအစားပြေပြစ်သော မျက်ခုံးများရှိနေပေသည်။

“ဒီကိုလာခဲ့”
သူက လက်ဆန့်ကာ သူမကို လက်ယပ်ခေါ်လိုက်သည်။

ချန်ရုံကို သူ့ကို ‌တွေဝေစွာကြည့်မိကာ သူ့အနားကပ်လာလိုက်သည်။

သူမက သူမ၏လက်သေးသေးလေးကို သူ့လက်ထဲတွင်ထည့်လိုက်သည်။

ဝမ်ဟုန်က လက်ကိုဆုပ်ကိုင်လိုက်သည်။

သူ၏ညာလက်က သူမ၏တုန်ယင်နေသောဘယ်ဘက်လက်ကို ဆုပ်ကိုင်ထားချိန်တွင် သူ၏ဘယ်ဘက်လက်က သူမခါးကိုဆွဲယူလာသည်။

ချန်ရုံက သူ၏ချစ်ခင်မှုကို မခုခံလိုက်ပေ။ သူမက သူ့ပုခုံးပေါ်တွင်တောင် မှီထားလိုက်ကာ သူ့လက်မောင်းများကြားတွင် သူမကိုယ်သူမ တုန်ယင်နေသည်ကို မထိန်းနိုင်တော့ပေ။

ဝမ်ဟုန်က သူမကိုထိန်းပေးလိုက်သည်။

သူက သူမ၏အနက်ရောင်ဆံပင်ရှည်ကို ဖြီးသင်ပေးပြီးနောက် နူးညံ့စွာမေးလိုက်သည်။

“ မနေ့ညက ကြောက်စရာကောင်းတယ်မလား”

သူမေးလိုက်သောအခါမှ ချန်ရုံတစ်ယောက် သူမတွင် အဖြေမရသေးသောမေးခွန်းများရှိနေသေးသည်ကို သတိရလာ၏။ သူမကမျက်လုံးမှိတ်လိုက်သည်။ သူမမျက်နှာက ဝိုင်ကြောင့်နီရဲနေ‌ကာ တီးတိုးဆိုလာ၏။

“အင်း အရမ်းဘဲ၊ ကံကြမ္မာက ကျွန်မအတွက်လာနေပြီလို့တောင် ထင်သွားတာ”

“ကံကြမ္မာလား ” ဝမ်ဟုန်က လေသံဖြင့်ပြန်မေးသည်။

“အဲ့ဒါက တကယ်ကို ကံကြမ္မာဘဲ”

သူတို့နှစ်ယောက်လုံးက သူမဆိုလိုချင်သည်ကို နားလည်ကြပေသည်။

ချန်ရုံက သူ၏လက်မောင်းများကြားတွင်လှဲနေဆဲဖြစ်ပြီး ဝမ်ဟုန်၏ရင်ညွှတ်ရိုးကိုကြည့်ကာ သူမ၏မွှေးကြိုင်သောအသက်ရှူသံများက သူ့ဆီရိုက်ခတ်နေ၏။

သူ့ဆီမှဖြာထွက်နေသော လန်းဆန်းသည့်ရနံ့နှင့် သဘောတွေ့စရာနွေးထွေးမှုကို ရှူသွင်းနေပြီးနောက် ချန်ရုံကရုတ်တရက်ခေါ်လိုက်သည်။

“ ချီလန်”

“ဟမ်?”

“ရှင်နဲ့အတူ တစ်ယောက်ယောက်ခေါ်လာလား၊ တစ်ယောက်ယောက်ကိုဒီကိုလာခိုင်းပြီး ကျွန်မကိုသတ်ဖို့ပြောလိုက်ပါ”

ဝမ်ဟုန်က သူမကိုစူးစိုက်စွာငုံ့ကြည့်လိုက်သည်။

သူမမျက်လုံးများကပိတ်နေဆဲဖြစ်သည်။ နှုတ်ခမ်းများက ပြုံးဟန်ပေါ်နေပြီး သူမတီးတိုးဆိုလာသည်မှာ သူမအသံက လောကဒဏ်ကိုကြံ့ကြံ့ခံနိုင်ပုံပေါ်၏။

“ ဒီလိုမျိုး ကျွန်မကိုအနောက်ကနေ ဓားနဲ့ထိုးလိုက်ပါ။ ‌ကျွန်မနှလုံးသားကို တည့်တည့်ထိုးဖို့မမေ့နဲ့ဦး၊ အဲ့ဒီလိုမှ မြန်မြန်သေသွားမှာ။ ဒါပေမယ့် ဓားကိုလည်း အရမ်းမြန်မြန်ကြီးဆွဲမထုတ်လိုက်နဲ့။ မဟုတ်ရင် ကျွန်မသွေးတွေက ရှင့်ဝတ်ရုံအပေါ်ပေသွားလိမ့်မယ်၊ အဲ့လိုဆိုသိပ်ကောင်းမှာမဟုတ်ဘူး”

သူမဖြေးဖြေးချင်းခေါင်းမော့လာကာ သူ့ကိုကြည့်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်ပြောလာ၏။
“ တကယ်၊ ကျွန်မရှင့်ကိုတောင်းဆိုနေတာပါ ချီလန်။ ခနလေးအတွင်းမှာ ကျွန်မအဲ့ဒါကိုနောင်တရလာမှာကြောက်တယ်”

ဝမ်ဟုန်က ပြန်ပြုံးပြလိုက်သည်။ သူက သူမကိုနူးညံ့စွာကြည့်ပြီး မေးလာ၏။

“မင်းကဘာလို့ ဒီကယောင်းကတမ်းစကားတွေကိုဘဲ တတွတ်တွတ်ပြောနေရတာလဲ”

ချန်ရုံပြုံးလိုက်သည်။ သူမကမျက်လွှာချလိုက်ကာ သူ၏ပွေ့ဖက်မှုအတွင်း ထပ်မံရောက်ရှိသွား၏။ သူမက သူ၏ခါးကိုဖက်ထားရန် သူမလက်ကိုတောင်ဆန့်ထုတ်လာကာ တင်းတင်းဖက်ပြီး တီးတိုးပြောလိုက်သည်။

“ရှင်က အရမ်းထက်မြက်တာဘဲဟာ၊ ကယောင်ကတမ်းပြောနေတာလား၊ မဟုတ်ဘူးလားဆိုတာကို ရှင်ကဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ။ ချီလန် ၊ကျွန်မဘဝမှာ ပျော်ရွှင်ရတဲ့အခိုက်အတန့် ဒါမှမဟုတ် စိတ်ချမ်းသာရမဲ့ အခိုက်အတန့်မျိုးရှိနိုင်လိမ့်မယ်လို့ မထင်ဘူး။တကယ်လို့ ကျွန်မသာ ကျွန်မရဲ့ စိတ်အချမ်းသာရဆုံးအချိန်မှာသေလိုက်ရရင် အများကြီးပိုကံကောင်းတယ်လို့ ယူ‌ဆမိမှာ”

ဝမ်ဟုန်က ပြန်မဖြေပေ။

သူက သူမကိုပေးဖက်ထားကာ သူ့ဆီပူးကပ်စေလိုက်သည်။

အချိန်အကြာကြီးရှိပြီးနောက် သူက ပြုံးကာမေးလာသည်။
“ ဒါဆို အခုရော၊ မင်းအခုရောသေချင်နေတုန်းဘဲလား”


ချန်ရုံက ခေါင်းခါလိုက်သည်။သူမပြန်ဖြေလာသောအခါ သူမအသံက နာကျင်နေပုံပေါ်၏။

“ဟင့်အင်း၊ သေရတာက လုပ်ရတာအခက်ခဲဆုံးအရာဘဲ”

သူမက သူ့ကိုလွှတ်မပေးလိုက်ပေ။

သူမက သူ့ကိုတင်းကြပ်စွာဖက်တွယ်ထားဆဲဖြစ်သည်။

သူ၏ပွေ့ဖက်မှုကြားထဲ လှဲလျောင်းကာ သူ့ရနံ့ကိုရှူသွင်းနေပြီး နူးညံ့စွာပြောလိုက်သည်။

“ကျွန်မတကယ်ပဲ နန်ယန်ကိုပြန်မသွားချင်ဘူး”
သူမက လက်များကို သူ၏လည်ပင်းပေါ်တွင် ဝိုင်းထားကာ နောင်ပြောင်စွာမေးလာ၏။

“ချီလန် ကျွန်မတို့ ဒီနေ့မပြန်လို့ရလား၊ တကယ်လို့ရှင်ဗိုက်ဆာတယ်ဆိုရင် ကျွန်မရှင့်အတွက် အသီးရိုင်းတွေခူးပေးမယ်လေ၊ ရေဆာရင်လည်း စမ်းချောင်းကနေ‌ သောက်လို့ရတာဘဲ၊ မနက်ဖြန်မှပြန်လို့မရဘူးလား”

ဝမ်ဟုန်က နူးညံ့စွာပြုံးကာ ပြန်မေးလိုက်သည်။

“တကယ်လို့ မင်းက လက်လွှတ်ပေးလိုက်ဖို့ ခက်ခဲနေတယ်ဆိုရင် ဘာလို့ ကိုယ့်ကို အဝေးကို တွန်းထုတ်နေရတာလဲ အားရုံ”

ဒီတစ်ကြိမ်တွင် သူကရှင်းလင်းအောင် လာပ်လိုက်သည်။

“တကယ်လို့ မင်းသာကိုယ့်ကိုချစ်ရင် ကိုယ်တို့အတူရှိလို့ရပြီ”

ချန်ရုံက အလားတူစွာပြုံးပြလိုက်သည်။ သူမက သူ့လက်မောင်းများကြားမှထွက်လိုက်ကာ သူမ၏ဆံပင်ရှည်များကိုဖြီးကာ ဝတ်စုံကိုပြင်လိုက်သည်။

ထို့နောက် သူမကအပြင်ကိုထွက်မသွားခင် သူ့ဆီလှည့်လာကာ ညဘက်တွင်သာပွင့်သည့် cereusပန်းလေးများလို ပြုံးပြလိုက်သည်။

“ ဘာလို့လဲဆိုတော့ ကျွန်မကိုယ်ကျွန်မသိနေလို့ပဲ”
သူမက စတင်ပြောပြလာသည်။

“ကျွန်မရဲ့လိုချင်တပ်မက်စိတ်က မရောင့်ရဲနိုင်ဘူး၊ အမြဲတမ်းကျွန်မက ပိုပိုပြီးလိုချင်လာတယ်။ ကျွန်မက ရှင့်ရဲ့ကိုယ်လုပ်တော်ဖြစ်လာတာနဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်လာဖို့ ဘာမဆိုလုပ်မိလိမ့်မယ်။ ဘယ်သူသိနိုင်မှာလဲ၊ ကျွန်မက ရှင့်ဇနီးကိုတောင် လျို့ဝှက်ကြံချင်ကြံမိလိမ့်မယ်။ ပထမဆုံးအကြိမ်သူ့ကိုမသတ်နိုင်ရင် ဒုတိယတစ်ကြိမ်ထပ်ကြိုးစားမယ်၊ တကယ်လို့ ဒုတိယတစ်ကြိမ်မှာ မသတ်နိုင်ခဲ့ရင်တောင်မှ တတိယအကြိမ်ကြိုးစားနေဦးမှာဘဲ။ ကျွန်မမသေသေးသရွေ့ ရှင့်ဇနီး၊ကိုယ်လုပ်တော် သူတို့အားလုံးကိုမုန်းနေမှာ၊ ရှင့်အိမ်တော်ထဲ ထည့်လာသမျှအားလုံးကို ကျွန်မထိခိုက်အောင်လုပ်မှာ၊ ဘယ်လောက်များများက ဘယ်လိုသေသွားမှာလဲ”

သူမက ဆောင်းဦးထဲမှ ရာသီလေးလို တောက်ပစွာ ပြုံးပြလာသော်ငြား ဘာကြောင့်များ သူမစကားတွေက ရက်စက်ကာ အေးစက်နေရတာလဲ။ ထို့အပြင်အမှန်တရားအတိုင်းသာဖြစ်နေ၏။

“ဒါကြောင့် ရှင့်တစ်ခုခုကိုမစတင်ခင် ကျွန်မကိုပဲလက်ထပ်ပြီး ချစ်မြတ်နိုးရမှာကို တွေးထားသင့်တယ်၊ အဲ့ဒီလိုမှမဟုတ်ရင် ရှင့်စိတ်နဲ့ကိုယ်က ဘယ်တော့မှာ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာ မဟုတ်ဘူး”

သူမက ခေါင်းလှည့်ကာ အရှေ့သို့လျှောက်သွားလိုက်သည်။ သူမ၏နောက်ကျောက ဝါးပင်ကဲ့သို့ ဖြောင့်တန်းနေလေသည်။

နေရောင်အောက်တွင် သူမပုံရိပ်က အထူးတလယ်ပင် ရောင်ဝါများဖြာထွက်နေပေသည်။

ဝမ်ဟုန်က ခေါင်းစောင်းလိုက်ပြီး သူမဝေးသထက်ဝေးအောင်သွားနေသည်ကိုကြည့်ကာ သူ၏ဆံပင်များအား မျက်လုံးကိုဖုံးစေလိုက်သည်။



Xxxx